မိုဘိုင်းဟန်းဆက် ခိုးယူခံရမှု .. Power Mobile Centre (video)
မိုဘိုင်းဟန်းဆက် ခိုးယူခံရမှု (သူခိုးများ) အန္တရာယ်မှ ကာကွယ်နိုင်ရန်
20.9.2013 ရက် နေ့လည် ၁း၅၄ နာရီခန့်၌ Power Mobile တွင် မိုဘိုင်းဟန်းဆက် (၁)လုံး ခိုးယူခံခဲ့ရပါသည်။
သို့ဖြစ်ပါ၍ တခြားသော မိုဘိုင်းဖုန်းဆိုင်များနှင့် အများပြည်သူများ သိရှိကာကွယ်နိုင်ရန် CCTV Video File နှင့်တကွ တင်ပြလိုက်ပါသည်။
ခိုးယူသွားသော ဟန်းဆက်မှာ
Model = Huawei P6 (Black)
IMEI = 860505029383707
S/N = E2N7NB9381602586
ဖြစ်ပါသည်။
အဆိုပါ ဖုန်း Model အမျိုးအစား ၊ IMEI & S/N နံပါတ်တို့ဖြင့် ရောင်းဝယ်ခြင်း ၊ Services (ပြုပြင်ခြင်း)များ တစ်စုံတစ်ရာ ပြုလုပ်ခြင်းကို တွေ့ရှိပါက Power Mobile ဖုန်းဆိုင်သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါသည်။
* လမ်း (၃၀) " Power Mobile Centre " ၊ ၇၂ x ၇၃ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 10000
* (၈၄) လမ်း " Power Mobile Centre " ၊ ၄၀ x ၄၁ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 20000
* (၃၅) လမ်း " Power Mobile Centre " ၊ ၇၄ x ၇၅ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 30000
* (၆၂) လမ်း " Power Mobile Centre " ၊ မနော်ဟရီလမ်း ၊ ၆၁ x ၆၂ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 40000
* (၁၂) လမ်း " Power Mobile Centre " ၊ ၈၀ x ၈၁ ကြား ၊ မန္တလေး။
ဖုန်း 09 - 680 3285
* (၂၂) လမ်း " Power Mobile Centre " ၊ ၂၂ လမ်း x ၈၈ လမ်းထောင့် ၊ မန္တလေး။
ဖုန်း 09 - 433 50000
* (၅၈) လမ်း " Power Mobile Centre " ၊ ၅၈ လမ်း x အောင်ဆန်းလမ်းထောင့် ၊ မန္တလေး။
ဖုန်း 09 - 33333 258
From > Myanmar Mobile User Group
ကျောင်းကုန်းတွင် ဆူပူအောင်လှုံ့ဆော်သူလေးဦးကို စတင်ဖမ်းဆီး
ရန်ကုန်- ကျောင်းကုန်းမြို့တွင် အောက်တိုဘာ ၆ ရက် ညနေက အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်များဖျက်ဆီးရန် လှုံ့ဆော် သူလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး အောက်တိုဘာ ၅ ရက် ဖြစ်စဉ်တွင် လှုံ့ဆော်သူနှင့် ပါဝင်သူများကို စတင်ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“လှုံ့ဆော်ရာမှပါဝင်တဲ့သူတွေကို လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပါတယ်။ အေးအေးဆေးဆေးဖြစ်နေပါပြီ”ဟု အထက်ပါ တာဝန်ရှိသူက အောက်တိုဘာ ၆ ရက်ညတွင် ပြောသည်။ ယခုလောလောဆယ် အောက်တိုဘာ ၆ ရက်ညနေ ၅ နာရီ ၀န်းကျင်တွင်
လိုက်လံလှုံ့ဆော်သူ ဒေသခံလေးဦးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၅ရက်ညတွင် ကျောင်းကုန်းမြို့၌ (၁၃)နှစ်အရွယ်မိန်းကလေးတစ်ဦးကို ဘာသာခြားတစ်ဦးက သားမယားပြု
ကျင့်သည်ဟုဆိုကာ ဒေသခံများက ထိုဘာသာခြား နေထိုင်သောတဲအိမ်နှင့် အခြားတဲအိမ် နှစ်လုံးကို ဖျက်ဆီးလိုက်ပြီး ရုန်းရင်း
ဆန်ခတ်မှုများ ထပ်မံဖြစ်ပွား မည့်အခြေအနေဖြစ်လာ၍ ရဲတပ်ဖွဲ့နှင့် သံဃာတော်များက ထိန်းသိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
ကျောင်းကုန်းမြို့၊ ဗောဓိကုန်းရပ်ကွက်၊ သစ်စိမ့်ကုန်းကျေးရွာနေ နွားနို့ရောင်းဝယ်ရေးလုပ်ကိုင်သော ဘာသာခြားတစ်ဦးဖြစ်
သူ (၄၃)နှစ်အရွယ် ဦးလှဝင်းသည် (၁၃)နှစ်အရွယ်အမျိုးသမီးတစ်ဦးကို သားမယားပြုကျင့်ခဲ့ကြောင်းသတင်းထွက်ပေါ်ပြီးနောက်
ဒေသခံလူဦးရေတစ်ရာ ၀န်းကျင်က အောက်တိုဘာ ၅ ရက် ည ၇နာရီတွင် ဦးလှဝင်းနေထိုင်သော တဲကြီးတစ်လုံးနှင့် အခြားတဲနှစ်လုံးကို ဖျက်ဆီးခဲ့သည်။
ဒေသခံများက တဲသုံးလုံးကိုဝိုင်းဝန်းဖြိုဖျက်ရာတွင်ထိခိုက်ဒဏ်ရာရရှိမှု၊ မီးလောင်ပျက်စီးမှုများမရှိကြောင်း၊ ည ၇ နာရီ
တွင်စတင်ဖြစ်ပွားကာ ည ၁၁ နာရီတွင် ဆူပူမှုများမရှိတော့ဘဲ ပြန်လည်တည်ငြိမ်သွားကြောင်း ကျောင်းကုန်းမြို့နယ် အထွေထွေ
အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက ပြောသည်။
“မြို့ပြည်သူတွေကလည်း ဒေါသဖြစ်သွားလို့ ခဏဖြစ်တာပါ။ ပျက်စီးသွားတဲ့ လူနေအိမ်တွေကလည်း အိမ်အကြီးကြီးတွေ မဟုတ်ပါဘူး။ တဲအိမ်အဆင့်တွေပါ။ အခုအေးအေးချမ်းချမ်းပြန် ဖြစ်နေပါပြီ။ လုံခြုံရေးကိုတော့ တာဝန်အရယူထားပါတယ်” ဟု ဦးခင်မောင်လေးက ပြောသည်။
အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှုသည် အောက်တိုဘာ ၅ ရက်တွင် မဟုတ်ဘဲလွန်ခဲ့သော တစ်လ၀န်းကျင်က ဖြစ်ကြောင်း ဦးခင်မောင်လေးက ဆက်လက် ပြောကြားသည်။
အမျိုးသမီးငယ်သည် စားသောက်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး၎င်းင်း၏ သူငယ်ချင်းများက ပုံမှန်မဟုတ်၍ သတိ
ထားမိကာ မေးကြည့်ရာမှ အဓမ္မပြုကျင့်ခံရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုရာမှ ၎င်း၏ မိခင်ကသိရှိ၍ အောက်
တိုဘာ ၅ ရက်တွင် အမှုဖွင့်ရာမှ ဒေသခံများပါ သိရှိသွားခြင်းဖြစ်သည်။
“တရားခံကိုတော့ လုံခြုံရေးအရ ပုသိမ်ထောင်ကို ချက်ချင်းပို့ထားပါတယ်။ ပြဿနာတော့ အခုဘာမှဆက်ပြီးမဖြစ်ပါဘူး။ တည်ငြိမ်ပါတယ်။ ဆက်လက်စစ် ဆေးနေပါတယ်”ဟု ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တရားခံရဲ့အိမ်ကို ဖျက်ဆီးပြီးထွက်လာတဲ့သူတွေကို မြို့က နောက်ပြဿနာတွေဆက်မဖြစ် အောင်ဘုန်ကြီးတွေက တားတယ်။ ဘုန်းကြီးတွေတားတော့ အဲဒီသူတွေက ဘုန်းကြီးတွေကို ရှိခိုးပြီး ပြန်သွားကြပါတယ်။ ဒီနေ့မှာလည်း အေးအေးဆေးဆေးဖြစ် နေပါပြီ”ဟု ကျောင်းကုန်းမြို့မှ ၈၈ မျိုးဆက်ကျောင်းသား ဦးရဲ ၀င်းငြိမ်းက အောက်တိုဘာ ၅ ရက်ညကပြောသည်။
အောက်တိုဘာ ၆ရက်တွင် ကျောင်းကုန်းမြို့၌ ပြန်လည် တည်ငြိမ်နေပြီဖြစ်သော်လည်း အစ္စလာမ်ဘာသာဝင်များဖွင့် လှစ်ရောင်းချသော ဈေးဆိုင်များမှာ ပိတ်ထားကြောင်း သတင်းရရှိသည်။
ထို့အပြင် မြို့၌လုံခြုံရေးအင် အားအပြည့်အ၀ချထားပြီး မြို့အတွင်းလုံခြုံရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ရဲမှူးကြီးကိုယ်တိုင် ကြီးကြပ်နေကြောင်း ကျောင်းကုန်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ကျ ရဲအရာရှိက ပြောသည်။“ကောလာဟလတွေလည်းထွက်လာတယ်။ ဘယ်မှာဘာ လုပ်တော့မယ်ဆိုပြီး။ ဒါပေမဲ့သံဃာတွေရော၊ မြို့ခံတွေရော ပေါင်းပြီး အခြေအနေကိုထိန်းသိမ်းလိုက်နိုင်တယ်”
ဟုကျောင်းကုန်းမြို့ခံကပြောသည်။
ထို့အပြင် အောက်တိုဘာ ၆ ရက်တွင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဘာသာပေါင်းစုံညီညွတ်ရေး၊ ချစ်ကြည်ရေးနှင့် ပဋိပက္ခဖြေရှင်း နိုင်ရေးကော်မတီဖွဲ့စည်းခဲ့ကြောင်းအဆိုပါဒေသခံကပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး အောက်တိုဘာ ၆ရက်ညနေပိုင်းအထိအစိုးရဘက်မှတရားဝင် သတင်းတစ်စုံတစ်ရာထုတ်ပြန်မှု မပြုခဲ့သေးချေ။
စက်တင်ဘာ ၄ ရက်တွင် လည်း မကွေးမြို့၌ နွားနို့ရောင်းသော ဘာသာခြားတစ် ဦးက ခြောက်နှစ်အရွယ်ကလေးငယ် တစ်ဦးအား အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် မကွေးမြို့ပေါ်တွင် ဆူပူမှုဖြစ်ပွားခဲ့သည်။
7Day News Journal ·
မျက်စိ ကျန်းမာရေး အတွက် ပြုလုပ်သင့်သည့် အချက် ၅ ချက်
၁။ ကန်စွန်းဥစားပါ ကန်စွန်းဥမှာ ညဘက် အမြင် အာရုံ အားကောင်းစေတဲ့ ဗီတာမင်အေ များစွာ ပါဝင်ပြီး မုန်လာဥ (Beetroot)မှ ပါဝင်တဲ့ Anthocyanin တွေဟာ မျက်စိမှ သွေးကြော ငယ်တွေ သွေးယို စိမ့်မှု မဖြစ်အောင် ကာကွယ်နိုင်တဲ့ အတွက် Retinopathy (မျက်စိ မမြင်ရတဲ့ အကြောင်းရင်း တစ်ခု) မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။
၂။ ကွန်ပျူတာ ကြည့်တာ လျှော့ပါ။ အခန်း အပူချိန် လျှော့ထားပါ အသင့်မျက်လုံးနဲ့ လေထုကို ခြောက်သွေ့ စေနိုင်လို့ပါ။ ပတ်ဝန်းကျင် စွတ်စိုမှုရှိအောင် သစ်ပင် အနည်းငယ် စိုက်ထားပေးပါ။
၃။ ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ လေ့ကျင့်ခန်း လုပ်တာကြောင့် မျက်စိအတွင်း ဖိအားတွေ လျှော့ချနိုင်ပြီး အတွင်းတိမ် မဖြစ်အောင် ကာကွယ် ပေးနိုင် ပါတယ်။ လေ့လာမှု တစ်ခုအရ တစ်ကြိမ်ကို မိနစ် ၄၀ ခန့်၊ တစ်ပတ်ကို လေးကြိမ် လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း လုပ်သူတွေဟာ ရေတိမ် ဖြစ်နိုင်ခြေကို အများကြီး လျှော့ချ နိုင်တယ်လို့သိရပါတယ်။
၎။ နံနက်စာ အတွက် ဘလူးဘယ်ရီစားပါ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့ ဘလူးဘယ်ရီသီးကို နံနက်စာအဖြစ် စားသုံးပေးပါက အသက် ၅၀ ကျော်ရင် ဖြစ်တတ်တဲ့ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ မျက်စိအမြင်အာရုံ ဆုံးရှုံးမှု (AMD) မဖြစ်အောင် ကာကွယ်နိုင် ပါတယ်။ ကျန်းမာရေးကို မြှင့်တင်နိုင်ဖို့ ဒိန်ချဉ်နဲ့ အတူ တွဲစားပါ။
၅။ မွှေးရနံ့ ရှူပါ စံပယ်ပန်း ရနံ့ပါဝင်တဲ့ ရနံ့ဆီကို ပခုံးမှာ ဆွတ်ထားပြီး ရှူပေးပါ။ ဦးနှောက်အတွင်း ဘီတာလှိုင်း တွေ ပိုများလာပြီး ပိုမိုတက်ကြွမှု ရှိလာနိုင်တဲ့အတွက် အာရုံ စူးစိုက်မှုလည်း ပိုကောင်း လာပါတယ်။
ဒေါက်တာခင်မိုးမိုး
by Good Health
လေယာဉ်ပေါ်တွင် ဆဲလ်ဖုန်းအသုံးပြုခြင်း
အရင်ကဆိုရင် လေယာဉ်ပေါ်မှာ ဆဲလ်ဖုန်း အသုံးပြုခွင့်ကို ပိတ်ပင်ပါတယ်။ ယခုအချိန်ထိလည်း နိုင်ငံအများစုမှာ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။ အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။
အကယ်၍ တစ်ယောက်ယောက်က လေယာဉ်ပေါ်မှာ ဖုန်းပြောရင် ထိုခိုက်စေမယ့် ယူနစ် သုံးခု ရှိပါတယ်။ အဲဒါတွေကတော့
၁။ လေယာဉ် GPS
လေယာဉ်ရဲ့  GPS တင်မကပဲ ဂြိုလ်တုဆက်သွယ်ရေးနစ်၊ မြေပြင် ဆက်သွယ်ရေးလမ်းကြောင်းအားလုံးမှာ ဆဲလ်ဖုန်းရဲ့  Wave တွေရောနှောနေမျာ ဖြစ်ပါတယ်။ ဒီတော့ လိုချင်တဲ့ သတင်းအချက် အလက်ကို မှန်မှန်ကန်ကန် မရရှိတော့ပဲ လေယာဉ်တိမ်းမှောက်တဲ့အထိ ဖြစ်စေပါတယ်။
၂။ နိုင်ငံပိုင် ဆက်သွယ်ရေးတိုင်များ
လေယာဉ်ပေါ်မှာ ဖုန်းပြောပြီဆိုရင် ဘယ်နိုင်ငံရောက်ရောက် ရောက်လေရာ နိုင်ငံက နီးစပ်ရာ တာဝါတိုင်နဲ့ သွားချိတ်ပါတယ်။ ချိတ်တာမှ တစ်ခုတည်းနဲ့ မဟုတ်ပ တိုင်အားလုံးမှာ သွားညှိပါတယ်။ ဒီတော့ နိုင်ငံရဲ့  ဆက်သွယ်ရေး ကွန်ရက်ကြီး တစ်ခုလုံးကို ထိခိုက်စေပါတယ်။
၃။ လေဆိပ်ဆက်သွယ်ရေး
လေယာဉ်အဆင်း၊ အတက်တွေမှာ အထူးသဖြင့် ဖုန်းပြောခွင့်ကို ပိတ်ပင်ထားပါတယ်။ ဘာလို့လဲဆို လေဆိပ်မှာရှိတဲ့ ဆက်သွယ်ရေး တာဝါ တိုင်များနဲ့ သွားညှိပါတယ်။ အကျိုးဆက်ကတော့ လေယာဉ်မောက်ဖို့ ပါပဲ။
မော်ဒန်ခေတ်နှင့် လေယာဉ်ပေါ် ဆက်သွယ်ရေး
