မေတ္တာစိမ့်စမ်း ဘေးမဲ့ဥယျာဉ်မှ တိရစ္ဆာန်များအား ကျွေးမွေးစောင့်ရှောက်ရန် အလှူရှင်များ ဖိတ်ခေါ်


ရန်ကုန် စက်တင်ဘာလ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအနီး
ရေစကြို-ပခုက္ကူကားလမ်းဘေးတွင် ဘေးမဲ့ဥယျာဉ်အဖြစ်
ပြုစုစောင့် ရှောက်ထားသော တိရစ္ဆာန်များအား ကျွေးမွေးရန်အတွက် အလှူရှင်များအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
'အဲဒီ တိရစ္ဆာန်ဘေးမဲ့ဥယျာဉ်ကို မတည်အလှူရှင်များအဖြစ် ဦးကျော်ဇောနဲ့ဒေါ်ဥမ္မာသန်းတို့က မြေ ၁၅ ဧကပေါ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)က မတည်အလှူငွေ ကျပ် သိန်း ၃ဝ နဲ့ ၆ လက်မ အဝိစိစက်ရေတွင်း တစ်တွင်းလှူဒါန်းပေးခဲ့တာပါ။ စာရေးဆရာမကြီး(ဒေါ်)ခင်စောတင့်ကလည်း လစဉ် ကျပ်တစ်သိန်းပေးပို့လှူဒါန်းပါတယ်။ ဒါပေမယ့် တိရစ္ဆာန် ကောင်ရေက အရမ်းများလာတော့ နေ့စဉ်ကျွေးမွေးစရိတ်က တစ်နေ့ကို ကျပ် ရှစ်သောင်းကုန်ကျတာမို့ ရေရှည်ရပ်တည်ဖို့ အခက်အခဲဖြစ်နေ တာကြောင့် တတ်နိုင်သူများက ပေးပို့လှူဒါန်းကြဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်'ဟု အလှူရှင်တစ်ဦးက ပြောသည်။
တိရစ္ဆာန်ဘေးမဲ့ဥယျာဉ်ကို ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်က ဘေးမဲ့နွား ၁၄ ကောင်ကို လက်ခံစောင့်ရှောက်ပြီး စတင်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် တရုတ်သို့ပို့ရန်ခြံလှောင်ထားခဲ့သော ခွေးများကိုပါဘေးမဲ့
လာလွှတ်သောကြောင့် ခွေးကောင်ရေများပြားလာခြင်း၊ အခြားတိရစ္ဆာန်များကိုပါ ဘေးမဲ့လာလွှတ်ခြင်းကြောင့် နှစ်နှစ်အတွင်း တိရစ္ဆာန်များ အမျိုးအစားများပြားလာသလို တိရစ္ဆာန်ကောင်ရေပါ
များပြား လာသည်ဟု ဆိုပါသည်။
'ဒီကနေ့အထိ နွားကောင်ရေ ၂ဝဝ၊ ကျွဲ နှစ်ကောင်၊ မြင်းနှစ်ကောင်၊ ယုန် ၁၅ ကောင်၊ ဝက် ခုနစ်ကောင်၊ ဆိတ် ၁၈ ကောင်၊ အထီး အမ အင်္ဂါနှစ်ခုလုံးပါတဲ့ သိုးမဆန်း(ဆိတ်ခေါင်းနှင့်သိုးကိုယ်လုံးပါ သတ္တဝါ) တစ်ကောင်၊ ကြက်ကောင်ရေ ၁ဝဝ၊ ဘဲ ၁၅ ကောင်၊ ငန်း နှစ်ကောင်၊ လိပ် တစ်ကောင်နှင့် ခွေးကောင်ရေ ၇ဝ ရှိပါတယ်။ အင်မတန်ကိုက်တတ်တဲ့ခွေးတွေတောင်မှ ဒီခြံထဲရောက်တော့ မကိုက်တော့ဘဲ လိမ္မာသွား တာ တွေ့ရပါတယ်'' ဟု တိရစ္ဆာန်စောင့်ရှောက်ရေးတွင် လုပ်ကိုင်နေသူက ပြောသည်။
အဆိုပါ မေတ္တာစိမ့်စမ်းဘေးမဲ့ဥယျာဉ်သို့ ကူညီလှူဒါန်းလိုပါက ဦးကျော်ဇော+ဒေါ်ဥမ္မာသန်း ဖုန်း ဝ၉-၄၇၂၁၄ဝ၇၉ နှင့် ဝ၉-၄ဝ၁၅ဝ၂၄၁၆ တို့သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
UTA
Popular Myanmar News Journal

သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ ထားဝယ်စီမံကိန်းကိစ္စ ဆွေးနွေး


TUESDAY, SEPTEMBER 24, 2013
ထိုင်းနိုင်ငံကို ၅ ရက်တာ အလည်အပတ် ခရီးရောက်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းဟာ မနေ့ကတော့ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်နဲ့ တွေ့ဆုံပြီး ထားဝယ်အထူး စီးပွားရေးဇုံကိစ္စ ဆွေးနွေးကြတယ်လို့ သိရပါတယ်။


 ဓာတ်ပုံ- Bangkok post~~

ထိုင်း နိုင်ငံ အစိုးရ အိမ်တော်မှာ တွေ့ဆုံမှုမှာ ထားဝယ်စီးပွားရေးဇုံ စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်သွားကြဖို့ သူရ ဦးရွှေမန်းနဲ့ မစ္စယင်လတ်တို့ သဘောတူကြတဲ့အကြောင်း ယနေ့ နေ့စွဲနဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ် က ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ် မစ္စယင်လတ်က ထားဝယ်အထူးစီးပွားရေးဇုံမှာ အခြေခံ အဆောက်အအုံကဏ္ဍ၊ စွမ်းအင် နဲ့ ရေ ကဏ္ဍ အစရှိတာတွေနဲ့ပတ်သက်ပြီး ပြောကြားတယ်လို့လည်း ဆိုပါတယ်။


“ဒီစီမံကိန်း ရှေ့ဆက် တိုးပြီး ဆောင်ရွက်ဖို့ မြန်မာ- ထိုင်း ၂ နိုင်ငံ အတူလက်တွဲ လုပ်ဆောင်သွားကြမယ်။ ပြီးတော့ ထားဝယ် ရေနက် ဆိပ်ကမ်းက ပေါ်ထွက်လာမယ့် အကျိုးအမြတ်တွေနဲ့ပတ်သက်ပြီးလည်း လူထုတွေကို အသိပေး သွားရမှာပါ” လို့ မစ္စယင်လတ်က ဘန်ကောက်ပို့စ်ကို ပြောထားပါတယ်။

မနေ့က ဘန်ကောက်ပို့စ်မှာ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လတ် ရှင်နာဝပ်ရဲ့ အကိုဖြစ်သူ သက်ဆင် ရှင်နာဝပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စင်ကာပူက ဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ အမှတ်မထင်တွေ့တာကို သတင်းတပုဒ်အဖြစ် ဖော်ပြခဲ့ပါသေးတယ်။


အိမ့်သံစဉ် ~

စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်


RNDP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စု လွှတ်တော်က အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့ပြီးနောက် မြန်မာ့နိုင်ငံရေး အင်အားစုများအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် အသစ်ပြန်လည် ရေးဆွဲရေး မူဝါဒနှစ်ခု ပေါ်ထွက်လာခဲ့ သည့်အတွက် မည်သည့်နည်းလမ်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ပိုမိုထိရောက်ပြီး မည်သည်က နောက်ကြောင်း ပြန်လှည့်နိုင်ခြေ ရှိသည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice ။ ။ ပထမဆုံး မေးခွန်းအနေနဲ့ ဒီလပိုင်းမှာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ပြန်ရေးဆိုတဲ့ မူဝါဒ ကွဲနှစ်ခု ပေါ်လာတယ်။ အဲတော့ ဆရာတို့ ပါတီက ဘယ်လမ်းကြောင်းနဲ့ သွားချင်တယ်ဆိုတာ အရင်ဆုံး ပြောပြပေးပါ။

UUHS ။ ။ ကျွန်တော်တို့ ရခိုင်ပါတီ အပါအဝင် ကျားဖြူရယ်၊ ဆရာ ဦးဇိုဇမ်တို့ ပါတီရယ်၊ ဖလုံစဝေါ်ရယ်၊ မွန်ပါတီပေါ့လေ။ အဲဒီပါတီတွေ ဖွဲ့ထားတဲ့ National Brotherhood Forum ဆိုတာရှိတယ်။ အဲဒါကို National Brotherhood Federation ဆိုပြီး ပြောင်းလိုက်တယ်။ အဲဒီအဖွဲ့အစည်းရဲ့မူက ဖွဲ့စည်းပုံ ပြင်ဆင်ရေးပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ကျွန်တော်တို့ နေပြည်တော်မှာ Workshop တွေလုပ်တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ပြင်ဆင်ရေးပဲ။

Voice ။ ။ ခုဖြစ်နေတာက တချို့က ပြင်မယ်၊ တချို့က အသစ်ပြန်ရေးမယ် ဆိုပြီး ပြောကြတယ်။ အဲဒီနှစ်ခုမှာ ဘာက ဒီမိုကရေစီ ကူးပြောင်းမှုအပေါ် ဆိုးကျိုးသက်ရောက်မှု ဖြစ်သွားနိုင်မလဲ။ အသစ်ပြန်ရေးမယ်ဆို တပ်ကအာဏာ ပြန်သိမ်းနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ် လို့လည်း ပြောနေကြပါတယ်။ အဲဒီအပေါ် ဘယ်လိုအမြင်ရှိပါလဲ။

UUHS ။ ။ အရင်ကတော့ အသစ်ပြင်ရေးမယ် ဆိုတဲ့ အယူအဆကို မကြားဘူး။ ခုတစ်လနှစ်လ အတွင်းမှာ အဲဒါကို စကြားလာရတယ်။ သူတို့မှာ ပြောခွင့်ရှိပါတယ်။ ပြင်ရေးခွင့်လည်း ရှိတယ်။ ပြင်ရေးမယ်ဆို လောလောဆယ် ၂၀၀၈ အောက်မှာ ၂၀၁၀ ရွေးကောက်ပွဲ ပေါ်လာတယ်။ Free and Fair ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ဘယ်လိုပဲ ကြံ့ခိုင်ရေးက ညစ်ခဲ့တယ် ဆိုပါစေ၊ မြန်မာပြည်မှာ လွှတ်တော်တစ်ခု ပေါ်လာတယ်။ လွှတ်တော် အဆင့်ဆင့် ပေါ်လာတယ်။ နောက်အစိုးရတစ်ခု ပေါ်လာတယ်။ အဲဒီ ပေါ်လာတာဟာ ၂၀၀၈ ကြောင့် ပေါ်လာတာပဲ။ အသစ်ပြန်ရေးမယ်ဆိုရင် အသစ်ပြန်ရေးမယ့် သူတွေက အခုမြန်မာပြည်မှာ ရှိနေတဲ့ လွှတ်တော်တွေ၊ အစိုးရတွေကို ဘယ်လို သဘောထားမလဲ။ အဲဒီပြဿနာ ရှိတယ်။ နောက်တစ်ခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာဟာ တပ်မတော်က သူ့ Interest အတွက် လုပ်တဲ့အပိုင်းတွေ အများကြီးပါတယ်။ တပ်မတော်ရဲ့ သြဇာတွေ အများကြီး ကြီးတယ်။ ခုစဉ်းစားနေတာက ဒီ Process မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့။ Military နဲ့ Civil Relations ကို တဖြည်းဖြည်း ညှိယူဖို့ဆိုတဲ့ အနေအထားတစ်ခု။ ဒါပေမဲ့ အသစ်ပြန်ရေးမယ် ဆိုတဲ့ သဘောထားဟာ အဲ့ဒီ Process ရဲ့ အပြင်ကို ရောက်သွားတယ်။ ဆိုလိုတာက တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ Neglect လုပ်တဲ့ သဘောမျိုး ရောက်သွားတယ်။ ဒါအဓိပ္ပာယ် အမျိုးမျိုး ဖွင့်လို့ရတယ်။ စိတ်ဆန္ဒစွဲနဲ့ ပြောလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် Intentionally တပ်မတော်ရဲ့ အခန်းကဏ္ဍကို လုံးဝ မြန်မာပြည်ထဲက ပစ်ပလိုက်ဖို့ဆိုတဲ့ အယူအဆမျိုးလည်း တပ်မတော်က တွေးကောင်း တွေးနိုင်တယ်။ အဲဒီလို တွေးတယ်ဆိုရင် Very Risky ပဲ။ ဒါ Challenge ပဲ။
ရှေ့ကို နည်းနည်း ပြန်ပြောရရင် အရင်တုန်းက မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို လုံးဝအမြစ်ဖြုတ်ဖို့ ဆိုရင် နိုင်ငံရေးပါတီတွေက ဒီမိုကရေစီ တိုက်ပွဲနဲ့ လက်နက်ကိုင် တိုက်ပွဲကို ပေါင်းစပ်ပြီးတော့ လုံးဝစစ်အစိုးရကို အပြတ်ဖြုတ်ပြီး ဒီမိုကရေစီ လမ်းစဉ်ကို ချီတက်မယ်ဆိုတဲ့ အယူအဆမျိုးတွေ Radical (အစွန်းရောက်) အယူအဆတွေ ပေါ့လေ။ အဲဒါတွေဟာ ရှိခဲ့တယ်။ မအောင်မြင်ဘူး။ လုံးဝမအောင်မြင်ဘူး။ ဒါပေမဲ့ အဲဒီလို အယူအဆမျိုးဟာ တချို့ Elements (လူစု) တွေထဲမှာ ရှိကောင်းလည်း ရှိနိုင်တယ်။ ဒီတော့ စစ်တပ်ရဲ့ သြဇာတစ်စုံတစ်ရာ ရှိနေတဲ့ စစ်တပ်ရဲ့အကျိုးစီးပွားကို ဖန်တီးပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်လိုက်မယ်ဆိုရင် Regime Change (စနစ်/အစိုးရပြောင်း) ဆိုတဲ့ အဓိပ္ပာယ် ထွက်သွားနိုင်တယ်။ အဲဒါမျိုး အဓိပ္ပာယ် စစ်တပ်က အကောက်လွဲမယ်ဆိုရင် ကျွန်တော်တို့ အခုရှိနေတဲ့ တစ်စုံတစ်ရာ မကြိုက်ပေမယ့် နည်းနည်းလေး Liberalized (ဖြေလျှော့ပေး) ဖြစ်နေတဲ့ process (ဖြစ်စဉ်) ဟာ အန္တရာယ် ရှိတယ်။ မြန်မာပြည်ရဲ့ အခုသွားနေတဲ့ လမ်းကြောင်းဟာ တချို့ကတော့ Democratic Transition လို့ပြောတယ်။ ကျွန်တော်တို့တော့ မယူဆသေးဘူး။ ဒါ Liberalization အဆင့်ပဲ ရှိသေးတယ်။ ဒီမိုကရေစီဆိုတာ အဝေးကြီးပါ။ Liberalization မှာ ဂျာနယ်တွေ တစ်စုံတစ်ရာ လွတ်လပ်လာတယ်။ မီဒီယာ လွတ်လပ်ခွင့် ရှိလာတယ်လို့ ပြောလို့ရတယ်။ လယ်ယာမြေ ပြဿနာတွေ တိုင်းရင်းသားပါတီတွေနဲ့ သူတို့ရဲ့ Rights တွေကို တောင်းခွင့် ရှိလာတယ်။ ဒါအစပဲ ဘာမှတော့ မရသေးဘူး။ အဲဒီ အစကလေးကာလမှာ ဒီဖွဲ့စည်းပုံရဲ့ အပြင်ဘက်ကို ရောက်နေတဲ့ အယူအဆတွေ နဲ့ တင်လာတယ် ဆိုတာဟာ ကျွန်တော်တို့ အနေနဲ့တော့ လက်တွေ့မကျဘူးလို့ ထင်တယ်။

