ပင်လယ်ရေအောက်မှဆက်သါယ်တဲ့ အင်တာနက် Cabel ကြိုးအသေးစိတ်ပုံ


ပင်လယ်ရေအောက်မှဆက်သါယ်တဲ့
အင်တာနက် Cabel ကြိုးအသေးစိတ်ပုံလေးပါ။
ပရိတ်သက်ကြီးဗဟုသုတရစေရန်တင်ပေးလိုက်ပါတယ်။

ZK(ကနောင်)
Myawady News

မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြု နိုင်သည့် နိုင်ငံပေါင်း ၂၃ နိုင်ငံ အထိ ရှိလာ

ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံရှိ အော်ပရေ တာပေါင်း ၄၄ ခု မှ မိုဘိုင်းဖုန်း သုံးစွဲ သူများ သည် မြန်မာနို င်ငံ သို့ ၄င်း တို့ ၏ မိုဘိုင်းဖုန်း လိုင်း များ ကို သယ်ဆောင် အသုံးပြုနို င်ပြီဖြစ်ေ ကြာင်း၊ အလား တူ မြန် မာနိုင် ငံ မှ မိုဘိုင်းဖုန်း လိုင်း များ သည် လည်း အဆို ပါနိုင်ငံပေါင်း ၂၃ နိုင်ငံ သို့ သယ်ေ ဆာ င် အ သုံးပြုနိုင်စေ ရန် ဆောင်ရွက် လျက် ရှိကြောင်း မိုဘိုင်း အင်ဂျင်နီယာ ချုပ် က နိုင်ငံ ပိုင် သတ င်း စာ မှ တစ်ဆင့် ပြောကြား သည်။

Bilateral နည်းဖြင့် အပြန်အလှန် ချိတ်ဆက် ထားသော နိုင်ငံ များနှင့် အော်ပရေတာ များ မှာ

တ ရုတ် (China Unicom)၊
ဗီယက်နမ် (Vina Phone & Viettle Corporation)၊
ကိုရီးယားနိုင်ငံ (SK Telecom)၊
ဂျပန် (NTTDOVOMO)၊
စင်ကာပူ (Star Hub Mobil & Aing Tel Mobile)၊
ဟောင်ကောင် (Hutchison HGC & HKT)၊
အင်ဒိုနီးရှား (TELKOSEL)၊
ထိုင်း (TrueMove) တို့ ဖြစ်သည်။

ကြားခံ Roaming Hub ကို အသုံးပြု ၍ မြန်မာနိုင်ငံ သို့ မိုဘိုင်း ဖုန်း များ သယ်ဆောင် အသုံးပြုနိုင် ရန် ချိတ်ဆက် ထားသည့် နိုင်ငံ များနှင့် အော်ပရေတာ များ မှာ

ဘရူနိုင်း (DST Com)၊
မလေးရှား (CELCOM)၊
ဖိလစ်ပိုင် (SMART)၊
စင်ကာပူ (M One)၊
တောင်ကိုရီးယား (Korea Telecom)၊
ဂျပန် (SOFT Bank) နှင့်
သီရိလင်္ကာ (DIALOG) တို့ဖြစ်ကြောင်း သိရသည်။

အလားတူ Orange Hub ကို အသုံးပြု၍ ချိတ်ဆက်ထားေ သာ နိုင်ငံများနှ င့် အော်ပရေတာ များ မှာ

ပြင်သစ်၊
ဆွစ်ဇာလန်၊
စပိန်တို့ဖြစ်ကြပြီး

ဟောင်ကောင် (CSL)၊
တရုတ် (တိုင်ပေ) (Taiwan Mobile)၊
မလေးရှား (U Mobile)၊
အိန္ဒိယ (Aricel)၊
ကမ္ဘောဒီးယား (Latelz-Smart)၊
ဘယ်လ်ဂျီယံ (Mobi Star)၊
လူဇင်ဘတ် (Orange)၊
အိုက်စ်လန် (NOVA)၊
အိန္ဒိယ (Tata)၊
သီရိလင်္ကာ (Barthi)၊
ကာတာ (Ooredoo)၊
အိန္ဒိယ (Tata)၊
သီရိလင်္ကာ (Barthi Airtel)၊
ပြင်သစ် (Free Mobile) နှင့်
ဘရူနိုင်း (B Mobile)၊
လာအို (Loa Tel) တို့ဖြစ်ကြောင်း ယခု လ ၄ ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာ၌ ဖော်ပြ ထားပါ သည် ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြ ထားပါ သ ည်။

Myawady

အဝေးပြေးကားဂိတ်သွားမည့် ခရီးသွားများကို တက္ကစီဌားခ၏ ထက်ဝက်သာ ကောက်ခံမည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မကြာခင်စတင်


အဝေးပြေးကားဂိတ်သွားမည့် ခရီးသည်များအတွက် အိမ်တိုင်ရာရောက်
လာရောက် ခေါ်ယူမည့်အပြင် တက္ကစီကားငှားခများ ထက်ထက်ဝက်နီးပါး
သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးမည့် ခရီးသွားဝန်ဆောင်မှု
လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “အဝေးပြေးဂိတ်ကို
ကားငှားတဲ့အခါ ကားငှားခတွေ ဈေးကြီးတာကြောင့် အခုလိုကားခဈေးနှုန်း
သက်သာတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်တာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်မှာ
ခရီးသွားမယ့်ဧည့်သည် (၁၂)ယောက်ကို ကားတစ်စီးနှုန်းနဲ့ အိမ်တိုင်ရာ
ရောက်ခေါ်ယူကာ အဝေးပြေးကားဂိတ်ကို ပို့ဆောင်ပေးမှာဖြစ်တယ်။
ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကားဂိတ်ကို အရောက်နောက်ကျခဲ့မယ်ဆိုရင်
ခရီးသွားလိုတဲ့နေရာအထိ ကုမ္ပဏီအနေနဲ့ လိုက်ပါပို့ဆောင်ပေးမှာဖြစ်တယ်”
ဟု အဆိုပါလုပ်ငန်းကို လုပ်ကိုင်မည့် ကုမ္ပဏီ၏ Team Leader
ကိုကြည်သာဟန်က ပြောသည်။ အဆိုပါခရီးစဉ်တွင် လိုက်ပါချင်သူများက
ကုမ္ပဏီများတွင် မန်ဘာဝင်ပြီး မိမိတို့သွားရောက်မည့် ခရီးစဉ်ကို ဖုန်းဆက်
ရုံဖြင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ယူမည်ဖြစ်သည်။ ကုမ္ပဏီကို
မန်ဘာဝင်ကြေးကျပ်သုံးထောင်ပေးဆောင်ရမည်ဖြစ်ပြီး ခရီးစဉ်တစ်ကြိမ်ကို
(သုံးရာ)နှုန်းဖြင့် ဖြတ်ယူကာ ခရီးစဉ်ဆယ်ကြိမ်အပြီးတွင် မန်ဘာဝင်ကြေး
ကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ်ခရီးစဉ်သွားရောက်ချင်သောအခါ မန်ဘာ
ကြေးထပ်မံပေးသွင်းရမည်ဖြစ်သည်။ မနီးမဝေးခရီးစဉ်များအတွက်
မန်ဘာကြေးတစ်ခေါက်သုံးရာနှုန်းဖြစ်သော်လည်း ခရီးစဉ်အကွာအဝေး
ပေါ်မူတည်ပြီး တက္ကစီကားခယူနှုန်းများ ထက်ဝက်နှုန်းသတ်မှတ်သွား
မည်ဖြစ်သည်။ အဆိုပါခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို မကြာမီ စတင်
လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး ယခုအချိန်တွင် ရန်ကုန်မြို့တော်မြေပုံနှင့်
အခြားမြေပုံများ၊ မီးပွိုင့်များ၏ တည်နေရာ၊ ဖြတ်လမ်းများကို ကုမ္ပဏီ
ကိုယ်တိုင် လေ့လာသုံးသပ်ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser

အဝေးပြေးကားဂိတ်သွားမည့် ခရီးသွားများကို တက္ကစီဌားခ၏ ထက်ဝက်သာ ကောက်ခံမည့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း မကြာခင်စတင်


အဝေးပြေးကားဂိတ်သွားမည့် ခရီးသည်များအတွက် အိမ်တိုင်ရာရောက်
လာရောက် ခေါ်ယူမည့်အပြင် တက္ကစီကားငှားခများ ထက်ထက်ဝက်နီးပါး
သက်သာသော ဈေးနှုန်းဖြင့် ၀န်ဆောင်မှုပေးမည့် ခရီးသွားဝန်ဆောင်မှု
လုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ “အဝေးပြေးဂိတ်ကို
ကားငှားတဲ့အခါ ကားငှားခတွေ ဈေးကြီးတာကြောင့် အခုလိုကားခဈေးနှုန်း
သက်သာတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်တာဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်မှာ
ခရီးသွားမယ့်ဧည့်သည် (၁၂)ယောက်ကို ကားတစ်စီးနှုန်းနဲ့ အိမ်တိုင်ရာ
ရောက်ခေါ်ယူကာ အဝေးပြေးကားဂိတ်ကို ပို့ဆောင်ပေးမှာဖြစ်တယ်။
ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကားဂိတ်ကို အရောက်နောက်ကျခဲ့မယ်ဆိုရင်
ခရီးသွားလိုတဲ့နေရာအထိ ကုမ္ပဏီအနေနဲ့ လိုက်ပါပို့ဆောင်ပေးမှာဖြစ်တယ်”
ဟု အဆိုပါလုပ်ငန်းကို လုပ်ကိုင်မည့် ကုမ္ပဏီ၏ Team Leader
ကိုကြည်သာဟန်က ပြောသည်။ အဆိုပါခရီးစဉ်တွင် လိုက်ပါချင်သူများက
ကုမ္ပဏီများတွင် မန်ဘာဝင်ပြီး မိမိတို့သွားရောက်မည့် ခရီးစဉ်ကို ဖုန်းဆက်
ရုံဖြင့် အိမ်တိုင်ရာရောက် လာရောက်ခေါ်ယူမည်ဖြစ်သည်။ ကုမ္ပဏီကို
မန်ဘာဝင်ကြေးကျပ်သုံးထောင်ပေးဆောင်ရမည်ဖြစ်ပြီး ခရီးစဉ်တစ်ကြိမ်ကို
(သုံးရာ)နှုန်းဖြင့် ဖြတ်ယူကာ ခရီးစဉ်ဆယ်ကြိမ်အပြီးတွင် မန်ဘာဝင်ကြေး
ကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ်ခရီးစဉ်သွားရောက်ချင်သောအခါ မန်ဘာ
ကြေးထပ်မံပေးသွင်းရမည်ဖြစ်သည်။ မနီးမဝေးခရီးစဉ်များအတွက်
မန်ဘာကြေးတစ်ခေါက်သုံးရာနှုန်းဖြစ်သော်လည်း ခရီးစဉ်အကွာအဝေး
ပေါ်မူတည်ပြီး တက္ကစီကားခယူနှုန်းများ ထက်ဝက်နှုန်းသတ်မှတ်သွား
မည်ဖြစ်သည်။ အဆိုပါခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို မကြာမီ စတင်
လုပ်ကိုင်သွားနိုင်မည်ဖြစ်ပြီး ယခုအချိန်တွင် ရန်ကုန်မြို့တော်မြေပုံနှင့်
အခြားမြေပုံများ၊ မီးပွိုင့်များ၏ တည်နေရာ၊ ဖြတ်လမ်းများကို ကုမ္ပဏီ
ကိုယ်တိုင် လေ့လာသုံးသပ်ရေးဆွဲပြီး ဖြစ်ကြောင်း သိရသည်။

SkyNet TV Browser

နယ်စပ်ထွက်ပြေးသည့် မြန်မာ ၆၅ ဦး မလေးရှားရဲ ဖမ်း

တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသည့် အော်ပရာစီ စစ်ဆင်ရေးကြောင့် တရားမဝင် လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံနယ်စပ်ကို ထွက်ပြေးသည့် မြန်မာ ၆၅ ဦးကို မလေးရှားရဲတပ်ဖွဲ့က စက်တင်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း မလေးရှားနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် Bernama သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကေလန်းနှင့် ကွာလာလမ်ပူတို့မှလာသည့် အဆိုပါ တရားမဝင် မြန်မာများကို မလေးရှား-ထိုင်းနယ်စပ်ကို သွားသည့်လမ်းတွင် မလေးရှား တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဘတ်စ်ကား သုံးစီးဖြင့် လိုက်ပါလာသည့် အဆိုပါ ဖမ်းဆီးခံရသူများမှာ အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့ ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ယင်းမြန်မာ ၆၅ ဦးကို တရားဝင် အထောက်အထား မရှိသဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ပြီး အနည်းဆုံး မလေးရှားရင်းဂစ် တစ်သောင်း သို့မဟုတ် အနိမ့်ဆုံး ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်ကြောင်း၊ အဆိုပါ ပြစ်ဒဏ်နှစ်ရပ်ကို မချမှတ်လိုပါက ကြိမ်ဒဏ် အများဆုံး ခြောက်ချက်အထိ အပြစ်ပေးနိုင်ကြောင်း Bernama တွင် ဖော်ပြသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်နေသည့် အော်ပရာစီ စစ်ဆင်ရေး Ops 6P Bersepadu တွင် တရားမဝင် နိုင်ငံခြားသာ ငါးထောင် ဖမ်းဆီးထားပြီဖြစ်ပြီး ၎င်းတို့ကို အခွင့်အရေးတစ်ရပ် ပေးသည့်အနေနှင့် တရားဝင် အထောက်အထား ထုတ်ပေးသွားမည် ဖြစ်ကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး Datuk Seri Dr Ahmad Zahid Hamidi က ပြောကြားသည်ဟု မလေးရှားနိုင်ငံ The Star သတင်းဌာနက စက်တင်ဘာလ ၆ ရက်နေ့တွင် ဖော်ပြသည်။

စက်တင်ဘာလ ၄ ရက်နေ့ထိ မလေးရှား သတင်းများတွင် ဖော်ပြချက် အရ မြန်မာ ၆၀၀ ခန့် ဖမ်းဆီးခံထားရပြီ ဖြစ်သည်။ တရားမဝင် လုပ်သားများကို အထောက်အထား ထုတ်ပေးမည် ဆိုသော်လည်း ဖမ်းဆီးမှုများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း မလေးရှား သတင်းများတွင် ဖော်ပြထားသည်။

“လက်ဗွေ ပြန်နှိပ်ရမယ်။ ပါမစ်ပြန်လုပ်ရမယ်လို့ သူဌေးက ပြောတယ်” ဟု ဆင်လင်ဂေါဒေသတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသားတစ်ဦးက The Voice သို့ ပြောကြားသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးနေသဖြင့် မြန်မာနိုင်ငံက အလုပ်သမား စေလွှတ်မှုကို ယာယီရပ်ဆိုင်းထားမည် ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သားများ အရေးကို နှစ်နိုင်ငံညှိနှိုင်း ဖြေရှင်းရန် နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်မည့် အထူးကိုယ်စားလှယ် အဖွဲ့သည် မလေးရှားနိုင်ငံသို့ စက်တင်ဘာလ ၉ ရက်နေ့တွင် သွားရောက်မည် ဖြစ်သည်။

ွှThe Voice

မန္တလေး အိုးဘိုရွှေကျင် ကျူးကျော်တဲ၌ ငါးထောင်တန်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတု ရှစ်သိန်းကျော် တွေ့

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ တာဘောင်ဘေးရှိ ကျူးကျော်တဲတွင် နေထိုင်သူ ရာဆင်း (ခ) ဦးကျော်စိန် (၆၅) နှစ်၏ နေအိမ်ကို သတင်းအရ စက်တင် ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ရှာဖွေရာ ငါးထောင်ကျပ်တန် ငွေစက္ကူအတု ၆၂ ရွက်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအသေး ၅၀၅ ရွက် စုစုပေါင်း ကျပ်ရှစ်သိန်းကျော်ပမာဏ ရှာဖွေတွေ့ရှိခဲ့ကြောင်း အဆိုပါမြို့နယ်ရှိ အမှတ် (၂) ရဲစခန်း တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။

ယင်းတာဘောင်ဘေးရှိ ကျူးကျော်တဲ အများစုတွင် ကံသစ်ကုန်းကျေးရွာ ရေကြီးချိန် ပြောင်းရွှေ့ နေထိုင်သူများလည်းရှိပြီး ငါးထောင်တန်နှင့် တစ်ထာင်တန်အတု တွေ့ရှိသူသည် နွားပွဲစား၊ ဆိတ်ပွဲစားများ ပြုလုပ်သူ ဖြစ်ကြောင်း အဆိုပါ ကျူးကျော်တဲနှင့် ကပ်လျက်တွင် နေထိုင်သူ ဒေါ်ခင်မြင့်တင်က The Voice သို့ ပြောကြားသည်။

ဦးရာဆင်း၏ ဇနီးဖြစ်သူ ဒေါ်ချစ်စုက“ဘယ်လိုဖြစ်တာလဲ မသိဘူး။ အန်တီလည်း သူ့ကိုနားမလည်ဘူး။ သူနဲ့ အိမ်ထောင်ကျတာ ရှစ်လလောက်ပဲ ရှိသေးတာ။ နွား၊ ဆိတ် ရောင်းဝယ်ရေး လုပ်တယ်။ သူငွေပေးသလောက်ပဲ အန်တီဈေးဝယ်တယ်။ ရဲတွေလာရှာမှ အန်တီသိရတာ၊ အရင်ကတော့ ကြုံရာကျပန်း လုပ်တယ်” ဟု ဆိုသည်။

အဆိုပါ ငွေစက္ကူအတုများ သုံးစွဲမှုနှင့် လက်ဝယ်ထားရှိမှုတို့အတွက် ဦးရာဆင်းကို အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၂) ရဲစခန်းက (ပ) ၂၃၂/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉-ခ/၄၈၉-ဂ အရ အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း အမှတ် (၂) ရဲစခန်း တာဝန်ရှိသူထံမှ သိရသည်။

ဧပြီလ ၃ ရက်နေ့ကလည်း မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြားရှိ တည်းခိုခန်းတစ်ခုတွင် တည်းခိုနေသူ အမျိုးသားတစ်ဦးကို စစ်ဆေးရာ ငါးထောင်ကျပ်တန် အတု ၅၂ ရွက် ကိုင်ဆောင်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
The Voice Weekly

ထန်းကုန်းပဋိပက္ခ ဖမ်းဆီးထားသူ ခြောက်ဦး ပြန်လည်လွတ်မြောက်


မကြာသေးမီက ဖြစ်ပွားခဲ့သည့် ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့ အကြမ်းဖက်၊ မီးရှို့မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသူများအနက် ခြောက်ဦးကို စက်တင်ဘာလ ၆ ရက်နေ့ ည ၈ နာရီခန့်တွင် ပြန်လွှတ်လိုက်ပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုအကျဉ်းထောင်မှ စုံစမ်းသိရှိရသည်။

ပဋိပက္ခများအတွင်း သံသယရှိသူ ၁၁ ဦးကို သြဂုတ်လ ၂၄ ရက်နေ့တွင် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် နှစ်ပတ်အကြာတွင် ယခုခြောက်ဦးကို ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီးခံထားရာမှ ပြန်လည် လွတ်မြောက်လာသူများမှာ ဇော်ဝင်း၊ သိန်းမင်း၊ သိန်းနီဦး၊ မျိုးမြင့်၊ အောင်ဝင်းနှင့် အောင်လွင်တို့ဖြစ်ပြီး ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၉၆ အရ ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်ဟု ကြားသိရကြောင်း ကန့်ဘလူမြို့တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

“ပြန်လွှတ်လိုက်တယ်လို့တော့ ကြားပါတယ်၊ ဘယ်ရွာသားတွေ ပါလဲလို့တော့ အသေးစိတ် မသိပါဘူး” ဟု ထန်းကုန်းမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

ယခုခြောက်ဦးကို ပြန်လွှတ်ပေးလိုက်သည့်အတွက် ၎င်းတို့နှင့်အတူ ဖမ်းဆီးထားသည့် မင်းလွင်၊ စိုးအောင် (ခ) အောင်ကြီး၊ ကျော်နိုင်ဦးနှင့် ခင်မောင်ထူး (ခ) ဖိုးထူးတို့ လေးဦးကျန်ခဲ့ပြီး ၎င်းတို့ကို ပုဒ်မ ၄၃၆/၂၃၇ ဖြင့် တရားစွဲဆိုထားကြောင်း ကန့်ဘလူမြို့ခံတစ်ဦးက ပြောကြားသည်။

ထန်းကုန်း ပဋိပက္ခကို ဖြစ်ပွားစေသည်ဟု သတ်မှတ်ခံထားရသော အဓမ္မ ပြုကျင့်ရန် ကြံစည်သူ အစ္စလာမ် ဘာသာဝင် အမျိုးသားကို စက်တင်ဘာလ ၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ် တရားရုံးက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။

သြဂုတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများအတွင်း ထန်းကုန်းမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ လူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး သြဂုတ်လ ၂၈ ရက်နေ့တွင် အုတ်ဖိုကျေးရွာသား ဦးဆန်းချိုမှာ ရွှေဘိုဆေးရုံတွင် ကွယ်လွန်ခဲ့သည်။

(အောင်မျိုးထက်)