အခုတော့ ခေတ်မှီသွားပါပြီ။ နိုင်ငံကြီးက လေယာဉ်တွေမှာ သီးသန့် ဂြိုလ်တုဖုန်း ခွဲထားပေးတာတော့ အမေရိကန်မှာဆို ၁၀ နှစ်မကတော့ပါဘူး။ လေယာဉ်ပေါ်ကနေ အင်တာနက်သုံးလို့ရအောင်တောင် ဖန်တီးပေးပါတယ်။ ဒါက လေယာဉ်နဲ့ မြေပြင်က ဆက်သွယ်ရေး တာဝါတိုင်များနဲ့ ဆက်စပ်မှု မရှိအောင်လည်း ဖန်တီးထားပါတယ်။ ယခုဆို ကိုယ့်ဖုန်းကို လေယာဉ်ပေါ်မှာ အသုံးပြုလို့ရတဲ့အထိ ဆားဗစ်ပေးတဲ့ လေယာဉ်လိုင်းနဲ့ ကုမ္မဏီများ ရှိလာပြီ ဖြစ်ကြောင်း သိရပါတယ်။
techblog
အမေရိကန်ကာကွယ်ရေးဌာနဝန်ထမ်းအများစုအား လုပ်ငန်းခွင်ပြန်ဝင်ရန် အကြောင်းကြား
ယင်းသို့ အကြောင်းကြား ရန် ဆုံးဖြတ်ရခြင်းမှာ Pay Our Military Act ဥပဒေဖွင့်ဆိုချက် အရဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီးချပ်ဟေဂယ်က ပြောကြား ခဲ့သည်။ ရီပတ်ဘလီကင်နှင့် ဒီမို ကရက်များအကြား ဘတ်ဂျက် အငြင်းပွားမှုကြောင့် ဖက်ဒရယ် အစိုး၏ ဝန်ဆောင်မှုလုပ်ငန်း များ ရပ်ဆိုင်းထားသည်မှာ ငါး ရက်ကြာမြင့်နေပြီဖြစ်သည်။ သို့ သော်လည်း လစာမပေးဘဲ အိမ် ပြန်လွှတ်ခဲ့သော ဖက်ဒရယ်အစိုးရ ဝန်ထမ်း ၈၀၀၀၀၀ ကို လစာပြန် ပေးရေးနှစ်ဖက်စလုံးက မဲပေး အတည်ပြုလိုက်ပြီဖြစ်သည်။
နှစ်ပါတီပူးပေါင်းဆောင် ရွက်မှု၏ ရှားပါးသောအခိုက် အတန့်ကာလတွင် စနေနေ့က အောက်လွှတ်တော်ကိုယ်စား လှယ်များသည် အစိုးရယန္တရား ရပ်ဆိုင်းမှုအဆုံးသတ်သည်နှင့် ဗဟိုအစိုးရဝန်ထမ်းများသို့ လ စာပေးမည့်ဥပဒေတစ်ခုကို ၄၀ရ မဲ-ဝမဲ ဖြင့် အတည်ပြုခဲ့သည်။ သို့သော်လည်း ဖက်ဒရယ်ဘတ် ဂျက်ကိစ္စနှင့်ပတ်သက်၍သဘော တူညီမှုတစ်စုံတစ်ရာရရှိမည့် လက္ခ ဏာမပေါ်သေးပေ။
အောက်လွှတ်တော်ကို ထိန်းချုပ်ထားသော ရီပတ်ဘလီ ကင်တို့က ဘတ်ဂျက်ကို အတည် ပြုရန်ငြင်းဆိုထားပြီး သမ္မတ ဘားရက်အိုဘားမား၏ ကျန်းမာ ရေးစောင့်ရှောက်မှုပြုပြင်ပြောင်း လဲရေးဥပဒေနှောင့်နှေး သို့မဟုတ် ငွေကြေးထောက်ပံ့မှုကို ခွာချွတ် ယူနေပါက ယခုကဲ့သို့ ငြင်းပယ် မည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
အစိုးရယန္တရားရပ်ဆိုင်းပြီး မကြာမီ The Pay Our Military Act ဥပဒေကို ကွန်ဂရက်က အ တည်ပြုခဲ့သည်။ အစိုးရယန္တရား ရပ်သွားမှုကြာသည်နှင့် အမေ ရိကန်အား နိုင်ငံတကာအတိုင်း အတာအရ ထိခိုက်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ် ရီက သတိပေးခဲ့သည်။ မစ္စတာ အိုဘားမားက ယန္တရားရပ်ဆိုင်း မှုကြောင့် အာရှခရီးစဉ်ကို ဖျက် သိမ်းလိုက်ရကြောင်း သိရသည်။
Yangon Media Group
မိုးစက်ဝိုင်က ဖိုးလပြည့်နှင့်မပတ်သက်ကြောင်းငြင်းဆို
အငြိမ်းစားဗိုလ်ချုပ်မှုးကြီး ဦးသန်းရွှေ၏မြေး နေရွှေသွေးအောင်(ခ)ဖိုးလပြည့် နှင့် မကြာသေးမီက 2013 Miss Universe Myanmar ရရှိထားသူ မိုးစက်ဝိုင်တို့ဓါတ်ပုံများမှာ Facebook လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့်အပေါ် သူမနှင့် နေရွှေသွေးအောင်(ခ)ဖိုးလပြည့် တို့လုံးဝပတ်သက်မှုမရှိကြောင်း မိုးစက်ဝိုင်က ငြင်းဆိုလိုက်သည်။
“ဖိုးလပြည့်နဲ့ လုံးဝပတ်သက်မှုမရှိပါဘူး”ဟု ယင်းက ၇.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်မြို့ Park Royal တွင် ကျင်းပသည့် Miss Universe Myanmar ဆုပေးပွဲအခမ်းအနားတွင် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း Vote လုပ်သူများအနေဖြင့် အပြောင်းအလဲဖြစ်လာသူများရှိကြောင်း မိုးစက်ဝိုင်က ဆိုသည်။
“အရင်က vote လုပ်တဲ့သူတွေက ရှိသေးပါတယ်။တချို့အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲလာတာတွေတော့ ရှိပါတယ်။ဒါပေမယ့် အရင်ကလိုပဲယုံကြည်လက်ခံပေးကြပါ၊အခုလိုဖြေရှင်းတာကိုလည်း နားဝင်ကြမယ် ထင်ပါတယ်။”ဟုသူကပြောသည်။
၅.၁၀.၂၀၁၃ ရက်နေ့ ညနေ ၃နာရီခွဲအချိန်က တက္ကသိုလ်များ ချန်ပီယံလိဂ်ဖွင့်ပွဲကို နာရီကရန်ကုန်ယူနိုက်တက် အသင်းပိုင် မြက်ခင်းတုကွင်းတွင် ကျင်းပရာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြင့်ဆွေ ၊ အားကစားဝန်ကြီးဋ္ဌာနပြည်ထောင်စုဒုတိယ၀န်ကြီး ဦးသောင်းထိုက်၊ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ၏ မြေးဖြစ်သူ ကိုနေရွှေသွေးအောင်( ဖိုးလပြည့်)တို့ ကတက်ရောက်ကြပြီး အဆိုပါ အခမ်းအနားကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် 2013 Miss Universe Myanmar မိုးစက်ဝိုင် မှ တက္ကသိုလ်များချန်ပီယံလိဂ်ဆုဖလားကြီးအား ဖွင့်ပွဲစဉ်အခမ်းအနားရှိ ပရိသတ်များရှေ့မှောက်သို့ သယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
မိုးစက်ဝိုင်က သူမကိုယင်းအခမ်းအနားသို့တက်ရောက်ရန် အားကစားဝန်ကြီးဌါနက ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“မိုးစက်ကို အားကစားဝန်ကြီးဌါနက ဖိတ်လို့ သွားတာပါ။ဒဂုံတက္ကသိုက်ကျောင်းသူတစ်ယောက်အနေနဲ့ရော Miss အနေနဲ့ရော သွားတာဖြစ်ပါတယ်။ အင်တာနက်က ကောလဟာလတွေကြောင့် ပရိသတ်က အထင်လွဲတာဖြစ်တယ်”ဟုယင်းက ပြောသည်။
မြန်မာနိုင်ငံသည် မယ်စကြာပြိုင်ပွဲကို၁၉၆၁ခုနှစ်က နောက်ဆုံးဝင်ရောက်ယှဉ်ပြိင်ခဲ့ခြင်းဖြစ်သောကြောင့် Miss Universe ပြိုင်ပွဲသို့ နှစ်ပေါင်း ၅၀ ကျော်မှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအရွေးချယ်ခံထားရသူ မိုးစက်ဝိုင်အနေဖြင့် လာမည့် နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှနိုင်ငံ မော်စကိုမြို့၌ကျင်းပမည့် Miss Universe 2013 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။
မိုးစက်ဝိုင်သည် Talents & Models Agency မှ သင်တန်းဆင်းခဲ့သူဖြစ်ပြီး Ve Ve အချိုရည်ကို ကြော်ငြာခဲ့ဖူးကြောင်း၊ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်စာ အဓိကဖြင့် ဘွဲ့ရရှိထားသူဖြစ်သည့်အပြင် အမေရိကန်နိုင်ငံ ၌ B.A in Business Marketing ဘွဲ့ကို ရရှိထားပြီး ယင်းနိုင်ငံတွင်ပင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။
မိုးစက်ဝိုင်သည် ၃.၁၀.၂၀၁၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊အမျိုးသား ကဇာတ်ရုံ၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် Miss Universe ပြိုင်ပွဲတွင် Miss Universe ဆုရရှိခဲ့သူ ဖြစ်သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
မိုဘိုင်းဟန်းဆက် ခိုးယူခံရမှု .. Power Mobile Centre
မိုဘိုင်းဟန်းဆက် ခိုးယူခံရမှု (သူခိုးများ) အန္တရာယ်မှ ကာကွယ်နိုင်ရန်
20.9.2013 ရက် နေ့လည် ၁း၅၄ နာရီခန့်၌ Power Mobile တွင် မိုဘိုင်းဟန်းဆက် (၁)လုံး ခိုးယူခံခဲ့ရပါသည်။
သို့ဖြစ်ပါ၍ တခြားသော မိုဘိုင်းဖုန်းဆိုင်များနှင့် အများပြည်သူများ သိရှိကာကွယ်နိုင်ရန် CCTV Video File နှင့်တကွ တင်ပြလိုက်ပါသည်။
ခိုးယူသွားသော ဟန်းဆက်မှာ
Model = Huawei P6 (Black)
IMEI = 860505029383707
S/N = E2N7NB9381602586
ဖြစ်ပါသည်။
အဆိုပါ ဖုန်း Model အမျိုးအစား ၊ IMEI & S/N နံပါတ်တို့ဖြင့် ရောင်းဝယ်ခြင်း ၊ Services (ပြုပြင်ခြင်း)များ တစ်စုံတစ်ရာ ပြုလုပ်ခြင်းကို တွေ့ရှိပါက Power Mobile ဖုန်းဆိုင်သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် လေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါသည်။
* လမ်း (၃၀) " Power Mobile Centre " ၊ ၇၂ x ၇၃ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 10000
* (၈၄) လမ်း " Power Mobile Centre " ၊ ၄၀ x ၄၁ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 20000
* (၃၅) လမ်း " Power Mobile Centre " ၊ ၇၄ x ၇၅ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 30000
* (၆၂) လမ်း " Power Mobile Centre " ၊ မနော်ဟရီလမ်း ၊ ၆၁ x ၆၂ ကြား ၊ မန္တလေး။
ဖုန်း 09 - 433 40000
* (၁၂) လမ်း " Power Mobile Centre " ၊ ၈၀ x ၈၁ ကြား ၊ မန္တလေး။
ဖုန်း 09 - 680 3285
* (၂၂) လမ်း " Power Mobile Centre " ၊ ၂၂ လမ်း x ၈၈ လမ်းထောင့် ၊ မန္တလေး။
ဖုန်း 09 - 433 50000
* (၅၈) လမ်း " Power Mobile Centre " ၊ ၅၈ လမ်း x အောင်ဆန်းလမ်းထောင့် ၊ မန္တလေး။
ဖုန်း 09 - 33333 258
From > Myanmar Mobile User Group
အမျိုးသမီးများ အတွက်သာ
အမျိုးသမီးများအတွက် အမေရိကန် LEEP နည်းပညာဖြင့် သားအိမ်ခေါင်းရောဂါ ခွဲစိတ်ကုသနည်း
    ၁။ သားအိမ်ခေါင်းရောင်ရမ်းခြင်း။
    ၂။ သားအိမ်ခေါင်းပုပ်သိုးဆွေးမြှေ့ ခြင်း။
    ၃။ သားအိမ်ခေါင်းအသားပိုထွက်ခြင်း။
    ၄။ သားအိမ်ခေါင်းရေအိတ်တည်ခြင်း။
    ၅။ သားအိမ်ခေါင်းပွခြင်း စသော သားအိမ်ခေါင်းရောဂါရှိသူများအတွက် ထိုနည်းပညာဖြင့်ကုသလျှင် ပို၍ထိရောက်သည်။
အားသာချက်
    ၁။ ခွဲစိတ်ချိန်တိုပြီး ခွဲစိတ်ပြီးနောက်တွင်သားအိမ်ခေါင်းမှာ မူလအတိုင်းပြောင်ချောနေပါမည်။
    ၂။ ပုံမှန်အစိတ်အပိုင်းနှင့် မွေးဖွားသည့်စွမ်းအားကို မထိခိုက်နိုင်ပါ။
    ၃။ အန္တရာယ်ကင်းပြီး နောက်ဆက်တွဲ ဆိုးကျိုးမရှိခြင်းနှင့် တစ်ကြိမ်တည်း အမြစ်ပြတ် ကုသပေးပါသည်။
    ၄။ ချက်ချင်းကု၍ချက်ချင်း သွားလာနိုင်ပြီး ဆေးရုံတက်ရန်မလိုအပ်ပါ။
    ၅။ အချိန်ကုန်သက်သာစေပြီး ဈေးနှုန်းချိုသာစွာဖြင့်ကုသပေးနေပါသည်။
ကိုးရီးယားစတိုင်လ် အမျိုးသမီးအဂါင်္ အသေးစားခွဲစိတ်ကုသနည်း
    ၁။ မွေးလမ်းကြောင်းကျယ်ခြင်း
    ၂။ မွေးဖွားပြီးနောက် မိန်းမကိုယ်အင်္ဂါ ကွဲအက်ခြင်း
    ၃။ အပျိုအမြှေးပါးဖာထေးခြင်း စသည်တို့ ကိုခွဲစိတ်ကုသပေးနေပါသည်။
အားသာချက်
    ၁။ အမာရွတ်မရှိခြင်း ၊ နာကျင်မှုလျှော့နည်းခြင်း နှင့် ပိုးမွှားကူးစက်မှု မရှိခြင်း
    ၂။ ခွဲစိတ်ပြီးနောက် မူလအတိုင်း လှပပြီး ကိုယ့် ကိုကိုယ် ယုံကြည်မှု ပြန်လည်ရရှိနိုင်ခြင်း
အထက်ပါရောဂါများနှင့်ပါတ်သတ်၍ အသေးစိတ်သိရှိလို ပါက ရန်ကုန်မြို့ မှာရှိသော ရွှေပိတောက် ရန်ကုန်ဆေးရုံ ကို  ဆက်သွယ်နိုင်ပါကြောင်း
ရွှေပိတောက် ဆေးရုံ
အရက်စိမ်ထားတဲ့မြွေ အသက်ပြန်ရှင်လာတယ်ဆိုတဲ့ အကြောင်းရင်း
အရက်စိမ်ထားတဲ့မြွေက အသက်ပြန်ရှင်ပြီး လူကို ကိုက်တယ်ဆိုတဲ့သတင်း သောကြာနေ့က ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပါတယ်။
ဘာကြောင့် အသက်ပြန်ရှင်လာတာလဲ။ အရက်ကြောင့်လား။
(အင်တာနက်မှာ ရှာလိုက်ရင် မြွေထည့်ထားတဲ့အရက်ပုလင်းများစွာကို တွေ့ရမှာပါ)
 ဗြိတိန်က လာတဲ့ အွန်လိုင်းသတင်းတပုဒ်မှာရေးထားချက်အရ ဆိုရင် ဒီမြွေက ပြန်ရှင်လာတာ မဟုတ်ဘဲ နဂိုကတည်းက မသေသေးတာလို့ သဘောပေါက်ရပါတယ်။
မြွေဆိုတဲ့ သတ္တ၀ါမျိုးက ခွေပြီးတော့ ကာလအတန်ကြာ အိပ်နေတတ်တယ်၊ အသက်ရှင်နေတတ်တယ်၊ သို့သော်လည်း အောက်စီဂျင်တော့ လုံလုံလောက်လောက် ရှိရမယ်၊
ဖြစ်နိုင်တာက အရက်ပုလင်းကို လုံအောင် ပိတ်မထားမိတာမျိုးပါ။
ဒါက တရုတ်ပြည် Heilongjiang ပြည်နယ် Shuangcheng မြို့မှာ ဖြစ်ခဲ့တာပါ။
