စင်္ကာပူသွားမည့်သူများ သတိထားပါ


ရန်ကုန်လေဆိပ်မှာ လူကြုံ ထည့်ပေးလိုက် ပါရစေဆိုပြီး လာအကူအညီတောင်းတဲ့ လူတွေနဲ့ တွေ့ရင် အားနာ မနေဘဲ ငြင်းလိုက်တာ ကိုယ့်အတွက် အန္တရာယ် အကင်းဆုံး ဖြစ်ပါလိမ့်မယ်။

ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေး လိုက်တဲ့သူက လက်ဖက်တွေ၊ ငပိကြော်တွေလို့ ပြောပြီး ထည့်ပေး လိုက်ပေမယ့် စင်္ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေး လိုက်တာ သွားမိပါတယ်။

မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူမှာ ကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာ ကြီးပါတယ်။

ကျွန်တော့ အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ် ခတ်ခံရပြီး ရဲစခန်းရောက်သွား ပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက် လာနိုင်တာပါ။

စင်ကာပူ အထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွား ပါလိမ့်မယ်။

လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာ ဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီး လိုဟာတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။

ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံ ထည့်ပေးလိုက်ပါရစေ ဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီး တစ်ယောက်ရှိတယ် လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေး ၀န်ထမ်းများ အဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့ အသိက ဆိုပါတယ်။

သူ့ကိုလည်း အဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေး လိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေ တုန်းပါပဲ။

ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီး ထည့်ပေးလိုက်တာကို တရားမ၀င် လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။

 ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။

ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င် ပစ္စည်း မဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက်တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူ လက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော်
ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။

စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံ ထည့်ပေးပါရစေ ဆိုတာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက် ကုန်တာ မနည်းဘူးလို့ သိရပါတယ်။
ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ မိတ်ဆွေက ရေးသားထားပါတယ်။

Myanmar Online News

ရင်သားကင်ဆာ ဆဲလ်များအား နှိပ်နယ် ပေးခြင်းက ပုံမှန်ဆဲလ် ပြန်ပြောင်းနိုင်


ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လေ့လာ သူများ ၏ အဆိုအရ ရင်သား ကင်ဆာ ဖြစ်နေသော အမျိုးသမီး များတွင် ယင်းကင်ဆာ ဆဲလ်များ အား နှိပ်နယ် ပေးခြင်း၊ ညှစ်ပေး ခြင်းဖြင့် ပုံမှန် ဆဲလ်များ အဖြစ်သို့ ပြန်လည် ရောက် ရှိ နိုင်ကြောင်း သိရသည်။ ယင်းတွေ့ရှိ ချက်အား ဒီဇင်ဘာ ၁၇ ရက်၌ ဆန်ဖရန် စစ္စကိုတွင် ကျင်းပ ခဲ့သော အမေရိကန် ဆဲလ်သုတေသန အဖွဲ့ အစည်း နှစ်ပတ် လည်၌ တင်ပြခဲ့ခြင်း ဖြစ်သည်။ ယင်း တွေ့ရှိချက်မှာ ကင်ဆာဆဲလ် များအား ပြင်ပမှ ဖိနှိပ်ပေးခြင်း တစ်မျိုးထဲဖြင့် ကင်ဆာဆဲလ် ပွားခြင်းအား ရပ်တန့်ပေး နိုင်ပြီး ပုံမှန်ဆဲလ် အဖြစ် ပြန်ရောက်နိုင်ကြောင်း တွေ့ရှိခဲ့သည့် ပထမဆုံး တွေ့ရှိချက် ဖြစ်သည်။ ဤကဲ့သို့ နှိပ်နယ် ပေးခြင်းက မျိုးရိုး ဗီဇကြောင့် ကင်ဆာ ဖြစ်သော သူများ၌ပင် သက်ရောက်မှုရှိ ကြောင်း တွေ့ရသည်။ အမျိုး သမီး များသည် ဘဝတစ် လျှောက်လုံးတွင် သူတို့၏ မျိုးပွားနိုင်သည့် အရွယ်ကို လိုက်၍ ရင်သား ဆဲလ်များ ကြီးထွား လာခြင်း၊ ကျုံ့သွားခြင်းတို့ ဖြစ်ပွား သည်။ ထို့ပြင် အမျိုးသမီးများ၌ နို့တိုက်ကျွေး ချိန်တွင် နို့ ထုတ်ပေးသော ဆဲလ်များ ကြီးထွား လာကြပြီး ရပ်သင့်သည့် အချိန် (ဥပမာ နို့မတိုက်တော့သည့် အခါ) တွင် ယင်း ဆဲလ်များ ကြီးထွားခြင်း ရပ်သွား ရပေမည်။

ရင်သား ကင်ဆာ၌ အဓိက တွေ့ရသော လက္ခဏာမှာ ယင်းသဘာဝ ဖြစ်စဉ် ပျက်စီး သွားပြီး ကင်ဆာဆဲလ် များက ရပ်သင့်သည့် အချိန်တွင် မရပ်ဘဲ ဆက်လက် ကြီးထွား နေခြင်းဖြစ်သည်။ ယခင်က ကင်ဆာ ဖြစ်ပွား မှုမှာ ဆဲလ်အတွင်းရှိ ဗီဇများ ပြောင်းလဲ သွားမှုကြောင့်ဟု လက်ခံ ထားသော်လည်း ဘာကလေ ဓာတ်ခွဲခန်းမှ မီနာ ဘစ်ဆဲလ်က ပထမဆုံး အနေဖြင့် ကင်ဆာ ဆဲလ်များသည် အမြဲတမ်း ကင်ဆာ ကျိတ်အဖြစ် သို့ ပြောင်း လဲသွား ခြင်းမဟုတ်ဘဲ ယင်းဆဲလ်များ၏ ပတ်ဝန်းကျင်အား ပြုပြင် ပေးခြင်းဖြင့် နဂိုဆဲလ်များ အဖြစ် သို့ ပြောင်းလဲ သွားနိုင်ကြောင်း ဓာတ်ခွဲခန်း၌ ဖန်တီး ထားသော ကင်ဆာဆဲလ်များ တွင်သက်သေ ပြခဲ့သည်။ ယင်းလေ့လာမှု၌ ပညာရှင် များက ဗီဇ ပြောင်းလဲ နေသော ကင်ဆာ ဆဲလ်အား ဆီလီကွန်ထဲတွင် ထည့်သွင်း မွေးမြူ ထားခဲ့သည်။

ထို့နောက် ကင်ဆာဆဲလ်များ အဖြစ် ပြောင်းလဲ မှုအဆင့် (၁)တွင် ပြင်ပမှ နှိပ်နယ် ဖိအားပေးပြီး ရလဒ် ကို စောင့်ကြည့်ခဲ့ရာ ယင်းကဲ့သို့ နှိပ်သည့် အချိန် အတော်ကြာသည့် အခါ ကင်ဆာ ဆဲလ်များသည် မူလ ပုံစံ ဖွံ့ဖြိုးမှုသို့ ပြန်ရောက်ကြောင်း တွေ့ရသည်။ ထို့ပြင် တွေ့ရှိချက်များ အရ စောစီးစွာ နှိပ်နယ် ပေးမှုက မူလပုံစံသို့ ပြန်ရောက် ရာတွင် ပို၍ အကူအညီ ရကြောင်း သိရသည်။ အကယ်၍ ရင်သား ဆဲလ်များ ပုံမှန် တည်ဆောက် ပုံသို့ ရသွားပါက နှိပ်နယ် ပေးမှုအား ရပ်လိုက်လျှင်လည်း ကင်ဆာကဲ့သို့ ဆက်လက် ကြီးထွားခြင်း မဖြစ်တော့ကြောင်း တွေ့ရသည်။ နှိပ်နယ် ပေးမှုက ကင်ဆာဆဲလ် များအား ပြန်ကောင်း စေ သည် ဆိုသော်လည်း အဆမတန် ကျပ်သော ဘရာစီယာများ ဝတ်ခြင်းက နှိပ်နယ်၍ ကုသခြင်း ကဲ့သို့ အကျုံး မဝင်ကြောင်း သုတေသန ပညာရှင်များက သတိ ပေးခဲ့သည်။

မိုင်ကိ
Ref:MNT

From : Health Updates Journal
Vol-2,No-2

GSM/WCDMA ဖုန်းများဖြင့် ပြည်ပ သို့ ဖုန်းခေါ်ဆိုမှုများအတွက် မြန်မာကျပ်ငွေဖြင့်ပေးဆောင်နိုင်ပြီ



ယနေ့ ဇွန်လိုင်လ ၁ ရက်နေ့မှ စတင်ပြီး GSM/WCDMA သုံးစွဲသူများ အနေဖြင့် ပြည်ပ ဖုန်းခေါ်ဆိုခြင်း Over Sea Call များ အားလုံးကို မြန်မာကျပ်ငွေဖြင့်ပါ ပေးဆောင်နိုင်တော့မည် ဖြစ်ပြီး ယခင်က ငွေဖြည့်ထားသော ဒေါ်လာငွေများနှင့်ပါ ဆက်လက် သုံးစွဲနိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက သုံးစွဲသူများထံ မက်ဆေ့ခ်ျ ပို့ သတင်းကောင်း ပါးထားသည်။

Credit to Myawaddy News

ပြည်လမ်းနှင့် ဥက္ကလာလမ်းဆုံ မီးပွိုင့်အနီး ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၅) ရပ်ကွက် ပြည်လမ်းနှင့် ဥက္ကလာ လမ်းဆုံ မီးပွိုင့်အနီးတွင် ဇွန်လ ၃၀ ရက် နံနက် ၉ နာရီက ခရီးသည်တင် ယာဉ်နှစ်စီး အပါအဝင် ကိုယ်ပိုင်ယာဉ် တစ်စီးတို့ ယာဉ်သုံးစီး ဆင့် တိုက်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကိုယ်ပိုင် ယာဉ်ပိုင်ရှင် အမျိုးသား က ပြောကြားသည်။

လသာ-လှည်းကူး ပြေးဆွဲသည့် အမှတ် ၁၄၁ ယာဉ်လိုင်း ခရီးသည်ယာဉ်က သင်္ဃန်းကျွန်း-လှော်ကားသို့ ပြေးဆွဲသည့် ၇၉ အပြာယာဉ်လိုင်း ဒိုင်နာ ခရီးသည်တင် ယာဉ်ကို နောက်မှ တိုက်မိရာက တစ်ဆင့် အရှိန်ဖြင့် ၇၉ ယာဉ်လိုင်းက ကိုယ်ပိုင်ယာဉ် ဟွန်ဒါဖစ်ကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသား တစ်ဦးက ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ၇၉ ယာဉ်လိုင်းပေါ် စီးနင်းလာသူများ အနက် ငါးဦး ဒဏ်ရာ ရရှိခဲ့ရာ တစ်ဦးမှာ စိုးရိမ်ရကြောင်း၊ ဒဏ်ရာ ရရှိသူများကို အင်းစိန်ဆေးရုံသို့ တင်ပို့ ကုသလျက်ရှိကြောင်း မျက်မြင် တွေ့ရှိသူက ရှင်းပြသည်။

"တိုက်တဲ့အရှိန်က ကျွန်တော့်ကားရဲ့ ညာဘက် ရှေ့နောက် တံခါးနှစ်ခု ပိန်ချိုင့်သွားတယ်" ဟု ကိုယ်ပိုင်ယာဉ်ပိုင်ရှင် အမျိုးသားက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အမှုစစ် ရဲအရာရှိကို ဆက် သွယ် မေးမြန်းရာတွင် ၅၁ လမ်း ယာဉ်ထိန်းရုံးကိုသာ မေးမြန်းပါရန် ပြန် လည် ဖြေကြားသည်။

The Voice Weekly

ပျိုမေတို့ အတွက် ပျားရည်ရဲ့ အသုံးဝင်ပုံ


၁။ ။ပျိုမေတို့ရဲ့ ချိုင်းသားလေးတွေ လှပ သန့်ရှင်း ချောမွေ့စေဖို့ လျှို့ဝှက်ချက် ကတော့ ပျားရည်ပဲ ဖြစ်ပါတယ်။ ချိုင်းအောက် အရေပြားကို ပျားရည် (သို့မဟုတ်) ပျားရည်နဲ့ သံပုရာသီး ရောပြီး တစ်လ တစ်ကြိမ်လောက် ပုံမှန် လိမ်းပေး သင့်ပါတယ်။ သံပုရာသီး ကတော့ ချိုင်းအောက် အရေပြား မည်းနေသူတွေ အတွက် အသင့်တော်ဆုံး ပါပဲ။ နေ့စဉ်နေ့တိုင်း ရေချိုး ခါနီးတိုင်း သံပုရာသီးနဲ့ ချိုင်းအောက်က မည်းတဲ့ နေရာတွေကို ညင်ညင်သာသာ ပွတ်တိုတ် ပေးသင့်ပါတယ်။

 ၂။ ဦးရေပြားက အဆီခန်းခြောက်လို့ ဆံပင်တွေ ခြောက်ပြီး ပွယောင်းယောင်း ဖြစ်နေသူတွေ အတွက် ပျားရည်နဲ့ နွားနို့ဟာ အကောင်းဆုံး ဗီတာမင်ပါပဲ။ နွားနို့ဖန်ခွက်နဲ့ တစ်ဝက်ခန့်ကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ရောစပ်ပြီး ဆံနွယ်ဆံသား တွေကို နှံ့စပ်အောင် ပွတ်လိမ်း ရပါမယ်။ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် ထားပြီး ခေါင်းလျှော်ရည် ပျော့ပျော့လေးနဲ့ လျှော်ပြီး ချိန်မှာတော့ ဆံနွယ်ဆံသား လေးတွေ သိသိသာသာ ပျော့ပျောင်း နူးညံ့လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

 ၃။ သင့်မျက်နှာနဲ့ လည်ပင်း တစ်ဝိုက်က အသားအရေ နူးညံ့ ချောမွေ့စေဖို့ ပျားရည်က အကောင်းဆုံး အဖော်မွန်ပါပဲ။ ငှက်ပျောသီး မှည့်မှည့် တစ်လုံးနဲ့ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို သမအောင် ရောမွှေပြီး မျက်နှာနဲ့ လည်ပင်းကို ခပ်ပါးပါးလေး လိမ်းပါ။ ၁၅ မိနစ်လောက် ထားပြီး မျက်နှာသစ်ဆေး ခပ်ပျော့ပျော့နဲ့ ဆေးကြော လိုက်ချိန်မှာတော့ သင့်ရဲ့ အသား အရေဟာ မွေးကင်းစ ကလေးငယ်တွေလို နူးညံ့ချောမွေ့ သွားမှာ သေချာ ပါတယ်။ မနက်အိပ်ရာ ထချိန်မှာလည်း ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန်း တစ်ဝက် လောက်ကို မျက်နှာမှာ လိမ်းထားပြီး ၁၅ မိနစ်လောက်ကြာရင် ရေခပ် နွေးနွေးလေးနဲ့ ဆေးကြော သန့်စင်လို့လည်း ရပါသေးတယ်။ မနက် အိပ်ရာ ထချိန်မှာလည်း ပျားရည်နဲ့ မျက်နှာ သစ်ခြင်း အားဖြင့် နူးညံ့ချောမွတ်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ "ကိုယ်စိတ်နှလုံး ချမ်းသာပြီး ကျန်းမာ ပျော်ရွင်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။"

ref :သုတဘဏ်(KI) credit to Villager Myanmar

အကျဉ်းထောင်သားက ထောင်ကဲရဲ့နားရွက်ကိုကိုက် ပြီးတော့ မျိုချ


အရီဇိုးနား၊ Phoenix ထောင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိ Rachel Harris ဆိုတဲ့ကောင်မလေးဟာ နေ့စဉ်ပုံမှန် round လှည့်ချိန် အကျဉ်းသားရဲ့ အခန်းထဲကို ဝင်ကြည့်တဲ့အခါမှာ Bobby Ruiz (ပုံပါလူ) က သူမနားရွက်ကို ပြင်းထန်စွာ ကိုက်ခဲ့တာဖြစ်ပါတယ်။

"အဲဒီ တိုက်ခိုက်မှုမှာ အကျဉ်းထောင်သားက နားရွက်ကို ကိုက်ခဲ့ပါတယ်၊ ကျွန်တော်တို့ အရာရှိရဲ့ နားရွက်တစ်ဝက်က ပြတ်ထွက်သွားပါတယ်၊ ပြန်ရှာလို့ မတွေ့ပါဘူး၊ သူမျိုချလိုက်တာ ဖြစ်နိုင်ပါတယ်" လို့ နယ်မြေ အုပ်ချုပ်ရေးမှုး Joe Arpaio က ပြောပါတယ်။

Myanmar CNN

သမ္မတအိုဘားမား မန်ဒဲလားအကျဉ်းကျခဲ့တဲ့ ရော်ဘင်(န်)ကျွန်း လေ့လာ


အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ဟာ ဒီကနေ့ တောင်အာဖရိကနိုင်ငံ Cape Town မြို့မှာရှိတဲ့ ရော်ဘင်(န်) (Robben) ကျွန်း အကျဉ်းထောင်ကို သွားရောက်လေ့လာခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံ မှာ  အသားအရောင်ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ Nelson Mandela ထောင်ဒဏ် ၂၇ နှစ်မှာ ၁၈ နှစ် အကျဉ်းချခံခဲ့ရတဲ့ အကျဉ်းခန်းအပြင်၊ ANC အာဖရိကန်အမျိုးသား ကွန်ဂရက်က အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး ကြိုးပမ်းခဲ့ကြတဲ့ တခြားခေါင်းဆောင်တွေ အလုပ်ကြမ်း လုပ်ခဲ့ရတဲ့ ထုံးကျောက်တွင်းကိုလည်း သွားရောက်ကြည့်ခဲ့ပါတယ်။
အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားခဲ့သူ လည်းဖြစ် ရော်ဘင်(န်) ထောင် အကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ အသက် ၈၃ နှစ်အရွယ် Ahmed Kathrada က သမ္မတအိုဘားမားနဲ့ မိသားစုကို အကျဉ်းထောင်ထဲ လိုက်ပြခဲ့တာပါ။ ဒီလေ့လာမှုဟာ မစ္စတာမန်ဒဲလား လိုပဲ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေ အားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ သွားရောက် တာဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
သမ္မတအိုဘားမားရဲ့ Cape Town မြို့ခရီးစဉ်မှာ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး (Desmond Tu Tu) ဖွင့်ထားတဲ့ ကျန်းမာရေး စင်တာကို သွားရောက်လေ့လာဖို့ ရှိသလို၊ Cape Town တက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေကို သမ္မတအိုဘားမား မိန့်ခွန်းပြောဖို့ရှိပါတယ်။
အာဖရိကတောင်ပိုင်းနိုင်ငံတွေမှာ လျှပ်စစ်မီး အခုထက် ၂ ဆပိုရရှိရေး အစီအစဉ်သစ်အကြောင်းနဲ့ အာဖရိတိုက် တောင်ပိုင်းနိုင်ငံ ခေါင်းဆောင်ေ
တွရဲ့ ထိပ်သီးစည်းဝေးပွဲ ကို ရှေ့နှစ်ကျရင် ၀ါရှင်တန်မြို့တော်မှာ ကျင်းပဖို့ရှိတဲ့ အစီအစဉ်ကို သမ္မတ အိုဘားမား မိန့်ခွန်းထဲမှာ အသိပေးပြောလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

တိုင်းမ်မဂ္ဂဇင်းကို သံဃာနှင့်လူ ၅၀၀ ဦးခန့် ဆူးလေရှေ့တွင် ဆန္ဒပြကန့်ကွက်ခဲ့


မန္တလေး မစိုးရိမ်ကျောင်းတိုက် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူပုံကို မျက်နှာဖုံး တင်၍ ‘The Face of Buddhist Terror’ ဟု ဖော်ပြခဲ့သည့် TIME မဂ္ဂဇင်း ဖော်ပြချက်ကို ကန့်ကွက်သည့်အနေနှင့် သံဃာတော်များ အပါအဝင် စုစုပေါင်း ဆန္ဒပြသူ ၅၀၀ ဦးခန့် ဇွန်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့တော် ဆူးလေဘုရားရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူများက ပြောကြားသည်။

တိုင်းမ် မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း နိုင်ငံတော် သမ္မတရုံး ထုတ်ပြန်ချက် ကို ထောက်ခံရန်နှင့် ငြိမ်းချမ်းရေးကို လုပ်ဆောင်သည့် ဘာသာကို အကြမ်းဖက်ဟု ပုံဖော်ခဲ့သည့် တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် ဗုဒ္ဓ သာသနာကို ညှိုးနွမ်း ထိခိုက်စေသဖြင့် ကန့်ကွက်ရှုတ်ချရန် ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ပြီး အချိန် ၂ နာရီခန့်ကြာ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း၊ ဆန္ဒပြခွင့် တရားဝင် ခွင့်ပြုချက်တွင် ဦးရေ ၂၀၀ ပါဝင်ခွင့်ပြု ထားကြောင်း ထေရဝါဒဓမ္မကွန်ရက်မှ ဥပဒေအကြံပေး ဦးအေးပိုင်ကဆိုသည်။

