နိုင်ငံချစ်စိတ် တကယ်ရှိကြရင်

ပို့စ်တင်ချိန် - 7/01/2013 10:38:00 AM


မိမိတို့ အိမ်တွင် ကြည့်မှန် တစ်ချပ် ရှိပေ လိမ့်မည်။ ထိုကြည့် မှန်ရှေ့ဖြတ် သွားသော အရာဝတ္ထု မှန်သမျှ ကြည့်မှန် ပေါ်တွင် ပုံရိပ် ထင်ပေမည်။ ထို့အပြင် ကြည့်မှန် နှင့်ရှေ့တူရှုတွင် ရှိနေသော အရာ များလည်း ကြည့်မှန်တွင် ပေါ်နေ လိမ့်မည်။ မိမိကိုယ်တိုင် ကြည့်မှန် ရှေ့ရပ်ကြည့်ဖူး ကြသူများ ပင်ဖြစ် ကြပါလိမ့်မည်။ ထိုမှန်ရှေ့၌မြင် ရသော မိမိ၏ ပြင်ပလက်ရှိ ပုံ သဏ္ဍာန်ကိုသာ မြင်နိုင်စွမ်း ရှိပါ မည်။ ထိုသူ၏ အတွင်းစိတ် ရင်းကို အမှန် သိမြင်နိုင်ဖို့ ခဲယဉ်းသည်။ ယခုခေတ် အခါတွင်'နိုင်ငံ ရေး'ဟု ခေါင်းစဉ် လွှဲတပ်ကြပြီး ပေါ်ပြူလာ ဖြစ်ချင်သူတွေ များလာသည်။ နိုင်ငံရေး လုပ်နေကြသူ တိုင်းနိုင်ငံ ချစ်စိတ်ဖြင့် ရိုးသားမှု ရှိစွာ လုပ်နေကြသည် လားဟုမေး စရာဖြစ်ဖြစ် လာသည်။ ကြေးမုံ ပြင်ရှေ့ဖြတ်လျှောက် ကာရပ်ကြည့် သကဲ့သို့ ပြင်ပ သဏ္ဍာန်ကိုသာ လူလုံးပြတွေ့ နိုင်သော်ငြား တစ်ထစ် ချယုံကြည်ဖို့ ဝေးကွာ လွန်းသည်။
ပေါ်ပြူလာ နိုင်ငံရေး၊ ပေါ်ပြူလာ ပရဟိတ
ရာခိုင်နှုန်း အများစုသည် မိမိ ကိုယ်ကျိုးကို မပစ်ပယ်နိုင်ဘဲ၊ မိမိ အတ္တကို စွဲ၍ ဆောင်ရွက်နေ သောနိုင်ငံရေး သမားတွေကို မြင် တွေ့ရများ နေသည်။ မိမိတို့ငယ် စဉ်က ရပ်ကွက်ထဲတွင်'လူမိုက်' ဟု သတ်မှတ်ခံရသူ တစ်ဦးရှိ သည်။ ထိုခေတ်က 'လူမိုက်'ဟု ခေါ်နေကြသော်လည်း ထိုသို့ အခေါ်ခံရ သူများမှာ မိမိရပ်ရွာကို ထိပါးလာ လျှင်ရှေ့ဆုံးမှ ထွက်ရပ် သော အသေခံတပ်ဖွဲ့များ ဖြစ်ပြီး သတ္တိပြည့်စုံသည်။ ထိုသူက မိမိ အဖေကို မနက် အစောကြီးလာ ပြောသည့်စကားကို မှတ်မိနေ သေးသည်။ 'လေးညွန့် ကျွန် တော် နိုင်ငံကျော်အောင်လုပ်တဲ့ နည်းတော့ရလာပြီ'ဟူ၏။
မိမိအဖေကို လေးညွန့်ဟု ခေါ်လေသည်။ ထိုသူပြောသော ပေါ်ပြူလာဖြစ်နည်းကို စိတ်ဝင် စား၍ ဆက်နားထောင်မိသည်။ ဒီကနေ့ ဈေးချိုအလယ် ပေါက်ကို ခင်သန်းနု လာမယ်တဲ့။ အဲဒီမှာ တစ်ခါတည်း ခင်သန်းနု ကိုပြေးဖက်လိုက် ရင်တော့ ရုပ်ရှင် ပဒေသာစာစောင်မှာရော၊ ပြစ်မှု မှာရော ပါလာပြီး နာမည်ကြီးမှာ သေချာတယ်ဟု ပြောခြင်းပင်။ ထိုသူသည်စကားအရအရွှန်း အနှောက်ပြောခြင်းပင်။ အမှန် တကယ်မလုပ်ခဲ့ပါ။ သူပြောခဲ့ သောစကားမှာလည်း"ပေါ်ပြူလာ ဖြစ်နည်း"အစစ်အမှန် ဖြစ်သော် ငြား ကောင်းသတင်းနှင့် ကျော် ဇောခြင်း မဟုတ်ဘဲ ဆိုးသတင်း နှင့်ကျော်ဇောခြင်း ဖြစ်၏။