တရုတ်ပြည်မှာ အရက်ပုလင်းထဲ မြွေစိမ်ပြီး အဲဒီအရက်ကို ကျန်းမာရေးအတွက် သောက်သုံးလေ့ရှိပါတယ်။
အခုတော့ အဲဒီအရက်က အစွမ်းမပြခင်မှာ မြွေကိုက်လို့ ဆေးရုံရောက်ခဲ့ရပါတယ်လို့ သူက ပြောဆိုကြောင်းကိုလည်း သတင်းမှာ ဟာသနှောထားပါတယ်။
ဒီအမျိုးသမီးက  ဆေးရုံမှာ ကုသမှုခံယူပြီး ဆေးရုံဆင်းသွားပါတယ် တဲ့။ ကံကောင်းထောက်မစွာပဲ လို့ ဆိုရပါမယ်။
ကံမကောင်းတာကတော့ အဲဒီ မြွေ ဖြစ်ပါတယ်။
မြွေကို သတ်လိုက်ကြတယ်လို့ ဆိုပါတယ်။
 http://metro.co.uk/2013/10/05/snake-bites-woman-after-three-months-trapped-in-a-jar-in-china-4135205/ မှာ ဖော်ပြထားတဲ့ သတင်းကို ကိုးကားပါတယ်။
ဆက်စပ် >>> ၃ လကျော်အကြာ ပုလင်းထဲ အရက်စိမ်ထားတဲ့ မြွေက လူကို ကိုက်  
ဧရာဝတီ
သံတွဲ ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပါဝင်ကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီး စစ်ဆေးနေ
သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ချစီမံ ခန့်ခွဲသူများအဖြစ် ယူဆခံရသူများ အပါအ၀င် ပြစ်မှုကျူးလွန်သူဟု ယူဆခံရသူ ၄၈ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ဆက်လက်ဖော်ထုတ် သွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အဆိုပါ သံတွဲပဋိပက္ခ ဖြစ်စဉ်ကို အောက်တိုဘာ ၂၉ ရက်က မြို့နယ်ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုး တစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက "သာသနာ့အလံ ထောင်ထားတဲ့ သုံးဘီးဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့။ ဘာဖြစ်တယ် ညာဖြစ်တယ်" ဆိုကာ ခိုင်းနှိုင်းဆဲဆို လိုက်သည့်အပေါ် ရခိုင်လူမျိုးက ရဲစခန်း၌ သွားရောက်အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဆဲဆိုခဲ့သည့် ကမန်လူမျိုးအား သံတွဲမြို့မ ရဲစခန်းမှ အာမခံ ပေးခဲ့သဖြင့် ကျေနပ်မှု မရှိသည့် ဒေသခံ ရခိုင်လူမျိုးများနှင့် သံဃာတော် အချို့မှ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ကြောင်း သိရသည်။ အာမခံ ပေးခဲ့မှုနှင့် ပတ်သက်၍ ရဲစခန်းက လာရောက်စုံစမ်းသူများကို ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုး အချို့က သာသနာ့အလံကို ခိုင်းနှိုင်းပြောကြားခဲ့သည့် ကမန်လူမျိုး နေထိုင်သည့် နေအိမ်အား ခဲနှင့်ပစ်ပေါက်ခဲ့သည်မှ အစပြုပြီး ယခုကဲ့သို့ လူသေဆုံးမှုနှင့် နေအိမ်အများအပြား မီးလောင်ကျွမ်း ခဲ့သည်အထိ ပဋိပက္ခဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။
ယင်းကဲ့သို့ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများ၊ ပါဝင်ခြင်း မရှိသော်လည်း အားပေးအားမြောက် ပြုလုပ်သူများနှင့် နောက်ကွယ်မှ အဆိုပါဖြစ်စဉ် ဖြစ်ပွားအောင် စနစ်တကျ အကွက်ချ စီမံခန့်ခွဲသူများဟု ယူဆခံရသူ စုစုပေါင်း ၄၈ ဦးအား အောက်တိုဘာ ၆ ရက်နေ့ နံနက်ပိုင်းအထိ ဖမ်းဆီးစစ်ဆေးနေကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးကျော်တင့်က ပြောကြားသည်။
"ဖြစ်စဉ်အစကတော့ သာမန်ဖြစ်ရိုး ဖြစ်စဉ်လေးပါပဲ။ ဒါပေမဲ့ နောက်ဆုံးထိ ဖြစ်သွားတဲ့ အခြေအနေကတော့ ကြီးမားပါတယ်။ အခုလို ကြီးမားတဲ့ ဆုံးရှုံးမှုတွေ နစ်နာမှုတွေ ဖြစ်သွားခဲ့တဲ့အတွက် နှစ်ဖက်စလုံး အနေနဲ့ စိတ်ပိုင်းဆိုင်ရာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ ထိခိုက်သွားတယ်။ ဒါကြောင့် ထပ်မံပြီးဖြစ်ပွားဖို့၊ ဆက်ဖြစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ရတယ်။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ဦးနှောက်ကောင်းကောင်းနဲ့ အိမ်မှာထိုင်ပြီး စနစ်တကျ အကွက်ချပြီး စီစဉ်တဲ့သူတွေ ပါဝင်နေတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေထဲက အကြောင်းအချို့ကတော့ ၉၆၉ အခွေတွေ ၀င်လာတယ်။ အင်တာနက်ကနေ လှုံ့ဆော်မှုတွေ ရှိလာတာတွေကြောင့်လို့ ယူဆရတယ်။ ဒါကြောင့် တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုက ပိုမိုကြီးထွားလာတယ်လို့ သုံးသပ်ရတယ်။ နောက်ကွယ်က ဖန်တီးသူတွေ ရှိသလို ပံ့ပိုးသူတွေလည်း ရှိပါတယ်။ ဒါကို ဖမ်းဆီးပြီးတော့ စစ်ဆေးနေတယ်။ ဥပဒေအတိုင်း စစ်ဆေးလို့ ရရှိတဲ့ အဖြေအပေါ် မူတည်ပြီးတော့ ဆက်လက်လုပ်ဆောင် သွားပါမယ်" ဟု အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားသည်။
ယခု ဖြစ်စဉ်ကို နောက်ကွယ်မှ ဖန်တီးခဲ့သူများကို ဇာစ်မြစ်အဆုံးထိ စစ်ဆေးဖော်ထုတ် အရေးယူသွားမည်ဟု သိရသည်။
(ရခိုင်လူမျိုး လေးဦးကို ဓားဖြင့်ခုတ်ရာတွင် ကျူးလွန်သူဟု ယူဆခံရသူများအား အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီက သံတွဲမြို့နယ် တရားရုံးသို့ ရုံးထုတ်လာသည်ကို တွေ့ရစဉ်)
Eleven Media Group
ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား
ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။
၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်
မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။
၂။ ဆံပင်သားအတွက်
ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။
၃။ ကိုယ်ခန္ဓာ အတွက်
ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။
၎။ ကျန်းမာရေးအတွက်
ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။
ပြုလုပ်နည်း
ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။
အိဖြူ(ဆေးဝါးတက္ကသိုလ်)
By Good Health
မီတာခ တစ်ပြားမှ မကုန်မည့် ဒီဇိုင်းသစ် နေအိမ်
မီတာခ တစ်ပြားတစ်ချပ်မျှ ကုန်ကျစရာ မရှိသည့် ခေတ်မီ ဒီဇိုင်းသစ် နေအိမ်တစ်မျိုးကို ဗြိတိန်တွင် စတင်၍ အရောင်းစာရင်း တင်လိုက်ပြီ ဖြစ်သည်။ ယင်းအိမ်ကို ဝယ်ယူမည့်သူ အနေဖြင့် စွမ်းအင် အသုံးပြုရန် မည်သည့် မီတာခမျှ ပေးဆောင်စရာ မလိုသော်လည်း နေအိမ်ကို ပိုင်ဆိုင်ရန်မူ စတာလင်ပေါင် (၁.၂)သန်းထိ အသုံးပြုရမည် ဖြစ်သည်။ စွမ်းအင်ကဏ္ဍအတွက် နေစွမ်းအင်ကိုသာ လုံးဝဥဿုံ မှီခိုထားသည့် ယင်းနေအိမ်သည် လီဆက်စတာရှိုင်းယား အရပ်တွင် တည်ရှိသည်။ (၂)ဧက ကျယ်ဝန်းသော မြေပြင်တွင် ဆောက်လုပ်ထားသော နေအိမ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ရည်ရွယ်ချက်နှင့် ကိုက်ညီပြီး ထင်းရှူးသားဖြင့် အဓိက အသုံးပြုထားသည်။
နေအိမ်အထက် ခေါင်မိုးပေါ်တွင် နေရောင်ခြည် စွမ်းအင်နှင့် အပူဓာတ်တို့ကို စုပ်ယူမှုအား အလွန်ကောင်းမွန်သည့် ခေတ်မီ နည်းပညာသုံး ဆိုလာပြားများ တပ်ဆင်ထားသည်။ အပူစွမ်းအင်သည် နေအိမ်၏ ရေပူစနစ်နှင့် အိမ်အောက်ခြေရှိ အနွေးပေး ပိုက်လိုင်းများကို သက်ရောက်စေမည် ဖြစ်သည်။ ကာဘွန်ဓာတ်ငွေ့ ထုတ်လွှင့်မှု လုံးဝ ကင်းရှင်းသည့် နေအိမ်တွင် ကြီးမားကျယ်ပြန့်သည့် မှန်ပြူတင်းပေါက်ကြီးများ တပ်ဆင်ပေးထားပြီး မိုးရေ စုဆောင်းနိုင်သည့် ရေလှောင်ကန်လည်း ပါဝင်နေကြောင်း သိရှိရသည်။
ယင်းနေအိမ်တွင် နေထိုင်သူ အနေဖြင့် စွမ်းအင်အတွက် လျှပ်စစ်မီး သွယ်တန်းရန်ဖြစ်စေ၊ ဓာတ်ငွေ့ပိုက် သွယ်တန်းရန်ဖြစ်စေ လုံးဝမလိုအပ်ဟု ဆိုသည်။ နေအိမ်အတွက် အောက်ခံ ဖောင်ဒေးရှင်း ချစဉ်ကတည်းက မြှုပ်နှံထားသည့် အနွေးပေး ပိုက်များသည် နွေရာသီ တစ်လျှောက်လုံး စုဆောင်းထားသည့် အပူဓာတ်ကို ဆောင်းရာသီတွင် ပြန်လည် ထုတ်ပေးကာ နေအိမ်ကို နွေးထွေးနေစေမည်ဟု ဆိုသည်။ အိပ်ခန်း(၅)ခန်း ပါဝင်သော အဆိုပါ နေအိမ်ကို Caplin Homes ကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ကုမ္ပဏီ၏ ဒါရိုက်တာ မိုက်ကယ် ဂေါ့ဒတ်က "ဒီနေအိမ်သစ်ရဲ့ တည်ဆောက်မှုနဲ့ ဒီဇိုင်းဖန်တီးမှု အားလုံးက ကာဘွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ အဓိက ရည်ရွယ်ထားတာပါ"ဟု ဆိုသည်။ ဗြိတိန် အစိုးရသည် (၂၀၁၆)ခုနှစ်တွင် ဆောက်လုပ်မည့် နေအိမ်သစ် အားလုံးတွင် ကာဘွန်ထုတ်လွှတ်မှု လုံးဝမရှိရေး ဦးတည် လုပ်ဆောင်နေသည်။ ဂေါ့ဒတ်က နေရောင်ခြည် စွမ်းအင်သုံး နေအိမ်တွေဟာ ဆောက်လုပ်မှု ကဏ္ဍမှာ ရွေးချယ်သင့်တဲ့ ဖန်တီးမှု တစ်ရပ်ပါ။ လတ်တလောမှာ အကန့်အသတ်တချို့ ရှိသေးပေမယ့် အနာဂတ်မှာ အရွယ်အစား အမျိုးမျိုး နေအိမ်တွေအတွက် ကျွန်တော်တို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်"ဟုလည်း ပြောကြားသွားသည်။
ယခုနေအိမ်တွင် ပြူတင်းပေါက် ဒီဇိုင်းများကအစ စွမ်းအင်သုံးစွဲမှု ရှုထောင့်မှ ချဉ်းကပ် တပ်ဆင်ထားသည်။ နေရောင်ခြည် စွမ်းအင်သုံး နေအိမ်များသည် မြေအောက် အနွေးပေး စနစ်ကို တစ်နှစ်တာလုံး အသုံးပြုနိုင်ရန် သီတင်း(၁၀)ပတ်စာမျှ စုဆောင်းထားသည့် နေပူရှိန်ဖြင့် လုံလောက်မည် ဖြစ်သည်။ ထို့အပြင် အဆောက်အအုံ အတွင်းအပြင် အပူချိန်ကို ခြေရာခံ စောင့်ကြည့်သည့် စနစ်များကိုပါ တပ်ဆင်ပေးထားကြောင်းလည်း သိရှိရသည်။
planet
ဆိုင်ကယ် ကယ်ရီလိုက်သွားရာမှ ထူးဆန်းစွာ လူသတ်မှုဖြစ်
2.10.2013 ရက်နေ့ ည ပြည်မြို့ ကိုးသောင်း ရှမ်းစုရပ်ကွက်နေ ကိုတင်ရှိန် (ခ) ကိုချင်းလေးသည် ဆိုင်ကယ်ကယ်ရီလိုက်သွားရာမှ လူသတ်မှုဖြစ် သေဆုံးခဲ့သည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ဝင်းမှ ပြည်သတင်းသို့ ပြောကြားခဲ့သည်မှာ ...
ကိုချင်းလေးသည် 2.10.2013 ရက်နေ့ ည 9 နာရီ 30 မိနစ် အချိန်ခန့်တွင် ဆိုင်ကယ် ကယ်ရီလိုက်သွားသည်ဟု သိရှိရပြီး ည 11 နာရီ 30 အချိန်ခန့်တွင် P.T.U ကျောင်းနှင့် ဇာတ်ငါးရာကြားရှိ ပိုရွာသို့ သွားသောလမ်းမပေါ် ခရီးတ၀က်ခန့်တွင်ရှိသော ဇရပ်၏အနီး ၀ါးနှစ်ပြန်ခန့်အကွာတွင် သေဆုံးသူ၏ အလောင်းကိုတွေ့ရှိရပါသည်။ ထို့အပြင် သေဆုံးသူနှင့်အတူ လည်းကောင်းပိုင်ဆိုင်သော ဆိုင်ကယ်၊ လက်ကိုင်ဖုန်းတို့ကိုလည်းတွေ့ရှိရပြီး ထူးခြားသည်မှာ ဖိနပ်စီးလျှက်အနေအထားနှင့် အနီးပတ်ဝန်းကျင်တွင် သွေးကွက်မရှိခြင်း၊ လုံးထွေးသတ်ပုတ်ထားသည့် အသွင်အပြင်မရှိခြင်း၊ ဆိုင်ကယ်ဦးတည်ရာမှာ လမ်းမကြီးဘက်သို့ ဦးတည်ထားခြင်းတို့ဖြစ်ပါသည်။
အဆိုပါ ကိုတင်ရှိန် (ခ) ကိုချင်းလေး အသတ်ခံရမှုအား ပေါင်းတလည် ရဲစခန်းမှ စခန်းမှုး ဦးနိုင်ဝင်း ဦးဆောင်ပြီး ဒုရဲအုပ် ဦးကျော်ဇင်ထိုက်တို့မှ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် အမှုဖွင့်ဆောင်ရွက်လျှက် ရှိကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ မတင်တင်ငွေမှ ပြည်သတင်း သို့ ပြောကြားသွားပါသည်။
ပြည်သတင်း
Nexus Smartwatch ထွက်လာမည်ဟု သတင်းများထွက်ပေါ်
ပြီးခဲ့တဲ့ ရက်ပိုင်းလေးတင် Nexus-5 နဲ့ပတ်သက်တဲ့သတင်း ပေါက်ကြားခဲ့လို့
အပြီး ယခုထပ်မံ ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ Nexus Smartwatch ဆိုတာပါပဲ။
အောက်တိုဘာလရဲ့ လကုန်ရက်ဖြစ်တဲ့ ၃၁-ရက်နေ့မှာ အဆိုပါနာရီ ကို မိတ်ဆက်ပြသ လိုက်မယ်လို့ သတင်းများထွက်ပေါ်လျက်ရှိနေပါတယ်။