မြန်မာလူထုရဲ့ သဘောထားကို တိုင်းမ်မဂ္ဂဇင်း သိအောင်ပြတာပါ။ တိုင်းမ် မဂ္ဂဇင်းရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး ဆက်လုပ်သင့်တာ လုပ်သွားမယ်" ဟု ဆန္ဒ ဖော်ထုတ်ခွင့်ရရှိရန် ခွင့်ပြုချက် တောင်းခံခဲ့သူလည်းဖြစ်သူ ၎င်းက ပြော ကြားသည်။

ဆန္ဒဖော်ထုတ်ရာတွင် အမျိုးဘာသာ၊ သာသနာကို ကာကွယ်ရေး၊ စောင့်ရှောက်ရေး၊ ဗုဒ္ဓဘာသာ အရှည်တည်တံ့ရေး၊ ဗုဒ္ဓ တရားတော်နှင့်အညီ ငြိမ်းချမ်းစွာ နေထိုင်ရေး၊ အမျိုးသားရေး ကာကွယ်မှုကို ဆန့်ကျင်သည့် လူ့အခွင့်အရေး ချိုးဖောက်သူများကို တိုက်ဖျက်ရေး၊ တိုင်းမ် မဂ္ဂဇင်းကို ဆန့်ကျင်ရေးစသည့် အချက်များကို ကြွေးကြော်ခဲ့ကြသည်။

တိုင်းမ် မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့လာခဲ့ ပြီး မြန်မာနိုင်ငံသား အများစု ကိုးကွယ်သော ဗုဒ္ဓဘာသာ သာသနာတော် အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နေခြင်းကို လည်း ထိခိုက်စေနိုင်သဖြင့်ကန့်ကွက်ကြောင်းကို နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည့်အပြင် သာသနာရေး ဝန်ကြီးဌာနနှင့် အင်းစိန်မြို့နယ် အောင် ဆန်းတောရ တပ်ဦးကျောင်းတွင် ဇွန်လ ၂၇ ရက်နေ့က ပြုလုပ်သည့် အမျိုး ဘာသာ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒ ခံယူပွဲနှင့် ဦးဆောင် ဆရာတော်များ တွေ့ဆုံ ညှိနှိုင်းပွဲတွင် သံဃာတော်အပါး ၁၅၀၀ ကျော်က ကန့်ကွက်ခဲ့ကြပြီး နိုင်ငံရေးပါတီ အချို့ကလည်း ကန့်ကွက်ကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

လူမျိုးရေး၊ ဘာသာရေး၊ ထပ်မဖြစ်ပွားရန် ကာကွယ်နိုင်ရန်ဟုဆိုကာ မူရင်း စာစောင်အတိုင်းဖြစ်စေ၊ မိတ္တူပွား၍ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်း ချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း မပြုလုပ်ရန် အရေးပေါ်ကာလ စီမံ ခန့်ခွဲရေးကော်မတီက ဇွန်လ ၂၅ ရက်နေ့တွင် အရေးပေါ် ကြေညာခဲ့သည်။

တိုင်းမ် မဂ္ဂဇင်း၏ အရှေ့အာရှဆိုင်ရာ သတင်းထောက် တိုင်းမ်၏ တရုတ် ဌာန အကြီးအကဲ ဆောင်းပါးရှင် Hannah Beech က ၎င်း၏ဆောင်းပါးတွင် ဦးဝီရသူကို မြန်မာနိုင်ငံ၏ ဘင်လာဒင်ဟု ထည့်သွင်း ရေးသားပြီး ဦးဝီရသူပုံ ကို မျက်နှာဖုံးတင်ကာ The Face of Buddhist Terror ဆောင်းပါးကို ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်း၊ အတွဲ(၁၈၂)၊ အမှတ်(၁) တွင် ဖော်ပြခဲ့ပြီး မဂ္ဂဇင်းကို Europe, Middle East and Africa၊ Asia၊ South Pacific တို့ကို ဖြန့်ဝေခြင်းဖြစ်သည်။

The Voice Weekly


ဗောက်ပျောက်ဆေး


သီးမွှေးပုံလေးနှင့် တင်ပြပေးထားသည့် ဌက်ပျောသီး အစွမ်းလေးကို စာဖတ်သူမှ ဖတ်ပြီးရက် မဆိုင်းဘဲ လုပ်ဆောင်သည့်တွက်
ဗောက်ပျောက် သွားကြောင့် သတင်းကောင်း ပေးပို့ လာသည့် အတွက် အားလုံး သိရှိစေနိုင် ထပ်မံ တင်ပြ ပေးပါသည် ။

လုပ်ဆောင်ရန်မှာ-

သီးမွှေး ဌက်ပျောသီး အစိမ်း၏ အခွံကိုခွာ၍ ကြေအောင် ချေပြီးလျှင် ဦးခေါင်းရှိ ဆံပင်များ ပေါ်သို့ ခေါင်းလျှော်သလို ရေဖြင့် ပွတ်ဆေး ပေးသည်တဲ့ အချိန်အားဖြင့် အတန်ကြာအောင် ပွတ်ပြီးနောက် ဦးရေအထိ ရောက်အောင် ပြုလုပ်ပေးပြီး ရေဖြင့် ထပ်ဆေးပေးပါ ။

တစ်ပတ်အတွင်း (၂)ခါ၊ (၃)ခါမျှ ပြုလုပ် ပေးပါ ခင်ဗျာ မကြာမီ ဗောက်များ ကင်းစင် သွားပါလိမ့်မယ်။

credit toးAureum Online Media
မြ၀တီ

တရုတ် လိုအပ်ချက်၊ အင်တာနက် ဈေးကွက်နဲ့ မြန်မာ သတို့သမီးများ


Burmese Bride Matching ၀က်ဘ်ဆိုက်မှာ တွေ့ရတဲ့ မြန်မာ သတို့သမီး တဦး

တရုတ် လယ်သမားတွေဟာ သူတို့နိုင်ငံမှာ အမျိုးသမီး နည်းပါးလို့ သတို့သမီး ရှားပါး ပေမယ့် အခုအခါမှာ အင်တာနက် အွန်လိုင်း တွေ အပါအ၀င် တရားမ၀င် နည်းလမ်းတွေနဲ့ မြန်မာအမျိုး သမီးတွေကို ဇနီးမယားအဖြစ် လွယ်ကူစွာ ရှာဖွေနိုင်နေကြ ပါပြီ။

တရုတ်နိုင်ငံမှာ တအိမ်ထောင် ကလေးတယောက် မူဝါဒချမှတ်ထားတာ ကြာပါပြီ။ ယောက်ျားလေး ကိုသာ အလေးထား မွေးကြ တာတွေ ရှိနေပြီး မိန်းကလေးကို မယူချင်ကြ၊ မမွေးကြတာတွေကြောင့်လည်း ကျား-မ ဦးရေ ကွာဟနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အရွယ်ရောက် တရုတ်လယ်သမား လုလင်ပျိုတွေဟာ သူတို့အတွက် သတို့သမီး ရှားပါး နေတဲ့အပြင် လယ်သမားဖြစ်နေ လို့လည်း တရုတ် မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှု မရ၊ တရုတ် ရိုးရာအရ မင်္ဂလာခန်းဝင်ပစ္စည်းလည်း မတင်နိုင်ကြ။ ဒါကြောင့် တရုတ် လယ်သမားတွေဟာ အနီးအနားဒေသ အထူးသဖြင့် မြန်မာနိုင်ငံက သတို့သမီး ရရှိရေး အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

“တရုတ်အမျိုးသမီး တယောက်ကို လက်ထပ်ယူနိုင်ဖို့က အကုန်အကျ အရမ်းများတယ်ဗျ”လို့ ယီဟေလျန်းလို့ ခေါ်တဲ့ တရုတ် လယ်သမားက ပြောပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၆ နှစ်လောက်က မြန်မာ အမျိုးသမီးတယောက်ကို ဇနီးမယားအဖြစ် ၀ယ်ခဲ့သူပါ။

ယီဟေလျန်းက“မြန်မာသတို့သမီး ရဖို့က စရိတ် သက်သာတယ်၊ ဒါကြောင့် ကျနော်တို့ (တရုတ် လယ်သမားတွေ) လိုချင်ကြ တာ”လို့လည်း ဆိုပါတယ်။

ယီဟေလျန်းဟာ မြန်မာဇနီးသည်နဲ့ပေါင်းသင်းပြီး သမီးလေးတယောက်နဲ့အတူ မြန်မာနယ်စပ်အနီးက ရွာလေးတရွာမှာ နေထိုင်ပါတယ်။ အခုလို လက်ထပ်ပေါင်းသင်းဖို့ အတွက် တရုတ်ယွမ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၈၀၀) ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒီကုန်ကျ စရိတ်ကို တရုတ် သတို့သမီးအတွက် ရိုးရာအရ ကုန်ကျမယ့် ယွမ် ၁၀၀၀၀ နဲ့လည်း သူက နှိုင်းယှဉ်ကြည့် နေပါသေး တယ်။

သူဟာ တရားမ၀င် သတို့သမီး ကုန်ကူးတဲ့ ၀က်ဘ်ဆိုက်တွေကို သုံးပြီး သူ့ဇနီးကို ၀ယ်ယူခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျေးလက်ဒေသ တရုတ်လယ်သမားတွေ ကြားမှာတော့ အင်တာနက် ၀က်ဘ်ဆိုက်ကို အသုံးပြုပြီး သတို့သမီး ရှာဖွေမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာ နေပါပြီ။
အဲဒီလို မြန်မာ အမျိုးသမီးတွေ တရုတ်လယ်သမားတွေရဲ့ ဇနီးမယားအဖြစ် ပို့ဆောင်ခံရတာတွေဟာ လူကုန်ကူး ခံရမှုရဲ့ ၇၀ ရာခိုင်နှုန်းလောက် ရှိတယ်လို့ မနှစ်က အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာသတို့သမီး ရှာဖွေမှုများနဲ့ ပတ်သက်ပြီး မကြာသေးခင်က လေ့လာချက်အရ အွန်လိုင်း ၀က်ဘ်ဆိုက် ကြော်ငြာသုံး ရှာဖွေတာ ဟာ ရှက်စရာကိစ္စ မဟုတ်တော့ဘဲ ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်လာကြတာကို တွေ့ရပါတယ်။

“ဟလို ကိုလူပျို၊ အိမ်ထောင်ပြုဖို့ ရည်ရွယ် ကြိုးစားနေတာလား။ ဇနီးကြင်ဖက် မရှိလို့ စိတ်ပျက် အကြံအိုက် နေတာလား။ အကြင် နာ အယုယပေးတာ ခံယူလိုပါသလား”လို့ သတို့သမီး ဇနီးသည် ရှာဖွေဆက်သွယ်ရေး ၀က်ဘ်ဆိုက်တခုရဲ့ အင်တာနက် စာမျက်နှာ မှာ မိတ်ဆက် ရေးထားပါတယ်။

“ခင်ဗျားဟာ သာမန် ဆင်းရဲသား လယ်သမား ဖြစ်နေရင်တောင် မြန်မာ သတို့သမီးလေးတွေက ခင်ဗျားနဲ့ ထာဝရ မခွဲမခွာ နေ ထိုင်သွားမှာပါ”လို့လည်း ပါ ပါတယ်။

“လှလည်းလှ ၊ စရိတ်လည်း သက်သာ ၊ လွယ်လည်းလွယ်”
တခြား သတို့သမီး ကုန်ကူးတဲ့ ၀က်ဘ်ဆိုက်တွေလို “မြန်မာသတို့သမီး ရွေးချယ်ရာ”(Burmese Bride Matching) ၀က်ဘ်ဆိုက်မှာလည်း ရွေးချယ်လို့ရမယ့် မြန်မာ အမျိုးသမီးဓာတ်ပုံတွေ တင်ပြပေးထားတာ တွေ့ရပါတယ်။

 ပြီးတော့ ရွေးချယ် ၀ယ်ယူလိုသူတွေ အတွက် လိုအပ်တဲ့ အချက်အလက်တွေလည်း ဖော်ပြပေးထားပါတယ်။
ဧရာဝတီက ဆက်သွယ်မေးမြန်းကြည့်တော့ ဆိုက်မှာတင်ပြထားတဲ့ အမျိုးသမီးတွေထဲက နှစ်သက်ရာ သဘောကျတာကို ရွေးယူနိုင် ကြောင်း အခုလို ပြောပါတယ်။

“အမျိုးသမီးအတွက် ယွမ် ၈၀၀၀ ပေးရမယ်၊ ပြီးတော့ ယွမ် ၅၀၀၀ ကို မင်္ဂလာခန်းဝင်ကြေး ပေးရမယ်”လို့ အမည်မဖော်လိုသူ အမျိုးသား တဦးက ပြန်ဖြေပါတယ်။

သတို့သမီး ကုန်ကူးမှုနဲ့ ဆက်စပ်နေတဲ့ နောက်ထပ် ၀က်ဘ်ဆိုက် တခုမှာလည်း ဈေးနှုန်း အနေနဲ့ ကွာခြားမှု မရှိသလောက် တင်ပြ ထားတာ တွေ့ရပါတယ်။

“မြန်မာ အိမ်ရှင်မတွေက တရုတ် အိမ်ရှင်မတွေထက် အများကြီး သာတယ်”လို့ အကျိုးဆောင်သူ တယောက်က ညွှန်းဆို ပါတယ်။ သူ့ကိုယ်သူတော့ “တရုတ် လူပျိုကြီးများ ကယ်တင်သူ”လို့လည်း ပြောပါသေးတယ်။

ဝက်ဘ်ဆိုက် တချို့မှာတော့ အဆင်ပြေသလို ရောင်းဝယ်ကြတာတွေ ရှိပေမယ့် “မြန်မာသတို့သမီး ရွေးချယ်ရာ” (Burmese Bride Matching)  ဆိုတဲ့ ၀က်ဘ်ဆိုက်မှာတော့ ၀ယ်ယူလိုသူ အနေနဲ့ တကိုယ်ရည်ဖြစ်ရမယ်၊ ရိုးသားရမယ်၊ စိတ်ရင်းကောင်းရမယ် ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံရမှာဖြစ်ပြီး နှိမ်ချ ဆက်ဆံတာမျိုးတွေ၊ လောင်းကစားလုပ်တာတွေ မရှိရဘူးလို့လည်း ဖော်ပြပေးထား ပါတယ်။

ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ခေတ်သစ် ငွေဝယ်ကျွန် စနစ် ပုံစံတမျိုးသာ ဖြစ်တယ်လို့ လှုပ်ရှား ဆောင်ရွက်သူတွေက ပြော ဆို ကန့်ကွက်ပါတယ်။

“မြန်မာ မိန်းကလေးတွေ တရုတ် လူမျိုးတွေရဲ့ မိန်းမတွေ ဖြစ်လာတယ်၊ ပြီးတော့ သူတို့ ခင်ပွန်းအတွက် ကလေးမွေး ပေးရတယ်” လို့ ထိုင်းအခြေစိုက် ကချင် အမျိုးသမီး အစည်းအရုံး (Kachin Women’s Association of Thailand – KWAT) က မွန်းနေလီက ပြော ပါတယ်။ ဒီအဖွဲ့ဟာ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်မှာ တနှစ်ကြာ လေ့လာမှုတွေ လုပ်ခဲ့တာပါ။

သူက ဆက်ပြောပြတာကတော့ အဲဒီအမျိုးသမီးတွေဟာ ခင်ပွန်းသည်တွေရဲ့ အတင်းအကျပ်ခိုင်းစေခံရတာတွေ ရှိနေပြီး နေ့ခင်း ဘက်မှာ အလုပ်တွေ လုပ်နေကြရသလို ညပိုင်းမှာတော့ လိင်ကျွန်ဖြစ်နေကြရပါတယ် တဲ့။

တရုတ်ပြည် ယူနန်နယ်မှာတော့ ဇနီးမယားအဖြစ် လူကုန်ကူးခံရတဲ့ အမျိုးသမီးလေးတွေဟာ ပျမ်းမျှ အသက် ၁၄ နှစ်ကနေ ၂၀ ကြား အရွယ်တွေ ဖြစ်ပြီး အသက်အကြီးဆုံးက ၅၇ နှစ်၊ အငယ်ဆုံး ၁၁ နှစ်အထိ ရှိတယ်လို့ ဒေသခံ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ ဦးဆောင်သူ တဦးဖြစ်တဲ့ လီချွန်ကင်းကလည်း ပြောပြပါတယ်။

တခါတရံမှာတော့ အိမ်ထောင် ပြုပြီးသား မြန်မာ အမျိုးသမီးတွေလည်း လူကုန်ကူး ခံရမှုထဲမှာ ၁၀ ရာခိုင်နှုန်းလောက် ပါဝင်နေ တယ်လို့ KWAT ရဲ့ ၂၀၀၈ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ KWAT အဖွဲ့ဟာ လူကုန်ကူးမှုနဲ့ပတ်သက်ပြီး လာမယ့် လထဲမှာ အစီရင်ခံစာဆက်လက် တင်ပြဖို့ရှိတယ်လို့လည်း သိရပါတယ်။

“တရုတ်တို့ ဘာကြောင့် သတို့သမီး လိုအပ်ချက်မြင့်မားရသလဲ”
တရုတ်ပြည်မှာ သတို့သမီး လိုအပ်ချက် မြင့်မားလာတာဟာ အစိုးရရဲ့ တအိမ်ထောင် ကလေးတယောက် မူဝါဒနဲ့ ဆက်စပ်နေပါတယ်။ မိန်းကလေးထက် ယောက်ျားလေးကိုပဲ လိုချင်ကြတာကလည်း တရုတ်တို့ ရိုးရာယုံကြည်မှုပါ။

အဲဒီယုံကြည်မှုကြောင့် တရုတ်တွေဟာ ယောက်ျားလေး မွေးဖွားလာဖို့သာ အလိုရှိပြီး မိန်းကလေး မွေးဖွားလာတာကို အလိုမရှိကြပါ။ တအိမ်ထောင် ကလေး တယောက်မှာလည်း မိန်းကလေးဆိုရင် မယူလိုဘဲ ယောက်ျားလေးသာ ရွေးချယ်ရင်း တရုတ်မိသားစုတွေမှာ ယောက်ျားသား ဦးရေ ပိုမိုများပြား လာတာဖြစ်ပါတယ်။

“ဒီ မူဝါဒနဲ့ ရိုးရာယုံကြည်မှု အစွဲတွေကြောင့် မိန်းကလေး ရှားပါးလာလို့ လူကုန်ကူးသူတွေကို ဒေါ်လာ ၃၅၀၀ ပေးပြီး ဇနီး မယား ၀ယ်ယူကြရတာ ဖြစ်တယ်”လို့ မွန်းနေလီက ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ အရှေ့အာရှနိုင်ငံတွေမှာ လူဦးရေ ၁.၃ ဘီလီယံရှိပြီး ယောက်ျား ၁၁၇ ဦးမှာ မိန်းမ ၁၀၀ ပဲ ရှိကြောင်း၊ ၂၀၂၀ မှာတော့ တရုတ်လူမျိုး ယောက်ျားပျို ဦးရေ သန်း ၃၀ အထိ မြင့်တက် လာနိုင်ကြောင်း သိရပါတယ်။

တိုင်းပြည် အစွန်အဖျားက တရုတ်လူပျိုတွေ အနေနဲ့ ချမ်းသာပြည့်စုံမှု မရှိတဲ့အတွက်ကြေင့်၊ တရုတ်အမျိုးသမီးကို လက်ထပ်မယူနိုင်ဘဲ တခြား ပိုဆင်းရဲတဲ့ နိုင်ငံက ဇနီးသည်ကို ရှာရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

“ကျနော့် အဖေက လယ်သမား၊ အမေကလည်း လယ်သမားပဲ။ တရုတ် အမျိုးသမီးတွေက ကျနော့်ကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားကောင်းကောင်း၊ အိမ်ကောင်းကောင်းမှ မရှိတာကိုး”လို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က မြန်မာ အမျိုးသမီး တဦးကို ဇနီးအဖြစ် ၀ယ်ယူခဲ့သူ တရုတ်အမျိုးသား တဦးက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ မြန်မာအမျိုးသမီးတွေကို တရုတ်နိုင်ငံရဲ့ တောင်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ယူနန်၊ ဖူကျင့်၊ ဟိုင်နန်၊ စိချွမ်နဲ့ အန်းဟွေ တွေမှာ လူကုန်ကူးခံရမှု မကြာခဏတွေ့ရကြောင်း သိရပါတယ်။

အခြား အဖြစ်အပျက်တွေကတော့ တရုတ်ပြည် အရှေ့ဘက်ပိုင်း ပြည်နယ်တွေဖြစ်တယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေမှာလည်း တွေ့ရပါတယ်။

အဓိကအားဖြင့်တော့ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ရောက်ပြီး ဇနီးအဖြစ် လူကုန်ကူးခံနေ ရတာဟာ အရှေ့တောင်အာရှ နိုင်ငံ တွေထဲမှာ အဆင်းရဲဆုံးနိုင်ငံဖြစ်နေတာရယ်၊ အဲဒီဆင်းရဲမှုကနေ လွတ်မြောက်ချင်တာရယ်တွေကြောင့်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာတော့“မြန်မာ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် ဇနီးအဖြစ် တရုတ်တွေဆီ ရောင်းစားဖို့ ပွဲစားဆီက တဆင့် ဆက်သွယ်ကြတယ်”လို့ ဆိုပါတယ်။

