သိမ်ကြီးဈေး ဒီရုံမီးလောင်

ပို့စ်တင်ချိန် - 10/21/2013 08:26:00 AM




ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် ၂၄လမ်းကြားရှိ
သိမ်ကြီးဈေး ဒီရုံ၊ လေးလွှာ ကားပါးကင်ရှိ ကတ္ထူစက္ကူပုံးများ
ထည့်ထားသော စတိုခန်းတစ်ခု မီးလောင်မှု ယနေ့ည ၉နာရီခန့်က
ဖြစ်ပွားခဲ့သည်။

“မီးလောင်တာကတော့ ခန့်မှန်း ကိုးနာရီလောက်ကပါ။ လူလည်း
မနေဘူး ဆိုတော့ ဘယ်ကနေ စဖြစ်လဲ ဆိုတာ အဖြေရှာနေတုန်းပါ။
အထဲမှာတော့ ဘာမှ မရှိပါဘူး ကတ္ထူစက္ကူပုံးတွေပဲ ထည့်ထားတာပါ။
အဆုံးအရှုံးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ ကတ္ထူပုံးတွေပဲ လောင်
နေတာပါ”ဟု စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိ တစ်ဦးက
ပြောသည်။

အဆိုပါ အခန်းတွင် ဝါယာရှော့ဖြစ်ဖွယ်ရာရှိသော ဝါယာကြိုးများ
သွယ်တန်းထားမှုလည်း မတွေ့ရကြောင်း အဆိုပါ ကားပါကင်ရှိ
တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ ကြားတာကတော့ လမ်းကြားထဲကသူတွေပြောတာပဲ။
မီးရှူး ဖောက်တဲ့ဟာက အဲဒီထဲ ဝင်သွားပြီး လောင်တာလို့ ပြောနေကြတယ်”ဟု ၂၄လမ်းထိပ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ စုံးစမ်းစစ်ဆေးနေဆဲ ဖြစ်၍ အတည်မပြုနိုင်သေးကြောင်းလည်း ရဲအရာရှိက မျက်နှာချင်းဆိုင်တိုက်ရှိ မိသားစုများကို မေးနေစဉ် ဖြေကြားသည်။ ၎င်းသိမ်ကြီးဈေး မီးလောင်နေစဉ်အတွင်း ရွှေတောင်တန်းလမ်း အောက်ဘလောက်ရှိ
တိုက်အမှတ် ၅၈တွင်လည်း လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားခဲ့သေးသည်။

The Myanma Age