Voice ။ ။ အဲဒါဆို ဘာအန္တရာယ်တွေ ရှိလာနိုင်လဲ။

UUHS ။ ။ တပ်က အကောက်လွဲ သွားနိုင်တာပေါ့။ သူတို့ရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်တယ်လို့ ထင်သွားနိုင်တယ်။ ခုသွားနေတဲ့ ဖြစ်စဉ် တစ်ခုလုံးဟာ စစ်တပ်က နည်းနည်းလေး Liberalized လုပ်လာတယ်ပေါ့။ နည်းနည်းလေး ဆုတ်လာတယ်။ အများကြီး ဆုတ်တာ မဟုတ်ဘူး။ နည်းနည်း နည်းနည်း ဖြည်းဖြည်းချင်း ဆုတ်နေတာ။ ကိုယ့်ရဲ့အကျိုးစီးပွားကို Maintain (ထိန်းသိမ်း) လုပ်ရင်း နည်းနည်း နည်းနည်း ဆုတ်နေတာ။ သူတို့မှာ ကိုယ့်ရဲ့အကျိုး စီးပွားကို ထိန်းတာလည်းပါမယ်။ နောက် စိုးရိမ်စိတ်တွေလည်း ရှိမယ်။ စိုးရိမ်စိတ်တွေ အမျိုးမျိုး ရှိမှာပေါ့လေ။ အင်မတန် သိမ်သိမ်မွေ့မွေ့နဲ့ သွားနေတဲ့ ကိစ္စပါ။ ဒီ Process မှာ စစ်တပ်က နောက်ကို နည်းနည်းဆုတ်တယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ပါတီတွေက ရှေ့ကို နည်းနည်း တိုးခွင့်ရလာတယ်။ အဲဒီ Process သွားနေတယ်။ စစ်တပ်က နောက်ကို နည်းနည်းဆုတ်ရင် စစ်တပ်ရဲ့ ဂုဏ်သိက္ခာက ပိုပိုတက်လာတယ်။ ကျွန်တော်တို့ ဒီမိုကရေစီပါတီတွေ အနေနဲ့လည်း ပိုပြီးတော့ Spacing (နေရာ) တွေ လုပ်ပိုင်ခွင့်တွေ ရလာတယ်။ လူထုတွေ အနေနဲ့လည်း ပိုပြီးတော့ လွတ်လပ်လာတယ်။ အရင်ထက်စာရင် တစ်စုံတစ်ရာ စိတ်ပိုင်းဆိုင်ရာအရ၊ ရုပ်ပိုင်းဆိုင်ရာအရ နည်းနည်းလေး ပိုပြီးတော့ Free ဖြစ်လာတယ်။ အလုံးစုံ Free ဖြစ်တာပြောတာ မဟုတ်ဘူး။ ခေါင်းလေး နည်းနည်းမော့ကြည့် လာနိုင်တယ်။ စကားလေး နည်းနည်း ပြောရဲလာတယ်။ အဲဒါ စစ်တပ်က နည်းနည်း နည်းနည်း ဆုတ်ပေးလို့။ ဆုတ်ရင် စစ်တပ်က ဂုဏ်သိက္ခာ တက်လာတယ်။ လူထုတွေလည်း နိုးကြားလာတယ်။ ဒါကောင်းတဲ့ လက္ခဏာပဲ။ အဲဒီ Process က ခုမှစရုံပဲ ရှိသေးတယ်။ စရုံပဲရှိသေးတဲ့ ကာလတစ်ခုမှာ စစ်တပ်ကို စိန်ခေါ်တယ်လို့ အဓိပ္ပာယ် လွဲသွားနိုင်တဲ့၊ လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေဟာ အန္တရာယ် များပါတယ်။

Voice ။ ။ ဒီအခြေခံဥပဒေမှာ တချို့အပိုင်းတွေက ဖက်ဒရယ် သဘောပါတယ်လို့ ပြောကြတာလဲ ရှိတယ်။ တိုင်းရင်းသားအဖွဲ့ အချို့ကတော့ ဖက်ဒရယ်ဖြစ်ဖို့ အခြေခံဥပဒေ တစ်ခုလုံး အစအဆုံး ပြန်ရေးမှရမယ်လို့ ပြောကြတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဖက်ဒရယ်အတွက် ပေးထားတယ်လို့ မြင်ပါသလား။

UUHS ။ ။ ဖက်ဒရယ်လစ်ဇင် အကြောင်းပြောမယ်ဆို နည်းနည်းတော့ ကျယ်ပြန့်တယ်။ ဖက်ဒရယ်လစ်ဇင် ဆိုတာ ဘာလဲဆိုတဲ့ Criteria တွေရှိတယ်။ အဲဒါကို နိုင်ငံရေးသမားတွေ မြင်တဲ့အမြင်နဲ့ Scholar (ပညာရှင်) တွေ မြင်တဲ့အမြင်နဲ့ နည်းနည်း ကွဲလိမ့်မယ်။ ဒါပေမဲ့ Form (ပုံစံ) တစ်ခုအနေနဲ့ ခု ၂၀၀၈ ဖွဲ့စည်းပုံဟာ ဖက်ဒရယ် နည်းနည်းလေး ဆန်တာတော့ ရှိတယ်။ ဒါပေမဲ့ အဓိပ္ပာယ် အနှစ်သာရတွေမှာ တိုင်းရင်းသား ပြည်သူတွေ၊ အထူးသဖြင့် လူမျိုးစုဒေသတွေမှာ တစ်လျှောက်လုံး တိုင်းရင်းသား အခွင့်အရေးတွေ ဘာမှမခံစားခဲ့ရဘူးလို့ မှတ်ယူနေတဲ့ ကျွန်တော်တို့ ရခိုင်တွေ၊ ရှမ်းတွေ အတွက်တော့ ဒီဖွဲ့စည်းပုံဟာ ဘာမှအာမခံချက် မပေးနိုင်ဘူး။ မပေးနိုင်ပေမယ့် ဒီထဲမှာ တစ်စုံတစ်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်းနဲ့ ကျွန်တော်တို့ National Democracy Task တွေရလာမယ်။ ရလာနိုင်အောင်လည်း ဒီမော်ဒယ်လ်ကို တဖြည်းဖြည်း ပြောင်းသွားလို့ ရနိုင်တယ်လို့ ယူဆတဲ့ အပိုင်းတွေ ရှိတယ်။ ဖက်ဒရယ်ဆိုတာ Rigid မဟုတ်ဘူး။ ကျွန်တော်တို့ဟာ Unitary ဒီ ဗဟိုချုပ်ကိုင်မှု ပြင်းထန်တဲ့ Unitary ကို ကျွန်တော်တို့ ဆန့်ကျင်တယ်။ တစ်ချိန်တည်းမှာ အင်မတန် လွတ်လပ်ပြီး ခွဲထွက်နိုင်ခွင့်ကို ဦးတည်တဲ့ Confederation ဆိုတာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက် ကြားထဲမှာ ဖက်ဒရယ်ဆိုတာ မော်ဒယ်လ်တစ်ခုပဲ။ အဲဒီ မော်ဒယ်လ်ဟာ ကျွန်တော်တို့ နိုင်ငံရေး ပါတီတွေ တပ်မတော်က ခေါင်းဆောင်တွေ လွှတ်တော်ထဲမှာရှိတဲ့ အမတ်တွေ ပြည်သူတွေက ဘယ်လိုမျိုးက ကောင်းတဲ့ မော်ဒယ်လ် တစ်ခုလည်းဆိုတာ ကျွန်တော်တို့ အချိန်ယူပြီး သဘောထား ညှိနှိုင်းသွားရမယ်၊ ဆွေးနွေး သွားရမယ်၊ တည်ဆောက် သွားရမယ်။ ဖက်ဒရယ်ကို ဒါမျိုးဖြစ်ရမယ်၊ ဒါက ဖက်ဒရယ် မစစ်ဘူး။ ဒါက ဖက်ဒရယ် စစ်တယ်လို့ ပြောလို့မရဘူး။ ဖက်ဒရယ်ဆို တာ မော်ဒယ်လ်ပဲ။ လက်ရှိ ၂၀၀၈ က ဖက်ဒရယ် ဟုတ်သလိုလိုနဲ့ အနှစ်သာရ မခံစားရဘူး။ ပြည်နယ် အစိုးရတွေ ဖွဲ့ပေးထားတယ်။ လုပ်ပိုင်ခွင့်ကို ဗဟိုက ကိုင်ထားတယ်။ ပုဒ်မ ၂၆၁ (ခ) ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်တဲ့ကိစ္စ ကျွန်တော်တို့ မကြိုက်ဘူး။ ဒါဟာ ဘယ်လိုမှ ဒီမိုကရေစီ မဆန်ဘူး။ နောက် ရွေးကောက်ပွဲကလည်း မသမာဘူး။ ဝန်ကြီးချုပ် ခန့်တာလည်း ဒီမိုကရေစီ မဆန်ဘူးဆိုတော့ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က လုံးဝလက်ခံနိုင်တဲ့ အနေအထား မဟုတ်ဘူး။ ဒါတကယ့် ဖက်ဒရယ်လစ်ဇင်ရဲ့ အနှစ်သာရထဲမှာ ပါလာတဲ့ Power Sharing (အာဏာခွဲဝေခြင်း) မှာ အများကြီး အနှောင့်အယှက်ပေးတယ်။ ပွင့်လင်းမြင်သာမှု မရှိဘူး။ တိုင်းရင်းသားတွေကို တန်ဖိုးမထားဘူး။ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ဇယား (၂) ဆိုတာ ရှိတယ်။ အရေးကြီးတဲ့ ကိစ္စတွေ ဘာမှလုပ်ပိုင်ခွင့် ရေရေရာရာ မရှိဘူး။ ဖက်ဒရယ်လစ်ဇင် အကြောင်းကို ပြောရမယ်ဆိုရင် Power Sharing အကြောင်းကို ပြောရမယ်။ နောက် Resource Sharing (အရင်းမြစ် ခွဲဝေခြင်း)။ ဇယား (၂) မှာ Resource Sharing က ဘာမှမရှိဘူး။ နားလည်အောင် ပြောရမယ်ဆို ရခိုင်ပြည်မှာ သယံဇာတတွေ ထွက်တယ်။ ကချင်ပြည်နယ်မှာ ကျောက်စိမ်းတွေ ထွက်တယ်။ ရှမ်းပြည်မှာ သတ္တုမိုင်းတွေ ရှိတယ်။ အဲဒါကို ပြည်နယ် အစိုးရက Management Power ဘယ်လောက်ရှိလဲ။ ဒေသဆိုင်ရာ ပြည်သူတွေ ဘယ်လောက် ခံစားခွင့်ရှိသလဲ။ ဒါ ဖက်ဒရယ် မဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ကိစ္စပဲ။ လိုင်ပိုင်ခွင့်တစ်ခု ပေးထားပေမယ့် ဗလာလို ဖြစ်နေတယ်။ အဲဒါတွေကို ကျွန်တော်တို့က ပြောင်းလို့ရတယ်။ လောလောဆယ် ရှိနေတဲ့ လွှတ်တော်က ခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေက သဘောထားကြီးကြီးနဲ့ ဒါကို လွှတ်ပေးလိုက်မယ်ဆို ပြည်ထောင်စု အတွက်လည်း ကောင်းတယ်။ တိုင်းရင်းသားတွေ အတွက်လည်း ကောင်းတယ်။ တကယ်စစ်မှန်တဲ့ ပြည်ထောင်စုဘက်ကိုလည်း ဦးတည်တယ်။ ဒါတွေက လုပ်လို့ရတဲ့ Process တွေ။ နောက် တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုကို ဖော်ထုတ်တဲ့ ကိစ္စတွေ၊ ဒါတွေက ဖက်ဒရယ်လစ်ဇင် အောက်မှာ လုပ်ပိုင်ခွင့်တွေ။ အဲဒါတွေဟာ ပေးလို့ရတယ်ဆိုတော့ ဒါတွေကို ကျွန်တော်တို့က ဒီ Process အောက်မှာပဲ၊ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးစရာ မလိုဘဲနဲ့ ဒါတွေကို ဟိုဘက်က သဘောထားကြီးကြီးနဲ့ လျှော့ပေးမယ် ဆိုရင်၊ သူတို့က လျှော့မယ် သူတို့ ဂုဏ်သိက္ခာ တက်သွားမယ်။ ကျွန်တော်တို့က ရှေ့နည်းနည်း တိုးမယ်။ Trust Building တွေ ပိုပေါ်လာမယ်။ ဒီအနေအထားကို ပိုပြီးကောင်းသွားလိမ့်မယ်။ လက်ရှိအနေ အထားမှာ နားလည်မှု လွဲသွားပြီးတော့ တစ်ယောက်ကိုတစ်ယောက် ခြိမ်းခြောက်တယ်။ စစ်တပ်ကလည်း သံသယရှိတယ်။ ဒီဘက်ကလည်း စိန်ခေါ်သလို ဖြစ်နေတယ်၊ အဲ့ဒီမှာ ပြည်တွင်းပြည်ပ မီဒီယာတွေကလည်း မြှောက်ပေးလိမ့်မယ်။ ပိုမိုရှုပ်ထွေးမှုတွေ ပေါ်လာမှာမျိုးကို ကျွန်တော်က မလိုလားဘူး။

Voice ။ ။ ခုအခြေအနေက တပ် ခေါင်းဆောင်ဟောင်းတွေက ပုဒ်မ ၁၈၈၊ ဇယား (၂) ကို ပြင်တာတော့ လက်ခံတယ်လို့ ပြောတယ်။ အဲဒီအပေါ် ဘယ်လို သဘောရပါသလဲ။

UUHS ။ ။ ပြင်ဖို့ဆိုတာကို ယေဘုယျတော့ သဘောတူကြတယ်လို့ ကျွန်တော်တို့ ကြားတယ်။ ပြည်နယ်တွေရဲ့ စီမံခန့်ခွဲခွင့်၊ သယံဇာတ ခွဲဝေခွင့်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဝမ်းသာရမယ့် စကားတွေကို ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့လည်း ပြောပါတယ်။ သူတို့ပြောတာ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ အဲဒါတွေဟာ Constitution ထဲမှာ အခိုင်အမာ Amendment အနေနဲ့ ပြောင်းသွားဖို့ လိုတယ်။ ခေါင်းဆောင် တစ်ယောက်က ပါးစပ်နဲ့ နှုတ်ကတိ ပြောတာမျိုး မဖြစ်ရဘူး။ ဒါတွေဟာ အချိန်တိုတိုတွင်းမှာ လုပ်လို့ရတဲ့ ဟာတွေ။

ဆက်လက်ဖော်ပြပါမည်။

(အောင်ဘိုဘိုရှိန်၊ နော်ကိုကို)

-------------------------------------

ကိုယ်ရေးအကျဉ်း

အမည် - ဦးဦးလှစော (မောင်ခိုင်အောင် - စစ်တွေ)

မွေးသက္ကရာဇ် - ၁၉၅၃ မေ ၂၇

ပညာအရည်ချင်း - စက်မှုတက္ကသိုလ် ပဉ္စမနှစ် (မြို့ပြ)
၁၉၇၅ တွင် ကျောင်းသား လှုပ်ရှားမှုဖြင့် ကျောင်းအထုတ်ခံရ။ စစ်ခုံရုံး ထောင်ဒဏ် ၉ နှစ်

နိုင်ငံရေးလှုပ်ရှားမှု - ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်၊
စစ်တွေအထွေထွေ သပိတ်ကော်မတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်။ ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရ။
၂၀၁၀ ရွေးကောက်ပွဲမှစတင်ကာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်။
The Voice Weekly

မိုးထဲလေထဲမှာကုန်းတစ်တန်ရေတစ်တန်ခရီးဆန့်ပရဟိတပေးဆပ်တဲ့အလှမယ်






အလှမယ်ဆိုတာဘဲလဲ။အလှစစ်ဆိုတာဘာလဲ။တကယ်တော့
လူမူဘ၀ထဲမှာအလှစစ်နဲ့ အလှမယ်အစစ်ကတော့စိတ်ထားလှမူနဲ့ 
အဲ့ဒီလှသောစိတ်ထားနဲ့ လူမူပရဟိတ(အများကျိုး)သယ်ပိုးရွက်ဆောင်
မူပြုသူသာ။ခုတော့ပေါ်ပြူလာကအလှစစ်နဲ့ အလှမယ်ကိုဂုဏ်ပြုလိုတဲ့
အတွက်ဒီကနေ့ Nang Khin Zay Yar ဖေ့ဘုတ်မှာဖေါ်ပြမူကိုထပ်ဆင့်မျှ
ဝေဂုဏ်ပြုလိုက်ပါရစေ..။