Nexus Smartwatch ကို Android 4.4 KitKat အသုံးပြုမယ့် Nexus-5 နဲ့တွဲဖက် အသုံးပြုဖို့ ထွက်ရှိလာမှာဖြစ်တယ်လို့ သတင်းများက သုံးသပ် လျက်ရှိနေသလို အခြား Devices နဲ့လည်းတွဲဖက်အသုံးပြုနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
အကယ်လို့ ဒီသတင်းသာမှန်ကန်ခဲ့မယ်ဆိုပါက Samsung ကထုတ်တဲ့
Note-3,Samsung Smartwatch တို့နဲ့အပြိုင် Nexus မှာလည်းမြင်တွေ့ရဖို့
တော့ ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိပါတယ်။
Ref:gadgets
ခွန်နေ(AMMG)
TechSpace Journal
ကျောင်းကုန်းမြို့မှာ မွတ်စလင် နေအိမ် ၅ လုံး ဖျက်ဆီးခံရ
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗောဓိကုန်းရပ်ကွက်မှာ မနေ့ညက အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ် ၅ လုံးကို ဒေသခံတွေက ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အဲဒီဖြစ်ရပ်နဲ့ ပတ်သတ်ပြီး ကျောင်းကုန်းဒေသခံ ကိုပြည့်ဖြိုးဝေက အခုလိုပြောပါတယ်။
" ည ၇ နာရီကျော်လောက်ကျတော့ အဲ့ဒီအိမ် ဝိုင်းဖြိုကြမယ်၊ ဗလီဖြိုကြမယ်ဆိုပြီး ထွက်သွားတယ်၊ အဲဒီကုလားရှိတဲ့ အိမ်မှာပဲဖြိုတယ်၊ ပြီးတော့သူ့ညီမ အိမ်ကိုဖြိုတယ်၊ အိမ် ၅ လုံးပြိုသွားတယ်၊ ကုလားသင်္ချိုင်းမှာရှိတဲ့ အစောင့်တဲအိမ်က မီးရှို့ခံရတယ်၊ ပြီးတော့ မြို့နယ်ရဲတပ်ဖွဲ့မှူးရော၊ အာဏာပိုင်အဖွဲ့အစည်းရော ရောက်လာတယ်၊ သူတို့က မလုပ်ကြပါနဲ့လို့ တားတယ်"
ကျောင်းကုန်းမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာခုနှစ်ရွာက လူတစ်ထောင်လောက် ရောက်လာကြပြီး အစ္စလာမ်ဘာသာဝင် ကိုလှဝင်းရဲ့ နေအိမ်နဲ့ သူ့ဆွေမျိုးတွေရဲ့ အိမ်လေးလုံးတို့ကို ဖျက်ဆီးလိုက်ကြ တာလို့ သိရပါတယ်။
နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ အစ္စလာမ်ဘာသာဝင်မိသားစုဝင်တွေဟာလည်း ဘေးကင်းရာ တိမ်းရှောင်နေထိုင်ကြရတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဦးလှဝင်းနဲ့ အရွယ်မရောက်သေးတဲ့ မနှင်းယုယုခိုင် တို့နဲ့ ပတ်သက်တယ်လို့သိရပါတယ်။
အခင်းဖြစ်ပွားချိန်မှာ သွားရောက် ထိမ်းသိမ်းခဲ့သူ ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စာလှယ် ဦးသိန်းနိုင်က ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။
" ဖြစ်တာက ကလေးမလေးနဲ့ ပတ်သက်ပြီးတော့ ကျန်တဲ့ တစ်လလောက်တည်းက အနိုင်ထက်ကျင့်တာတွေ ရှိတဲ့အတွက်ကြောင့် မအေက မသိဘူး၊ သိတဲ့အခါကျတော့ ရဲစခန်းမှာ တိုင်တဲ့ အခါကျတော့ ရဲကလည်း အချိန်မှီ တရားခံကို ခေါ်ထိန်းပြီးတော့၊ မနေ့က ညနေပိုင်းမှာပဲ မိုးချုပ်ခါစမှာ အဲ့မှာပဲ ပုသိမ်ကို ပို့လိုက်တယ်၊ ဒီတရားခံကို"
ဒီနေ့ ကျောင်းကုန်းမြို့ အခြေအနေဟာ တည်ငြိမ်နေပြီး ကျောင်းကုန်းမြို့က ရဲတွေအပြင် တိုင်းပြည်သူရဲကပါ မြို့တွင်း လုံခြုံရေး ယူထားတယ်လို့ ကျောင်းကုန်း ရဲစခန်းက ပြောပါတယ်။
RFA Burmese
မြန်မာငွေနဲ့တွက်ရင် ၁၀ သိန်းဝန်းကျင်လောက်ကျမယ့် ဂိမ်းစက်
ခွန်နေ(AMMG)
လာမယ့် နိုင်ဝင်ဘာ-၂၂ အမေရိကန်ဒေါ်လာ ၁၀၀၀ နဲ့ရောင်းချပေးမယ့်
စွမ်းအားမြင့် စူပါ Game Console ကြီးပါ။ Xi3 Piston Console လို့ခေါ်ပြီး
ဂိမ်းစက်တစ်ခုတည်းမှာ ပုံစံသုံးမျိုးအသုံးပြုလို့ရမှာပါ။
ပုံစံသုံးမျိုးဆိုတာက ကွန်ပျူတာနဲ့တွဲပြီး PC ဂိမ်း အဖြစ်အသုံးပြု ကစားလို့ ရမှာဖြစ်သလို၊TV နဲ့ချိတ်ဆက်ကစားမယ်ဆိုလည်း အဆင်ပြေစေမှာပါ။ ပုံစံနောက်တစ်မျိုးကတော့ လွယ်ကူစွာပြောရမယ်ဆိုရင် 3D မျက်မှန်ပုံစံ
တပ်ဆင်ပြီး ဂိမ်းစက်ကို ကျောပိုးအိတ်ထဲထည့်ကာ virtual reality ပုံစံကစားနည်းကို ဆိုလိုတာပါ။ Virtual reality ပုံစံ ကစားလို့ရမှာ
ဖြစ်တဲ့အတွက်ဘယ်သွားသွားသယ်ဆောင်လို့ရတယ်ဆိုတာကတော့ သံသယ
ရှိစရာမလိုပါဘူး။
၎ လက်မ ပတ်လည်အရွယ်အစားရှိတဲ့ အဆိုပါဂိမ်းစက်ဟာ သယ်ဆောင်သွား
ရာမှာပေါ့ပါးစေဖို့အတွက် အလူမီနီယံကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး
quad-core AMD Trinity chip ထည့်သွင်းထားပြီး 3.2GHz ထောက်ပံ့ပေး ထားပါတယ်။ RAM 8GB ရှိမှာဖြစ်ပြီး 128GB အထိသိုလှောင်သိမ်းဆည်းပေး ထားနိုင်ပါတယ်။ အဲဒီအတွက်မလုံလောက်ပါကလည်း အပို 512GB အထိတိုးချဲ့အသုံးပြုနိုင်ပါသေးတယ်။ထို့ပြင် အဆိုပါဂိမ်းစက်ဖြစ်တဲ့ Xi3 Piston Console ဟာ ရုပ်ထွက် Resolution 4096 x 2160 pixels အထိ ထောက်ပံ့နိုင်တယ်လို့ သိရပါတယ်။
X-Box One,PS-4 တို့နဲ့အပြိုင် Xi3 Piston Console ဈေးကွက်အတွင်း အတိုင်းအတာ ဘယ်လောက်အထိ အောင်မြင်မလည်းဆိုတာကတော့ စိတ်ဝင်စားစရာပါ။
စွမ်းဆောင်ရည်ဖြစ်တဲ့ 3 Ways to Play ဆိုတဲ့အပိုင်းမှာ သာလွန်တယ်ထင်ရ
ပေမယ့် ကြီးမြင့်တဲ့ ဈေးနှုန်းကြောင့် လူနည်းစုသာစိတ်ဝင်စားပါလိမ့်မယ်။
ဒါပေမယ့် အကုန်ကျခံနိုင်တယ်ဆိုရင်တော့ Xi3 Piston Console ကရွေးချယ်
ဖို့အသင့်တော်ဆုံး Console တစ်ခုလို့မြင်တယ်။
Ref:Xi3
TechSpace Journal
Steve Jobs ကလေးဘ၀ တုန်းက နေထိုင်ခဲ့တဲ့ အိမ်ကို သမိုင်းဝင် အဆောက်အဦ အဖြစ်ထားရှိဖို့ ကြေညာ
Apple ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့တဲ့ Steve Jobs ကလေးဘ၀ တုန်းက နေထိုင်ခဲ့တဲ့ အိမ်ကို သမိုင်းဝင် အဆောက်အဦ အဖြစ်ထားရှိဖို့ ကြေညာလိုက်ပါတယ် ။ ၁၉၅၂ ခုနှစ်တုန်းက ဆောက်ခဲ့တဲ့ ဒီအိမ်လေးကို အနာဂတ်မှာ အမှတ်တရ အဖြစ် လေ့လာ ကြည့်ရှု နိုင်အောင် ထိန်းသိမ်းထားဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ် ။ မစ္စတာ Steve Jobs ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ကွယ်လွန်သွားခဲ့တာဖြစ်ပြီး California ပြည်နယ် Los Altos က မြို့ပြ ရေးရာ စီစဉ်သူတွေကတော့ မိသားစုနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
BBC Burmese
အွန်လိုင်းမှတစ်ဆင့် သင်ကြားမည့် ဥပဒေပညာ ဘွဲ့သင်တန်းအား ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ဖွင့်မည်
၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ အွန်လိုင်းမှတစ်ဆင့် သင်ကြားပေးမည့် ဥပဒေပညာ ဘွဲ့သင်တန်းအား ဒီဇင်ဘာလ၌ စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများအား နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းအား ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုအောင်မြင်ပြီး ဥပဒေ၀င်ခွင့် အမှတ်မီသူများ၊ မည်သည့် တက္ကသိုလ်မှာမဆို ဒုတိယနှစ်နှင့်အထက် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ၊ မည်သည့်ဘွဲ့ရမဆို လျှောက်ထားနိုင်မည်ဖြစ်ပြီး သင်တန်းကြေးနှင့် ၀င်ခွင့်ဆိုင်ရာ အသေးစိတ် အချက်အလက်များအား လျှောက်လွှာခေါ်ယူသည့် အခါ၌ တစ်ပါတည်း ထည့်သွင်းဖော်ပြ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ဒီဇင်ဘာကစပြီး ဖွင့်မှာပါ။ မော်ဂျူးတစ်ခုစီအတွက် Assignment တွေ Tutorial တွေ ရှိပါမယ်။ ပထမနှစ်ဝက် စာမေးပွဲကို ဧပြီမှာ စစ်ပါမယ်။ အွန်လိုင်းကနေပဲ ဖြေရမှာပါ။ အခုချိန်မှာတော့ သင်ခန်းစာတွေ၊ သင်ကြားမယ့် ဘာသာတွေကို Install လုပ်နေပါတယ်။ နိုဝင်ဘာမှာ ၀က်ဘ်ဆိုက်လွှင့်တင် နိုင်မှာပါ" ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ ဘွဲ့ဒီဂရီများ ပေးအပ်မည့် ဥပဒေပညာ သင်တန်းအား စာသင်နှစ် ငါးနှစ်ကြာ တက်ရောက်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် Semester နှစ်ခု၊ Semester တစ်ခုလျှင် မော်ဂျူးခြောက်ခုစီ သင်ကြားရမည် ဖြစ်သည်။ သင်ခန်းစာများကို www.ynou.edu.mm ဖြင့် နိုဝင်ဘာ လဆန်းပိုင်း၌ လွှင့်တင်သွားနိုင်ဖွယ်ရှိပြီး သင်တန်းသားဦးရေကို ၅၀၀ ဦး သတ်မှတ်ထားကြောင်း သိရသည်။ စာမေးပွဲများကိုလည်း အွန်လိုင်းမှတစ်ဆင့် စစ်ဆေးသွားမည်ဖြစ်ပြီး စာစစ်ဌာနများကို ရန်ကုန်အဝေးသင် တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင် တက္ကသိုလ်မှ သတ်မှတ်ထားသည့် သက်ဆိုင်ရာ စာစစ်ဌာနများတွင် စစ်ဆေးသွားမည် ဖြစ်သည်။ ၀င်ခွင့် လျှောက်လိုသူများသည် အွန်လိုင်းမှတစ်ဆင့်သော် လည်းကောင်း၊ ရန်ကုန်အဝေးသင် တက္ကသိုလ်တွင် လည်းကောင်း လာရောက်လျှောက်နိုင်မည်ဖြစ်ကြောင်း၊ ဘွဲ့ပေးအပ်မည့် အွန်လိုင်းဥပဒေ သင်တန်းအား ၂၀၁၃-၁၄ ပညာသင်နှစ်မှ စတင်ကာ သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
(အွန်လိုင်းမှတစ်ဆင့် သင်ကြားမည့် ဥပဒေပညာ ဘွဲ့သင်တန်း၏ စာစစ်ဌာန တစ်ခုဖြစ်သည့် ရန်ကုန်အဝေးသင် တက္ကသိုလ်အား တွေ့ရစဉ်)
Eleven Media Group
၃ လကျော်အကြာ ပုလင်းထဲ အရက်စိမ်ထားတဲ့ မြွေက လူကို ကိုက်
ဆေးဖက်ဝင်တယ်ဆိုပြီး ပုလင်းတခုထဲမှာ အဖုံးပိတ်ပြီး အရက်နဲ့ နှပ်ထားတဲ့ မြွေက ၃ လကျော်ကြာ
ပြီးနောက် အသက်ပြန် ၀င်လာပြီး အမျိုးသမီး တဦးကို ကိုက်လိုက်ပါတယ်။
တရုတ်ပြည်မှာ မြွေကို အရက်စိမ်ပြီး ဆေးဖက်ဝင်အဖြစ် အသုံးပြုကြလေ့ရှိပါတယ်။ ၃ လကျော်ကြာ ပုလင်းထဲ အလုံပိတ် ပြီး အရက်နဲ့ နှပ် ထားတဲ့ မြွေ  ( Pickled Snake ) က နိုးထလာပြီး ကိုက်လိုက်တဲ့ အဖြစ် ကတော့ တကယ့်ကို မယုံနိုင်ဖွယ်အံ့သြစရာ အဖြစ်ပါ။ 
ဒါဟာ တကယ့်ကိုပဲ တရုတ်ပြည် မြောက်ပိုင်း ဟာဘင် မြို့မှာ ဖြစ်တယ်လို့ ဂျပန် Yahoo သတင်းကို ကိုးကားပြီး The Mirror က ဖော်ပြထားပါတယ်။ 
အဆိုပါ မြွေကိုက်ခံလိုက်ရတဲ့ အမျိုးသမီးက ပုလင်းထဲမှာ အရက်ထပ်ဖြည့်ဖို့ လုပ်တဲ့အချိန် မှာ မြွေက 
ခေါင်း ထောင်လာတာ ကြောင့် သူက လက်ချောင်းနဲ့ မြွေကို ပုလင်းထဲ ပြန်ထည့်ဖို့ အလုပ်မှာ မြွေက သူ့လက်ကို ကိုက်လိုက်တာပါ။ 
ဒါနဲ့ မိသားစုဝင်တွေက ချက်ခြင်းပဲ မြွေကိုက်ခံရသူ အမျိုးသမီးကို ဆေးရုံကို ပို့လိုက်ကြတယ်။ ကံကောင်း စွာနဲ့ အဆိုပါ အမျိုးသမီးဟာ အသက်ရှင်ခဲ့ပါတယ်။ 
အိမ့်သံစဉ် ~
ဆီးရီးယားမှ ဓာတုလက်နက်များကိုကျွမ်းကျင်သူများ စတင်ဖျက်ဆီး
ဆီးရီးယား၏ ဓာတုလက် နက်များနှင့် လက်နက်ထုတ်လုပ် မှုများကို ဖျက်သိမ်းမည့်အစီအစဉ် ကို လက်နက်ဖျက်သိမ်းရေးအဖွဲ့တစ် ဖွဲ့က အောက်တိုဘာ၆ရက်တွင် စတင်ပြီဖြစ်ကြောင်း နိုင်ငံတကာစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့က AFP သတင်းဌာနသို့ ပြောခဲ့သည်။
UN မှအဖွဲ့ဝင်များနှင့် ဓာတုလက်နက်များ တိုက်ဖျက် ရေး( OPCW ) The Hague အ ခြေစိုက် အဖွဲ့အစည်းတို့သည်ဓာတုလက်နက်များကို စတင်ဖျက် ဆီးမည့်နေရာသို့ ထွက်ခွာခဲ့ကြ ကြောင်း သိရသည်။
''ဒီနေ့က ဓာတုလက်နက် တွေကို စဖျက်ဆီးတဲ့နေ့ပါပဲ။ ထိပ် ဖူးတပ်ဒုံးကျည်၊ ဓာတုဗုံးများ၊ ရွေ့ လျားလက်နက်များနဲ့ တခြား သောလက်နက်များကို ကြီးမား သောယာဉ်ကြီးများဖြင့် နင်းချေ ဖျက်ဆီးခဲ့ကြပါတယ်''ဟု နိုင်ငံ တကာစစ်ဆင်ရေးတပ်ဖွဲ့ သတင်း ပို့သူ၏ ပြောကြားချက်အရသိရ သည်။