The Voice Weekly

နန်းခင်ဇေယျာကို မင်းသမီးတင်ရိုက်ကူးတော့မယ့် ခန့်စည်သူ


ခန့်စည်သူက နန်းခင်ဇေယျာကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် တို့နဲ့ အောက်တိုဘာလ ၁ဝရက်နေ့ မှာ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။ လပ်ကီးဘော့စ် ထုတ်လုပ်ရေးက ဖြစ်ပြီး ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ဝတ္ထုကို ဇာတ် ညွှန်း မင်းခိုက်စိုးစံက ရေးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်း က နန်း ခင်ဇေယျာရဲ့ ပထမဆုံးဇာတ် ကားရိုက်ကူးမှုဖြစ်တာကြောင့် ရိုက် ကူးမှုနဲ့ ပတ်သက်ပြီး ခန့်စည်သူက “ကိုယ်ကဒီဇာတ်လမ်းကို ဖတ်ကတည်း ကအရမ်းသဘောကျတာ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်)ရဲ့ အက်တိုးပစ်အပျို စင်ဆိုတဲ့ ဝတ္ထုလေး။လွန်ခဲ့တဲ့ ၁ဝနှစ် လောက်ကတည်းကဖတ်ဖူးတာ။ ဇာတ် က မင်းသမီးဇာတ်ပဲ။ လက်ရှိမြန်မာ အမျိုးသမီးလေးတွေကို ကိုယ်စား ပြုမက်ဆေ့ခ်ျပေးတဲ့ ဇာတ်လေးပါ။ ရိုက်ချင်နေတာကြာပါပြီ။ မင်းသမီး က နာမည်ရှိပြီးသားများတယ်။ ဒီ ဇာတ်က ခုရိုက်လို့လည်း သူတို့အ တွက်က ဒီထက်ပိုမလာဘူးလေ။ ဒါ ကြောင့် နန်းခင်ဇေယျာနဲ့တွေ့ပြီး ရိုက်မလားဆိုတော့ သူ အများကြီး စဉ်းစားတယ်။ သူ့ကြောင့် ရိုက်ကွင်း အနှောင့်အ ယှက်ဖြစ်မှာလည်း ကြောက်တယ်။ အိုက်တင်၊ ဒိုင်ယာ လော့ခ်တို့ဆိုတာ သူနဲ့ အသားမကျ သေးဘူး။ လုပ်ချင်စိတ်တစ်ခုရှိရင် ဖြစ်ပါတယ်လို့ ပြောပြတော့ သူက လက်ခံ လိုက်တာ။သူကလည်း သိပ် ဖြစ်ချင်တာ။မျက်နှာသစ်နဲ့ပဲ ရိုက်ချင် တော့ လုပ်ဖြစ်သွားတာပါ” လို့ ပြော ပြပါတယ်။

 မင်းသမီးဇာတ်ဖြစ်ပေမယ့် မက်ဆေ့ခ်ျကောင်းတစ်ခုပေးနိုင်တဲ့ ဇာတ်လေးလည်းဖြစ်တာကြောင့် ရိုက်ကူးဖြစ်တာဆိုတဲ့ ခန့်စည်သူက “အဓိကက လက်ရှိမြန်မာနိုင်ငံ မှာ ဖြစ်နေတဲ့ပုံစံလေးလေ။ လူတစ် ယောက်ဘယ်လိုအခြေအနေ ဘယ်လိုမျိုးပဲဖြစ်ဖြစ်ကိုယ်ပိုင်အရည် အသွေးကို အသိအမှတ်ပြုရမယ်။ သိက္ခာတရား၊ စာရိတ္တဆိုတာ ကိုပြော တာ။ ဒီလိုပေးချင်တဲ့မက်ဆေ့ခ်ျလေး ပါ။ မင်းသမီးဇာတ်ဖြစ်ပေမယ့် ကြည့် တဲ့ပြည်သူတွေကို မက်ဆေ့ခ်ျကောင်း ကောင်းပေးနိုင်တယ်။ နန်းခင်ဇေ ယျာက talent အလည်းရှိတယ်။ သူက လည်း ကြိုးစားမယ်ပြောတယ်။ နည်း နည်းတော့ ပြောပြသင်ပေးရမှာပေါ့။ စာအုပ်တွေလည်း သေသေချာချာ ဖတ်နေပါတယ်။ ပရိသတ် ရဲ့ အဆုံး အဖြတ်ကိုခံယူရမယ်။ ပရိသတ်ဆို တာ အမှန်ကန်ဆုံးတရားသူကြီးပဲ။ အချိန်တန်ရင် အနုပညာသမားဆို တာ ပရိသတ်ရဲ့ မှတ်ကျောက်တင်ခံ ရတာပဲ။ သူကြိုးစားမှု၊ ကံတရားပေါ် မှာလည်း မူတည်ပါတယ်” လို့ ပြောပြ ခဲ့ပါတယ်။ဇာတ်ကားမရိုက်ကူးခင် ဇာတ် လမ်းနဲ့ ပတ်သက်ပြီး ပါဝင်မယ့် သူတွေအားလုံး အတူတူေ ဆွးနွေး ဖြစ်သလို ဒီဇာတ်ကားမှာ နောက်ထပ် မင်းသမီး တစ်ယောက်ကိုလည်း ပဟေဠိဖွက်ထားပါသေးတယ်။

 မေမွန်မောင်
Popular Journal
Ref: အမေ့အိမ်


ပြင်ဆင်ပြီးမှ လှလာတဲ့အလှမျိုးကို လုံးဝမကြိုက်ဘူးလို့ ဆိုတဲ့ ချစ်သုဝေ


အောင်မြင်မှုရဲ့ အနုပညာ လမ်းကြောင်းပေါ်မှ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်တွေအကြောင်းကို တေးသံရှင် တစ်ယောက် အဖြစ်သာမ မင်းသမီး တစ်ယောက် အနေနဲ့ပါ ကျော်ကြားမှုတွေ ရထားပြီ ဖြစ်တဲ့ ချစ်သုဝေ နဲ့ဆုံပြီး စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ အောင်မြင်မှု လမ်းကြောင်းပေါ် တက်ရောက်နိုင်ဖို့အတွက် ချစ်သုဝေ တစ်ယောက် ဘယ်ပုံဘယ်နည်း ကြိုးပမ်းခဲ့ရတယ် ဆိုတာကို သူမရဲ့ပရိသတ်တွေ လေ့လာဆန်းစစ်ကြည့်လိုက်ကြရအောင်လား။။။။။။။။။။

ကိုယ့်ကိုကိုယ် အောင်မြင်လာတာ ဘာကြောင့်လို့ ထရီဇာထင်လဲ

ဟုတ်လား။ ထရီဇာက အောင်မြင်လို့လား။ ထရီဇာကတော့ ကိုယ့်အောင်မြင်မှုကို ဘယ်လို တွက်လဲဆိုတော့ ကိုယ်တိုင် စိတ်ချမ်းသာရမယ်။ ဖြစ်သင့်တာလေးတွေ၊ လုပ်ချင်တာလေးတွေက တစ်ထပ်တည်းကျပြီး ပျော်ပျော်ရွှင်ရွှင် နေရတာဟာ ထရီဇာ အောင်မြင်တာပဲ။တချို့နေ့တွေဆို ထရီဇာ အောင်မြင်သလို တချို့နေ့တွေဆို ထရီဇာ မအောင်မြင်ဘူး။ တချို့နေ့တွေမှာ ကျရှုံးသလို တချို့နေ့တွေမှာ အောင်မြင်တာရှိတယ်။ အဲဒီအတွက်ကြောင့်မို့ ထရီဇာ ဒီမေးခွန်းကို မဖြေတက်ဘူး။

ပရိသတ်တွေကရော ထရီဇာကို ဘာကြောင့် ကြိုက်တယ်လို့ ထင်လဲ

အဲဒါက ထရီဇာ့ကို ကြိုက်တဲ့ ပရိသတ်ရှိသလို မကြိုက်တဲ့ ပရိသတ်ရှိတယ်။ ထရီဇာက ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားတယ်။ ထရီဇာက လူတွေကို ချစ်တယ်။ ထရီဇာ ပရိသတ်တွေအပေါ် တာဝန်ကျေတယ်။ လေးစားတယ်။ အလုပ်ကို ကောင်းကောင်းမွန်မွန်လုပ်တယ်။ အဲဒီအတွက် ထရီဇာကိုလည်း ချစ်ရင်းစွဲအခံရှိတယ်။ ထရီဇာ အလုပ်ကိုလည်း နှစ်သက်တယ်။ ချစ်မြတ်နိုးတဲ့ ပရိသတ်တွေက ထရီဇာ့ကို ချစ်ကြတယ်။ အသွားအပြန်ပေါ့။ အဲဒါကြောင့်လို့ပဲ ထရီဇာ မြင်မိတယ်။

ရှုတင်မှာ မိတ်ကပ်တွေ လိမ်းရတဲ့အခါမှာ

မင်းသမီးဖြစ်လာတဲ့အတွက် ကိုယ့်အလုပ်အပေါ်မှာ လေးစားတယ်။ လှလှပပနေရတဲ့ အပိုင်းလေးတွေ ရှိတယ်။ အဲဒါကြောင့် မိတ်ကပ်လိမ်းရတာကို ကြိုက်လား ဆိုရင် တစ်ခါတစ်လေ မိတ်ကပ် မလိမ်းချင်တဲ့ အခါရှိသလို တစ်ခါတစ်လေ မိတ်ကပ်လေး လိမ်းပြီး လှလှပပလေး နေချင်တဲ့ အခါလည်း ရှိတယ်။ အဲဒီတော့ ထရီဇာ စိတ်ကို သေချာတွက်ချက်ပြီး ပုံသေနည်း ပြောလို့ မရဘူး။

ထရီဇာ တစ်ယောက်တည်းရှိနေတဲ့အချိန်

ထရီဇာ တစ်ယောက်တည်း ရှိနေရင် အိပ်တယ်။ စားတယ်။ ဒါမှမဟုတ် ဘုရားရှိခိုးတယ်။ ဂီတာတီးတယ်။ သီချင်းနားထောင်တယ်။ ဒါပါပဲ။

ထရီဇာ ခန္ဓာကိုယ်မှာရော ကိုယ်တိုင်သတ်မှတ်ထားတဲ့ လှပတယ်လို့ထင်တဲ့ အစိတ်အပိုင်း ဘာဖြစ်မလဲ

ထရီဇာကို လူတော်တော်များများ ပြောကြတာတော့ တစ်နေရာမှ လှတဲ့အရာ မရှိဘူးဆိုပဲ။ ထရီဇာက အဲဒီလို မသတ်မှတ်ထားဘူး။ တစ်ခုပဲ..ထရီဇာက မလှရင်လည်း ပြင်မှာ မဟုတ်ဘူး။ ပြင်ဆင်ပြီးမှ လှတဲ့ အလှမျိုးကို မကြိုက်ဘူး။ Natural ကိုပဲ သဘောကျတော့ ဘုရားပေးတဲ့အတိုင်းလေး၊ အမေမွေးတဲ့ အတိုင်းလေးပဲ သဘောကျတယ်။ ဘယ်နေရာမှ သိပ်လှလှပပ မရှိသလို ကိုယ့်ကိုကိုယ် ခံစားရတယ်။ ထရီဇာက စိတ်လှအောင်လို့ပဲ ကြိုးစားတယ်။

ဆိုပြီး မေးမြန်းဖြစ်ခဲ့သမျှ ပြောပြပေးသွားခဲ့သူကတော့ နာမည်ရ အဆိုတော် သရုပ်ဆောင် ချစ်သုဝေ ပဲဖြစ်ပါတယ်။

Friday(Malay)
Myanmar Daily News

လိုင်စင်မဲ့တရုတ်နှုတ်ခမ်းနီများတွင် ခဲဓာတ်ပါဝင်


တရုတ် နိုင်ငံလုပ်လိုင်စင်မပါဘဲ ဝင်ရောက် လာသောနှုတ်ခမ်းနီများနှင့် တရား ဝင်တင်သွင်းသော နာမည်ကြီး တံဆိပ်အတု နှုတ်ခမ်းနီများတွင် ခဲဓာတ်ပါဝင်မှုမြင့်မားနေ၍ အ သုံးပြုသူများ သတိထားကြရန် တနင်္ဂနွေနေ့က သတိပေးထုတ် ပြန်ခဲ့သည်။


 အစားအစာနှင့်ဆေးဝါးအုပ် ချုပ်ရေးဌာန(FDA)က အကြံပြု စာတစ်ရပ် ထုတ်ပြန်ခဲ့သည်မှာ
 မြို့များ၏လမ်းဘေးများ၌ ကျယ် ကျယ်ပြန့်ပြန့်ရောင်းချလျက်ရှိ သောပစ္စည်းများမှာ FDA ခွင့် ပြုချက်မပါရှိဟု ဖော်ပြခဲ့သည်။
 အဆိုပါပစ္စည်းများတွင် လေးလံသောသတ္တုများ ပါဝင်နေ ပြီး အထူးသဖြင့်ခဲများပါဝင်နေ ကြောင်း အဆိုပါကြေညာချက် ကဖော်ပြခဲ့သည်။
 ဤနှုတ်ခမ်းနီဆိုးဆေးများ မှာ ဌာနသို့ တရားဝင်ကြေညာ မထားသော တရုတ်မှလာသော ပစ္စည်းများဖြစ်ပြီး အစစ်ကိုတုပ ထားသောပစ္စည်းများဖြစ်ကာ လမ်း ဘေးဈေးသည်များက ရောင်းချ နေကြကြောင်း အဆိုပါအကြံပေး ကြေညာစာက ဖော်ပြခဲ့သည်။

 အဆိုပါနှုတ်ခမ်းနီဆိုးဆေး တံဆိပ်များမှာ Baolishi, Miss Beauty, Shijing, Ling Mei နှင့် Heng Fang တံဆိပ်များဖြစ်ကြ သည်ဟုဆိုသည်။
 လူကြီးများတွင် ခဲအဆိပ် သင့်ခြင်းကြောင့် သွေးတိုးရောဂါ ဖြစ်စေနိုင်ပြီး အဆစ်အမျက်ကိုက် ခြင်း၊ သတိမေ့တတ်ခြင်းနှင့် အာရုံ စုစည်းမှုအားနည်းခြင်း ပြဿနာ များဖြစ်နိုင်ကြောင်း FDA က ဖော်ပြခဲ့သည်။

 ကလေးများမှာမူ အာရုံ ကြောရောဂါဖြစ်ပွားနိုင်ခြေ ရှိ တတ်ကြောင်း၊ ၎င်းတို့၏ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။
 င်္FDA ပြောကြားရာတွင် အဆိုပါပစ္စည်းများအား သိမ်းဆည်း ရန် ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာအဖွဲ့ အစည်းများကို အကြောင်းကြား ထားပြီဟု ဆိုသည်။ သို့ရာတွင် ဤနှုတ်ခမ်းနီဆိုးဆေးများ နိုင်ငံ တွင်းသို့ မည်သို့ဝင်ရောက်လာခဲ့ သည်ကိုမူ FDA ကမဖော်ပြဟု ဆိုသည်။

Yangon Media Group

အတ္တလန္တိတ်ကို စံချိန်သစ်တင် ဖြတ်ကျော်ခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး ရွက်လှေ


နေရောင်ခြည် စွမ်းအင် အသုံးပြု ကမ္ဘာ့အကြီးဆုံး ရွက်လှေသည် အတ္တလန္တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ကာ စံချိန်ကောင်းတစ်ခု မှတ်ကျောက်တင်ခံနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရွက်လှေသည် အတ္တလန္တိတ်သမုဒ္ဒရာကို ၂၂ ရက်ဖြင့် အောင်အောင်မြင်မြင် ဖြတ်ကျော် ခုတ်မောင်းနိုင်ခဲ့သည်။ ယင်းသည် နေရောင်ခြည် စွမ်းအင်သုံး ရေယာဉ်တစ်စင်းအတွက် ကမ္ဘာ့စံချိန်တင် စွမ်းဆောင်မှုလည်း ဖြစ်လာသည်။ အင်ဂျင်သံ ဆူညံမှုလည်း လုံးဝမရှိသည့် ရေယာဉ်သည် ပြီးခဲ့သည့် သီတင်းပတ်က လန်ဒန်တွင် ဆိုက်ကပ်ထားခဲ့သည်။ ယင်းသည် ယခုသီတင်းပတ်တွင် ပြင်သစ်သို့ ပြောင်းရွှေ့ ဆိုက်ကပ်ရန် လျာထားပြီး ဖြစ်သည်။ MS Turanor PlanetSolarဟု အမည်ပေးထားသော ရေယာဉ်သည် ပေါ့ပါးသော ကာဘွန်ကိုယ်ထည်ဖြင့် ဆောက်လုပ်ထားသည်။

ယင်းသည် ၅၁၂ စတုရန်းမီတာ ကျယ်ဝန်းသော နေရောင်ခြည်စွမ်းအင်စု ရောင်ပြန်ပြား ၈၀၉ ပြားကို တပ်ဆင်ထားပြီး နေရောင်ခြည်ကို စုယူသိမ်းဆည်းကာ စွမ်းအင်အဖြစ် အသုံးပြု ခုတ်မောင်းနိုင်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှ စတင်ခရီးနှင်လာသော ရေယာဉ်သည် လမ်းတစ်လျှောက်တွင် ရေစီးကြောင်းများနှင့် စပ်လျဉ်းသည့် အချက်အလက်များကိုလည်း သုတေသနပြု မှတ်တမ်းတင်လာသည်။ အဆိုပါ အချက်အလက်များသည် ကမ္ဘာ့ပတ်ဝန်းကျင် ပြောင်းလဲမှုကို လေ့လာနေသည့် သိပ္ပံပညာရှင်များအတွက် များစွာ အထောက်အကူ ပြုစေမည်ဟု သိရသည်။

MS Turanor PlanetSolar ၏ ဆိုလာပြား ၈၀၉ ပြားတွင် စုစုပေါင်း ဆိုလာဆဲလ်ငယ် ၂၉၁၂၄ ခု ပါဝင်သည်။ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုကို ကာကွယ်တိုက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော ရေယာဉ်သည် အတ္တလန္တိတ်ကို ၂၂ ရက်ဖြင့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ဂင်းနစ် မှတ်တမ်းစာအုပ်မှ ယခင် ၂၆ ရက် စံချိန်ဟောင်းကို ရိုက်ချိုးပစ်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ တက္ကသိုလ်အတွက် နည်းပညာ ထောက်ပံ့မှုများ ပြုလုပ်ပေးသော ရေယာဉ်သည် အတ္တလန္တိတ်ကို ဖြတ်ကျော်ရာတွင် သိပ္ပံပညာရှင်များ အပါအဝင် လူ ၉ ဦးကို တင်ဆောင်လာခဲ့သည်။
ရေယာဉ်နှင့်အတူ လိုက်ပါခဲ့သည့် ပရော်ဖက်ဆာ မာတင်ဘန်နီစတန်က "MS Turanor PalnetSolarရဲ့ ရေနက်လေ့လာမှု သုတေသန ခရီးစဉ်ဟာ သမုဒ္ဒရာတွေနဲ့ ပတ်ဝန်းကျင် လေထုမှာ လက်တွေ့ ဖြစ်ပျက် ပြောင်းလဲနေမှုတွေကို အများကြီး အသစ်ရှာဖွေ တွေ့ရှိစေခဲ့ပါတယ်။ ရေယာဉ်မှာ လေ့လာရေး ကိရိယာတွေ တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ တချို့ကတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတယ်"ဟု ဆိုသည်။ ၎င်းက ရေယာဉ်၏ အကူအညီဖြင့် ဂျနီဗာ တက္ကသိုလ်တွင် မှတ်တမ်းမတင်နိုင်သေးသည့် အချက်အလက်များကို စုဆောင်းနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။

MS Turanor PlanetSolarသည် ၃၅ မီတာရှည်ပြီး ၂၃ မီတာ အကျယ်ရှိသည်။ ယင်းသည် ပုံမှန်အားဖြင့် အမြန်နှုန်း ၆နော့နှုန်းဖြင့် မောင်းနှင်နိုင်သည်။ ရေယာဉ်ရှိ ဆိုလာပြားများသည် နေရောင်ခြည်ကို စုစည်းခံယူကာ လစ်သီယမ်အိုင်ယွန် ဘက်ထရီများဖြင့် အားဖြည့် သိုလှောင်စေကြောင်း သိရသည်။ ယခုရေယာဉ်၏ ခရီးစဉ်တစ်လျှောက် မြို့အများအပြားတွင် ဆိုက်ရောက် ရပ်နားခဲ့သေးသည်။ MS Turanor PalnetSolar ရေယာဉ်ကို နယူးဇီလန်မှ ကရိတ်ဂ်ျလွမ်းစ်က ဒီဇိုင်းရေးဆွဲပြီး ပေါ့ပါးသော ကိုယ်ထည်အဖြစ် ဖန်တီးရန် ကာဘွန်ကို အသုံးပြုခဲ့ခြင်းဟု သတင်းများက ဖော်ပြသွားသည်။

Planet

အရှေ့ တောင်အာရှမှ အချမ်းသာဆုံး ပုဂ္ဂိုလ်



ရောဘတ်ကွတ် ( Robert Kuok ) လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ပိုင်ဆိုင် ငွေကြေး အမေရိကန်ဒေါ်လာ ၁၇ ဘီလျံ အထက်မှာ ရှိပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အဆင့် လေးဆယ်ကျော်မှာရှိတယ်လို့လည်း Bloomberg မှ စာရင်းကောက် ဖော်ပြပါတယ်။ Forbes မဂ္ဂဇင်းကတော့ ကမ္ဘာ့ အဆင့် ၇၀ ကျော်နေရာမှာ ထားရှိဖော်ပြပါတယ်။

အသက် ၉၀ ကို ယခု ၂၀၁၃ အောက်တိုဘာမှာ ပြည့်မှာ ဖြစ်ပါတယ်။ မလေးရှားတို့ လွတ်လပ်ရေးမရခင်ကတည်းက စီးပွားရေးလုပ်ငန်းမှာ အခြေချ လာသူ ဖြစ်ပြီး ဂျပန် မစ်ဆူဘီရှီမှာလည်း ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။

စိုက်ပျိုးရေးကိုအခြေခံပြီး ချမ်းသာကြွယ်ဝသွားသူ ဖြစ်ပါတယ်။ ၁၉၉၀ ကျော် ကာလက ကမ္ဘာ့ သကြားသူဌေးအဖြစ် စံချိန်တင် လူသိများခဲ့ပြီး ယခုချိန်မှာတော့ သူပိုင်တဲ့ စီးပွားရေးလုပ်ငန်းဟာ နယ်ပယ်ပေါင်းစုံမှာ ရှိနေပြီ ဖြစ်ပါတယ်။