“နန်းခင် ဒီနေ့(၂၄.၉.၂၀၁၃)ရက်နေ့ မနက် ၄ နာရီမှာ ရန်ကုန်မြို့မှ
ကားနှင့်ထွက်ခွာပြီး ကွမ်းခြံကုန်းမြို့မှ တဆင့် စက်သဗ္ဗာန်ဖြင့်
မောင်နန်းထိုက်အောင် ရဲ့ မိဘများနေထိုင်တဲ့ ဧရာဝတီတိုင်းဒေသကြီး၊
ဒေးဒရဲမြို့နယ်၊ ကျုံဒတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာသို့ သွားရောက်ခဲ့ပါတယ်။ နံနက် ၁၀ နာရီမှာ ရောက်ရှိပါတယ်။ (၂၂.၉.၂၀၁၃) ရက်နေ့ညကကွယ်လွန်သွားတဲ့ အရိုးကင်ဆာဝေဒနာရှင် ကလေးငယ် မောင်နန်းထိုက်အောင် ရဲ့ နာရေးကို နန်းခင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ ကျန်ရစ်သူမိသားစုနှင့်တွေ့ဆုံပြီး မိသားစုနှင့် ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျန်ရစ်သူမိသားစုကို အားပေးနှစ်သိမ့်စကားပြောကြားခဲ့ပါတယ်။ မောင်နန်းထိုက်လေးရဲ့ ဈာပနအတွက်သုံးစွဲနိုင်ရန် အလှူငွေပေးအပ်လှူဒါန်းခဲ့ပါတယ်။
မောင်နန်းထိုက်လေးအတွက် ရည်စူးလှူဒါန်းရန် သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုလည်းပေးလှူခဲ့ပါတယ်။ မောင်နန်းထိုက်လေးရဲ့နောက်ဆုံးခရီးကို နန်းခင် ကိုယ်တိုင်နှုတ်ဆက်ချင်လို့ အလုပ်တွေမအားလပ်ပေမယ့် အချိန်လုပြီးရောက်အောင်သွားခဲ့ပါတယ်။ နန်းခင် နေသိပ်မကောင်းပေမယ့် မိုးထဲလေထဲမှာပဲ ကုန်းတစ်တန် ရေတစ်တန် ခရီးဆန့်ခဲ့ရပါတယ်။
ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် ဆိုသလို..… မမျှော်လင့်ပဲ လူ့လောကထဲကနေ ရုတ်တရက်ထွက်ခွာသွားသူတွေလည်း ထွက်ခွာသွားခဲ့ကြပါပြီ။ မည်သူမှရှောင်လွှဲမရတဲ့ ဒီသေခြင်းတရားကို နန်းခင်တို့တွေလည်း တစ်နေ့မှာ မလွဲမသွေကြုံတွေ့ရမှာပါ။ ဒါပေမယ့်လည်း ကိုယ်သံယောဇဉ်ရှိတဲ့ မောင်နန်းထိုက်လေး ခွဲခွာသွားခြင်းအတွက်တော့ အထူးပဲဝမ်းနည်းကြေကွဲရပါတယ်။
မောင်နန်းထိုက်လေး ကောင်းရာဘုံဘဝမှာအေးအေးချမ်းချမ်း
နဲ့ ရောဂါဘယကင်းရှင်းပြီး ပျော်ရွှင်စွာနေနိုင်ပါစေလို့ ဆုတောင်းပေးရင်း …… ဘယ်တော့မှ မေ့လို့မရတဲ့ နေ့လေးတစ်နေ့အဖြစ် အမှတ်ရနေမှာပါ ကလေးရယ်……။
မမနန်းခင် ပြုသမျှကုသိုလ်တွေကို အမျှပေးဝေပါတယ်……
မောင်နန်းထိုက်လေး ကြားရာအရပ်မှ သာဓုခေါ်ပါကွယ်။
ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူပါ….
သာဓု သာဓု သာဓုပါ…။

နန်းခင်ဇေယျာ — မောင်နန်းထိုက်လေး ဆီသို့ ”

photo credit-Nang Khin Zay Yar


မြန်မာနိင်ငံရဲ့ပထမဆုံးApple Authorized Reseller mDriveဆိုင်ကို ရန်ကုန် တွင်ဖွင့်မည်





ရန်ကုန်-စက်တင်ဘာ၂၄
မြန်မာနိင်ငံရဲ့ပထမဆုံးApple Authorized Reseller mDriveဆိုင်ကိုရန်ကုန် ဂျန်းရှင်းမော်တင်တွင် လာမည့်စက်တင်ဘာ၂၈ရက်တွင်ဖွင့်လှစ်မည်ဟု mDriveအလုပ်အမှုဆောင်ကိုမြတ်ထူးကပြောသည်။
mDriveဆိုင်မှာပထမဦးဆုံး ၀ယ်ယူမည့် Customerကို “I’m the first official customer in Myanmar”စာတန်းပါ တီရှပ်တစ်ထည်ကို လက်ဆောင်သီးသန့်ပေးမည်ဟုသိရသည်။ သုတလင်း

ဦးတေဇ နဲ့ ထရုံလူမျိုး ဦးဒါဝိတ်


ထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များက ကချင်ပြည်နယ်ကနေ ရန်ကုန်အပြန်ခရီးမှာ ဧည့်သည် ၂ ယောက် ခေါ်လာပါပြီ။ နေပြည်တော်ကိုလည်း အလည်အပတ်ခရီး ပို့ပေးပါမယ် တဲ့။

သူတို့ ၂ ယောက်က ဘယ်သူတွေလဲ။
၁။ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ခဲ့တဲ့ နမားဂျွန်ဆင်
၂။ နောက်တဦးက မြန်မာနိုင်ငံမှာ သုံးဦးပဲ ရှိတော့တဲ့  ထရုံလူမျိုးထဲက  ဦးဒါဝိတ်
ဦးဒါဝိတ်က အသက် ၆၀ ရှိပြီလို့ ဆိုပါတယ်။

ဒီအကြောင်း  ထူးဖောင်ဒေးရှင်းတည်ထောင်သူ ဦးတေဇက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးထားပါတယ်။

ထူးဖောင်ဒေးရှင်း အရာရှိ ဦးပေါ်မြင့်ဦး၊  ထရုံလူမျိုးအကြောင်း စာအုပ်ရေးခဲ့သူ Wolfgang H. Trost စသူတို့ကို ဆက်သွယ်ပြီး ရေးထားတဲ့သတင်းပါ။ အခုတော့  ဦးတေဇ Facebook  မှာ တွေ့ရတာကို  ကူးယူ ဖော်ပြလိုက်ပါတယ်။ ရန်ကုန်၊ နေပြည်တော် အလည်ခေါ်ရတဲ့ အကြောင်းရင်း ၃ ရပ်ကို ဖတ်ရပါလိမ့်မယ်။

ဓာတ်ပုံတွေကိုတော့ ဦးတေဇရဲ့ Facebook ကနေ ယူပါတယ်။

"မြန်မာ့သူရဲကောင်း နမားဂျွန်ဆင်နှင့် ထူးခြားထရုံလူမျိုး ဦးဒါဝိတ်အား ထူးဖောင်ဒေးရှင်း ရန်ကုန်သို့ ခေါ်ဆောင်လာခဲ့"


မြန်မာ-အမေရိကန် ရေခဲတောင်တက်အဖွဲ့ ဂမ်လန်ရာဇီ တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ရေးအတွက် နောက်တန်းမှ ထောက်ပံကူညီရန် လိုက်ပါခဲ့သော
ထူးဖောင်ဒေးရှင်း အဖွဲ့ဝင်များသည် ဂမ်လန်ရာဇီတောင်မှ အပြန်ခရီးတွင် မြန်မာလူမျိုးများထဲမှ ခါကာဘိုရာဇီတောင်ထိပ်သို့ ပထမဆုံး တက်ရောက်နိုင်ခဲ့သော နမားဂျွန်ဆင်နှင့် မြန်မာနိုင်ငံတွင် (၃)ဦးသာ ကျန်တော့သည့် ထရုံလူမျိုးထဲမှ အကိုအကြီးဆုံးဖြစ်သော ဦးဒါဝိတ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့ ဗဟုသုတ တိုးပွားစေရန်အတွက် ရန်ကုန်နှင့် နေပြည်တော်အနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးမည် ဖြစ်သည်။
နမားဂျွန်ဆင်နှင့် ထရုံလူမျိုး ဦးဒါဝိတ်တို့ နှစ်ဦးအား ထူးဖောင်ဒေးရှင်းက …
၁။ မြန်မာနိုင်ငံ မြို့ကြီးများ၏ တိုးတက်နေမှုကို ကိုယ်တိုင်ခံစား သိမြင်ပြီး ပီတိဖြစ် ၀မ်းမြောက်စေရန်
၂။ မျိုးချစ်စိတ်ဓါတ်ပိုမို ထက်သန်စေရန်နှင့် ဒေသန္တရ ဗဟုသုတ တိုးပွားစေရန်
၃။ ၎င်းတို့ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ပစ္စည်းများကို ကိုယ်တိုင် ဝယ်ယူ၍ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးနိုင်ရန် စသည့် ရည်ရွယ်ချက် (၃)ရပ်ဖြင့် ဖိတ်ကြား ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ဧရာဝတီ

ရန်ကုန်မြို့တွင်း မြောင်းရေလျှံမှု ပိုမိုဆိုးရွားလာ

စက်တင်ဘာလ ၂၃ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက ဆိုးရွားသော ရေလျှံမှုအား ရန်ကုန်မြို့ တာမွေမြို့နယ်လမ်းဒေါင့်နှင့် မီးပွိုင့်များတွင် မြောင်းရေလျှံပြီး ကားလမ်းနှင့်လူသွားလမ်းများရေကြီးနေသည်ကို တွေ့ရစဉ်။ (ဓါတ်ပုံ - ဘိုဘို၊ မဇ္ဈိမ) ရန်ကုန်မြို့တွင်း၌ ဤကဲ့သို့သော ရေလျှံမှုမျိုးသည် မိုးဦးကာလမှ ယခုအချိန်အထိ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်
တာဝန်ရှိသူများ ယခုအချိန်ထိ အဆိုပါ ပြဿနာများအား ဖြေရှင်းနိုင်ခြင်း မရှိသေး။













မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယုဇနာပလာဇာရှေ့ ရေလွှမ်း

Tuesday, September 24, 2013

ရန်ကုန်မြို့တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများပေါ်ရေလွှမ်းခဲ့ရာ ယုဇနာပလာဇာရှေ့လမ်းမပေါ်
ရေလွှမ်းနေသည့်မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။






ဓါတ်ပုံ -lho
Popular Myanmar News Journal

စင်ကာပူတွင် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူရာ၌ လိုက်နာရမည့် စည်းကမ်းသစ်များ ထုတ်ပြန်


စင်ကာပူ၊ စက်တင်ဘာ ၂၃

ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခေါ်ယူရာတွင် လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းချက် အသစ်များကို စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန် လိုက်သည်ဟု CAN သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုစည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များ အနေနှင့် ပညာရှင်အဆင့် ဝန်ထမ်းခေါ်ယူရာတွင် နိုင်ငံခြားသား အလုပ်သမား မခေါ်ယူမီ စင်ကာပူ နိုင်ငံသားများအတွက် မျှမျှတတ စဉ်းစားပေးရမည် ဖြစ်ပြီး နိုင်ငံခြားသား အလုပ်သမားက စင်ကာပူ နိုင်ငံသားထက် မိမိတို့အလုပ်နှင့် အမှန်တကယ် ပို၍သင့်လျော်သည် ဆိုမှသာ နိုင်ငံခြားသား အလုပ်သမားကို ခေါ်ယူရမည် ဖြစ်သည်။

အဆိုပါ စည်းကမ်းချက် အသစ်များကို ပညာရှင်အဆင့် နိုင်ငံခြားသား ဝန်ထမ်းအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားသည့် ကုမ္ပဏီများ လိုက်နာရမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လမှ စတင်ကာ သက်ရောက်မှုရှိမည် ဖြစ်သည်။

ယခု စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ အသစ်ပြဋ္ဌာန်းလိုက်သော စည်းကမ်းချက်များအရ စင်ကာပူ လုပ်ငန်းရှင်များသည် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမည့် ရာထူး နေရာတိုင်းအတွက် စင်ကာပူ နိုင်ငံသားများကိုလည်း လျှောက်ထားခွင့် ပေးရမည်ဖြစ်ပြီး အလုပ်ခေါ် ကြော်ငြာကိုလည်း စင်ကာပူ နိုင်ငံသားများအတွက် အလုပ်အကိုင် ရှာဖွေပေးနေသော ဌာနတွင် အနည်းဆုံး ၁၄ ရက် ကြော်ငြာထားပြီးမှသာ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားအတွက် နေထိုင်ခွင့်ပါမစ် (EP) လျှောက်ထားနိုင်မည် ဖြစ်သည်။

ထို့အပြင် လုပ်ငန်းရှင်များသည် ၎င်းတို့အနေနှင့် စင်ကာပူ နိုင်ငံသား အလုပ်သမား ခေါ်ယူရန် ကြိုးစားပြီးပြီ ဖြစ်ကြောင်း သက်သေပြနိုင်ရန် စင်ကာပူနိုင်ငံသား အလုပ်သမားများနှင့် အင်တာဗျူးထားသည့် မှတ်တမ်းများကိုလည်း သိမ်းဆည်းထားရမည် ဖြစ်သည်။

ယခုကဲ့သို့ ပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမား ခေါ်ယူမှုအပေါ် စည်းကမ်းချက် အသစ်များ ပြဋ္ဌာန်းခြင်းနှင့် ပတ်သက်ပြီး စင်ကာပူ အလုပ်သမားရေးရာ ဝန်ကြီးဌာနက စည်းကမ်းချက် အသစ်များမှာ စင်ကာပူ နိုင်ငံသားများကိုသာ ဦးစားပေး အလုပ်ခန့်ထားစေရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ လုပ်ငန်းရှင်များအနေနှင့် စင်ကာပူ နိုင်ငံသားများ အပေါ်တွင် မျှမျှတတ စဉ်းစားပေးစေရန် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိပညာရှင်အဆင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်အပ်ထားသော ကုမ္ပဏီများ အနေနှင့်လည်း ယခုထုတ်ပြန်လိုက်သော စည်းကမ်းချက် အသစ်များနှင့်အညီ ပြောင်းလဲလုပ်ဆောင် သွားရမည် ဖြစ်ပြီး ထိုသို့ပြောင်းလဲ လုပ်ဆောင်ရန် လုံလောက်သော အချိန်ရရှိမည်ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထို့ကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်း သက်တမ်း ကုန်ဆုံးမည့် EP ကတ် ကိုင်ဆောင်ထားသော နိုင်ငံခြားသား အလုပ်သမားများ အနေနှင့် ၎င်းတို့၏ ကတ်များကို လက်ရှိ စည်းမျဉ်း စည်းကမ်းများ အတိုင်း တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့် ရဦးမည် ဖြစ်သည်။
The Voice Weekly

တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းလေ့လာ သည့်အရပ်ဖက်အဖွဲ့အစည်းအားဒေသခံအုပ်ချုပ်ရေးမှူးခေါ်ယူတားမြစ်


ငဖဲ ၊စက်တင်ဘာ၂၄

တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြောင့်
သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘ၀ထိခိုက်ပျက်စီးမှုများ လေ့လာနေသည့် ပဒေ
သာမိုးအရပ်ဖက်အဖွဲ့အစည်းကို လက်ရှိလုပ်ကိုင်နေသည် လုပ်ငန်းများအားရပ်တန့်ရန် စက်တင်ဘာ(၂၁)ရက်နေ့တွင်
ငဖဲမြို့နယ်အုပ်ချုပ် ရေးမှူးကတားမြစ်ခဲ့သည်ဟု၎င်းအဖွဲ့ဝင်များကဆိုသည်။
ရှမ်းပြည်နယ်သီပေါမြို့နယ်အတွင်းနှင့်မကွေးတိုင်းငဖဲမြို့နယ်အတွင်းဒေသခံ
တောင်သူများပိုက်လိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရသော လူမှုဘ၀အခြေအနေများနှင့်ပတ်ဝန်းကျင်
အခြေအနေများအားစာတမ်းတစ်စောင်ထုတ်၍လွှတ်တော်အထိတင်နိုင်ရန်ပဒေသာမိုးလူမှုအဖွဲ့အ
စည်းမှစီစဉ်ခဲ့ခြင်းဖြစ်သည်။
ငဖဲမြို့နယ်အတွင်းကျေးရွာ(၇)ရွာခန့်မှတောင် သူများနှင့် တွေ့ဆုံလေ့လာ
အပြီးဂုတ်ကြီးကျေးရွာသို့အရောက်တွင် “သာမိုးအရပ်ဖက်အဖွဲ့အစည်းအား
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ခရိုင်အစိုးရအဖွဲ့များ၏ ခွင့်ပြုမှုနှင့်သာဆောင်ရွက်ရန်နှင့်
ဧည့်သည်မှအိမ်ရှင်ကိုခွင့်တောင်းရန်လိုအပ်ကြောင်း၊ခွင့်ပြု
ချက်မရရှိပဲတွေ့ဆုံမေးမြန်းမှုများရပ်တန့်ပါ”ဟုတားမြစ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
“အုပ်ချုပ်ရေးမှူးကပြောတဲ့အတိုင်းသက်ဆိုင်ရာ၊တိုင်းခရိုင်အစိုးရအဖွဲ့တွေ နဲ့
တွေ့ဆုံဖို့ကြိုးစားခဲ့တယ်။တွေ့ခွင့်မရသေးပါဘူး၊စီစဉ်ထားတဲ့အတိုင်းတစ်နည်းနည်းနဲ့ဖြစ်အောင်
ဆက်လုပ်သွားမှာပါ”ဟုပဒေသာမိုးအဖွဲ့မှဦးသန့်ဇင်ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ငဖဲမြို့နယ်အုပ်ချုပ်ရေးမှူးစက်တင်ဘာ(၂၄)ရက်နေ့
ကဦးနိုင်ဝင်းဇော်ထံဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ“လေ့လာမှုတွေလုပ်တဲ့သူတို့အဖွဲ့ကိုခေါ်ပြောခဲ့တာ
ဟုတ်ပါတယ်အထက်ကလည်းဒီအတိုင်ပဲမှာထားလို့ပြောခဲ့တာပါ”ဟုဖြေကြားခဲ့သည်။ ငဖဲမြို့နယ်အတွင်းတရုတ်မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်း
ခဲ့ရာလမ်းကြောင်းတစ်လျှောက်ရှိကျေးရွာများတွင် လျော်ကြေးငွေမရရှိသေးခြင်းများသဘာဝစမ်း
ချောင်းများပျက်စီးနေမှု များနှင့်ပိုက်လိုင်းတည်ဆောက်စဉ်ကသတ်မှတ်ဧရိယာထက်ပိုမိုပျက်စီးခြင်း
များကြုံတွေ့နေရကြောင်းဒေသခံများထံမှသိရသည်။ဦးမင်း
Popular Myanmar News Journal