နောက်တချက်ကလည်း အလုပ်အကိုင်ရဖို့ တရုတ်ပြည်ထဲသွားရောက်ကြရာက ဇနီးမယားအဖြစ် တွန်းပို့ ခံရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ကချင် အမျိုးသမီးတွေ တရုတ်မှာ အလုပ်လုပ်ဖို့ သွားတယ်။ အဲဒီမှာ သတို့သမီး အဖြစ် အတင်းအကျပ် တွန်းအပို့ ခံရပြီး ဇနီးမယားဖြစ်သွားရတာတွေ ရှိတယ်”လို့ KWAT ရဲ့ ၂၀၀၈ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“ပွင့်လင်း မြင်သာမှု နည်းပါးခြင်း”
မြန်မာ အမျိုးသမီးတွေ တရုတ်ပြည်မှာ တနှစ်အတွင်း ဘယ်လောက် လူကုန်ကူးခံနေရတယ် ဆိုတာ အတိအကျ မသိနိုင်ပါဘူး။

ပြီးခဲ့တဲ့နှစ် အမေရိကန် အစီရင်ခံစာ တခုမှာတော့ ၂၀၁၀ ပြည့်နှစ်အတွင်း မြန်မာအစိုးရဟာ လူကုန်ကူးမှု ဆိုင်ရာ အမှုပေါင်း ၁၇၃ မှု ကိုစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၂၃၄ ဦးကို ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာအစိုးရအဖွဲ့မှာ အရည်အသွေးပြည့်ဝပြီး လေ့ကျင့်မှုပြည့်ဝတဲ့ ရဲအဖွဲ့ဖြစ်ဖို့၊ လုပ်ငန်းတာဝန် ထမ်းဆောင်ရာမှာ ပွင့် လင်းမြင်သာမှုတွေ ရှိဖို့ စတာတွေ လိုအပ်နေသေးတယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

မွန်းနေလီက မြန်မာအမျိုးသမီးတွေ လူကုန်ကူးခံရနှုန်းတိုးလာတာရဲ့ အကြောင်းရင်းထဲမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခ အရေး အခင်းတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး ၂၀၀၉ ခုနှစ်က တရုတ်-မြန်မာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သော်လည်း ငွေကြေးနဲ့ ဥပဒေ အရ အထောက်အပံ့ ပေးမှုတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သူက ဆက်လက်ပြောဆိုပါတယ်။

၂၀၀၉ ခုနှစ်မှာပဲ တရုတ် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနက ယူနန်ပြည်နယ်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ လူကုန်ကူးခံရတာတွေ တားဆီးဖို့ အထူးရုံးခန်း ဖွင့်လှစ်ခဲ့ပေမယ့် ဒီလို ဆောင်ရွက်ပေးတာဟာ လုံလောက်တဲ့ ဆောင်ရွက်မှု မဟုတ်သေးဘူးလို့ KWAT က ဆိုပါတယ်။

ကချင် လှုပ်ရှားမှု အဖွဲ့အစည်းတွေရဲ့ ညှိနှိုင်းဆောင်ရွက်ရေး တာဝန်ခံ နောင်လတ် ကတော့ တရုတ်အစိုးရက အခုလို အပြစ်ပေး အရေးယူမှုတွေ လုပ်လာတာဟာ ကောင်းမွန် လာတဲ့ အခြေအနေတရပ် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် တကယ့်အဖြစ်မှန် တွန်းပို့ခံရတာတွေကို အရေးယူတာ ဖြစ်ဖို့ လိုအပ်သလို အကျင့်ပျက်ခြစား တာတွေနဲ့လည်း ဆက်စပ်နေကြောင်း သူက ပြောပါတယ်။

“မြန်မာအစိုးရအနေနဲ့ အရေးတကြီး လိုအပ်နေတာက လူကုန်ကူးမှုတွေနဲ့ ပတ်သက်ပြီး လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိမြင် လာအောင် လုပ်ဆောင်ဖို့၊ အထောက်အပံ့တွေ ပေးဖို့၊ လူကုန်ကူးခံရတဲ့ အမျိုးသမီးကြီးတွေနဲ့ ကလေးငယ်တွေကို အထောက် အပံ့တွေ ပေးအပ်ဖို့ပါပဲ”လို့လည်း နောင်လတ်က ဆက်လက်ပြောဆို သွားပါတယ်။     ။

(ဧရာဝတီ) 

အရီဇိုးနား တောမီးလောင်ကျွမ်းမှုအတွင်း မီးသတ်သမား ၁၉ ဦး သေဆုံး


အမေရိကန်နိုင်ငံ၊ အရီဇိုးနားတွင် ဖြစ်ပေါ်ခဲ့သည့် တောမီး လောင်ကျွမ်းမှုများကြောင့် မီးသတ်သမား အရေအတွက် (၁၉)ဦးမျှ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ယာနဲလ်ဟေးလ်တွင် ဖြစ်ပေါ်နေသော ဆိုးရွားစွာ ကူးစက်နေသည့် မီးလောင်မှု ဖြစ်စဉ်အတွင်း အိမ်ခြေ (၅၀၀)ကျော် ပြာကျခဲ့ရသလို ဧက(၂၀၀၀)မျှသော မြေနေရာသည် မီးလောင်မြေ အဖြစ်သာ ကျန်တော့ကြောင်း အာဏာပိုင်များက ဆိုသည်။

"မီးသတ်သမား (၁၉)ယောက်ဟာ အရီဇိုးနားက ယာနဲလ်ဟေးလ် မီးလောင်မှုကို တားဆီးဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးခဲ့ပါတယ်"ဟု အမေရိကန် တောမီးကို လေကြောင်းမှ ငြှိမ်းသတ်ရေးဌာနက Reuters သို့ အသိပေး ပြောကြားခဲ့သည်။

အရီဇိုးနားက သစ်တောရေးရာ ဌာနက တောမီး၏ ကူးစက် လောင်ကျွမ်းမှုသည် Type 1အဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာကြောင်း ဝန်ခံခဲ့သည်။ လတ်တလောတွင် အရီဇိုးနား၌ စံချိန်တင် အပူချိန် ပမာဏ နီးပါးထိ မြင့်တက်လျှက် ရှိနေသလို လေတိုက်နှုန်း ပြင်းထန်နေခြင်းများကလည်း တောမီးကို အရှိန်မြှင့်ပေးသည့်နှယ် ဖြစ်နေသည်။

ဝစ်ကမ်ဘာ့ဂ် ကွန်မြူနတီ ဆေးရုံသည် လတ်တလောတွင် မီးသတ်သမား (၈)ဦးကို ကုသပေးနေရပြီး စုစုပေါင်း ဒဏ်ရာရသည့် မီးသတ်သမား အရေအတွက်မှာ (၂၂)ဦးမျှထိ ရှိနိုင်ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

တောမီးသည် ဆက်လက် ပျံ့နှံ့ လောင်ကျွမ်းနေဆဲဖြစ်ပြီး မီးသတ်သမား (၂၀၀)ကျော်မျှသည် ယင်းမီးကို တားဆီးရန် ကြိုးပမ်းအားထုတ်နေဆဲ ဖြစ်သည်။ ပြည်နယ် အစိုးရ တာဝန်ရှိသူများက အဆိုပါ သဘာဝ ဘေးဆိုးကို တားမြစ်နိုင်ရန်အတွက် နောက်ထပ် မီးသတ် တပ်ကူများ ရရှိရန် ကြိုးစားနေသည်။

တောမီးသည် သောကြာနေ့က စတင် လောင်ကျွမ်းလာပြီး တနင်္ဂနွေနေ့တွင် ဧရိယာ တစ်လျှောက်လုံး လျင်လျင်မြန်မြန် ပျံ့နှံ့လာကာ ရာသီဥတု အခြေအနေကြောင့် ထိန်းချုပ်ရန် ပိုမို ခက်ခဲနေခြင်းလည်း ဖြစ်သည်။

Planet Myanmar Network


ဒေါက်တာဆိတ်ဖွားကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ကြေညာမည်


အင်တာနက် စာမျက်နှာတွင် ဥပဒေထက်တွင် လွှတ်တော် ရှိနေသလား (Above the Law) ဟူသော ဆောင်းပါးဖြင့် ဝေဖန်ခဲ့သူ ဒေါက်တာဆိတ်ဖွား မည်သူ ဖြစ်သည်ကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၁ ရက်နေ့) ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အစီအစဉ်ကို ကိုးကား၍ လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ဒေါက်တာဆိတ်ဖွားကို စုံစမ်းဖော်ထုတ်ရန် ဖွဲ့စည်းထားသည့် လွှတ်တော်ကော်မရှင်က ဒေါက်တာ ဆိတ်ဖွား မည်သူဖြစ်သည်ကို ဖော်ထုတ်နိုင်ပြီ ဖြစ်ကြောင်းနှင့် ပထမအကြိမ် လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးများတွင် ကြေညာမည် ဖြစ်ကြောင်း ယင်းကော်မရှင်က ဇွန်လအတွင်းက ပြောကြားထားသည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အစီစဉ်များအရ ဒေါက်တာဆိတ်ဖွား၏ အမည်ကို ပြည်ထောင်စုလွှတ်တော် နာယကက ထုတ်ဖော် ကြေညာမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ဒေါက်တာဆိတ်ဖွားက လာဝန်ခံထားတယ်လို့ ပြောတယ်လေ။ အဲတော့ နာမည် ကြေညာရုံပဲ ။ နာမည်ကြေညာမယ် အရေးယူမယူ ဆုံးဖြတ်မှာ ဖြစ်လိမ့်မယ်” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

ဒေါက်တာဆိတ်ဖွား ဆိုသူက ဇန်နဝါရီလအတွင်း အင်တာနက် စာမျက်နှာတွင် Above the Law ခေါင်းစဉ်ဖြင့် ဆောင်းပါး တစ်ပုဒ် ရေးသားထားရာ ယင်းဆောင်းပါးတွင် လွှတ်တော်၏ လုပ်ဆောင် ချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ရုံမျှမက အခြေခံဥပဒေတွင် မည်သို့ ဆိုထားစေကာမူ လွှတ်တော် ဥက္ကဋ္ဌနှင့် အပေါင်းအပါများ မဲခွဲဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်ဟု စွပ်စွဲ ရေးသားထားခြင်း ဖြစ်သည်။

အဆိုပါ စွပ်စွဲရေးသားချက်နှင့် ပတ်သက်၍ ဆောင်းပါး ရေးသား သူကို ပြည်ထောင်စုလွှတ်တော်က ကော်မရှင် ဖွဲ့စည်းပြီး အရေးယူရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးရင်က ဖေဖော်ဝါရီလ အတွင်း ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် အရေးကြီး အဆိုတစ်ရပ် တင်သွင်းခဲ့သည်။

ဒေါက်တာဆိတ်ဖွားကို ဖော်ထုတ်နိုင်ရန် အစိုးရ ဝန်ကြီးဌာနများမှ အကြီးတန်း အရာရှိ ခြောက်ဦးနှင့် ပုဂ္ဂလိက သတင်းဂျာနယ်များမှ အယ်ဒီတာချုပ် ခုနစ်ဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ကော်မရှင်ထံမှ သိရသည်။

The Voice Weekly
သစ်ထူးလွင်

ယုဇနပလာဇာတွင် အမျိုးသမီး ခါးပိုက်နှိုက် ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှ
တပ်ဖွဲ့ဝင်များသည် မင်္ဂလာတောင်ညွှန့်မြို့နယ်၊
ယုဇနပလာဇာ၏ မျက်နှာစာတန်း တွင် ဇွန်၃၀
ရက်နေ့ ၁၂၃၀ အချိန်က ခါးပိုက်နှိုက်မှတ်တမ်းဝင်
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူအမျိုးသမီးတစ်ဦအား
တွေ့ရှိသဖြင့် သက်သေများနှင့်
အတူ စစ်ဆေးရှာဖွေရာ ၎င်း၏ ဘေးလွယ်အိတ် အတွင်းမှ
ငွေ ၃၀၀၀၀ ကျပ်ပါ ပိုက်ဆံအိတ် (၁)လုံးတွေ့ရှိခဲ့သည်။
အဆိုပါပိုက်ဆံအိတ်နှင့် ငွေတို့အား ယုဇနပလာဇာ၏ မြေညီထပ်အထည်ဆိုင်တန်းတွင်
ဘေးလွယ်အိတ်ဖြင့်အကာအကွယ်ပြုလုပ်၍ အမျိုးသမီးတစ်ဦးကိုင်ထားသည့် စက္ကူလက်ဆွဲအိတ်အတွင်းမှ
နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် သိမ်းဆည်းရမိသဖြင့်
မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း (ပ)၄၄၇/၂၀၁၃၊ ပုဒ်မ ၃၇၉(နှိုက်)/၅၄ ဖြင့်အဆိုပါအမျိုးသမီးကိုအမှုဖွင့်အရေးယူထားကြောင်း
Yangon Policeမှသိရသည်။

Popular Myanmar News Journal

လားရှိုးမြို့ ပြည်ထောင်စု လမ်းမဘေးရှိ နေအိမ်အတွင်းသို့ ၂၂ ဘီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်မှု ဖြစ်ပွား



လားရှိုးမြို့တွင် ဇွန် ၃၀ ရက် နံနက် ၄ နာရီ အချိန်ခန့်က လားရှိုးမှ မူဆယ်ဘက်သို့ ထွက်ခွာမည့် ၂၂ ဘီးတွဲ ကားတစ်စီးသည် လားရှိုးမြို့တွင်း ပြည်ထောင်စု လမ်းမကြီးအတိုင်း မောင်းနှင်လာရာ ရပ်ကွက် (၁၂)၊ အထက (၃) ရှေ့ရှိ စက်သုံးဆီ အရောင်းဆိုင် အုတ်တံတိုင်းအား ၀င်တိုက်ပြီး အနီးရှိ အိမ်အတွင်းသို့ ၀င်ရောက်ကာ ကားရပ်တန့်သွားကြောင်း သိရသည်။
အဆိုပါ ယာဉ်သည် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တရုတ်သို့ တင်ပို့ရောင်းချမည့် ပြောင်းဖူးဆံအိတ်များ တင်ဆောင်လာပြီး စက်သုံးဆီဆိုင်ရှေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ စက်သုံးဆီဆိုင် အုတ်တံတိုင်းအား ၀င်တိုက်ကာ အနီးရှိ အမှတ် (၆၅၃) နေအိမ်အိပ်ခန်း အတွင်းသို့ ၀င်တိုက်ပြီး ရပ်တန့်သွားကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် နေအိမ်အတွင်းရှိ အိပ်နေသော ဒေါ်ရွှေအိမ်မှာ ၀ဲချိုစောင်း အနည်းငယ် ပေါက်ပြဲသွားပြီး ဂုတ်ပိုးနာကျင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

Eleven

ရင်လတ်ရှင်နာဝ ပထမဆုံး အမျိုးသမီးကာကွယ်ရေး ဝန်ကြီးဖြစ်လာ


ထိုင်းနိုင်ငံက ကဲဘိနက်ဝန်ကြီးအဖွဲ့ အပြောင်း အလဲမှာ ဝန်ကြီးချုပ် ရင်လတ်ရှင်နာဝ Yingluck Shinawatra က ထိုင်းနိုင်ငံက ရာဇဝင်မှာ ပထမဦးဆုံးသော အမျိုးသမီး ကာကွယ်ရေး ဝန်ကြီး အဖြစ် တာဝန် ခန့်အပ်ခြင်း ခံရပါတယ်။

ကာကွယ်ရေးဝန်ကြီး အဖြစ် ထိုင်းနိုင်ငံကာကွယ်ရေး ဝန်ကြီး ဌါနတွင်း အမြင့်ဆုံး ရာထူးတွေကို ခန့်အပ်ခွင့် အာဏာ အပြည့်ကိုလဲ ရရှိတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ကာကွယ်ရေးတပ်ဟာ နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာ သိမ်းပိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တဲ့ နေရာမှာ အဓိက ပါဝင်ခဲ့တဲ့ အပြင်၊ လက်ရှိ ဝန်ကြီးချုပ်နဲ့ အကို တော်သူ ဝန်ကြီး ချုပ်ဟောင်း တပ်ဆင်ရှင်နဝကို ဖြုတ်ချ ရာမှာလဲ စစ်တပ် ကဘဲ ဦးစီး ဦးဆောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Yingluck Shinawatra က သူ့ အနေနဲ့ ထိုင်းစစ်တပ်နဲ့ ခိုင်မာတောင့်တင်းတဲ့ ဆက်ဆံရေး ရှိတဲ့ တွက် ကာကွယ်ရေး ထိပ်တန်း အရာရှိတွေ နဲ့ ပြဿနာ တက်စရာမရှိ ဘူးလို့ ဆိုပါတယ်။

သြဇာအာဏာ ကြီးမားတဲ့ ထိုင်းကာကွယ်ရေး စစ်တပ်မတော်ဟာ တော်ဝင်ဘုရင်ကြီးကို တရားဝင်အကာအကွယ်ပေးတဲ့ တာဝန်နဲ့ တော်ဝင်နန်းဆက်ကိုလဲ ကာကွယ်ထောက်ခံမှုပေးရတဲ့ တာဝန် ရှိပါတယ်။

ABC Radio Australia

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနှင့် အရေးယူခံရသည့် သရုပ်ဆောင်ဘုန်းလျှံ


ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် ဟိန်းထူးလင်း(ခ) ဘုန်းလျှံအား မူးယစ်ဆေးဝါးများလက်ဝယ်ထားရှိသုံးစွဲမှု ဖြင့် ဖမ်းဆီးရမိကြောင်း   ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန် ၂၈ ရက်နေ့က မူးယစ်အထူးအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ယင်း ရုပ်ရှင်သရုပ်ဆောင် ခေတ္တနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ သာယာဝတီလမ်း၌ရှိသော Inn တစ်ခုအတွင်းသို့ ၀င်ရောက်ရှာဖွေရာမှ ၎င်း၏ အဖော်ဖြစ်သူ ဦးမောင်ထွန်းလှဆိုသူနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့နေသော အခန်းအတွင်းရှိ ကုတင်ခေါင်းရင်း ကြမ်းပြင်ပေါ်တွင် ချထားသော ခရီးဆောင် လက်ဆွဲ အိတ်အတွင်းတွင် Red Ruby စီးကရက်ဗူး ခွံတစ်ခုတွေ့ရပြီး ထိုစီးကရက်ဗူးခွံထဲ၌ WY စာတမ်းပါရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား (၄၇)ပြား၊အစိမ်း ရောင် (၂)ပြား၊စုစုပေါင်း (၄၉)ပြား နှင့်အတူ ဦးမောင်ထွန်းလှ အိပ်သော ကုတင်ခေါင်းရင်းမှ ဂျာနယ်ခေါက်ထဲ၌ တိပ်အကြည်ဖြင့်ကပ်လျက် အဖြူရောင် တစ်ရှုးစက္ကူအတွင်း ပလတ်စတစ်အိတ်အကြည်ဖြင့် ထုတ်လျက်ထား ရှိသော လိမ္မော်ရောင် စိတ်ကြွဆေးပြား(၉၉)ပြားအား တွေ့ရှိကာ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါအခန်းအတွင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြုရသော ရေသန့် ဘူးဘေးဘက်တွင် ပိုက်တပ်လျက်နှင့်(၆)လက်မခန့်ရှိ ခဲပြား (၂)ပြား၊မီးခြစ် (၁)လုံးတို့ကိုသိမ်းဆည်းရမိပြီး စုစု ပေါင်းစိတ်ကြွဆေးပြား ကျပ်(၇)သိန်းလေးသောင်းဖိုးခန့် ဖမ်းဆီးရမိခြင်းဖြစ်သည်။

ဗဟန်းမြို့နယ်ရဲစခန်းမှ သရုပ်ဆောင် ဘုန်းလျှံနှင့်အဖော်ဖြစ်သူ ဦးမောင်ထွန်းလှတို့အား မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသောပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမူဖွင့်အရေးယူထားကြောင်း သိရသည်။

“ဆေးအပြား(၃၀)နဲ့အထက်ဆို ၁၉(က) ဆို ထောင်ဒဏ်က ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ကျခံရနိုင်တယ်။ အပြား၃၀ အောက်ဆိုရင်တော့ ၁၆ (ဂ) ဆို ၅ နှစ် ကနေ ၁၀ နှစ်အထိ အရေးယူနိုင်တယ်” ဟု မှုးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ဦးခင်မောင်သိန်းကပြောသည်။

ရွှေမြစ်မခ

သံတွဲမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဇွန်လ ၃ဝ ရက်နေ့မနေ့က အမျိုးသမီးတစ်ဦးကို အခြားဘာသာဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ရာကနေ ညနေငါးနာရီခန့်မှာ လူတချို့က သံတွဲရဲစခန်းကို သွားရောက်ဝိုင်းဝန်းပြီး တရားခံကိုအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