မလေးရှား၊ ဒူဘိုင်း၊ ဟောင်ကောင်၊ ရှန်ဟိုင်း၊ ပဲရစ်၊ နဲ့ အခြား အာရှ၊အမေရိက၊ ဥရောပနိုင်ငံကြီးများမှာ ဟိုတယ်ပေါင်း ၇၀ ကျော် ပိုင်ဆိုင်ပါတယ်။ သတ္တုတွင်း၊ ရေနံ၊ စိုက်ပျိုးရေး၊ စတော့ရှယ်ယာ၊ ပို့ကုန်၊ သွင်းကုန်၊ ဝန်ဆောင်မှု၊ ပို့ဆောင်ရေး အစရှိသဖြင့် နယ်ပယ်ပေါင်းစုံမှာ လုပ်ငန်းများစွာ ပိုင်ဆိုင်ထားပြီး သားသမီး ၈ ယောက်နဲ့ ဆက်လက် လုပ်ကိုင် နေပါတယ်။

ဟောင်ကောင်နိုင်ငံ ပြုပြင်ပြောင်းလဲရေး ပြုလုပ်စဉ်က နိုင်ငံရေးနဲ့  စီးပွားရေး အကြံပေးအဖြစ်လည်း အခန့်အပ်ခံခဲ့ဖူးတာမို့ နိုင်ငံရေးမှာလည်း သြဇာရှိသူ တစ်ဦးအဖြစ် အမည်တွင်စေခဲ့ပါသေးတယ။်။ ယနေ့မှာတော့ ရောဘတ်ကွတ်ကတော့ ဟောင်ကောင်မြို့ မှာ နေထိုင်လျက် ရှိကြောင်း သိရပါတယ်။
--
Ref: wiki
Aung Kham (ရိုးရာလေး)

Apple က မိတ်ဆက်ပြသဖွယ်ရှိသည့် iPhone 5S ၏ ပုံရိပ်များကို တရုတ်နိုင်ငံမှ နည်းပညာဝက်ဘ်ဆိုက် C Technology က ဖော်ပြ


စက်တင်ဘာ ၁၀ ရက်တွင် Apple က မိတ်ဆက်ပြသဖွယ်ရှိသည့် iPhone 5S ၏ ပုံရိပ်များကို တရုတ်နိုင်ငံမှ နည်းပညာဝက်ဘ်ဆိုက် C Technology က ဖော်ပြလိုက်သည်။

အဆိုပါဝက်ဘ်ဆိုက်မှ ထုတ်ဖော်ပြသသည့် ပုံတွင် iPhone ၏ home button တွင် ငွေရောင်အနားကွပ် အဝိုင်းပုံသဏ္ဍန်ပါရှိပြီး ထိုငွေရောင်အနားကွပ် အဝိုင်းမှာ သတင်းများထွက်ပေါ်နေသည့် iPhone ၏ feature အသစ် fingerprint အတွက် ဖြစ်ဖွယ်ရှိသည်ဟုဆိုသည်။
Planet Myanmar Network

ယောက်ျားများကို ထိန်းသိမ်းနည်း


ယောက်ျားများကိုထိန်းနည်း ၄ နည်းရှိသည်။
၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုယ်ထိန်းနည်း

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)

နံပါတ်တစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သောယာက်ျားသည် ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သောက်ျားကို လွတ်လပ်ခွင့် ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသောမျှော်လင့်ချက်မှာ မိမိ ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်းဟင်းလျှာများကို မိမိယောက်ျား အချိန်မှန်မှန်ပြန်လာစားရန်သာဖြစ်သည်။

၂. ပိုက်ဆံကိုထိန်းနည်း

နံပါတ်နှစ်နည်းကိုအသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။ ငွေသည် ယောက်ျား၏အသက်၊ ငွေသည် ယောက်ျား၏မာန၊ ယောက်ျားများကိုငွေဖြင့် ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။ မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင် ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန်ပြီးနိုင်သည်ဟု မြင်ထားသောကြောင့်ဖြစ်သည်။

၃. လူကိုထိန်းနည်း

နံပါတ်သုံးနည်းကိုအသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဉာဏ် နည်းသောသူဖြစ်သည်။ ယောက်ျားတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကိုအသုံးပြုလေသည်။ ဘယ်ယောက်ျားမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊ နွားဖာကြိုးဆွဲပြီး စေလိုရာစေဆိုတာမျိုးကို မခံချင်ကြပေ။ ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေဝင်ချိန်နီးကပ်နေပြီဖြစ်ကြောင့် သတိပြုသင့်သည်။

၎. မိမိကိုယ်ကိုယ်ထိန်းနည်း

နံပါတ်လေးနည်းကိုအသုံးပြုသော မိန်းကလေးသည် အသိဉာဏ်ပညာရှိသော သူဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို သေချာနားလည်ထားသောကြောင့်ဖြစ်သည်။ ယောက်ျားများကို အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေးဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကို ပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုမထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပာယ် ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

မိန်းကလေးတစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကိုထိန်းချုပ်နိုင်ရမည်။ တစ်ပါးသူအတွက် အသက်ရှင်နေခြင်းမဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊ ပျော်ရွှင်မှုကိုရှာနိုင်သော မိန်းကလေးဖြစ်ရမည်။

အရာရာကိုဆင်ခြင်တုံတရားဖြင့် ခွင့်လွှတ်နေတတ်ရမည်။ ထိုမိန်းကလေးမျိုး၏ စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောက်ျားသည် မည်မျှပင်ချမ်းသာပါစေ ထိုစည်းစိမ်တွင် သူယစ်မူးမနေပေ၊ မှီခိုမနေပေ။ မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို လုပ်ရင်းဘဝကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော မိန်းကလေးမျိုးဖြစ်သည်။

မိမိကိုယ်ကိုယ်အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည် မိမိယောက်ျားက ကိုယ့်ကိုထားခဲ့၊ ချစ်သူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောက်ျားအတွက်၊ ချစ်သူအတွက်မဟုတ်၊ မိမိကိုယ်ကိုယ်အတွက်သာဖြစ်သည်ဟု နားလည်ထားသောကြောင့်ဖြစ်သည်။

သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ
သင်သည် ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ယူချင်ပါသလဲ။


*** နိုင်းနိုင်းစနေ ဟင်းကောင်းကောင်းလည်း မချက်တတ်ဘူး။ ပိုက်ဆံထိန်းဖို့ ပိုက်ဆံလည်းမရှိဘူး။ လူကိုလည်း မထိန်းရဲဘူး။ ကိုယ့်ကိုယ်ကိုလည်း မထိန်းတတ်ဘူး။ နိုင်းနိုင်းစနေ အပျင်းကြီးပြီး အစားကြီးတယ်

ဟိုး စာရေးစ မြေစမ်းခရမ်းပျိုးကာလက ဘာသာပြန်ထားတဲ့စာလေးပါ .. အားလုံး အပျင်းပြေပါစေ..

နိုင်းနိုင်းစနေ

ကိုရီးယားနဲ့ ဂျပန်ကို တရုတ် နှာတစ်ဖျား သာတော့မလား


LG Samsung နဲ့ Sony တို့ကို စိန်ခေါ်ဝင့်သူ

THA: TSJ Tech Team

လောလောလတ်လတ် ယခု လပိုင်းအတွင်းမှာကို မိုဘိုင်းဖုန်း တိုက်ပွဲတွေထဲမှာ ကိုရီးယားက Samsung နဲ့ LG... ဂျပန်က Sony တို့ အပြိုင်ကြဲပြီး သူတပြန်ကိုယ်တစ်ပြန် အသာမပေးရအောင် ဟဲဘီးဝိတ် ဖုန်းတွေ ထုတ်လို့ ပွဲကြမ်းနေကြတာ တွေ့နေရမှာ ဖြစ်ပါတယ်။

ပထမဆုံး LG က G2 ကို ထုတ်ပြီး စိန်ခေါ်ပွဲစခဲ့တဲ့ အချိန်မှာ Sony က Xperia Z1 ကို ထုတ်ပြီး တုန့်ုပြန်လိုက်ပါတယ်။ အချိန်ပိုင်းလေး အတွင်းမှာတင် Mobile Giant ကြီး ဖြစ်တဲ့ Samsung ကလည်း အကောင်းစား လက်နက် အဖြစ် Note 3 ကို ထုတ်လို့ Power ပြပြန်ပါတယ်။

လက်ရှိ LG Sony နဲ့ Samsung တို့ Premium Phone တိုက်ပွဲထဲ ၀င်ခဲ့ကြပြီး၊ မကြာခင် ရက်ပိုင်းမှာလဲ ထပ်မံ ထွက်ပေါ်လာဦးမဲ့ အမေရိကန်ရဲ့ iPhone 5S ကြီးကလည်း ဘာတွေ ဖြစ်လာမလဲ လို့ တစ်ကမ္ဘာ လုံးက စောင့်ကြည့်နေကြတဲ့ အချိန်.. ရုတ်တရက် ဆိုသလိုပဲ တရုတ်ကြီးဆီက လူသစ်တန်းဖြစ် ပေမဲ့ ခပ်စွာစွာရှိလှတဲ့ Xiaomi က သူ့ရဲ့ အကောင်းစား လက်နက်အသစ်ကို ထုတ်လို့ မိုဘိုင်းတိုက်ပွဲ ကြိုးဝိုင်းထဲ ကို ၀င်လာပြန်ပါတယ်။

သူဘယ်သူလဲ Xiaomi?

( FYI: တရုတ်နိုင်ငံ Mobile လောကမှာ Xiaomi က အဆင့် ၆ဖြစ်ပြီး Apple က အဆင့် ၇ဖြစ်ပါသတဲ့.. )

မနစ်က မိုဘိုင်းလောကမှာ အကောင်းစား Specification နဲ့ ထုတ်လုပ်ခဲ့တဲ့ သူ့ရဲ့ Mi2 Smart Phone ဟာ Top Smart Phone စာရင်းဝင်ပါတယ်။ ဒိတ်ဒိတ်ကြဲ ပြိုင်ဘက်တွေတောင် သူ့လောက် ကောင်းအောင် Spec တွေ မထည့်နိုင်ခဲ့တဲ့ အချိန်မှာ Mi2 ဟာ အလန်းစား Hardware နဲ့ အသက်သာဆုံး ဈေးနှုန်းကို ချပြလိုက်ပြီး ပြိုင်ဘက်အားလုံးရဲ့ စိတ်ဝင်စားမှုကို အရယူခဲ့ပါတယ်။

အခု နှစ်မှာလည်း မကြာသေးခင်ကမှ Google က ထိပ်တန်း အရာရှိတစ်ယောက်ကို Xiaomi က ခေါ်ယူထားခဲ့လို့ အားလုံးက စိတ်ဝင်စားနေတဲ့အချိန် အခု သူ့ရဲ့ တတိယ မျိုးဆက်သစ် Mi3 ကို ထုတ်ဖော်ပြ သကာ 2013 Smart Phone စစ်ပွဲကို ၀င်ရောက်လို့ လာခဲ့ပြန်ပါပြီ။

Specification
ဘာမှ မပြောခင် ဈေးနှုန်းအရ USD400 လောက်နဲ့ အောက်ပါ Spec တွေထပ်ဆင်ထားတဲ့ Phone တစ်လုံး ရမယ်ဆိုရင် ဒါဟာ ယုံတမ်းစကား လာပြောနေတယ်လို့ ထင်စရာပါ။

1. 2.3GHz quad-core Qualcomm Snapdragon 800 latest version 8974AB and Adreno330 (သို့မဟုတ်)
1. 1.8GHz quad-core NVIDIA Tegra 4 and NVIDIA GeForce
(Tegra 4 Processor ကို အသုံးပြုထားတဲ့ ပထမဦးဆုံးသော Smart phone)
2. 13MP Rare Camera and 2MP Front
3. 3050mA Battery
4. 2GB Ram
5. 64GB Storage
6. 5 Inch 441 PPi Display

ဒီပမာဏလောက် Hardware ပိုင်းမှာ ထည့်သွင်းထားပြီဆိုရင် LG G2 နဲ့ Xperia Z1 တို့ကို အသာလေး ယှဉ်နိုင်ပြီပေါ့။ ဈေးနှုန်းကရော USD 400 လောက်ဆိုတော့ ဘယ်လိုဆုံးဖြတ်ကြပါမလဲ.. (Mi2 တုန်းက လည်း ထုတ်ပြီးပြီးချင်း ချက်ခြင်း Stock အကုန်ကုန်အောင် ရောင်းလိုက်ရလို့ ထပ်တောင်စောင့်ပြီး ၀ယ်ကြရ တယ်လို့ ဆိုပါတယ်။)

သေချာပါတယ် တရုတ်နိုင်ငံက Xiamoi ကလည်း ဒိတ်ဒိတ်ကြဲဆိုတဲ့ ပြိုင်ဘက်တွေထဲမှာ ထည့်တွက်ရဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ လူဦးရေ အများဆုံးရှိတဲ့ တရုတ်နိုင်ငံမှာထုတ်တာဆိုတော့ ဈေးကလည်း အသက် သာဆုံးနဲ့ ထုတ်နိုင်ခဲ့တာဆိုတော့ ဒါဟာ ပြိုင်ဘက်တွေထပ် နှာတစ်ဖျားမက သာနေတာတော့ အမှန်ပါပဲ..


Update( မြန်မာမိုဘိုင်းဈေးကွက်မှာ Mi Phone တွေ ရောင်းတာ တွေ့ဖူးပါတယ်။ သို့ပေမဲ့ အဲ့ဒါတွေက အတုတွေပါ။ တရုတ်ဖုန်းကိုတောင် တရုတ်က ပြန်ပြီး အတုလုပ်ရလောက်အောင် တရုတ်နိုင်ငံမှာ တကယ်ပဲ Mi Phone တွေက နာမည်ကြီးပါတယ်။ အသုံးပြုသူတွေရဲ့ Comment တွေကို နားထောင်နိုင် ပါတယ်။)

ဟဲဘီးဝိတ် စမတ်မိုဘိုင်းဖုန်းပြိုင်ပွဲကတော့ ပိုပြီး ကြည့်ကောင်းလာတော့မှာ အမှန်ပါပဲ..

နောက်တစ်ပါတ်မှာရော ဘာတွေ ထွက်ပေါ်လာဦးမလဲ iPhone 5S, Google Nexus 5 နဲ့ တစ်ခြား ဘာတွေကများ မိုဘိုင်း အသုံးပြုသူတွေကို အံ့အားသင့်စေနိုင်ဦးမလဲ..

သေချာပါတယ်.. အခု အကောင်းဆုံးဆိုတာတွေထပ် ပိုကောင်းတဲ့ အသစ်တွေ ထပ်ကာထပ်ကာ ထွက်လာ နေဦးမှာဆိုတော့ အတောမသတ်နိုင်တဲ့ လိုချင်မှုတွေကြား လက်ထဲရှိတဲ့ လက်ရှိအသုံးပြုနေတဲ့ ဟာကို အကောင်းဆုံးသာမှတ်ပြီး မျက်စိမှိတ်နေလိုက်တာကပဲ အကောင်းဆုံးဖြစ်တော့မယ် ထင်ပါတယ်။ သို့ မဟုတ်လို့ ကတော့ ရင်မောရင်း ရင်မောရင်း.. မချိတင်ကဲတွေ အမြဲပဲ ဖြစ်နေရလိမ့်ဦးမယ် မဟုတ်ပါလား.

Ref http://www.xiaomi.com/mi3.

ကြက်သွန်နီကို လှီးဖြတ်ပြီး နောက်တစ်နေ့မှ အသုံးပြုခြင်းများကို ရှောင်ကျဉ်ကြရန်


ကြက်သွန်နီကို လှီးဖြတ်ပြီး နောက်တစ်နေ့မှ အသုံးပြုခြင်းများကို ရှောင်ကျဉ်ကြပါခင်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ လှီးဖြတ်ပြီး ကာလကြာရှည်စွာ ထားသော(တစ်ညအိပ်ကျော်) ကြက်သွန်နီဟာ ဘက်တီးရီးယားပိုးမွှားများကို ပေါက်ဖွားစေပြီး ထိုပိုမွှားတွေက အစာချေရည်များကို လိုအပ်သည်ထက် ပိုမိုထွက်ရှိစေပြီး အစာအဆိပ်သင့်တဲ့ အထိတောင်ဖြစ်စေနိုင်လို့ပါဘဲခင်ဗျာ။ (ကူးယူဖော်ပြခြင်းပါခင်ဗျာ။)

Re-Credit to -Sein Lan Myay

မောင်(စွယ်စုံကျမ်း)

ဆိတ်နှင့် တရားဝင်လက်ထက်ရသူ


ဆူဒန်နိုင်ငံမှာ ဖြစ်ပါတယ်။ ဆိတ်တစ်ကောင်ကို သားမယားပြုကျင့်တဲ့ ပြစ်မှု ကို တွေ့ရှိခဲ့ပြီး ယင်းဆိတ်မနဲ့ တရားဝင် လက်ထက်ဖို့အတွက် အစိုးရမှ အမိန့်ပေးလိုက်ပါတယ်။

ယင်းအမိန့်ကြောင့် ကျူးလွန်သူဟာ ဆိတ် မင်္ဂလာပွဲကို တစ်ခမ်းတနား ကျင်းပ ပေးခဲ့ရပြီး အိမ်ထောင်တကယ်ပြုခဲ့ရပါတယ်။ သူ့အနေနဲ့ အခြား ဘယ် အမျိုးသမီးကိုမှ ယူခွင့်လည်း မရှိတော့ပါဘူး။ ငွေဒဏ် အဖြစ်လည်း ဆူဒန် Dinar ၁၅၀၀၀ လည်း ဆောင်ခဲ့ ရပါတယ်။

အိမ်ထောင်ရေးနှင့် လိင်ကိစ္စနဲ့ ပက်သက်လို့ စည်းကမ်းတင်းကြပ်တဲ့ ဆူဒန် လို နိုင်ငံမှာ ယင်းကဲ့သို့ ပြစ်မှုက ရှားပါတယ်။ အဓိကကတော့ စည်းကမ်း တင်းကြပ်လို့ပါ။ အလားတူပဲ ဘယ်တိရစ္ဆာန်နဲ့ပဲ ဖြစ်ဖြစ် ပြစ်မှု ကျူးလွန်တာ တွေ့ရှိရင် ထိမ်းမြားလက်ထက်လို့ တစ်ဘဝစာ နေထိုင်စေရန် ဥပဒေ ချမှတ်ထားကြောင်း သိရပါတယ်။

Ref: dyknow
International news for myanmar

သက်မွန်မြင့် မရိုက်ချင်တော့တဲ့ ဇာတ်ရုပ်ပုံစံ


ဒါရိုက်တာညွန့်မြန်မာညီညီ အောင်ရိုက်ကူးနေတဲ့ ‘ကြင်ယာတော် ခခလေး’ လို့ ယာယီနံမည်ပေးထားတဲ့ ဇာတ်ကားကို သက်မွန်မြင့်က မြင့်မြတ်နဲ့အတူ ရိုက်ကူးနေပါ တယ်။ ဒီဇာတ်ကားထဲမှာ သက်မွန်မြင့်က ကျူတာဆရာမ အဖြစ် ပါဝင်သရုပ် ဆောင်ထားပါတယ်။

သက်မွန်မြင့်က အခုနောက်ပိုင်း မှာ ရိုက်ကူးမှုနဲ့ပတ်သက်ပြီး တည် ငြိမ်တဲ့ ဇာတ်ရုပ်မျိုးတွေကို ပိုပြီးရိုက် ချင်လာတယ်လို့ ဆိုပါတယ်။ “သက်မွန်က အချိန်ရတယ်ဆို ရင်တော့ ကိုယ့်ရိုက်နေကျပုံစံနဲ့ကွဲတဲ့ ဇာတ်မျိုးလေး တွေ ကိုရွေးတယ်။ ဒီဇာတ်ကားလေးဆိုလည်း ရှေ့မှာ ဟာသလေး။ ပြီးတော့ ဆယ်ကျော် သက်အရွယ်လေးဖြစ်နေ တယ်။ နောက်ပိုင်းကိုယ်က ဘယ်လိုဖြစ်နေ လဲဆိုတော့ အသက်အရွယ်နဲ့လည်း ဆိုင်မှာပေါ့။

ငြိမ်တဲ့ဇာတ်ရုပ်မျိုးကို ရိုက် ချင်လာတယ်။ ဆယ်ကျော်သက် ကလေးတစ်ေ ယာက်လိုတွေးတဲ့ ကောင် မလေးမျိုးဆိုရင် သိပ်ပြီးမရိုက်ချင်တော့ဘူး။ ကိုယ့်အရွယ်နဲ့ နည်း နည်းကိုက် ညီမယ့် ဇာတ်လေးရိုက်ဖြစ်တယ်။ သက်မွန်က အသက် အရွယ်နဲ့ ကန့်သတ်ပြီးရိုက်တာမျိုးတော့ မဟုတ် ဘူး ကျောင်းသူဇာတ်ရုပ်ရိုက် ဆိုလည်း ရိုက်လို့ရတယ်။ ကိုယ့်ရဲ့ အသက်ကတော့ကြီးနေမှာပဲ ဒါပေမဲ့ ကိုယ့် ရဲ့မျက်နှာက တစ်ခု ကံကောင်းသွားတာက ကလေး မျက်နှာဘက်ကို သွားတယ်။ နောက်ပြီး အသံကလည်း ကလေးဆန်တဲ့ဘက်ကိုသွားတော့ အဲဒါလေးကတော့ ကံကောင်းတော့ ကျောင်းသူ ဇာတ်ရုပ်မျိုးတော့ ရိုက် လို့ရသေးတယ်။

ဒါပေမဲ့ ကိုယ်ကစပြီး အနုပညာ လုပ်တုန်းကလိုမျိုး တအားကလေး ဆန်လွန်းတဲ့ဇာတ်ရုပ် မျိုးဆိုရင်တော့ မရိုက်ချင်တော့ ဘူး။ တွေးတတ် တဲ့ကောင်မ လေးပုံစံမျိုးလေးတွေဆိုရင်တော့ ရိုက်ချင်တယ်။ တအား ကလေးဆန်တဲ့ပုံစံမျိုးဆိုရင်ကိုယ်လည်း ရိုက် ရမှာ ရှက်လာတယ်” လို့ ပြောပါတယ်။