ပန်းနုရောင် အသားအရေ ပိုင်ဆိုင်စေမည့် အဆင့် ၁၀ ဆင့်


ကြည်လင်ပြီး ပန်းနုရောင်သန်းတဲ့ အသားအရေဟာ နုပျိုတက်ကြွတဲ့ အလှတရားကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ပန်းနုရောင်သန်းပြီး ချစ်စရာကောင်းတဲ့ အလှကို ပိုင်ဆိုင်လိုသူတို့အတွက် ဘေးထွက်ဆိုးကျိုး မရှိတဲ့ အဆင့် ၁၀ ဆင့်ကို ရေးသားလိုက်ရပါတယ်။

အဆင့် (၁) ဗီတာမင်စီကို ပိုမို ရယူပါ

 ဗီတာမင်စီက အသားအရေ ပျော့ပျောင်းနူးညံ့မှုကို အားပေးပါတယ်။
 အရေပြားရဲ့ အခြေခံ တည်ဆောက်မှုဖြစ်တဲ့ ကော်လာဂျင်ကို တင်းရင်းစေတာကြောင့် အသားအရေကို နုပျိုစေပါတယ်။ ဗီတာမင်စီပါသော အသီးအနှံများ - အချဉ်အရသာရှိတဲ့ သစ်သီးတွေ၊ စတော်ဘယ်ရီ၊ ငရုတ်ပွသီး၊ ခရမ်းချဉ်သီးနဲ့ ပဲသီးစိမ်းစတာတွေမှာ ဗီတာမင်စီ အများအပြား
ပါဝင်တဲ့အတွက် စားပေးပါ။ အားဖြည့်ဆေး - တကယ်လို့ ဗီတာမင်စီပါတဲ့ အစားအစာတွေ မစားဖြစ်ရင် တစ်နေ့ ၂၅၀ မီလီဂရမ်ပါ ဗီတာမင်စီ အားဆေးကို မှီဝဲသင့်ပါတယ်။

အဆင့် (၂) ဗီတာမင်အေကို ပိုမိုရယူပါ

 သင့်အသားအရေက အခြေခံအားဖြင့် ရက်တီနော (ဗီတာမင်အေ) နဲ့ တည်ဆောက်ထားတဲ့အတွက် ဗီတာမင်အေ ရှိရင် အသားအရေက ကျန်းမာ တင်းရင်းနေပါတယ်။ အသားအရေ လျော့တွဲလာရင် ဗီတာမင်အေ ချို့တဲ့နေတယ်လို့ ယူဆရပါတယ်။ ဗီတာမင်အေ ပါဝင်မှု မြင့်မားသောအစာများအစာများ - အဆီမပါတဲ့ နို့၊ ကမာနဲ့ ဥအနှစ်တွေမှာ ဗီတာမင်အေ ပါဝင်မှု များပါတယ်။ ဘီတာကယ်ရိုတင်းပါတဲ့ အစာတွေကို စားပေးရင်လည်း ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်မှုကိုလျော့ပါးစေပါတယ်။ အဲဒီအစာတွေက မုန်လာဥနီ၊ ဖရဲသီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီးနဲ့ အရောင်ရင့်တဲ့ သစ်သီးတွေဖြစ်ကြပါတယ်။

အဆင့် (၃) ခရမ်းလွန်ရောင်ခြည်၊ လေထုညစ်ညမ်းမှုတို့နှင့် ထိတွေ့မှုကို လျှော့ချပါ

 အပြင်ထွက်မယ်ဆိုရင် နေကာနိုင်စွမ်း SPF ၁၅ ဆ ပါတဲ့ နေကာခရင်မ်ကို လိမ်းပါ။ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီဟာ အသားအရေအတွက် အန္တရာယ်ပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ် ခံရရင် ထိခိုက်နေတဲ့ ဆဲလ်တွေကို ပြန်လည် ပြုပြင်ပေးနိုင်စွမ်း ကျဆင်းကာ ဆဲလ်သေတွေကို ဖယ်ရှားနိုင်စွမ်းလည်း လျော့ကျသွားပါတယ်။လေထုညစ်ညမ်းမှုဟာ ဝက်ခြံနဲ့ အသားအရေ ညစ်နွမ်းစေတဲ့ အဓိက အချက်ပါ။

အဆင့် (၄) အသားဖြူစေသည့် အလှကုန်များ သုံးပါ

 ဟိုက်ဒရိုကွီနုန်း ဒါမှမဟုတ် ကိုဂျစ်အက်စစ် စတာတွေပါတဲ့ အသားဖြူ အလှကုန်တွေကို လိမ်းရင် အရေပြားရှိ မယ်လာနင်ပမာဏကို လျော့ကျစေပါတယ်။ ဒီအလှကုန်တွေက ထိရောက်မှု ရှိပေမယ့် ဆိုးကျိုးတချို့ ရှိပါတယ်။ အသားဖြူစေတဲ့ အလှကုန်တွေမှာ ပြဒါး(မာကျူရီ) ပါဝင်မှု များတတ်တာကြောင့် ပြဒါးအဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် သတိထားပြီး သုံးစွဲပါ။ အသားဖြူစေတဲ့ အလှကုန်တွေ လိမ်းပြီးတဲ့အခါ နေဒဏ်ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချပါ။ ကြာရှည် နေဒဏ်ခံရတာကြောင့် အရေပြားကင်ဆာ ဖြစ်စေနိုင်ပါတယ်။ အသားဖြူအောင် အရောင်ချွတ်ပေးတဲ့ အလှကုန်တွေက အရေပြားကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေပြီး တချို့လူတွေမှာ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်။ ကိုဂျစ်အက်စစ်လို စတီးရွိုက်ပါတဲ့ အရောင်ချွတ် အလှကုန်တွေက ဆိုးကျိုးဖြစ်စေနိုင်တဲ့အတွက် သတိထားပါ။

အဆင့် (၅) တစ်နေ့ ရေ ၈-၁၀ ဖန်ခွက်ခန့် သောက်ပါ

 ဒီနည်းလမ်းက အသားအရေ ခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်ပေးပြီး အသားအရေ စိုပြည်စေပါတယ်။

အဆင့် (၆) နေ့စဉ် ၃၀-၆၀ မိနစ်ခန့် လေ့ကျင့်ခန်း လုပ်ပါ

 လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေပြီး ခန္ဓာကိုယ်ရှိ အဆိပ်တွေကို ချေဖျက်ပေးပါတယ်။

အဆင့် (၇) သကြားနှင့် ဆီကိုရောပြီး ကြေးချွတ်ပါ

 သကြားအကြမ်းနဲ့ သံလွင်ဆီ၊ အုန်းဆီလို ဆီတစ်မျိုးမျိုးကို ရောပြီး သင့်မျက်နှာကို ကြေးချွတ် ပွတ်တိုက်ပေးပါ။

အဆင့် (၈) သံပရိုသီး သုံးပါ

 သံပရိုသီးမှာပါတဲ့ စစ်ထရစ်အက်စစ်ဟာ အရေပြား ရောင်ခြယ်ပစ္စည်းတွေကို ကင်းစင်စေပါတယ်။ ဒါပေမဲ့ ဒီအာနိသင်က ခဏပဲ ခံတာကြောင့် သံပရိုသီးနဲ့ ရေကို ဆတူရောပြီး စပရေးဘူးထဲ ထည့်ကာ မကြာခဏ အသားအရေပေါ် ပက်ဖျန်းပေးပါ။ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကို ရှောင်ပါ - သံပရိုသီးလို အသားဖြူစေတဲ့ အရာတွေ ပက်ဖျန်းပြီးရင် နေကာခရင်မ်ကို လိမ်းပါ။ တတ်နိုင်သမျှ နေဒဏ်ကို ရှောင်ပါ။ သံပရိုသီးကို တစ်ရက်ခြား တစ်ကြိမ် သုံးပါ - သံပရိုသီးအရည်ကို နေ့စဉ် လိမ်းတာကြောင့် အရေပြား ခြောက်သွေ့စေပါတယ်။ ဒါကြောင့် တစ်ပတ်မှာ သုံးကြိမ်လောက်ပဲ လိမ်းပါ။

အဆင့် (၉) မျက်နှာကို ပေါင်းတင်ပါ

 အောက်ပါ နည်းလမ်းတွေက မျက်နှာဖြူဖွေးပြီး အသားအရေ ကြည်လင်စေမယ့် နည်းဖြစ်ပါတယ်။

 သခွားသီးဖြင့် ပေါင်းတင်နည်း

- သခွားသီးတစ်တောင့်ကို သံပရာရည်ခွက်ရဲ့ လေးပုံတစ်ပုံ၊ ပျားရည် လက်ဖက်စားဇွန်း ငါးဇွန်း၊ နွားနို့ လက်ဖက်စားဇွန်း စားဇွန်းတို့နဲ့ မွှေစက်ထဲမှာ ရောမွှေပါ။ အဲဒီ အရောအနှောကို ပန်းကန်လုံးထဲ ထည့်ပြီး ဂျုံမှုန့်နဲ့ စေးပျစ်တဲ့အထိ ဖျော်ပါ။ ခြောက်နာရီကြာ ရေခဲသေတ္တာထဲ ထားပြီး ရေချိုးပြီးတိုင်း တစ်နေ့ တစ်ကြိမ် လိမ်းပါ။ အချိန် ၁၅-၂၀ မိနစ်ကြာတိုင်း ကြက်သီးနွေးရေနဲ့ ဆေးပြီး သန့်ရှင်းတဲ့ မျက်နှာသုတ်ပဝါနဲ့ သုတ်ပါ။

အဆင့် (၁၀) အခြား အိမ်သုံးပစ္စည်းများ သုံးပါ

 အာလူးဖြင့် ပေါင်းတင်နည်း

- အာလူးမှာ အရောင်ချွတ်ပစ္စည်း ပါဝင်တာကြောင့် အရေပြား အပြစ်အနာအဆာတွေကို ဖျော့တော့ သွားစေပါတယ်။ ပြုလုပ်နည်းကတော့ အာလူးကို အနှစ်ရအောင်လုပ်ပြီး နွားနို့ အစက်အနည်းငယ်နဲ့ ရောမွှေကာ အရေပြားပေါ် လိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးပါ။ ခရမ်းချဉ်သီးဖြင့် ပေါင်းတင်နည်း - ခရမ်းချဉ်သီးမှာလည်း သဘာဝ အရောင်ချွတ် အာနိသင်ရှိတာကြောင့် လိမ္မော်ရည်နဲ့ ရောပြီး အသားအရေပေါ် လိမ်းပါ။ အချိန် ၁၅ မိနစ်ကြာမှ ရေနဲ့ ဆေးကြောပါ။

 ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
By Good Health


ယောက်ျားက အပေါ်မှာအိပ်နေချိန် သူမ၏ကျောင်းသားများနှင့် အိမ်၌ဖောက်ပြန်သည့် ဆရာမ


ဗြိတိန်နိုင်ငံတွင် အသက်(၄၅)နှစ်အရွယ်ရှိ လက်ထပ်ပြီးသော ကလေးသုံးယောက်အမေ အနုပညာသင်ကြားပေးသည့် ဆရာမက သူမ၏ကျောင်းမှ အသက်(၁၃)နှစ်မှ (၁၇)နှစ်အရွယ်ရှိ ကျောင်းသားနှစ်ဦးနှင့် သူမ၏အိမ်တွင် အတူဆက်ဆံခဲ့ကြောင်း သိရသည်။

Philp-Parsons ဟု ခေါ်သော သူမသည် Devon က လုပ်သက်(၁၆)နှစ် အတွေ့အကြုံရှိသောကြောင့် ကျောင်းတွင် အနုပညာသင်ကြားပြသရာ၌ ဦးဆောင်သူတစ်ဦး ဖြစ်လာခဲ့ပြီးနောက် ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းနှီးကျွမ်းဝင်သော သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

 ထိုအချက်ကို အသုံးပြု၍ သူမက သူမအိမ်တွင် ကျောင်းသား ကျောင်းသူများအား အရက်သေစာပါသော ပါတီပွဲကျင်းပပေးပြီး ယင်းပါတီပွဲများ၌ သူမ၏ ကျောင်းသားများဖြင့် အတူ လိင်ဆက်ဆံခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 သူမက ပထမကျောင်းသားအား ပါတီတစ်ခု၌ သိမ်းသွင်း၍ အပျော်ရှာပြီး နောက်ထပ်ကျင်းပသော ပါတီတစ်ခုတွင် ထိုကျောင်းသားနှင့် နောက်ထပ် ဆက်ဆံပြီးသည့်တိုင် အားမရနိုင်ဘဲ ထိုကျောင်းသားက မနက်တစ်နာရီအချိန် သူငယ်ချင်းနှင့် အစားအသောက် သွားထွက်ဝယ်ချိန်တွင် နောက်တစ်ယောက်အား သိမ်းသွင်း၍ သူမ၏ အိပ်ခန်းတွင် အပျော်ရှာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 သူမအမျိုးသား အိမ်ပေါ်ထပ်တွင် အိပ်ပျော်နေသောအချိန်တွင်လည်း သူမဟာ အောက်ထပ်မှာ ကျောင်းသားနှင့် အပျော်ရှာခဲ့သော အဖြစ်တစ်ခုလည်း ရှိခဲ့သည်ဟု သိရသည်။
 အိမ်ထောင်သက်(၁၈)နှစ်ရှိပြီဖြစ်သော ခင်ပွန်းနှင့် အိမ်ထောင်ရေးပြဿနာရှိသော သူမသည် ကျောင်းသားများနှင့် ယခုလို အပျော်ရှာတာ မှားမှန်း ၊ အန္တရာယ်ကြီးမှန်း သိပေမယ့် သိလျက်နှင့်မှားပြီး လွန်ကျွံခဲ့တာဖြစ်ကြောင်းလည်း သိရသည်။

 ထောင်ဒဏ် နှစ်နှစ်ခွဲ ကျခံစေရန် အပြစ်ပေးခြင်းခံရသော သူမကို သူမ၏ခင်ပွန်းက တရားရုံးတွင် လာရောက် တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)


လေဆိပ်ရှိ ပစ္စည်းသယ်တဲ့စက်ပေါ် ပြုတ်ကျသွားတဲ့ ငါးလသား သေဆုံး


စပိန်လေယာဉ်တွင်းတွင် စပိန်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်အဖြစ် အလည်လာသော အသက်(၃၂)နှစ်အရွယ် အမေရိကန်နိုင်ငံသူ၏ ငါးလအရွယ် သားလေးသည် Alicante လေဆိပ်တွင် လေဆိပ်ရှိ ပစ္စည်းနှင့် အိတ်များသယ်သော အလိုအလျောက်သွားနေသည့် စက်ပေါ် ပြုတ်ကျခဲ့ပြီးနောက် ကြီးမားသည့် ခေါင်းဒဏ်ရာရသွားခဲ့သော ကလေးဟာ စက်ပေါ်ပါသွား၍ စက္ကန့်ပိုင်းအတွင်းမှာပင် ၁၀ စင်တီမီတာရှိသော အပေါက်အတွင်း ပါသွားခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 သေဆုံးသွားသည့် ကလေးအထက် အကြီးတစ်ယောက် ၊ ခင်ပွန်းတို့နှင့်အတူ မိသားစုလိုက် အားလပ်ရက်ခရီးအဖြစ် ထွက်လာသော ထိုအမျိုးသမီးက အိတ်များရွေးရာနေရာတွင် မရွေ့ဘဲ ကပ်နေသော အိတ်ကိုရွေ့စေရန် စက်ပေါ်ဖက်တက်ပြီး အိတ်ရွေ့စေရန် ကြိုးစားခဲ့ကြောင်း ၊ အိတ်ရွေ့သွားသောအခါ ကိုယ်ယိုင်ပြီး ဟန်ချက်ပျက်သွားခဲ့သော ကလေးအား ဆုပ်ကိုင်ထားခဲ့သည့် မိခင်ဟာ အနီးရှိ ကလေးတွန်းလှည်းကို မှီထိန်းလိုက်နိုင်ပေမယ့် ကလေးဟာ ပြုတ်ကျ၍ ဦးခေါင်းထိသွားခဲ့ပြီးနောက် ရွေ့လျားစက်ပေါ် ပါသွားခဲ့ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 စက္ကန့်ပိုင်းတွင် လျှင်မြန်စွာ ဖြစ်ပျက်သွားခဲ့သော ထိုအဖြစ်အပျက်ကြောင့် မိခင်ဟာ အော်ဟစ်ရုံအပြင် မင်တက်ကာ ဘာမှ မလုပ်နိုင်ခဲ့ဘဲ လေဆိပ်လုံခြုံရေး ၊ ရဲ ၊ ဝန်ထမ်းနှင့် ဆေးဝန်ထမ်းများက အခင်းဖြစ်ရာသို့ ချက်ချင်းလာရောက်၍ ကလေးအား ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် ကလေးဟာ ဦးခေါင်းခွံ ကွဲအက်ခဲ့ဟန်ရှိသော မြင်သာသည့် ဦးခေါင်းဒဏ်ရာဖြင့် အိတ်များထားရှိရာ ဟောခန်းထဲတွင် သေဆုံးသွားခဲ့ကြောင်းနှင့် မည်သူတစ်ဦးတစ်ယောက်မှ ကလေးအား ကယ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

