ကိုရီးယားနဲ့ ဂျပန်ကို တရုတ် နှာတစ်ဖျား သာတော့မလား

ပို့စ်တင်ချိန် - 9/09/2013 03:13:00 PM


LG Samsung နဲ့ Sony တို့ကို စိန်ခေါ်ဝင့်သူ

THA: TSJ Tech Team

လောလောလတ်လတ် ယခု လပိုင်းအတွင်းမှာကို မိုဘိုင်းဖုန်း တိုက်ပွဲတွေထဲမှာ ကိုရီးယားက Samsung နဲ့ LG... ဂျပန်က Sony တို့ အပြိုင်ကြဲပြီး သူတပြန်ကိုယ်တစ်ပြန် အသာမပေးရအောင် ဟဲဘီးဝိတ် ဖုန်းတွေ ထုတ်လို့ ပွဲကြမ်းနေကြတာ တွေ့နေရမှာ ဖြစ်ပါတယ်။

ပထမဆုံး LG က G2 ကို ထုတ်ပြီး စိန်ခေါ်ပွဲစခဲ့တဲ့ အချိန်မှာ Sony က Xperia Z1 ကို ထုတ်ပြီး တုန့်ုပြန်လိုက်ပါတယ်။ အချိန်ပိုင်းလေး အတွင်းမှာတင် Mobile Giant ကြီး ဖြစ်တဲ့ Samsung ကလည်း အကောင်းစား လက်နက် အဖြစ် Note 3 ကို ထုတ်လို့ Power ပြပြန်ပါတယ်။

လက်ရှိ LG Sony နဲ့ Samsung တို့ Premium Phone တိုက်ပွဲထဲ ၀င်ခဲ့ကြပြီး၊ မကြာခင် ရက်ပိုင်းမှာလဲ ထပ်မံ ထွက်ပေါ်လာဦးမဲ့ အမေရိကန်ရဲ့ iPhone 5S ကြီးကလည်း ဘာတွေ ဖြစ်လာမလဲ လို့ တစ်ကမ္ဘာ လုံးက စောင့်ကြည့်နေကြတဲ့ အချိန်.. ရုတ်တရက် ဆိုသလိုပဲ တရုတ်ကြီးဆီက လူသစ်တန်းဖြစ် ပေမဲ့ ခပ်စွာစွာရှိလှတဲ့ Xiaomi က သူ့ရဲ့ အကောင်းစား လက်နက်အသစ်ကို ထုတ်လို့ မိုဘိုင်းတိုက်ပွဲ ကြိုးဝိုင်းထဲ ကို ၀င်လာပြန်ပါတယ်။

သူဘယ်သူလဲ Xiaomi?

( FYI: တရုတ်နိုင်ငံ Mobile လောကမှာ Xiaomi က အဆင့် ၆ဖြစ်ပြီး Apple က အဆင့် ၇ဖြစ်ပါသတဲ့.. )

မနစ်က မိုဘိုင်းလောကမှာ အကောင်းစား Specification နဲ့ ထုတ်လုပ်ခဲ့တဲ့ သူ့ရဲ့ Mi2 Smart Phone ဟာ Top Smart Phone စာရင်းဝင်ပါတယ်။ ဒိတ်ဒိတ်ကြဲ ပြိုင်ဘက်တွေတောင် သူ့လောက် ကောင်းအောင် Spec တွေ မထည့်နိုင်ခဲ့တဲ့ အချိန်မှာ Mi2 ဟာ အလန်းစား Hardware နဲ့ အသက်သာဆုံး ဈေးနှုန်းကို ချပြလိုက်ပြီး ပြိုင်ဘက်အားလုံးရဲ့ စိတ်ဝင်စားမှုကို အရယူခဲ့ပါတယ်။

အခု နှစ်မှာလည်း မကြာသေးခင်ကမှ Google က ထိပ်တန်း အရာရှိတစ်ယောက်ကို Xiaomi က ခေါ်ယူထားခဲ့လို့ အားလုံးက စိတ်ဝင်စားနေတဲ့အချိန် အခု သူ့ရဲ့ တတိယ မျိုးဆက်သစ် Mi3 ကို ထုတ်ဖော်ပြ သကာ 2013 Smart Phone စစ်ပွဲကို ၀င်ရောက်လို့ လာခဲ့ပြန်ပါပြီ။

