Cracker လမ်းညွှန် 2.3 (မြန်မာဖောင့် အဆင်ပြေ၊ မပြေအား Nokia Lumia 920 တွင် စမ်းသပ်ထားပါသည်။)


“Cracker လမ်းညွှန် 2.3″ အဖြစ်ထုတ်ဝေရန် ရေးသားခဲ့သောအခန်းအချို့အားပြင်ဆင်ပြီး “Cracker လမ်းညွှန် 2.2 (2nd Edition)” အဖြစ် ၂၀၁၃၊ ဒီဇင်ဘာ ၁၂ တွင် ထုတ်ဝေလိုက်ပါပြီ။ ဤစာအုပ်သည် “Cracker လမ်းညွှန်” စာအုပ်များ၏ နောက်ဆုံးစာအုပ်ဖြစ်ပါသည်။ မပြီးစီးသေးသောအခန်းများကို ထပ်မံရေးသားထုတ်ဝေတော့မည် မဟုတ်ပါ။ ယခုထုတ်ဝေသော Version တွင် အခန်းများ သိသိသာသာ တိုးလာမည်မဟုတ်ပဲ အခန်းတိုင်းအတွက် ဂရပ်ဖစ်ပုံများပါလာခြင်းနှင့် မိုဘိုင်းဖုန်းများတွင် ဖောင့်မရှိဘဲ ဖတ်နိုင်ခြင်းသာ အနည်းငယ်ထူးလာမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း Version မပြောင်းဘဲ Edition သာပြောင်းလာခြင်းဖြစ်ပါသည်။ (မြန်မာဖောင့် အဆင်ပြေ၊ မပြေအား Nokia Lumia 920 တွင် စမ်းသပ်ထားပါသည်။) စာဖတ်သူများအား အထူးမှာလိုသည်မှာ Cracking သည် Reverse Engineering […]

“Cracker လမ်းညွှန် 2.3″ အဖြစ်ထုတ်ဝေရန် ရေးသားခဲ့သောအခန်းအချို့အားပြင်ဆင်ပြီး “Cracker လမ်းညွှန် 2.2 (2nd Edition)” အဖြစ် ၂၀၁၃၊ ဒီဇင်ဘာ ၁၂ တွင် ထုတ်ဝေလိုက်ပါပြီ။
ဤစာအုပ်သည် “Cracker လမ်းညွှန်” စာအုပ်များ၏ နောက်ဆုံးစာအုပ်ဖြစ်ပါသည်။ မပြီးစီးသေးသောအခန်းများကို ထပ်မံရေးသားထုတ်ဝေတော့မည် မဟုတ်ပါ။

ယခုထုတ်ဝေသော Version တွင် အခန်းများ သိသိသာသာ တိုးလာမည်မဟုတ်ပဲ အခန်းတိုင်းအတွက် ဂရပ်ဖစ်ပုံများပါလာခြင်းနှင့် မိုဘိုင်းဖုန်းများတွင် ဖောင့်မရှိဘဲ ဖတ်နိုင်ခြင်းသာ အနည်းငယ်ထူးလာမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း Version မပြောင်းဘဲ Edition သာပြောင်းလာခြင်းဖြစ်ပါသည်။ (မြန်မာဖောင့် အဆင်ပြေ၊ မပြေအား Nokia Lumia 920 တွင် စမ်းသပ်ထားပါသည်။)

စာဖတ်သူများအား အထူးမှာလိုသည်မှာ Cracking သည် Reverse Engineering အားလေ့လာရန်အတွက် အသုံးပြုခဲ့ရသည့် ငြမ်းတစ်ခုသာဖြစ်ကြောင်း အမြဲနှလုံးသွင်းရန်ဖြစ်ပါသည်။ ဤစာအုပ်သည် “Cracker လမ်းညွှန်” ဟုအမည်တပ်ထားသော်လည်း Cracking အကြောင်းသာ သီးသန့်ဆွေးနွေးထားသည်မဟုတ်ဘဲ စာအုပ်၏တစ်ဝက်ကျော်သည် Reverse Engineering အကြောင်းများဖြစ်ပါသည်။ အကယ်၍ Cracking အကြောင်းသာဆွေးနွေးထားသည်ဟု ခံစားမိလျှင် “Cracker” များဖြစ်လာမည်ဖြစ်ပြီး Reverse Engineering အကြောင်းဟု သဘောထားလျှင် “Reverse Engineer” များဖြစ်လာပေမည်။

ဤစာအုပ်ကြောင့် (လူသိရှင်ကြား၊ တိတ်တိတ်ပုန်း) Cracker မြောက်များစွာထွက်ပေါ်လာသည်။ မြန်မာဆော့ဖ်ဝဲလ် မြောက်များစွာ Crack လုပ်ခံခဲ့ရသည်။ ထို့အတူ ထူးချွန်သော Developer များလည်း ထွက်ပေါ်လာခဲ့သည်။ ယခင်က မသိသေးသောအကြောင်းအရာများ သိလာကြသည်။ အတုခိုးခြင်း၊ ခိုးချခြင်း၊ လူတတ်ကြီးစတိုင်ဖမ်းမှုများ တွင်ကျယ်လာသည်။ Anti-Cracking နည်းပညာကို စိတ်ဝင်စားလာကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ဤစာအုပ်သည် လူတို့၏စူးစမ်းလိုမှုကို လှုပ်နိုးပေးခြင်းသာဖြစ်ပြီး မိမိတို့၏ ခံယူချက်က မိမိတို့၏ ဘဝများကို ကောင်းမွေ၊ ဆိုးမွေ ခံစားစေရမည်ဖြစ်ကြောင်းသာ….

rhythm (Myanmar Cracking Team)