သို့သော် ငြားထိုသူပြောသည့် စကားသည် ယနေ့ခေတ် အကောင်းမြင်လုပ် နေသောသူများ၏ လက်သုံးဖော် မြူလာတစ်ခုဟု ထင်မှတ်မိသည်။ တိုင်းပြည်ကို မိမိလောက်ချစ်ကြ မည့်သူ မရှိတော့သယောင် ယောင်ပြောနေကြသည်ကို နေရာ တိုင်းတွေ့နေ ရသည်။ မိမိလူမျိုး၊ မိမိဘာသာ၊မိမိနိုင်ငံကိုချစ်သည် ဟု လူကြားကောင်းအောင်ြွေကး ကြော်နေကြသူများမှာ ပို၍ပို၍ မိမိအတ္တကို ရှေ့တန်းတင် နေကြ သည်မှာ စိတ်မကောင်းဖွယ်ရာ ပင်။ တိုင်းပြည်ကို ချစ်လျှင် တိုင်း ပြည်ကောင်း စေဖို့ နည်းလမ်းရှာ ဖွေကြရပေ လိမ့်မည်။
ပြည်သူ့ ဘဏ္ဍာမတရားယူ နေကြသူ၊ပြည် သူ့အပေါ် မတရားစီရင် သူများ လည်း ပိုမိုများ၍ ရှိသည့်ရာထူး ဌာနနေရာတွင် အလုပ်များသ ယောင်ဆောင်နေကြ သူများကို လည်းယနေ့ဌာန ဆိုင်ရာ အများစု တွင်ရှိနေဆဲ။ ထိုအပြု အမူများ ကိုပြုပြင်နိုင်မှသာ တိုင်းပြည်ချစ် သူဟု မှတ်ယူရချေမည်။ ထို့ပြင် အစိုးရ မဟုတ်သော နိုင်ငံရေးဆောင်ရွက်သူများသည် လည်း ပြည်သူကို ချစ်သယောင် ယောင်တိုင်းပြည်ကို ချစ်သယောင် ယောင်နှင့် ပြည်တွင်း ပြည်ပမှပံ့ပိုး ငွေကြေးများကို 'ပရ' နည်းနည်း အတ္တများများ အတွက် ဝေစုခွဲ ကာ ကိုယ်ကျိုးရှာ သူများလည်း များစွာရှိသည်။
မိမိတို့ နိုင်ငံတွင် ရှိသော ပရဟိတ အဖွဲ့များလည်း နေရာတိုင်းတွင် ပေါများလျက်ရှိ နေသည်။မူမမှန်သော ပရဟိတ အဖွဲ့အချို့ကြောင့် အမှန်တကယ် ဆောင်ရွက် နေကြသော ပရ ဟိတအဖွဲ့များကို ထိခိုက်နစ်နာ စေသည်။ အခြား နိုင်ငံများ၌ နိုင်ငံရေး လုပ်သူများကို ပြည်သူကသိကြ သည်မှာ ပြည်သူ့ အကျိုးကို ဆောင်ရွက်ပေး၍ သိနေကြရခြင်း ဖြစ်သော်ငြား မိမိတို့ နိုင်ငံတွင် ကိုယ့်အတွက် နာမည်တစ်လုံး ထင်ပေါ်ကျော်ကြား သိစေဖို့ရာ လုပ်ခြင်းက ပထမဖြစ်နေသည်။
ထို့အတူ နိုင်ငံခြားရှိ ပရဟိတ ဆောင်ရွက်သူများက မိမိတို့ အဖွဲ့ အစည်း လူသိဖို့ထက် မိမိ တို့အဖွဲ့ဘယ်လိုဘယ်သို့ဆောင် ရွက်နိုင်ခဲ့သည်ကို အလေးထား သည်။ ဆိုင်းဘုတ်ထူ၍ ပေါ်ပြူ လာဖြစ်အောင်လုပ်ခြင်း၊ အင်္ကျီ ဆင်တူဝတ်ဆင်၍ လူလုံးပြ ပရ ဟိတလုပ်ခြင်းဆိုတာသိပ်မရှိလှ။ အချို့မှာပရဟိတ လုပ်သော်ငြား အမည်မဖော်ကြပေ။
မိမိတို့နိုင်ငံ၌ အလှူအတန်း ကိစ္စမှာပင် ကဗ္ဗည်း ကြီးကြီးတပ်ချင် သူများ ပေါနေသည် မှာလွဲမှားနေမှု တစ်ခုပင်ဖြစ်နေ ၏။ မိမိကိုယ်တိုင် ကြေးမုံမှန်ပြင် ရှေ့ရပ်ကာနိုင်ငံ ချစ်စိတ်တကယ် ရှိမရှိ ကိုယ်ကိုယ်တိုင် သုံးခါမေး၊ သုံးခါဖြေလုပ်ရဲ ပါသလားဟု မေး လိုက်ချင်ပါ၏။ ဘယ်သူ့ကို အားကိုးမှာလဲ၊ မိမိတို့နိုင်ငံတွင် ကိုယ့်ကိုယ် ကို ရုန်းကန်ဖို့ထက် သူတစ်ပါးကို အားကိုးချင်စိတ်ကများနေတတ် သည်။အမှီရှာချင်သည်။ ဘုရား တောင်အမှီရှိမှပွင့်တယ် ဆိုသည့် စကားဖြင့်ဆင်ခြေ ပေးတတ်ကြ သည်။