ရဲစခန်းကို ဝိုင်းဝန်းဆန္ဒပြတဲ့ လူအရေအတွက် ၅ဝ ကနေ ၂ဝဝ အတွင်းရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ အဲဒီနောက် ဆူပူမှုတွေဖြစ်ကာ ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်က အိမ်နှစ်လုံးမီးရှို့ခံရပြီး ည ၈ နာရီလောက်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ သံတွဲ မြို့ခံတစ်ဦးဖြစ်တဲ့ ကိုမြင့်မိုးက RFA ကို ပြောပါတယ်။

"လွန်ခဲ့တဲ့ ၅ မိနစ်လောက်က ၁၄၄ ထုတ်လိုက်ပါပြီ၊ ညနေ ၆ နာရီခွဲကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါပြီ၊ အမိန့်ထုတ်လိုက်ပေမယ့် လူတွေကလမ်းပေါ်မှာပဲရှိသေးတယ်၊ လမ်းပေါ်မှာ ဟိုစုစုဒီစုစု"

သံတွဲမြို့မှာ ဒေသခံအာဏာပိုင်တွေက ညမထွက်ရအမိန့်ကို လှည့်လည်ကြေညာနေပြီး မြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားကြောင်း ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူရေးအတွက် ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

အမျိုးသားများတွင် လိင်စိတ် လျော့နည်းရခြင်း


အမျိုးသား တွေမှာ ရောဂါ ဝေဒနာ ခံစား ရတာနဲ့ ဆေးကုသမှု ခံယူရတာ တွေကြောင့် လိင်စိတ်လျော့ နည်းမှု ဖြစ်တတ် ပါတယ်။
အမျိုးသား တွေမှာ လိင်စိတ် ဆန္ဒလျော့ နည်းမှု ဖြစ်စေတဲ့ အကြောင်းရင်း တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

- ပန်းသေ ပန်းညှိုးရောဂါ

ပန်းသေတာ ဒါမှမဟုတ် ပန်းသေ ပန်းညှိုး ရောဂါဟာ လိင်စိတ် လျော့နည်း တာနဲ့ မတူပါဘူး။ လူငယ် ခုနစ်ရာခိုင်နှုန်း ကသာ ပန်းသေ ပန်းညှိုး ဖြစ်တတ် ကြပါတယ်။ ပန်းသေ ပန်းညှိုး ရောဂါက အသက်ကြီးလာ လေလေ၊ ဖြစ်နိုင်ခြေ ပိုများ လေလေပါ။ အသက် ၄၀ အရွယ်မှာ ပန်းသေ ပန်းညှိုးဖြစ်နိုင် ခြေ ၁၂ ရာခိုင်နှုန်း၊ အသက် ၅၀-၅၉ နှစ်အရွယ်မှာ ရောဂါ ဖြစ်နိုင်ခြေ ၁၈ ရာခိုင် နှုန်းနဲ့ အသက် ၆၀ ကျော် အရွယ်မှာ ရောဂါဖြစ် နိုင်ခြေ ၂၅-၃၀ ရာခိုင်နှုန်း အထိ သိသိသာသာ မြင့်တက်လာ ပါတယ်။ ပန်းသေ ပန်းညှိုးရောဂါနဲ့ စိတ်ဖိစီးမှုက အပြန်အလှန် ဆက်နွှယ် မှုရှိပြီး လိင်စိတ်လျော့ နည်းမှုကို ဖြစ်စေနိုင်ပါတယ်။ သတင်းကောင်း အနေနဲ့ ပန်းသေ ပန်းညှိုး ဖြစ်ရတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ဆေး ကုသမှု ခံယူနိုင် ပါတယ်။

- ပူပင်သောကများလွန်းခြင်း

အမျိုးသားတွေမှာ ပူပင်သောက များလွန်းတဲ့ အခြေအနေကြောင့် သုက်လွှတ် စောတာမျိုး ဖြစ်တတ် ပါတယ်။ အဲဒီလို ဖိအားများတဲ့အခါ လိင်စိတ်လျော့ နည်းမှု ဖြစ်ပေါ် တတ်ပါတယ်။

- စိတ်ဖိစီးမှုများခြင်း

လုပ်ငန်းခွင် စိတ်ဖိစီးမှု များပြီး စိန်ခေါ် လုပ်ကိုင်ရ တဲ့အခါ အောင်မြင်အောင် မလုပ်ဆောင် နိုင်ရင် အမျိုး သားတွေက ကိုယ့်ကိုယ်ကိုယ် လေးစား စိတ်လျော့နည်း လာပါတယ်။ ဒီအတွက် ကြောင့်လည်း အိမ်ထောင် ရေးမှာ မသာယာတဲ့ အဖြစ်မျိုး တွေ့ကြုံ နိုင်ပါတယ်။

- ကျန်းမာရေး အခြေအနေ

အမျိုးသား တွေမှာ နာတာရှည် ရောဂါ ဝေဒနာ တွေကြောင့် လိင်မှုဘဝကို ထိခိုက်စေနိုင် ပါတယ်။ ကင်ဆာနဲ့ စိတ်ကျ ရောဂါတို့လို ပြင်းထန်တဲ့ နာမကျန်း မှုတွေကြောင့် လိင်စိတ်ကို လျော့ကျ စေနိုင်ပါတယ်။ နှလုံးသွေး ကြောရောဂါ၊ သွေးတိုး ရောဂါနဲ့ ဆီးချိုရောဂါ တွေကြောင့် မျိုးပွား အင်္ဂါအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး ဆီကို သွေးရောက် ရှိမှု လျော့နည်းသွား ပြီး လိင်စိတ်လျော့နည်း စေပါတယ်။ အရက်စွဲ တာနဲ့ အရက်ကို အလွန်အမင်း သောက် သုံးတာ ကြောင့်လည်း လိင်ဆန္ဒကို လျော့ပါး စေပါတယ်။ သိုင်းရွိုက် ပြဿနာနဲ့ ပီကျူထရီဂလင်း အကျိတ် ရှိတာ ကြောင့်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- ဆေးကုသမှု

စိတ်ကျဝေဒနာ ကုသဆေး SSRI ဟာ လိင်စိတ်ကို ဟန့်တားနိုင်သလို သွေးတိုးကျဆေး ကလည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။ မူးယစ် ဆေးတွေ သုံးရင်လည်း လိင်စိတ်ကို လျော့ကျ စေပါတယ်။

- အိမ်ထောင်ရေး အဆင်မပြေခြင်း

မပျော်ရွှင်တဲ့ အိမ်ထောင်ရေး အခြေအနေကြောင့် အမျိုးသား တွေမှာ လိင်စိတ်လျော့နည်းမှု ဖြစ်ရသလို အိပ်ခန်း ထဲကို ဒေါသနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ကာ စိတ်ကုန်တဲ့ အတွေးတွေ ယူဆောင် သွားတာကြောင့် လိင်စိတ်လျော့နည်း ရတတ်ပါတယ်။

- မွေးကင်းစ ကလေးငယ် ပြုစု စောင့်ရှောက်ရခြင်း

တချို့ အမျိုးသားတွေ အတွက် ကလေးငယ်မွေး ဖွားပြီးနောက် လိင်ဆန္ဒအတွက် အဟန့်အတား ဖြစ်လာ ပါတယ်။ မွေးကင်းစ ကလေးငယ်ကို ပြုစုစောင့် ရှောက် ရတဲ့အတွက် ပင်ပန်းမှုကြောင့် လိင်စိတ် လျော့နည်း ရတတ် ပါတယ်။

ကေအမ်

မျိုးစောင့်ဥပဒေအား ပြောရမည့် အချိန်ရောက်လျှင် အစိုးရဘက်မှ ပြောမည်


လူ့အခွင့်အရေးသမားများနှင့် သံယာတော်တချို့ကြား အငြင်းပွားလျက်ရှိသောမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ပြောရမည့် အဆင့်ရောက်မှသာ အစိုးရအဖွဲ့မှ ပြောကြားမည်ဖြစ်ကြောင်း နိုင်ငံတ်ာသမ္မတ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က The Messenger သို့ပြောသည်။

“ကျွန်တော်အကြိမ်ကြိမ်ပြောခဲ့သလို ဒီအမျိုးစောင့် ဥပဒေမှ မဟုတ်ပါဘူး ကျန်တဲ့ဥပဒေတွေ အားလုံးနဲ့ပတ်သက်လို့လဲ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်အသီးသီးက ကိုယ့်အမြင်တွေကိုယ်ပြောနေကြတာပေါ့နော် ။ အခြေခံဥပဒေဆိုတာလည်း ပြင်သင့်တယ်ပြောတဲ့လူရှိတယ်။ ဒါကတော့ တစ်ဦးချင်းအမြင်ပေါ့ သို့သော် ဒါကို ဥဒေဖြစ်ဖို့ဆိုတာက သူ့ဟာသူသွားရမယ့်အဆင့်တွေအများကြီးရှိပါသေးတယ် အစိုးရအနေနဲ့ကတော့ပြောရမယ့်အဆင့်ရောက်မှအစိုးရအဖွဲ့ကပြောရမှာပေါ့”ဟု ဦးရဲထွဋ်ကပြောသည်။

(Photo- AFP)
Messenger News

သီရိလင်္ကာ ဗုဒ္ဓဘာသာ တပ်အားစုကို ၉၆၉ နှင့် နှိုင်းယှဉ်ရေးသားထား၍ တိုင်းမဂ္ဂဇင်း ပိတ်ပင်ခံရပြီ

မြန်မာနိုင်ငံမှ ၉၆၉ လှုပ်ရှားသူများနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာ တပ်အားစု တို့ကို နှိုင်းယှဉ်ရေးသားထား၍ ကမ္ဘာတစ်ဝန်း စာဖတ်ပရိသတ် သန်း ၁၉၀ ကျော် ရှိသော တိုင်းမ် မဂ္ဂဇင်းကို တင်သွင်းဖြန့်ချိခွင့် ပိတ်ပင် လိုက်ကြောင်း သီရိလင်္ကာ အစိုးရက ဇွန် လ ၂၉ ရက်နေ့တွင် ကြေညာခဲ့ သည်ဟု ယင်းနိုင်ငံ အခြေစိုက် သတင်း မီဒီယာများတွင် ဖော်ပြထားသည်။

ဦးဝီရသူ မျက်နှာဖုံးနှင့် The Face of Buddhist Terror အမည်ရှိ ဆောင်းပါး ပါဝင်သည့် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ် မဂ္ဂဇင်းတွင် ဦးဝီရသူ ဦးဆောင် သည့် ၉၆၉ အဖွဲ့အစည်းက လူနည်းစု အစ္စလာမ် ဘာသာဝင်များကို ဆန့်ကျင် ဖိနှိပ်မှု ပြုလုပ်သည်ဆိုသော စွပ်စွဲချက်ကို ရေးသားရာတွင်
သီရိလင်္ကာနိုင်ငံ အခြေစိုက် Bodu Bala Sena အမည်ရှိ ဗုဒ္ဓဘာသာ တပ်အားစုကို နှိုင်းယှဉ် ရေးသားခြင်းကြောင့် ယင်းသို့ ပိတ်ပင် လိုက်ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းများအရ သိရသည်။

ထို့ကြောင့် သီရိလင်္ကာနိုင်ငံ အခြေစိုက် Bodu Bala Sena အဖွဲ့အစည်း ကြီးက ယင်းဆောင်းပါး ပါရှိသော တိုင်းမ် မဂ္ဂဇင်းကို နိုင်ငံအတွင်း မသွင်းရန် သီရိလင်္ကာအစိုးရထံ တောင်းဆိုထားမှုကြောင့် ယင်းဆောင်းပါးကို အင်တာနက် စာမျက်နှာများတွင်ပင် နိုင်ငံတွင်းမှ ဖတ်ရှုခွင့် မရရှိစေရန် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ယင်းသတင်း စာမျက်နှာများတွင် ဖော်ပြထား သည်။

ယင်းမဂ္ဂဇင်းတွင် ဖော်ပြချက်များသည် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်များနှင့် အခြား ဘာသာဝင်များအကြား ရန်တိုက်မှုများ ပြုလုပ်သကဲ့ သို့ ဖြစ်နေကြောင်း၊ သီရိလင်္ကာ အစိုးရ၏ ယင်းသို့ ဆောင်ရွက်ချက်မှာ သင့်တင့်လျော်ကန်ကြောင်း ဦးဝီရသူက The Voice ၏ မေးမြန်းချက် ကို ပြန်လည် မိန့်ကြားသည်။

သီရိလင်္ကာနိုင်ငံ ကိုလန်ဘိုမြို့တော် အခြေစိုက် ဗုဒ္ဓဘာသာ တပ်အားစု အမည်ရှိ အဖွဲ့အစည်းကြီးသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အင်ဒို-အာရိယန်း အနွယ်ဝင် ဆင်ဟာလီ လူမျိုးများ၏ အမျိုးသားရေး လှုပ်ရှားမှု အဖွဲ့အစည်းကြီး ဖြစ်သည်။

The Voice Weekly

အမျိုးသမီး တစ်ယောက်၏ လက်ကိုင်အိတ်ထဲတွင် ရှိသင့်သော ပစ္စည်းများ


တစ်သျှူးစက္ကူ

အမျိုးသမီးတစ်ယောက်ရဲ့ မရှိမဖြစ်ပါပဲ။ မျက်လုံးတစ်ဝိုက်မှာ စွန်း ထင်းနေတတ်တဲ့ အိုင်းရှဲဒိုးတွေနဲ့ နှုတ်ခမ်း နေရာမှာ ပေနေတတ်တဲ့ နှုတ်ခမ်းနီတွေ ကို လက်နဲ့ ဖယ်ရှား တာထက် တစ်သျှူး စက္ကူနဲ့ ဖယ်ရှားတာက ပိုပြီးအပျက်မြန် စေပါတယ်။ အပြင်သွား နေချိန်မှာ သင့် လက်တွေ ကလည်း ပြင်ပက အညစ်အ ကြေးတွေ ပေကျံ နေတတ် တာကြောင့် တစ်သျှူး စက္ကူကသာ အကောင်း ဆုံးပါ။

နှုတ်ခမ်းနီအဆီ

အမျိုးသမီး အများစုက နှုတ်ခမ်းကို ကိုက်တတ်တဲ့ အကျင့်ရှိတတ် ကြပါတယ်။ စကားပြောချိန်၊ အစာစား ချိန်နဲ့ တွေး တောချိန်မျိုး တွေမှာ ပိုပြီး နှုတ်ခမ်းကိုက် တတ်ကြ ပါတယ်။ နှုတ်ခမ်း ကိုက်တတ်တဲ့ အကျင့်ကြောင့် နှုတ်ခမ်း သားတွေကို ပို ပြီး ခြောက်သွေ့ လွယ်စေပါတယ်။ နှုတ် ခမ်းဆိုးဆေး အဆီတစ်ဘူးကို သွားလေ ရာယူ ဆောင်သွားပြီး အစာစားပြီး ချိန်နဲ့ နှုတ်ခမ်း ခြောက်သွေ့နေချိန်မှာ အသုံးပြု ပေးပါ။

အရေးပေါ်ဖုန်းနံပါတ်ပါစာအုပ်

အရေးပေါ် ဖုန်းနံပါတ်တွေ ၊ မိသားစု ဝင်ဖုန်းနံပါတ်တွေ၊ ရင်းနှီးတဲ့ သူငယ်ချင်း ဖုန်းတွေနဲ့ တခြားအရေးကြီး ဖုန်းနံပါတ် တွေကို စာအုပ် တစ်အုပ်ထဲမှာ ရေးချထား ပြီး သင့်အိပ်ထဲမှာ အမြဲယူဆောင် ထားပါ။ ဖုန်းအား ကုန်လို့ပဲဖြစ်စေ၊ ဖုန်းမတော်တ ဆ ပျက်သွားလို့ပဲ ဖြစ်စေ အရေးပေါ် အသုံးပြု နိုင်ပါတယ်။

ကိုယ်ပိုင်ကတ်ပြားများ

သင့်လက်ကိုင် အိတ်ထဲမှာ လိုင်စင်၊ မှန်ပုံတင်နဲ့ ဝန်ထမ်းကတ် စတာတွေကို သင်နဲ့အတူ ဆောင်ထားပါ။ အလွယ်တ ကူ ထွက်ကျနိုင်တဲ့ အခြေအနေမဖြစ်ဖို့ တော့ ဂရုပြုပါ။

ရေမွှေး

ရေမွှေးဘူး သေးသေး လေးတွေက အရမ်းလည်း မလေးဘဲ လူကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုစေပါတယ်။ အစည်းအဝေး ရှိချိန်မျိုးနဲ့ အရေးပေါ်အ ပြင်ထွက်ချိန် မျိုးတွေမှာ အိမ်ကို တစ်ခေါက် ပြန်နေစရာ မလိုတော့ပါဘူး။

ဖောင်တိန်နှင့် မှတ်စုတစ်အုပ်

လက်ကိုင် အိတ်ထဲမှာ ဆောင်ထားတာ ကြောင့် သင့်အတွက် အကျိုးရှိ စေပါတယ်။ လက်လိမ်းခရင်မ် အထူးသဖြင့် ခရီးသွားချိန် မျိုးမှာ မ ဖြစ်မနေ ယူသွား သင့်တဲ့ ပစ္စည်း တစ်မျိုးပါ။ လက်ဖဝါးနေရာက ခြောက်သွေ့မှုတွေ ကင်းစေပြီး နေလောင်တဲ့နေရာနဲ့ အရေ ပြားခြောက်သွေ့နေတတ်တဲ့နေရာတွေကို အလွယ်တကူ အသုံးပြုနိုင်ပါတယ်။

အမျိုးသမီးသုံး ဂွမ်းကပ်နှစ်ခု

အပြင်ထွက် အလုပ်လုပ် နေရတဲ့ အ မျိုးသမီးတွေနဲ့ ခရီးသွားလာ နေရတဲ့ အမျိုး သမီးတွေ ကတော့ စိတ်ချရတဲ့ အချိန်တွေ ကို အမြဲပိုင်ဆိုင် ရစေဖို့ လိုပါတယ်။ သင် အသုံးပြုနေကျ အိတ်ထဲမှာ အမြဲတမ်းဆောင် ထားတာကြောင့် အချိန်အခါမ ရွေးကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု ပိုနေစေပါတယ်။

ပိုက်ဆံကတ်များ

ဘဏ်စာရင်း ဖွင့်ထားတဲ့ ကတ်တွေနဲ့ ကျွေးဝယ်ကတ်တွေကို သင့်ပိုက်ဆံအိတ်ထဲတွင် အမြဲမထည့် ထားဘူး ဆိုရင်တောင် လက်ကိုင် အိတ်ထဲမှာတော့ ဆောင်ထား ပါ။ မလိုအပ်ဘဲ အချိန်တွေ ကုန်ဆုံးမှုကို ကာကွယ်ရာ ရောက်ပါတယ်။

လက်ကိုင်ဖုန်း

အမြဲတမ်း မေ့ကျန်တတ်ပြီး သင့်အ တွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတစ်မျိုး ကတော့ လက်ကိုင်ဖုန်းပါ။ အိတ်ထဲမှာ အမြဲဆောင် ထားသင့်ပြီး မေ့မကျန်ခဲ့ဖို့ အမြဲ စစ်ဆေးပါ။

လက်ဆေးရည်ဘူး

အကြေးနဲ့ ရောဂါပိုး တွေကို အလွယ်တကူ သန့်စင် ပေးနိုင်တဲ့ လက်ဆေးရည်ဘူး သေးသေးတွေကို လက်ကိုင် အိတ်ထဲမှာ အမြဲ ဆောင်သွားပါ။ ဆပ်ပြာ မလိုဘဲ လက်ကို အလွယ်ကူ သန့်စင် စေပါတယ်။

ပင်အပ် သို့မဟုတ် တွယ်ချိတ်

ပင်အပ် ဒါမှမဟုတ် တွယ်ချိတ် တစ် ချောင်းလောက်တော့ သင့်လက်ကိုင် အိတ်ထဲကို ထည့်သွား သင့်ပါတယ်။ မတော် တဆ ဇစ်ကွဲတာပဲ ဖြစ်စေ၊ အဝတ်ပြဲတာ ပဲဖြစ်စေ အလွယ်တကူ ပြုပြင် နိုင်ပါလိမ့် မယ်။

ပလတ်စတာ

မတော်တဆ ထိခိုက်မှုကို ဖြစ်စေ၊ ဖိ နပ်ပေါက်တာကို ဖြစ်စေ အလွယ်တကူ ဖြေရှင်း နိုင်စေဖို့ ဆောင်ထား သင့်ပါတယ်။ ဖိနပ် ပေါက်ချိန်မှာ သင့်ခြေလှမ်း တွေကို အကောင်းဆုံး မထောက်ပံ့ နိုင်ဘဲ စမတ် မကျဖြစ်တာကို ကာကွယ် နိုင်ပါလိမ့်မယ်။

ဘီးတစ်ချောင်း

ခေါင်းဖြီးဖို့ အတွက် ဘီးတစ်ချောင်း ကလည်း အမျိုးသမီး တစ်ယောက် အိတ် ထဲမှာမဖြစ်မနေ ဆောင်သွားသင့်တဲ့ အ ရာပါ။ ဘီးတစ်ချောင်းရဲ့အသုံးဝင်ပုံက တော့ အမျိုးသမီးတိုင်း သိပြီး သားမို့ ပြော နေဖို့ မလိုတော့ပါဘူး။