အကျယ်ချဲ့ကြည့်ရန်


မြိတ်မှာ အမျိုးသမီးတစ်ဦး သေဆုံးမှုမှာ မုဒိမ်းကျင့်ခံရဟု ယူဆ

(ပုံ အမြင်မတော်ရင် ခွင့်လွှတ်ပေးကြပါရန်)





မြိတ် ဒီဇင်ဘာ ၁၅

၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ မနက်ပိုင်းပိုင်းတွင် ၊ မြိတ်မြို့ စန္ဒာဝတ်ကျေးရွာအုပ်စု ၊ ကျွဲကူးကျေးရွာ ၊ ကျွဲကူး (၁၀၁) တပ်ဦးကျောင်းအနီးတွင် အသက်(၄၀)ကျော်ခန့် အမျိုးသမီး တစ်ဦးသည် သတ်ခံရကြောင်း စုံစမ်းသိရှိရသည် ၊ သေဆုံးသူ အမျိုးသမီးအား မည်သည့် ၊ မည်ပုံ သေဆုံးခြင်းကို မသိရှိရသေးပဲ ၊ ဒေသခံများပြောပြချက်အရ မူဒိန်းကျင့်ခံ ရနိုင်ကြောင်း ပြောဆိုနေကြပြီး ၊ ထိုနေ့ မနက်ပိုင်းတွင် ကျွဲကူးကျေးရွာ ရဲစခန်းမှ တာဝန်ရှိသူ ရဲများမှ လာ ရောက်စစ်ဆေးသွားခဲ့ပြီး ၊ မြိတ် အထွေထွေရောဂါကုဆေးရုံရှိ ရင်ခွဲရုံသို့ ပေးပို့ လိုက်ပြီးဖြစ်ကြောင်း မြိတ်အထွေထွေရောဂါကုဆေးရုံမှ နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်

မြိတ်သတင်း

ဗိုလ်ချုပ်ရဲ့ နောက်ဆုံးမိန်းခွန်း (နားထောင်ဖြစ်အောင် နားထောင်ပါ)



ကျွန်မပုံ အင်တာနက်မှာ တက်လာတယ် (ဖတ်ပေးပါ)


သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက်ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။
ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။
တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ် Link များ၊ သူမအိမ်လိပ်စာ စတာတွေပါ ပါသည်။ Comments တွေကလည်း တစ်ပုံတစ်ခေါင်း။
“စိတ်ပျက်မယ်ဆို စိတ်ပျက်ရမယ့် အချိန်ပေါ့ရှင်။ လူတွေက ပုံအောက်မှာ မှတ်ချက်တွေ ပေးထားကြတယ်။ ကျွန်မကို ဟိုဟာလုပ်သင့်တယ် ဆိုတာတွေပါ ပါတယ်” ဟု ပြန်ပြောင်း ပြောပြသည်။
“နေ့တိုင်း ငိုနေရတယ်” လို့ သူမပြောတာ သဘာဝကျသည်။ အိမ်အပြင်ကိုတောင်မှ မထွက်ရဲပေ။ အပြင် ထွက်တော့လည်း သူမကို မှတ်မိသော ယောက်ျားအချို့ ခဏခဏလာပြီး စကားပြောတာမျိုး ကြုံရသည်။
ဟိုလီတော့ပ်စ်သည် အစပိုင်းကတော့ ရည်းစားဟောင်းက တင်လိုက်သည်ဟု ယူဆသည်။ လက်စားချေ အပြာပုံ တော်တော်များများကို ရည်းစားဟောင်းများက တင်လေ့ ရှိတတ်သည်။ သို့သော် အင်တာနက်ပေါ် ပလူပျံနေသော တချို့ပုံများက သူမဘယ်သူ့ကိုမှ မပို့ဖူးသော ပုံများဖြစ်သည်။ Hack လုပ်ခံရတာလား၊ အခိုးခံရတာလား စဉ်းစားစရာ ဖြစ်သည်။
အပြာပုံများ တင်သူများသည် အီးမေးလ်တွေ ခိုးဖောက်တာ၊ အွန်လိုင်းသိမ်းဆည်း စာမျက်နှာများကို ဝင်မွှေပြီး သူတို့ ပစ်မှတ်ထားသည့် မိန်းကလေး၏ တစ်ကိုယ်ရေ ဓာတ်ပုံများကို ရှာတတ်သည်။ ဟိုလီကတော့ သူမဖုန်းကို ပြင်ဖို့ထားခဲ့စဉ် တစ်ဦးဦးက ဝင်ပြီး လုပ်သွားသည်ဟု ထင်သည်။
ထိုသို့ ဖြစ်ရတာ သူမ တစ်ဦးတည်းတော့ မဟုတ်ပေ။ တက္ကဆက် အရှေ့ပိုင်းမှာပင် texxxan.com (ယခု ဖွင့်၍မရတော့) ဆိုသည့် အပြာ အင်တာနက် စာမျက်နှာသို့ အတင်ခံရသူ အမျိုးသမီး များစွာရှိသည်။ တချို့ အလုပ်ပြုတ်ကြသည်။ အချို့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နှင့် ကွဲကြသည်။ တစ်ယောက်ဆို မိမိကိုယ်ကိုပင် သတ်သေသွားသည်။
အင်တာနက်ပေါ်က ထိုပုံများကို ပြန်ဖြုတ် ချင်သောကြောင့် ခံလိုက်ရသည့် ဟိုလီနှင့် တခြားအမျိုးသမီးများ ပေါင်းပြီး ရဲတွေ၊ ဥပဒေ အရာရှိတွေကို သွားတိုင်ကြသည်။ သူတို့လည်း ဘာမှမလုပ်နိုင်၊ အစကတည်းက ဒီလိုပုံမျိုး မရိုက်သင့်ဟုသာ ပြောလိုက်ကြသည်။
နောက်တော့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူ တစ်ဦးက သူတို့အမှုကို ကိုင်တွယ်ပေးသည်။ သို့သော် ဒီကိစ္စက တကယ်လုပ်ကြည့်တော့ ထင်သလောက်မလွယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ အင်တာနက် လွတ်လပ်ခွင့်ကို ထိပါးလို့ မရသော လူ့အဖွဲ့အစည်းမျိုးတွင် အပြာ Website ထောင်ခြင်းက တရားဝင်သလား၊ မဝင်ဘူးလား တော်တော် ငြင်းရသည့် ကိစ္စဖြစ်သည်။
ထို့ကြောင့် ဥပဒေနှင့် ငြိမည်ဟု ထင်သည့်အချက် များကို ရှာရသည်။ ပုံတင်ခံရသော အချို့မိန်းကလေး များသည် ထိုစဉ်က အသက် ၁၈ နှစ် မပြည့်သေးကြ။ ထို့ကြောင့် ကလေးသူငယ် ဥပဒေနှင့် ငြိသည်။ ဓာတ်ပုံ ဖြုတ်ပေးစေလိုလျှင် ငွေပေးရမည်ဟု ငွေညှစ်မှုများ ကြုံရသူများ အတွက်လည်း ရာဇဝတ်မှု တစ်ခုနှင့် စွဲ၍ ရသည်။
နောက်ထပ် အားကိုးစရာတစ်ခုက မူပိုင်ခွင့် ဖြစ်သည်။ ဓာတ်ပုံထဲက မိန်းမများ၏ မူပိုင်ခွင့်ကို သူတို့ ပိုင်ကြသည်။ အင်တာနက် စာမျက်နှာက မဖြုတ်ပေးပါက တရားရုံးကို မူပိုင်ခွင့်ဖြင့် တင်နိုင်သည်။
တကယ်တမ်း ဒီပုံမျိုး၊ ဗီဒီယိုမျိုးအတွက် တာဝန်ရှိသူမှာ Website တည်ထောင်သူများထက် တင်သူ များက ပိုပြီး တာဝန်ရှိသည်။ သို့သော် ဘယ်နေရာက ဘယ်လို တင်သွားမှန်း မသိသူကို လိုက်ရှာရတာ နည်းပညာအရ အခက်အခဲ များစွာရှိသည်။ ထို့ကြောင့် ထိုအင်တာနက် စာမျက်နှာ ထောင်သူဆီကို သွားပြီး ပြောရတော့သည်။
သို့သော် အမေရိကန် ဆက်သွယ်ရေး ဥပဒေအရ ပို့စ်တင်သူများက ကိုယ့်တာဝန် ကိုယ်ယူရပြီး Website ထောင်သူများကို အရေးယူဖို့ ခက်သည်။ (ထို့ကြောင့် facebook၊ youtube တို့သည် ၎င်းတို့ အပေါ်မှ မှတ်ချက်များ၊ ဗီဒီယိုများအပေါ် ဥပဒေအရ တာဝန်ယူရန် မလိုခြင်း ဖြစ်သည်)
စုံစမ်းစစ်ဆေးသူများက Texxxan.com တည်ထောင်သူကို သိအောင် လုပ်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဟန်တာတေလာ ဆိုသူ ဖြစ်သည်။ သူက အပြာကားတွေ ဘာတွေမှာလည်း ဝင်ပါဖူးသည်။ အမျိုးသမီးတွေ ကာယိနြေ္ဒမဲ့ပုံများ သူ့စာမျက်နှာမှာ အတင်ခံရသော်လည်း သူ့ကို အရေးယူလို့ မရပေ။
“ကျွန်မဖြင့် ဒေါသ တအားထွက်သွားလို့ အသက်ရှူတောင် ရပ်မတတ်ပဲ။ ထမရိုက်မိအောင် စိတ်ထိန်းထားတယ်။ တခြားနေရာက လူတစ်ယောက်က ဒီစာမျက်နှာကို လုပ်နေတာလို့ ထင်ပေမယ့် ကိုယ့် တစ်မြို့တည်းသားချင်း၊ ကိုယ့်သူငယ်ချင်းနဲ့တောင် ကြိုက်ဖူးတဲ့သူ ဖြစ်နေတယ်” ဟု ဟိုလီက ဆိုသည်။
နောက်ဆုံးတော့ ကလေးသူငယ်ပုံတွေ ပါနေသည်ဟူသော အချက်ဖြင့်ပင် Website ၏ hosting ကုမ္ပဏီကို ပိတ်ပေးပါရန် ပြောနိုင်သွားသည်။ FBI ကလည်း အမျိုးသမီးပုံများ ခိုးတင်နေသူများကို ဆက်လက် စုံစမ်းနေသည်။ ဟိုလီတော့ပ်စ်နှင့် ဒါဇင် များစွာသော အခြားအမျိုးသမီးများသည် တက္ကဆက်ပြည်နယ် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ကျူးကျော်မှုဆိုင်ရာ ဥပဒေကိုသုံးပြီး အပြာ Website ထူထောင်သူများ၊ Hosting ပေးသော ကုမ္ပဏီများ၊ တစ်ကိုယ်ရေ ပုံတင်နေကြသူ အမျိုးသားများကို ပုံများ ပြန်ဖြုတ်ဖို့ အရေး လိုက်လံ ပြောဆိုကြသည်။
“ကျွန်မတို့က ပိုက်ဆံလိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ရှိအောင်လုပ်ပြ တာပါ” ဟု ဆိုသည်။
ကိုယ်ကံဆိုးလို့ ဒီလို အတင်ခံရတာပဲဟု ယူဆကြသူ မိန်းကလေးများက ပိုများနေပြီး ကိုယ့်သီးသန့် နေပိုင်ခွင့် လွတ်လပ်ခွင့် ကိုယ်ကာကွယ်ကြမည် ဆိုသည့် ဟိုလီတော့ပ်စ်တို့ အဖွဲ့လို အမျိုးသမီးတွေက ပိုနည်းနေသဖြင့် အင်တာနက်ပေါ်တွင် အနိုင်ကျင့် ပုံတင် ဗီဒီယို တင်သူများ ပိုများလာနေခြင်း ဖြစ်သည်။