သက်မွန်မြင့်က ဇာတ်ကားတွေ ကို ဆက်တိုက်ရိုက်နေပြီး ဇာတ်ကား ထွက်လာရင်လည်း ပရိသတ်တွေက စောင့်ကြည့်အားပေးကြပါဦးလို့ ပြော ပါတယ်။ “ကိုယ့်ကမင်း သမီးဖြစ်နေတဲ့ အခါကျတော့ Control မရှိဘူး။ ဥပမာမင်းသားဆိုလို့ရှိရင် ဒီ တစ်ပတ်မှာ ဒီမင်းသားနှစ်ကားပဲ ထွက်ရမယ်ဆို နှစ်ကားပဲထွက် တယ်။ သူ့မီဒီယာနဲ့ သူသွား တယ်။

သူအချိန်နဲ့သူသွားတယ်။ ကိုယ်မှာကျ တော့ အဲဒီလိုမျိုးမရှိဘူး။ ဒီမင်းသား နဲ့ပဲ သွားတဲ့အခါကျတော့ ဒီမင်းသား နဲ့လည်း ကိုယ့်ကားပါတယ်။ ဟိုမင်း သားနဲ့လည်း ကိုယ်က ရိုက်ထားတဲ့ ကားထွက်မယ် ဆိုလို့ရှိရင် ထွက် လိုက်တာပဲဆိုတော့ ကိုယ့်ရဲ့ ဇာတ် ကားက မထွက်ရင် မထွက်ဘူး ထွက် လိုက်ပြီဆိုရင်လည်း ဆက်တိုက် သုံး လေးခွေထွက်လာတာ မျိုးတွေလည်း ရှိတယ်။ အဲဒီတော့ ကိုယ့်ရဲ့ဇာတ် ကားလေးတွေကိုအားပေးပြီး ကြည့် တဲ့ ပရိသတ်တွေကိုလည်း စောင့် ပြီး ကြည့်ပေးစေချင်ပါ တယ်။

ဘာဖြစ်လို့လဲဆို တော့ ဒီက ဈေးကွက် တွေကိုလည်း ကိုယ်က Control လုပ်လို့မရ ဘူးလေ။ သက်မွန်ရဲ့ ဇာတ်ကားလေးတွေ ကို စောင့်ကြည့် အား ပေးကြပါ” လို့ပြောချင် တယ်။

လွင်လွင်ထွန်း
Popular Journal

ဈေးဝယ်ရင်း ချောစီးရမယ့် ရှော့ပင်းစင်တာ


မလေးရှားနိုင်ငံ၊ ပင်နီစူလမလေးရှားကျွန်းဆွယ် အနောက်ဘက် ကမ်းရိုး တန်း Selangor ပြည်နယ်၊ Subang Jaya မြို့ မှာ တည်ရှိတဲ့ ရှော့ပင်းစင်တာ တစ်ခုမှာ ဖြစ်ပါတယ်။

ငါးထပ်မြင့်တဲ့ Empire Shopping Gallery မှာတပ်ဆင်ထားပြီး ၅၀ မီတာ ရှည်တဲ့ ချောဖြစ်ပါတယ်။ လူကြီး၊ လူငယ် မရွေး ဈေးလာဝယ်ရင်း အပေါ်ဆုံး ထပ်ကနေ ချောစီးဆင်းနိုင်ဖို့ တပ်ဆင်ထားပေးခြင်း ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ဧပြီလက စတင်တပ်ဆင်ပါတယ်။

ဂျာမနီနိုင်ငံက ကုမ္မဏီတစ်ခုမှ တပ်ဆင်ထားပေးခြင်းဖြစ်ပြီး စာချုပ်အရ ဇန်နဝါရီလမှာ ပြန်ဖြုတ်လိုက်ပါပြီ။ ဈေးဝယ်ရင်း ချောစီးလို့ရမယ့် ကစား စရာ တပ်ဆင်ထားပေးမှုကြောင့် လူသိများသော ရှော့ပင်းစင်တာ တစ်ခု ဖြစ် လာကြောင်း သိရပါတယ်။

Ref: wiki
ရိုးရာလေး

ပျင်းရိခြင်းနဲ့ ရောင့်ရဲခြင်း


လူတွေဟာပျင်းတာနဲ့ ရောင့်ရဲတာကို မကွဲပြားကြတာပါ။ တစ်ချို့လူတွေကဆိုရင် ရောင့်ရဲခြင်း ဆိုတဲ့ စကားကိုခုတုံးလုပ်ပြီး အပျင်းကြီးနေကြပါတယ်။ တစ်ချို့ကျတော့လည်း အပျင်းကြီး တယ် လို့ပြောလို့မရပေမယ့် လို့ ကိုယ်စွမ်းရှိသလောက်မကြိုးစားကြပါဘူး။

ကျွန်တော့်ရဲ့အမြင်လေးကို ပြောပြချင်ပါတယ်။ ကျွန်တော်အခုပြောမယ့် အကြောင်းအရာဟာ ကျွန်တော့်အတွက် တော့ အမှန်ပါ။ ကျွန်တော်က သိပ်သိ သိပ်တတ်နေလို့ ပြောတာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။

ကျွန်တော့်မှာ အမေ က လက်ဆောင်ပေးထားတဲ့စကားတစ်ခွန်းရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အစွမ်းကုန်လုပ်ရမှာက ကိုယ့်ဝတ်တရား ဖြစ်လာတာ မဖြစ်လာတာက ကံကြမာရဲ့ အဆုံးအဖြတ်တဲ့။ ဟုတ်ပါတယ်။ ဘယ်အခြေအနေ မျိုးမှာပဲဖြစ်ဖြစ် ကိုယ့်ဘက်က တော့ ကိုယ့်အစွမ်းရှိသလောက်အကုန်ထုတ်သုံးပြီး ကြိုးစားအားထုတ်ကြရမှာပဲလေ။ အစွမ်း ကုန်လုပ်ပြီးတဲ့နောက်မှာမှ ဖြစ်မလာဘူးဆိုရင်တော့ ဖြစ်မလာတဲ့ အပေါ်မှာ ပူဆွေးသောက ရောက်မနေပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဖြေ နိုင်ဖို့ ဒီနေရာမှာ ကံဆိုတဲ့စကားကို ကျွန်တော်သုံး ထားပါတယ်။

ဒီစကားနဲ့ပတ်သက်လို့ ကျွန်တော်နဲနဲလောက်တော့ နမူနာလေးပေးချင်ပါတယ်။ ဥပမာဗျာ စာမေးပွဲဖြေမယ့် ကျောင်းသားတစ်ယောက်က သူ့ရဲ့ရှိသလောက်အစွမ်းနဲ့ အစွမ်းကုန်နေ့ရော ညပါ ကြိုးစားကျက်မှတ်ပါလျက်နဲ့ စာမေးပွဲနီးမှ ကိုယ့်အမှားကြောင့်မဟုတ်ဘဲ ထိခိုက်ဒဏ်ရာရ ပြီးစာမေးပွဲကျရတယ်ဆိုရင် ဒါဟာ ကံတစ်ရားရဲ့ အဆုံးအဖြတ်လို့ ပြောလို့ရပါတယ်။ အဲလိုမှ တွေးပြီးမဖြေပဲ စိတ်ဓာတ်ကျနေမယ်ဆိုရင် အဲဒီလူဟာ နှစ်ခါရှုံးပြီပေါ့။ လူတစ်ယောက်ဟာ စိတ်ထားတတ်ရင် ဘယ်တော့ မှ နှစ်ခါ မနာပါဘူးဗျာ။

တစ်ချို့ကျတော့ရှိတယ် နဂိုကတည်းကမှ ကျန်းမာရေးက သိပ်မကောင်းလို့ စာမမှတ်မိတတ် တဲ့လူမျိုးတို့ဘာတို့ ကျတော့လည်း ကိုယ့်အစွမ်းရှိသလောက်အကုန် လုပ်ပြီးတဲ့နောက် ရသလောက်နဲ့ရောင့်ရဲနိုင် ရမယ်လေ။ ဘာလို့ဆိုတော့ ဒီလိုလူမျိုးကျတော့ ဒီရောင့်ရဲတဲ့စိတ်မရှိ ရင် လူသာပင်ပန်း ပြီး ဘာမှအကျိုးမရှိဘူးလေ။

အများစုကတော့ စာကတော့ ကျက်တာပဲ ဘာတွေမှန်းကို မသိတော့ပါဘူး။ ခေါင်းတွေလည်း ပူနေပြီ ဆိုပြီး ကိုယ့်မှာရှိတဲ့အစွမ်းကို ထုတ်မှမသုံးရသေးဘူး။ ပင်ပန်းမှာကိုကြောက်ပြီး ဒါအကုန်ပါပဲ လို့ ပြောနေကြပါတယ်။ ပင်ပန်းမှာကြောက်တဲ့လူဟာ အပျင်းကြီးလို့ပါ။ အပျင်းကြီးတဲ့လူ ပင်ပန်းမှာ ကြောက်တဲ့လူဟာ ပိုပြီးပင်ပန်း ကြပါတယ်။

ဘာလို့လဲဆိုတော့ တစ်ခုလုပ်တာချင်းအတူတူ ပင်ပန်းမှာမကြောက်တဲ့လူက ဒါလေးများ ဘာမှမဖြစ်ဘူး လို့ တွေးတဲ့အချိန်မှာ ပျင်းတဲ့လူ က ပင်ပန်းလိုက်တာနော်လို့ တွေးမိနေပြီ။ စဉ်းစားကြည့်ပါဗျာ။ ပင်ပန်းလိုက်တာလို့ တွေးမိတဲ့အချိန်မှာ လုပ်ရတဲ့အလုပ် နဲ့ ဒီလိုပဲလုပ်နေ ကျအလုပ်တစ်ခုလိုမျိုးလုပ်ရတာနဲ့ ဘယ်ဟာပိုပင်ပန်း တယ်ဆိုတာ စဉ်းစားကြည့်ပါဗျာ။ တစ်ခါတစ်လေများ တစ်ကယ်ပဲ ခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေတဲ့အချိန်မှာ တောင်မှပဲ စိတ်ကလေးကို ခဏလောက်တင်းပြီးငါလုပ်နိုင်တယ်ဆိုပြီးလုပ်လိုက်ရင် လုပ်ရတာ ချင်းအတူတူ စိတ်ရောလူရော အရမ်းကို သက်သာပါတယ်။

တစ်ချို့တွေရှိသေးတယ်။ တစ်ပတ်လုံးအလုပ်လုပ်ရလို့ ပင်ပန်းလို့ ဆိုပြီး နားရက်များရရင် ဘာမှမလုပ်ဘဲ တစ်နေကုန်အိပ်တာ ကျွန်တော်မေးကြည့်မိပါတယ် မပျင်းဘူးလားလို့ သူတို့ က ပြောတယ်ဗျာ။ မပျင်းပါဘူးတဲ့။ ဒါပေမယ့် အဲလောက်အိပ်တာများသွားရင် အဲဒီနေ့ အဖို့ လူက ဘယ်လိုမှကို မလန်းဆန်းတော့ဘူး။ ထိုင်းမှိုင်းသွားရောလေ ဗျာ။

လူရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ်ရဲ့အစွမ်းရှိသလောက်ကို အလုပ်လုပ် ကြရမှာပါပဲ။ ကိုယ့်ရဲ့အစွမ်းအစ ဆိုတာကလည်း ကိုယ်သတ်မှတ်တဲ့ အပေါ်မှာပဲ မူတည်နေပါတယ်။ ကိုယ်က ကိုယ့်ကိုကိုယ် တစ်ကျပ်ဖိုးအစွမ်းအစ ရှိတယ်လို့ သတ်မှတ်ထားရင် တစ်ကျပ်ဖိုးနဲ့ တန်တဲ့ အစွမ်းအစ ကို ထုတ်သုံးပြီးတာနဲ့ အစွမ်းကုန်ပြီလို့ ကိုယ့်ကိုကိုယ် ယုံကြည်သွားပါလိမ့် မယ်။ တစ်ကယ်ကုန်တာဟုတ်ချင်မှဟုတ်မယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်တော့ တစ်ကယ်ကို ကုန်သွားပြီ လို့လက်ခံသွားလိမ့်မယ်။ ငါ့မှာအစွမ်းအစတွေ အများကြီးရှိ တယ်လို့ ယုံကြည်ထားတဲ့လူကျတော့ ဘယ်လောက်ပဲ ထုတ်သုံးထုတ်သုံး ကုန်တယ်လို့ကို မရှိဘူး။ မယုံရင်စမ်း ကြည့်ပါဗျာ။ အဓိက ကတော့ စိတ်ပါပဲ။

ကျွန်တော်ကအစွမ်းအစကို အစွမ်းကုန်ထုတ်သုံးခိုင်းတာက လောဘကြီးတာမဟုတ်ပါဘူး။ ကိုယ်နဲ့တန်ရာ တန်ကြေးကို ရယူတာပါ။ လောဘကြီးတယ်ဆိုတာက အစွမ်းကလည်းမသုံးချင် များများကလည်းရချင် အဲလို လူမျိုးကိုမှ လောဘကြီးတယ်လို့ခေါ်တာပါဗျာ။ ဘာမှမလုပ်ဘဲ ဘာမှမရချင်တဲ့လူမျိုးကိုလည်း ရောင့်ရဲတယ် လို့ခေါ်လို့မရပါဘူးဗျာ။ အဲဒါကအချောင်ခိုတာဗျ။

ကျွန်တော်က Buddhist ဗျာ။ အဲဒီတော့ ကျွန်တော်တစ်ခုပြောပြမယ်။ ဘာမှ မလုပ်ဘဲ ဘာမှမရချင်တဲ့ လူမျိုးကို ရောင့်ရဲတယ်လို့ခေါ်ရင် ကျွန်တော်တို့ဘာသာမှာကလည်း ရောင့်ရဲ တတ်ရမယ်လို့ ပြထားတယ်လေ။ အဲလိုမျိုးသာ လူအားလုံးရောင့်ရဲ ကုန်ကြမယ်ဆိုရင် ဘုရားဆိုတာလည်း ပွင့်လာမှာမဟုတ်တော့ပါဘူးဗျာ။ ရောင့်ရဲတာနဲ့ ပျင်းတာနဲ့ တစ်ခြားစီပါ ဗျာ။

ကျွန်တော်တို့ဘာသာမှာ သတ်သတ်လွတ်စားကြတယ်။ အဲဒါလေးကို ကျွန်တော်ပြောချင်ပါ သေးတယ်။ သတ်သတ်လွတ်စားတဲ့ ရတဲ့အကြောင်းအရင်းကလည်း လူတွေရောင့်ရဲတတ် အောင်လို့လေ့ကျင့်ပေးတယ်လို့ ထင်ပါတယ်။ ဘာလို့ဆိုတော့ ဘုရားဟောထဲမှာ သတ်သတ်လွတ်စားမှ ကုသိုလ်ရမယ်လို့မပါပါဘူး။ ဒါပေမယ့်သတ်သတ်လွတ်စား တဲ့လူများ က မရောင့်ရဲပဲနဲ့ ဒီသတ်သတ်လွတ်အတွက်ကို ပိုလို့တောင်မှ အလုပ်ရှုပ်နေကြတာတွေကို တွေ့တွေ့နေရပါတယ်။ သတ်သတ်လွတ်စားလို့ ဆိုပြီး ဟိုဟာချက်ရ ဒီဟာချက်ရ နောက်ပြီး အသားမပါလို့ မစားနိုင်ပါဘူး နောက်နေ့ ကျမှ အတိုးချစားတော့မယ်လို့ ပြောတဲ့လူကပြော။ သတ်သတ်လွတ်မစားနဲ့မပြောပါဘူးဗျာ။ စားနိုင်ရင်စားပါ။ မစားနိုင်လည်းမစားနဲ့ပေါ့။ ကိုယ်က မှ မရောင့်ရဲ နိုင်တာ။ ကျန်တဲ့လူတွေပိုအလုပ်ရှုပ်တယ်ဗျာ။ ရောင့်ရဲတတ်ရင် သတ်သတ်လွတ် စား ဖို့ကဘာမှ မလိုဘူး။ ရှိတာလေးနဲ့ မျှတအောင်စားလိုက်ရင် ပြီးသွားတာပါပဲဗျာ။

ငချစ်
todaymyanmar

CNN က ညွှန်းဆိုသည့် အကောင်းဆုံး မြန်မာ့အစားအစာ ၁၀ မျိုး


ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မပျက်မကွက် မြည်းစမ်းသင့်သည့် အစားအစာ (၁၀)မျိုးကို CNNသတင်းဌာနမှ အော်စတင်ဘုရှ်က စိတ်ဝင်စားဖွယ် ဖော်ပြထားသည့် လမ်းညွှန်မှုကို ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် မပျက်မကွက် မြည်းစမ်းသင့်သည့် အစားအစာ (၁၀)မျိုးကို CNNသတင်းဌာနမှ အော်စတင်ဘုရှ်က စိတ်ဝင်စားဖွယ် ဖော်ပြထားသည့် လမ်းညွှန်မှုကို ဖော်ပြအပ်ပါသည်။

လက်ဖက်သုပ်

မြန်မာ့အစားအစာတွေထဲမှာ ဂုဏ်သတင်း အကျော်ဇောဆုံးကတော့ လက်ဖက် ဖြစ်နိုင်ပါတယ်။ လက်ဖက်ပင်က အရွက်ကို အချဉ်ဖောက်ထားတာပါ။ အဲဒီအရွက်ကို ဒီအတိုင်းလည်း စားကြတယ်။ အချိုတည်းသလို ပုံစံပေါ့။ လက်ဖက်သုပ်ကတော့ လက်ဖက်ရွက်လေးတွေကို အသုပ်ပုံစံမျိုး ဖန်တီးထားတာပါ။ လက်ဖက်သုပ်အတွက် ချဉ်ပြီး နည်းနည်းခါးတဲ့ အရွက်လေးတွေကို ပါးပါးလှီးထားတဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးကွင်းကြီးတွေ၊ ပဲခြမ်းကြော်ရွရွ၊ မြေပဲ၊ ပဲလုံး၊ ဆီချက်၊ ခပ်စပ်စပ် ငရုတ်သီးတွေအပြင် ကြက်သွန်နဲ့ပါ ရောပြီး နယ်ရပါတယ်။ တကယ့်ကို ဘက်စုံပြည့်ဝတဲ့ အစားအစာပါ။ ဒါကို သရေစာ အဖြစ်လည်း စားနိုင်တယ်။ ထမင်းနဲ့တွဲပြီး ဟင်းအနေနဲ့ စားလို့လည်း ရတာပဲ။ မြန်မာနိုင်ငံမှာတော့ လက်ဖက်သုပ်ဟာ အာရုံနိုးကြားစေတဲ့ ဆေးဝါးလည်း ဖြစ်ပြန်တယ်။ လက်ဖက်များများစားရင် အိပ်မပျော်ဘူးလို့ မြန်မာလူမျိုး တော်တော်များများက ပြောကြတယ်လေ။

ရှမ်းထမင်း

ငါးထမင်းလို့လည်း ခေါ်ကြတယ်။ မြန်မာနိုင်ငံရဲ့ အရေအတွက် အများဆုံး ဗုဒ္ဓဘာသာဝင် တိုင်းရင်းသား လူမျိုးစု တစ်ခုဖြစ်တဲ့ ရှမ်းတွေက တီထွင်ထားတာပါ။ ထမင်းကို နနွင်းထည့်ချက်ပြီး ပျော့အောင်နယ်လိုက်တယ်။ ပြီးတော့ ရေချိုငါး အသားလွှာလေးတွေနဲ့ ကြက်သွန်ဖြူ ဆီချက်ကို တင်ထားလိုက်တာပါ။ ဆီရွှဲရွှဲနဲ့ အနံ့လေးက မွှေးနေတာပဲ။ ကြက်သွန်မြိတ်လေးတွေပါ ထည့်ပြီး ပြင်ဆင်လေ့ရှိတယ်။ ကြက်သွန်ဖြူ အစိမ်းရယ်၊ ဝက်ခေါက်ကြော်ရယ်ပါ ထပ်ပေါင်းလိုက်ရင်တော့ ငါးထမင်းရဲ့ အရသာက တစ်မျိုးတစ်ဘာသာ အပြောင်းအလဲလေး ဖြစ်လာမှာပေါ့။

မြန်မာထမင်းဟင်း

မြန်မာထမင်းဟင်း ရောင်းတဲ့ဆိုင် တစ်ခုကို သွားမယ်ဆိုရင် အစားအသောက် ကိစ္စအတွက်တင် မကဘူး၊ အချက်အပြုတ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံသစ်တွေပါ ရနိုင်ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဟင်းဆိုတဲ့ စကားလုံးက ထမင်းပွဲ အလယ်က အဓိက ဟင်းခွက်တွေကို ဆိုလိုတာပါ။ အများအားဖြင့်တော့ အသားဟင်းတွေ၊ ဝက်သား၊ ငါး၊ ဆိတ်သား၊ အမဲသား၊ ပုစွန်တို့ပေါ့လေ။ ဟင်းမှာပြီးရင်တော့ မဆုံးနိုင်လောက်ဘူးလို့တောင် ထင်ရလောက်အောင် အရန်ဟင်းခွက်တွေ လာချပေးပါလိမ့်မယ်။ ထမင်းပါမယ်ဗျာ။ ဖွယ်ဖွယ်ရာရာ အသုပ်ကလေးလည်း ပါလိမ့်မယ်။ ပန်းကန်သေးသေးလေးနဲ့ ထည့်ထားတတ်တဲ့ အသီးအရွက်ကြော်ရယ်၊ စွပ်ပြုတ်ပန်းကန်လုံး အသေးလေးရယ်လည်း ပါဦးမှာ။ ပြီးတော့ ဟင်းသီးဟင်းရွက်တွေက တို့စရာအဖြစ် ရောက်လာဦးမယ်။ နောက်ပြီး ငါးပိရည်ဆိုတာ ရှိသေးတယ်ဗျ။ ငါးအသား တော်တော်လေး ကဲထားတဲ့ ဖျော်ရည်တစ်မျိုးပေါ့။ ဗာလချောင်ကြော် ဆိုတာကတော့ ငရုတ်သီးရယ်၊ ကြက်သွန်ဖြူရယ်၊ ပုစွန်ခြောက်လေးတွေရယ်ကို ဆီနဲ့ရောကြော်ပြီး အခြောက်ခံထားတဲ့ ခပ်စပ်စပ် အကြော်မျိုးပါ။ မွတ်ဆလင်ဆိုင်တွေမှာ သုံးတဲ့ ဟင်းရည်ကတော့ ပဲနီလေးရယ်၊ အသီးအရွယ်တွေရယ် ပါတယ်။ မုန့်ကြွပ်လေးတွေလည်း ပါတတ်တယ်။ အားလုံး စုံစုံညီညီ ဖြစ်ပြီ ဆိုရင်တော့ ခင်ဗျားအနေနဲ့ စားပွဲပေါ်က ဟင်းပွဲတွေကို တွေ့ရလိမ့်မယ်။ မြန်မာ့အစားအစာရဲ့ အရသာနဲ့ ပါဝင်ပစ္စည်းတွေနဲ့ အဆင်အပြင်ကို သေချာ မြင်ခွင့်ရမယ်။ ခင်ဗျား စားသောက်ပြီးပြီ ဆိုရင်တော့ မြန်မာ့ရိုးရာ စားစရာ တစ်ခုခုကို အချိုတည်းခွင့် ရမှာပါ။ လက်ဖက်နှပ်နဲ့ မြေပဲကို လင်ပန်းလေးနဲ့ ထည့်ထားတာမျိုး၊ ဒါမှမဟုတ်လည်း ထန်းလျက်ပုလင်းပေါ့လေ။

