ကွမ်းစားခြင်းအန္တရာယ် သတိပေးနှိုးဆော်ချက်

ပို့စ်တင်ချိန် - 10/21/2013 08:25:00 AM



- ကွမ်းယာကို အမြဲမပြတ် စားခြင်း၊ ဝါးနေခြင်း၊ ငုံခြင်း၊

- ကွမ်းယာထဲတွင် ဆေးရွက်ကြီးထည့်၍ စားခြင်း၊

- ကွမ်းယာထဲတွင် ဆေးရွက်ကြီးကို အမျိုးမျိုးပြုပြင်ထားသော ဆေးပေါင်း၊ နှပ်ဆေးထည့်၍ စားခြင်းတို့ကြောင့်

နှလုံးရောဂါ၊ သွေးတိုးရောဂါကဲ့သို့သော မကူးစက်နိုင်သော နာတာရှည်ရောဂါများ၊ ခံတွင်းကင်ဆာ၊ ပါးစောင် ကင်ဆာ၊ အသံအိုးကင်ဆာ၊ လည်ချောင်းကင်ဆာနှင့် ကင်ဆာရောဂါအမျိုးမျိုးတို့ ဖြစ်ပွားစေနိုင်ပါသည်။

ထို့ကြောင့် ကွမ်းစားခြင်းကို လုံးဝရှောင်ကြဉ်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်အပ် ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း