The Voice Weekly Myanmar

ရခိုင်ပြည်နေ့ အခမ်းအနား မောင်တောနယ်စပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ



ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် (၃၉) နှစ်မြှောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို မြန်မာ-ဘင်္ဂလာ နယ်စပ်ရှိ မောင်တောမြို့နယ် မြောက်ပိုင်း နံသာတောင်ပရဟိတ စာသင်တိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

နံသာတောင်တွင် ပြုလုပ်ကျင်းပခဲ့သော ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၃ ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ၁၄ ရက်နေ့တွင် တစ်ရက်စောပြီး အဆုံးသတ်ခဲ့သည်ဟု သိရသည်။ အခမ်းအနားသို့ လူပေါင်း ၆၀၀ ခန့်တက်ရောက်ခဲ့သည်ဟု နံသာတောင် ပရဟိတစာသင်တိုက် ကျောင်းအုပ် ဆရာတော် ဦးစရဏမှ မိန့်ကြားသည်။

“  ဖိတ်ကြားထားတဲ့ တောင်ပြို မြို့နယ် အုပ်ချုပ်ရေးမှူး၊ တောင်ပြိုအထက ကျောင်းအုပ် ဆရာကြီးနဲ့ ဆရာ- ဆရာမတွေ၊ ရဲစခန်းမှူးနဲ့ ရဲဝန်ထမ်းတွေ၊ တခြား ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘ  စုစုပေါင်း  လူပေါင်း ၆၀၀ ခန့်တက်ရောက်ခဲ့ကြပါတယ်” ဟု ဆရာတော်က ဆိုသည်။


ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် အားကစားပြိုင်ပွဲများအားလည်း ထည့်သွင်းကျင်းပခဲ့သလို ရခိုင် ရိုးရာ အကများဖြင့်လည်း တင်ဆက် ဖြေဖျော်ခဲ့ကြသည်ဟု ဆိုသည်။

“ ရခိုင်ရိုးရာကျင်၊ ချောတိုင်တက်ပွဲ၊ ပိုက်ကျော်ခြင်း၊ ဘောလုံး (ဂိုးကျဉ်း)၊ ထုတ်ဆီးထိုး၊ အပ်ခြေထိုး၊ ခြေပူး
စတဲ့ အားကစားပြိုင်ပွဲတွေကို ကျင်းပကြတယ်။ ညနေပိုင်းမှာတော့  နံသာတောင်ပရဟိတစာ သင်တိုက်က  ကျောင်းသူ ကျောင်းသားတွေက ရိုးရာ ယဉ်ကျေးမူ အကတွေနဲ့ တင်ဆက် ဖြေဖျော်ခဲ့ကြပါတယ်” ဟု ဆရာတော် ဆက်လက် မိန့်ကြားသည်။

ဒီဇင်ဘာ (၁၄) ရက်နေ့  နံက်ပိုင်းတွင်  အားကစားပြိုင်ပွဲများကို ဆက်လက် ပြုလုပ်ကျင်းပခဲ့ပြီး နေ့လယ်ပိုင်းတွင် ဆရာ ဆရာမများအား ပူဇော်သည့်  အာစရိယပူဇော်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြသည်။

ညနေပိုင်းတွင် ဖြေဖျော်ရေး စတိတ်စင်တွင် ဆုပေးပွဲ အခမ်းအနားအား ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများ ချီးမြှင်ခဲ့ပြီး ရခိုင်ရိုးရာယိမ်းအကများ ဖြေဖျော်တင်ဆက်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်း ရရှိသည်။
Burmesenews narinjara

သင့်အမျိုးသမီးကို ဘယ်လိုအလေးထားဆက်ဆံမလဲ


သင့်အနေနဲ့ သင့်အမျိုးသမီးကို အရမ်းချစ်ကောင်း ချစ်လိမ့်မယ်။ ဒါပေမယ့် သူမကို အလေးထားကြောင်း အပြုအမူတစ်ချို့ကို ဘယ်တုန်းကမှ မပြမိခဲ့ဘူးဆိုရင်တော့ သူမကို ရည်ရှည် သိမ်းပိုက်ထားနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဒါကတော့ သင့်ရဲ့အမျိုးသမီးကို အလေးထားကြောင်း ထိထိရောက်ရောက်ဖော်ပြနိုင်မယ့် အသုံးဝင်တဲ့အချက်တစ်ချို့ပါပဲ။