Myawady News

ဂျက်လေယာဉ်နဲ့ ဆွဲတဲ့ ပန်းချီ


ပန်းချီဆိုတာ ယာဉ်ကျေးတဲ့ လူတွေရဲ့ နှစ်သက်မြတ်နိုးမှုတွေထဲက တခုပါ။ ပန်းချီဟာ လောကကို ပုံဖော်
လေ့ ရှိပြီး ထူးခြားတဲ့ ခံစားမှုတွေကို ပေးတတ်ကြပါတယ်။ ပန်းချီကို ဖန်တီးတာမှာ အမျိုးမျိုးရှိကြပါတယ်။ အခု တင်ပြမယ့် အကြောင်းအရာကတော့ ပန်းချီကို ဂျက်လေယာဉ်အသုံးပြုဖန်တီးထားတဲ့ အကြောင်းပါ။


ဓာတ်ပုံ- realitypod.com


ဒါဟာ ကုန်ကျစရိတ်အများဆုံးတွေထဲက အနုပညာဖန်တီးမှု တခုလည်းဖြစ်ပါတယ်။ ဖလော်ရီဒါ အခြေစိုက် အနုပညာရှင် Princess Tarinan von Anhalt က လေမှုတ် စိတ္တဇ ပန်းချီကို ဂျက်လေယာဉ်က မှုတ်ထုတ် တဲ့ လေကို အသုံးချပြီး ဖန်တီး တဲ့ ပန်းချီပါ။



သူက ပန်းချီဆွဲတဲ့အခါ ဂျက်လေယာဉ်မောင်းသူနဲ့ သူလိုတဲ့ လေပမာဏကို ရဖို့ ဆက်သွယ်ရင်း ဂျက် အင်ဂျင် က မှုတ်ထုတ် တဲ့ လေအားနဲ့ လေလာရာလမ်းနဲ့ ပန်းချီပိတ်ကားရှေ့မှာ ဆေးတွေကို အချိုးကျ ပက်ဖျန်းပြီး ပန်းချီပုံဖော်တာပါ။

သူပန်းချီဆွဲတာက လက်ထောက်တွေနဲ့ Team ဖွဲ့ပြီး ဖန်တီးတာပါ။

အခြား အနုပညာဖန်တီးမှုနဲ့ မတူပဲ ဂျက်လေယာဉ်ကို အသုံးပြုရတဲ့ ဈေးကြီးတဲ့ ပန်းချီဆွဲခြင်းမျိုးဆိုပေမယ့် Princess ဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိပါတယ်။

သူ့ပန်းချီတွေကို ကြိုက်တဲ့သူတွေကတော့ သူ့ရဲ့ ပန်ချီဖန်တီးမှုတခုကို အမေရိကန် ဒေါ်လာ ၅ သောင်း ထိပေးပြီး ကြည့်ကြတယ်လို့ ဆိုပါတယ်။

ဒီနှစ်ထဲမှာတော့ သူ့ပန်းချီရေးဆွဲမှုပြပွဲကို ၅ ခု ရှိပါတယ်။


ကဲ စာဖတ်နေသူတို့လည်း သူ့ရဲ့ ဂျက်လေယာဉ်နဲ့ပန်းချီဆွဲတာကို ခံစားကြည့်ရှုရင်း ဘယ်လို ထင်မြင်ချက်တွေ ဖြစ်လာ သလဲ ဆိုတာ သိပါရစေ။

အိမ့်သံစဉ် ~
ဧရာဝတီ

နိုင်ငံချစ်စိတ် တကယ်ရှိကြရင်


မိမိတို့ အိမ်တွင် ကြည့်မှန် တစ်ချပ် ရှိပေ လိမ့်မည်။ ထိုကြည့် မှန်ရှေ့ဖြတ် သွားသော အရာဝတ္ထု မှန်သမျှ ကြည့်မှန် ပေါ်တွင် ပုံရိပ် ထင်ပေမည်။ ထို့အပြင် ကြည့်မှန် နှင့်ရှေ့တူရှုတွင် ရှိနေသော အရာ များလည်း ကြည့်မှန်တွင် ပေါ်နေ လိမ့်မည်။ မိမိကိုယ်တိုင် ကြည့်မှန် ရှေ့ရပ်ကြည့်ဖူး ကြသူများ ပင်ဖြစ် ကြပါလိမ့်မည်။ ထိုမှန်ရှေ့၌မြင် ရသော မိမိ၏ ပြင်ပလက်ရှိ ပုံ သဏ္ဍာန်ကိုသာ မြင်နိုင်စွမ်း ရှိပါ မည်။ ထိုသူ၏ အတွင်းစိတ် ရင်းကို အမှန် သိမြင်နိုင်ဖို့ ခဲယဉ်းသည်။ ယခုခေတ် အခါတွင်'နိုင်ငံ ရေး'ဟု ခေါင်းစဉ် လွှဲတပ်ကြပြီး ပေါ်ပြူလာ ဖြစ်ချင်သူတွေ များလာသည်။ နိုင်ငံရေး လုပ်နေကြသူ တိုင်းနိုင်ငံ ချစ်စိတ်ဖြင့် ရိုးသားမှု ရှိစွာ လုပ်နေကြသည် လားဟုမေး စရာဖြစ်ဖြစ် လာသည်။ ကြေးမုံ ပြင်ရှေ့ဖြတ်လျှောက် ကာရပ်ကြည့် သကဲ့သို့ ပြင်ပ သဏ္ဍာန်ကိုသာ လူလုံးပြတွေ့ နိုင်သော်ငြား တစ်ထစ် ချယုံကြည်ဖို့ ဝေးကွာ လွန်းသည်။
ပေါ်ပြူလာ နိုင်ငံရေး၊ ပေါ်ပြူလာ ပရဟိတ
ရာခိုင်နှုန်း အများစုသည် မိမိ ကိုယ်ကျိုးကို မပစ်ပယ်နိုင်ဘဲ၊ မိမိ အတ္တကို စွဲ၍ ဆောင်ရွက်နေ သောနိုင်ငံရေး သမားတွေကို မြင် တွေ့ရများ နေသည်။ မိမိတို့ငယ် စဉ်က ရပ်ကွက်ထဲတွင်'လူမိုက်' ဟု သတ်မှတ်ခံရသူ တစ်ဦးရှိ သည်။ ထိုခေတ်က 'လူမိုက်'ဟု ခေါ်နေကြသော်လည်း ထိုသို့ အခေါ်ခံရ သူများမှာ မိမိရပ်ရွာကို ထိပါးလာ လျှင်ရှေ့ဆုံးမှ ထွက်ရပ် သော အသေခံတပ်ဖွဲ့များ ဖြစ်ပြီး သတ္တိပြည့်စုံသည်။ ထိုသူက မိမိ အဖေကို မနက် အစောကြီးလာ ပြောသည့်စကားကို မှတ်မိနေ သေးသည်။ 'လေးညွန့် ကျွန် တော် နိုင်ငံကျော်အောင်လုပ်တဲ့ နည်းတော့ရလာပြီ'ဟူ၏။
မိမိအဖေကို လေးညွန့်ဟု ခေါ်လေသည်။ ထိုသူပြောသော ပေါ်ပြူလာဖြစ်နည်းကို စိတ်ဝင် စား၍ ဆက်နားထောင်မိသည်။ ဒီကနေ့ ဈေးချိုအလယ် ပေါက်ကို ခင်သန်းနု လာမယ်တဲ့။ အဲဒီမှာ တစ်ခါတည်း ခင်သန်းနု ကိုပြေးဖက်လိုက် ရင်တော့ ရုပ်ရှင် ပဒေသာစာစောင်မှာရော၊ ပြစ်မှု မှာရော ပါလာပြီး နာမည်ကြီးမှာ သေချာတယ်ဟု ပြောခြင်းပင်။ ထိုသူသည်စကားအရအရွှန်း အနှောက်ပြောခြင်းပင်။ အမှန် တကယ်မလုပ်ခဲ့ပါ။ သူပြောခဲ့ သောစကားမှာလည်း"ပေါ်ပြူလာ ဖြစ်နည်း"အစစ်အမှန် ဖြစ်သော် ငြား ကောင်းသတင်းနှင့် ကျော် ဇောခြင်း မဟုတ်ဘဲ ဆိုးသတင်း နှင့်ကျော်ဇောခြင်း ဖြစ်၏။
သို့သော် ငြားထိုသူပြောသည့် စကားသည် ယနေ့ခေတ် အကောင်းမြင်လုပ် နေသောသူများ၏ လက်သုံးဖော် မြူလာတစ်ခုဟု ထင်မှတ်မိသည်။ တိုင်းပြည်ကို မိမိလောက်ချစ်ကြ မည့်သူ မရှိတော့သယောင် ယောင်ပြောနေကြသည်ကို နေရာ တိုင်းတွေ့နေ ရသည်။ မိမိလူမျိုး၊ မိမိဘာသာ၊မိမိနိုင်ငံကိုချစ်သည် ဟု လူကြားကောင်းအောင်ြွေကး ကြော်နေကြသူများမှာ ပို၍ပို၍ မိမိအတ္တကို ရှေ့တန်းတင် နေကြ သည်မှာ စိတ်မကောင်းဖွယ်ရာ ပင်။ တိုင်းပြည်ကို ချစ်လျှင် တိုင်း ပြည်ကောင်း စေဖို့ နည်းလမ်းရှာ ဖွေကြရပေ လိမ့်မည်။
ပြည်သူ့ ဘဏ္ဍာမတရားယူ နေကြသူ၊ပြည် သူ့အပေါ် မတရားစီရင် သူများ လည်း ပိုမိုများ၍ ရှိသည့်ရာထူး ဌာနနေရာတွင် အလုပ်များသ ယောင်ဆောင်နေကြ သူများကို လည်းယနေ့ဌာန ဆိုင်ရာ အများစု တွင်ရှိနေဆဲ။ ထိုအပြု အမူများ ကိုပြုပြင်နိုင်မှသာ တိုင်းပြည်ချစ် သူဟု မှတ်ယူရချေမည်။ ထို့ပြင် အစိုးရ မဟုတ်သော နိုင်ငံရေးဆောင်ရွက်သူများသည် လည်း ပြည်သူကို ချစ်သယောင် ယောင်တိုင်းပြည်ကို ချစ်သယောင် ယောင်နှင့် ပြည်တွင်း ပြည်ပမှပံ့ပိုး ငွေကြေးများကို 'ပရ' နည်းနည်း အတ္တများများ အတွက် ဝေစုခွဲ ကာ ကိုယ်ကျိုးရှာ သူများလည်း များစွာရှိသည်။
မိမိတို့ နိုင်ငံတွင် ရှိသော ပရဟိတ အဖွဲ့များလည်း နေရာတိုင်းတွင် ပေါများလျက်ရှိ နေသည်။မူမမှန်သော ပရဟိတ အဖွဲ့အချို့ကြောင့် အမှန်တကယ် ဆောင်ရွက် နေကြသော ပရ ဟိတအဖွဲ့များကို ထိခိုက်နစ်နာ စေသည်။ အခြား နိုင်ငံများ၌ နိုင်ငံရေး လုပ်သူများကို ပြည်သူကသိကြ သည်မှာ ပြည်သူ့ အကျိုးကို ဆောင်ရွက်ပေး၍ သိနေကြရခြင်း ဖြစ်သော်ငြား မိမိတို့ နိုင်ငံတွင် ကိုယ့်အတွက် နာမည်တစ်လုံး ထင်ပေါ်ကျော်ကြား သိစေဖို့ရာ လုပ်ခြင်းက ပထမဖြစ်နေသည်။
ထို့အတူ နိုင်ငံခြားရှိ ပရဟိတ ဆောင်ရွက်သူများက မိမိတို့ အဖွဲ့ အစည်း လူသိဖို့ထက် မိမိ တို့အဖွဲ့ဘယ်လိုဘယ်သို့ဆောင် ရွက်နိုင်ခဲ့သည်ကို အလေးထား သည်။ ဆိုင်းဘုတ်ထူ၍ ပေါ်ပြူ လာဖြစ်အောင်လုပ်ခြင်း၊ အင်္ကျီ ဆင်တူဝတ်ဆင်၍ လူလုံးပြ ပရ ဟိတလုပ်ခြင်းဆိုတာသိပ်မရှိလှ။ အချို့မှာပရဟိတ လုပ်သော်ငြား အမည်မဖော်ကြပေ။
မိမိတို့နိုင်ငံ၌ အလှူအတန်း ကိစ္စမှာပင် ကဗ္ဗည်း ကြီးကြီးတပ်ချင် သူများ ပေါနေသည် မှာလွဲမှားနေမှု တစ်ခုပင်ဖြစ်နေ ၏။ မိမိကိုယ်တိုင် ကြေးမုံမှန်ပြင် ရှေ့ရပ်ကာနိုင်ငံ ချစ်စိတ်တကယ် ရှိမရှိ ကိုယ်ကိုယ်တိုင် သုံးခါမေး၊ သုံးခါဖြေလုပ်ရဲ ပါသလားဟု မေး လိုက်ချင်ပါ၏။ ဘယ်သူ့ကို အားကိုးမှာလဲ၊ မိမိတို့နိုင်ငံတွင် ကိုယ့်ကိုယ် ကို ရုန်းကန်ဖို့ထက် သူတစ်ပါးကို အားကိုးချင်စိတ်ကများနေတတ် သည်။အမှီရှာချင်သည်။ ဘုရား တောင်အမှီရှိမှပွင့်တယ် ဆိုသည့် စကားဖြင့်ဆင်ခြေ ပေးတတ်ကြ သည်။
အမှန်တကယ် နိုင်ငံချစ် စိတ်ရှိကြလျှင် ပထမဦးဆုံး မိမိစိတ် ကိုပြုပြင်ဖို့ လိုသည်။ မည်သည့် ကယ်တင်ရှင်ကမှ မိမိတို့တိုင်း ပြည်ကိုလာရောက် ကယ်တင်ပေး မည်မဟုတ်။ ကယ်တင်ရှင် က ကိုယ်တိုင်ဖြစ်သည်။ မိမိချွတ်ယွင်း ချက်ထက် သူတစ်ပါး ချွတ်ယွင်း ချက်ကိုသာ အပြစ်တင် နေပါက တစ်ပါးသူကို ကယ်တင်နိုင်ဖို့ ဝေးစွ။
မိမိကိုယ်ကို ကယ်တင်ဖို့ လိုအပ်ပါ လိမ့်မည်။ ဘုရားရှေ့တွင်ထိုင်ကာ ဆုတောင်းနေကာမျှနှင့်မည်သည့် အရာမှဖြစ်တည်လာနိုင်မည်မဟုတ် သလို'ကံ'ကံ၏ အကျိုး ဆိုသည့် အတိုင်းကိုယ်ပြုသည့် 'ကံ'ကိုယ့် ထံပြန်လာ မည်ဖြစ်သည်။ မည် သည့်ဘုရားမျှ သူ့အလိုလို လာ ရောက်၍ မိမိတို့ တိုင်းပြည်ကို လာရောက်မကယ် တင်နိုင်။တစ် ဦးချင်းစီပြုပြင်ပြောင်းလဲနိုင်ပါမှ တိုင်းပြည်တိုးတက်ကောင်းမွန်ပါ လိမ့်မည်။ အမေရိကန်သမ္မတ လည်းမြန်မာပြည်ကို ကယ်တင် ပေးဖို့မဖြစ်နိုင်သလိုမိမိတို့တိုင်း ပြည်၏ဖြစ်သမျှအဆိုးအကောင်း ကံကြမ္မာကိုလည်း လက်ရှိနိုင်ငံ တော်သမ္မနှင့် အစိုးရအဖွဲ့ကိုသာ အပြစ်ဆိုရန် မလိုချေ။
တစ်နိုင်တစ်ပိုင် နိုင်ငံရေး
နိုင်ငံချစ်စိတ် တကယ်ရှိပါက မိမိကိုယ်တိုင် တစ်ပိုင် တစ်နိုင် နိုင်ငံရေး ဆောင်ရွက်နိုင်သည်။ထို သို့လုပ်ဆောင်ရန်အတွက်ရုပ်သံ သတင်းမီဒီယာ များတွင် လူလုံး ထွက်ပြကာနာမည် ကြော်ငြာရန် လုံးဝမလိုအပ်မည် မဟုတ်။ မိမိနှင့် ယှက်နွယ်ပတ်သက်သော သူများ၊ ယှက်နွယ်ပတ်သက်ခွင့် ရသော နေရာဒေသများတွင် မူလလက် ရှိ အခြေအနေထက် တိုးတက် ပြောင်းလဲမှုများ ရရှိစေရန်တတ် နိုင်သမျှပါဝင် ဆောင်ရွက်ခြင်းသည် တစ်နိုင် တစ်ပိုင်နိုင်ငံရေး လုပ်ခြင်း မည်၏။
လက်ရှိ အနေအထားကို ဝေဖန် လေကန်နေခြင်းထက် ကိုယ်ရောစိတ်ပါ မိမိရောက်ရာနေ ရာကနေကောင်းသော စေတနာ နှင့် ပါဝင်ဆောင်ရွက်နိုင်မှသာ နိုင်ငံချစ်သူ စစ်စစ်ဟု မှတ်ယူမိပါ သည်။ မိမိတို့တိုင်းပြည်၏ ဒေသ အသီးသီးတွင် စည်းကမ်း အရ လိုအပ်ချက်များ၊ ကျန်းမာရေး အရ လိုအပ်ချက်များ၊ ရပ်ရွာတိုးတက် ဖွံ့ဖြိုးရေးကိစ္စများ အတွက်ရှိနေ သည်မှာ မျက်မြင်ပင်ဖြစ်သည်။ ပေါ်ပြူလာဖြစ်ရေးထက်နိုင်ငံချစ်စိတ် တကယ်ရှိ နေကြရင်ဖြင့် ...။