လက်ဖက်ရည်ဆိုင်မုန့်များ

မြန်မာနိုင်ငံက လက်ဖက်ရည်ဆိုင်တွေက နွားနို့ကဲထားတဲ့ လက်ဖက်ရည်ချို ခွက်သေးသေးလေးတွေကို တစ်ငုံချင်း အရသာခံ သောက်ရုံအတွက် သင့်တော်တဲ့ နေရာမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံက ချက်ပြုတ်နည်း အမျိုးမျိုးကို ထိတွေ့နိုင်တဲ့ ဆိုင်လေးတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လက်ဖက်ရည်ဆိုင်က အစားအသောက်တွေက ဆိုင်ပိုင်ရှင်ဟာ ဘာတိုင်းရင်းသား ဖြစ်သလဲ ဆိုတာမျိုးကိုတောင် ထင်ဟပ်စေတတ်ပါတယ်။ ဒေသခံ ဗမာလူမျိုးတွေ ဖွင့်တဲ့ဆိုင်မျိုးတွေမှာ ရိုးရာ ခေါက်ဆွဲသုပ်၊ ဒါမှမဟုတ် ထမင်းသုပ်တို့ကို မြည်းစမ်းသင့်တယ်။ အိန္ဒိယသားတွေ၊ မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ လက်ဖက်ရည်ဆိုင်မျိုးကျတော့ အရှေ့တောင်အာရှဟန် နည်းနည်းလွှမ်းတယ်။ စမူဆာတို့ ပူရီတို့လို အမွှေးအကြိုင် ထည့်ထားတဲ့ အကြော်အလှော်လေးတွေ ရှိတယ်။ ပူရီဆိုတာက ဂျုံသားကို ကြော်ပြီး အာလူးဟင်းနဲ့ စားရတာပါ။ နံပြားဆိုတာလည်း ရှိသေးတယ်။ အဲဒါက ဂျုံသားကို ပြားအောင်လုပ်ပြီး မီးဖုတ်ထားတာလေ။ အဲဒီဆိုင်တွေမှာ အရှေ့တောင်အာရှက တခြားအစားအသောက်တွေလည်း ရတတ်ပါသေးတယ်။ တရုတ်တွေပိုင်တဲ့ လက်ဖက်ရည်ဆိုင်တွေကျတော့ ပေါက်စီတို့၊ ဒင်မ်ဆမ်းနဲ့တူတဲ့ အစားအသောက်တို့ကို တင်ဆက်တတ်ကြပြန်ရော။

မြန်မာ့ရိုးရာမုန့်ချိုများ

အနောက်နိုင်ငံတွေက အချိုစာတွေနဲ့ မတူတဲ့ တစ်ချက်က မြန်မာတွေက အဲဒါတွေ အားလုံးကို မုန့်ဆိုတဲ့ အသုံးအနှုန်းနဲ့ ခြုံငုံပြီး ခေါ်ဝေါ်လေ့ရှိတာပါ။ များသောအားဖြင့် အချိုပွဲအဖြစ် သိပ်မသုံးကြဘူး။ သရေစာ အနေနဲ့ အဓိက စားသောက်တတ်ကြပါတယ်။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ လက်ဖက်ရည်လေးနဲ့ ကျိုက်နေတတ်ကြတယ်။ တခြားအရှေ့တောင် အာရှနိုင်ငံတွေက အချိုစာတွေနဲ့ မတူတာက မုန့်တိုင်းက အမြဲတမ်း သကြားထည့်တာမျိုး မရှိတာပါ။ မုန့်တွေရဲ့ အချိုဓာတ်ကို ခြစ်ထားတဲ့ အုန်းသီးတို့၊ အုန်းနို့တို့ကနေလည်း ယူတတ်တယ်။ ဆန်မှုန့်၊ ဆန်ခပ်စေးစေးနဲ့ ချက်ထားတဲ့ ထမင်း၊ ပီလောပီနံ၊ အသီးအနှံတွေကနေလည်း ရလာတာပါပဲ။ လူသိများတဲ့ မြန်မာ့ အချိုစာတွေထဲမှာ ဆနွင်းမကင်းလည်း ပါတယ်။ ရွှေချီမှုန့်ထည့်ပြီး အုန်းနို့နဲ့ထိုးထားတဲ့ အတုံးလေးတွေပါ။ ဘိန်းမုန့်တို့ မုန့်ပစ်သလက်တို့လည်း ရှိသေးသဗျ။ မြန်မာ့ဟန် မြန်မာ့အမူအယာနဲ့ မုန့်အိုးကင်းကြော်တွေပေါ့ဗျ။ ချိုအောင်လည်း လုပ်လို့ရတယ်၊ ဟင်းခတ် အမွှေးအကြိုင် များများလေး ကဲအောင်လည်း လုပ်လို့ရတယ်။ ဘိန်းမုန့်က ခပ်စိုစိုလေး ဖြစ်နေတတ်ပြီး အပျစ်အကျဲမှာလည်း အင်္ဂလိပ် မုန့်ပြားဝိုင်းတွေနဲ့တော့ ကွာပါတယ်။

အကြော်စုံ

မြန်မာလူမျိုးတွေဟာ ဆီကြော်မုန့်တွေကို သဘောကျ စွဲလန်းတတ်ကြပါတယ်။ ဆီခပ်ရွှဲရွှဲနဲ့ ကြော်ထားတာမျိုးလေ။ မြန်မာနိုင်ငံ ရောက်ရင်တော့ ဆီကြော်မုန့်တွေကို ရှောင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။ လက်ဖက်ရည်ဆိုင်မှာ၊ လမ်းဘေးဆိုင်တွေမှာ တွေ့ရတတ်တဲ့ သရေစာ တော်တော်များများဟာ ဆီနဲ့ကြော်ထားတာပါ။ စမူဆာ၊ ကော်ပြန့်၊ မုန့်အချိုတွေ၊ ပေါင်မုန့်ကြော်တွေကအစ ဆီများများနဲ့ ကြော်ထားကြတာပါ။ ခေါက်ဆွဲသုပ်တို့ ဘာတို့ကိုလည်း အကြော်လေးဖြူးပြီး စားတတ်ကြသေးတယ်။ လူသိများတဲ့ ဘူးသီးကြော် ဆိုတာကတော့ ဘူးသီးလေးတွေကို လွှာပြီး ကြော်ထားတာမျိုးပါ။ အရည်ရွှမ်းတဲ့ ဘူးသီးပါးပါးလေးတွေကို ကြော်ထားတဲ့ အဲဒီအကြော်မုန့်ကို မန်ကျည်းသီးကထုတ်တဲ့ အချဉ်နဲ့ တွဲဖက်စားရပါတယ်။ အဲဒီအချဉ်ထဲကို ပဲမှုန့်တွေလည်း ထည့်ထားတတ်ကြသေးတယ်။

ရှမ်းတို့ဟူး

မြန်မာနိုင်ငံမှာ ထူးထူးဆန်းဆန်း အစားအစာ တစ်မျိုးရှိသေးတယ်။ အဲဒါက တို့ဟူးနွေး ဆိုတာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းက ရှမ်းတိုင်းရင်းသားတွေနဲ့ ဆက်နွယ်တဲ့ အစားအစာထဲက တကယ်တမ်းတော့ တို့ဟူးမပါဘူးဗျ။ အဲဒီအစား ပဲမှုန့်ကနေ လုပ်ထားတဲ့ ခပ်ထူထူ ခပ်ပြစ်ပြစ် ယာဂုလိုမျိုး ဖြစ်ပါတယ်။ စေးကပ်ကပ်နဲ့ အဝါရောင်ရှိတဲ့ အဲဒီ အစားအစာပေါ်မှာ ဆန်ခေါက်ဆွဲ ခပ်ပါးပါးလေးတွေ ထည့်ထားသေးတယ်။ ပြီးတော့ ကြက်သားဖြစ်ဖြစ်၊ ဝက်သားဖြစ်ဖြစ် မွမွလေး ဖြူးထားတတ်တယ်။ နောက်တော့ ငရုတ်သီးကြော်နဲ့ ဆီလေးဆမ်းပြီး ဟင်းရွက်လေးတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြင်ဆင်ထားလေ့ရှိပါတယ်။ ပြောရရင် နည်းနည်းထူးဆန်းပြီး စိတ်ဝင်စားလောက်စရာ ရောစပ်မှုမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားဟာ မွှေးမွှေးကြိုင်ကြိုင် အစားအသောက်တွေကို သဘောကျတဲ့ ပရိသတ် တစ်ယောက်ဆိုရင်တော့ စိတ်ကြိုက်တွေ့မှာပါ။

နန်းကြီးသုပ်

မြန်မာတွေက ခေါက်ဆွဲအခြောက်နဲ့ ဖန်တီးထားတဲ့ အစားအစာမျိုးတွေကို သဘောကျလေ့ ရှိပါတယ်။ နန်းကြီးသုပ်မှာတော့ ခေါက်ဆွဲကို အသားငါးတွေနဲ့ မဖြစ်မနေ ရောစပ်ရပါတယ်။ အရသာ အရှိဆုံး၊ နေရာအနှံ့မှာ အတွေ့ရဆုံး အသုပ်တစ်မျိုးပါ။ ခေါက်ဆွဲသား ခပ်ထူထူ၊ ခပ်လုံးလုံးကို ကြက်သားနဲ့ သုပ်ထားတာပါ။ ငါးအသားလွှာ ပါးပါးလေးတွေလည်း လှီးထည့်တတ်ပါတယ်။ ပြုတ်ထားတဲ့ပဲကြီးရယ်၊ ပဲပင်ပေါက်လေးတွေရယ်၊ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥကို လွှာထားတာလေးတွေရယ် ပါသေးတယ်။ နန်းကြီးသုပ်ထဲ ထည့်တဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ပဲမှုန့်ရယ်၊ နနွင်းရယ်၊ ငရုတ်ချဉ်ရယ်ကလည်း ချန်ထားလို့ မရပြန်ဘူး။ လက်နဲ့မွှေနှောက်ပြီး သုပ်ရတာမျိုးဖြစ်ပြီး နံနံပင်လေးတွေလည်း ထည့်လေ့ရှိပါတယ်။ ပြီးတော့ စွတ်ပြုတ်လေး တစ်ပန်းကန်နဲ့ တွဲဖက် သုံးဆောင်ရတာပါ။

မုန့်ဟင်းခါး

တရားဝင် မဟုတ်ဘူး ဆိုရင်တောင် မြန်မာနိုင်ငံရဲ့ အမျိုးသားရေး အစားအစာလို့ အသိအမှတ်ပြု ခံထားရတာ မုန့်ဟင်းခါးပါ။ ကောင်းမွန်ပြီး လုံးဝိုင်းတဲ့ ဆန်ခေါက်ဆွဲ (မုန့်ဖတ်)လေးတွေကို ငါးရယ်၊ ကြက်သွန်နီရယ်နဲ့ အခြေခံပြီး ချက်ထားတဲ့ မြိန်ရည်ရှက်ရည် ဟင်းရည်တစ်မျိုးနဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ ပြီးတော့ ငှက်ပျောပင်က ရတဲ့ ကျွတ်ကျွတ်ရွရွ အပိုင်းလေးတွေကိုလည်း ထည့်ပေးထားတတ်သေးတယ်။ မြန်မာလူမျိုးတွေကတော့ မနက်စာဆိုရင် မုန့်ဟင်းခါးက အသည်းစွဲပါပဲ။ ဒါပေမဲ့ နေရာစုံ လှည့်ရောင်းနေတဲ့ ဈေးသည်တွေလည်း ရှိတာကြောင့် မနက်ရော၊ ညပါ စားချင်တဲ့အချိန် စားကြတယ်လို့ပဲ ပြောရမှာပါ။ ဆန္ဒရှိရင်တော့ ကျက်နေအောင် ပြုတ်ထားတဲ့ ကြက်ဥရယ်၊ အကြော်ရယ်ကိုလည်း ထပ်ထည့်နိုင်ပါတယ်။ မုန့်ဟင်းခါး အရသာကို ပြင်ချင်ရင် သံပုရာသီးစိတ်၊ ဒါမှမဟုတ် ငရုတ်သီးခြောက် အမှုန့်တွေကိုလည်း ရောစပ်နိုင်ပါသေးတယ်။

ရှမ်းခေါက်ဆွဲ

ရှမ်းပြည်နယ်နဲ့ အများဆုံး ဆက်နွယ်နေတဲ့ အစားအသောက်ပါ။ ပါးလွှာပြီး ပြားချပ်တဲ့ ခေါက်ဆွဲမျှင်လေးတွေကို ကြည်လင်ပြီး ငရုတ်ကောင်းကဲထားတဲ့ ဟင်းရည်နဲ့ တွဲဖက်ပေးထားပါတယ်။ ပြီးတော့ နုပ်နုပ်စင်းထားတဲ့ ကြက်သား၊ ဒါမှမဟုတ် ဝက်သားကို ထည့်ထားတာပါ။ ရှမ်းခေါက်ဆွဲကို ပြင်ဆင်တဲ့အခါ နှမ်းလှော်လေးဖြူးပြီး ကြက်သွန်ဆီချက်လေးလည်း ဆမ်းထားတတ်တယ်။ ပြီးတော့ ဟင်းရွက်လေးတွေ ဖွယ်ဖွယ်ရာရာနဲ့ ခင်းကျင်းလေ့ ရှိပါတယ်။ တခြား မြန်မာ့ရိုးရာ ခေါက်ဆွဲတွေနဲ့ ယှဉ်ကြည့်ရင် ရှမ်းခေါက်ဆွဲက ပိုပြီးရိုးစင်းတယ်၊ ဘာမှမထူးခြားသလောက် နီးပါး ဖြစ်နေတယ်၊ ဒါပေမဲ့ သေချာပေါက် ပြောနိုင်တာကတော့ အရသာက တကယ့်ကို ကောင်းမွန်တယ် ဆိုတာပါပဲ။

Planet Myanmar Network

နှစ် ၂၅၀ ကျော်ရှိ ဗြိတိန်၏ သက်တမ်းရင့်ခရီးသွားလုပ်ငန်းစုက မြန်မာ၏ ထိပ်တန်းခရီးစဉ်ခြောက်ခုကို ကြေငြာ

ဗြိတိန်နိုင်ငံ၏ နှစ်ပေါင်း ၂၅၀ ကျော်ကြာသည်အထိ သက်တမ်း
အရှည်ကြာဆုံး ကမ္ဘာကျော်ခရီးသွားကုမ္ပဏီတစ်ခုဖြစ်သော
Cox & Kings သည် မြန်မာနိုင်ငံကို သွားရောက်မည်ဆိုပါက အကောင်းဆုံးခရီးစဉ်ခြောက်ခုရှိကြောင်း ၎င်းတို့၏ ဝက်ဆိုဒ်မှ တရားဝင်ကြေညာရောင်းချပေးခြင်းများ ပြုလုပ်လာပြီဖြစ်ကြောင်း ၃၀-၈-၂၀၁၃ ရက် သတင်းများအရ သိရသည်။

Cox & Kings ၏ ဖော်ပြချက်များတွင် ပထမဦးဆုံးအဖြစ် မြန်မာ
နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ပုဂံဒေသကို လည်ပတ်
သည့်ခရီးစဉ်မျိုးစုံထဲမှ Balloon စီးခြင်းကို အဓိကထားဖော်ပြထား
ပြီး စတုရန်းမိုင် ၂၆ မိုင်အကျယ်ကို အမြင့်မှ မြင်ရသော ပုဂံ၏
အလှကို တင်စားထားကာ လာမည့် ၂၀၁၄ တွင် အင်းလေးဒေသ
၌လည်း Balloon စီးနင်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြ
ထားသည်။

ဒုတိယဖော်ပြချက်တွင် အင်္ဂလန်အသေးစားဟု တင်စားခေါ်ဝေါ်
ခဲ့ရသည့် မော်လမြိုင်မြို့ခရီးစဉ်ဖြစ်ကြောင်းသိရကာ ဗြိတိသျှ
လက်ထက် အဆောက်အအုံလက်ရာများကို မြင်တွေ့ရနိုင်
ကြောင်း ဖော်ပြထားသည်။

တတိယမြောက်ဖော်ပြချက်အဖြစ် မြန်မာနိုင်ငံ၏ချစ်စရာကောင်း
သော မြို့တစ်မြို့၊ တစ်နည်းအားဖြင့် တောင်တန်းများပေါ်၌ အိမ်ရာအစီအရီဆောက်လုပ်ထားသော ကလောမြို့ အကြောင်း
ဖြစ်ကာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ နီးပါး
၌ရှိပြီး အပူချိန်မမြင့်လွန်းဘဲ နေထိုင်ရန်ကောင်းသည့် မြို့တစ်မြို့
ဖြစ်ကြောင်း ပြသထားသည်။

စတုတ္ထမြောက်အဖြစ် ငပလီကမ်းခြေအကြောင်းဖြစ်ကာ ဘင်္ဂလား
ပင်လယ်အော်ရှိ အလှဆုံးသောကမ်းခြေတစ်ခုဖြစ်ကြောင်း ညွှန်းဆိုထားသည်။

ပဉ္စမမြောက်အဖြစ် ရွှေရောင်ကျောက်စိုင်ကြီးနှင့်အတူ အံ့ဩစရာ
ကောင်းသော ကျိုက်ထီးရိုးဘုရားအကြောင်းဖြစ်ပြီး အဆိုပါဘုရား
သည် မြန်မာနိုင်ငံ၏ အသည်းနှလုံး ရွှေတိဂုံဘုရားပြီးလျှင် နာမည်
အကျော်ကြားဆုံးဘုရားဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

ဆဋ္ဌမမြောက်အဖြစ် မြန်မာနိုင်ငံ၏ မိခင်ဧရာဝတီမြစ်ကြီးပေါ်၌ အပန်းဖြေသဘောင်္စီးခြင်းကို ဖော်ပြထားကာ မြစ်ကြောင်းတစ်
လျှောက် ငေးမောမကုန်နိုင်သော မြင်ကွင်းများက ဆီးကြိုနေနိုင်
ကြောင်း နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ အပန်းဖြေနေရာမျိုးစုံကို ဖော်ပြ
နေသည့် Cox & Kings က ညွှန်းဆိုရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။

ပြည်မြန်မာ သတင်းဂျာနယ်


ရပ်ကွက် ဘောလုံးပွဲအပြန် အားကစားသမားတစ်ဦး ဓာတ်လိုက်သေဆုံး


ကလေးမြို့ သံတံတားအနီး မင်္ဂလာဥယျာဉ် ရပ်ကွက်
အုပ်ချုပ်ရေးမှူး ရုံးအရှေ့တွင်စက်တင်ဘာလ (၇) ရက်နေ့က ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ရာ
ရပ်ကွက်လက်ရွေးစင်ဘောလုံးသမား တစ်ဦးသေဆုံးသွားကြောင်းမျက်မြင်တစ်ဦးထံမှသိရသည်။

ကားက ရပ်လိုက်တော့ အဲဒီဓာတ်လိုက်ခံရတဲ့သူက မတ်တပ်ထဖို့ ပြင်လိုက်တယ်။
အဲဒီမှာ ယိုင်သွားပြီး ဓာတ်ကြိုးနဲ့ ထိမိသွားတာ ကားကလည်း မှန်လုံ အသေးပါ။
အပေါ် ၀က်ခြံမှာ ထိုင်ကြတော့ မီးကြိုးနဲ့ နီးသွားတာလည်း ပါတယ်။
ဓာတ်လိုက်တော့ သူ့ အသားတွေကို မီးပွင့်နေတာပဲ။ ချက်ခြင်း ကို ဆန့်သွားတာ
သုံးယောက် ထိတာပါ။ ဒါပေမယ့် နှစ်ယောက်ကတော့ ဆေးရုံတင်လိုက်ရတယ်။
တစ်ယောက်ကတော့ အသက်ဆုံးသွားတယ် ဟု ဓာတ်လိုက်မှုတွင် မြင်တွေ့လိုက်ရသူ
တစ်ဦးက ပြောသည်။

ယခုဖြစ်ရပ်သည် သာမန်သေမှု သေခင်းဖြစ်သော်လည်း ကားသမားမှာလည်း
အပြစ်ရှိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူ သတိထားဖို့ လိုအပ်ပါတယ်။
နောက်ပြီး ယဉ်ထိန်းတွေမှာလည်း အပြစ်ရှိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့
ကားအမိုးပေါ်တွေမှာ စီးနင်းတာကို မတားမြစ်လို့ပဲ။ နောက်ပြီးတော့
ဓာတ်လိုက်ခံရတဲ့ သူတွေလည်း အသိနည်းလို့ ဖြစ်သွားတာပဲ။
ဖြစ်တဲ့ အချိန်မှာ
မိုးတွေကလည်း ရွာလို့ ဖြစ်ချင်တော့ ရပ်ကွက် ဘောလုံးအသင်း
မြို့နယ်အားကစားကွင်းမှာ ကွင်းဖွင့်ပွဲနေ့ ယှဉ်ပြိုင်အပြီး အပြန်မှာ
ဖြစ်သွားတာ ဒါကို ရပ်ကွက်ကလည်း အားလုံး တာဝန်ယူထားတယ်လို့ သိရပါတယ် ဟု
ဒေသခံ တစ်ဦးကလည်း သုံးသပ်ထားသည်။

လက်ရှိအနေအထားအရ ဆေးရုံတင်ထားရသူ နှစ်ဦးအနေဖြင့် စိုးရိမ်စရာ အခြေအနေ
မရှိတော့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးထံမှ သိရပြီး လျှပ်စစ်မီး
လွှတ်ထားချိန်တွင် မိုးများလည်း အဆက်မပြတ် ရွာသွန်းနေပြီး လျှပ်ကူး
လျှင်မြန်ခြင်းကြောင့် မတော်တဆ ဖြစ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးသူမှာ မင်္ဂလာဥယျာဉ်ရပ်ကွက်မှ ရပ်ကွက်လက်ရွေးစင်
ဘောလုံးသမား မောင်ပြည့်စုံကောင်း ဟု သိရပြီး ရပ်ကွက်များ ဘောလုံးပွဲစဉ်
အပြီး ဖြစ်ပွားခဲ့ ပွားခဲ့ကြောင်း သိရသည်။

ချစ်သူမောင်
Popular Myanmar News Journal

လူပေါင်း ၄၂၉ ဦး၊ ကလေး ၄၂၆ ဦးသေတဲ့ ဆီးရီးယား သြဂုတ်လ လူသတ်မှု ဗွီဒီယို ထွက်ပေါ်..