 ထိုအခင်းဖြစ်ပျက်ပြီးနောက် ဗြိတန်ကြက်ခြေနီအသင်းမှ စိတ်ပညာရှင်များနှင့် လုပ်သားများကို ထိုမိသားစုသို့ ပံ့ပိုးကူညီပေးရန် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများကတော့ ကလေးမိဘများအား စစ်ဆေးမေးမြန်းလျက် ရှိကြောင်း သိရသည်။

 စပိန်နိုင်ငံ၏ ဥပဒေအရ တရားသူကြီးဟာ အခင်းဖြစ်နေသာနေရာသို့ ရောက်မလာမချင်း သေဆုံးသွားခဲ့သော ထိုကလေးအား ရွှေ့လို့ မရသေးဘဲ ကလေးမိဘများဟာလည်း ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ရကြောင်း သိရသည်။
 စပိန်နိုင်ငံရှိ Denia သို့ အလည်ထွက်သော ထိုမိသားစုရှိ မိဘနှစ်ပါးဟာ ထိုအမှုအပေါ် တရားရုံးက ဆုံးဖြတ်ချက်မချသေးသရွေ့ ၎င်းတို့တည်းခိုရာ တည်းခိုခန်း၌ နေထိုင် တရားရုံးဆုံးဖြတ်ချက်အား စောင့်ဆိုင်းရမည်ဖြစ်ကြောင်းနှင့် အနည်းဆုံး ရက်သတ္တပတ်နှစ်ပတ် ကြာနိုင်ကြောင်းလည်း သိရသည်။

 ပြီးခဲ့သည့်လကလည်း ထိုမြို့၌ပင် အသက်(၂၆)နှစ်အရွယ် မိခင်က အနီးအနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် နှစ်နှစ်သမီးကလေးဟာ ရေကူးကန်ထဲ ချော်လဲခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်းနှင့် မိခင်နိုးထချိန်တွင် ကလေး၏အလောင်းဟာ ရေပေါ်ပေါလော ပေါ်နေခဲ့ကြောင်းလည်း သိရသည်။
 ထို မတော်တဆမှု ဖြစ်ပွားချိန်တွင် ကမ်းခြေအနီးရှိ အိမ်ထဲတွင် ကလေး၏ မိဘများ ၊ အဘိုးအဘွားများနှင့် အသက်လေးနှစ်အရွယ် အစ်ကိုတို့ဟာ နေထိုင်နေခဲ့တာ ဖြစ်ကြောင်းလည်း သိရသည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)


မြန်မာစားသောက်ဆိုင်တစ်ဆိုင်တွင် အန္တရာယ်ကင်းပရိတ်ရွတ်စဉ် ပရိတ်ရေများ ဆူပွက်လာ



အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ယားပြည်နယ် San Gabriel ရှိ အမှတ် 927 E. Las Tunas Dr. (ate J&K) တွင် မစုစုဝင်း ဖွင့်လှစ် ထားသော Fuji West Japanese & Myanmar Restaurant သို့ စက်တင်ဘာ ၁၈ရက် မွန်းလွဲ ၂နာရီတွင် မေတ္တာရှင်ရွှေပြည် သာဆရာတော် အရှင်ဇဝနကြွ ရောက်၍ အန္တရာယ်ကင်းပရိတ် ရွတ်စဉ် ဖန်ချိုင့်အတွင်းထည့်ထား သော ပရိတ်ရေများ ထူးထူးခြား ခြား ဆူပွက်လာသော အံ့ဖွယ်ဖြစ် ရပ်တစ်ခုဖြစ်ပေါ်ခဲ့ကြောင်း မေတ္တာ ရှင်ဖောင်ဒေးရှင်းမှ သိရသည်။

မေတ္တာရှင်ဆရာတော်က အမေရိကန်နိုင်ငံသို့ နိုင်ငံခြား သာသနာပြုခရီးကြွရောက်စဉ် အ ဆိုပါစားသောက်ဆိုင်သို့ ကြွ ရောက်ကာ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ရာမှ ပရိတ်တော် အစွမ်းကြောင့် ယခုကဲ့သို့ ဖန်ချိုင့် ထဲရှိပရိတ်ရေများ ပွက်ပွက်ဆူလာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
''ဆရာတော်ရဲ့သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေနဲ့ မေတ္တာအစွမ်းတွေကြောင့် အခု လို ပရိတ်ရေဆူတာလို့ ယုံကြည် ပါတယ်။ အရင်တုန်းကလဲ တောင် တန်းသာသနာပြုဆရာတော်ကြီး ရဲ့ပရိတ်ရေဆူတာ တွေ့ခဲ့ဖူးတယ်။ နိုင်ငံရပ်ခြားမှာ ပရိတ်တရားတော် ရဲ့တန်ခိုးအစွမ်းကို မျက်မြင်မြင်ရ တဲ့အတွက် ဝမ်းမြောက်မိတယ်'' ဟု အမေရိကန်ရောက် မြန်မာ မိတ်ဆွေတစ်ဦးက ပြောသည်။

ဆရာတော်သည် နိုင်ငံခြား သာသနာပြုခရီးစဉ်အတွင်း အ မေရိကန်နိုင်ငံရောက် မြန်မာပြည် သူ၊ ပြည်သားများအား တရား တော်များ ဟောကြားပေးခဲ့ပြီး စက် တင်ဘာ ၂၃ရက်တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ကြွရောက်လာ ပြီဖြစ်ကြောင်း သိရသည်။ဆရာတော်သည် သာသ နာပြုလုပ်ငန်းများအပြင် မေတ္တာ ရှင်ဖောင်ဒေးရှင်းကို တည်ထောင် ၍ သံဃာတော်များအား ဆွမ်း ကပ်လှူခြင်း၊ အနာကြီးရောဂါ သည်များအား စောင့်ရှောက်ခြင်း၊ အမှန်တကယ်ဆင်းရဲချို့တဲ့ နွမ်း ပါးသူများအား ကျန်းမာရေး၊ ပညာ ရေးများ ကူညီပေးခြင်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Yangon Media Group

အသက် ၁၅ နှစ် သို့သော် ကမ္ဘာ့အတော်ဆုံး ကင်ဆာ သုတေနသပညာရှင် Jack Andraka




အခုတော့ အသက် ၁၆ နှစ် ရှိသွားပြီ။ လွန်ခဲ့တဲ့ တစ်နှစ်တိတိက သူဘာလုပ်ခဲ့လဲဆိုတာကို သိရင် လက်ရှိ သူဘာလုပ်မယ်ဆိုတာကို လူတိုင်း ခန့်မှန်းကြည့်နိုင်ပါတယ်။ အမည်က Jack Andraka လို့ အမည်ရပါတယ်။


ငယ်ငယ်လေးကတည်းကနေ သူ သတိထားမိလာတာ တစ်ခုက လူအတော်များများဟာ ကင်ဆာကြောင့် ကွယ်လွန်ခြင်းပါ။ အိမ်နီးနားချင်းတွေအပြင်၊ ဆွေးမျိုးသားချင်းတွေအထိပါ ကင်ဆာကြောင့် အသက်ဆုံးရှုံး သွားရတာတွေ မြင်ရတော့ နာကျည်းစိတ်တစ်ခု ရလိုက်သလိုပါပဲ။ အသဲ၊ အစာအိမ်နဲ့ ဂလင်းမှာ အခြေတည်ပြီး ဖြစ်တဲ့တဲ့ ပန်ကရိယ ကင်ဆာ (ဂလင်းကင်ဆာ) ဟာ သူ့အတွက် ရန်သူ တစ်ကောင် ဖြစ်လာပါတယ်။ အကြောင်း ကတော့ စစ်ဆေးလို့အဖြေမပေါ်ပဲ အချိန်လွန်ပြီး လူတွေ သေနေကြရလို့ပါ။ ဒီတော့ မီးဖိုချောင်ဟာ သူ့အတွက် ဓာတ်ခွဲခန်း တစ်ခုအလား ဖြစ်လာပါတယ်။

အသက် ၁၃ နှစ်အရွယ်ကစလို့ Google ကနေရှာပြီး ပန်ကရိယ ကင်ဆာအကြောင်းတွေ ရှာဖတ်နေပြီ။ လက်ရှိ အသုံးပြုနေတဲ့ ရှာဖွေ စစ်ဆေး စက်ပစ္စည်းက လွန်ခဲ့တဲ့ နှစ် ၄၀ က ဟာကိုပဲ မပြောင်းပဲ အသုံးပြုနေခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကင်ဆာဆဲလ်တွေ့ရှိနိုင်ချေက ၁၀ပုံပုံ ၁ ပုံတောင် မရှိပါဘူး။ ဆီထုတ်ထုတ်တဲ့ Dipstick တစ်ချောင်းရယ်။ ဆေးဆိုင်က ဝယ်ယူတဲ့ ပရိုတိန်းတစ်မျိုး (Mesolthelin) ဆေးရည်နဲ့ အခြားသော ဆေးပစ္စည်း အစုံအလင်က သူ့အတွက် သုတေသန ပြုစရာ ပစ္စည်းများ ဖြစ်လာ ပါတော့တယ်။ အီလက်ထရွန်ဓာတ် အပြည့်အဝ စီဆင်းစေမယ့် Paper sensor တစ်မျိုးကို စတင်ပြုလုပ်ပါတယ်။ လူတွေရဲ့  ဆီး၊သွေးကို ယင်း စာရွက်ပေါ်တင်ပြီး မှန်ပြောင်းနဲ့ လေ့လာရုံ၊ ကွန်ပြူတာနဲ့ Scan ဖတ်လိုက်ရုံနဲ့ ပန်ကရိယ ကင်ဆာ ရှိမရှိ အလွယ်တကူ စစ်ဆေးနိုင်မယ့် နည်းပညာနဲ့ ပစ္စည်း ဖြစ်ပါတယ်။

လက်ရှိ အသုံးပြုနေတဲ့ ပန်ကရိယ ကင်ဆာစစ်ဆေးရေး စက်ထပ် အာရုံခံနိုင်မှု စွမ်းအားက အစ ၄၀၀ တောင် ကွာပြီး ဈေးနှုန်းအားဖြင့်ကလည်း အစပေါင်း ၂၆၀၀၀၀ သက်သာနေပါတယ်။ အကြောင်းကတော့ အဲ့အတွက် ၁ဒေါ်လာရဲ့  ၁၀ပုံပုံ ၁ပုံ ( 1 cent) ပဲ ကုန်ကျလို့လေ။ ကင်ဆာရောဂါ စမ်းသပ်စက်ပစ္စည်းကြီးများနဲ့ ကြိုးစား လုပ်ဆောင်နေတဲ့ ဓာတ်ခွဲခန်းနဲ့ ပညာရှင်များကို အရှက်ခွဲလိုက်သလိုပါပဲ။ စမ်းသပ်မှု ပြီးမြောက်ဖို့ အနည်းငယ် အလိုမှာ ဓာတ်ခွဲခန်းတွေကို စာပို့ပါတယ်။ အမေရိကန် နိုင်ငံအတွင်းက ကင်ဆာ သုတေသန ပြုလုပ်နေကြတဲ့ ဓာတ်ခွဲခန်းပေါင်း ၂၀၀ ကျော်ကို သူ့ရဲ့  သုတေသန စာတမ်းများ ပို့လိုက်ပါတယ်။ ၂၀၀ မှာ ၁၉၉ ခုသော ဓာတ်ခွဲန်းက ငြင်ဆန်ပြီး John Hopkins တက္ကသိုလ်က ဒေါက်တာ Anarban Maitra ကတော့ ခွင့်ပြုပေးလိုက်ပါတယ်။ အဲဒီမှာစမ်းသပ်ပြီး ၂၀၁၂ အမှီမှာ အောင်မြင်မှု ရရှိသွားတာပါပဲ။

အဲ့နောက်ပိုင်း အမေရိကန်ကရော၊ ကမ္ဘာက ပေးအပ်တဲ့ ဆုတံဆိပ်အမျိုးမျိုး ရရှိပြီး လူသိများတဲ့ သုတေသန ပညာရှင် တစ်ဦး ဖြစ်လာပါတော့တယ်။ လက်ရှိ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁သိန်းကျော် ရရှိထားပြီး အခြားသော သုတေသနများ ပြုလုပ်ဖို့အတွက် ငွေကြေးထောက်ပံ့မှုကိုလည်း အပြည့်အဝရရှိထားပါတယ်။ 2013 Social God Summit မှာ တက်ရောက် ဟောပြောခွင့်ရပါတယ်။ ကမ္ဘာမှာ ၁ ရာခိုင်နှုန်းမျှသာ ရှိတဲ့ သုနေတနပညာရှင် လူဦးရေထဲကို ပါဝင်လာတဲ့ ထူးချွန်ပညာရှင် တစ်ဦးမို့ပါ။ သူ့ရဲ့  နောက်ထပ် ခြေလှမ်းများက အခြားသော ကင်ဆာအမျိုးအစားနဲ့ HIV တို့လို ရောဂါတို့ကို ရှာဖွေဖော်ထုတ်မယ့် သုတေသန ဖြစ်ပါတယ်။

Social Good Summit မှာ သူပြောခဲ့တဲ့ စကားအချို့ ကို အောက်ပါအတိုင်း ကောက်နုတ်ပေးလိုက် ရပါတယ်။

"Science shouldn't be a luxury, and knowledge shouldn't be a commodity,"
“သိပ္ပံပညာရပ်ဟာ ဇိမ်ခံပစ္စည်း မဟုတ်ဘူး။ ပညာဆိုတာ လူတိုင်း ရသင့်ရထိုက်တဲ့ အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်တယ်”

"Imagine if we lived in a knowledge democracy. It should be a basic human right."