(၁) အမျိုးသမီးတွေက အမျိုးသားတွေနဲ့ ကွဲပြားပါတယ်။ သူမတို့မှာ ယေဘုယျအားဖြင့် တူညီတဲ့ ဥာဉ်တွေရှိတတ်ကြတယ်။ ဥပမာ “ဒီဝတ်စုံနဲ့ဆို ကျွန်မအရမ်းဝနေလားဟင်” စသဖြင့် အမျိုးသားတွေ မေးလေ့မရှိတတ်တဲ့ မေးခွန်းမျိုး မေးတတ်ကြတယ်။ ဒီတော့ သင့်ရဲ့ယူဆချက်တစ်ချို့နဲ့ သူမရဲ့ အတွေးအမြင်တစ်ချို့ကို ပစ်ပယ်ပြစ်လိုက်ဖို့ တတ်နိုင်သမျှ မကြိုးစားပါနဲ့။ သူမရဲ့ အတွေးအမြင် တွေကို အလေးထားပေးပါ။
(၂) သင့်ရဲ့အမျိုးသမီးက သင်အမြဲတမ်းကြုံဖူးသမျှတွေထက် သင့်ကိစ္စတွေကို ပိုပြီးစွက်ဖက် တတ်ပါတယ်။ ဒါပေမယ့် သူမရဲ့နေရာတစ်ခုကို သတ်သတ်မှတ်မှတ်တန်ဖိုးထားပေးပါ။ ရုတ်တရက် တွေးကြည့်မယ်ဆိုရင်တော့ သူမဟာ သင့်ကို အသိမပေးဘဲ လုပ်မိလိုက်တာတွေရှိတဲ့အတွက် သင့်အပေါ် လေးစားမှုမရှိဘူးလို့ ထင်မိတတ်တယ်။ ဒါပေမယ့်လည်း သူမကို သင့်ရဲ့နောက်မှာချည်း အမြဲတမ်းထားဖို့ မကြိုးစားပါနဲ့။ တကယ်လို့များ သူမဟာ အလုပ်လုပ်နေသူ တစ်ယောက်ဆိုရင် တစ်နေ့တာလုံး သင်အလိုရှိတဲ့အခါတိုင်း ခေါ်နေတာမျိုး မလုပ်ပါနဲ့။ ဒါဟာ အနှောင့်အယှက် ပေးတာပါ။ ချစ်တာမဟုတ်ပါဘူး။
(၃) သင့်ရဲ့အမျိုးသမီးက သင့်ထက် ပညာအရည်အချင်းနိမ့်ပါးသူ တစ်ယောက်ဖြစ်နိုင်ပါတယ်။ ဒါမှ မဟုတ်လည်း အပြင်လောကရဲ့ အတွေ့အကြုံကို သင့်လောက် မနှံ့စပ်ဘူးဆိုကြပါစို့။ သတိထားသင့်တာက ဒီအချက်ဟာ သူမရဲ့အသေးစိတ် တွေးထင်ချက်လေးတွေကိုပါ သင့်ရဲ့ အတွေးအခေါ်တွေက ဖုံးလွှမ်းပစ်လိုက်ရမယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် သူမရဲ့ ရွေးချယ်မှုတွေကို အလေးထား ထည့်စဉ်းစားပေးပါ။
(၄) မိန်းမတစ်ယောက်ဟာ သူမရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ သက်တောင့်သက်သာ ရှိတယ်၊ လုံခြုံတယ်လို့ ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် သူမမကြာခဏ မိသားစု (သို့) သူငယ်ချင်း တွေနဲ့ ဆုံတွေ့ချင်တာကို ခွင့်ပြုရပါလိမ့်မယ်။ ပြီးရင်တော့ သူမရဲ့မိသားစုကို သင့်ရဲ့မိသားစုကဲ့သို့ပဲ ရင်းရင်းနှီးနှီးနဲ့ တလေးတစားဆက်ဆံပေးတာကို သူမကို မျက်နှာပွင့်စေပါတယ်။
ဆိုခဲ့သလိုမျိုး အမျိုးသမီးတွေကို တလေးတစားဆက်ဆံခြင်းက သူမလိုချင်တဲ့ မှန်ကန်တဲ့ ပုံစံမျိုးနဲ့ သူမကိုချစ်မြတ်နိုးရာရောက်ပါတယ်။ ဒီနည်းလမ်းတွေက သူမရဲ့ နှလုံးသားဆီ ချဉ်းနင်းဝင်ရောက်ဖို့ အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းတွေပါပဲ။
Ref:mensxp
Trend Myanmar

သာယာဝတီမြို့ တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့သော အသံဖိုင်





တပ်မတော်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တရားခံ ဖြစ်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ဒီမိုကရေစီ စံနှုန်းနှင့် ကိုက်ညီမှု မရှိဟု ဝေဖန် ခံနေရသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံနှင့် ပြည်သူအတွက် တပ်မတော်ကို တရားခံ ဖြစ်စေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထား ရယူပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ် အဖျောက်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ယင်းဥပဒေ တည်ရှိမှု၏ ရလဒ်ကို ပြောကြားရာတွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ပြည်သူနဲ့ တပ်မတော်ဟာ တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်စေချင်ပါတယ်။ အခုဟာက တပ်မတော်နဲ့ ပြည်သူကို ရန်တိုက် ပေးရုံတင် မကဘူး၊ ပြည်သူတွေ မကျေနပ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ရင် တပ်မတော်ကို တရားခံ ဖြစ်အောင် လုပ်ထားတယ်လို့ပဲ ကျွန်မမြင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လွှတ်တော်အတွင်း ရောက်ရှိနေသည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်းသည် ၇၅ ရာခိုင်နှုန်း ဖြစ်သော ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ခံ ကိုယ်စားလှယ်များ၏ သဘောဆန္ဒကို ဆန့်ကျင်ပါက ပြည်သူ၏ သဘောဆန္ဒနှင့် တိုက်ရိုက် ဆန့်ကျင်မည် ဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသော ပြည်သူများက ထောက်ခံ ပြောဆိုကြသည်။

အဆိုပါ ဥပဒေသည် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးပြုနိုင်မှု မရှိသည့်အပြင် အမျိုးသား ရင်ကြားစေ့ရေးကိုပါ ထိခိုက်စေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော်အတွက် ထိခိုက် နစ်နာစေမည် မဟုတ်ဘဲ ပြည်သူ၏ ယုံကြည်မှုနှင့် တိုင်းရင်းသား စည်းလုံး ညီညတ်ရေးကို ပိုမို ခိုင်မာစေမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ဆန္ဒခံယူပွဲကို ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်တွင် တက်ရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆန္ဒခံယူပွဲကို ပြည်သူလူထု ၃၀,၀၀၀ ခန့် တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ၉၉ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး အသစ်ပြန်လည် ရေးဆွဲရန် ၁ ရာခိုင်နှုန်း သာ ထောက်ခံကြောင်း ကောမှူးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက ပြောကြားသည်။
The Voice Weekly Myanmar