Specification
ဘာမှ မပြောခင် ဈေးနှုန်းအရ USD400 လောက်နဲ့ အောက်ပါ Spec တွေထပ်ဆင်ထားတဲ့ Phone တစ်လုံး ရမယ်ဆိုရင် ဒါဟာ ယုံတမ်းစကား လာပြောနေတယ်လို့ ထင်စရာပါ။

1. 2.3GHz quad-core Qualcomm Snapdragon 800 latest version 8974AB and Adreno330 (သို့မဟုတ်)
1. 1.8GHz quad-core NVIDIA Tegra 4 and NVIDIA GeForce
(Tegra 4 Processor ကို အသုံးပြုထားတဲ့ ပထမဦးဆုံးသော Smart phone)
2. 13MP Rare Camera and 2MP Front
3. 3050mA Battery
4. 2GB Ram
5. 64GB Storage
6. 5 Inch 441 PPi Display

ဒီပမာဏလောက် Hardware ပိုင်းမှာ ထည့်သွင်းထားပြီဆိုရင် LG G2 နဲ့ Xperia Z1 တို့ကို အသာလေး ယှဉ်နိုင်ပြီပေါ့။ ဈေးနှုန်းကရော USD 400 လောက်ဆိုတော့ ဘယ်လိုဆုံးဖြတ်ကြပါမလဲ.. (Mi2 တုန်းက လည်း ထုတ်ပြီးပြီးချင်း ချက်ခြင်း Stock အကုန်ကုန်အောင် ရောင်းလိုက်ရလို့ ထပ်တောင်စောင့်ပြီး ၀ယ်ကြရ တယ်လို့ ဆိုပါတယ်။)

သေချာပါတယ် တရုတ်နိုင်ငံက Xiamoi ကလည်း ဒိတ်ဒိတ်ကြဲဆိုတဲ့ ပြိုင်ဘက်တွေထဲမှာ ထည့်တွက်ရဖို့ မဖြစ်မနေ လိုအပ်နေပါပြီ။ လူဦးရေ အများဆုံးရှိတဲ့ တရုတ်နိုင်ငံမှာထုတ်တာဆိုတော့ ဈေးကလည်း အသက် သာဆုံးနဲ့ ထုတ်နိုင်ခဲ့တာဆိုတော့ ဒါဟာ ပြိုင်ဘက်တွေထပ် နှာတစ်ဖျားမက သာနေတာတော့ အမှန်ပါပဲ..


Update( မြန်မာမိုဘိုင်းဈေးကွက်မှာ Mi Phone တွေ ရောင်းတာ တွေ့ဖူးပါတယ်။ သို့ပေမဲ့ အဲ့ဒါတွေက အတုတွေပါ။ တရုတ်ဖုန်းကိုတောင် တရုတ်က ပြန်ပြီး အတုလုပ်ရလောက်အောင် တရုတ်နိုင်ငံမှာ တကယ်ပဲ Mi Phone တွေက နာမည်ကြီးပါတယ်။ အသုံးပြုသူတွေရဲ့ Comment တွေကို နားထောင်နိုင် ပါတယ်။)

ဟဲဘီးဝိတ် စမတ်မိုဘိုင်းဖုန်းပြိုင်ပွဲကတော့ ပိုပြီး ကြည့်ကောင်းလာတော့မှာ အမှန်ပါပဲ..

နောက်တစ်ပါတ်မှာရော ဘာတွေ ထွက်ပေါ်လာဦးမလဲ iPhone 5S, Google Nexus 5 နဲ့ တစ်ခြား ဘာတွေကများ မိုဘိုင်း အသုံးပြုသူတွေကို အံ့အားသင့်စေနိုင်ဦးမလဲ..

သေချာပါတယ်.. အခု အကောင်းဆုံးဆိုတာတွေထပ် ပိုကောင်းတဲ့ အသစ်တွေ ထပ်ကာထပ်ကာ ထွက်လာ နေဦးမှာဆိုတော့ အတောမသတ်နိုင်တဲ့ လိုချင်မှုတွေကြား လက်ထဲရှိတဲ့ လက်ရှိအသုံးပြုနေတဲ့ ဟာကို အကောင်းဆုံးသာမှတ်ပြီး မျက်စိမှိတ်နေလိုက်တာကပဲ အကောင်းဆုံးဖြစ်တော့မယ် ထင်ပါတယ်။ သို့ မဟုတ်လို့ ကတော့ ရင်မောရင်း ရင်မောရင်း.. မချိတင်ကဲတွေ အမြဲပဲ ဖြစ်နေရလိမ့်ဦးမယ် မဟုတ်ပါလား.

Ref http://www.xiaomi.com/mi3.