“ကျနော်တို့ဟာ တရားမျှတတဲ့ ပညာရေး စနစ် (ပညာ ဒီမိုကရေစီ စနစ်) မှာနေထိုင်တယ်လို့ ယူဆကြည့်ပါ။ ဒါဟာ တစ်ကမ္ဘာလုံးအတွက် အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။”
မူရင်းလင့် - http://blog.techspace.com.mm/2013/09/jack-andraka.html

အောင်ခမ်း (TSJ Team)

ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူခရီးစဉ် ပြန်လည်ရောက်ရှိ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စင်္ကာပူနိုင်ငံကို ၄ ရက်ကြာခရီးစဉ်အပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိလာပါတယ်။

အန်အယ်ဒီပါတီဝင်တွေနဲ့ သူ့ ကိုထောက်ခံသူတွေက ရန်ကုန်လေဆိပ်မှာ လာရောက်ကြိုဆိုခဲကြပါတယ်။ သူရဲ့ခရီးစဉ်အတွင်း စင်္ကာပူ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ရောက်ခဲ့ပြီး မြန်မာနိုင်ငံရေး အပြောင်းအလဲနဲ့ စီးပွားရေးအကြောင်း၊ အာဆီယံ ဒေသတွင်းနိုင်ငံက စီးပွားရေး ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

စင်င်္ကာပူ စီမံခန့်ခွဲရေး တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ဦးဆောင်မှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဟောပြောခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း မြန်မာမိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့သလို အမိနိုင်ငံတိုးတက်ကောင်းမွန်ဖို့ လူငယ်တွေအနေနဲ့ ကူညီကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ပါလီမန်ကို သွားရောက်လေ့လာပြီး စင်္ကာပူ သမ္မတနဲ့ ၀န်ကြီးချုပ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်
DVB TV News

ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့ မလိုကြောင်း ဦးဌေးဦး ပြော

နေပြည်တော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ဧရာဝတီသတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားနေသော ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)

လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ဖျက်ပြီး နောက်ထပ်အသစ်တခုရေးဆွဲပြဌာန်းဖို့ မလိုအပ်ဘူးလို့ လက်ရှိအာဏာရ ပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ဒု ဥက္ကဋ္ဌ ဦးဌေးဦးက ပြောဆို လိုက်ပါတယ်။

နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ ပြည်တွင်း၊ ပြည်ပ တတ်သိ ပညာရှင် တွေနဲ့ လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေက လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲပြဌာန်းဖို့ ပြောဆိုနေမှုတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာမှာ ဦးဌေးဦးက ခုလို ရှင်းပြတာဖြစ်ပါတယ်။

“တချို့ကပြောတယ်၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်မယ်၊ ဖျက်ပစ်ပြီး အသစ်ဆွဲမယ်ဆိုပြီးတော့ ဒီလိုပြောတာတွေလည်း ရှိတယ်၊ ဒါနဲ့ပတ်သက်လို့ကတော့ ကျနော်တို့ ပါတီအနေနဲ့ရော ကျနော့် အနေနဲ့ရော ပြောနိုင်တာကတော့ အသစ်ဆွဲဖို့ မလိုဘူး လို့ပဲ ယူဆပါတယ်” လို့ ဦးဌေးဦး က ဧရာဝတီကိုပြောပါတယ်။

လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတွက်ကျင့်သုံးနိုင်ဖို့ ရည်ရွယ်ပြီး ရေးဆွဲ ခဲ့တာ ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပေမယ့် တကယ်တမ်းလက်တွေ့အခြေအနေမှာ အခွင့် အရေးတွေ မရသေးဘူး ဆိုရင် ရအောင် ကျိုးစားဆောင်ရွက်ပေးသွားမှာဖြစ်သလို လူထုဆန္ဒအရ လိုအပ်လာတယ်ဆိုရင်တော့ ပြင်သင့်တဲ့ အချက်တွေကို ပြင်ဆင်ပေး သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွဲတယ်ဆိုတာ နာရီပိုင်း၊ ရက်ပိုင်းနဲ့ ဆွဲလို့မရဘူး၊ ဆန္ဒခံယူပွဲလုပ်မယ်ဆိုရင်လည်း အချိန်တွေ အများကြီး ယူရတယ်၊ အသစ်ဆွဲဖို့ဆိုရင် အချိန်ပေးရမယ်၊ ကျနော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ရဖို့တောင်မှ အချိန်တွေ အများကြီး ပေးရတော့ အခု အသစ်ဆွဲဖို့ဆိုရင် အဲဒီအချိန်တွေပေးဖို့ လုံလောက်သလား၊ ဒါမှမဟုတ် ၂-၃ နာရီ၊ ၂-၃ လနဲ့ ဆွဲတဲ့ ဥစ္စာကို လက်ခံရမှာလားဆိုတဲ့အခါကြတော့ ဒါတွေသည် ဆွေးနွေးဖွယ်၊ အငြင်းပွားဖွယ် ကိစ္စတွေဖြစ်မယ်လို့ ကျနော်မြင်တယ်” လို့ ဦးဌေးဦးက ပြောပါတယ်။

သူကဆက်ပြီး “အသစ်ဆွဲမယ်ဆိုရင် ဒီဖွဲ့စည်းပုံ အခြေခံသည် ပျက်သွားမှာပေါ့၊ ဖျက်ရမှာပေါ့၊ ဖျက်မယ် ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေါ်ပေါက်လာတဲ့ အစိုးရတို့၊ လွှတ်တော်တို့ ပါတီတို့ ဆိုတာတွေလည်း ပျက်သွားမှာပေါ့၊ ပျက်သွားရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိတဲ့ အချိန်မှာ၊ ဘယ်သူက တာဝန်ယူပြီးဆွဲပေးမှာလည်း၊ နိုင်ငံတော်ကို ဘယ်သူက တာဝန်ယူပြီး စီမံ ခန့်ခွဲ မှာလည်း အဲလိုဆက်ပြီးစဉ်းစားမယ်ဆိုရင်တော့ အသစ်ဆွဲမယ်၊ ဒါကိုဖျက်ပစ်မယ်ဆိုတဲ့ ဥစ္စာသည် အဖြေထွက်လာပါလိမ့် မယ်”လို့ ရှင်းပြပါတယ်။

ပြည်တွင်း၊ ပြည်ပက တတ်သိ ပညာရှင်တွေကတော့ အစိုးရက ပြဌာန်းအသုံးပြုနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်ဗိုလ်ချုပ် ဟောင်းတွေ အာဏာမြဲဖို့ ရေးဆွဲထားတဲ့ ဥပဒေဖြစ်တယ်လို့ ထောက်ပြဝေဖန်နေကြပြီး စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုရင်တော့ လက်ရှိပြဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ဒါမှမဟုတ် အသစ်ရေးဆွဲပြဌာန်းဖို့ တိုက်တွန်း ပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့နဲ့ လူထုကို အကာအကွယ်ပေးနိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မှ ရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း သူ့ရဲ့ စင်္ကာပူခရီးစဉ် အတွင်း မြန်မာမိသားစုတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုခဲ့ပါသေးတယ်။

“ကျမတို့ နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းကို ပြောင်းရမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းမှ ကျမတို့ နိုင်ငံဟာ တ ကယ့် ဒီမိုကရေစီနိုင်ငံဖြစ်နိုင်မယ်။ ဒီမိုကရေစီနိုင်ငံဖြစ်မှ ကျမတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကို အကာအကွယ် ပေးနိုင်မှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားတာဖြစ်ပါတယ်။

တခါ တောင်ကြီးမြို့မှာ ဒီလ ၂၁ ရက်နေ့ကစပြီး ၃ ရက်အကြာကျင်းပတဲ့ “ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” ရှမ်း၊ ကယားနဲ့မွန်ပြည်နယ်တို့ဆွေးနွေးပွဲမှာလည်း လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲပြဌာန်းရေးကို သဘောတူခဲ့ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲကိုတော့ ပြည်နယ်ပေါင်းစုံနဲ့ ပြည်မက နိုင်ငံရေးပါတီ ၂၁ ပါတီ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဖက်လူ့အဖွဲ့အစည်း ၃ ဖွဲ့နဲ့ လေ့လာသူအဖြစ်အဖွဲ့အစည်း ၃၁ ဖွဲ့တို့က ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော်တက်ရောက်ခဲ့ကြ တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ပူးပေါင်းပြီး အခြေခံ ဥပဒေပြင်ဆင်တဲ့ အစီရင်ခံစာကို ဒီနှစ်နိုဝင်္ဘာလထဲမှာ ထုတ်ပြန်မယ်လို့ ဒီလ ၇ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ပါတီတွေ တွေ့ဆုံပွဲ အပြီးမှာ ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲကြဖို့ သဘောတူညီမှုတွေ ရရှိထားတယ်လို့လည်း သိရပါတယ်။

သြဂုတ် လကုန်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည် လေ့လာသုံးသပ်မှုကို ၄ လအတွင်း အပြီး လျှို့ဝှက် ဆောင်ရွက်ဖို့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာလည်း ကန့်ကွက်သူမရှိ အတည်ပြု ဆုံးဖြတ် ခဲ့ပါသေးတယ်။ ဇူလိုင်လ အတွင်းက လည်း အဲဒီ ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ဖို့ အတွက် ကော်မတီတရပ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ အလယ်လောက်တုန်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်လေ့လာရေး အရေးကြီး အဆို တရပ်ကို အာဏာရ ကြံ့ခိုင်ရေးပါတီက ပြည်သူ့ လွှတ်တော်မှာ တင်သွင်းရာ ကန့်ကွက်သူမရှိဘဲ အတည်ပြုခဲ့ဖူးပါတယ်။

ကြံ့ခိုင်ရေး ပါတီ ၀က်လက် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအေးမြင့်က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီး အဆိုကို တင်သွင်းပြီး မြစ်ကြီးနားမြို့နယ်ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ထောက်ခံခဲ့ပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ၊ အရပ်သားလွှတ် တော် ကိုယ်စားလှယ်တွေက ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

ဧရာဝတီ

ဒေါ်လာသုံးသန်း ထည့်ထားတယ်။ မှန်ကိုခွဲပြီးလာယူလှည့်


မှန်ကွဲလျှင် ကန် ၃ သန်းအလကားယူနိုင်သည်

အမေရိကန် 3M က ထုတ်တဲ့ လုံခြုံရေးမှန် တစ်မျိုးလို့ ဆိုပါတယ်။ ယင်း မှန်ကို ကြော်ငြာဖို့အတွက် လူစည်ကား ဘတ်စ်ကား မှတ်တိုင် တစ်ခုမှာပေါ့။

အမေရိကန်ဒေါ်လာ ၃ သန်း ကို ယင်းမှန်ထဲ ဒီတိုင်းထားပြီး ဘာလုံခြုံရေးမှ ရှိမနေစေပါဘူး။ ဒါကို မရုံတဲ့သူများက လက်တည့်စမ်းပါတယ်။ အမျိုးမျိုး ရိုက်ခွဲ၊ ကန်ခွဲပါတယ်။ ကုမ္မဏီက မှန်အောက်တည့်တည့် ဗုံးထားခွဲတောင် မကွဲဘူးလို့ အာမခံထားတယ်လေ။ မှန်တင်မကပဲ ဘေးအနား သံနဲ့မှန်ကြား ချိတ်ဆက်မှုကအစ လေတောင် မဝင်စေပါဘူး။ ရာသီသုံးမျိုးဒဏ်ခံသတဲ့။
...
ဒါကို လူသိများ စိတ်ဝင်စားလာအောင် ကြော်ငြာလိုက်တဲ့ နည်းလမ်းကလည်း ကြောက်ဖို့တောင် ကောင်းပါတယ်။ အမေရိကန်ဒေါ်လာ ၃ သန်းကို မှန်ထဲထည့်ပြီး မှန်ကွဲရင် အလားယူ ယူပါတဲ့။ ဘယ်သူ စမ်းကြည့် ချင်ပါသလဲ။
Myawady News

အော်ပရေတာလုပ်ငန်း၌ ဒေါ်လာ ၁ ဘီလီယံကို ရတနာပုံတယ်လီပို့ အသုံးပြုမည်

ရတနာပုံတယ်လီပို့ကုမ္ပဏီသည် ဆက်သွယ်ရေးအော်ပရေတာ လုပ်ငန်းလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအသုံးပြုသွားမည်ဟု ခန့်မှန်းထားကြောင်း ကုမ္ပဏီ CEO ဦးတင်ဝင်းက ပြောသည်။     “အော်ပရေတာလုပ်မယ်ဆိုရင် ဒီလောက်တော့ကုန်မှာပဲ။ ဒီအတွက်လည်း Funding တွေရှာရဦးမယ်” ဟု ဦးတင်ဝင်းက ဆိုသည်။ လက်ရှိအချိန်၌ ရတနာပုံတယ်လီပို့သည် ၎င်းတို့၏ ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်း၌ Vendor အဖြစ် ပူးပေါင်းလုပ်ကိုင်မည့်သူများကို ရွေးချယ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်သည်။     အော်ပရေတာအဖြစ် ရွေးချယ်ထားသော Telenor (နော်ဝေ) သည် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Ooredoo (ကာတာ) သည် မြန်မာနိုင်ငံ၌ အမေရိကန်ဒေါ်လာ ၁၅ မီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု အင်တာနက်သတင်းများ၌ ဖော်ပြထားသည်။     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့သည် ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ကိုင်ရန် ယခင်ကတည်းက လျာထားသတ်မှတ်ခြင်း ခံခဲ့ရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂ နှစ်တာအတွင်း အစိုးရပိုင်ဆိုင်မှု ၁၀ ရာခိုင်နှုန်းလျှော့ချသွားမည်ဖြစ်ပြီး ရတနာပုံတယ်လီပို့ကုမ္ပဏီသည် ရက်ပေါင်း ၆၀ အတွင်း အများပိုင်ပြောင်းလဲ သွားမည်ဟု ပြောဆိုထားသည်။     ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်နိုင်ရန် အများပိုင်အဖြစ် ပြောင်းလဲနေသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီထံမှ အစိုးရအနေဖြင့် ၎င်းတို့ပိုင်ဆိုင်သော အစုရှယ်ယာ (၅၁ ရာခိုင်နှုန်း) များကို ထုတ်ယူသွားမည်ဖြစ်ပြီး ရှယ်ယာ ၅ ရာခိုင်နှုန်းခန့်သာ ဆက်လက်ထားရှိသွားမည်ဟု ထုတ်ပြန်ခဲ့ဖူးသည်။     “ရတနာပုံတယ်လီပို့ကို အများပိုင်ပြောင်းပြီ Certificate ကို စောင့်နေတာ။ တန်ဖိုးတွေ ပြန်သတ်မှတ်ရမယ်။ ပြီးရင် ရှယ်ယာရောင်းမယ်။ ချက်ချင်းကြီးတော့ မဟုတ်သေးဘူးဟု” ဦးတင်ဝင်းက ကုမ္ပဏီအများပိုင် ပြောင်းလဲသည့် အခြေအနေကို ပြောသည်။ လက်ရှိအချိန်၌ ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ရန် အစိုးရအနေဖြင့် ရွေးချယ်သတ်မှတ်ထားပြီးဖြစ်သော်လည်း မည်သူ့ကိုမှ လိုင်စင်ချထားပေးခြင်း မရှိသေးကြောင်းသိရသည်။  မြင့်ကျော်လှိုင်

အင်တာနက်ဂျာနယ်

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပမည်

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းသည် ပထမဦးဆုံးအကြိမ်အဖြစ် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။     UMFCCI ပထမထပ်၌ နေ့လည် ၂ နာရီမှ ၃ နာရီအထိ ပထမပိုင်းအစီအစဉ်အဖြစ် ကျင်းပမည်ဖြစ်ပြီး ဂုဏ်ပြုလက်မှတ်ပေးအပ်ြခင်း၊ နှစ်ပတ်လည် အစီရင်ခံစာဖတ်ကြားခြင်းနှင့် အခြားသော အစီအစဉ်များကို ကျင်းပသွားမည်ဖြစ်သည်။ ဆက်လက်ကျင်းပမည့် ဒုတိယပိုင်းအစီအစဉ်ကိုမူ သတင်းသားများသာ တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။     ဒုတိယပိုင်း အစီအစဉ်၌ “၂၀၁၅ နှင့် အနာဂတ်စီးပွားရေး” ခေါင်းစဉ်ကို စကားဝိုင်းနှစ်ရပ်ဖြင့် စိတ်ဝင်စားဖွယ် ပုံစံကျင်းပမည်ဟု အထက်ပါအသင်းက သတင်းထုတ်ပြန်သည်။ အသင်းမဝင်ရသေးသူများအနေဖြင့် ဒုတိယပိုင်းအစီအစဉ်ကို တက်ရောက်လိုပါက မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်အသင်းသည် ၎င်းတို့၏ ဝက်ဘ်ဆိုက်စာမျက်နှာနှင့် ဖေ့စ်ဘုတ်စာမျက်နှာများသို့ ဆက်သွယ်နိုင်ကြောင်း ပြောဆိုထားသည်။  
 မြင့်ကျော်လှိုင်

myanmarinternetjournal

ဇနီးက ခင်ပွန်းကို မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ လေးဦးအမှုဖွင့်ခံရ

မန္တလေးတိုင်းဒေသကြီး မြင်းခြံ မြို့နယ်တွင် ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို နိုင်ငံသားစိစစ်ရေးကတ် နှစ်ခုကိုင်ဆောင်မှုဖြင့် တိုင်ကြားရာမှ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တိုင်ကြားသူအပါအဝင် လေးဦး အမှုဖွင့် ခံခဲ့ရကြောင်း မြင်းခြံမြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုကြီးက The Voice သို့ ပြောကြားသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား တရားမဝင် ကိုင်ဆောင်ထားသူ၏ ဇနီးသည်က အိမ်ထောင်ရေး အဆင်မပြေ ဖြစ်သည့်အခါ ၄င်း၏အမျိုးသား နိုင်ငံသားစိစစ်ရေး ကတ်နှစ်ခု ကိုင်ဆောင်ထားမှုကို တိုင်ကြားခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူ၏ ဇနီးလည်း လိုက်ပါလာသဖြင့် ဇနီးဖြစ်သူ ကိုလည်း တရားစွဲဆိုထားပြီး နိုင်ငံသား စိစစ်ရေးကတ် တရားမဝင် လိမ်လည် အတု ပြုလုပ်ပေးသူ နှစ်ဦးနှင့် ကိုင်ဆောင်သူတစ်ဦး အပါအဝင် စုစုပေါင်းလေးဦးကို အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

အဆိုပါအမျိုးသားကို အထောက်အထား ခိုင်လုံစွာမရှိဘဲ တောင်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားသဖြင့် အဆိုပါရုံးမှ ဝန်ထမ်းနှစ်ဦး ကိုလည်း အမှုဖွင့် အရေးယူ ထားကြောင်းလည်း ဦးကိုကိုကြီးက ဆိုသည်။

