မဟာဗန္ဓုလတံတားအဆင်းတွင် နစ်ဆန်းယာဉ်ဘရိတ်ပေါက်ကာ တံတားလက်ရန်းဝင်တိုက်

ပို့စ်တင်ချိန် - 9/09/2013 09:03:00 AM


ယနေ့ နေ့လည်၁၂၃၀ အချိန်က ဗိုလ်တထောင်မြို့နယ်ဘက်မှ
ဒေါပုံမြို့နယ်ဘက်သို့ မဟာဗန္ဓုလလမ်းအတိုင်း ယာဉ်မောင်း
ဦး--၊ လှိုင်သာယာမြို့နယ်နေသူ
မောင်းနှင်လာသော ၄ခ/---- နစ်ဆန်း၊ဒီဇယ်ယာဉ်သည် ဒေါပုံမြို့နယ်၊
မဟာဗန္ဓုလတံတား အဆင်းအရောက်တွင် ဘရိတ်ပေါက်၍
တံတား၏ယာဘက်ခြမ်း လူသွားစင်္ကြန်အားကျော်တက်ကာ
တံတားတိုင်အမှတ် D2 နှင့်D3ကြားရှိ လက်ရန်းအားတိုက်မိခဲ့သဖြင့်
တံတားလက်ရန်း (၂၅) ပေခန့်၊ တံတားအားမီးပေးသည့် ဓါတ်တိုင် (၁)တိုင်၊
အချက်ပြမီးတပ်ဆင်ထားသည့် ဓါတ်တိုင်(၁)တိုင်တို့ ကျိုးပဲ့ပျက်ဆီးသွားခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်
ယာဉ်မောင်း ဦး---အား ဒေါပုံမြို့မရဲစခန်းယာဉ်(ပ)၁၉/၂၀၁၃၊
ပုဒ်မ၂၇၉ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း Yangon Policeသတင်းရသည်။
Popular Myanmar News Journal