တစ်ပတ်အတွင်း iPhone 5S နှင့် 5C အလုံးရေ ၉ သန်း ရောင်းချခဲ့ရ

ပို့စ်တင်ချိန် - 9/24/2013 12:48:00 PM



Apple ကုမ္ပဏီ၏ iPhone ရောင်းချမှုသည် တစ်ပတ်အတွင်း အလုံးရေ ၉ သန်း ရှိခဲ့ကြောင်းနှင့် ၎င်းသည် iPhone စတင်မိတ်ဆက်မှုများတွင် အကောင်းဆုံးရောင်းချမှုနှုန်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သုံးရက်အတွင်း Apple ကုမ္ပဏီ၏ iPhone 5S နှင့် iPhone 5C ရောင်းချမှုနှုန်းသည် အလုံးရေ ၉ သန်းရှိခဲ့ ကြောင်း ကုမ္ပဏီက တနင်္လာနေ့တွင် ကြေညာခဲ့သည်။ သို့ရာတွင် iPhone 5S ရောင်းချမှုပဏနှင့် iPhone 5C ရောင်းချ မှုပမာဏကို ကုမ္ပဏီက သီးခြားဖော်ပြခဲ့ခြင်း မရှိဘဲ iPhone ကို မိတ်ဆက်ပြီး တစ်ပတ်အတွင်း ရောင်းချမှု ပမာဏကိုသာ ကြေညာခဲ့ခြင်းဖြစ်သည်။

iPhone သစ် ဝယ်လိုအားသည် အံအားသင့်ဖွယ် မြင့်တက်ခဲ့သောကြောင့် iPhone 5S လက်ကျန်ပစ္စည်း မရှိတော့ပေမယ့်လည်း iPhone အော်ဒါသစ်များကို စတိုးများမှ ပုံမှန်လက်ခံလျက်ရှိကြောင်း Apple အမှုဆောင်အရာရှိချုပ်ဖြစ်သူ Tim Cook က ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

တစ်ဆက်တည်းမှာပင် Apple mobile operating system သစ်ဖြစ်သည့် iOS 7 ကို ထုတ်ကုန် သန်း ၂၀၀ ကျော်တွင် အသုံးပြုနေပြီဖြစ်ကြောင်း Apple က ကြေညာခဲ့သည်။

Apple ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ် iPhone 5 စတင်ရောင်းချစဉ်က သုံးရက်အတွင်း အလုံးရေ ၅ သန်း ရောင်းချခဲ့ပြီး 4S ကို ရောင်းချစဉ်က အလုံးရေ ၄ သန်း ရောင်းချခဲ့ရကြောင်း သိရသည်။

Ref: CNET
Internet Journal