ဒီနေ့ ထွက်ပေါ်လာတဲ့ ဆီးရီးယား အနိဌါရုံ ဗွီဒီယိုတစ်ခုကြောင့် အမေရိကန် သမ္မတ အိုဗားမား တစ်ယောက် မှင်တက်သွားတယ် လို့ ဒေးလီးမေးလ် သတင်းစာက ဖေါ်ပြတယ်။

ဒီ ဗီဒီယိုလေးဟာ အိုဗားမားအတွက် ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက်စွက်ဖက်ဖို့ ကွန်ဂရက်ကို တင်ပြမယ့် အထောက်အထား တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။

ဗွီဒီယိုထဲမှာ ပါတာက လူပေါင်း ၁၄၂၉ ယောက်သေခဲ့ပြီး ကလေးငယ်ပေါင်း ၄၂၆ ယောက်ပါတဲ့ သြဂုတ်လအတွင်းက ဆီးရီးယား အစိုးရက ပြည်သူကို တိုက်ခိုက်တဲ့ အဆိပ် ဓါတုလက်နှက်ကြောင့် သေဆုံးခဲ့တဲ့ပြည်သူတွေရဲ့ ပုံတွေဖြစ်ပါတယ်။

အခန်းတစ်ခုလုံးပြည့်နေတဲ့ ကလေးငယ် အလောင်းတွေဟာ အိုဗားမားအတွက် အံ့သြ မှင်တက်ခ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အိုဗားမားဟာ သူကိုယ်တိုင် စစ်တပ်ကို တိုက်ရိုက် အမိန့်ပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်ပေမယ့် ဆီးရီးယားကို စစ်တိုက်ဖို့ ကိစ္စနဲ့ပါတ်သက်ပြီး နောက်တွန့်နေခဲ့သူ ဖြစ်ပါတယ်။

ဆုံးဖြတ်ချက် မမှားရအောင်နဲ့ ပြည်သူလူထု ထောက်ခံချက် ရအောင်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆီးနိတ်မှာ မဲပေးဖို့ ပြုလုပ်ထားပါတယ်။

မီဒီယာတွေရဲ့ ကြိုတင် ခန့်မှန်း စစ်တမ်းကောက်ချက်အရ ဆီးနိတ်ဟာ ဆီးရီးယားကို စစ်တိုက်ဖို့အတွက် ထောက်ခံမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ပြည်သူကို သတ်တဲ့ အာဏာရှင်တို့ သက်ဆိုးရှည်နေအုံးမှာလား....

(ဇော်လွင်ဝင်း)

ဗွီဒီယို ကြည့်လိုသူများအနေနဲ့ သတိပြုသင့်ပါတယ်။... ရုတ်ရင်း ကြမ်းတမ်းတဲ့ ပုံတွေ ပါတယ်ဆိုတာ ကြိုတင် သတိပေးလိုပါတယ်။ အောက်ပါလင့်မှာ ကြည့်ပါ...
http://www.dailymail.co.uk/news/article-2415192/Obamas-shocking-case-striking-Syria-Gruesome-series-videos-taken-aftermath-gas-attacks-White-House-using-persuade-Senators-Congressmen-US-air-strikes.html


Zaw Lwin Win
သတင်းချစ်သူ - ဝေဟင်

ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်


မြန်မာနဲ့ ​အမေရိကန်နိုင်ငံတို့ ​စစ်ရေး ​ပူးပေါင်းဆောင်ရွက်ဖို့ ​ကြိုးပမ်းနေတဲ့ ​အချိန်မှာဘဲ ​ဗြိတိန် ​စစ်ဘက်ကနေ ​မြန်မာ ​စစ်တပ်အရာရှိတွေကို ​၂၀၁၄ ​ခုနှစ်အတွင်း ​ဒီမိုကရက်တစ်စနစ်အောက်မှာ ​နေထိုင်တဲ့ ​တပ်မတော်တွေအကြောင်းနဲ့ ​ဒီမိုကရက်တစ်စနစ်ရဲ့ ​တာဝန်ခံမှုအကြောင်းတွေကို ​သင်တန်းပို့ချမှာ ​ဖြစ်တယ်လို့ ​မြန်မာနိုင်ငံဆိုင်ရာ ​ဗြိတိသျှသံရုံးက ​ဒုတိယအတွင်းဝန် ​မစ္စတာ ​ဂျိုးဖရက်ရှာ(Joe ​Fisher) ​က ​ပြောပြပါတယ်။


“၂၀၁၄ ​ခုနှစ်မှာ ​စပြီးတော့ ​ဗြိတိလျ ​စစ်ဘက်က ​ဗမာတပ်မတော်ရဲ့ ​အရာရှိ ​အချို့တွေအတွက် ​သင်တန်းတွေ ​ပေးဖို့ ​အစီအစဉ် ​ရှိပါတယ်။ ​ဆိုတော့လေ့ကျင့်မှု ​မဟုတ်ဘူး။ ​ဒါပေမယ့် ​သင်တန်းပေါ့။ ​သင်တန်းဆိုတော့ ​ဥပမာ ​ဒီမိုကရက်တစ် ​နိုင်ငံရေး ​စနစ်အောက်မှာ ​စစ်တပ်အနေနဲ့ ​ဘယ်လိုနေတယ်။ ​နောက်ပြီးတော့ ​ဒီမိုကရက်တစ် ​တာဝန်ခံမှု ​အကြောင်း၊ ​သင်တန်းတွေ ​ပေးဖို့ ​ရှိပါတယ်။ ​လူ့ ​အခွင့်အရေး ​အကြောင်း ​သင်တန်းတွေ ​ပေးဖို့ ​အစီအစဉ် ​ရှိပါတယ်။ ​အဲဒီလိုသင်တန်းတွေဟာ ​၂၀၁၄ ​ခုနှစ် ​ဖေဖော်ဝါရီ၊ ​မတ်လောက် ​စပြီးတော့ ​ဖြစ်ပါမယ်။”

ဒီလို ​သင်တန်းတွေ ​ပေးဖို့ ​ကိစ္စကို ​ဇွန်လအတွင်းက ​ဗြိတိန် ​ကာကွယ်ရေး ​ဦးစီးချုပ် ​ဗိုလ်ချုပ်ကြီး ​ဆာ ​ဒေးဗစ် ​ရစ်ချတ်စ် ​(General ​Sir ​David ​Richards)ဟာ ​မြန်မာနိုင်ငံကို ​လာရောက်စဉ်ကတည်းက ​တပ်မတော်အရာရှိကြီးတွေနဲ့ ​ညှိနှိုင်း ​သဘောတူခဲ့တယ်လို့လည်း ​ဆိုပါတယ်။
 ဒါ့အပြင် ​သမ္မတဦးသိန်းစိန်ရဲ့ ​ဇူလိုင်လအတွင်း ​ဗြိတိန် ​ခရီးစဉ်မှာလည်း ​နှစ်နိုင်ငံ ​ခေါင်းဆောင်တွေ ​သဘောတူထားတယ် ​လို့ ​သိရပါတယ်။
 တစ်ဆက်တည်းမှာပဲ ​နှစ်နိုင်ငံဆိုင်ရာ ​စစ်ရေး ​ပူးပေါင်းမှုတွေ ​လုပ်ဆောင်နိုင်ဖို့အတွက် ​မြန်မာနိုင်ငံဆိုင်ရာ ​ဗြိတိန် ​စစ်သံမှူးဟာ ​အောက်တိုဘာလမှာ ​ရောက်ရှိမယ်လို့ ​ဒုအတွင်းဝန် ​ဂျိုး ​ဖရက်ရှာက ​ဆက်ပြောပါတယ်။

“၁၀ ​လပိုင်းမှာ ​စပြီးတော့ ​ကျွန်တော်တို့ဟာ ​ဗမာပြည်မှာ ​အခြေစိုက်မယ့် ​စစ်သံမှူး ​တစ်ယောက် ​အသစ်ရှိပါမယ်။ ​အဲဒါဟာ ​၁၀ ​လပိုင်းမှာ ​စဖြစ်မယ်။ ​စစ်သံမှူးက ​ရန်ကုန်မှာ ​အချိန်ပြည့် ​အခြေစိုက်ပါမယ်”

၁၉၈၈ ​ခုနှစ် ​နောက်ပိုင်းကတည်းက ​အမေရိကန်က ​မြန်မာနိုင်ငံကို ​စစ်သံမှူး ​အဆက်အသွယ် ​မဖြတ်ခဲ့ပေမယ့် ​ဗြိတိန် ​အနေနဲ့တော့ ​ဥရောပ ​သမဂ္ဂရဲ့ ​ဆုံးဖြတ်ချက်အရ ​မြန်မာနဲ့ ​စစ်သံမှူး ​အဆက်အသွယ်ဖြတ်ခဲ့ပြီး ​ယခုနှစ်မှာ ​ပြန်လည် ​စတင်မှာ ​ဖြစ်ပါတယ်။
 ဗြိတိန်အနေနဲ့ ​ယခုလို ​စစ်ဘက်ဆိုင်ရာ ​အကူအညီပေးဖို့တွေ ​လုပ်ဆောင်နေသလို ​အမေရိကန်ကလည်း ​မြန်မာစစ်တပ်ကို ​အဆင့်မြှင့်တင်ဖို့ ​အကူအညီပေးမယ့်အကြောင်းကို ​ပြောဆိုခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။


အမေရိကန်က ​မြန်မာနဲ့ ​မူးယစ်တိုက်ဖျက်ရေးမှာ ​ပူပေါင်းဖို့ဆွေးနွေး၊ ​စစ်ဖက်ဆိုင်ရာ ​ပူးပေါင်းမှုလုပ်ဖို့လည်း ​လိုလား

 မြန်မာနိုင်ငံအတွင်း ​တရားမဝင်မူးယစ်ဆေးဝါး ​ထုတ်လုပ် ​ကုန်ကူးမှုတွေကို ​ပူးပေါင်းတိုက်ဖျက်ဖို့ ​အမေရိကန်နဲ့ ​မြန်မာအစိုးရ ​ကိုယ်စားလှယ်တွေ ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။
 အမေရိကန်နိုင်ငံဆိုင်ရာ ​နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ​ဥပဒေစောင့်ရှောက်ရေး ​ဒုဝန်ကြီး ​William ​Brownfield ​မြန်မာနိုင်ငံမှာ ​ရောက်ရှိစဉ်အတွင်း ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။
 တရားမဝင် ​မူးယစ်ဆေးဝါးကုန်ကူးမှု ​တိုက်ဖျက်ရေးနဲ့ ​မူးယစ်တိုက်ဖျက်ရေး ​တပ်တွေရဲ့ ​အရည်အချင်း ​မြှင့်တင်တိုးချဲ့မှုတွေ ​လုပ်သွားဖို့ ​ဆွေးနွေးခဲ့ကြတာ ​ဖြစ်ပါတယ်။
 အမေရိကန်အစိုးရက ​မြန်မာကာကွယ်ရေးတပ်ကို ​စစ်ရေးသင်တန်း ​ပေးတာတွေ ​၂၅ ​နှစ်ကြာ ​ရပ်တန့်ခဲ့ပြီး ​ခုအခါမှာ ​သင်တန်းတွေ ​ပြန်ပေးဖို့ ​ကြိုးစားနေချိန်လည်း ​ဖြစ်ပါတယ်။
 အမေရိကန်အစိုးရကနေ ​မြန်မာကာကွယ်ရေးတပ်တွေကို ​သင်တန်းပြန်ပေးမယ့် ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​အမေရိကန် ​ဥပဒေပြုသူတချို့က ​ကန့်ကွက်မှုတွေ ​လုပ်နေပြီး ​မြန်မာတိုင်းရင်းသားဒေသတွေမှာ ​စစ်တပ်ကနေ ​တိုက်ခိုက်မှုလုပ်တာတွေ၊ ​ဒုက္ခသည်တွေအတွက် ​ကူညီထောက်ပံ့မှု ​ပိတ်ပင်တာတွေ ​လုပ်နေသေးတဲ့အတွက် ​အမေရိကန် ​အနေနဲ့ ​စစ်တပ်ပိုင်းဆိုင်ရာမှာ ​မြန်မာနဲ့ ​ပူးပေါင်းမှုတွေ ​မလုပ်ဖို့ ​တားဆီးကြတဲ့အတွက် ​ကြန့်ကြာမှုတွေ ​ဖြစ်နေပါတယ်။
 မြန်မာနိုင်ငံမှာ ​၁၉၈၈ ​ပြည်လုံးကျွတ်အရေးတော်ပုံအတွင်း ​စစ်တပ်ကနေ ​ပြည်သူတွေကို ​နှိမ်နင်းမှုလုပ်ခဲ့ရာက ​အမေရိကန်က ​မြန်မာစစ်တပ်နဲ့ ​ပူးပေါင်းမှု ​ရပ်ဆိုင်းလိုက်ချိန်ကစပြီး ​မြန်မာနိုင်ငံက ​တရုတ်၊ ​ရုရှားနဲ့ ​မြောက်ကိုးရီးယားကို ​အားကိုးမှု ​လုပ်ခဲ့ရာက ​ခုအခါမှာ ​နှစ်နိုင်ငံ ​စစ်ရေး ​ပူးပေါင်းမှု ​ပြုလုပ်ဖို့ ​ကြိုးစားလာကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia


အဓိကရုဏ်း ဖြစ်စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက် များကြောင့် ဖြစ်ပွားနေရကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦဥာဏ်ဝင်း ပြောကြား



လက်ရှိအစိုးရ သက်တမ်းကာလ အတွင်း ဖြစ်ပွားနေသော အဓိကရုဏ်း ဖြစ် စဉ်များသည် နောက်ကွယ်မှ မမြင်ရသော လက်များကြောင့် ဖြစ်ပွားနေ ရခြင်း ဖြစ်ကြောင်း NLD က ယုံကြည်သည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ စက်တင်ဘာ ၆ ရက်က ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး လက်ရှိ ပြည်တွင်း၌ ဖြစ်ပွားနေသော ပဋိပက္ခ ဖြစ် စဉ်များနှင့် ပတ်သက်၍ NLD ဗဟိုအလုပ် အမှုဆောင်များအ ကား ဆွေးနွေးမှုများ ရှိသလားဟူသော မီဒီယာများ၏ မေးမြန်းသည့်အပေါ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယင်းကဲ့သို့ ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။“ထည့်ပြီး ဆွေးနွေးတယ် ဆိုတာထက် အမြင် ပြောတာရှိ တယ်။

ကျွန်တော်တို့ အမြင်ကတော့ အဲဒီ Communal Crisis တွေဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ဘူး။ သဘာဝမကျသော တိုက်တွန်းမှု၊ မမြင်ရသော လက်တွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘယ်သူလဲလို့တော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ သိရင်တော့ ပြောမှာပေါ့။ ဒီကိစ္စတွေက ဒီလိုပါဆိုတာ ဆွေးနွေးတယ်။ အားလုံးက သဘောတူတယ်။ ဒါသူ့သဘာဝအတိုင်း အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတာ မဟုတ်ဘူး။ ဖြစ်အောင် ဖန်တီးနေတာ ရှိတယ်။ အဲဒါကို ကျွန်တော်တို့ သဘောတူကြတယ်” ဟု ဦးဥာဏ်ဝင်းက ဆိုသည်။
ကျွန်တော်တို့ အမြင်ကတော့ အဲဒီ Communal Crisis တွေဟာ သဘာဝအတိုင်း ဖြစ်တာမဟုတ်ဘူး။ သဘာဝမကျသော တိုက်တွန်းမှု၊ မမြင်ရသော လက်တွေကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်။ ဘယ်သူလဲလို့တော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ သိရင်တော့ ပြောမှာပေါ့။ ဒီကိစ္စတွေက ဒီလိုပါဆိုတာ ဆွေးနွေးတယ်။ အားလုံးက သဘောတူတယ်...

၂၀၁၂ ခုနှစ် မေလအတွင်းက ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသမီး ငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ အစပြုကာ ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းပိုင်းနှင့် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်များအတွင်း ၂၁၁ ဦး သေဆုံးကာ ၂၇၀ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထို့နောက် ၂၀၁၃ ခုနှစ် မတ် ၂၀ ရက်က မိတ္ထီလာမြို့တွင် သာမန်ဈေး အရောင်းအ၀ယ် ပြုလုပ်ရာမှ စကားများ ရန်ဖြစ်မှုအပေါ် လူစုလူဝေးနှင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်မှ စကာ နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်း၊ လယ်ဝေး၊ ပုဗ္ဗသီရိ စသည့် မြို့နယ်များ၊ မန္တလေးတိုင်း ဒေသကြီးနယ်မြေ ၀မ်းတွင်း၊ သာစည်၊ ရမည်းသင်း စသည့်မြို့နယ်များနှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းရှိ မြို့နယ်အချို့သို့ ကူးစက်ပြန့်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များ ကြောင့်လည်း သံဃာတစ်ပါး အပါအ၀င် ၄၃ ဦး သေဆုံးခဲ့ကာ ၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပြီး ယင်းဖြစ်စဉ်များ အားလုံး ဒေသခံ ပြည်သူများအပြင် အခြားဒေသခံများ မဟုတ်သည့်သူများ ပါဝင်ပတ်သက်မှုများ ရှိခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီး
နောက်ကွယ်မှ လှုံ့ဆော်မှုများ ရှိသည်ဟု ဒေသခံများ၊ နိုင်ငံရေး အသိုင်းအ၀ိုင်းအချို့မှ သုံးသပ်မှုများလည်း ရှိခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ဆွမ်းခံကြွ ကိုရင်တစ်ပါးအား စက်ဘီးဖြင့် ၀င်တိုက်မိရာမှ အစပြုပြီး ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သော ဖြစ်စဉ်၊ ၂၀၁၃ ခုနှစ် မေ ၂၈ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် တိုင်းရင်းသူတစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံရမှုကြောင့် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ ရှိခဲ့သော ပဋိပက္ခဖြစ်စဉ် များတွင်လည်း နောက်ကွယ်မှ မျက်နှာစိမ်းများ ပါဝင်ပတ်သက်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

ထို့ပြင် ယခုနောက်ဆုံးအကြိမ် ဖြစ်ပွားထားသော ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာ၌ အမျိုးသမီးတစ်ဦးအား အစ္စလာမ်ဘာသာဝင် တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ အစပြု ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်တွင်လည်း လှုံ့ဆော်ဖန်တီးသူများ ရှိသည်ဟု ဒေသခံများက သုံးသပ်ခဲ့ပြီး ယင်းကဲ့သို့ လှုံ့ဆော်မှု ရှိ၊ မရှိ ကိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

ပဋိပက္ခများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍ အရေးပေါ်ကာလ စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းထားပြီး ဗဟိုကော်မတီ လုပ်ငန်းတာဝန်
များတွင် နောက်ကွယ်မှ ကြိုးကိုင်သူများရှိပါက ဖော်ထုတ်ရန် ပါဝင်ကြောင်းနှင့် လက်ရှိတွင် စုံစမ်းမှုများ ပြုလုပ်နေကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဇွန် ၂၉ ရက်က ပြောကြား
ထားသည်။

eleven media group

ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ



မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည် မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။
မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်အများစုမှာ ဆွဲကြိုးချ သေဆုံးခြင်း၊ အဆိပ်သောက် သေဆုံးခြင်း၊ တိုက်ပေါ်မှ ခုန်ချခြင်း၊ ဓားဖြင့်ထိုးခြင်း၊ ရေထဲခုန်ချခြင်း စသည့် ပုံသဏ္ဌာန် အမျိုး မျိုးဖြင့် သေကြောင်း ကြံစည်မှုများ ပြုလုပ်နေကြောင်း ဖြစ်ပွားခဲ့သည့် ဖြစ် စဉ်များအရ သိရသည်။

မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှု ဖြစ်စဉ်များအနက် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့မှာ စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ အသက် ၅၂ နှစ်အရွယ် ကထိက တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်(၅)ရပ်ကွက်၊ ရွှေအုန်းပင် အိမ်ရာရှိ နေအိမ်တွင် အမြင့်ရှစ်ပေရှိ ထုပ်တန်းမှ လုံးပတ်ငါးမူးခန့် ရှိသည့် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သတ်သေမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ရန်ကင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်ဇော်က ''အဲဒီ ဆရာက တက္ကသိုလ်ဝင်တန်း ဖြေတုန်းက ဂုဏ်ထူးငါးဘာသာနဲ့ အောင်ခဲ့တယ်။ ဒါပေမယ့် အမှတ်ပေါင်း က ဆေးတက္ကသိုလ်တက်ဖို့ မမှီခဲ့လို့ သွားဘက်ဆိုင်ရာ တက္ကသိုလ်ပဲ တက်ခဲ့ရတယ်။ ဒီစိတ်တစ်ခုနဲ့ စိတ်ကျရောဂါ စွဲကပ်ပြီးတော့ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ အခုစစ်ဆေးချက်အရ အကြမ်းဖျင်း သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ဆက်လက် စစ်ဆေးနေပါတယ်'' ဟု စက်တင်ဘာ ၇ ရက် ညနေပိုင်းက ပြောကြားသည်။

ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့ မိမိကိုယ်ကိုယ်မိမိ သတ်သေရခြင်းနှင့် ပတ်သက်၍ ရန်ကင်းမြို့မ ရဲစခန်းမှူးက ဆက်လက်၍ ''ကျွန်တော့်အနေနဲ့ သုံးသပ်ရရင်တော့ စီးပွားရေး မပြေလည်မှုတွေ၊ လိုအင်ဆန္ဒ မပြည့်ဝမှုတွေ၊ တစ်ယောက်တည်း နေထိုင်ပြီး မိသားစုဘ၀ မရှိဘဲ ပြန်လည်ဖေးမမှု မရှိတဲ့ သူတွေမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်နေတာ ကို တွေ့ ရတယ်။ ရဲတပ်ကြပ် တစ်ဦးကလည်း အရင်လတုန်းက စီးပွားရေး အဆင်မပြေလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးတယ်'' ဟု သုံးသပ် ပြောကြားသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ် မာန်ပြေ ၃ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၅၀ အရွယ်ရှိ အမျိုးသား တစ်ဦးမှာ အသည်းကင်ဆာ ဖြစ်ပွားမှုကြောင့် နေအိမ်တွင် တစ်ဦးတည်း ရှိနေခိုက်၌ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သေဆုံးသွားသူ ၏ ညီဖြစ် သူ ကိုဝင်းနိုင်က ''ကျွန်တော့်အစ်ကို အသည်းကင်ဆာ ဖြစ်တာက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကလို့ ပြောလို့ရတယ်။ သူကျန်းမာရေး အခြေအနေကြောင့် ငွေကတော့ တော်တော်ကုန်ခဲ့တယ်။ အိမ်ဂရန် ပေါင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း သူစိတ်မကောင်းဖြစ်လို့ ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တယ်လို့လည်း ထင်ပါတယ်'' ဟု ဆိုသည်။

ယင်းဖြစ်စဉ်ကို သာကေတ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။ပြည်တွင်း ၌ မိမိ ကိုယ်ကိုယ်မိမိ အဆုံးစီရင်မှု များပြားလာခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက ''ဒီလိုဖြစ်စဉ်တွေမှာ ဖြစ်လာတာ မကောင်းဘူးလို့ မြင်တယ်။ လူတစ်ယောက်ရဲ့ အနေအထားက ဖြစ်တည်လာဖို့ဆိုတာ ဘာသာရေးအရ ကြည့်မယ်ဆိုရင် အင်မတန် ရခဲပါတယ်။ နောက်ပြီး ကျွန်တော့် ခရိုင်ထဲမှာ ဆိုရင် ဆရာဝန်တွေက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ ဒီဖြစ်စဉ်တွေက ဘာကြောင့် အဖြစ်များလာတာလဲ ဆိုတာကလည်း ပြောဖို့ အင်မတန်ခက်တဲ့ အနေအထားပါ'' ဟု ပြောကြားသည်။

ပြောင်းလဲလာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် စိတ်ရောဂါတွေ အဖြစ်များလာပါတယ်။ စားဝတ်နေရေး အတွက် လူတွေက အရင်ကထက် ပိုရုန်းကန်နေရတယ်။ အရင်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့ လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အခုခေတ်မှာ မိသားစု တစ်စုလုံးနီးပါး အလုပ်လုပ်ရတယ်...

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ဘော်ဒါဆောင် တစ်ခုတွင် ရတနာပုံ နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦးမှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက် ညနေပိုင်းက နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံး ခဲ့ကြောင်း သိရသည်။ကြိုးဆွဲချ သေဆုံးခဲ့သူသည် ၀ါဆို လပြည့် ကျောင်းပိတ်ရက်နေ အိမ်မှ ပြန်လာစဉ် အခြားမည်သူနှင့်မှ စကားပြောဆိုခြင်း မရှိဘဲ အခင်းဖြစ်နေ့တွင် ကျောင်းမတက်ဘဲ အခန်းတံခါးအား ပိတ်ထားသောကြောင့် သူငယ်ချင်းဖြစ်သူက ကျောင်းမှ အပြန် သတိထားမိပြီး အခန်းတံခါးအား ဖွင့်ကြည့်ရာမှ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ၏ အခန်းတွင်းမှ လက်ရေးမူဖြင့် ရေးသားထားသည့် မှုခင်းဇာတ်လမ်း စာအုပ်နှစ်အုပ်အား တွေ့ရှိခဲ့ရပြီး သေဆုံးသူသည် ပတ်ဝန်းကျင်ဖြင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားဖူးကြောင်း ရဲစစ်ချက်အရ သိရသည်။စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက် တာကျော်စိုးက ''ဆေးရုံကိုလာပြီး ဆေးကုသမှု ခံယူနေရတဲ့ လူနာအများစုက ပြဿနာ အကြောင်းရင်း တစ်ခုတည်းနဲ့ လာတာရှားတယ်။ အကြောင်းရင်း ပေါင်းစုံနဲ့ ရောက်လာတာ များပါတယ်။

ဥပမာ-ကင်ဆာရောဂါ ခံစားနေရတဲ့သူ တစ်ယောက်က အိမ်ထောင်ဦးစီး ဖြစ်နေမယ်ဆိုရင် သူ့မိသားစု အရေးကို ပူပန်ရတာနဲ့ နောက်ဆက်တွဲ စိတ်ကျရောဂါ ဖြစ်လာမယ်။ ဖြစ်လာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မနေရင် စိတ်ကျရောဂါ ဖြစ်မှာပဲ။ အချို့တွေကတော့ ဆေးရုံမရောက်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ တွေရှိတယ်။ ပြောင်းလဲလာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် စိတ်ရောဂါတွေ အဖြစ်များလာပါတယ်။ စားဝတ်နေရေး အတွက် လူတွေက အရင်ကထက် ပိုရုန်းကန်နေရတယ်။ အရင်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့ လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အခုခေတ်မှာ မိသားစု တစ်စုလုံးနီးပါး အလုပ်လုပ်ရတယ်'' ဟု ဇူလိုင်လ အတွင်းက သုံးသပ် ပြောကြားခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆေးတက္ကသိုလ် ၂ တွင် ကထိက တာဝန် ထမ်းဆောင်နေသည့် အသက် ၄၀ နှစ်အရွယ် အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးသည် စက်တင်ဘာ ၃ ရက်က ၎င်းနေထိုင်ရာ နေအိမ်အတွင်း ခုတင်ဘေး ကြမ်းပြင်တွင် လက်ကောက်ဝတ် နေရာ၌ ဆေးထိုးအပ် တန်းလန်းဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ သေဆုံးမှုမှာ မိမိကိုယ်ကိုယ် မိမိသတ်သေသည်ဟု ကနဦး စစ်ဆေးချက်အရ အတည်ပြုထားပြီး မည်သို့သောနည်းဖြင့် သတ်သေခဲ့သည်ကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ အမှုပေါင်း ၇၆ မှု ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် ဆွဲကြိုးချသေဆုံးမှု ၁၁၂ မှု၊ ၂၀၁၂ ခုနှစ်တွင် ၁၂၁ မှု ရှိခဲ့ကြောင်း သိရပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်းနှင့် ထိုသို့ မိမိကိုယ်ကိုယ် သက်သေသူများမှာ စိတ်ကယောင်ချောက်ချား ဖြစ်သူများ၊ ကုသ၍ မရသော ရောဂါရှင်များ၊ စီးပွားရေးလုပ်ငန်း မပြေလည်များ၊ စိတ်ကျ ဝေဒနာ ခံစားနေရသူများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

eleven media group

ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေးစီမံကိန်းမှ သတိပေး နှိုးဆော်ချက်ထုတ်ပြန်


ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တံတား တည်ဆောက်ရေးစီမံကိန်းမှဖြတ်သန်းသွားမည့်မော်တော်ယာဉ်များညပိုင်း
ပြောင်းလဲမောင်နှင်ရမည့်လမ်းကြောင်းကို
သတိပေး နှိုးဆော်ချက်ထုတ်ပြန်ထားသည်။
Popular Myanmar News Journal

မဟာဗန္ဓုလတံတားအဆင်းတွင် နစ်ဆန်းယာဉ်ဘရိတ်ပေါက်ကာ တံတားလက်ရန်းဝင်တိုက်


ယနေ့ နေ့လည်၁၂၃၀ အချိန်က ဗိုလ်တထောင်မြို့နယ်ဘက်မှ
ဒေါပုံမြို့နယ်ဘက်သို့ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း
ဦး--၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၄ခ/---- နစ်ဆန်း၊ဒီဇယ်ယာဉ်သည် ဒေါပုံမြို့နယ်၊
မဟာဗန္ဓုလတံတား အဆင်းအရောက်တွင် ဘရိတ်ပေါက်၍
တံတား၏ယာဘက်ခြမ်း လူသွားစင်္ကြန်အားကျော်တက်ကာ
တံတားတိုင်အမှတ် D2 နှင့်D3ကြားရှိ လက်ရန်းအားတိုက်မိခဲ့သဖြင့်
တံတားလက်ရန်း (၂၅) ပေခန့်၊ တံတားအားမီးပေးသည့် ဓါတ်တိုင် (၁)တိုင်၊
အချက်ပြမီးတပ်ဆင်ထားသည့် ဓါတ်တိုင်(၁)တိုင်တို့ ကျိုးပဲ့ပျက်ဆီးသွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်
ယာဉ်မောင်း ဦး---အား ဒေါပုံမြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၃၊
ပုဒ်မ၂၇၉ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Policeသတင်းရသည်။
Popular Myanmar News Journal

ဗြိတိန်တွင် ရက်လွန်ကျောင်းသားဗီဇာဖြင့် နေထိုင်သူ မူဆလင်တစ်ဦးက ဘရစ်စတိုးမြို့သူ မိန်းမပျိုတစ်ဦးကို မုဒိမ်းကျင့်




ရက်လွန်ကျောင်းသားဗီဇာဖြင့် ဗြိတိန်တွင် တရားမဝင် နေထိုင်သူ မူဆလင်တစ်ဦးက ဘရစ်စတိုးမြို့မှ မိန်းမပျိုတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်။

မိန်းမပျိုတစ်ဦး ပါတီမှ ပြန်လာပြီး သူမ၏ နေအိမ်အခန်းတွင်း အိပ်နေစဉ် အဆာ အူဒင်မှ မုဒိမ်းကျင့်ခဲ့သည့်အမှုအား တရားရုံးတော်၌ ကြားနာခဲ့သည်။

စက်တင်ဘာ ၅ ရက်၊ ကြာသပတေးနေ့က ဘရစ်စတိုးခရောင်း တရားရုံးမှ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သူ အဆာ အူဒင်အား ထောင်ဒဏ် ၃ နှစ်ကျခဲ့စေရန်နှင့် ထောင်ဒဏ်ကျခံပြီးပါကလည်း ၎င်း၏နိုင်ငံ ပါကစ္စတန်သို့ ပြန်ပို့ရန် အမိန့်ချမှတ်ခဲ့သည်။

အမိန့်ချမှတ်ပြီးနောက် တရားသူကြီး မာတင် ပစ်တင်က အူဒင်အား ဤသို့ ပြောကြားခဲ့သည်။

"Rape is a very serious offence. It was a gross invasion of her privacy and physical security.

"It has hurt her very, very badly. She will live with the effects all her life."

"မုဒိမ်းမှုဆိုတာ သိပ်ကိုဆိုးရွားတဲ့ စော်ကားမှုတစ်ခုပဲ။ ဒါဟာ သူမရဲ့ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ အဆိုးရွားဆုံး ထိခိုက်ကျူးလွန်လိုက်တာ ဖြစ်တယ်။ ဒီ ဒဏ်ရာကို သူမဟာ အလွန့် အလွန်ကိုပဲ ထိထိခိုက်ခိုက် ခံစားရလိမ့်မယ်။ သူမဟာ ဒီအရိပ်မည်းကြီးနှင့် တစ်သက်လုံး နေသွားရတော့မယ်"
______________________________

Myo Min Thant ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)


ခွေးကိုဆဲတဲ့မြန်မာအလုပ်သမားကို ထိုင်းလူမျိုးက သေနတ်ဖြင့်ပစ်သတ်



ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ် ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမား တစ်ဦး အား ခွေးကို ဆဲဆိုသဖြင့် ထိုင်းလူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆နာရီကျော်ခန့် က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသည့် ရာဘာခြံ အလုပ်သမားတစ်ဦး အချိုရည်နှင့် မုန်းများ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန် လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှ စောင့်နေပြီး ညာဘက်ရင်အုံနှင့် ညာဘက် မျက်ခုံး အပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်၂ချက် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
ဦးလေး တော်စပ်သူ ကိုဇေါ်ဇေါ် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။
အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ် ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေတစ်ကောင်လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်း။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်းလုပ်လို့ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စာဆို သည်။
ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပလောမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း+ ဒေါ်ထွေးရီ တို့၏ သား လူပျို 
လူလွတ်ဖြစ်ကြောင်း  သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင်တိုင် အလုပ်လုပ်ကိုင်နေ
သည့် အလုပ်သများတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင်ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ် သည်။

သတင်းဓာတ်ပုံ= ရွှေလုပ်သား
မင်းဘခက် ၆   မြတ်ညို(အလွတ်သတင်းထောက်)


မြန်မာ၏ အတိတ်နှင့်ပစ္စုပ္ပန်သို့ တံခါးဖွင့်လေ့လာခြင်း


ပုဂံမြို့...
ရှေးဟောင်းယဉ်ကျေးမှုပြတိုက်
ပြတိုက်မှန်ပုံးထဲက သူ့အတွက် သတ်မှတ်ထားသော နေရာလေးတွင် ကြာပွင့်ပုံစံဖော်ထားသည့် အနုစိတ်လက်ရာတန်ဖိုးဖြတ်ခြင်းငှာ မစွမ်းနိုင်သော သက်တမ်းအနှစ်တစ်ထောင်ခန့်ရှိ ကြေးဗုဒ္ဓဆင်းတုတော်လေးက စံနေတော်မူပါသည်။

အမေရိကန်နိုင်ငံမှ ရောက်ရှိလာသော ပြတိုက်မှူးအဖွဲ့က လက်နှိပ်ဓာတ်မီးများနှင့် အဆိုပါကြေးရုပ်တုကို ထိုးကြည့်ကြပြီး ကြာပန်းပုံဖော်ထား သည့် ကြေး ရုပ်တုလေး၏ ပန်းပွင့်ဖတ်များကို ဖွင့်လိုက်ပိတ်လိုက်လုပ်နိုင်သည်ကို သဘောအကျကြီးကျနေကြပါသည်။ ထိုရုပ်တုလေးမှာ လွန်ခဲ့သည့် အနှစ်လေးဆယ်က ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်သေတ္တာတစ်ခုထဲတွင် ပိတ်လျက်သားပုံစံနှင့် မြေပြင်ပေါ်ပေါ်ထွက်လာကာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုကြေးရုပ်တုကဲ့သို့ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြတိုက်များနှင့် ဖုန်တက်နေသော သိုလှောင်ခန်းများမှ ရှားပါးပြီးမြင်ရခဲသည့် ရှေးဟောင်း ပစ္စည်းများကို အမေရိ ကန်နိုင်ငံ နယူးယောက်မြို့၌ ၂၀၁၅ခုနှစ်တွင် အာရှလူ့အဖွဲ့အစည်းပြတိုက်က ကျင်းပသည့် မြန်မာ့ပျောက်ကွယ်နေသော ဗုဒ္ဓလက်ရာများပြပွဲတွင် ခင်းကျင်းပြသသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ စနစ်သို့ သွားရာလမ်းကြောင်းတွင် ပြဿနာများနှင့် ရှုပ်ထွေးနေပြီး ဗုဒ္ဓဘာသာအစွန်းရောက်များက မွတ်ဆလင်လူနည်းစုများကို တိုက်ခိုက်နေသည်ဆိုသည့် အသံများပေါ်ထွက်နေသည့်အချိန်တွင် ဗြိတိသျှကိုလိုနီခေတ်နှင့် စစ်အစိုးရခေတ်များ၌ တိမ်မြုပ်နေခဲ့သည့် အစောပိုင်းဗုဒ္ဓဘာသာ အနုပညာလက်ရာများက မြန်မာနိုင်ငံ၏ တမူကွဲပြားခြားနားမှုပုံစံ တစ်မျိုးကို ပြသနေပါသည်။

အမေရိကန်ပြတိုက်မှူးများက လှောင်အိုက်နေသော ပုဂံပြတိုက်မြေအောက်ထပ်ကို ရှာဖွေမွှေနှောက်ကြည့်ခဲ့ရာမှာ တစ်ချိန်က ဧရာဝတီမြစ်ကမ်းဘေးနန်းတော်မှာ ခမ်းနားစွာအသုံးပြုခဲ့သော နန်းတွင်းသုံးအိုးကြီးများကို တွေ့ခဲ့ရပါသည်။ ရွှေရောင်ဆေးသုတ်ထားသော သစ်သားဘုန်းကြီးကျောင်းသေတ္တာများတွင် သိမ်းထားသည့် ထန်းရွက်၊ ပေရွက်များ၊ စာမူများကလည်း ဆေးများပြယ်နေပါပြီ။ ပြည်မြို့မှ စာကြည့်တိုက်ဟောင်းတစ်ခုမှာ ရွှံ့များဖုံးနေသည့် မှန်ပုံးများထဲက စဖနင်ပုံစံရုပ်တုများကိုလည်း သူတို့ကခက်ခက်ခဲခဲ လေ့လာကြည့်ရှုခဲ့ကြ သည်။

“ဒီပြပွဲက မြန်မာကို ပြန်လည်ပေါ်ထွက်လာစေလိမ့်မယ်။ နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့တဲ့နိုင်ငံလေ။ ဒီပြပွဲက တကယ့်ကို မြန်မာဆိုတာ သိသိသာသာဖြစ်လာစေမယ်လို့ ကျွန်မထင်တယ်။ အရင်တုန်းက တစ်ခါမှမမြင်ဖူးတာတွေ ပြမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာက မြန်မာနိုင်ငံရဲ့
ဘာသာဖြစ်ပြီး နေ့စဉ်ဘ၀မှာ အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါတယ်” ဟု ၂၀၁၅ တွင်ပြသမည့် ပြပွဲကို စီစဉ်နေသူ အာရှလူ့အဖွဲ့ အစည်းပြတိုက်မှ ညွှန်ကြားရေးမှူး မယ်လီဆာချူးက ပြောသည်။

ပြတိုက်မှူးများအဖွဲ့က မြန်မာနိုင်ငံ၏ မြို့တော်ဟောင်းရန်ကုန်၊ မြို့တော်သစ်နေပြည်တော်၊ ပြည်နှင့် ၁၃ ရာစုနှစ်မှာ ဘုရင့်နေ ပြည်တော်ဖြစ်ခဲ့ဖူးသည့် ဘုရားပုထိုးများတည်ရှိရာ ပုဂံဒေသတို့ တွင် ရှာဖွေမှုများ ပြုလုပ်ခဲ့ပါ သည်။ မြန်မာ၏ အကျော်ကြားဆုံး ခရီးသွားဒေသတစ်ခုဖြစ်သည့် ရှေးဟောင်းမြို့တော်ပုဂံမှ ရှေးဟောင်းရွှေလက်ဝတ်ရတနာ များကို ယနေ့တိုင် လယ်သမားများက တူးဖော်ရရှိနေသည့် နေရာဖြစ်ပါသည်။

ယခုကဲ့သို့ ပြပွဲအတွက်ရှေးဟောင်းပစ္စည်းများ လိုက်လံရှာဖွေခြင်းကို သမ္မတဦးသိန်းစိန်က ပံ့ပိုးခဲ့ပါသည်။ သမ္မတဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို လာရောက်စဉ်က ၂၀၁၅ ခုနှစ် နယူးယောက်မြို့တွင် ပြသမည့် ပြပွဲအတွက် ဒါဇင်နှင့်ချီသည့်
ရှေးဟောင်းအနုပညာလက်ရာများကို ငှားရမ်းရန် အတည်ပြုပေးခဲ့သည့်အပြင် သာမန်လူများအား ခွင့်မပြုခဲ့သည့် နေရာများကိုလည်း အမေရိကန်ပြတိုက်မှူးများ သွားခွင့်ပေးခဲ့ပါသည်။ ပြပွဲတွင် ပြသရန် ရည်ရွယ်ထားသည့် ပစ္စည်းအမျိုး ၇၀ အနက် သုံးပုံတစ်ပုံမှာ မြန်မာနိုင်ငံမှ ခေတ္တငှားယူထားသည့် ရှေးဟောင်းပစ္စည်းများဖြစ်သည်ဟု မစ္စစ်ချူးကဆိုသည်။

မြန်မာအနုပညာလက်ရာများကို ခေတ္တငှားယူပြသခြင်းအတွက် အပြန်အလှန်အစီအစဉ်အရ အာရှလူ့အဖွဲ့အစည်းကလည်း ရှေးဟောင်းပစ္စည်းများထိန်းသိမ်းခြင်းနည်းပညာများကို မြန်မာပြတိုက်ဝန်ထမ်း သင်တန်းပေးရန် သဘောတူခဲ့ပါသည်။
အမေရိကန်ဒေါ်လာ တစ်သိန်းခန့်ရှိ အစိုးရအသုံးစရိတ်ဖြင့် အဆိုပါဝန်ထမ်းများက မြန်မာပြတိုက်များကို လျှပ်စစ်မီး၊ လေအေးပေး
စက်များအတွက် လောက်ငအောင် သုံးစွဲနေရပါသည်။ လိုအပ်သည်များကို ၀ယ်ယူရန်လည်း ငွေကြေးမရှိပါ။