ယခုရက်သတ္တပတ်အစော ပိုင်းက ဆီးရီးယား၏လက်နက် ထုတ်မှုပိုင်းတွင် အကျိုးရှိသော နည်းလမ်းအားလုံး သုံးခဲ့ပုံရကြောင်း OPCW အရာရှိကပြောခဲ့သည်။ ထို့အပြင် ပေါက်ကွဲစေတတ်သော ပစ္စည်းပြုလုပ်နည်း၊ ပြင်းထန်စွာ ပေါက်ကွဲအောင်ပြုလုပ်နည်း အ စရှိသော နည်းလမ်းများကိုလည်း အသုံးပြုခဲ့ကြောင်း ယင်းကထပ်မံ ပြောခဲ့သည်။
လက်နက်ဖျက်သိမ်းရေး အဖွဲ့သည် ဆီးရီးယားအစိုးရက လွှဲပြောင်းပေးထားသော အစီ စဉ်အသေးစိတ်ကို အတည်ပြုပြီး စတင်အကောင်အထည်ဖော်ရန် ဒမတ်စကတ်သို့ အင်္ဂါနေ့ကရောက် ရှိခဲ့ကြသည်။ ''အဆင့်တစ်ကတော့ ဆီး ရီးယားတွေကို အဆုံးသတ်ဖို့ပါ ပဲ။ ပြီးတော့ အဆင့်နှစ်အနေနဲ့ တော့ လက်နက်တွေကို ဖျက်ဆီး ပစ်ဖို့ပဲ''ဟု စစ်ဆင်ရေးအဖွဲ့က ပြောသည်။
ဓာတုလက်နက်များကို ဖျက် ဆီးပြီး သမ္မတဘာရှားအယ်လ်အာ ဆတ်၏အုပ်ချုပ်မှုကို အလှည့် အပြောင်းဖြစ်ရန် အမေရိကန်- ရုရှားသဘောတူညီခဲ့ကြသည်။ သို့ သော် ဩဂုတ်၂၁ရက်က ဒမတ် စကတ်မြို့ပြင်ဘက်တွင် ဓာတု လက်နက်ဖြင့် တိုက်ခိုက်မှုဖြစ်ပွား ခဲ့သဖြင့် အမေရိကန်အစိုးရက အာဆတ်ကို အပြစ်တင်ခဲ့သော် လည်း ၎င်းကငြင်းဆန်ခဲ့သည်။ဆီးရီးယား၏ ဓာတုလက် နက်စက်ရုံကို ၂၀၁၄ခုနှစ် နှစ်လယ် ပိုင်းတွင်ဖျက်ဆီးပစ်ရန့် အြ ဆုံးအဖြတ်အရ သဘောတူညီခဲ့ ကြကြောင်း သိရသည်။
Yangon Media Group
ဆရာတော် ဦးဝီရသူ ပတ်စ်ပို့မရသေး
 ဆရာ တော်ဦးဝီရသူ၏ နိုင်ငံကူး လက် မှတ်လျှောက်ထားမှုမှာ သက်တမ်း တစ်နှစ်ခြောက်လကျော် ရှိပြီဖြစ် သော်လည်း နိုင်ငံကူးလက်မှတ် ရုံးမှ ပတ်စ်ပို့စာအုပ်ထုတ်ပေးခြင်း မရှိသေးကြောင်း ဆရာတော် ဦးဝီရသူက ရန်ကုန်တိုင်းမ်နေ့စဉ် သို့ အောက်တိုဘာ၆ရက်က မိန့် ကြားလိုက်သည်။
ဆရာတော်မှာ ယခုအခါ ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးမှ ထုတ်ပေး ထားသော ပတ်စပို့ထုတ် ယူခွင့် စလစ်ရရှိထားပြီဖြစ်သော် လည်း ရန်ကုန်ပတ်စ်ပို့ရုံးနှင့် မန္တ လေးရှိ ပတ်စ်ပို့ရုံးတို့ကဌာနတစ် ခုနှင့်တစ်ခု လွှဲချပြောဆိုနေကြကြောင်း ဆရာ တော်က ထပ်မံမိန့်ကြားသည်။
ဆရာတော်ဦးဝီရသူက''တစ် နှစ်ဆိုင်းငံ့ သက်တမ်းလဲ ကျော် သွားပြီ။ ၂၀၁၃ ဧပြီလ ဆိုင်းငံ့ သက်တမ်းတစ်နှစ် ပြည့်ပြီးတဲ့အ ချိန် ရန်ကုန်ရုံးမှာ ပတ်စ်ပို့ သွား ထုတ်တော့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီးကို အသနား ခံစာတင်ရမယ်ဆိုလို့ စာတင်တာ လဲ ဘာမှထူးမလာဘူး။ ပတ်စ်ပို့ သွားထုတ်တော့ မန္တလေးနဲ့ ရန် ကုန်က ပတ်စ်ပို့ရုံးနှစ်ရုံးက တစ် ရုံးနဲ့တစ်ရုံး ဟိုရုံးနဲ့ဆိုင်တယ်၊ ဒီ ရုံးနဲ့ဆိုင်တယ်ဆိုပြီး လွှဲချနေကြ တယ်။ ဒါနဲ့ဆက်မလုပ်ဖြစ်တော့ တာ။ ဦးဇင်းလိုပဲ အကျဉ်းကျခဲ့ တဲ့ ၈၈မျိုး ဆက်ကျောင်း သားတွေ တောင် နိုင်ငံကူးလက်မှတ်ရနေ ကြပြီ''ဟု မိန့်ကြားသည်။
နိုင်ငံကူးလက်မှတ်ရုံးအနေ ဖြင့် အများပြည်သူများ အဆင် ပြေစေရန် အတွက် ဖြေလျှော့မှု အမျိုးမျိုးကို လွန်ခဲ့သည့်လအနည်း ငယ်က ပြုလုပ်ခဲ့ပြီး ယခုအခါ နိုင်ငံကူးလက်မှတ်သက်တမ်းမှာ ယခင်သုံးနှစ်မှ ယခုငါးနှစ်အထိ တိုးပေးထားကြောင်း နိုင်ငံကူး လက်မှတ်ရုံးမှ သိရသည်။
ဆရာတော်ဦးဝီရသူ၏နိုင်ငံ ကူးလက်မှတ် လျှောက်ထားမှုသည် အချက်အလက်များ ပြည့်စုံသော် လည်း နိုင်ငံတော်မှ ယနေ့တိုင် မထုတ်ပေးသေးခြင်းနှင့် ပတ် သက်၍ နိုင်ငံကူးလက်မှတ်ထုတ် ပေးရေးရုံးမှ ဌာနခွဲမှူးဒုရဲမှူးကြီး ကျော်ဇေယျကို ဖုန်းဖြင့်ဆက် သွယ်မေးမြန်းရာ ''ကျွန်တော်တို့ အနေနဲ့ ဆရာတော့်ကို နိုင်ငံကူး လက်မှတ်ရရှိဖို့အတွက် ဒီကိစ္စကို မနလဘုတ်အဖွဲ့ကို တင်ပြသွား မှာပါ''ဟုဖြေကြားခဲ့သည်။
အကျဉ်းကျခံခဲ့ရသောနိုင်ငံ ရေးအကျဉ်းသားများအနေဖြင့် လည်း နိုင်ငံကူးလက်မှတ်ရရှိရန် အစွမ်းကုန် ကြိုးစားခဲ့ရပြီး အ ကြောင်း အမျိုးမျိုးကြောင့် နိုင်ငံ ကူးလက်မှတ် မထုတ်ပေးသေး သောသူများလည်း ရှိသေးကြောင်း နိုင်ငံကူးလက်မှတ်ရုံးမှ သိရသည်။
Yangon Media Group
ကျော်မြတ်ဇံ
မိုးစက်ဝိုင်နဲ့ ခင်မင်မှုပင် မရှိကြောင်း နေရွှေသွေးအောင် စာထုတ်ရှင်း
ပြိုင်ကားပေါ်က ဆင်းလာတဲ့ မိုးစက်ဝိုင်နဲ့ ဘေးမှာ ရပ်နေသူ နေရွှေသွေးအောင်၊
ဓာတ်ပုံ- Universities Champions League,Ko SaiSai
နေရွှေသွေးအောင်က သူနဲ့ မိုးစက်ဝိုင်ဟာ ခင်မင်ယုံသာဖြစ်ပြီး မပတ်သက်ကြောင်း၊ မိုးစက်ဝိုင်အပေါ် အင်တာနက်မှာ ဖွနေကြတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ သူဟာ ဘောလုံးကို ငယ်ငယ်ကတည်းက ၀ါသနာပါသူဖြစ်လို့ တက္ကသိုလ်ကျောင်းသားတွေကို အားကစား အတွေ့အကြုံ ရစေလိုတဲ့အတွက် ဒီ ဘောလုံးပွဲကို စီစဉ်ပေးခဲ့တာဖြစ်ကြောင်း စသဖြင့် စသဖြင့် စာတစောင်ကို ရေးပို့ထား တာ ဖတ်ရပါတယ်။
သူ့စာ အပြည့်အစုံကိုတော့ တက္ကသိုလ်များ ချံပီယံ လိဂ်( Universities Champions League)စာမျက်နှာ က နေ ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။
"Admin team ခင်ဗျား -
ကျွန်တော့်စာလေးကိုကျေးဇူးပြု၍ ဖြန့်ဝေပေးပါ။ကျွန်တော်ဟာ ဘောလုံးအားကစားကိုငယ်ငယ်ထဲက ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော့်နည်းတူ အခြားလူငယ်များကိုလဲအားကစားကို စိတ်ဝင်စား၊ကစားစေလိုသူတစ်ယောက်လဲဖြစ် ပါတယ်။ ဒါကြောင့်လဲကျွန်တော်ယခုကျောင်းပြီးပြီးနောက် နှစ်အတန်ကြာမလုပ်ဖြစ်ခဲ့တဲ့ တက္ကသိုလ်ပေါင်းစုံ
ဘောလုံးပြိုင်ပွဲကို ပြန်လည်ကျင်းပနိုင်ရန်ကြိုးစားစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
အစပိုင်းမှာ အခက်အခဲများစွာရှိ၍ သိပံ္ပနှင့်နည်းပညာအောက်ရှိ တက္ကသိုလ်များသာယှဉ်ပြိုင်ရန် ရည်ရွယ်
သော် လည်း အခြားဆေး နှင့် ရေကြောင်းတို့မှလည်းစိတ်ပါဝင်စားစွာ ဆက်သွယ်လာခဲ့၍ (၁၆)သင်းပြည့် သည် အထိလက်ခံယှဉ်ပြိုင်စေခဲ့ပါတယ်။
ဒါတောင်အခြားတက္ကသိုလ်များကို အချိန်မမီ၍မျက်နှာနာစွာပင်နောက်တစ်ကြိမ်မှ ပါဝင်ပေးပါရန် မေတ္တာရပ် ခံ ခဲ့ရပါတယ်။
ဒီနေရာမှာ ကျေးဇူးအထူးတင်ရှိရမှာကတော့ ကျွန်တော့်ရဲ့တင်ပြချက်ကို ပထမဦးစွာ စိတ်ပါဝင်စားစွာ
ဆွေးနွေး တုံ့ပြန်ပေးခဲ့တဲ့ သိပံ္ပနှင့်နည်းပညာပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၊နယ်မှကစားသမားများ ရန်ကုန်တွင် နေထိုင်နိုင်ရေးအတွက်ကူညီပေးခဲ့တဲ့ အားကစားပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီး၊ လုံခြုံရေးပိုင်းကို အဘက်ဘက်ကပံ့ပိုးကူညီပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမြဲတမ်း ကိုယ့် အသင်းအတွက်အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးခဲ့တဲ့ ပြိုင်ပွဲဝင်အသင်းများမှ ပါချုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ အားတက်သရော ကိုယ့်တက္ကသိုလ်ဂုဏ်ဆောင်နိုင်ရန်ပါဝင်ယှဉ်ပြိုင်လာတဲ့ ထူးချွန်ထက်မြတ် တဲ့ ကစားသမားများ နဲ့ နိုင်ငံကြီးသားပီသစွာအားပေးလာတဲ့ ကျောင်းသားထုပရိသတ်တို့ပဲဖြစ်ပါတယ်။ -
ကျွန်တော့်အနေနဲ့ဒီပြိုင်ပွဲကိုဝါသနာပါ၍ ကျောင်းသားများအားကစား Life ရရှိစေရန်သာရည်ရွယ်ပြု လုပ်ခြင်းဖြစ်ပြီး မိမိအနေဖြင့် မည်သည့်အကျိုးကိုမျှ မမျှော်လင့်ပါ။
ဒီလိုပြိုင်ပွဲကျင်းပခြင်းအားဖြင့်လဲ တက္ကသိုလ် ကျောင်းသားများ အနေဖြင့် ပြိုင်ပွဲကိုခမ်းခမ်းနားနား ယှဉ်ပြိုင် ရုံ ကလွဲပြီး ကျွန်တော်တို့အတွက်လဲမည်သည့်အကျိုးအမြတ်မှမရပါ။
ထို့ကြောင့်အချို့သောသူများအနေဖြင့် အစိုးရအဖွဲ့မှတာဝန်ရှိသူများ ကျွန်တော်တို့နှင့်ပူးပေါင်းလာမှု အပေါ် အမြင်မစောင်းစေလိုပါ။
ကျွန်တော်တို့ ကော်မတီဝင်များ(ပြိုင်ပွဲဝင်တက္ကသိုလ်များမှ ဆရာ၊ဆရာမများအပါအဝင်) အနေ
ဖြင့် ကျောင်းသား၊ ကျောင်းသူများ အတွက် အစွမ်းကုန်အဆင်ပြေစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ တာဝန်ရှိသူများယခုကဲ့သို့ မြေတောင်မြှောက်ပေးရန်ရည်ရွယ်ချက်ဖြင့်ပူးပေါင်းလာခြင်းကို မိမိတို့အနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်ပါသည်။
- ကျွန်တော့်အနေဖြင့် မည်သူ့ကိုမဆို ချစ်ကြည်လေးစား ရင်းနှီးစွာ ဆက်ဆံ၊ ခင်မင်တတ်ပြီး တက္ကသိုလ် များမှ ဆရာ၊ဆရာမများ၊ကျောင်းသားများကို အစည်းအဝေးပွဲများတွင်ဆုံသောအခါတိုင်းတွင်လည်း ရင်းနှီးဖော်ရွေစွာပင် ဆက်ဆံ၊နှုတ်ဆက်လေ့ရှိပါတယ်။ (ဤသည်ကိုကျွန်တော်နှင့်ဆုံဖူးသော ဆရာ၊ ဆရာမများ၊
ကျောင်းသားများအသိဖြစ်ပါသည်၊
ကျွန်တော်တို့အပေါ်အမြင်စောင်းစေလို၍၊ ကျောင်းသားများနှင့်သွေးခွဲလို၍ တစ်ဘက်စောင်းနင်းရေးသား ထားသော သတင်းများကို လုံးဝမယုံစေလိုပါခင်ဗျာ) -
နောက်တစ်ခုကျွန်တော်ပြောလိုတာကတော့ Miss universe ကိစ္စဖြစ်ပါတယ်။ သူဟာ ကျွန်တော်နဲ့ သိယုံသာသိပြီး လူခြင်းမခင်ပါ။
သူဟာ နှစ်ပေါင်း(၅၀)ကျော်ကြာမှ တစ်ကျော့ပြန် ဆုရရှိခဲ့သူဖြစ်ပြီး ကျွန်တော်တို့ပြိုင်ပွဲမှာလည်း နှစ် အတော်အတန်ကြာမှပြန်လည်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ဖွင့်ပွဲကြီး ပိုမိုစည်ကားသိုက်မြိုက်စေရန် ရည်ရွယ်၍၊ သူ့ကို ဆုရုပ်တုသယ်ဆောင်ပေးပါရန် ကျွန်တော်ကိုယ်တိုင် လေးလေးစား စား ဖိတ် ကြား ခဲ့ခြင်းဖြစ်ပြီး သူကလည်းဝမ်းမြောက်ဝမ်းသာပင် (အခကြေးငွေတစ်ပြား၊ တစ်ချပ်မျှမယူပဲ) တက္ကသိုလ်
ကျောင်းသား၊ကျောင်းသူများကို လေးစားဂုဏ်ပြုသောအားဖြင့် ပါဝင်ပေး ခဲ့ခြင်းဖြစ်ပါတယ်။
Internet တွင်ဖွနေသလို ပြိုင်ကားမှာကျွန်တော့်ကားမဟုတ်သလို ကျွန်တော်မောင်း ပို့ပေးခြင်းလဲ မဟုတ် ပါ။ ကျွန်တော်နဲ့အဆက်အသွယ်လဲမရှိပါ။ ပြိုင်ပွဲကျင်းပမှုပိုမိုခမ်းနားလေ တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များ၊ကျောင်းသားများပိုမို ပျော်ရွှင်ဂုဏ်ရှိလေသာဖြစ်ဖြစ်၍သူ့ကိုပါဝင်နိုင်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါသည်။
တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများကိုများကို လေးစား၍ပါဝင်ဆင်နွှဲပေးခဲ့သော မမိုးစက်ဝိုင်အပေါ် အခြေအမြစ်မရှိသော စွပ်စွဲချက်များအတွက် ကျွန်တော့်အနေဖြင့် အထူးပင်စိတ်မကောင်းဖြစ်ရပါသည်။
- နောက်ဆုံးတစ်ခု မိမိအကြံရထားသည်ကို တင်ပြလိုပါသည်။
ဤပြိုင်ပွဲကြီးပြီးဆုံးလျှင်မိမိအနေဖြင့် ဤပြိုင်ပွဲမှအကောင်းဆုံး ကစားသမား(၂၀)ခန့်ကို ရွေးချယ်ပြီး အိမ်နီးချင်းနိုင်ငံများမှ တက္ကသိုလ်များနှင့် (နိုင်ငံခြားသို့ စရိတ်ငြိမ်းစေလွှတ်၍) ယှဉ်ပြိုင်စေနိုင်ရန် စဉ်းစား လျက်ရှိပါသည်။
ပရိသတ်ကြီး၏အကြံဉာဏ်သဘောထားကိုလည်းရယူလိုပါသည်။ Admin team မှတဆင့်ဆက်သွယ် အကြံပြုစေလိုပါသည်။
- ကျေးဇူးအထူးတင်ရှိပါသည်။ "
ကမ္ဘာကို သတိကပ်စေသော ဦးဂိုအင်ကာ