အမှန်တကယ် နိုင်ငံချစ် စိတ်ရှိကြလျှင် ပထမဦးဆုံး မိမိစိတ် ကိုပြုပြင်ဖို့ လိုသည်။ မည်သည့် ကယ်တင်ရှင်ကမှ မိမိတို့တိုင်း ပြည်ကိုလာရောက် ကယ်တင်ပေး မည်မဟုတ်။ ကယ်တင်ရှင် က ကိုယ်တိုင်ဖြစ်သည်။ မိမိချွတ်ယွင်း ချက်ထက် သူတစ်ပါး ချွတ်ယွင်း ချက်ကိုသာ အပြစ်တင် နေပါက တစ်ပါးသူကို ကယ်တင်နိုင်ဖို့ ဝေးစွ။
မိမိကိုယ်ကို ကယ်တင်ဖို့ လိုအပ်ပါ လိမ့်မည်။ ဘုရားရှေ့တွင်ထိုင်ကာ ဆုတောင်းနေကာမျှနှင့်မည်သည့် အရာမှဖြစ်တည်လာနိုင်မည်မဟုတ် သလို'ကံ'ကံ၏ အကျိုး ဆိုသည့် အတိုင်းကိုယ်ပြုသည့် 'ကံ'ကိုယ့် ထံပြန်လာ မည်ဖြစ်သည်။ မည် သည့်ဘုရားမျှ သူ့အလိုလို လာ ရောက်၍ မိမိတို့ တိုင်းပြည်ကို လာရောက်မကယ် တင်နိုင်။တစ် ဦးချင်းစီပြုပြင်ပြောင်းလဲနိုင်ပါမှ တိုင်းပြည်တိုးတက်ကောင်းမွန်ပါ လိမ့်မည်။ အမေရိကန်သမ္မတ လည်းမြန်မာပြည်ကို ကယ်တင် ပေးဖို့မဖြစ်နိုင်သလိုမိမိတို့တိုင်း ပြည်၏ဖြစ်သမျှအဆိုးအကောင်း ကံကြမ္မာကိုလည်း လက်ရှိနိုင်ငံ တော်သမ္မနှင့် အစိုးရအဖွဲ့ကိုသာ အပြစ်ဆိုရန် မလိုချေ။
တစ်နိုင်တစ်ပိုင် နိုင်ငံရေး
နိုင်ငံချစ်စိတ် တကယ်ရှိပါက မိမိကိုယ်တိုင် တစ်ပိုင် တစ်နိုင် နိုင်ငံရေး ဆောင်ရွက်နိုင်သည်။ထို သို့လုပ်ဆောင်ရန်အတွက်ရုပ်သံ သတင်းမီဒီယာ များတွင် လူလုံး ထွက်ပြကာနာမည် ကြော်ငြာရန် လုံးဝမလိုအပ်မည် မဟုတ်။ မိမိနှင့် ယှက်နွယ်ပတ်သက်သော သူများ၊ ယှက်နွယ်ပတ်သက်ခွင့် ရသော နေရာဒေသများတွင် မူလလက် ရှိ အခြေအနေထက် တိုးတက် ပြောင်းလဲမှုများ ရရှိစေရန်တတ် နိုင်သမျှပါဝင် ဆောင်ရွက်ခြင်းသည် တစ်နိုင် တစ်ပိုင်နိုင်ငံရေး လုပ်ခြင်း မည်၏။
လက်ရှိ အနေအထားကို ဝေဖန် လေကန်နေခြင်းထက် ကိုယ်ရောစိတ်ပါ မိမိရောက်ရာနေ ရာကနေကောင်းသော စေတနာ နှင့် ပါဝင်ဆောင်ရွက်နိုင်မှသာ နိုင်ငံချစ်သူ စစ်စစ်ဟု မှတ်ယူမိပါ သည်။ မိမိတို့တိုင်းပြည်၏ ဒေသ အသီးသီးတွင် စည်းကမ်း အရ လိုအပ်ချက်များ၊ ကျန်းမာရေး အရ လိုအပ်ချက်များ၊ ရပ်ရွာတိုးတက် ဖွံ့ဖြိုးရေးကိစ္စများ အတွက်ရှိနေ သည်မှာ မျက်မြင်ပင်ဖြစ်သည်။ ပေါ်ပြူလာဖြစ်ရေးထက်နိုင်ငံချစ်စိတ် တကယ်ရှိ နေကြရင်ဖြင့် ...။

သာဇော်
ှShade Journal