အမေရိကန်ပြတိုက်မှူးများအား သူတို့စိတ်ကြိုက်ပြသရန် မြန်မာအစိုးရကပစ္စည်းများ ငှားရမ်းခဲ့သော်လည်း အချို့ပစ္စည်းများမှာ နယူးယောက်ကို သယ်ယူရန် အလွန်တန်ဖိုးကြီးလွန်းလှပါသည်။ ထိုအထဲတွင် ၁၈၈၅ ခုနှစ်၌ မန္တလေးနန်းတော်မှ ဗြိတိသျှ
စစ်တပ်ဝင်ရောက်မဖျက်ဆီးမီ နန်းတွင်းတရားရုံးမှ ပုံထုထွင်းထားသည့် တံခါးလည်းပါဝင်သည်။

ထိုတံခါးရွက်က နိမ့်နိမ့်လေးဖြစ်ပြီး မြန်မာဘုရင်ဆီကို အခစားဝင်သူမှန်သမျှ ဦးမညွှတ်ဘဲ ၀င်ရန်မဖြစ်နိုင်အောင် ပြုလုပ်ထားခဲ့ဟန်တူသည်။ အမေရိကန်ပြတိုက်မှူးများက ထိုပစ္စည်းကို ငှားချင်သော်လည်း အမျိုးသားပြတိုက်မှူး၊ ညွှန်ကြားရေးမှူးများက တစ်ချက်လွှတ်အာဏာသုံးကာ ပယ်ချခဲ့သော ပစ္စည်းများထဲကတစ်ခုဖြစ်ပါသည်။

“ဘယ်ဖြစ်ပါ့မလဲ” ဟု အမျိုးသားပြတိုက် ဒုတိယညွှန်ကြားရေးမှူးဟောင်း ဒေါ်နုမရဇံကပြောကြားသည်။

သို့သော်လည်းသူတို့မှာ ရွေးချယ်စရာကျောက်တုံး၊ ကြေးနှင့် သစ်သားဗုဒ္ဓရုပ်တုတော် အတော်များများ ကျန်ရှိပါသည်။ တချို့ရုပ်တုများက တခြားနာမည်ကြီး ဆင်းတုများနှင့် ခပ်ဆင်ဆင်တူ၏။ တချို့ရုပ်တုများမှာ အတုဟု ဆုံးဖြတ်ခံရသည်လည်း ရှိသည်။ သို့သော်လည်း တကယ့်ကို အမြောက်အမြားဖြစ်နေသည့်အတွက် ပြပွဲအတွက် ဘယ်အရာကို ရွေးရမည်လဲဆိုသည်ကို ဆုံးဖြတ်ရခက်လှကြောင်း ပြတိုက်မှူးများက ဆိုသည်။

၁၂ ရာစုခေတ်က ဗုဒ္ဓဘုရားရှင်က မယ်တော်နတ်သားကို တရားဟောပြီး နတ်ပြည်မှ ပြန် ကြွလာဟန် သစ်သားရုပ်လုံးကြွကမူ ပြတိုက်မှူးများ၏ ပထမဦးစားပေးစာရင်းထဲတွင် ပါဝင် သည်။

“အဲဒါကတော့ တကယ့်ကို အရမ်းကောင်းတဲ့ လက်ရာပါပဲရှင်။ ဒါကို ထိန်းသိမ်းထားနိုင်တာ ကံကောင်းလိုက်တာ။ ဒါက ဘုရားတစ်ခုရဲ့ အတွင်းထဲမှာ ဒါမှမဟုတ် အရိပ်ရတဲ့နေရာမှာ ရှိခဲ့လို့ဖြစ်မယ်”ဟု ထိုရုပ်ကြွလက်ရာကို သဘောကျနှစ်သက်သည့် ပြပွဲမှူးတစ်ဦးဖြစ်သည့် ဆာလီဗီယာဖရာဇာဘူလကပြောပါသည်။

နယူးယောက်မှ ရှေးဟောင်း အနုပညာလက်ရာများကို သဘောကျသည့်ပရိသတ်များအတွက် ၁၁ ရာစုနှစ်လက်ရာသိဒတ္တမင်းသား တောထွက်ပြီး ဆံပယ်နေသည့်ပုံထွင်းထားသည့် ကျောက်ဆစ်လက်ရာတစ်ခုကိုလည်း ပြတိုက်မှူးများက သဘောကျကြသည်။ “အဲဒီအရုပ်ကတော့ ပြပွဲရဲ့ သင်္ကေတတစ်ခုတောင် ဖြစ်လာနိုင်တယ်” ဟု အာရှလူ့အဖွဲ့အစည်းအနုပညာပြတိုက်ညွှန်ကြားရေးမှူး
မစ္စစ်ချူးကဆိုသည်။

နှစ်ပေါင်းများစွာ ရှေးဟောင်းပစ္စည်းဖောက်ထွင်းသူများက မြန်မာရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ဖျက်ဆီးဖောက်ဖျက်ခဲ့ကြသည်။ ၁၈၈၅ ခု နှစ် အင်္ဂလိပ်မြန်မာစစ်ပွဲတွင် ကြေးမုံများ၊ ပေစာများ၊ လက်ဝတ် ရတနာများကို ဗြိတိသျှစစ်သားများက ခိုးယူလုယက်ခဲ့ကြသည်ဟု ၁၉၇၀ ပြည့်နှစ်က မြန်မာပြည်တွင် နေခဲ့ဖူးသည့် မစ္စစ်ချူးကရှင်းပြသည်။ ၁၉၂၀တွင် ဂျာမန်ရှေးဟောင်းပစ္စည်းရှာဖွေသူများက ဘုန်းကြီးကျောင်းများ၏ နံရံများကို ခွာယူခဲ့ကြသည်။

၁၉၆၂ မှ ၂၀၁၁ ခုနှစ် စစ်အစိုးရအာဏာရှင်များ လက်ထက်တွင် ဘုန်းကြီးကျောင်းများရှိ ရှေးဟောင်းပစ္စည်းများကို အစိုးရနှင့်ပတ်သက်သည့် ပစ္စည်းခိုးထုတ်သူများရန်မှ ကာကွယ်ရန် ဘုန်းကြီးများကကာကွယ်စောင့်ရှောက်ခဲ့ရသည်ဟု ဘုန်းတော် ကြီးများက မစ္စစ်ချူးကိုပြောကြားခဲ့ သည်။

အချို့ကျောက်ဆင်းတုဗုဒ္ဓရုပ်ပွားတော်များကမူ ခိုးသူများသယ်ဆောင်ရန်အတွက် အလွန်ကြီးနေသဖြင့် မြန်မာနိုင်ငံတွင် ရှိနေဆဲဖြစ်ပါသည်။ ထို့အတွက် နယူးယောက်တွင်ပြသမည့် ပြပွဲ က မြန်မာနိုင်ငံ၏ ပြင်ပတွင် ထို ဆင်းတုတော်များကို ပထမဆုံး အကြိမ် ပြသမည့်ပွဲလည်း ဖြစ်ပါ သည်။

“မြန်မာပြည်အပြင်ဘက်မှာ ပုဂံခေတ်လက်ရာ ကျောက်ဆင်းတု တစ်ဆူမှမရှိသေးဘူး” ဟု မြန်မာဗုဒ္ဓအမွေအနှစ်စာအုပ်များကို ရေးသားခဲ့သူ စာရေးဆရာ ဒေါ် နယ်လ်စထရက်တာနာကဆိုသည်။

အမေရိကန်ပြတိုက်မှူးများ၏ နောက်ဆုံးခရီးစဉ်က ပြည်မြို့မှ ပြတိုက်ပဲဖြစ်ပါသည်။ ထိုပြတိုက်တွင် မြေကြီးထဲမှတူးဖော်ရရှိခဲ့သည့် အနှစ် ၁၅၀၀ သက်တမ်းရှိ ကြေးဗုဒ္ဓရုပ်တုအား အစိမ်းရောင်ပလတ်စတစ်စားပွဲခင်းပေါ်တွင် မတ်တတ်ရပ်စံနေသည်ကို သူတို့တွေ့ခဲ့ကြသည်။ ထိုဆင်းတုကို လယ်သမားတစ်ဦးက ၂၀၀၅ ခုနှစ်တွင် လယ်ထွန်ရင်းရလာခဲ့သည်ဟု ရှေးဟောင်းယဉ်ကျေးမှုဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းလွင်က ပြောကြားသည်။

“အဲဒီလယ်သမားက ဒါကိုထွန်မိတာပဲ။ ကံကောင်းတာက မကျိုးပဲ့ခဲ့ဘူး”

မာကျောသောကြေးဗုဒ္ဓရုပ်တုများကို နယူးယောက်ကို သယ်ယူရသည်မှာ အန္တရာယ်သိပ်မများပါ။ ပြဿနာမရှိပါ။ သို့သော်ကျိုးပဲ့လွယ်သည့် ပုဂံရှိ ကြာပွင့်ပုံ ရှေးဟောင်းပစ္စည်းများကို နိုင်ငံအပြင်ဘက် သယ်ယူရန် အစိုးရဆီမှ အထူးခွင့်ပြုချက်လိုသည်ဟု မစ္စစ်ချူးက ရှင်းပြသည်။

ပုဂံပြတိုက်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဘေဘီက ထိုကြာပန်းပွင့်လက်ရာကို နယူးယောက်တွင် ခေတ္တပြသရန် ယူသွားသင့်သည်ဟုဆိုပါသည်။

“ဒီမှာပြထားတဲ့ ပစ္စည်းတွေ အားလုံးကျွန်မရင်ထဲမှာ စွဲနေအောင် မှတ်ထားတယ်။ နေ့တိုင်းပြတိုက်က ပစ္စည်းတစ်ထောင်ကို ကျွန်မစစ်ရတယ်။ နယူးယောက်ပြတိုက်ကို ခဏငှားပြတာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အမြဲတမ်းတော့ ဘယ်ဟုတ်ပါ့မလဲရှင်”

(နယူးယောက်တိုင်းမ်သတင်းစာပါ ဆောင်းပါးရှင် Jane Parlez ၏ Opening a Door to Burmese Past, and the Present, Tool ကို ထားထားမြင့် ဘာသာပြန်ဆိုသည်)
7Day News Journal

ဒေါ်အောင်ဆန်းစုကြည်နဲ.အလိုတော်ပြည့်ဆရာတော်ကြီးတွေ.ဆုံ





အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ.မနက် ၉ နာရီက ရန်ကုန်မြို.တာမွေမြို.နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်သို.သွားရောက်ပြီး အလိုတော်ပြည့်ဆရာတော်ကြီးဘဒ္ဒ န္တအရိယ၀ံသ ကိုတွေ.ဆုံဖူးမျှော်ပါတယ်။

အဲဒီနောက် ဆရာတော်ကြီးနဲ. ဘာသာရေး၊လူမှုရေး
နိုင်ငံရေးကိစ္စတွေကို ၁ နာရီကြာတွေ.ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စနဲ.ပတ်သက်ပြီးတော့လဲ လူမျိုးရေး ဘာသာရေး အစွန်းမရောက်ကြဘဲ ငြိမ်းချမ်းတဲ့ အဖြေတခုရရှိအောင်ဆောင်ရွက်
ဖို.လည်းထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို. အဲဒီတွေ.ဆုံမှုအပြီးမှာ အလိုတော်ပြည့်ဆရာတော်ကြီးက မိန်.ကြားခဲ့ပါတယ်။

Credit : DVB TV News

အိန္ဒိယ မြောက်ပိုင်းက အွတ်တာ ပရာဒတ်ရှ်မှာ မွတ်စလင် နဲ့ အဓိကရုဏ်း ဖြစ်



အိန္ဒိယ မြောက်ပိုင်းက အွတ်တာ ပရာဒတ်ရှ်မှာ မွတ်စလင် နဲ့ အဓိကရုဏ်း ဖြစ် ပွါးခဲ့ရာ၁၂ သေဆုံးခဲ့ ပါတယ်

ထုံးစံအတိုင်း ဩဂုတ်လ ၂၇-ရက်နေ့က ဖြစ်ခဲ့တဲ့ မုဒိမ်းမှု (မဖွယ်မရာ ကိုင်တွယ်မှု) ကနေစတာပါ။

အဲဒီမှာ သေတဲ့သူသေ အဖမ်းခံရသူရဖြစ်တော့ ဖမ်းခံရတဲ့ သူတွေကို လွှတ်ပေးဖို့နဲ့ သေတဲ့ သူတွေကို လျော်ကြေးပေးဖို့ မျိုးချစ်တွေက လူထုအစည်းအဝေးလုပ်ပြီး တောင်းဆိုကြပါတယ်။


ဖြစ်ချင်တော့ အဲဒီ အစည်းအဝေးက ပြန်လာတဲ့ သူတွေကို ငြိမ်းချမ်းရေးလိုလားသူ မွတ်စလင် တွေက လမ်းမှာ စောင့်ပြီး ဖန်ဆင်းရှင် အလိုကျ ဝိုင်းရိုက်ပါတယ်။

အဲဒီမှာတင် ဒန်တန်တန် ဖြစ်ကုန်တော့တာပါပဲ။

ဒုတ်တွေဓားတွေလှံတွေ အပြင် ဒိုင်းညှောင့်တွေပါ ပါတယ်လို့သိရပါတယ်။

သတင်းထောက်တွေကိုလည်း လူထုက ဝိုင်းပြီးဗျင်းလွှတ်လို့ ခွေးပြေးဝက်ပြေးပြေးရပါတယ်တဲ့။

အစိုးရ သတင်းထောက် တစ်ဦးကတော့ ဝိုင်းရိုက်သတ်လို့ သေရှာပါပြီ။ အခုတော့ ကာဖြူးထုတ်ထားတဲ့ အပြင် စစ်တပ်က တစ်လမ်းဝင် တစ်လမ်း ထွက် ငြိမ်ဝပ်ပိပြားရေး လုပ်နေပါတယ်။

အသေးစိတ် သတင်းတွေ ကို အောက်မှာဖတ်လို့ရပါတယ်

http://timesofindia.indiatimes.com/india/Army-called-in-after-communal-violence-kills-nine-in-UPs-Muzaffarnagar-curfew-imposed/articleshow/22403823.cms

http://indiatoday.intoday.in/story/muzaffarnagar-communal-violence-army-curfew-ibn7-correspondent-rajesh-verma/1/308815.html

ရာဇာဓိ ရာဇာ

ကံ၊ ကံ၏အကျိုးပေးကို ယုံကြည်မှု ( ၁ )


လူအများစုတွေမှာ ကံနှင့် ကံ၏အကျိုးပေးတွေကို နားလည်ခွင့် မရကြရှာပါဘူး။ အခြေအနေအမျိုးမျိုး အကြောင်းအမျိုးမျိုးတွေကြောင့် ဒီအခွင့်အရေးနှင့် အလှမ်းဝေးကြရှာပါတယ်။

အဲဒါကြောင့်လည်း သတ္တ၀ါတွေရဲ့ ဖြစ်စဉ်နဲ့  ပါတ်သက်လို့ သူတို့ တတွေ အမျိုးမျိုး ထင်မြင်ယူဆ တွေးတောကြတယ်။

ယုံကြည်လောက်အောင် ပြောဆိုလာခဲ့လျှင်လည်း ယုံကြည်လက်ခံကြရှာတယ်။ တန်ခိုးတော်တို့  ဖန်ဆင်းမှုမျိုးတွေနဲ့ လည်း လုံးထွေးရစ်ပတ် နစ်မွန်းကြရရှာပါတယ်။

တန်ခိုးရှင် ဖန်ဆင်းရှင်တွေရဲ့ လက်အောက်ခံ ပြုသမျှနုရသူတွေ လို့ သူတို့ ကိုယ် သူတို့  သတ်မှတ်ထားကြရှာတယ်။

သူတို့ ရဲ့ဘ၀တွေကို အပ်နှံပြီး တန်ခိုးရှင် ဖန်ဆင်းရှင်တွေ စီမံပေးသလို ခံယူရမယ်ဆိုတဲ့ အသိလောက်ကိုသာ ရနိုင်ရှာကြတယ်။

သူတို့ ရဲ့ လုပ်နိုင်စွမ်းကို ရိုက်ချိုးထားကြသလို သူတို့ ရဲ့ လုပ်ပိုင်ခွင့်ကိုလည်း သူတို့ ကိုယ်တိုင် ဖျက်ဆီးထားကြရှာတယ်။

တန်ခိုးရှင် ဖန်ဆင်းရှင် အပြစ်ပေးမှာကို ဒဏ်ခတ်မှာကို စိုးရိမ်ကြောက်လန့်  နေကြရရှာတယ်။

ဗြဟ္မာဆိုရင်လည်း ကြောက်ရ အဆွယ်အပွား အနေနဲ့  နတ်ဆိုရင်လည်း ကြောက်ရရှာတယ်။

အဲဒီကြောက်စိတ် တွေကြောင့်ပဲ နတ်တွေ၊ ဗြဟ္မာတွေ၊ ဖန်ဆင်းရှင်တွေကို ရည်ရော်တမ်းတပြီး အသနားခံကြရရှာတယ်။ တောင်းပန်ကြရရှာတယ်။ ကယ်တင်စောင့်ရှောက် ပေးတော်မူပါရန်အကြောင်း တစာစာအပူကပ်လို့  တောင်းဆိုနေကြရရှာတယ်။

အချို့ လည်း ရှေးဘ၀၊ နောက်ဘ၀ရှိကြောင်း လက်မခံနိုင်ရှာကြဘူး။
ဒီဘ၀ပြီးရင် ပြီးပြီဆိုတဲ့ သဘောအသိ လောက်ကလေးနဲ့ ပဲ ကျေနပ်နေကြရရှာတယ်။

အဲဒီအသိကြောင့်ပဲ ပစ္စုပ္ပန် အနာဂါတ်ကောင်းကျိုးတွေကို ဖန်တီးနိုင်စွမ်းတဲ့ သူတို့ တွေရဲ့ အစွမ်းအစတွေကို အသုံမပြုနိုင်ကြပဲ တန်ဖိုးရှိတဲ့ လက်ရှိတစ်ဘ၀တာကို ကြုံလာသမျှ အကုသိုလ် ဒုစရိုက် အလုပ်တွေနဲ့  ကုန်ဆုံးစေကြရှာတယ်။

တကယ်တော့ သတ္တ၀ါတွေ ကောင်းကျိုးဆိုးကျိုး ခံစားရမှု၊ သံသရာမှာ ကျင်လည်ရမှု၊ သံသရာမှ လွတ်မြောက်ရမှုတွေဟာ ဒီသတ္တ၀ါတွေ ကိုယ်တိုင် အတိတ်နဲ့  ပစ္စုပ္ပန်မှာ ပြုလုပ်ပြောဆို ကြံစည်မှုဆိုတဲ့ ကံအကြောင်းတရားတွေ ကြောင့်သာဖြစ်ပါတယ်။ ဘယ်လိုဖန်ဆင်းရှင်ကမှ ၀င်ရောက် စွက်ဖက်လို့ မှ မရပါဘူး။

ဥုံဖွမန်းမှုတ်လို့  မဟုတ်သလို တစ်စုံတစ်ယောက်က အဆုံးအဖြတ်ပေး အမိန့် ချမှတ်ပေးလို့ လည်း မဟုတ်ပါဘူး။

ပွင့်တော်မူသွားကြတဲ့ ဘုရားရှင်တွေ၊ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေ၊ အဂ္ဂသာဝက၊ မဟာသာဝက အရှင်သူမြတ်တွေ မရေမတွက်နိုင်လောက်အောင်ကို များပြားလှပါတယ်။

ဒီအလောင်းတော်မြတ်တွေဟာ ဘုရားဖြစ်အောင်၊ ပစ္စေကဗုဒ္ဓါဖြစ်အောင်၊ အဂ္ဂသာဝက မဟာသာဝကဖြစ်အောင် ကျင့်ကြံအားထုတ်မှု အကြောင်းကံကို သူတို့ ကိုယ်တော်တိုင် လုပ်ဆောင်တော်မူခဲ့ကြလို့  ဘုရားဖြစ်မှု၊ ပစ္စေကဗုဒ္ဓါဖြစ်မှု၊ အဂ္ဂသာဝက မဟာသာဝကဖြစ်မှု ဆိုတဲ့ အကျိုးထူးတွေကို ရရှသွားကြတာဖြစ်ပါတယ်။

အခြားသော အရိယာအရှင်သူမြတ်တွေလည်း သူတို့ ကိုယ်တိုင် ကျင့်ကြံအားထုတ်လို့  မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို သိမြင်တော်မူကြတာ ဖြစ်ပါတယ်။ ဘ၀ဇာတ်ကို အဆုံးသတ်တော်မူနိုင်ကြတာ ဖြစ်ပါတယ်။

ငရဲမှာ ဖြစ်နေရသူတွေ၊ တိရစ္ဆာန် ပြိတ္တာ တစ္ဆေ သရဲဆိုတာဖြစ်နေကြသူတွေဟာလည်း မကောင်းမှု အကုသိုလ်ကံကို သူတို့ ကိုယ်တိုင်တွေ ပြုလုပ်ခဲ့ကြလို့  ငရဲဘုံ၊ တိရစ္ဆာန် စသည်တို့ မှာ ဖြစ်တည်ခံစားနေကြရတာ ဖြစ်ပါတယ်။

အကျဉ်းချုပ်လိုက်ရင်တော့ သတ္တ၀ါအားလုံးဟာ ကိုယ်တိုင်ပြုလုပ်ခဲ့ကြသော ကုသိုလ်ကံ၊ အကုသိုလ်ကံတွေကြောင့် သက်ဆိုင်ရာ ထိုက်တန်သော အကျိုးတွေကို ရရှိခံစားကြရတာသာ ဖြစ်ပါတယ်။

သူတို့ ဘ၀တွေ အနိမ့်အမြင့်ဟာ သူတို့ လုပ်ရပ်အပေါ် မူတည်တာမို့  သူတို့ တွေရဲ့ ဘ၀ဖန်တီးရှင်ဟာ သူတို့ ကိုယ်တိုင်တွေပဲ ဖြစ်ပါတယ်။


- အရှင်နန္ဒသေနာလင်္ကာရ၏ ဘာသာရေးအနှစ်သာရများ