သာဇော်
ှShade Journal

အသက်မပြည့်သော မိန်ခလေးများကို မတရား စေခိုင်းမှု


မန္တလေးတိုင်း ဒေသကြီး၊ မန္တလေး စက်မှုဇုန်(၁)မြ၀တီ မင်းကြီး ကျောင်းတိုက် လမ်းတွင် တရုတ် လူမျိုးပိုင်သော သက်တန့်နီယွန် ကုမ္ပဏီ ရှိပါတယ်။ တရုတ် လူမျိုးတွေက မြန်မာ ဗီဇာနဲ့ နေတယ်လို့ ပြောပါတယ်။ သက်တန့်နီယွန် ဆိုတဲ့ဆိုင်းဘုတ် ကလည်း စစ်ဆေး ရေးတွေလာမှ တပ်ဆင် ထားလေ့ ရှိတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးသီး ပြုလုပ်ရန် မိန်းခလေး တွေကို ခိုင်းစေ ပါတယ်။ မီသီးတွင် ပါရှိသော ခဲ ဆော်တဲ့ အလုပ်လုပ် ကြရပါ တယ်။ ခဲဆော်တဲ့ နေရာမှာ ထင်းရှူးဆီ သုံးပြီး ခဲ ဆော်ရမှာဖြစ်ပေမဲ့ ပြင်းလွန်းတဲ့ ဓါတု အက်စစ်တမျိုး သုံးပြီး ခဲဆော်ခိုင်း ပါတယ်။ မိန်းခလေးတွေ ကိုယ်တိုင် ထင်းရှူးဆီ ယူလာ ခဲ့ရင်တောင်မှ တရုတ်တွေက လာသိမ်းသွား ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု မရှိပါဖူး အကာအကွယ် အနေနဲ့လက်အိပ်နဲ့နှာခေါင်း စွပ်ဆိုတဲ့ပေါပေါရနိုင် တာတောင် မပေးပါ ဘူးလို့ မလှိုင်မြို့ညောင်ကန် ကျေးရွာမှ လာရောက်လုပ် နေကြတဲ့မိန်းခလေး အလုပ်သ မားတွေက ပြောပါတယ်။
နေစရာပေးထား ပေမဲ့မီး၊ ရေအသုံးပြုခ လုပ်ခ ကနေဖြတ် တောက်ပါတယ်။ မိုးရွာရင် မိုးမလုံလို့ မအိပ်ရဖူးလို့သိရှိ ရပါတယ်။ သုံးရက်လုပ်ခ လေးထောင်ကျပ် ပေးနေတာနေ(၂၅၀၀)ကျပ်ပေးတာ မကျေနပ်ကြတာကို ပြောဆို ကြတောင်းဆိုကြတော့ နောက်နေ့ကစပြီး လာစရာ မလိုတော့ဘူးးဆိုပြီး တမင်သက် သက်အလုပ်ထုတ်လိုက် ပါတယ် တိုင်ချင်ရာ တိုင်ကြလို့လည်း တရုတ်လူမျိုး မြန်မာနံ မည် ယူထားတဲ့ကျော်ဝင်းထွန်းက တွန်းထုတ်ရင်း ဆိုတယ်လို့ သိရပါတယ်။
အလုပ် ထုတ်ခံရတဲ့ မိန်ခလေးများမှာ-(၁၅)နှစ်ထဲက ၀င်လုပ်နေတဲ့ မမီးမီး-ဘ-ဦးကြည်လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၃)နှစ်ထဲက လုပ်နေတဲ့ မခိုင်မွန်ဟန်-ဘ-ဦကြည် လင် ညောင်ကန် မလှိုင်မြို့။ အသက်(၁၆)နှစ်ထဲက ၀င်ရောက်လုပ်နေတဲ့ မလှလှဝင်း -ဘဦးမောင်ညို ညောင်ကန်၊ မလှိုင်မြို့။
အသက်(၁၂)ခွဲလောက်ထဲက လုပ်နေတဲ့ မနီလာထွန်း ဘ-ဦးနိုင်ဝင်းညောင်ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ထဲက လုပ်တဲ့ မသင်းနွယ်အောင် ဘ-ဦးသန်းထွန်းအောင် ညောင်ကန်မလှိုင်မြို့။ အသက်(၁၆)နှစ် ထဲကလုပ်တဲ့ မတင်မော်အောင် ဘဦးသန်းထွန်းအောင် ညောင်ကန်၊ မလှိုင်မြို့။ အသက်(၂၄)နှစ်ထဲကလုပ်နေတဲ့မဇာဇာ ဘ-ဦးရဲဝင်း ညောင်ကန်မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့ မနွယ်နွယ်ဝင်း ဘ-ဦးမောင်ညို ညောင်ကန်၊မလှိုင် မြို့။ အသက်(၂၂)ခွဲထဲက လုပ်တဲ့မဖြူသီဝင်း ဘ-ဦးရီ ညောင်ကန် မလှိုင်မြို့။ အသက်(၂၂)နှစ်ထဲက လုပ်တဲ့မသူဇာ ဘ-ဦးမင်းလှိုင် ညောင်ကန်၊ မလှိုင်မြို့။ အသက်(၁၆)နှစ်ခွဲ ထဲက လုပ်တဲ့မမိုးမိုး ဘ-ဦးမင်းလှိုင် ညောင်ကန် မလှိုင်မြို့။
ထို (၁၁)ဦးမှာ အလုပ်သမား နစ်နာရမှုတို့ကို မြ၀တီဆရာ တော်နှင့် တပည့် ဒါယကာ ဦးဘိုကြိုင်(၀မ်းတွင်း)တို့ထံ လာရောက်ပြီး Rainbow တံဆိပ်ပါ မီးသီးသွင်း လုပ်ငန်း ၏ ရက်ရက်စက်စက် အလုပ်ထုတ် ခံရသော နစ်နာမှုတို့ကို သမ္မတကြီးနှင့် နိုငံတော် အဆင့်လူကြီးများ ထံဥပဒေနဲ့ အညီလုပ်ဆောင်ပေးပါရန် ပြောပြ အကူအညီတောင်း ခံလာတယ်ဆိုတာ သတင်းရရှိပါတယ်။ ခဲဆိပ်များကြောင့်လည်း ကျန်မာရေးချို့တဲ့နေရ တယ်လို့ သိရပါတယ်။ မြ၀တီ ဆ၇ာတော်-၀၉-၉၁၀၄၁၀၄၆၊၀၉-၃၃၁၁၅၅၀၉။ ကိုဘိုကြိုင်-၀၉-၃၃၁၁၅၅၀၄။ တို့ကို မေးမြန်း နိုင်ပါတယ်။

Shwe Min Thar
ရိုးရာလေး

ကိုယ်အထက်ပိုင်း ဗလာ ဓါတ်ပုံရိုက်ခဲ့မိလို့ စိတ်ညစ်နေရသည့် မော်ဒယ်





အသက် ၂၀ အရွယ် အမျိုးသမီးငယ်တစ်ဦးက သူမအိပ်ခန်းထဲကို ရည်းစားဖြစ်သူအား ခေါ်အိပ်သဖြင့် ဖမ်းဆီးခံရ




ဟန်ဆောင်လက်ထပ်သူ မြန်မာနှစ်ဦး စင်ကာပူတွင်ထောင်ကျ


စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားနှစ်ဦးကို ဟန်ဆောင် လက်ထပ် မှုဖြင့် စင်ကာပူ တရားရုံးက မေလ ၃၁ ရက်နေ့ တွင် ထောင်ဒဏ် ချမှတ်ခဲ့ကြောင်း Singapore Now သတင်း ဌာနတွင် ရေးသား ဖော်ပြထားသည်။

ယင်းသို့ ဟန်ဆောင်လက်ထပ်မှုကြောင့် စင်ကာပူနိုင်ငံတွင် အိမ်ဖော် အဖြစ် လုပ်ကိုင်နေသော ဒေါ်အေးအေးဆိုသူနှင့် ၎င်းကို လက်ထပ် ခဲ့သည့် စင်ကာပူနိုင်ငံသား စဖာရီမင်ဟတ် ဆိုသူတို့ ကို ထောင်ဒဏ် ခြောက်လစီ၊ ၄င်းတို့နှစ်ဦး လက်ထပ်ရန် အကျိုးဆောင်ပေးသူ စင်ကာပူနိုင် ငံရောက် မြန်မာနိုင်ငံ သား ဦးကျော်ကျော်ဦး ဆိုသူကို ထောင်ဒဏ်ကိုးလ အသီးသီးချမှတ်ခဲ့ကြောင်း ယင်း သတင်းတွင် ဖော်ပြထားသည်။

အိမ်ဖော်အဖြစ် လုပ်ကိုင်နေသူ ဒေါ်အေးအေးသည် စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်၍ အလုပ်အကိုင်အသစ် ရှာဖွေလုပ်ကိုင်နိုင်ရန် အတွက် သင့်တော်သော စင်ကာပူနိုင်ငံသား တစ်ဦးနှင့် အချိန်ကာလ တစ်ခုအထိသာ ဟန်ဆောင်လက်ထပ်ရန် အကျိုးဆောင်အဖြစ် လုပ်ကိုင်နေသော ဦးကျော်ကျော်ဦးထံ အကူအညီ တောင်းခဲ့ကြောင်း၊ ယင်းသို့ လက်ထပ်ရန် ဒေါ်အေးအေးက အမေရိကန် ဒေါ်လာ ၃၀၀၀ အကုန်ခံခဲ့ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

စင်ကာပူနိုင်ငံတွင် အလားတူ ဟန်ဆောင်လိမ်ညာ လက်ထပ်မှုများ ပြုလုပ်ရန် မလွယ်ကူကြောင်း၊ စင်ကာပူ နိုင်ငံတွင် လက်ထပ်ထိမ်းမြားလိုပါက နိုင်ငံတော်တရားရုံးတွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးရကြောင်း၊ အများအားဖြင့် စင်ကာပူနိုင်ငံတွင် တရားဝင်နေထိုင်၍ လုပ်ငန်းသစ် ရှာဖွေလုပ်ကိုင်သူများ၊ ကိုယ်ပိုင်စီးပွားရေး အသေးစား လုပ်ကိုင်လိုသူများက ယင်းကဲ့သို့ လုပ်လေ့ရှိကြောင်း စင်ကာပူနိုင်ငံတွင် လေးနှစ်ကြာ နေထိုင်ခဲ့ဖူးသူ တစ်ဦးက ဆိုသည်။

စင်ကာပူနိုင်ငံတွင် အစ္စလာမ်ဘာသာဝင် များအတွက် လက်ထပ်မော်ကွန်းရုံးနှင့် မွတ်ဆလင် မဟုတ်သူများ အတွက် လက်ထပ်မော်ကွန်းရုံး ဟူ၍ ခွဲခြားထားရှိသည်။ မွတ်ဆလင် မဟုတ်သူများသည် သီးခြားလွတ်လပ်စွာ လက်ထပ်နိုင်ပြီး အစ္စလာမ်ဘာသာဝင်များ အတွက်မူ ၎င်းတို့၏ ရှီးယိုက် ဥပဒေအရ လက်ထပ် ထိမ်းမြားခွင့် ပြုထားသည်။

စင်ကာပူနိုင်ငံတွင် လက်ထပ်ထိမ်းမြား လိုပါက လက်ထပ်လိုသူ တစ်ဦးဦးက စင်ကာပူအစိုးရက တရားဝင်ဖွင့်ထားသော လက်ထပ်မော်ကွန်းရုံးတွင် စာရင်းပေးသွင်းရမည် ဖြစ်သည်။
လက်ထပ်ရာတွင် အစိုးရက ချမှတ်ထားသော နည်းဥပဒေများနှင့် မညီညွတ်သော အမျိုးသား၊ အမျိုးသမီးများကို လက်ထပ်ခွင့်မရခြင်း၊ လိင်တူသူအချင်းချင်း လက်ထပ် ခွင့်မရခြင်း ဟူ၍ ဥပဒေအချို့ ရှိသည်။

လက်ထပ်သူ၏ အသက်အပိုင်းအခြားပေါ် မူတည်၍ ၁၈ နှစ်အောက်ရှိသူများ လက်ထပ်လိုပါက အထူးထိမ်းမြားလက်ထပ်ခွင့် လိုင်စင် ရယူရန် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပါလိုင်စင်ကို စင်ကာပူနိုင်ငံရှိ အမျိုးသမီးရေးရာ အဖွဲ့ချုပ်က ချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့် ကိုက်ညီမှသာ လက်ထပ်ခွင့်ပြုသည်။

အသက် ၁၈ နှစ်နှင့် အထက်ရှိသူများ လက်ထပ်လိုပါက မိဘနှစ်ဦး၏ ခွင့်ပြုချက်၊ မိဘ တစ်ဦးတည်း ရှိပါက တစ်ဦး၏ခွင့်ပြုချက်၊ မိဘများ သေဆုံးသွားပါက တရားရုံး တရားဝင် ခန့်အပ် ပေးထားသော အုပ်ထိန်းသူ၏ ခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း၊ အကယ်၍ မိဘနှစ်ပါးစလုံး နိုင်ငံရပ်ခြားတွင် ရောက်ရှိနေပါက သက်ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သူများမှတစ်ဆင့် မော်ကွန်းရုံးထံသို့ ထောက်ခံစာ ပေးပို့ပေးရမည် ဖြစ်သည်။

စင်ကာပူနိုင်ငံသား မဟုတ်သူ တစ်ဦးဦးနှင့် အမြဲတမ်း နေထိုင်သော နိုင်ငံသားတစ်ဦးတို့ လက်ထပ်လိုပါက နိုင်ငံသား မဟုတ်သူသည် တရားဝင် လက်ထပ်ရန် တရားရုံးမှ ကြေညာစာ မထွက်ခင် အနည်းဆုံး ၁၅ ရက် အလိုကတည်းက ယင်းနိုင်ငံတွင် နေထိုင်နေသူ ဖြစ်ရမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတွင် ဖော်ပြထားသည်။

by The Voice Weekly

သေနတ်သံ မထွက်ဘဲ လူတွေ သေနေရတာ

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) စစ်ဦးစီးချုပ် ဒု ဗိုလ်မှူးကြီး တာဟိုပလန် (ဓာတ်ပုံ ကျော်ခ / ဧရာဝတီ)

လက်ရှိ အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (TNLA) ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံ လူထုတွေအကြားမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်မှုနဲ့ ထောက်ခံမှုတွေ ရရှိနေပါတယ်။

အင်အား ၁၃၀၀ အထက်မှာ ရှိတယ်လို့ သိရတဲ့ TNLA ဟာ ၂၀၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ယခင် ၂၀၀၅ ခုနှစ်က အစိုးရထံ လက်နက်အပ်နှံခဲ့တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် (PSLA) ထိန်းချုပ်ခဲ့တဲ့ နေရာတွေမှာ ၂၀၁၂ ခုနှစ်မှာ ပြန်လည်ခြေချ ထိန်းချုပ်ခဲ့ပြီး အဲဒီဒေသမှာရှိတဲ့ ဘိန်းစိုက်ပျိုးမှု၊ ဖြန့်ဖြူးရောင်းချမှုနဲ့ သုံးစွဲမှုတွေ တိုက်ဖျက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

TNLA ရဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ၊ တိုက်ဖျက်တဲ့အခါ အခြေအနေအခက်အခဲ၊ ဒေသတွင်း ဘိန်းနဲ့ မူးယစ်ဆေးဝါး ပျံ့နှံ့နေမှု၊ ထိခိုက်ဆုံးရှုံးမှုနဲ့ တိုက်ဖျက်နေတဲ့ အခြေအနေတွေကို ဧရာဝတီ သတင်းထောက် ကျော်ခနဲ့ သတင်းထောက် မုံရာတို့က TNLA စစ်ဦးစီးချုပ် ဒု ဗိုလ်မှူးကြီး တာဟိုပလန်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။    ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး TNLA က ချထားတဲ့ မူဝါဒကို သိချင်ပါတယ်။

ဖြေ။     ။ TNLA က ၂၀၁၂ မတ်လပိုင်းမှာ ကျနော်တို့ရဲ့  ဒီမှာရှိနေတဲ့ မဟာမိတ်တွေပေါ့နော၊ အခုဒီဘက်မှာ လှုပ်ရှားနေတဲ့ တပ်ရင်း တပ်ဖွဲ့တွေ၊ ပန်းဆေး တကြောမှာ နီးကပ်နေတဲ့ တပ်ရင်းတပ်ဖွဲ့တွေ၊ ကျနော်တို့ ထာဝရမဟာမိတ် KIO/KIA နဲ့ ပူးပေါင်းပြီးမှ ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်တာ။ ကျနော်တို့ ဟိုဖက် ၄၇၈၊ ၃၆၇၊ ၂၅၆၊ ၇၁၇ တပ်ရင်း နယ်မြေဖက်မှာတော့ ကျနော်တို့ရဲ့  တအာင်း TNLA ရဲ့  တဖွဲ့ ဗဟိုကော်မတီ အစည်းအဝေး နိုဝင်ဘာလ ၁၇ ရက်နေ့က ဆုံးဖြတ်ပြီးမှ ကျနော်တို့ရဲ့ မူက ၂၀၁၇ မှာ တအာင်း နယ်မြေမှာရှိတဲ့ မူးယစ်ဆေးဝါး ပပျောက်သွားအောင် ဆိုပြီးတော့ စီမံကိန်းချထားတာ။

မေး၊     ။ လက်ရှိ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။     ။ ကျနော်တို့ ပထမနှစ် မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့အခါမှာ အခက်အခဲအမျိုးမျိုး ကြုံတွေ့ရတာပေါ့။ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ အချိန် တဖက်တလမ်း ရန်သူဖက်မှာလည်း တိုက်ရတယ်ဆိုတော့ တော်တော်လေး ပင်ပန်းတယ်။ မိုးတွင်းကာလလည်း ဖြစ်တယ်ဆိုတော့ တော်တော်လေးကို တိုက်ယူရတာပေါ့။ တချို့ လူထုတွေ၊ ကျနော်တို့ တအာင်းလူထုတွေ၊ သဘောမပေါက်နိုင်တဲ့ လူထုတွေ အများကြီး ရှိတယ်။ သဘောပေါက်နေတဲ့လူက ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းကတော့ သဘောပေါက်တယ်၊ မူးယစ်ဆေးဝါး ကိစ္စပေါ့နော်။

မေး။    ။ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့ အခါမှာ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲက ဘာဖြစ်မလဲ။

ဖြေ။     ။ အခက်အခဲကတော့ ကျနော်တို့ တအာင်းလူထုတွေ၊ လုပ်ငန်းရှင်တွေ၊ လူထုအသံက စစတိုက်ဖျက်တဲ့ အချိန်က မဖြစ်နိုင်ဘူး။ ပြီးခဲ့တဲ့ အဖွဲ့အစည်းအမျိုးမျိုး အစိုးရတောင်မှ ဌာနဆိုင်ရာတွေ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့တွေ၊ ရဲအဖွဲ့တွေ၊ တပ်အဖွဲ့တွေ နှစ်တိုင်နှစ်တိုင်း လာတိုက်ဖျက်တောင်မှ မရဘူး။ အခုဟာ TNLA က တပ်စပြီး ထူထောင်နေတဲ့ အချိန်လည်း ဖြစ်တယ်၊ မနိုင်ဘူးလို့ စောစောပိုင်းက လူထု အဲလိုမျိုးမြင်တယ်။ ဒါပေမယ့် လက်တွေ့ တကယ် ပြတ်ပြတ်သားသား တိုက်ဖျက်ရတဲ့ အချိန်ကျ၊ သြော် … လာဘ်လည်းမယူဘူး၊ လာဘ်ပေးလာဘ်ယူလည်း လက်မခံဘူးဆိုတော့ ဒီပုံစံနဲ့ဆိုရင် မူးယစ်ဆေးဝါး တိုက်ဖျက်နိုင်မယ်လို့ လူထုက တဖြည်းဖြည်း အသိဝင်လာတာပေါ့။

မေး။    ။ ပြီးခဲ့တဲ့ ဘိန်းစိုက်ရာသီမှာ တိုက်ဖျက်ခဲ့တာ ဘယ်လောက်ရှိလဲ။

ဖြေ။     ။ ကျနော်တို့ စုစုပေါင်း မူးယစ်ဆေးဝါး အထွက်နှုန်းများတဲ့ ၃ နေရာပေါ့နော်၊ ကျနော်တို့ တိုက်ဖျက်တာ ဧကပေါင်း ၃၀၀၀ လောက်ရှိတယ်။

မေး။    ။ ဖျက်လိုက်တဲ့ ဘိန်းခင်းတွေက ဘယ်သူတွေရဲ့ အခင်းတွေလဲဗျ။

ဖြေ။     ။ ခပ်များများက ဒီမန်တုံမြို့နယ်က ရှိနေတဲ့ တအာင်းနယ်မြေမှာ၊ အထူးသဖြင့် မူးယစ်ဆေးဝါး စိုက်ပျိုးတဲ့ နေရာလည်း ဖြစ်တယ်။ အဲဒီဟာတွေ ခပ်များများက တအာင်လူမျိုးတွေ စိုက်ပျိုးနေတဲ့ တောင်သူ ၄၀ ရာခိုင်နှုန်းရှိတယ်။ တရုတ်တွေက ၆၀ ရာခိုင်နှုန်းရှိတယ်။

မေး။    ။ ဒီနယ်မြေမှာ ဘိန်းကို စိုက်ပျိုးခွင့်ပြုတာ အခွန်ကောက်တာက ဘယ်သူတွေလဲဗျ။

ဖြေ။     ။ လက်ရှိ ကျနော်တို့ မြင်တွေ့ရတဲ့ အဖွဲ့အစည်းဆိုရင် ဒီနားလေးမှာ ပန်ဆေး ကျော်မြင့် ပထမ၊ ဒုတိယက ဦးတီခွန်မြတ် တို့ အဲဒီနှစ်ဖွဲ့တော့ လိုင်စင်ရသလိုပေါ့၊ လူထုဆီ၊ လုပ်ငန်းရှင်ဆီမှာ လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့်ပေးတယ်။ အခွန်အခ ကောက်တဲ့ နေရာမှာလည်း လွတ်လွတ်လပ်လပ် ကောက်တယ်။ ဘိန်းထွက်တဲ့ အချိန်မှာလည်း ဘိန်းမည်းကို စုစည်းပြီးမှ အဖြူဖြစ်အောင်၊ ရာမဖြစ်အောင် ပြန်ပြီး ချက်တဲ့ စက်ရုံတွေလည်း ပန်ဆေး ကျော်မြင့်က ၁၂ လရာသီ လုပ်ငန်းကို လည်ပတ်အောင် သူတို့လုပ်တယ်။

မေး။    ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရတဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။

ဖြေ။     ။ ကျနော်တို့ မူးယစ်ဆေးဝါး အထူးသဖြင့် တိုက်ဖျက်ရတယ်ဆိုတော့ ကျနော်တို့ တအာင်းလူမျိုးတွေ အမျိုးသားတွေ တဖြည်းဖြည်းကနေ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ အမျိုးသားတွေ တပုံတခေါင်း ဖြစ်နေတယ်။ လူငယ်လူရွယ်တွေလည်း ပညာတတ်နေတဲ့ လူငယ်တွေတောင်မှ ရွာထဲပြန်လာပြီ ဆိုလို့ရှိရင် ဒီမူးယစ်ဆေးဝါးကိုပဲ စွဲသွားတာ။ တချို့ရွာမှာ နေနေတဲ့ အမျိုးသားတွေ၊ သူတို့ရှိနေတဲ့ အမျိုးသမီးတွေ၊ သားသမီးတွေလည်း ဒီစီးပွားရေးကဏ္ဍမှာ မလည်ပတ်တဲ့ အတွက် ခပ်များများက ဒီခေတ်ကြီးမှာ သူတို့ တရုတ်ပြည်ကို စိတ်ဝင်စားကြတယ်လေ၊ အလုပ်သွားလုပ်ကြတာ၊ ယောက်ျားက ဘိန်းနည်းနည်းစားပြီး စကားနည်းနည်း များပြီဆိုလို့ရှိရင် အမျိုးသမီးတွေက အသက်ရှုလမ်းကြောင်းက တရုတ်ပြည်ပဲသွားရင် ကောင်းမယ်ပေါ့။ သွားရင်းနဲ့ ဟိုဘက် တရုတ်ပြည်မှာ အိမ်ထောင်ကျတာ အများကြီး။ နောက်ကွယ်မှာ ဒီကလေးတွေပဲ ဒုက္ခရောက်တယ်။ ကျနော်တို့ တအာင်းနယ်မြေမှာရှိတဲ့ မြို့နယ် အသီးသီးတွေပေါ့နော၊ ကျနော်တို့ တအာင်းလူမျိုးတွေ နောက်ထပ် ၃ နှစ်လောက် ဒီအတိုင်း ထားလိုက်မယ်ဆိုလို့ရှိရင် တအာင်းအမျိုးသားတွေ မရှိသလောက်ဖြစ်သွားပြီ၊ တုံးသလောက်ဖြစ်သွားပြီး အားလုံး ဘိန်းသမားဖြစ်ကုန်ပြီ။ ဒါကြောင့် ကျနော်တို့ TNLA အထူးသဖြင့် ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်နေတာ။