သူလိုလူမျိုး မည်သည့်အချိန်တွင် ကွယ်လွန်ကွယ်လွန် ဆုံးရှုံးမှုကြီး ဖြစ်သော်လည်း အိန္ဒိယနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၅ နှစ်၊ မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၇ နှင့်စာလျှင် ဦးဂိုအင်ကာသည် အသက်ရှည်ရှည် နေရသည်။ လူ့ဘဝတွင် ကြာကြာနေ လိုက်ရရုံသာမကဘဲ ရာစုနှစ်တစ်ဝက်လောက် သူသည် တရားကျင့်ရင်း၊ တရားကို ဖြန့်ဖြူးရင်း လူသန်းပေါင်းများစွာ အေးချမ်းအောင် စွမ်းဆောင် လိုက်နိုင်သဖြင့် လူ့ဘဝတွင် တန်အောင်လည်း နေလိုက်ရသည်။
ဘာသာမရွေး လူမျိုးမရွေး လာရောက် ကျင့်သုံးနိုင်သည့် ဝိပဿနာ ဆယ်ရက်စခန်းများကို ကမ္ဘာတွင် ကျယ်ပြန့်အောင် ဖြန့်ဖြူးခဲ့ခြင်းဖြင့် ကမ္ဘာကြီးကို တရားထိုင်တတ်အောင် သင်ကြားပေးခဲ့သူ မန္တလေး သား ဦးဂိုအင်ကာသည် အိန္ဒိယနွယ်ဖွား ဖြစ်သည်။ အသက် ၃၀ အရွယ်တွင် ရန်ကုန် ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသူ၊ လူမှုရေး၊ ယဉ်ကျေးမှု အသင်းအဖွဲ့ပေါင်း များစွာတွင် ပါဝင်ပတ်သက်ပြီး အောင်မြင်မှုများစွာ ရရှိသူ ဦးဂိုအင်ကာသည် ကိုယ်တွင်း ငြိမ်းချမ်းရေးမူ မရသေးပေ။ စွဲကပ်နေသော ခေါင်းကိုက်ဝေဒနာကြောင့် ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန်စသည့် နိုင်ငံများသို့ သွားရောက်ပြီး သမားတော်များနှင့် ကြပ်ကြပ်မတ်မတ် ကုသသော်လည်း သဲထဲရေသွန်သာ။ ဝိပဿနာကို ကျင့်ကြံနေသလို သင်ကြား ပို့ချပေးနေသည့် လွတ်လပ်သော မြန်မာ နိုင်ငံ၏ ပထမဦးဆုံး ငွေစာရင်းမင်းကြီး ဦးဘခင်ထံတွင် သွားရောက် တရားထိုင်ရန် မိတ်ဆွေတစ်ဦးက အကြံပေးသည်။
ဇင်ဘာသာ ဘုန်းတော်ကြီး Norman Fische က ဦးဂိုအင်ကာကို တွေ့ဆုံ မေးမြန်းချက်တွင် ဦးဘခင်ထံ ရောက်ရှိခဲ့ပုံကို ဦးဂိုအင်ကာက အောက်ပါအတိုင်း ဖြေကြားထားသည်။
ဦးဘခင်က လာရသည့် အကြောင်းရင်းကို မေးသည့်အခါ ဦးဂိုအင်ကာက ‘ခေါင်းကိုက် ပျောက်ချင်လို့ပါ’ ဟု ဖြေသည်။ ဦးဘခင်က ‘ဆရာဝန်ထံသို့သာ သွားပါ’ ‘No. Goenka. I can’t help you. Go to a doctor’ ဟု ယတိပြတ်ဆိုသည်။ ဆရာကြီးဦးဘခင်ထံ ဦးဂိုအင်ကာ ရောက်လာသည့် အချိန်တွင် မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယနွယ်ဖွားတို့ အသိုင်းအဝိုင်းတွင် သူသည် လျှမ်းလျှမ်းတောက် ဖြစ်နေချိန်။ မည်သည့် ဂုရုမဆို သူကဲ့သို့သော သူမျိုးကို လွယ်လွယ်ကူကူ တပည့်တော်ချင်မည် ဖြစ်သော်လည်း ဆရာကြီး ဦးဘခင်ကမူ ထိုသို့မဟုတ်၊ ဦးဂိုအင်ကာကို အလွယ်တကူ လက်မခံ။ “အိန္ဒိယနိုင်ငံကလာတဲ့ အမြင့်မြတ်ဆုံး အကျင့်ကို ကျွန်တော် သင်ပေးနေတာ။ ဒါကို တန်ဖိုးမချပါနဲ့။ ရောဂါတစ်ခု ပျောက်ဖို့တင်ပဲ မသုံးပါနဲ့။ ဒီအကျင့်က ဒုက္ခကနေ ခင်ဗျားကို လွတ်မြောက်စေမှာပါ၊ ခေါင်းကိုက်တဲ့ ဒုက္ခလေးကတင်တော့ မဟုတ်ဘူး”
ဦးဂိုအင်ကာ ကြည်ညိုသွားပြီ ဖြစ်သော်လည်း ဗုဒ္ဓဘာသာ ဝင်ရမည်လားဟု ဦးဂိုအင်ကာက စိုးရိမ်နေ သည်။ ဦးဘခင်က မေးသည်၊ ‘ခင်ဗျားက ရန်ကုန်က ဟိန္ဒူဘာသာဝင်တွေရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ သီလစောင့်တာကို ခင်ဗျားရဲ့ဘာသာက တားမြစ်ပါသလား’။ သီလစောင့်ရန်ကို မည်သည့် ဘာသာကမျှ တားမြစ်မည် မဟုတ်သဖြင့် ဦးဂိုအင်ကာက ‘သီလကို ကန့်ကွက်ရန် မရှိပါ’ ဟု ဖြေသည်။ ‘စိတ်ကို မထိန်းနိုင်လျှင် သီလဘယ်လို စောင့်မလဲ၊ စိတ်ကို ထိန်းနိုင်ရန် သမာဓိကို သင်ပေးမယ်’ ဟု ဦးဘခင်က ပြောသည်။
“ဟိန္ဒူဘာသာမှာ သမာဓိက လွန်စွာမြင့်မား တန်ဖိုးထား ခံရသောအရာပဲ။ ဒါ့ကြောင့် သမာဓိကို ကန့်ကွက်ရန် မရှိပါ” ဟု ဦးဂိုအင်ကာက ဖြေသည်။ ‘သမာဓိ’ သည် စိတ်မချရသေး၊ လူ၏ အတွင်းစိတ်သည် အိပ်နေသော မီးတောင်နှင့် တူသည့်အတွက် အချိန်မရွေးထကြွ သောင်းကျန်းပြီး သီလ ကျိုးပေါက်နိုင်သည့်အတွက် စိတ်အမြင့်ဆုံးအဆင့် သန့်ရှင်းစင်ကြယ်ခြင်း (ဝါ) ပညာကို သင်ပေးမည်ဟု ဦးဘခင်က ပြောသည်။ ‘ပညာကို ကန့်ကွက်ရန် မရှိပါ’ ဦးဂိုအင်ကာ ပြန်ဖြေသည်။
‘သီလ၊ သမာဓိ၊ ပညာကိုသာ လက်ခံပါ’ ဟု ဦးဘခင်က ပြောသောကြောင့် ဦးဂိုအင်ကာ စိတ်ချပြီး တရားထိုင်လိုက်သောအခါ ဖြစ်နေကျ ခေါင်းကိုက်ဝေဒနာဆိုးသည် ပျောက်ကင်းသွားသည်။ ဘုံဘေ (ယခုမွန်ဘိုင်း) တွင် တရားလာပြရန် ဖိတ်ခေါ်ခံရသည်မှ အစပြုကာ စီးပွားရေးကို မိသားစုနှင့် လွှဲလိုက်ပြီး တရားပြလိုက်သည်မှာ နောင်နှစ်ပေါင်း ၅၀ လုံးလုံး သူ့ဘဝကို တရားထိုင်ခြင်း၊ သင်ကြားခြင်းထဲတွင် နစ်မြုပ်ထားလိုက်ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။
Photo: events.dhamma.org၁၉၆၂ ဆိုရှယ်လစ်စနစ်သို့ အကူးအပြောင်းတွင် ဦးဂိုအင်ကာ ပိုင်ဆိုင်သော လုပ်ငန်းများသည် ပြည်သူ ပိုင်သိမ်းသည့် အထဲတွင် ပါသွားသည်။ သို့သော် ဦးဂိုအင်ကာတွင် ဝိပဿနာ အခံရှိနှင့် နေပြီးသည့်အတွက် သူ့လောက် ဆုံးရှုံးမှုမများသော စီးပွားရေး လုပ်ငန်းရှင်ကြီးတို့ကဲ့သို့ ပူဆွေးသောက မဖြစ်ပေါ်ခဲ့။ ၁၉၆၉တွင် ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံသို့ ပြန်သွားကာ ဝိပဿနာ စတင်ရာ ဗုဒ္ဓ၏ မွေးရပ်မြေ အိန္ဒိယတွင် ပျောက်ကွယ်နေပြီ ဖြစ်သော ဝိပဿနာကို ပြန်လည် မိတ်ဆက်ပေးခဲ့သည်။
အိန္ဒိယသို့ ပြန်ရောက်ကတည်းက စီးပွားရေးကို မိသားစုဝင်များသို့ လွှဲအပ်လိုက်ကာ တရားထဲသို့ ခြေစုံပစ်ဝင်လိုက်သည်။ အိန္ဒိယနိုင်ငံတွင် တရားစခန်းပေါင်း ၆၀ နှင့် တစ်ကမ္ဘာလုံးတွင် တရားစခန်းပေါင်း ၁၇၃ ခုတို့ကို ဖွင့်လှစ် ပို့ချပေးခဲ့သည်။ ဦးဂိုအင်ကာနှင့်တကွ ဝိပဿနာ တရားစခန်းတို့၏သတင်း ကမ္ဘာအနှံ့ မွှေးပျံ့သောကြောင့် ကမ္ဘာပေါ်ရှိ အဖွဲ့အစည်း ကြီးငယ်များက ဟောပြော ပို့ချရန် ဖိတ်ကြားခဲ့ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ (United Nations General Assembly)၊ အိန္ဒိယ ပါလီမန်၊ ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum Davos၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် Massachusetts Institute of Technology (MIT) နှင့် ဆီလီကွန်တောင်ကြား အိန္ဒိယ ပညာသည်များ အစည်းအရုံးတို့တွင် ဝိပဿနာကို ပို့ချခဲ့သည်။ တိဗက်သာသနာ၏ အထွတ်အထိပ်ဖြစ်သည့် ဒလိုင်းလားမားက အကူအညီ တောင်းသောကြောင့် တိဗက်ဘုန်းတော်ကြီး များကိုလည်း ဦးဂိုအင်ကာ သွားရောက် ဝိပဿနာ ပို့ချသည်။
တရားမထိုင်မီ အချိန်က ဦးဂိုအင်ကာသည် မြန်မာနိုင်ငံတွင်း စီးပွားရေးတွင် အောင်မြင်မှု ကြီးခဲ့သည်။ ကိုယ်တိုင် တရားထိုင်အပြီးတွင် စီးပွားကိုစွန့်ကာ တရားထိုင်ခြင်း၏ မိခင်နိုင်ငံ အိန္ဒိယသို့ တရားအကျင့်ကို ပြန်လည် သယ်ဆောင်သွားနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ကမ္ဘာကြီးကို တရားထိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ယနေ့ကမ္ဘာတွင် တရားထိုင်သူတို့သည် ဘာသာလူမျိုး မရွေး တစ်နှစ်ထက် တစ်နှစ်တိုးသည်ထက် တိုးလာကြပြီ။ အမေရိကန် တရားထိုင်သူတို့သည် တစ်နှစ်လျှင် တစ်သန်းခန့် တိုးလာကြသည်။
ဝိပဿနာကို မြန်မာ့မြေမှ ပြန်လည် စတင်သည်ဟု ဂုဏ်ယူရုံမျှက ကိုယ်တွေ့ကျင့်ကြံနိုင်ခြင်းဖြင့် အနည်းဆုံးအားဖြင့် ကျန်းမာရေးကောင်း၊ အာရုံစူးစိုက် နိုင်စွမ်းအား ကောင်းသဖြင့် အလုပ်တွင်ကျယ် အောင်မြင်ပြီး အမြင့်ဆုံးအားဖြင့် ဉာဏ်အလင်း ရနိုင်ပါသည်။
ဦးဂိုအင်ကာ မြန်မာနိုင်ငံမှ မျိုးစေ့ယူသွားပြီး အိန္ဒိယတွင် စိုက်ပျိုး၊ ထိုမှတစ်ဆင့် ကမ္ဘာသို့ ပျံ့နှံ့သွားသည့် ဝိပဿနာသည် မိခင်မြန်မာနိုင်ငံတွင်ရော မည်သို့သော အခြေဆိုက်နေသနည်း။ အနောက်တိုင်းသားတို့ပင် ဝိပဿနာကို တန်ဖိုးထား ကျင့်ကြံနေကြချိန်တွင် မြန်မာတို့ နေ့စဉ်ဘဝတွင် မည်မျှ သတိ ကပ်နိုင်သနည်း။ ထိုမေးခွန်းတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဟု မိမိတို့ကိုယ်ကို ဂုဏ်ယူနေကြသော မြန်မာတို့အတွက် မြန်မာ့မြေဖွား ဝိပဿနာ ဆရာကြီး ကွယ်လွန်ချိန်တွင် မေးသင့်မေးထိုက်သော မေးခွန်းများ ဖြစ်ပေသည်။
thevoicemyanmar
Tinea Versicolor ညှင်း
ညှင်းတွေကျောကုန်းနဲ့ ရင်ဘတ်မှာပေါက်မှနေလို့လိမ်းဆေးနဲ့ သောက်ဆေးလေးပြောပြပေးပါဆရာ။ ဖြစ်တဲ့သူကအသက် ၁၉ နှစ်ပါ။
Pityriasis Versicolor ညှင်းဆိုတာ Malassezia furfur ကြောင့်ဖြစ်ပြီး၊ အဖြူ-ပန်းရောင် ကတ္တီပါလို နူးညံ့တယ်။ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဖြစ်တယ်။
မြန်မာပြည်မှာ အစစအရာရာ အလွန်ရှားပါးတဲ့ (မဆလ) ခေတ်မှာ ဆေးရှာရတာ အတော်ခက်ခဲခဲ့တယ်။ ညှင်း ပေါက်နေသူတွေကို အခုရေးမဲ့ဆေးတွေ မပေးနိုင်ဘူး။ နည်းပညာခေတ်ကလဲ ဖလင်နဲ့ရိုက်တဲ့ ကင်မရာခေတ်မို့၊ ဖလင်ဆေးတဲ့ (ဟိုက်ပို) ဆေးရည်အကျကို ဓါတ်ပုံဆိုင်ကတောင်းပြီး အလိမ်းခိုင်းခဲ့ရဘူးတယ်။ နောက်ပြီး Sodium thiosulfate ဆေးရည် လိုက်ရှာပြီး ပေးခဲ့ရသေးတယ်။ ဒီဆေးရည်က ဆေးပညာမှာလဲ အတော်အသုံးကျတယ်။ Cyanide poisoning (စိုင်းယာနိုက်) အဆိပ်သင့်တာ၊ Sulfur mustard poisoning မုံညင်းအဆိပ်သင့်တာတွေမှာလဲ သုံးတယ်။ Calciphylaxis ကျောက်ကပ်ဆေးနေရသူတွေ အခြေအနေဆိုရင်လဲ ပေးတတ်တယ်။ Ringworm ပွေး၊ Tinea versicolor ညှင်းအတွက်လဲ ပေးတယ်။
ခေတ်ပေါ်လိမ်းဆေးတွေ -
• Clotrimazole 1% solution တနေ့တခါ၊ တပါတ်ကြာလိမ်းပါ။ Clotrimazole (1%) + Selenium sulfide (2.5%) (Candid-TV) တွေကို ရောသုံးနိုင်တယ်။ Clotrimazole (Lotrimin, Mycelex) and Miconazole (Lotrimin) လိမ်းဆေးကို တနေ့ ၂ ကြိမ်၊ ၁ဝ-၁၄ ရက်ကြာ လိမ်းပါ။ Clotrimazole, Miconazole or Terbinafine လိမ်းဆေးတွေက ခံစားရတာကို သက်သာစေတယ်။
• Fluconazole 150-300-400 mg ကို ၂ ပါတ်ခြားပြီး ၂ ခါပေးတာနဲ့ ထိရောက်တယ်။
• Hydrogen peroxide ကလဲ အတူတူဘဲ။ ဒါပေမဲ့ အမာရွတ်ဖြစ်မှာ စိုးရတယ်။
• Ketoconazole (Nizoral ointment and shampoo) လိမ်းဆေးဆိုရင် ၁ဝ မိနစ်ကြာ၊ နေ့စဉ်၊ ၂ ပါတ်လိမ်းပါ။ Ketoconazole shampoo 1% or 2% လဲ ထပ်မဖြစ်အောင် ၃ပါတ်ကြာအောင် လိမ်းပါ။
• Selenium sulfide 2.5% lotion or Shampoo လိမ်းဆေး ၇-၁၄ ရက် လိမ်းပါ။ Selenium sulfide shampoo 1% (Selsun Blue) or 1% Ketoconazole shampoo (Nizoral) လိမ်းဆေးကို ၁၅ မိနစ်ကြာ၊ တပါတ်မှာ ၂ ကြိမ်၊ ၂-၄ ပါတ်ကြာလိမ်းပါ။ Selsun Blue ထဲမှာ 1% Selenium sulfide သာပါလို့ တချို့ကိုသာ ပျောက်စေတယ်။
• Terbinafine 1% solution တနေ့နှစ်ခါ တပါတ်ကြာလိမ်းပါ။
ခေတ်ပေါ်သောက်ဆေးတွေ -
• Fluconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊
• Itraconazole (Sporanox) ၅ ရက်သောက်ပါ။ Itraconazole 200-400 mg တရက်ခြား ၇ ရက်သောက်ပါ။ Itraconazole 400 mg တနေ့ ၁ ကြိမ်၊ ၃-၇ ရက်သောက်ပါ။ သတိထားဘို့က Atorvastatin (Lipitor) ခေါ်တဲ့ (ကိုလက်စထော) ကျဆေးနဲ့ တွဲမပေးသင့်ပါ။