တောင်သာမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနသို့ ၁၉၉၈ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် နိုင်ငံသား စိစစ်ရေးကတ်ပြား လာရောက် လျှောက်ထားသဖြင့် လက်ထောက် ညွှန်ကြားရေးမှူး (လက်ရှိ အငြိမ်းစား ယူထားသူ)က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါရုံးက နိုင်ငံသား စိစစ်ရေးကတ် အမှတ်၉/တသန(နိုင်)၁၃၁၅၄၉ ကို ထုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားအတု ကိုင်ဆောင်သူနှင့် ဇနီးကို မြင်းခြံမြို့မ ရဲစခန်းက (ပ)၁၈၂/၂၀၁၃ပြစ်မှု ပုဒ်မ ၄၂၀/၄၆၈/၁၁၄ အရ လည်းကောင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးသူ နှစ်ဦးကို (ပ)၁၈၃/၂၀၁၃ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ အရလည်းကောင်း အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
The Voice Weekly

တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ရ


ယခုလ ၁၉ ရက် နေ့လည်ပိုင်းက မန္တလေး - ကလေး လမ်းပိုင်း ပုံတောင် ပုံညာကြား ကြော့ကျေးရွာ အနီးတွင် ခရီးသည်တင် ပို့ဆောင်ရေး ယာဉ်တစ်စီး တောင်တက်လမ်း ချောက်တစ်ခုကို ကွင်းမောင်းရာမှ အရှိန်လွန်ပြိး ချောက်ကမ်းပါး ထိပ်ပေါ်တွင် ချိတ်တင် နေခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည် ၂၆ ဦး ကံသီ၍ အသက်ဘေးမှ လွတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေး မှ ကလေးသို့ သွားသည့် ရွှေသဇင် ခရီးသည် ပို့ဆောင်ရေး ယာဉ်သည် ပုံတောင် ပုံညာကြား လမ်းပိုင်းတွင် ခရီးသည် ၂၆ ဦးကို တင်ဆောင်ပြီး တောက်တင်လမ်း အတိုင်း ကလေးမြို့ သို့ သွားစဉ် လမ်းပေါ်ရှိ ကြီးမားသည့် ချောက်ကြီး တစ်ခုကို ကွေ့ဝိုက်ရာမှ အရှိန်လွန်ပြီး လမ်းဘေး ၀ဲဘက်ရှိ ချောက်ကမ်းပါး တစ်ခုနှင့် ချိတ်တင် နေခဲ့ကြောင်း သိရသည်။
 အခုလောက် ပဲ ဖြစ်တာက ကျွန်တော်တို့ တော်တော်ကို ကံကောင်းလို့ပါ ၊ ဟိုဘက်ချောက် က အနက်ကြီးပဲ ၊ အောက်ကို မြင်တောင် မမြင်ရဘူး ၊ ကျသွား ခဲ့ရင်တောင် ကျွန်တော်တို့ ခရီးသည် တွေအတွက် မတွေးဝံ့ ပါဘူး ၊ ဒီလမ်းပိုင်းက ယာဉ်မောင်း တွေ အနေနဲ့ တော်တော့်ကို ဂရုစိုက် ရပါတယ် ၊ မိုးတွင်း ဆိုတော့ ချောက်တွေ ၊ ကျင်းတွေက ပိုများပြီး စလစ် ဖြစ်နိုင်တဲ့ နေရာတွေ ကလည်း ပေါပါတယ် .... " ၊ " ကျွန်မလည်း တော်တော် ကြောက်သွား တာပါ ၊ ဘုရားစာတွေ ဆိုလိုက်ရတာ မပြော ပါနဲ့တော့ ၊ ပြုတ်ကျ လိုက်လို့ ကတော့ မတွေးဝံ့ စရာပဲ ၊ ဘာပဲ ဖြစ်ဖြစ် ကားဆရာတွေ အနေနဲ့ မိုးတွင်း ဘက်မှာ လမ်းတွေက ချော်ပြီး တောင်တက် လမ်းတွေ ဖြစ်နေတော့ သတိကြီး စွာထားပြီး မောင်းစေချင် ပါတယ် .... "ဟု အဆိုပါ ကားဖြင့် လိုက်ပါ လာသည့် ခရီးသည် များက ပြောကြား ခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ချောက်ကမ်းပါး ပေါ် မေးချိတ်တင် နေသော မော်တော်ယာဉ် အား ပြန်လည် ဆွဲတင် နေမှုကြောင့် ခရီးသည် တင်ယာဉ်များ သည်လည်း တောင်တက်လမ်း ဖြစ် ကျဉ်းမြောင်း သဖြင့် ညနေ ၅ နာရီ ကျော်မှသာ အဆိုပါ လမ်းပိုင်းကို သွားလာ အသုံးပြု ခဲ့ရ၍ ခရီးသွား ပြည်သူများ ခရီး ကြန့်ကြာမှု ဖြစ်ပေါ် ခဲ့ရကြောင်း သိရှိရသည်။ (မောင်မျိုး - ဧရာဝတီ )

လက်ထပ်ပေးမယ်ထင်လို့ ပြန်သွားတဲ့ ချစ်သူနှစ်ဦး မိသားစုဝင်များ၏ အသတ်ခံရ


အိန္ဒိယနိုင်ငံ Haryana ပြည်နယ်က Gharnavati ရွာတွင် အသက်(၂၀)နှစ်အရွယ် Nidhi Barak နှင့် အသက်(၂၃)နှစ်အရွယ် Dharmender Barak တို့ဟာ စက်တင်ဘာ(၁၈)ရက်နေ့ညက မိသားစုဝင်များ၏ အသတ်ခံခဲ့ရကြောင်း သိရသည်။

 တက္ကသိုလ်ကျောင်းသား ကျောင်းသူများဖြစ်သည့် ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေတာကို မိသားစုဝင်များက သဘောမတူသောကြောင့် ခိုးပြေးသွားခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။
 ၎င်းတို့နှစ်ဦးအား ထိခိုက်နာကျင်အောင် မလုပ်ဘဲ လက်ထပ်ပေးမည်ဟူသော ဆွေမျိုးမိဘများ၏ ကတိကြောင့် နေရပ်သို့ ပြန်လာခဲ့ကြသူများဖြစ်သည်။

 သို့ပေမယ့် ၎င်းတို့၏ မိဘဆွေမျိုးများက ခိုးရာလိုက်ခဲ့သည့် မိန်းကလေးအား သေသည်အထိ ရိုက်သတ်ခဲ့ပြီး ခိုးပြေးခဲ့သည့် အမျိုးသားကိုမူ မိန်းကလေး၏ မိဘဆွေမျိုးများက ခေါင်းဖြတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ရဲများ၏အပြောအရ ထိုချစ်သူနှစ်ဦးဟာ မိန်းကလေး၏နေအိမ်တွင် နာရီပေါင်းများစွာ လူအများရှေ့ နှိပ်စက်ညှဉ်းပန်း ခံခဲ့ကြရပြီး မိန်းကလေးဟာ လူအများအလယ်မှာတင် သေသည်အထိ ရိုက်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 ခေါင်းဖြတ်ခံခဲ့ရသည့် အမျိုးသားကလေးမှာ ခေါင်းဖြတ်အသတ်မခံရမီ အရိုက်အနှက်ခံခဲ့ရပြီး ခြေ ၊ လက်တွေ အချိုးခံခဲ့ရကြောင်းလည်း သိရသည်။ ၎င်း၏အလောင်းကိုတော့ ၎င်း၏မိသားစုဝင်များ၏ အိမ်အနီးတွင် တမင် စွန့်ပစ်ထားခဲ့ကြောင်း သိရသည်။

 အမျိုးသမီး၏ အလောင်းအား မီးရှို့စင်တွင် မီးတင်ရှို့နေကြောင်း ယင်းရွာသားတစ်ဦးက ရဲကို အသိပေးခဲ့သည့်အတွက် ၎င်းတို့အား သတ်ခဲ့သော မိသားစုဝင်အချို့ကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 ယင်းဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော အမျိုးသမီး၏ ဖခင် ၊ မိခင်နှင့် ဦးလေးတို့အား ရဲများက ဖမ်းဆီးမိခဲ့ပေမယ့် အခင်းဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်လျက်ရှိသော အမျိုးသမီး၏ အစ်ကို ၊ ၎င်း၏သူငယ်ချင်းနှင့် အသတ်ခံရသောစုံတွဲအား ရွာသို့ပြန်ခေါ်လာရာတွင် ကားမောင်းပေးခဲ့သော ဒရိုင်ဘာတို့ကိုမူ ရဲများက လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)


မင်္ဂလာပွဲကို ကြွရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ် ကုတင်ပေါ်မှာ အိပ်ပျော်နေ


သတို့သမီးဖြစ်သူ Alice Sheffield ၏ မိခင် Victoria Walker နှင့် David Cameron ၏ ဖခင်တို့ဟာ ၁၉၇၄ခုနှစ် (David Cameron ၏ မိခင်နှင့် ကွာရှင်းပြတ်စဲပြီနောက်ပိုင်း) တွင် လက်ထပ်ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

 မီးရထားဖြင့် ခရီးထွက်လာခဲ့သော မစ္စတာ David Cameron ဟာ မင်္ဂလာဆောင်မည့်နေ့ မနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ကာ အလုပ်များသူတို့၏ ထုံးစံအတိုင်း ရတဲ့အချိန်ကို အသုံးချအနားယူခဲ့ရာ ၎င်းအိပ်ပျော်နေပုံကို သတို့သမီးနှင့်အတူ စက်တင်ဘာ(၇)ရက်နေ့က အမှတ်တရ ရိုက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဖဝါးတုံးလုံးဖြင့် ညာလက်နောက်ပစ်ကာ ခုတင်ပေါ်တွင် ဆန့်ဆန့်ကြီးအိပ်ပျော်နေခဲ့သော ဗြိတိန်ဝန်ကြီးချုပ် David Cameron အား ရှားရှားပါးပါး ပုံတွင် တွေ့မြင်နိုင်ကြသည်။

 ထိုပုံအား ယင်းဓါတ်ပုံ ရိုက်ယူခဲ့သူ Emily Sheffield က Instagram တွင် အမှုမဲ့ အမှတ်မဲ့ တင်ခဲ့သောကြောင့် အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့ပြီး ထိုပုံကို ပြန်ဖျက်ပစ်ခဲ့တာဖြစ်ကြောင်းလည်း သိရသည်။
 ဝန်ကြီး၏ဘေးနားက သေတ္တာအနီမှာ ဝန်ကြီးချုပ်တာဝန်ဖြစ်သော အရေးတာဝန်များနှင့် ပတ်သက်သည့် အရေးကြီး စာရွက်စာတမ်းများ ထည့်ထားသော သေတ္တာဖြစ်ကြောင်းလည်း သိရသည်။


 လက်ထပ်မင်္ဂလာပွဲလာသော ခရီလမ်း ရထားပေါ်တွင် ထိုသေတ္တာအနီအား ဝန်ကြီးချုပ်က စောင့်ကြည့်သူမရှိဘဲ တခဏ ထားရှိခဲ့တယ်ဆိုပြီး ပြစ်တင်ပြောဆိုသူများလည်း ရှိခဲ့သည်။
Source : Daily Mail
ပုံရိပ်(burmesehearts.com)

ကော့ကရိတ် မြ၀တီလမ်း လျှိုမြောင်အတွင်း ရွာသားတဦး မိုင်းနင်းမိ သေဆုံး


ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြ၀တီ လမ်းကြောင်းရှိ ချောက်ကမ်းပါး အလှုခံ မဏ္ဍာပ်၏ နေရာဘေးရှိ ချောက်ကမ်းပါးထဲသို့ တောနင်းသွားသူတဦး မိုင်းနင်း မိပြီး သေဆုံးခဲ့ရသည်ဟု အစိုးရ လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ် သူဒေသခံ တဦးက ဆိုပါသည်။

“သူ  ၀ ဥ သွားတူးတာတဲ့။ မိုင်း ထိချိန်က ၂၂ ရက် နေ့လည် (၁၀) နာရီခွဲ မှာပေါ့။ မိုင်းထိထိချင်း သူ့မိသားစုကို ဖုန်းဆက်တယ်။ သူ့ကို ညနေ ၃ နာရီမှ ဆေးရုံပို့နိုင်တော့ လမ်းမှာတင်သေဆုံးသွားတာ။ ” ဟု ဆိုပါသည်။

 ကော့ကရိတ်မြို့ ဒေါန လမ်းခင်နိမ့်မူ ကွက်သစ် ရပ်ကွက် (၇) တွင် နေထိုင်သော တရုတ်ဖိုး (၂၈)နှစ် (အဖ ဦးရာကွန့်) သည် ၄င်းနေရာသို့  ၀ဥ သွားတူး စဉ်မိုင်းနင်းမိခြင်းဖြစ်ပြီး ၄င်းအား သွားကြိုသော မိသားစုဝင် တဦးလည်း လမ်းခရီးတွင် ထပ်မံမိုင်းနင်းမိပြန်ကြောင်း အဆိုပါဒေသခံကပြောပါသည်။

“ မိုင်းထပ်နင်းမိတဲ့ နောက်တယောက်က မောင်ဖြိုး အသက် (၂၆)နှစ် အဖ (ဦးအာမင်) ။ မိုင်းထိ ခဲ့တဲ့ တရုတ် ဖိုးကို သွားကြိုရင်း မွန်းလွဲ ၂ နာရီလောက်မှာ နင်းမိတာ။ သူက မသေဘူး အခု ကော့ကရိတ် ဆေးရုံမှာ”  ဟုဆိုပါသည်။

 ကရင်ပြည်နယ် ကော့ကရိတ်နှင့် မြ၀တီ လမ်းကြောင်းရှိ ချောက်ကမ်းပါး အလှုခံ မဏ္ဍပ်၏ ဘေးရှိ  လျှိုမြောင် လမ်းသည် ယခင် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တပ်များ လှုပ်ရှား ခဲ့သည့် နေရာဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ကန့်သတ် ထားသည့် နေရာ ဖြစ်သည်ဟု DKBA က ဆိုပါသည်။
 ကရင်ပြည်နယ်တွင် ပြည်တွင်း စစ်ဒဏ်ကြောင့် မြေမြှုပ်မိုင်းများ နေရာ အနှံ့ ရှိနေရာ  မြို့နယ် (၁၀)ခု ထက်မနဲတွင် မြေမြှုပ်မိုင်း ဒဏ်ခံ နေရပါသည်။

 ဤမြေမြှုပ်မိုင်း များသည် အစိုးရ တပ်ဖွဲ့နှင့် KNU တပ်ဖွဲ့များ အပြန်အလှန် ထောင်ထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများကဆိုပါသည်။ သံတောင်မြို့ နယ်၊ ဖါပွန်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ကော့ကရိတ်မြို့၊ မြ၀တီမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖါးအံမြို့နယ် များနှင့် ပဲခူး တိုင်းရွှေကျင် ကျောက်ကြီးမြို့နယ်၊ တောင်ငူမြို့နယ် အပါအ၀င် တနင်္သာရီတိုင်း မြိတ်၊ ထားဝယ် ခရိုင်ရှိ တောတွင်း နေရာများ ၌မြေမြှုပ်မိုင်း အန္တရာယ် ရှိနေခြင်း ဖြစ်ပါသည်။

 ဤအခြေအနေကို ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ ဂျီနီဗာကေါ အဖွဲ့နှင့် ဥရောပ နိုင်ငံများက အစိုးရနှင့် KNU တို့အား အကူ အညီပေးလျှက် ရှိကြောင်းနှင့် ဖြေရှင်းနိုင်ရန်အတွက် အစိုးရနှင့် KNU တို့၏ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နိုင်သည့် အပေါ်၌ မူတည် နေကြောင်း KNU ဖက်မှ ဆိုပါသည်။

  ရွှေဟင်္သာ သတင်းဌာန


ဝင်ရိုးစွန်း နှင်းတာခရီးသွားရန် ကား



ပြင်သစ် ဒီဇိုင်နာ Matthieu Tarrit က Concept အနေနဲ့ ဖန်တီးပြသ လိုက်တဲ့ကား ဖြစ်ပါတယ်။

အမှန်တကယ်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းနေပါပြီ။ ရည်ရွယ်ချက်ကတော့ ရာသီဥတု ကြမ်းတမ်းတဲ့ ဒေသတွေကို လေ့လာရေး ခရီးသွားစေနိုင် ဖို့ဖြစ်ပါတယ်။ အတွင်းခန်းဟာ လုံလောက်သော အကျယ်နဲ့ ပစ္စည်းအစုံအလင်ပါရှပြီး နေထိုင်ရန် သင့်တော်မှာ ဖြစ်။ ပြတိုက်အနေနဲ့လည်း အသုံးပြုလို့ ရစေမှာ ဖြစ်ပါတယ်။