အစိုးရတပ် အရာရှိများ တပ်မှထွက်ပြေး


သျှမ်းပြည်အတွင်းရောက်ရှိလှုပ်ရှားနေသည့် တပ်များမှ အရာရှိ စစ်သည်အများအပြား တပ်မှ ထွက်ပြေးနေသည်ဟု ဒေသခံများ ပြောပြချက်အရသိရပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရရှိထားသည့် သတင်းအရ အစိုးရတပ်မတော် ဗိုလ်ကြီးအဆင့် ၄ ဦး တပ်သားအဆင့် ၃ ဦး - စုစုပေါင်း ၇ ဦးထက်မနည်း တပ်မှ ထွက်ပြေးနေသည်ဟု ဆိုသည်။

အစိုးရတပ်များ  သျှမ်းပြည်အတွင်း တာဝန်ကျ လှုပ်ရှားပြီး အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များအား တိုက်ခိုက်နေရသောကြောင့် တပ်မှထွက်ပြေးရခြင်းဖြစ်ကြောင်း နိုင်ငံရေးသင်တန်းတက် ရောက်နေသည့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်များက ပြော ပြပါသည်။

“လက်နက်ကိုင်တပ်ဖွဲ့တွေ တော်တော်များများကအပစ်ရပ်ထားပြီ၊ ဒါပေမယ့် တိုက်ဖို့ နယ်မြေ ရှင်းလင်းဖို့အမိန့်က လာတုန်း၊ ဘယ်သူမှ အလကား မသေချင်ဘူးလေ။ ဒါ့ကြောင့် ထွက်ပြေးကြတာ” - ဟု RCSS/SSA နာယက ဆရာ ခွန်းဆေ က ပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA  ပိုင် သတင်း ဝဲပ်ဆိုက်တွင်လည်း ထွက်ပြေးသည့် မြန်မာ့တပ်မတော်မှ အရာရှိများ တပ်သားများ၏ နာမည်များကိုပါ ဖေါ်ပြထားသည်။

အဆိုပါ တပ်ပြေးများမှာ ခလရ ၁၃၂ မှ ဗိုလ်ကြီး အောင်အောင်၊ တပ်သားသန့်ထူး၊ ခမရ ၃၄၂ မှ ဗိုလ်ကြီးသက်နိုင်ဦး၊ ခမရ ၄၃၆ မှ ဗိုလ်ကြီးမြင့်ဦး၊ ဆေးတပ်ရင်းဗိုလ်ကြီး သိန်းထိုက်အောင်၊ ၁၄၄ မှ တပ်သားအောင်စိုးဝင်း၊ ၂၉၀ မှ    တပ်သားဇော်ဝင်း တို့ ဖြစ်သည်ဟု ဆိုသည်။

၎င်းကိစ္စနှင့်ပတ်သက်၍  သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရသေးပေ။

ယခုလဆန်းပိုင်းကလည်း တပ်သားတဦးက ရှေ့တန်းပွိုင့်ဦး မထိုးလိုသောကြောင့် နမ္မတူမြို့နယ် မိုင်းယင်အုပ်စု    ဝမ့်ကောင်းဟုန်း(ရွာ) တွင် မိမိကိုယ်ကို အဆုံးစီရင်ခဲ့မှုလည်း ရှိပါသည်။
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ တောင်ကြီး ၌ ဆွေးနွေး


မျိုးဆက်သစ် (သျှမ်းပြည်) နှင့် ပေါင်းကူးအဖွဲ့မှ ဦးဆောင်ကာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း များ၏ အခန်းကဏ္ဍ နှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို တောင်ကြီးမြို့၊ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံတွင် ဒီဇင်ဘာ (၁) ရက်နေ့မှ (၄) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

 ယင်းဆွေးနွေးပွဲသို့ သျှမ်းပြည်နယ်အစိုးရအဖွဲ့ မှ လျှပ်စစ်ဝန်ကြီး၊ နိုင်ငံရေးပါတီများ ၊တိုင်းရင်းသား အဖွဲ့အစည်း အသီး သီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“ဒီဆွေးနွေးပွဲမှာ ဆွေးနွေးဖြစ်တဲ့ အဓိက အကြောင်းအရာတွေကတော့ မူးယစ်ဆေးပြဿနာ၊ မြေယာအသိမ်းခံရတဲ့ကိစ္စ၊ ပြည်သူတွေ သဘောမတူတဲ့ စီမံကိန်းတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ တိုင်းရင်းသား ကျေးရွာတွေမှာရှိတဲ့ အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အဓမ္မ ပြုကျင့်ခံရမှုတွေ နှိပ်စက် ညှင်းပမ်း မှုတွေကို လက်ရှိမြန်မာနိုင်ငံရဲ့  ဥပဒေက လုံးဝကာကွယ်မှု မပေးနိုင်ဘူး။ အရေးယူမှု မရှိဘူး။ မငြိမ်း ချမ်းသေးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ပါတယ် ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်သည့် နန်းဖွေးငင်းမှ ပြောသည်။

ထို့အပြင် သျှမ်းပြည်တွင်းနေ လူမှုအဖွဲ့များအပြင် ပြည်နယ်နှင့် တိုင်းအသီးသီးမှ လူမှုအဖွဲ့အစည်းပေါင်း ၁၀၀ ကျော်၏ ကိုယ် စားလှယ် ၁၅၀ ကျော် ၀င်ရောက်ဆွေးနွေးခဲ့သည်။

“ဒီပွဲကိုပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့  ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ယှဉ်တွဲနေတယ်။ အဲဒီအတွက်ကြောင့် တစ်ချိန်တည်း လုပ်ဆောင်ရမယ်ပေါ့ ။ တစ်ချိန်တည်း လုပ်ဆောင်ရမယ် ဆိုတဲ့နေရာမှာ ဒေသအသီးသီမှာ ရှိနေတဲ့တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဆွေးနွေး တိုင်ပင်ရင် ရလာဒ်ကောင်းတွေ ရရှိလာဖို့ ရည်ရွယ်ပါတယ်”ဟု မျိုးစက်သစ်(ရှမ်းပြည်) မှ ကိုမိုး က ပြောသည်။

