ကြက်တောင်ရိုက် အားကစားနည်းနဲ့ ခင်ဝင့်ဝါ

ပို့စ်တင်ချိန် - 9/24/2013 09:08:00 AM








၇ကြိမ်မြောက်အရှေ့တောင် အာရှဆီးဂိမ်း အားကစားပြိုင်ပွဲအတွက် ပေါ်ပြူလာဂျာနယ်က တင်ဆက်နေကျဖြစ်တဲ့ ဆီးဂိမ်းလှုံ့ဆော်ရေး အားကစား ကဏ္ဍအနေနဲ့ ဒီတစ်ပတ်မှာတော့ ကြက်တောင်ရိုက်အား ကစားနည်းကို ရွေးချယ်ဖြစ်ခဲ့ကြပြီး ဒီကြက်တောင်ရိုက်အားကစား နည်းအတွက် ကူညီ သရုပ်ဆောင်ပေးဖို့ မင်းသမီးကို စဉ်းစားတဲ့ အခါမှာတော့ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကိုရရှိပိုင် ဆိုင်ထား တဲ့ မြန်မာ့ဂုဏ် ဆောင် ခင်ဝင့်ဝါ ကို အားလုံး က သဘောကျ ကြပါတယ်။ ခင်ဝင့်ဝါကလည်း ဆီးဂိမ်း အားကစားလှုံ့ဆော် ရေးအတွက်ဖြစ် တာကြောင့် လိုလိုလားလားပဲ ကူညီပေးခဲ့ ပါတယ်။

ဆီးဂိမ်းအား ကစားဝတ်စုံတွေအတွက်W&W Co;Ltd Royal Golden Owls (RGO) (SEA Games Souvenirs)မှကူညီပေးခဲ့ပြီးခင်ဝင့်ဝါအတွက် မိတ်ကပ်- ထက်(Pop Soul) ကကူညီပံ့ပိုးပေးခဲ့ကြပါ တယ်။ ကြက်တောင် ရိုက်ကွင်းနေရာကိုတော့ အလုံမြို့နယ်ရှိ Indonesian International School မှာ သွားရောက်ရိုက်ကူးဖြစ်ခဲ့ပြီး ကျောင်းမှ တာဝန်ရှိသူများကလည်း ရိုက်ကွင်း အတွက် ဝိုင်းဝန်းအားပေးပံ့ပိုးကူညီပေးခဲ့ကြပါ တယ်။

မြန်မာနိုင်ငံအတွက် ဆီးဂိမ်းအား ကစားကဏ္ဍမှာတစ်ဖက် တစ်လမ်းကပါဝင်ခွင့်ရတဲ့အတွက် တအား ဝမ်းသာဂုဏ်ယူမိပြီး ကိုယ်တိုင်လည်းငယ်စဉ်ကတည်းက အားကစား လုပ်ဖြစ်ကြောင်းကို ခင်ဝင့်ဝါက "ညီမ ငယ် ငယ်တုန်းကကြက်တောင်ရိုက်တယ်။ ဘောလုံးကန်တယ်။ပြေးတယ်။ အားကစားတွေအားလုံးကိုလည်း ကြိုက် ပါတယ်။ တစ်ခါတလေကြက်တောင် ရိုက်ဖြစ် တယ်။ တစ်ခါတလေကျရင် ပြေးတယ်။ အားကစားလုပ်တာက ကျန်းမာရေး အတွက်များစွာအထောက် အကူပြုပါ တယ်။ ဥပမာ ဘောလုံးကန်တဲ့အား ကစားတစ်ခုကို ကစားလိုက်တဲ့အခါ ချွေးထွက် တယ်။ ချွေးထွက်တဲ့အခါခန္ဓာ ကိုယ်မှာရှိတဲ့အပူတွေအကုန် လုံးထွက်သွား တဲ့အတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုတယ်" လို့ ပြောပါ တယ်။ ဆီးဂိမ်း အားကစားပြိုင်ပွဲ ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ် တာကြောင့် ဂုဏ်ယူမိသလို မြန်မာ နိုင်ငံ က အားကစားသမား တွေလည်း အကောင်းဆုံး ယှဉ်ပြိုင်ကာ ဆုတွေအများ ကြီးရပြီး မြန်မာ့ ဂုဏ်ဆောင် နိုင်တဲ့ အားကစားသမားတွေ ဖြစ်ပါစေလို့လည်း ဆုတောင်း ပေးခဲ့ပါတယ်။

၂၇ကြိမ်မြောက် အရှေ့ တောင်အာရှ ဆီးဂိမ်းပြိုင် ပွဲမှာ အားကစားနည်း၃၃ မျိုးထည့်သွင်း ကျင်းပသွား မှာဖြစ်ပြီး ကြက်တောင် ရိုက်အားကစားနည်း အတွက် ရွှေ၅ခု၊ ငွေ၅ခု၊ ကြေး၅ခုတို့ကို ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်
 ပေါ်ပြူလာ