• Ketoconazole 200 mg တနေ့ ၁ ကြိမ်၊ ၇ ရက်သောက်ပါ။ Ketoconazole 400 mg (၁) ကြိမ်တည်းသောက်ပါ၊ (၁) ကြိမ်တည်းသောက်ဆေးသောက်ပြီးနောက် ၁-၂ နာရီအကြာမှာ လေ့ကျင့်ခန်းလုပ်လို့ ချွေးထွက်ရင် ပိုကောင်းတယ်။
• Ciclopirox (Ciclopirox olamine) ဆေးကိုလဲ အစားထိုးသုံးနိုင်တယ်။
ဒေါက်တာတင့်ဆွေ
၆-၁ဝ-၂ဝ၁၃
တရုပ်ပြည်မှ တင်သွင်းလာသော အစားအစာများကို လုံးဝ (လုံးဝ) ဝယ်မစားကြပါနဲ့။
 ၁။ တရုတ်က သွင်းတဲ့ ဆိတ်သားခြောက် ဆိုရင် လုံးဝ ဝယ်စားဖို့ စိတ်မကူးပါနဲ့ တဲ့။ တရုပ်မှာ ဆိတ်သားဟာ တကယ့်ရှားပါးအစာပါ။ ဝက်သားကို ဓါတုဆေးတွေမထည့်ခင်မှာ အာသံ ဘက်က ဝယ်ပြီးလှောင်ထားတဲ့ ဆိတ်ကျင်ငယ်ရည်မှာ ၃၊၄ ရက်စိမ်ပြီး အခြောက်လှမ်းပြီးမှ အပူပေး ဆိတ်သားခြောက်ဖြစ်စေပါသတဲ့။ ၂။ မြီးရှည်ဆိုတာ တရုပ်စကားနဲ့ခေါ်တဲ့ မုန့်ဟင်းခါးဖတ်ပါ။ ဆန်နဲ့လုပ်ထားတဲ့ မုန့်ဖတ် အလုံး အကြီး အသေးမှန်သမျှကို တရုပ်တွေက မြီးရှည်လို့ဘဲခေါ်ပါတယ်။ အဲဒီမုန့်ဖတ် ရယ်ဒီမိတ် တွေဟာ တချို့ မုန့်တီဆိုင်တွေက အပြုတ်ခံတယ်၊အလုံးလှတယ်၊ရောင်းပန်းလှပြီး အနံ့ အသက် မွှေး တယ်ဆိုပြီး သုံးကြပါသတဲ့။ အမှန်တော့ အဲဒီမြီးရှည်တွေဟာ ပလပ်စတစ်တွေပါတဲ့။ ကုန်တိုက်တွေ မှာတင်တဲ့ ရယ်ဒီမိတ်တွေကိုမှ သန့်တယ်ဆိုပြီး ကုန်တိုက်တွေမှာသာ ဈေးဝယ်လေ့ရှိတဲ့ လူတန်းစားသစ်တရပ် မြန်မာပြည်မှာ ပေါ်လာတာ မကြာသေးပါဘူး။ ချင့်ချိန်ဆင်ခြင်ပြီးမှသာ သုံးစွဲသင့်ပါတယ်။ ၃။ ပင်လယ်ရေညှိဆို အခုတလော မြန်မာပြည်မှာ သိပ်ပေါ်ပြူလာဖြစ်တာဘဲဆိုပြီး ဟိုတလောက ဘန်ကောက်ကို ရှော့ပင်လာတဲ့ သားအမိတစ်စုက ပြောသွားပါတယ်။ ကိုရီးယားကားကြည့်ရင်း ပင်လယ်ရေညှိလေးဝါးရင်း ဆိုဘဲ။ ကောင်းပါတယ်။ မကောင်းတာကတော့ အဲဒီပင်လယ်ရေညှိကို ပလပ်စတစ်ကျွတ်ကျွတ်အိပ် ကို ပိုကျွတ်အောင် ဓါတုဆေးစိမ်ပြီး အစစ်နဲ့ ရောပြီး ထုတ်လုပ် ပါသတဲ့။ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ပလပ်စတစ်လဲ ဗိုက်ထဲ အစာအဖြစ်ရောက်နေပါပြီ။ ၄။ နောက်ဆုံးတခုကတော့ အများသိကြတဲ့ ပလပ်စတစ်ကြက်ဥပါ။ သိပြီးသား ဟိုးလေးတကျော် ဆိုတော့ အကျယ်ချဲ့မရေးတော့ပါ။ ဒါတွေအားလုံး တရုပ်ပြည်မှာ အချင်းချင်း လိမ်ရောင်းကြတဲ့ အပြင် ၊ နယ်စပ်ကနေ မြန်မာပြည်ထဲကိုပါ တင်သွင်း ရောင်းချပါသတဲ့။ (ကိုဇော်) မှတ်ချက် ။ ။ အထက်ဖော်ပြပါ အလွန်အန္တရာယ်ရှိသာ အစားအစာ အတုများ အပြင် ဆန် ၊ ပြားရည် ၊ နွားနို့ ၊ ကလေး သရေစာ မုန့်မျိုးစုံ နှင့် အခြားမြောက်များ လှစွာသော အစားအစာ အတုများ တရုပ်ပြည်၌ နေ့စဉ်ထွက်ရှိနေပြီး တရုပ်ပြည်တွင်း၌သာ မက ၊ နယ်စပ်ဂိတ်များမှ တဆင့်တင်သွင်းကာ မြန်မာပြည်တွင်းရှိ ဈေးဆိုင်များ၌လည်း ရောင်းချနေပါသောကြောင့် တရုပ်ပြည်မှ တင်သွင်းလာသော အစားအစာများကို လုံးဝ (လုံးဝ) ဝယ်မစားကြပါနဲ့။
Update News In Myanmar
ဒဂုံဆိမ်ကမ်းမြို့နယ်၆၇ရပ်ကွက်မှာနေထိုင်တဲ့ပြည်သူအယောက် ၁၀၀ကျော်က အိုးအိမ်ဦးစီးဌာနကတိပေးတဲ့အတိုင်းပြုလုပ် ပေးဖို့ ယနေ့ မနက်ပိုင်းမှာတတိယအကြိမ်ဆန္ဒထုတ်ဖော်
ဒဂုံဆိမ်ကမ်းမြို့နယ်၆၇ရပ်ကွက်မှာနေထိုင်တဲ့ပြည်သူအယောက်
၁၀၀ကျော်က အိုးအိမ်ဦးစီးဌာနကတိပေးတဲ့အတိုင်းပြုလုပ်
ပေးဖို့ ယနေ့ မနက်ပိုင်းမှာတတိယအကြိမ်ဆန္ဒထုတ်ဖော်နေပါတယ်
ဆန္ဒထုတ်ဖော်ပွဲကိုမဟာဗန္ဓုလပန်းခြံဘေးမှာပြုလုပိပြီးအချက်သုံးချက်တောင်းဆိုပါတယ်။
အဆိုပါသံုးချက်က အိုးအိမ်ဦးစီးဌာနမှကတိပေးတဲ့အတိုင်း ဆင်းရဲသားပြည်သူတွေကိုအလုပ်သမားတန်းလျားဆောက်ပေးဖို့/အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးဖို့ ၊တန်ဖိုးနည်းအိမိရာစီမံကိန်းပြီးသွားတဲ့အခါတိုက်ခန်းတွေကိုအရစ်ကျစနစ်နဲ့ရောင်းပေးဖို့  စတာတွေပဲဖြစ်ပါတယ်။
Author မိုးစက်
Kumudra
တေးသံရှင်မေဆွိနှင့် တွေ့ဆုံခြင်း
Voice ။ ။ မမေခလာနဲ့ အစ်မနဲ့ နှစ်ယောက်တွဲ ဖျော်ဖြေပွဲလေးလုပ်ဖို့ စိတ်ကူး ဖြစ်ပုံလေး ပြောပြပေးပါဦး။
MS ။ ။ အမှန်တကယ်ကတော့ လွန်ခဲ့တဲ့ သုံးလလောက်တုန်းက အစ်မမြန်မာပြည်ကို တစ်ခေါက် ပြန်လာတုန်းက ဒီပွဲလေး လုပ်ဖို့ မငယ် (မေခလာ) က အစ်မကို ပြောတယ်။ ဒါပေမဲ့ အစ်မက အဲဒီအချိန်တုန်းက ညီထွဋ်ရယ်၊ ဟေမာရယ်၊ ထွန်းအိန္ဒြာဗိုတို့နဲ့ ‘မောင် . . ယုံလား . . နှစ်ယောက်မရှိဘူး’ ဆိုတဲ့ပွဲမှာ ဆိုရမှာရယ်၊ အမေရိကကို ပြန်ဖို့ ကိစ္စတွေ အတွက်ရယ် အလုပ်ရှုပ်နေတယ်။ ပြန်ဖို့ရှိတယ် ဆိုတာကလည်း အစ်မရဲ့ အစ်မနှစ်ယောက်နဲ့ တူတော်မောင်နဲ့က ဗီဇာရတာနဲ့ သူတို့ကိုလည်း အစ်မက အလည်ခေါ်ချင်တာနဲ့ ဟိုကိုပြန်ကို ပြန်ရမှာပေါ့နော်။ နောက်သုံးလလောက် နေလို့ မဆွေ မြန်မာပြည်ကို ပြန်လာတဲ့ အခါကျရင် လုပ်ချင်လုပ် ပေါ့လို့ပြောတော့ သူက သီတင်းကျွတ်လောက်မှာ လုပ်ချင်တယ်လို့ ပြောတော့ မဆွေလည်း သဘောတူခဲ့တာ။
Voice ။ ။ ဂီတလောကမှာ မေဆွိနဲ့ မေခလာက မတည့်ကြဘူးလို့ ကောလာဟလ ထွက်ခဲ့ဖူးတယ်နော်။ မဆွေတို့ နှစ်ယောက်တွဲ ဖျော်ဖြေပွဲဆိုပြီး မရှိခဲ့တာက ပွဲစီစဉ်သူတွေက မလုပ်ဖြစ်ခဲ့လို့လား။ တခြားဘာ အကြောင်းတွေ ရှိဦးမလဲ။
MS ။ ။ အမှန်တကယ်ကတော့ အားလုံးက မေ့သွားတာ ဖြစ်လိမ့်မယ်။ မြန်မာ ပြည်ဦးသိန်းတန်က Play Boy အဖွဲ့ကနေ ထွက်လာပြီး LPJ ဆိုပြီး တီးဝိုင်းထောင်တဲ့ အချိန်မှာ အစ်မရော၊ မငယ်ရော၊ ကိုင်ဇာရော၊ တူးတူးတို့ရော၊ ကိုခိုင်ထူးတို့ရော အဲဒီတီးဝိုင်းမှာ ပင်တိုင်အနေနဲ့ ဆိုကြတယ်။ အစ်မတို့ အဲဒီတုန်းကဆို ပြည်ထောင်စု အလံကြီး သယ်သွားတဲ့ မြို့တွေမှာ အမြဲတမ်း ညဘက် စတိတ်ရှိုး ရှိတယ်။ အဲဒီပွဲတွေမှာဆိုရင် မငယ်နဲ့အစ်မတို့ အမြဲတမ်း ဆိုဖြစ်တယ်။ နောက်ပိုင်း ကျတော့မှ ကိုင်ဇာနဲ့မငယ်နဲ့ အိမ်ထောင်ပြုသွားတဲ့ အချိန်မှာ ကောလာဟလ လေးတွေ ထွက်လာတာပေါ့နော်။ အစ်မအနေနဲ့ ကတော့ ဘာမှမဖြစ်ပါဘူး။
Voice ။ ။ အခု နှစ်ယောက်တွဲ ဖျော်ဖြေပွဲမှာ ကျတော့ အစ်မရဲ့ သီချင်းတွေထဲက ဘယ်သီချင်းတွေ ဆိုဖို့ စဉ်းစားထားလဲ။
MS ။ ။ အစ်မကတော့ ပြီးခဲ့တဲ့ ‘မောင် . . ယုံလား . . နှစ်ယောက်မရှိဘူး’ ပွဲတုန်းက ဆိုထားတဲ့ သီချင်းလေးတွေနဲ့ မတူအောင် နည်းနည်းစဉ်းစားပြီး ဆိုမယ်လို့ စိတ်ကူးထားတယ်။ နောက်ပြီး Plus 3 တီးဝိုင်းနဲ့လည်း နည်းနည်းညှိပြီး မတူတဲ့ သီချင်းလေးတွေ ရွေးဆိုမှာပေါ့။ မငယ်နဲ့လည်း တစ်ယောက်သီချင်း တစ်ယောက် အတူတွဲပြီး ဆိုကြဦးမယ်။ သူအရင်တုန်းက ဆိုခဲ့တဲ့ သီချင်းတွေ ဆိုရင်တော့ အစ်မအတွက် အဆင်ပြေတယ်။ အခုနောက်ပိုင်း ထွက်ထားတဲ့ စီးရီး တွေထဲက သီချင်းတွေ သူဆိုမယ်ဆိုရင်တော့ မဆွေက စာသားရအောင် ကျက်ရမှာပေါ့။
Voice ။ ။ အစ်မက အောင်မြင်တဲ့ မြန်မာသံ သီချင်းတွေ အများကြီးလည်း ဆိုခဲ့ဖူးတာ ဆိုတော့ ဒီပွဲမှာရော မြန်မာသံ သီချင်းတွေထဲက ဘယ်သီချင်းတွေဆိုဖို့ စိတ်ကူးထားလဲ။
MS ။ ။ မြန်မာသံ သီချင်းတွေကတော့ မငယ်နဲ့ နှစ်ယောက် တိုင်ပင်ပြီးဆိုဖို့ ရှိပါတယ်။ ဥပမာ- မငယ်က သူအောင်မြင်ခဲ့တဲ့ တသိမ့်သိမ့်သူလို သီချင်းမျိုးကို တို့နဲ့တွဲပြီး ဆိုမယ် ဆိုရင်တော့ တို့က ဆိုပေးရမှာပေါ့။ အဓိကကတော့ လာကြည့်တဲ့ ပရိသတ်အတွက် အစ်မတို့ ပုံစံလေးတွေ မတူအောင် လုပ်ဖို့ စိတ်ကူးထားတယ်။ မငယ်ရဲ့ ဖျော်ဖြေမှု အပိုင်းမှာက ကလေးတွေနဲ့ Performance လေးတွေ ထည့်ဦးမယ်ဆိုတော့ ဆန်းဆန်းပြားပြား လေးတော့ ဖြစ်မှာပါ။
Voice ။ ။ အစ်မတို့ နှစ်ယောက်ရဲ့ ဖက်ရှင်ပိုင်း အတွက်ရော ဘယ်လိုစီစဉ်ထားလဲ။
MS ။ ။ အစ်မ သိသလောက်တော့ မငယ်က အစ်မတို့ နှစ်ယောက်ရဲ့ ဖက်ရှင်ပိုင်းအတွက် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် ဆီမှာ စပွန်ဆာ တောင်းထားတယ်လို့ ပြောတယ်။ ပေါက်ပေါက် ဆိုရင်တော့ စိတ်ချရတာပေါ့လေ။ အစ်မတို့ကသာ နှစ်ယောက် Match ဖြစ်အောင် ဘယ်လိုပုံစံမျိုးလေး ဝတ်ချင်တယ် ဆိုတာ သူ့ကိုပြောပြရမှာပေါ့။
Voice ။ ။ အမေရိကမှာ နေထိုင်စဉ်တုန်းက ဂီတနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်လဲ။
MS ။ ။ အစ်မက အမေရိကမှာရှိတဲ့ မြန်မာ ပရိသတ်တွေနဲ့တော့ မဝေးဘူးပေါ့နော်။ အမြဲတမ်းလိုလို မင်္ဂလာဆောင်တို့၊ သင်္ကြန်ပွဲတို့၊ အလှူပွဲတို့၊ စတိတ်ရှိုးမှာ အစ်မ သွားဆိုဖြစ်တယ်။ သီချင်းကတော့ အမြဲတမ်း ဆိုဖြစ်ပါတယ်။ အမေရိကမှာတင် မဟုတ်ဘူး။ အင်္ဂလန်တို့၊ သြစတြေးလျတို့၊ ဂျပန်တို့မှာ လုပ်တဲ့ ဖျော်ဖြေပွဲတွေလည်း အစ်မ သွားဆိုဖြစ်တယ်။
Voice ။ ။ အစ်မက အမေရိကမှာကျတော့ ဆရာမလုပ်တယ်။ ဒီမှာတုန်းက ကိုယ်က နိုင်ငံကျော် တေးသံရှင် တစ်ယောက်လေ။ ဒီလိုမတူတဲ့ ဘဝနှစ်ခုမှာ ဖြတ်သန်းရတဲ့အခါ အစ်မစိတ်ထဲမှာ ဘယ်လိုခံစားရလဲ။
MS ။ ။ အစ်မအတွက် အဲဒါက ဘာမှပြဿနာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ အလုပ်အတူ တွဲလုပ်တဲ့သူတွေက မြန်မာနိုင်ငံမှာ အစ်မက နာမည်ကြီးတဲ့ အဆိုတော် တစ်ယောက်ဆိုတာ သူတို့သိချင်မှ သိမှာလေ။ သာမန်လူ တစ်ယောက်အနေနဲ့ အစ်မက ဒီအလုပ်ကို လုပ်တာဆိုတော့ ကိုယ်က နိုင်ငံကျော် အဆိုတော် တစ်ယောက်ပါလို့ ပြောစရာလည်း မလိုဘူးလို့ ထင်တယ်။
ဆရာမအလုပ်ကို လုပ်တဲ့အချိန်မှာ ကိုယ်နဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမတွေအားလုံးနဲ့ အစ်မ အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံတယ်။ ကိုယ့်အလုပ်ကိုလည်း တာဝန် ကျေအောင် လုပ်တဲ့အခါကျတော့ ဘာမှတော့ အနှောင့်အယှက် မရှိဘူး။ ဒါပေမဲ့ အရမ်းခင်တဲ့ ဆရာမ နှစ်ယောက်ကတော့ အစ်မက မြန်မာပြည်က နာမည်ကြီး အဆိုတော်ဆိုတာ သိကြတယ်။ ထုံးစံအတိုင်းပေါ့ကွာ။ မြန်မာပြည်မှာ နေတုန်းကဆို အိမ်မှာခိုင်းတဲ့သူ ရှိတယ်။ တစ်နေရာရာ သွားမယ်ဆိုလည်း ဒရိုင်ဘာက ကားမောင်း ပို့ပေးတယ်။ အမေရိကမှာတော့ အဲဒီလိုတွေ မရှိဘူးပေါ့။ အဲဒီတော့ အစ်မက ပင်ပန်းတဲ့ အခါတွေမှာလည်း ညည်းမိတယ်။ မြန်မာပြည်မှာဆိုရင် ဘယ်သူက ဘယ်လိုလုပ်ပေးမှာပေါ့။ တစ်နေရာရာ သွားရင်လည်း ကိုယ်တိုင်ကား မောင်းစရာ မလိုဘူးလို့ ပြောတဲ့အခါ သူတို့က နင်အဲ့ဒီလို နေတာလားဆိုပြီး အံ့သြတကြီးနဲ့ မေးကြတယ်။ အဲ့ဒီအခါ အစ်မက ဟုတ်တယ်။ အစ်မ အမေဆိုရင် အကယ်ဒမီ ဘယ်နှဆု ရထားတဲ့ မင်းသမီးပေါ့နော်။ သူတို့နိုင်ငံက အယ်လီဇဘတ် တေလာတို့၊ ဘာတို့နဲ့ Compare လုပ်ပြတယ်။ အစ်မအကြောင်းကို အဲ့ဒီဆရာမ နှစ်ယောက်တော့ သိတယ်။ ဒါပေမဲ့ သူတို့က အစ်မတို့နိုင်ငံက လူတွေလို မဟုတ်ဘူး။ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စဆို ဘာမှပြောလေ့ ထုံးစံမရှိဘူး။ အဲဒီတော့ ကျန်တဲ့သူတွေကတော့ အစ်မအကြောင်းကို မသိကြ ဘူး။
Voice ။ ။ ဆရာမတစ်ယောက်ရဲ့ ဘဝကိုရော အစ်မသဘောကျလား။