ဆွေးနွေးပွဲသုံးသပ်ချက်နှင့် သဘောတူညီချက်များ ထုတ်ပြန်၍ အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စု လွှတ်တော်နှင့် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီထံသို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း၊ (၄) ရက်တာ ကျင်းပခဲ့သော ဆွေးနွေးပွဲပုံရိပ် များအား ၀သန်ရုပ်ရှင် ပြပွဲတွင် ပြသသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သျှမ်းသံတော်ဆင့်

သျှမ်းပြည်လူဦးရေစာရင်းအမှန်သိရှိရေးကော်မတီ ထိုင်းနိုင်ငံ အခြေစိုက် လူမှုအဖွဲ့များနှင့်တွေ့ဆုံ


သျှမ်းပြည်လူဦးရေစာရင်းအမှန်သိရှိရေးကော်မတီဝင်တချို့ ထိုင်းနိုင်ငံရှိ လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံကာ လာမည့်နှစ် တပြည်လုံး လူဦးရေစာရင်းကောက်ယူရာတွင် ပြည်ပရောက် သျှမ်းပြည်သားစာရင်း ကျကျန်မှုမရှိရေးအတွက် ဆွေးနွေးခဲ့ကြ သည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် စနေနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ဆုံခဲ့ကြရာ ချင်းမိုင်၊ ဘန်ကောက်မှ ကိုယ်စားလှယ် ၄၀ ခန့် ဝင်ရောက်ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်သူ စိုင်းနောင့် က ပြောပါသည်။

“ကော်တီဝင် စိုင်းအိုက်တိုင်းက - သျှမ်းပြည်သားတွေ  တယောက်မှ စာရင်းကျကျန်တာ မရှိရလေအောင် ထိုင်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း လှုပ်ရှားသူတွေနဲ့လက်တွဲပြီး စာရင်းကောက်ယူဖို့ ဖြစ်ပါတယ်။ ဒီဘက်မှာ  မှတ်ပုံတင်မရှိတဲ့သူတွေ  အိမ်ပြန်ပြီး မှတ်ပုံတင်လုပ်ဖို့ တိုက်တွန်းပေးဖို့ ဆွေးနွေးတယ်။ တကယ်လို့ အိမ်ပြန်ပြီး မှတ်ပုံတင်လုပ်မယ်ဆိုရင် လမ်း စရိတ်ပဲ ကုန်မယ်။ မှတ်ပုံတင်လုပ်ခ မကုန်ရဘူး- လို့ပြောတယ်” ဟု ဆိုပါသည်။

ထို့အပြင် လူဦးရေကောက်ယူရေးသင်တန်းအတွက် ထိုင်းနိုင်ငံဘက်မှလည်း ကိုယ်စားလှယ်များ ပို့ပေးရန်အတွက်ပါ ဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။

သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးအတွက် သင်တန်းကို သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ်နှင့် သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်တို့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သျှမ်းပြည်လူဦးရေကောက်ယူရေးကော်မတီ စည်းရုံးရေးမှူး စိုင်းသန်းမောင်က ပြောပါသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင်လည်း အဆိုပါ သင်တန်းဖွင့်လှစ်ရန်ရှိကြောင်း တာချီလိတ်  ကျားဖြူပါတီဝင် မြို့ခံ လူငယ်တဦးကပြောသည်။

“ဒီတခါ စာရင်းပေးဖို့ လွတ်သွားရင်တော့ သျှမ်းပြည်သားတွေအတွက် စိုးရိမ်စရာဘဲ။ ဒါကြောင့် လွတ်တာ ကျန်တာ မရှိရ အောင် တတ်နိုင်သလောက် တိုက်တွန်းသွားမယ်။ ပြည်ပမှာ သျှမ်းပြည်က လူဦးရေစာရင်းဘယ်လောက်ရှိလဲဆိုတာ အတိအကျ သိရဖို့ ကြိုးစားသွားမယ်” - ဟု သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့ခံတဦးကလည်း ပြောပါသည်။

လာမည့်နှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ တနိုင်ငံလုံး လူဦးရေစာရင်း ကောက်ယူမည်ဖြစ်သည်။ ပြည် တွင်းပြည်ပမှ သျှမ်းပြည်သားအားလုံး ပါဝင်နိုင်ရေးအတွက် သျှမ်းပြည်လူဦးရေစာရင်းကောက်ယူရေးကော်မတီက နိုဝင်ဘာလနှောင်းပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်းသို့ ကွင်းဆင်းကာ အသိပေး ဟောပြောစည်းရုံးခဲ့သည်။ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် အနည်းဆုံး ၁၀ ဦး သင်တန်းတက်ရောက်ရန် တိုက်တွန်းခဲ့သည်ဟု ဆို၏။
သျှမ်းသံတော်ဆင့်

ပိုင်ရှင်မသိဘဲ တရုတ်ထံ ရောင်းချခံရ လယ်ယာမြေ ပြန်ရရေး နမ့်ခမ်း လယ်သမားများ စုပေါင်းတောင်းဆို


လယ်ပိုင်ရှင်မသိဘဲ တရုတ်ထံ စစ်အစိုးရ ရောင်းပေးသည့် အထူးအထွက်တိုး စပါးစိုက်ပျိုးမြေ ပြန်လည်ရရှိ ရေးအတွက် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့မှ လယ်သမားများ ယနေ့ စုပေါင်းတောင်း ဆိုကြကြောင်း သိရှိရပါသည်။


