ကင်ညာဈေးဝယ်စင်တာ စီးနင်းမှုကြီးမှ အကြမ်းဖက်သမားများကို နောက်ဆုံးအဆင့် ထိုးစစ်ဆင်

ပို့စ်တင်ချိန် - 9/24/2013 09:23:00 AM




ကင်ညာရှိ ဈေးဝယ်စင်တာ စီးနင်းမှုကြီးမှ အကြမ်းဖက်သမားများကို နောက်ဆုံးအဆင့် ထိုးစစ်ဆင်မှုစတင်
ကင်ညာနိုင်ငံတွင် ဈေးဝယ်စင်တာကြီး တစ်ခုကို စီးနင်းတိုက်ခိုက်ပြီး ဓားစာခံများ ဖမ်းဆီးထိန်းချုပ်ထားသည့် အကြမ်းဖက်သမားများကို နောက်ဆုံးအဆင့် ထိုးစစ်ဆင်မှု စတင်နေပြီဟု သိရှိရသည်။ တနင်္ဂနွေနေ့က အယ်လ်ကေးဒါးတို့နှင့် ဆက်နွယ်သည့် အယ်လ်ရှာဘက် အကြမ်းဖက်သမားများ၏ စီးနင်းတိုက်ခိုက်မှုကြီး စတင်ခဲ့ပြီး ယင်းကို ကင်ညာရဲတပ်ဖွဲ့က တုံ့ပြန်ဖြေရှင်းရန် ကြိုးစားနေရခြင်း ဖြစ်သည်။
Update News In Myanmar