MS ။ ။ အစ်မ သဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေနဲ့ အလုပ်လုပ်ရတာ အစ်မကြိုက်တယ်။ အခုဒီမှာဆိုလည်း အဲဒီကျောင်းတွေ ဖွင့်နေကြပြီလေ။ ဒါပေမဲ့ ဒီက ကလေးကျောင်းတွေက အစ်မ ဟိုမှာလုပ်ခဲ့တဲ့ ကျောင်းတွေလောက်တော့ မဖြစ်သေးဘူး။ လိုအပ်ချက် ကလေးတွေ အစ်မမြင်နေတယ်။ တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့လေ။ တကယ်တော့ ကလေး တွေကို ပြုစုပျိုးထောင်တယ် ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမှာသာ မိဘတွေက ကိုယ့်ကလေးကိုယ် Take Care လုပ်ကြတာ။ ဟိုမှာက မိဘတွေက ကလေးမွေးပြီး သုံးလလောက်နေလို့ ကိုယ့်အလုပ်တွေ ကိုယ်သွားကြတဲ့အခါ အိမ်မှာ ကြည့်ပေးမယ့်သူ မရှိဘူးလေ။ အဲဒီတော့ ကလေးတွေကို Day Care ပို့ကြတာမျိုးတို့၊ ကျောင်းတွေ ပို့ကြတာမျိုး ဆိုတော့ ဆရာမတွေနဲ့ ကလေးတွေကပိုပြီး Close ဖြစ်တယ်။ ကလေးတွေမှာ Tension ရတာတို့၊ ကလေးတွေက ဆရာမတွေကို ချစ်ခင်ဖို့ ဆိုတာက ဆရာမတွေအပေါ် အများကြီး မူတည်တယ်။ သူတို့ ကြီးပြင်းလာတဲ့အခါ ကောင်းမွန်တဲ့ ဘဝလမ်းကြောင်းကို လျှောက်နိုင်ဖို့ ပြုစုပျိုးထောင်ပေးရတဲ့ အတွက် တို့ကတော့ ဆရာမဘဝကို ကြိုက်တယ်။
Voice ။ ။ အစ်မက အမေရိကမှာ ဆရာမအဖြစ် တော်တော်ကြာကြာ လုပ်ခဲ့တာဆိုတော့ သူတို့ဆီက သင်ကြားမှုပုံစံနဲ့ ကျွန်တော်တို့ဆီက သင်ကြားမှုပုံစံမှာ ကွာဟနေတဲ့ အချက်တွေကို ပြောပြပေးပါဦး။
MS ။ ။ သင်ကြားမှု အပိုင်းကတော့ သိပ်ကွာမယ် မထင်ဘူး။ ဒါပေမဲ့ ကလေးတွေရဲ့ လုံခြုံမှု အပိုင်းကတော့ ကွာမယ်ထင်တယ်။ အစ်မတို့ ဟိုကကျောင်းတွေက Private School တွေဆိုပေမယ့် Clinic ရှိတယ်။ Registered Nurse တွေရှိတယ်။ အဲဒီအတွက် ကလေးတွေ တစ်ခုခုဖြစ်ရင် ကုသ ပေးနိုင်တယ်။ နောက်ပြီး အစ်မတို့ဆရာမ တွေကလည်း ကလေးတွေ ဘယ်အချိန်မှာ ဘာဖြစ်တတ်တယ် ဆိုတာ Training ယူထားရတယ်။ ဒီမှာတော့ အဲ့ဒီအပိုင်းတွေ နည်းနည်း လိုသေးတယ် ထင်တယ်။
Voice ။ ။ အစ်မ အလုပ်လုပ်ခဲ့တဲ့ ကျောင်းနဲ့ ဆရာမလုပ်သက် ဘယ်လောက်မှာ အနားယူခဲ့တယ် ဆိုတာ ပြောပြပေးပါဦး။
MS ။ ။ အစ်မနေတဲ့ Delaware မှာ ပြည်နယ်မှာရှိတဲ့ Middle School တစ်ခုမှာ အစ်မ ဆရာမ လုပ်ခဲ့တယ်။ အစ်မကတော့ Pre School လောက်အထိပဲ သင်တယ်။ အဲ့ဒီကျောင်းမှာ အစ်မ ဆရာမအဖြစ် ငါးနှစ်လောက် လုပ်ခဲ့တယ်။ ဒီတစ်ခေါက် မြန်မာပြည်ကနေ ပြန်သွားတဲ့ အချိန်မှာ အစ်မ အလုပ်ထွက်လိုက်တယ်။
Voice ။ ။ အစ်မရဲ့ရှေ့ဆက်မယ့် ဘဝကိုရော ဘယ်လိုပုံစံနဲ့ ဆက်သွားဖို့ စဉ်းစားထားလဲ။
MS ။ ။ အခုကတော့ အစ်မမြန်မာပြည်ကို အပြီးနီးပါး ပြန်လာတဲ့ သဘောမျိုး ဆိုတော့ အစ်မဝါသနာပါတဲ့ သီချင်းဆိုတဲ့ အလုပ်ကိုလုပ်ပြီး ပရိသတ်နဲ့ အမြဲထိတွေ့နေအောင် ပြန်လုပ်ဖို့ စိတ်ကူးထားတယ်။ နောက်ပြီး ဒီမှာ အနေကြာတဲ့အခါ စီးရီး ပြန်လုပ်မယ်ဆိုရင် ဘယ်လို သီချင်းမျိုးလေး တွေလုပ်မလဲ၊ ဘယ်လို Idea နဲ့ လုပ်မလဲဆိုတာ အစ်မစဉ်းစားဖြစ်တယ်။ ငွေရေး ကြေးရေးနဲ့ အမြတ်အစွန်း အတွက်တော့ မဟုတ်ဘူး။ ပရိသတ်တွေနဲ့ ပြန်ပြီးထိတွေ့ ဆက်ဆံချင်တဲ့ သဘောပါ။ နောက်ပြီး အစ်မက မြန်မာသံကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုဓီရာမိုရ်နဲ့ တိုင်ပင်ပြီး သူ့ရဲ့ Music Arrangement တွေနဲ့ မြန်မာသံ သီချင်းခွေတစ်ခွေ လုပ်ဖို့လည်း စိတ်ကူးထားတယ်။
Voice ။ ။ ဂီတလောက နောက်ပိုင်း ပေါ်လာတဲ့ တေးသံရှင်တွေထဲက ဘယ်သူတွေကို အစ်မ သဘောကျလဲ။
MS ။ ။ အစ်မ အခုနောက်ပိုင်း နားထောင် ဖြစ်တာက ချမ်းချမ်းတို့၊ နေနေတို့၊ နီနီခင်ဇော်တို့ နားထောင်ဖြစ်တယ်။ အယ်လ်ဆိုင်းဇီတို့၊ လေးလေးဝါးတို့၊ ဝိုင်းစုခိုင်သိန်းတို့လည်း အစ်မ နားထောင်ခဲ့တယ်။ သူတို့ကတော့ တစ်ခေတ်ပေါ့လေ။ အစ်မက ဒီအနုပညာ လောကထဲမှာ အမြဲတမ်း ကျင်လည်နေမှာမို့လို့ သီချင်းတွေနဲ့ အဆက်မပြတ် သွားအောင်တော့ ဘယ်လိုသီချင်းမျိုးတွေ ဆိုနေကြလဲ ဆိုတာသိအောင် အမြဲတမ်း နားထောင် ဖြစ်ပါတယ်။
Voice ။ ။ ပရိသတ်တွေအတွက် သီချင်းတွေအပြင် ဇာတ်ကားတွေ ပြန်ရိုက်ဖို့ရော အစီအစဉ်ရှိလား။
MS ။ ။ ဇာတ်ကား ပြန်ရိုက်ဖို့ကတော့ ကိုယ့်ဟာကိုယ် လုပ်နိုင်၊ မလုပ်နိုင် သေချာဆန်းစစ် ပြီးတော့မှပဲ စဉ်းစားဖြစ်မယ်။ အစ်မက ဇာတ်ကားတွေ မရိုက်တာ တော်တော်ကြာပါပြီ။ ရုပ်ရှင်ရိုက်တယ် ဆိုတာလည်း ရုပ်ရှင်လောကမှာ တောက်လျှောက်ကြီး ရိုက်ပြီးနေခဲ့တာ မဟုတ်ဘူး။ ရုပ်ရှင်ဇာတ်ကား အနည်းငယ်လောက် ရိုက်ပြီး သီချင်းပဲ ဆိုခဲ့တာဆိုတော့ ရုပ်ရှင်ရိုက်ခဲ့တဲ့ အချိန်က တိုပါတယ်။ ရုပ်ရှင်ရိုက်ခဲ့တဲ့ အခါမှာလည်း ကိုယ်နဲ့ ဦးလေးလို၊ အစ်ကိုလိုခင်ခဲ့တဲ့ သူတွေနဲ့သာ ရိုက်ခဲ့တာ ဆိုတော့လေ။ အဲဒီလို လူမျိုးတွေကသာ ပြန်ပြီး ကမ်းလှမ်းမယ်ဆိုရင် အစ်မစဉ်းစား ဖြစ်မှာပါ။ အထူးသဖြင့် ဦးမီးပွားတို့ ပေါ့နော်။
Voice ။ ။ ဒီပွဲမှာ ဦးကိုင်ဇာကိုရော ဧည့်သည် အဆိုတော်အနေနဲ့ ခေါ်ဆိုဖို့ ရှိလား။
MS ။ ။ အစ်မကတော့ သူ အချိန်လေးပေးပြီး အစ်မတို့ နှစ်ယောက်ရှိုးမှာ လာ ဆိုပေးမယ်ဆိုရင် Welcome ပါပဲ။ ဒါမှမဟုတ် ဒီမှာ မဆိုဖြစ်ဘူးဆိုလည်း နောက်တစ်ခါ ပွဲလုပ်တဲ့အခါ ဆုံကြမှာပေါ့။ ကိုယ်နဲ့ သူနဲ့က ရွယ်တူတွေလည်း ဖြစ်တယ်။ သူ့သီချင်း၊ ကိုယ့်သီချင်းလည်း သိနေကြတာ ဆိုတော့ အချိန်မရွေး အဆင်ပြေပါတယ်။
Voice ။ ။ အစ်မတို့ နှစ်ယောက်ရဲ့ ဖျော်ဖြေပွဲကို လာရောက် ကြည့်ရှုမယ့် ပရိသတ်တွေ အတွက် ဒီပွဲလေးက ဘယ်လိုရသမျိုး ပေးစွမ်းနိုင်မယ်ထင်လဲ။
MS ။ ။ အစ်မကတော့ ဒီပွဲလေးကို လာကြည့်တဲ့ ပရိသတ်တွေ အရမ်းကောင်းတဲ့ ပွဲဆိုပြီး ပီတိလေးနဲ့ ပြန်သွားတာမျိုး ဖြစ်စေချင်တယ်။ သေချာတာကတော့ ဒီပွဲလေးကို အစ်မတို့ အရွယ်တန်း ပရိသတ်တွေပဲ လာကြည့်ကြမှာပါ။ တကယ်လို့ သူတို့ သားသမီးတွေကို ခေါ်ပြီး လာကြည့်တယ် ဆိုရင် တောင်မှ ဒါမေမေတို့ ငယ်ငယ်တုန်းက နာမည်ကြီးခဲ့တဲ့ အဆိုတော်တွေလို့ ပြောပြီး ခေါ်လာလို့သာ စိတ်ဝင်စားတဲ့ ကလေးတွေက လိုက်ချင် လိုက်လာကြမှာပါ။ သူတို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ပေးပြီး လာကြမယ့်ကြတဲ့ ပရိသတ်တွေ စိတ်ကျေနပ်မှု ရစေမယ့် ပွဲမျိုးဖြစ်အောင် အစ်မတို့ ကြိုးစားမှာပါ။
Voice
လူတစ်ယောက်အောင်မြင်ရန်အတွက် ကြိုးစားရမည့်နည်းလမ်းများကို ဟောပြောခဲ့ခြင်း
ရန်ကုန်မြို့Junction Square ရှိMyanmar Media Development Center(MMDC) မှာ အောက်တိုဘာလ ၅ ရက်နေ့က လူတစ်ယောက်အောင်မြင်ဖို့အတွက်
ကြိုးစားရမယ့်နည်းလမ်း များကို Fuel Your Life With Positive Energyခေါင်းစဉ်နဲ့ ဟောပြောခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဟောပြောပွဲမှာတော့ စာရေးဆရာလင်းသိုက်ညွန့်မှ ဟောပြောပေးခဲ့တာဖြစ်ပြီး လူတစ်ယောက်ချင်းစီရဲ့ ဘ၀တိုးတက်ရေးအကြောင်းများကို ဟောပြောဆွေးနွေးခဲ့တာဖြစ်ပါတယ်။ အခုလို ဟောပြောရာမှာ အောင်မြင်မှုနဲ့ ပတ်သက်ပြီး လူတစ်ယောက်ဟာ အောင်မြင်မှုရပြီဆိုရင် ကိုယ်တိုင်လည်း စိတ်ကျေနပ်မှုရှိရမှာ ဖြစ်သလို ကိုယ်ရတဲ့အောင်မြင်မှုဟာ ရိုးသားမှုရှိပြီး စိန်ခေါ်မှုများလည်းရှိရမှာဖြစ်တယ်လို့ သိရပါတယ်။
လူတစ်ယောက်ဟာ အောင်မြင်မှုကို လိုချင် တယ်ဆိုရင် စွမ်းဆောင်ရည် လုပ်ဆောင်နိုင်စွမ်း၊ လုပ်ဆောင်ချင်စိတ်နဲ့ အခွင့်အလမ်း တွေလည်း ရှိရမှာဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့လုပ်ဆောင်ချက်တိုင်းမှာတော့ လူအများအသိအမှတ်ပြုတဲ့ အောင်မြင်မှုဟာ ကိုယ့်ဘ၀အတွက်လည်း ပိုမိုပြီး အကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ အဆိုပါ ဟောပြောပွဲမှ သိရပါတယ်။ ဒါ့အပြင် စာရေးဆရာလင်းသိုက်ညွန့်မှလည်း လူတိုင်းဟာတစ်ယောက်နဲ့တစ်ယောက် စိတ်ဓါတ်ကျစေမယ့်စကားမပြောသင့်ကြောင်း တက်ကြွမှုရှိနိုင်မယ့်စကားကို ရွေးချယ်ပြောသင့် ကြောင်းနဲ့ ဒါမှသာ အောင်မြင်မှုရရှိနိုင်တဲ့ လူတော်တစ်ယောက်ဖြစ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး လူငယ်တွေအနေနဲ့ လူတိုင်းနဲ့လိုက်လျောညီထွေဆက်ဆံ ဆောင်ရွက်တတ်မှသာ ဘ၀မှာအောင်မြင်မှုရရှိနိုင်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
Mrtv-4
အကြမ်းဖက်မှုပြဿနာအဖြေရှာနိုင်ရန် ရခိုင်လွှတ်တော်အမတ်လေးဦး ယနေ့ သံတွဲမြို့သို့ သွားမည်
လူအသေအပျောက်ရှိခဲ့သည့် သံတွဲမြို့အကြမ်းဖက်ဖြစ်ပွားမှုများနှင့်ပတ်သက်၍ အဖြေရှာဖွေနိုင်ရန်အတွက် ရခိုင်တိုင်းရင်းသားလွှတ်တော်အမတ်လေးဦး ယနေ့ အောက်တိုဘာ ၇ရက်တွင် သံတွဲမြို့သို့သွားရောက်မည်ဖြစ်သည်။
အမျိုးသားလွှတ်တော်မှဒေါက်တာအေးမောင်နှင့်ပြည်သူ့လွှတ်တော်မှ ဦးဘရှိန်၊ဦးထွန်းအောင်ကျော်၊ဦးဖေသန်း စသည့်အမတ် သုံးဦးစုစုပေါင်း အမတ် လေးဦးနှင့်အတူ ပါတီအဖွဲ့ဝင် ၂ဦးလိုက်ပါပြီး သံတွဲမြို့သို့သွားရောက်မည် ဖြစ်သည်။
၎င်းတို့ သွားပြီးနောက်တွင် အဖြေအများကြီးရလာနိုင်ကြောင်း ဒေါက်တာအေးမောင်ကပြောသည်။
"ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတဲ့ကောင်းတဲ့ဦးတည်ချက်နဲ့သွားမှာဖြစ်ပါတယ်" ဟု ၎င်းကဆက်ပြောသည်။
အမတ်လေးဦးသည်ဒေသအခြေအနေကိုစုံစမ်းပြီးနောက် အဖမ်းခံထားရသည့် ၄၄ဦးအနက် ရခိုင်တိုင်ရင်းသား ၃၆ ဦး၏ တစ်အိမ်ခြင်းအလိုက် သွားရောက်စုံစမ်းမည်ဖြစ်ကြောင်း ဖြစ်ပွားခဲ့သည့်ပဋိပက္ခကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကိုလည်းဆေးရုံသို့ သွားရောက်ကြည့်ရှုမည်ဟု ဒေါက်တာအေးမောင်ကပြောသည်။
ထိုသို့ တစ်အိမ်တက်တစ်အိမ်ဆင်း စုံစမ်းခြင်းနှင့်ပတ်သက်၍ ၎င်းက"ဘာကြော့င်ဖမ်းတာလည်း။ဝန်ထမ်းပါသလား။ဘာပုဒ်မနဲ့စွပ်စွဲတာလည်း။ဘာတွေလုပ်ခဲ့လဲ ဒီလိုလုပ်ခဲ့လို့အရေးယူတာလား " တို့ကို သိရှိနိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောသည်။
"ရက်နာရီအလိုက်မှတ်တမ်းယူပြီးအစိုးရကိုလည်းထောက်ပြမယ်။ လိုအပ်ရင် လွှတ်တော်မှာလည်းတင်ပြမယ်။ ထုတ်ပြန်ချက်လည်း ထုတ်ပြန်မယ်။" ဟု ဒေါက်တာအေးမောင်ကဆက်ပြောသည်။
အကြမ်းဖက်မှုပြဿနာအဖြေရှာရန် လွှတ်တော်၌ခွင့်ယူကာသွားရောက်မည့် ရခိုင်လွှတ်တော်အမတ်လေးဦး၏ ခရီးစဉ်သည် သုံးရက်ခန့်ကြာမည်ဖြစ်သည်။
ဆက်လက်ပြီး ဒေါက်တာအေးမောင်က ဖြစ်ပွားခဲ့သည့် သံတွဲအကြမ်းဖက်မှုနှင့်ပတ်သက်၍ "အစိုးရစွပ်စွဲသလိုဖြစ်သလား။ဘာကြောင့် OIC နိုင်ငံခြားရေးဝန်ကြီးတွေလာမယ်ဆိုတဲ့ကာလမှ ။ မကြာခင် UNရှဲ့ လူအခွင့်အရေးကြေညာချက်ကို ကွင်တားနားထုတ်ပြန်မယ်ကာလမတိုင်ခင်လေးမှာမှ ဘာဖြစ်သွားသလဲ။ဦးသိန်းစိန်ပြောတဲ့အတိုင်းတိုက်ဆိုင်တာလား။တမင်တိုက်ဆိုင်အောင်ဘယ်သူလုပ်သလဲ။ဒီဘက်မှာဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ ရခိုင်လူထုနဲ့မြန်မာတပ်မတော်ရဲ့ အငြိမ်းစားခေါင်းဆောင်လက်ရှိပြည်သူလွှတ်တော်ရဲ့ ဥက္ကဌ နာယကကြီးနဲ့ ယုံကြည်မှုကိုတည်ဆောက်နေတဲ့အချိန်ဘာကြောင့်ဖြစ်သွားသလဲ။ဘယ်သူတွေလုပ်သလဲ။ကျွန်တော်တို့အင်မတန်တည်ဆောက်ရတာ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ရခိုင်လူထုကိုမလိုလားဘူးလား" ဟု မေးခွန်းထုတ် ပြောသည်။
PN-018
Popular Myanmar News Journal