မေး။    ။ ဘိန်းခင်းတိုက်ဖျက်တာ၊ ကျေးရွာအတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်နေတာ ဘယ်လောက်အထိ အောင်မြင်လဲ။

ဖြေ။     ။ ကျနော်တို့တပ်ကို အမြဲအခြေချနေမယ့် နေရာတွေက ၇၅ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ကျနော်တို့ ပြောနိုင်တယ်။ ကျနော်တို့ တချို့နေရာတွေ လက်လှမ်းမမီနိုင်တဲ့ နေရာတွေ၊ ၅၀ – ၆၀ ရာခိုင်နှုန်း အောင်မြင်မှုတော့ ရှိတာပေါ့နော။ အခုကျနော်တို့ (အထူးတပ်ရင်း) ၁၁၂ နေတဲ့နေရာတွေ သူတို့ အမြဲလှုပ်ရှားနေတဲ့ နေရာတွေမို့လို့ ၇၅ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ပြောနိုင်တယ်။

မေး။    ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို တကယ်လုပ်နေတယ်ဆိုတဲ့ TNLA တပ်မတော် အနေနဲ့ရော မူးယစ်ဆေးဝါး စိုက်ပျိုးတဲ့ ဖက်မှာရော၊ ထုတ်လုပ်တဲ့ဘက်မှာရော၊ အခွန်ကောက်တဲ့ ဘက်မှာရော အဲဒီနေရာတွေမှာ ကင်းရှင်းမှု ရှိရဲ့လား။

ဖြေ။     ။ ကင်းရှင်းမှုရှိတယ်။

မေး။    ။ ဘာကြောင့်ပြောနိုင်တာလဲ။

ဖြေ။     ။ ကျနော်တို့ရဲ့  ဦးတည်ချက်က အမြန်ဆုံး ဘိန်းပပျောက်သွားနိုင်အောင်၊ ဒီလာဘ်ပေးလာဘ်ယူ စနစ်က ကင်းရှင်းရမယ်၊ မူးယစ်ဆေးဝါး စိုက်ပျိုးနေတဲ့ တောင်သူတွေရဲ့  အပင်ကိုလည်း ဖျက်ပစ်ရမယ်၊ ရောင်းဝယ်သူလည်း တားဆီးရမယ်၊ သုံးစွဲသူကိုလည်း အမြန်ဆုံး ပညာပေး တားဆီးအနေနဲ့တော့ အဲဒီအပိုင်းတွေက လုပ်ရမယ်။

မေး။    ။ TNLA အနေနဲ့ ဘိန်းတိုက်ဖျက်ဖို့ ကိစ္စ လာမယ့် ဘိန်းရာသီမှာ ပိုပြီးတော့ တိုက်ဖျက်ဖို့ အစီအစဉ်တွေ ရှိလား။

ဖြေ။     ။ ရှိတယ်၊ အဲဒါ အထူးသဖြင့် ကျနော်တို့ TNLA ရဲ့  ပထမ တိုက်ပွဲပေါ့။ အထူးသဖြင့် အင်အားသုံးပြီး မူးယစ်ဆေးဝါး နှိမ်နှင်းနိုင်မယ့် အခုကတည်းက ကျနော်တို့ ပြင်ဆင်ထားတဲ့ အတိုင်းအတာတွေ ရှိတယ်။

မေး။    ။ အဲဒီလိုဆိုရင် ပြည်သူ့စစ်နဲ့ TNLA တို့ အကြားမှာ ဘိန်းစစ်ပွဲတွေ ဖြစ်မလာနိုင်ဘူးလား။

ဖြေ။     ။ ဘိန်းတိုက်ဖျက်ရေးရဲ့  စစ်ပွဲကို ကြိုတင်မြင်ပြီးမှ မူးယစ်ဆေးဝါးကို တိုက်ဖျက်နေတာတော့ မဟုတ်ဘူး။ ကျနော်တို့ ဦးတည်တဲ့ဟာက မူးယစ်ဆေးဝါးကိုပဲ တိုက်ဖျက်နိုင်အောင်။ ဒါပေမယ့် တကယ်လို့ ကျနော်တို့အပေါ်မှာ သံသယဝင်လာပြီးမှ၊ ရန်သူတွေ အင်အားစုပြီးမှ ကျနော်တို့ကို တိုက်လာမယ်ဆိုလို့ရှိရင် စစ်ရဲ့ လုပ်ထုံးလုပ်နည်းပေါ့နော၊ ကျနော်တို့ရဲ့  မျှော်မှန်းချက်က ဘိန်းကိုနိုင်ဖို့အရေးက ကျနော်တို့မှာ ပြည့်ပြည့်စုံစုံတော့ လုပ်ထားတာရှိတယ်။

မေး။    ။ ဒီနှစ်မှာ (ဘိန်းခင်း) ဧက ၃၀၀၀ လောက် ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတော့ လာမယ့်နှစ်မှာ ဘယ်လောက်ထိ ဖျက်ဆီးနိုင်မယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။     ။ လာမယ့်နှစ်က ကျနော်တို့ တအာင်းနယ်မြေမှာ ဘိန်းစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ ရာခိုင်နှုန်းလျှော့တယ်လို့ ကျနော်တို့ အခုပြောနိုင်တယ်။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ တအာင်းနယ်မြေမှာ ဧက ၅၀၀၀ ရှိမယ် ဆိုလို့ရှိရင် ဒီနှစ်က ဧက ၃၀၀ လောက်ပဲ သူတို့စိုက်မှာ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့  ထိထိမိမိ လုပ်သွားတဲ့ အတိုင်းအတာတွေလည်း လူထုက ၇၅ ရာခိုင်နှုန်းလောက် ရှိထားတယ်လေနော။

မေး။    ။ ဘိန်းခင်းတွေ ဖျက်ဆီးလိုက်တဲ့ အတွက်ကြောင့် တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဆိုတယ်။ အဲဒီကာလက နောက်ထပ် ဘိန်းစိုက်ရာသီ ဘယ်ကာလလောက်ဖြစ်မလဲ၊ အဲဒီအတွက်ရော TNLA ဘက်က ဘယ်လောက်အထိ ပြင်ဆင်ထားလဲ။

ဖြေ။     ။ ကျနော်တို့ရဲ့ ခြေလှမ်းက ဒုတိယနဲ့ တတိယ ပြင်ဆင်ထားတယ်။ ပထမပြီးခဲ့တဲ့လပေါ့နော၊ လူထုစီမှာလည်း စည်းရုံးရေးတွေ၊ စာတွေရော ဖြန့်ထားတယ်။ ဒုတိယ အောက်တိုဘာလပေါ့။ ကျနော်တို့ရဲ့ စစ်ကြောင်းတွေ လွှတ်ပြီးမှ စိုက်ပျိုးနေတဲ့ တောင်ပေါ်တွေ၊ ခြံတွေ အမြန်ဆုံး ဒုတိယနေရာမှာ တားဆီးဖို့ ပွဲတကယ့်ကြမ်းရမယ့်အချိန်က ဖေဖော်ဝါရီ ဒုတိယ အပတ်နဲ့ မတ်လ ဒုတိယအပတ်က တကယ်ကြမ်းတမ်းမယ့် တိုက်ဖျက်ရေး အချိန်လည်း ဖြစ်တယ်။

မေး။    ။ တအာင်းလူမျိုးတွေ အနေနဲ့ကျတော့ရော ဘိန်းကြောင့် ဘယ်လောက်တောင် ထိခိုက်ပျက်စီးမှုမျိုးတွေ ရှိနေလို့လဲ။

ဖြေ။     ။ ကျနော်တို့ တအာင်းလူမျိုးတွေ ဘက်စုံကနေ မူးယစ်ဆေးဝါးကဏ္ဍမှာ ဆုံးရှုံးတဲ့ အပိုင်းမှာ အများကြီးပေါ့နော။ ပထမ ကျနော်တို့ အားကိုး ကိုးကွယ်ရမယ့် ဗုဒ္ဓဘာသာရေးပေါ့နော၊ ဘာသာရေးနေရာမှာလည်း ကျသွားတဲ့ အပိုင်းတွေလည်း မြင်တွေ့ ရတယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးပေါ့၊ အမျိုးမျိုးကနေ ဒီတအာင်းလူမျိုးတွေ ၁၀၀ ရာခိုင်နှုန်းမှာ ၇၅ ရာခိုင်နှုန်းဟာ ဒီမူးယစ်ဆေးဝါးစစ်ပွဲထဲမှာ ကျဆုံးတယ်လို့ ကျနော်တို့ပြောနိုင်တယ်။

မေး။    ။ ဘိန်းဆိုတာကို စစ်ဦးစီးချုပ်အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။     ။ ဘိန်းက အထူးသဖြင့် ကျနော်တို့ရဲ့ ရန်သူပဲ။ ကျနော်တို့ တအာင်းဒေသမှာ သေနတ်သံ မထွက်ဘဲနဲ့ လူတွေက သေသေသွားရတဲ့ အပိုင်းတွေ။ အထူးသဖြင့် ကျနော်တို့ရဲ့ ရန်သူပဲ။ ကျနော်တို့ PSLF ရဲ့ ဗဟိုကော်မတီရယ်၊ ကျနော်တို့ TNLA ရယ်ပေါ့နော်၊ ရှေ့နောက်ကနေ အားလုံးဆန်းစစ်ပြီးမှ မူးယစ်ဆေးဝါးကဏ္ဍမှာ အမြန်ဆုံး မူးယစ်ဆေးဝါး ရှိနေသရွေ့တော့ ဘာပဲလုပ်လုပ် အဆင်မပြေနိုင်ဘူး၊ ဘာပဲလုပ်လုပ် အောင်မြင်မှုမရနိုင်ဘူး။

TNLA ပေါ်လာတဲ့ အချိန်မှာလည်း ဒီမူးယစ်ဆေးဝါး ရှိနေသရွေ့တော့ ကျနော်တို့ရဲ့ လိုရာခရီး ပန်းတိုင်တော့ မရောက်နိုင်ဘူး၊ မူးယစ်ဆေးဝါး တအာင်းနယ်မြေမှာ အခန်းကဏ္ဍ ပေါင်းစုံပေါ့၊ ကျနော်တို့ တအာင်းလူမျိုးတွေ ဖွံ့ဖြိုးလာမှပဲ။ ကျနော်တို့ သူများလို၊ မြန်မာနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားတွေလို တန်းတူရေး ပညာကဏ္ဍမှာ အခုလက်ရှိ ခေတ်ဖွံ့ဖြိုးတိုးတက်တဲ့ ကဏ္ဍမှာ ကျနော်တို့ တအာင်းလူမျိုးတွေ ဒီအတိုင်းပဲ ကျဆုံးအမှောင်ဘဝကနေ နေရမယ့် ဘဝမဖြစ်စေချင်ဘူး။ အထူးသဖြင့် ကျနော်တို့ TNLA က မူးယစ်ဆေးဝါးကို နံပါတ်တစ် ဦးစားပေးနေရာကနေ တိုက်ယူရတာ။

ရန်ကုန်- ဒလ မြစ်ကူး တံတားဆောက်မည့် သတင်းကြောင့် ဒလ အိမ်ခြံမြေဈေး တဟုန်ထိုးတက်

ရန်ကုန် – ဒလမြစ်ကူးတံတားကို မြန်မာ – ကိုရီးယားချစ်ကြည်ရေး အထိမ်းမှတ် ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည်ဖြစ်သည် (ဓာတ်ပုံ – ဧရာဝတီ)

အစိုးရက ရန်ကုန်မြို့တွင်းနှင့် ဒလမြို့နယ်တို့ကို ပိုင်းခြားထားသော ရန်ကုန်မြစ် ဖြတ်ကူးတံတား တည်ဆောက်ရန် အကြို လေ့လာဆန်းစစ် မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်ရာ ဒလမြို့နယ်ရှိ အိမ်ခြံမြေ ဈေးနှုန်းများ ရုတ်တရက် တဟုန်ထိုး မြင့်တက်သွားကြောင်း သတင်းရရှိသည်။

တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံနှင့် ကိုရီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရန်ကုန် – ဒလ မြစ်ကူးတံတား တည်ဆောက်မည် ဖြစ်ကြောင်း တံတား တည်ဆောက်နိုင်ရေးအတွက် အကြို အင်ဂျင်နီယာ ဆိုင်ရာ လေ့လာ ဆန်းစစ်မှုများကို ကိုရီးယား နိုင်ငံအခြေစိုက် Korea SAMBO Engineering ကုမ္ပဏီက ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တံတားတည်ဆောက်ရေးစီမံကိန်းသည် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ပြီး ၃ နှစ်နီးပါးကြာမြင့်နိုင်ကြောင်း၊  ဆောက်လုပ်ရေး ၀န်ကြီးဌာန ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဝင်းဇော်က အစိုးရပိုင်သတင်းစာများသို့ ဇွန်လ ၂၆ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ပြောဆိုပြီးနောက် ဒလအိမ်ခြံမြေ ဈေးနှုန်းများ ရုတ်တရက် အဆပေါင်းများစွာ ထိုးတက်သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒလမြို့နယ်တွင် အိမ်ခြံမြေဈေးများ တဟုန်ထိုးမြင့်တက်လျက်ရှိရာ ယခင်က သိန်း ၅၀ ခန့်သာ ရှိသော မြေကွက်များသည် ယခုအခါ သိန်း ၁၀၀၀ မှ ၂၀၀၀ အကြား အဆပေါင်းများစွာ ဈေးထိုးတက်သွားပြီး ဒလမြို့နယ်သို့ ရန်ကုန်မြို့မှ အိမ်ခြံမြေ ကုမ္ပဏီများ လာရောက် ရုံးခန်းဖွင့်လှစ်မှု ရှိနေကြောင်း သိရှိရသည်။

“အရင်က ဒလ မြို့ထဲပိုင်းမှာရှိတဲ့ လမ်းမပေါ်က အလျား ပေ ၄၀၊ အနံ ပေ ၆၀ ရှိတဲ့ အိမ်နဲ့မြေက ကျပ်သိန်း ၅၀ လောက်ဆို ကောင်းကောင်း ရတယ်။ အခုတော့ အဲဒီ အိမ်ခြံမြေတွေက သိန်း ၁၀၀၀၊ ၂၀၀၀ လောက် အနည်းဆုံးထားပြီး ခေါ်နေကြတယ်။ ပါးစပ်ထဲက ဈေးတွေအတိုင်း ခေါ်ချင်သလို ခေါ်နေကြတာ။ တကယ် အရောင်းဖြစ်သွားရင်တော့ ၇၀၀၊ ၈၀၀ လောက်နဲ့ပဲ ထွက်တာ များပါတယ်” ဟု ဒလမြို့တွင် လွန်ခဲ့သည့် ဆယ်ရက်ခန့်ကမှ အိမ်ခြံမြေ ရုံးခွဲဖွင့်လှစ်လိုက်သည့် Fuji အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ ကိုကျော်ဝဏ္ဏထွန်းက ပြောသည်။

ဒလမြို့နယ်တွင် အိမ်ခြံမြေဈေး မြင့်တက်မှုနှင့်အတူ ၀ယ်ယူရန် လေ့လာသူ များပြားပြီး အရောင်းအ၀ယ်မှာလည်း နေ့စဉ်ဖြစ်နေကြောင်း၊ လတ်တလော အိမ်ခြံမြေ အကျိုးဆောင် အများစု ဒလမြို့နယ်သို့ အပြေးအလွှား ရောက်ရှိလာပြီး အိမ်ခြံမြေ ၀ယ်လက် အများစုမှာ နယ်ဒေသများမှ စီးပွားရေး လုပ်ငန်းရှင်များ၊  နယ်စပ်ဒေသများမှ ရှမ်းတရုတ်နှင့် တရုတ် လူမျိုးအများစုဖြစ်ကြောင်း သိရှိရသည်။

“တချို့ ရှမ်းတရုတ်တွေဆိုရင် ကိုယ်တိုင် ကားနဲ့လာပြီး လိုက်ဝယ်တာ။ ရောင်းမယ့်သူနဲ့ တိုက်ရိုက်တွေ့ပြီး တိုက်ရိုက်ဝယ်တာ။ အိမ်ခြံမြေ ၀ယ်တဲ့သူတွေက ဒေသခံ အဆက်အသွယ် တွေနဲ့ လာကြတယ်။ တချို့ ၀ယ်လက်တွေက ဒလမြို့နယ်ရောက်မှ အဆက်အသွယ်ရှာပြီး စကားပြော မြေ၀ယ်ဖို့ ကြိုးစားကြတယ်။ အိမ်ခြံမြေ၀ယ်တဲ့သူတွေထဲမှာ  ၁၀ ယောက် လာရင် ၈ ယောက် လောက်ကတော့ တရုတ်လူမျိုး တွေပဲ” ဟု ဒလမြို့နယ်မှ ဒေသခံ အိမ်ခြံမြေ အကျိုးဆောင် ကိုမျိုးက ပြောသည်။

ဒလမြို့တွင် ယခုရက်ပိုင်းအတွင်း အဓိက အရောင်းသွက်နေသည့် နေရာများသည် ဒလမြို့တွင်း နာရီစင် အနီးရှိ ကမာကစစ် ရပ်ကွက်၊ ဒလ – တွံတေး လမ်းမ အနီးရှိ ရပ်ကွက်၊ ရန်ကုန်ပေါက်ကျေးရွာ အပါအ၀င် လယ်မြေများပါ အရောင်းအ၀ယ် ဖြစ်နေကြောင်း သိရှိရသည်။

ဒလမြို့တွင် ယခင်ကလည်း မြစ်ကူးတံတား တည်ဆောက်မည်ဆိုသော သတင်းများကြောင့် ယခုကဲ့သို့ အိမ်ခြံမြေ ဈေးကွက် လှုပ်ခတ်ခဲ့ဖူးကြောင်း၊ ၂ဝ၁၂ ခုနှစ် မေလတွင် ရန်ကုန် နှင့် ဒလ ရေအောက်ကားလမ်း ဖောက်ရန်စီမံချက်ရှိသည်ဆိုသော သတင်းများကြောင့် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

လတ်တလော ဒလဒေသခံအများစုသည် အိမ်ခြံမြေများ တက်ဈေးဖြင့် ရောင်းချပြီး ရရှိငွေများကို စုဆောင်းပြီး  အိမ်ပြန်ငှား နေကြသည်ဟု ဒေသခံများက ဆိုကြသည်။

“ဒေသခံတွေ ဈေးကောင်းကောင်းလေးနဲ့ ရောင်းလို့ ရတုန်း ရောင်းနေကြတယ်။ ရောင်းထွက်သွားရင် သူတို့က ပြန်ငှား နေကြတယ်။ သူတို့တတွေ အိမ်ကိုရောင်းလိုက်ပြီး အိမ်ပြန်ဝယ် နေတာတော့ မတွေ့ဘူး။ တက်ဈေးဖြစ်နေတဲ့ အချိန် လက်လွတ် မခံကြဘူး” ဟု ဒလမြို့မှ အိမ်ခြံမြေ အကျိုးဆောင် ဦးထွန်းဇော်က ဆိုသည်။

ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန် – ဒလ မြစ်ကူးတံတား တည်ဆောက်ပြီးပါက ဒလ မြို့နယ်တွင် စက်မှုဇုန်များ ဖော်ဆောင် ရင်းနှီးမြှုပ်နှံရန် ကိုရီးယားကုမ္ပဏီများက စိတ်ဝင်စားနေကြောင်း၊ ဒလမြို့နယ်မှ ရန်ကုန်မြို့သို့ နေ့စဉ် လူဦးရေ ၇၅၀၀၀ ခန့် ကူးသန်းသွားလာနေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် အာရှ၏ နောက်ထပ် ကျားတကောင်ဖြစ်သည်