ကားရဲ့ ဘီးကိုတော့ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း တင့်ကား သံကြိုးကို အသုံးပြု ပါတယ်။ သို့ပေမယ့် နေရာဒေသ အလိုက် ပြောင်းလဲနိုင်တဲ့ ဘီးအမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ဝင်ရိုးစွန်း၊ မြောက်ဝင်ရိုးစွန်းနဲ့ အခြားသော အေးခဲ့တဲ့ ဒေသတွေကို လေ့လာရေး ခရီးထွက်ချင်တဲ့အခါ အသုံးဝင်မယ့် ကားမို့ စိတ်ဝင်စားနေကြပါတယ်။

ယင်းကားကို International Polar Foundation အမည်နဲ့ အဖွဲ့ဖွဲ့လို့ကြိုးစား ဖန်တီးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kahm (TSJ Team)

iPhone 5S ကိုရင်သား(nipple)နဲ့လည်း Security သတ်မှတ်လို့ရ




ပေါက်ပေါက်ရှာရှာ သတင်းတစ်ခုလို့ဆိုရမှာပါ။ငိုအားထက်ရယ်အားသန်ရ မလိုပါပဲ။Apple ကသူ့ရဲ့  iPhone5S ကိုယခင်လက်ဟောင်းဖုန်းတွေထက်
အသုံးပြုသူပိုမိုလုံခြုံစေတဲ့ Touch ID fingerprint စနစ်ကိုထည့်သွင်း ပေး
ထားတာ အားလုံးအသိပါပဲ။

ဒါပေမယ့် ဘယ်လောက်ပဲလုံခြုံတယ်ပဲဆိုဆို နည်းပညာခေတ်ကြီးထဲ မှာဘယ်အရာကိုမဆို ဖြေနိုင်တဲ့နည်းကတော့ ရှိစမြဲပဲလေ။ဒါကြောင့်ပဲ ပြီးခဲ့
တဲ့ရက်ပိုင်းတင်ပဲ finger စနစ်ကိုဖြတ်စီးနိုင်တဲ့ ဂျာမနီက Hacker တောင်ပေါ်
လာသေးတာပဲ။

အခုလည်း ဂျပန်ဝက်ဆိုဒ်တစ်ခုမှလွှင့်တင်ထားတဲ့ ဗီဒီယိုဖိုင်အရ Touch ID fingerprint နဲ့သာသတ်မှတ်ထားတဲ့ iPhone 5S ကိုရင်သားဖြစ်တဲ့(nipple) နဲ့လည်း Security သတ်မှတ်လို့ရတယ်ဆိုတာကို ဗီဒီယို နဲ့မှတ်တမ်းတင် သက်သေပြထားတာကို ပေါက်ပေါက်ရှာရှာမြင်တွေ့ခဲ့ရပါတယ်။

အမျိုးသားရဲ့ ရင်သား(nipple) နဲ့ Security ပြုလုပ်ထားပုံကို အောက်ပါဗီဒီယို
ဖိုင်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.independent.co.uk/life-style/gadgets-and-tech/news/personal-security-apple-iphone-5s-unlocked-using-nipples-8835121.html
TechSpace Journal

ငါးမန်း ရေငုပ်သင်္ဘော Shark Submarine




ရေအောက်မှာ တစ်နာရီ ၂၅ မိုင်၊ ရေပေါ်မှာ တစ်နာရီ မိုင် ၅၀ ပြေးနိုင်တဲ့ ရေငုပ်သင်္ဘော ဖြစ်ပါတယ်။

ငါးမန်း ပုံသဏ္ဍန်ဖန်တီးထားပါတယ်။ အတွင်းမှာ ထိန်းချုပ်ခန်းပါပြီး LCD မျက်နှာပြင်ကနေ အပြင်က ပုံရိပ်တွေကိုလည်း ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ သင်္ဘောအပြင်မှာ ကင်မရာများ တပ်ဆင် ထားပေးမှာ ဖြစ်ပါတယ်။

တစ်ကိုယ်ရေ အသုံးပြုဖို့အတွက် သင့်တော်ပြီး သန္တာကျောက် တန်းလေ့လာရေး ခရီးအတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ အခြားသော ပင်လယ်ကမ်းခြေ အပျော်ခရီး တွေမှာလည်း အသုံးပြုနိုင်မယ့် ယင်း Shark Submarine ကို ကန်ဒေါ်လာ ၃ သိန်း ဝန်းကျင်နဲ့ အမေရိကန်မှာ ရောင်းချကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ Team)

ပဲပင်ပေါက် အကျိုးကျေးဇူးများ



ပဲရဲ့ ကျန်းမာရေး အကျိုးကျေးဇူးဟာ အညှောက် ပေါက်သွားတဲ့ အခါမှာ
အမြင့်ဆုံး ဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင် နေပါတယ်။

ပဲပင်ပေါက်မှာ အမိုင်နို အက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်
(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ် အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊
ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင် နေပါတယ်။
ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့်ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာ ဖော်ပြထားပါတယ်။

ပဲပင်ပေါက်မှာ သံဓာတ်များစွာ ပါဝင်တာကြောင့် သွေးနီဆဲလ်မှာ တွေ့ရတဲ့
ဟေမိုဂလိုဘင် တည်ဖောက် မှုမှာ အရေးပါ ပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ
ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှု ရှိတာကြောင့် အူကနေ သံဓာတ်
စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့်
ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရော ဂါ ဖြစ်နေရင်လည်း


အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု
လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့
ကိုလက်စထရော LDကို လျော့ကျ စေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာအမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့သွေးကြောတွေကို ကျန်းမာစေ တာကြောင့် နှလုံးရောဂါ မှာ အဖြစ် များဆုံး
ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာ စေပါတယ်။

အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊
ခြေသည်းတွေ ကြွပ်ဆတ်တာတို့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာကြောင့် ဖြစ်တတ်ပါတယ်။ပဲပင်ပေါက်မှာ ဒီအာဟာရ ဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင်သားနဲ့
လက်သည်း၊ ခြေသည်း ပြဿနာတို့ မဖြစ်အောင် ကာကွယ် နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။

ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်း
မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျ စေကာ အသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင်ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်း ထိခိုက်မှုအခြအနေတစ်ရပ်ဖြစ်တဲ့ အသည်း အဆီဖုံးမှု မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင် ပေးနိုင်တဲ့ ဖိုင်တို အီစထရိုဂျင်
များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊
ညဘက် ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာ စေပါတယ်။ သွေးဆုံးဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တို အီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့အရိုးပါး ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးပါတယ်။

ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တို အီစထရိုဂျင်ဟာ အရေပြား
တည်ဆောက်မှုမှာ အရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာ လူရိုးနစ်အက်စစ်တို့ တည်ဆောက်မှုကို ကောင်းမွန် စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ် လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ် ပေးပါတယ်။

ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓါတ်တွေ အများအပြား
ပါဝင်တာကြောင့် စိတ်ဖိ စီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာ
တွေကို သက်သာ လျော့ပါး စေပါတယ်။

Good Health
ကျန်းမာရေးစာတိုများစုစည်းမှု

ဆယ်လီနာဂိုမက်ဇ်ကို ရုရှားအစိုးရ ပြည်ဝင်ခွင့်ပိတ်ပင်


ရုရှားတွင်ပြုလုပ်မည့် ဖျော်ဖြေပွဲအစီအစဉ်တစ်ခုတွင် ပါဝင်ရန် ပြင်ဆင်နေသော ဆယ်လီနာဂိုမက်ဇ်ကို ရုရှားအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင်လိုက်သည်။ ယခင်က ကွန်မြူနစ်စနစ် ကြီးမားစွာ ဩဇာလွှမ်းမိုးခဲ့သည့် ရုရှားနိုင်ငံသည် လိင်တူချစ်သူများအား ဖိနှိပ်သည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားရာ လိင်တူချစ်သူများကို အားပေးရပ်တည်သည့် ဆယ်လီနာကို ယခုလို ပြည်ဝင်ခွင့်ပိတ်ခဲ့ခြင်းဟု သိရှိရသည်။ ဆယ်လီနာအနေဖြင့် ရုရှားတွင် ဖျော်ဖြေပွဲပြုလုပ်စဉ် Gay အခွင့်အရေးအတွက် စည်းရုံးမှုများ ပြုလုပ်မည်ကို အစိုးရက စိတ်ပူနေခြင်း ဖြစ်သည်။ အစောပိုင်းက Come And Get It စတား အဆိုတော်မင်းသမီးသည် Stars Dance ကမ္ဘာလှည့်ဖျော်ဖြေပွဲကို မော်စကိုနှင့် စိန့်ပီတာစဘာ့ဂ်တို့တွင် ကျင်းပရန် စီစဉ်ထားခဲ့သည်။

Gay အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး Change.org ကို ထူထောင်သူဖြစ်သည့် ဂျွန်ဘက်ကာသည် ဆယ်လီနာ၏ ဖျော်ဖြေပွဲ အစီအစဉ်တွင် Gay များအတွက် ထောက်ခံစကားပြောရန် ပန်ကြားခဲ့သည့်နောက် ရုရှားအစိုးရက ယင်းအစီအစဉ်အတွက် ကြိုတင် ကာကွယ် တားမြစ်ခဲ့ခြင်းဖြစ်သည်။ ဘက်ကာက "ဆယ်လီနာရဲ့ ပြည်ဝင်ခွင့်ဗီဇာကို ပယ်ချလိုက်တာဟာ ဒီကိစ္စမှာ ရုရှားအစိုးရက အရမ်းကို အထိမခံဖြစ်နေတာ သိသာစေပါတယ်။ သူတို့က ဆယ်လီနာလို ကြယ်ပွင့်တစ်ယောက်က Gay အခွင့်အရေးအတွက် လှုံ့ဆော် စကားပြောမှာမျိုးကို ကြောက်နေတာပါ" ဟုဝေဖန်ခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇွန်လက နိုင်ငံအတွင်း ရိုးရာအစဉ်အလာ သဘာဝနှင့် မကိုက်ညီသည့် လိင်ပိုင်းဆိုင်ရာ ဆက်နွယ်မှုတိုင်းအတွက် ဝါဒဖြန့်မှု၊ စည်းရုံးလှုံ့ဆော်မှုတို့ကို တားမြစ်သော ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုထားခဲ့သည်။

ဘာကြောင့် သွားဖုံးသွေးယိုရတာလဲ



(၁) ခံတွင်းသန့်ရှင်းရေး လုပ် ဆောင်မှုနည်းခြင်းကြောင့် အစာအ ကြွင်းအကျန်တွေက သွားဖုံးမှာ စုပုံ ပြီး ယင်းကတစ်ဆင့် သွားဖုံတွေနီရဲ၊ ရောင်ရမ်း၊ နာကျင်တာတွေ ဖြစ်နိုင် ပါတယ်။

(၂) သွားအနေအထား မမှန်ခြင်း၊ သွားများအနေအထား မမှန်လျှင် သွားသန့်ရှင်းရေး လုပ်ရခက်ခဲပြီး ယင်းသွားကြားမှာ အစားအကြွင်း အကျန်တွေ ကပ်ကျန်ကာ ယင်းမှ တစ်ဆင့် သွားဖုံးသွေးယိုနိုင်ပါတယ်။

(၃) သွားဖုံးတွင် ဒဏ်ရာရခြင်း သွားတိုက်လျှင် အလွန်အကျွံဖိတိုက် ခြင်းနဲ့ သွားပွတ်တံအမာတွေ ကြောင့် သွားဖုံးမှာ ဒဏ်ရာရပြီး သွားဖုံး သွေးယိုနိုင်ပါတယ်။

(၄) ဗီတာမင်စီ ချို့တဲ့လျှင် သွားဖုံး သွေးယိုနိုင်ပါတယ်။

(၅) ဗီတာမင်ကေချိုတဲ့လျှင် သွား ဖုံး သွေးယိုနိုင်ပါတယ်။ ခန္ဓာကိုယ်က ဗီတာမင်ကေအဓိကရနိုင်တဲ့ အရင်း အမြစ်တွေမှာ အူတွင်းမှသဘာဝပိုး မွှားများမှဖြစ်ပြီး ကာလကြာရှည် ပဋိ ဇီဝ ပိုးသတ်ဆေးသောက်နေရသူများ တွင် ယင်းပိုးမွှားများ ပျက်စီးကုန် ကာ ဗီတာမင်ကေလျောနည်းဓာတ် ဖြစ်ပြီး သွားဖုံးသွေးယိုနိုင်ပါတယ်။

(၆) အမျိုးသမီးတွေမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် သွားဖုံး သွေးယိုနိုင်ပါတယ်။ ဥပမာ အရွယ် စတင်ရောက်ချိန် ကိုယ်ဝန်ဆောင် ချိန်၊ သွေးဆုံးချိန်၊ ရာသီလာချိန်နှင့် ကိုယ်ဝန်တားဆေးသုံးတဲ့အခါတွေ မှာ သွားဖုံးသွေးယိုနိုင်ပါတယ်။

(၇) သွေးနဲ့ပတ်သက်တဲ့ရောဂါဖြစ် ပွား တဲ့မျိုးရိုးရှိသူတွေမှာ သွားဖုံးတွေ သွေးယိုမှုဖြစ်ပွားနိုင်ပါတယ်။

(၈) ဆေးဝါးတွေ ဥပမာအားဖြင့် Aspirin, Clopidogrel စတဲ့နှလုံး နဲ့လေဖြတ်ရာမှာ သုံးတဲ့သွေးခဲဖျော် ပေးတဲ့ဆေးတွေ၊ တက်တဲ့သူတွေမှာ သုံးတဲ့ဆေးတွေ ကင်ဆာဓာတုကု ထုံးမှာသုံးတဲ့ ဆေးတွေက သွားဖုံး သွေးယိုမှုကို ဖြစ်စေနိုင်ပါ တယ်။

(၉) အသည်းရောဂါသည်တွေ အ သည်းက သွေးခဲရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့အဓိက အင်္ဂါဖြစ်ပြီး အသည်းရောဂါရရှိပါက သွေးမခဲတော့ဘဲ သွားဖုံးသွေးယိုခြင်း ဖြစ်ပွားနိုင်ပါတယ်။

(၁၀) သွေးကင်ဆာရောဂါများနဲ့ အရိုးကင်ဆာစတဲ့ ကင်ဆာတွေမှာ လည်း သွားဖုံးသွေးယိုနိုင်ပါတယ်။


From myanmaronlinenews

စာမေးပွဲစနစ် ပြင်ဆင်ရေး နိုင်ငံတကာ ပညာရှင်များနှင့် ဆွေးနွေးမည်


ပညာရေးစနစ် နိမ့်ကျရခြင်း၏ အဓိက အကြောင်းအရင်းဟု ဝေဖန်နေကြသော စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ ပညာရှင် ငါးဦးနှင့် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲရေး ကွန်ရက်တို့ ပူးပေါင်းကာ အောက်တိုလာလ ၂၀ ရက်နေ့ ရန်ကုန်မြို့တော်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ဆွေးနွေးပွဲ တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း NLD ပညာရေး ကော်မတီဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာ စာမေးပွဲစနစ်သည် အလွတ်ကျက် ဖြေဆိုရသောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စဉ်းစားတွေးခေါ်မှုပိုင်းဆိုင်ရာ အားနည်းမှုများ ဖြစ်လာကြောင်း၊ ယင်းကြောင့် စာမေးပွဲစနစ် ပြောင်းလဲရန် စကော့တလန် နိုင်ငံသားပညာရှင်၊ အမေရိကန်နိုင်ငံသား ပညာရှင်၊ အရှေ့ ဥရောပမှ ပညာရေး ကျွမ်းကျင် ပညာရှင်၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တို့မှ ပညာရှင်ငါးဦး လာရောက် ဆွေးနွေးရန် ဖိတ်ခေါ် ထားကြောင်း ၎င်းကပြောဆိုသည်။

နိုင်ငံတကာ ပညာရှင်များ၏ ဆွေးနွေး အကြံပြုချက်များကို မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင် ပြောင်းလဲရေး ညီလာခံမှ ထွက်ရှိသည့် အမျိုးသား ပညာရေး မူကြမ်းတွင် အသေးစိတ် ထည့်သွင်းသွားရန် ရှိကြောင်း၊ ယင်းအပြင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့မှ မြန်မာ့ပညာရေး စစ်တမ်းပြုလုပ်ဖူးသူ ပညာရှင်တစ်ဦးကလည်း ၎င်း၏ အတွေ့အကြုံများကို ဆွေးနွေး သွားမည် ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်ဝင် စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး ပြင်ဆင်ရန် ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။

NLD ပါတီက ဦးဆောင် ရေးဆွဲနေသည့် အမျိုးသားပညာရေး ဥပဒေ မူဝါဒ (မူကြမ်း) ကို ယခုနှစ် ဇွန်လကုန်တွင် ပြည်သူ့လွှတ်တော်၊ ပညာရေး မြှင့်တင်မှု ကော်မတီသို့ တင်သွင်းခဲ့ပြီး နိုင်ငံတော် သမ္မတကိုယ်တိုင် ယင်းမူကြမ်းရေးဆွဲသူများ ခေါ်ယူ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း အဆိုပါ ညီလာခံ ကျင်းပသူများက ပြောကြား ထားသည်။
The Voice Weekly