ယုံ၍ ပုံမလောင်းလိုက်ပါနှင့်။ အာရှကျားနိုင်ငံများ၏ စီးပွားရေးစနစ်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးက နည်းနည်းမျှမတူပါ။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ယခုတိုင် သယံဇာတ အခြေခံ စီးပွားရေးစနစ်ဖြင့် လည်ပတ်မောင်းနှင်လျှက် ရှိနေသေးပြီး သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ တွင်းထွက်ပစ္စည်းများဖြင့် အခြေခံ လုပ်ကိုင်နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေခံ ထွက်ကုန်များသည် ပြီးခဲ့သည့်နှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြား တင်ပို့ရောင်းချမှု၏ ၈၀ ရာခိုင်နှုန်း ရှိနေခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည်လည်း ၎င်းကိုပင် အခြေပြု လာရောက်နေကြသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့ကဏ္ဍနှင့် သတ္ထုတူးဖော် ရေးလုပ်ငန်းများတွင် လာရောက်မြှုပ်နှံ လုပ်ကိုင်ခဲ့ကြရာ ပြီးခဲ့သည့် ဆယ်စုနှစ် ငါးနှစ်အတွင်း၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၉၀ ရာခိုင်နှုန်း ရှိနေသည်။ မြန်မာနိုင်ငံက အနောက်နိုင်ငံများနှင့် ပြန်၍ အဆင်ပြေ သင့်မြတ်လာသည့် အတွက်ကြောင့် ထိုကဏ္ဍများအပေါ်တွင် စိတ်ဝင်စားမှုများ ပို၍ပင် ရှိလာခဲ့သည်။ မြန်မာအစိုးရသစ်က ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ လုပ်ကွက် ၁၀ ခုအတွက် သဘောတူညီမှုများကို ယခုနှစ်တွင်ပင် ထပ်၍ လက်မှတ်ရေးထိုးခဲ့ပြီး နောက်ထပ် လုပ်ကွက် ၂၃ ခုအတွက်လည်း ကမ်းလှမ်းထားသေးသည်။ ထိုမျှမက အစိုးရသစ်က သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး စီမံကိန်းများအတွက် မြေများကိုလည်း ကမ်းလှမ်းပေးအပ်ခဲ့သေးသည်၊ အချို့ သူများက တယ်လီကွန် ဆက်သွယ်ရေးနှင့် ဘဏ်လုပ်ငန်းတို့ အပေါ်တွင် စိတ်ဝင်စားမှု ရှိနေကြသော်လည်း မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတ ထုတ်ယူရောင်းချသည့် လုပ်ငန်းသည်သာ ရင်းနှီးမြှုပ်နှံသူတို့အတွက် ဆွဲဆောင်မှုအဖြစ် ပိုမြင်နေကြသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် အာရှကျားနိုင်ငံများက သဘာဝ သယံဇာတ ရှားပါးကြပြီး ပြည်ပပို့ကုန် တိုးတက် ဖြစ်ထွန်းလာစေရေး အပေါ်သာ မှီခိုအားထားခဲ့ကြရသည်။ သူတို့ဆီကို လာရောက်ကြသည့် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုများမှာလည်း လူသုံးကုန် ထုတ်လုပ်ရေးအတွက် လာရောက်ကြခြင်းဖြစ်ပြီး သဘာဝ သယံဇာတအတွက် လာရောက်ကြခြင်း မဟုတ်ပေ။ သူတို့က လုံးဝ မတူခြားနားသည့် နိုင်ငံတကာ အခင်းအကျင်း အနေအထားတခုတွင်  ရှင်သန်ဖွံ့ဖြိုးလာခဲ့ရသူများ ဖြစ်သည်။ နိုင်ငံရပ်ခြားတင်ပို့ရန် ပြိုင်ဆိုင်မှု နည်းပါးနေသေးသော အခြေအနေတွင် ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်သည်။ သူတို့က ထုတ်ကုန်များကို စားသုံးမှု အလွန်မြင့်မားသည့် အနောက်နိုင်ငံများသို့ ရောင်းချကြသည်။ အနောက်နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ သက်ရောက် ရိုက်ခတ်မှုများကို ယခုလောလောဆယ်တွင် ရင်ဆိုင်နေရသည့် နိုင်ငံများ ဖြစ်သည်။

မြန်မာနိုင်ငံအတွက်မူ ကံမကောင်း အကြောင်းမလှသည့် အချက်မှာ အခြေခံထွက်ကုန်များ အားထားမှီခို တင်ပို့နေကြရသည့် နိုင်ငံများ ဖြစ်သောကြောင့် အာရှကျားနိုင်ငံများထက် ဖွံ့ဖြိုးမှုနှေးကွေးရန် အကြောင်း ရှိနေပါသည်။ တဖက်တွင်လည်း နိုင်ငံ့စီးပွားရေး၏ အခြားကဏ္ဍများတွင် တန်းတူညီမျှမှု မရှိသော ရင်းနှီးမြှုပ်နှံမှုကို ဖြစ်ပေါ်စေသည်။ ဤသို့သော အခြေအနေမျိုးကို ဒတ်ခ်ျရောဂါ (Dutch disease) ဟု ခေါ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဤကဲ့သို့သော ရောဂါမျိုးကို ခံစားနေရပြီဖြစ်၍ လာမည့်နှစ်များတွင်လည်း နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခက်အခဲ အဟန့်အတားများ ရှိနေစေဦးမည် ဖြစ်သည်။

သဘာဝဓာတ်ငွေ့  ပြည်ပ တင်ပို့ရောင်းချမှုမှ ရရှိလာသည့်ငွေကြောင့် နိုင်ငံ၏ ငွေကြေး ကျပ်တန်ဖိုးကို မြင့်တက်လာစေသည်။ ၂၀၀၇ ခုနှစ်တွင် တဒေါ်လာလျှင် ၁၄၀၀ ကျပ်မှ၊ ၂၀၁၁ ခုနှစ်တွင် ၇၀၀ ကျပ်အောက် ကျဆင်းခဲ့သည်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအတွက် အဓိက အခက်အခဲတခု ဖြစ်စေသည်။ ဤသို့ ကျပ်ငွေဈေး ဆက်လက် မြင့်တက်နေမှုအတွက်ကြောင့် (တဖက်တွင်လည်း အထွေထွေလုပ်ငန်း စရိတ်စကများ မြင့်မားနေခြင်း၊ အခြေခံ အဆောက်အဦ ညံ့ဖျင်းခြင်း၊ ပြိုင်ဆိုင်မှု အားကောင်းသည့် အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် နိုင်ငံတကာဝန်းကျင် အခြေအနေရှိနေခြင်း အတွက်ကြောင့်) မြန်မာနိုင်ငံ လူသုံးကုန်ထုတ်လုပ်ရေးနှင့် ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ကျန်သည့် ကျားနိုင်ငံများကို အတုယူ လုပ်ဆောင်နိုင်ရန် ခက်ခဲစေပါလိမ့်မည်။

မြန်မာနိုင်ငံက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်လျှက် ရှိသည်

ဤအချက်မှာ ခက်ခဲရှုပ်ထွေးလှသည်။ မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှာ မလိုအပ်သော နေရာများသို့သာ အများဆုံး ၀င်ရောက်လာကြလိမ့်မည်။ လိုအပ်မှု အနည်းဆုံး ကဏ္ဍများ၌ အများဆုံး ရောက်လာနေကြခြင်းဖြစ်ပြီး ပြောရလျှင် သဘာဝ သယံဇာတများ ထုတ်လုပ်ကြရန် လာရောက် ရင်းနှီးမြှုပ်နှံနေခြင်းပင် ဖြစ်သည်။ ဤသို့သော ရင်းနှီးမြှုပ်နှံမှုများသည် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်မျှကိုသာ ဖြစ်စေပါသည်။ သာမန်ပြည်သူများအတွက် အလုပ်အကိုင် အများအပြားကို ဖန်တီးပေးလိမ့်မည် မဟုတ်ပါ။ အဓိကအကျိုးရှိစေမည့်သူမှာ အစိုးရဖြစ်ပြီး အစိုးရအတွက် ၀င်ငွေများ ရရှိလာစေမည်။ သို့သော်လည်း အခြားနိုင်ငံ အစိုးရများကဲ့သို့ပင် မြန်မာနိုင်ငံရှိ အစိုးရကလည်း သဘာဝ သယံဇာတများမှ ရလာမည့် ၀င်ငွေကို တိုင်းပြည် ကုန်ထုတ်လုပ်ရေး တိုးတက်ကောင်းမွန်စေသည့် အရင်းမြစ်များကို ထုတ်လုပ်မှုဖြစ်စေသည့် ရင်းနှီးမြှုပ်နှံမှု အဖြစ်သို့ ပြန်လည် ပြောင်းလဲနိုင်စွမ်း မရှိကြပါ။

ဤအခြေအနေအစား နေပြည်တော်ရှိ လူအများစု လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာရင် စီးပွားရေးအလိုလို တိုးတက်လာမည်” ဟူ၍ ဖြစ်သည်။ ဤအရင်းအနှီးများ အပေါ်တွင် လူများစုက လက်ခံထားကြသည့် သဘောထားမှာ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်ဖွံ့ဖြိုးမှုကို တန်းတူထား” မြင်နေကြသည်။ ဤအချက်မှာ မမှန်ကန်ပါ။ မတူကွဲပြားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေးစနစ်အပေါ် မတူကွဲပြားသည့် အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နည်းပညာနှင့် လုပ်နည်းကိုင်နည်းများ ဆောင်ကျဉ်းလာသည့်၊ လွှဲပြောင်းပေးလာမှုရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အကျိုးဖြစ်ထွန်းစေသော်လည်း သဘာဝ သယံဇာတများ အတွက် လာရောက်ကြသည့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများသည် အန္တရာယ်ရှိစေသည်။

အကြောင်းမှာ ပြန်လည် ဖြည့်ဆည်းနိုင်စွမ်း မရှိသည့် ပိုင်ဆိုင်မှုများကို ရောင်းစားခြင်းမှ ရလာသည့် ၀င်ငွေ ဖြစ်သောကြောင့်ပင်။ အစိုးရက ရရှိလာသည့် ငွေကြေးများကို ကုန်ထုတ်လုပ်မှု တိုးတက်စေသည့် အပေါ်တွင် ထုတ်လုပ်နိုင်စွမ်း ဖြစ်စေမည့် ကဏ္ဍများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံနိုင်စွမ်း မရှိသေးသည့် ကာလတွင် ဤသို့သော ပိုင်ဆိုင်မှု သယံဇာတများကို မည်သည့် အတွက်ကြောင့် အလျင်စလို ရောင်းချလိုကြရပါသနည်း။

မြန်မာနိုင်ငံသည် မကြာသေးမီက  သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ရှိစေရေး ကြိုးပမ်းမှု Extractive Industries Transparency Initiative (EITI) အဖွဲ့ကြီးက ချမှတ်သော လမ်းညွန် သတ်မှတ်ချက်များကို သဘောတူလိုက်နာရန် ပြင်ဆင်လုပ်ကိုင်ခဲ့သည်။ ထိုသို့ သဘောတူ လိုက်နာမည်ဆိုလျှင် အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ရန် အထောက်အကူ ဖြစ်စေပြီး သဘာဝရင်းမြစ်များမှ ရရှိလာသည့် ထိုဝင်ငွေများကိုလည်း ပြည်သူအများ သိရှိအောင် စာရင်းဇယားများ ထားရှိလာစေမည် ဖြစ်သည်။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့်  နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတို့ရှိလျှင် တိုင်းပြည်၏ စီးပွားရေးဟန်ချက် မညီလည်း အလုပ်ဖြစ်နိုင်သည်ဟု ပုံသေကားကျ ပြောမရပါ။ သို့သော်လည်း ဤသို့ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံဓနဥစ္စာ ကြွယ်ဝမှု ရန်ပုံငွေ (Sovereign wealth fund) တို့မှာ နိုင်ငံတခု၏ မျှတညီညွတ်သည့် စီးပွားရေးစနစ်အတွက် အစားထိုးနိုင်မည့် နည်းလမ်းများ မဟုတ်ကြပါ။ ဤသို့ သဘာဝ သယံဇာတ ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အလျင်စလို အလုံးအရင်း မရောက်ရှိလာသေးသည့်တိုင် ပို၍ ကောင်းမွန်သည့် အခြေအနေတရပ် ဖန်တီးနိုင်ပါသေးသည်။

မြန်မာနိုင်ငံ၏ ပြဿနာမှာ အရင်းအနှီး မရှိခြင်းပင် ဖြစ်သည်

ဟုတ်ပါသည်။ သို့သော် အခြေခံ ပြဿနာမှာ အရင်းအနှီးမရှိ၊ ချို့တဲ့နေမှု မဟုတ်ပေ။ သို့သော် ရှိသည့် အရင်းအနှီးကို ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန် ထိထိရောက်ရောက် အသုံးမချနိုင်သည့် စီးပွားရေးစနစ်သာ  အဓိက ပြဿနာ ဖြစ်နေသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်မြေဈေးများ အဆမတန် တက်နေခြင်းမှာ မြန်မာနိုင်ငံ၏ လူကုံထံ လူနည်းစုတွင် သိသာထင်ရှားသည့် ငွေကြေးရင်းမြစ်များ မတန်တဆ ရှိနေကြောင်း ပြသနေခြင်းပင် ဖြစ်သည်။ မြို့လယ်ခေါင်ရှိ မြေ ၁ ဧက ဈေးနှုန်းမှာ ဒေါ်လာ ၁ သန်းကျော် ရှိနေရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  မြေဈေးထက်ပင် များပြားနေပါသည်။ ဤသို့ ဈေးနှုန်းမြင့်နေစေသည့် အခြား အကြောင်းအချက်များလည်း ရှိနေပါသေးသည်။ အဓိက အကြောင်းအချက်တခုမှာ တခြား ရင်းနှီးမြှုပ်နှံမှုပြုစရာ နေရာမရှိခြင်းပင် ဖြစ်ပါသည်။ ဘဏ်များအပေါ် ယုံကြည်မှု မရှိကြဘဲ ငွေကြေးများကို နိုင်ငံရပ်ခြားသို့ ရွှေ့ပြောင်းရန်လည်း ခက်ခဲလှသည်။ သို့အတွက်ကြောင့် လူအများက သူတို့ ပိုင်ဆိုင်မှုများကို မရွှေ့ပြောင်းနိုင်သည့် အိမ်ခြံမြေ၊ ရွှေနှင့် ကျောက်မျက်များဖြင့် စုဆောင်း သိုမှီးထားကြခြင်း ဖြစ်ပါသည်။

တချိန်တည်းမှာပင် နိုင်ငံ၏ ကျေးလက်ဒေသများ၌ ချေးငွေရရှိရန် ခက်ခဲနေကြပြန်သည်။ အပေါင်ထားစရာ ပစ္စည်း မရှိသူများက တရားမ၀င် ငွေချေးသည့် နေရာများမှ ချေးငွေရယူရန် ကြိုးပမ်းနေကြရပြီး တလလျှင် ၁၀ ရာခိုင်နှုန်းမျှ အတိုးပေးနေကြရပါသည်။ နိုင်ငံပိုင် စိုက်ပျိုးရေးဘဏ်ကလည်း လယ်သမားများကို စိုက်ပျိုးရေးစားရိတ် လိုအပ်ချက်၏ သုံးပုံတပုံမျှကိုသာ ထုတ်ချေးပေးနိုင်သည်။ ပုဂ္ဂလိက ဘဏ်များအနေဖြင့် လယ်သမားများကို ငွေမထုတ်ချေးရန် တားမြစ်ထားသည်။ ဤသည်မှာ ယခင် ဆိုရှယ်လစ် အစိုးရ လက်ထက်မှနေ၍ အမွေဆက်ခံ ကြွင်းကျန်နေရစ်သည့် မလိုအပ်တော့သော ဥပဒေတခုလည်း ဖြစ်သည်။ ဤစနစ်ကြောင့် ဖြစ်ပေါ်လာသည့် ရလဒ်မှာ အရင်းအနှီးများသည် ကျေးလက်ဒေသသို့ မရောက်ရှိတော့ခြင်း ဖြစ်သည်။ ပိုက်ဆံငွေကြေးများ ပိုရလာခြင်းကြောင့်လည်း ဤပြဿနာကို ဖြေရှင်းနိုင်ဖွယ် မမြင်ပါ။

မြန်မာ့စီးပွာရေး ပြဿနာများ၏ လက်သည်တရားခံမှာ အရေးယူ ပိတ်ဆိုမှုများ ဖြစ်သည်

သေချာ လေ့လာကြည့်မည်ဆိုပါက မဟုတ်ပါ။ ဒဏ်ခတ် အရေးယူမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်သည်။ သို့သော်လည်း ပုဂ္ဂလိကဏ္ဍအတွက် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာ မဟုတ်ပါ။ ရန်ကုန်နှင့် မန္တလေးရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြောဆိုကြည့်ရာ ပြီးခဲ့သည့်နှစ်များအတွင်း သူတို့ရင်ဆိုင် ကြုံတွေ့နေရသည့် အကြီးမားဆုံး ပြဿနာမှာ လျှပ်စစ် ထောက်ပံ့ပေးမှု ပြဿနာ၊ နိုင်ငံရေး မတည်ငြိမ်မှု၊ အကျင့်ပျက် ခြစားမှုများပင် ဖြစ်ပြီး ဤအကြောင်းအချက်များ အားလုံးမှာ အစိုးရ၏ ထိန်းချုပ်နိုင်မှုအတွင်း ရှိပါသည်။ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုမှာ နောက်ထပ် အကြီးမားဆုံး အခက်အခဲ ဖြစ်ပါသည်။ အကြောင်းမှာ အမေရိကန်ပြည်ထောင်စု ငွေကြေးဝန်ဆောင်မှုများ ပိတ်ပင်ထားမှု (U.S. Financial services ban) ကြောင့် အပိုကုန်ကျစားရိတ်များ ဖြစ်ပေါ်စေပြီး အမေရိကန်သို့ ပြည်ပပို့ကုန် ဈေးကွက် ပျောက်ဆုံးသွားစေသည်။ အခြားသော ပြဿနာများတွင် ညံ့ဖျင်းသည့် အခြေခံအဆောက်အဦ၊ အစိုးရ၏ တဖက်သတ် ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အတင်းအကျပ်သဘော စိတ်ထင်လျှင် ထင်သလို ဆုံး ဖြတ်ချက်များ ချမှတ်ခြင်း၊ သမာသမတ်ကျ ဘက်လိုက်မှုကင်းသည့် မျှတဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ် ရှိမနေခြင်း၊ စသည်တို့ကြောင့် မြန်မာနိုင်ငံတွင် ကုန်ကျစားရိတ် မြင့်မားလာစေပါသည်။ ကုမ္ပဏီကြီး အများစုအဖို့ကား ဒဏ် ခတ်ပိတ်ဆို့မှု ဆိုသည်မှာ သူတို့စီးပွားရေး လုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အငယ်စား အခက်အခဲ တခုသာ ဖြစ်ပါသည်။

ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုကို မူလက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေအပေါ် တုံ့ပြန်ဆောင်ရွက်မှုအဖြစ်သာ ရှုမြင်ထားခဲ့ကြပါသည်။ သို့သော်လည်း ၎င်းတို့သည် ယခုအခါတွင် မထိရောက် အသုံးမ၀င်တော့ပါ။ သို့သော်လည်း ၎င်းအသုံးဝင်သည့် အခန်းကဏ္ဍကို ဖော်ပြလာကြပါသည်။ ဒဏ်ခတ်အရေးယူမှုက ပစ်မှတ်ထားနေသည့် အကြီးမားဆုံးနှင့် ဆက်သွယ်မှု အကောင်းဆုံး ကုမ္ပဏီကြီးများမှာ ဤအရေးယူမှုကို ကျော်လွှားလုပ်ဆောင်နိုင်ရန် ငွေကြေးအရင်းအနှီးနှင့် နိုင်ငံတကာ အဆက်အသွယ်များ ရှိနေကြပါသည်။

ဤသို့ အရင်းမြစ်များ မရှိကြသည့် အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းများ (SMEs)  မှာ ဒဏ်ခတ်ပိတ်ဆို့မှု၏ နောက်ဆက်တွဲကို ခံကြရပြီး ၎င်းတို့မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါသည့် လုပ်ငန်းများ ဖြစ်ကြပါသည်။ ဒဏ်ခတ်အရေးယူမှုသည် မြန်မာနိုင်ငံ စီးပွားရေးအတွက် အဓိကပြဿနာ မဟုတ်ပါ။ သို့သော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုကို ဆက်လက် ထိန်းသိမ်းထားခြင်းအားဖြင့် လူ့အခွင့်အရေးအတွက် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းကြရန် အထောက်အကူ ဖြစ်စေမည် မဟုတ်သကဲ့သို့ ပြုပြင်ပြောင်းလဲမှုများနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်ရန်ပင် ရှိပါသည်။

(ဆက်လက် ဖော်ပြပါမည်)

(Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသော ဂျာရက် ဘစ်ဆင်ဂျာ (Jared Bissinger) ၏ Think Again: Burma’s Economy ကို ဘာသာပြန်ဆို ဖော်ပြပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မက်ကွာရီ တက္ကသိုလ် (Macquarie University) တွင် ပါရဂူဘွဲ့အတွက် ကြိုးပမ်းနေသည့် ကျောင်းသားတဦး ဖြစ်ပါသည်။ ဂျာရက် ဘစ်ဆင်ဂျာသည် ယခင်က အမျိုးသား အာရှသုတေသနဆိုင်ရာ ဗျူရိုမှ ပညာရှင်တဦးလည်း ဖြစ်သည်။)