“လယ်သမားတွေက အထူးအထွက်တိုးစပါးစိုက်ဖို့ ဒီမြေကို အပင်ပန်းခံပြီး ပြုပြင်လာခဲ့တယ်။ လယ်သမား တွေ ရဲ့မြေ အမှန်ဖြစ်တဲ့အတွက် ပြန်လည်ရရှိဖို့ မရမချင်း ဇွဲမလျှော့ဘဲ တောင်းဆို သွားမယ် ” ဟု လယ်သမားခေါင်းဆောင်တစ်ဦးက ပြောပါသည်။

ယနေ့(ဒီဇင်ဘာ ၉ ရက်)နံနက်ပိုင်းမှ မွန်းတည့်ချိန်ခန့်အထိ လယ်သမား ၃၀၀ ခန့် နမ့်ခမ်းမြို့ နယ်အုပ်ချုပ် ရေးမှူးရုံးသို့ သွားရောက်ကာ ကောင်းနောင်မိုရှိ အသိမ်းခံရလယ်မြေများအား သွားရောက်တောင်းဆိုကြ ကြောင်း ဆို၏။

“ ကောင်းနောင်မိုရပ်မှာ အသိမ်းခံရတဲ့ လယ်မြေတွေ ဒီကနေ့ပေါက်ဈေးနဲ့တွက်မယ်ဆိုရင် ကျပ်သိန်း ၇၀၀၀ ဖိုးလောက်တန်တယ်။ ဒီလယ်မြေတွေကို စစ်အစိုးရလက်ထက်တုန်းက အသိမ်းခံရပြီးတော့ (လယ်ပိုင်ရှင် မသိလိုက်ဘဲ) မီးသတ်တပ်ဖွဲ့ခေါင်းဆောင် ဦးစံညွန့် ကိုရောင်းပေးပြီး မြေဂရမ်ပါလုပ်ပေးတာ။ အခု သူ့မှာမြေ ဂရမ်ရှိတယ်ဆိုပြီးကျနော်တို့ကို ပြန်မပေးချင်တာလေ” ဟု အဆိုပါ လယ်သမားခေါင်းဆောင်က ပြောပါသည်။

မီးသတ်တပ်ဖွဲ့ခေါင်းဆောင်ဆိုသူ ဦးစံညွန့် ခေါ် အိုက်လောင်းစောဝ် မှာ တရုတ်အမျိုးသားတဦးဖြစ်ပြီး အဆိုပါလယ်များအား တန်ဖိုးကြီးပေးဝယ်ထားရသဖြင့် ယခုအခါ လယ်သမားများအား ပြန်မပေးလိုခြင်း ဖြစ်ကြောင်း ဆိုပါသည်။

အဆိုပါကိစ္စ ယမန်နေ့ ဒီဇင်ဘာ ၈ ရက်က ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်းအား လယ်သမားများက တွေ့ဆုံပြီးတင်ပြရာတွင် စိုင်းအိုက်ပေါင်းက တယောက်တဝက် ယူကြရန် ဖြန်ဖြေပေးကြောင်း၊ အဆိုပါအကြံအဉာဏ်ကိုလည်း လယ်သမားများက လက်မခံလိုသဖြင့် ယနေ့မနက်ပိုင်း ထိုသို့ စုရုံးဆန္ဒပြ မှုပေါ်ပေါက်လာခြင်းဖြစ်ကြောင်းလယ်သမား စိုင်းအိုက် ကသျှမ်းသံတော်ဆင့်အားပြောပါသည်။

“ ကျနော်တို့အိမ်ပေါ်ကိုတက်နေပြီးတော့အိမ်ရှင်မသိအောင် အိမ်တပိုင်းပိုင်းပြီးတော့ ဂရမ်ခိုးလုပ်တယ်။ အိမ်ရှင်တောင်းတော့ ပြန်မပေးချင်ဘူး။ ရှေ့ဆက် ဒီလိုဘဲခိုး ခိုးယူနေရင် ကျနော်တို့ ဘယ်မှာသွားနေတော့မလဲ။ ဘာနဲ့လုပ်စားရတော့မလဲ။ ဒီတော့ တယောက်တဝက်လဲ မပေးဘူး။ အကုန်ပြန်ရအောင် ကျနော်တို့ ပြန်ယူရမှာဘဲ။ ကျနော်တို့ဆက်ကြိုးစားသွားမယ်“ ဟု ဆိုပါသည်။

နမ့်ခမ်းမြို့နယ် လယ်သမားများ (ပါတီကောင်စီခေတ်ကတည်းက) ပိုင်ဆိုင်လာခဲ့သည့် ကောင်းနောင် မိုရပ် ကျားဖြူခန်းမအနောက်ဘက်ရှိ အထူးအထွက်တိုးစပါးစိုက်ပျိုးရာ လယ်ယာမြေကို စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်က မီးသတ်ခေါင်းဆောင်ဆိုသူအား ရောင်းချပေးခဲ့ခြင်းဖြစ်ပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် လယ်သမားများ ဆုံးရှုံးခဲ့ရသော လယ်မြေ ၄ နေရာရှိပါသည်။ ယခုလက်ရှိ တောင်းဆိုနေသော ကောင်းနောင်မိုရပ်ကွက်တွင်သာမက မန့်ခမ်းရပ်ကွက်၊ ပေါက်တိုက်ရပ်ကွက်၊ ဝမ့်နားရပ်ကွက်တို့တွင်လည်း ရှိပါသည်။
သျှမ်းသံတော်ဆင့်

တောင်ကြီးမြို့တွင် နဝမတန်း ကျောင်းသူတစ်ဦး ကြိုးဆွဲချ သေဆုံး


သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ချမ်းသာရပ်ကွက်တွင် ဒီဇင်ဘာ ၁၁ ရက်နေ့က နဝမတန်း ကျောင်းသူတစ်ဦး နေအိမ် တွင်း ကြိုးဆွဲ ချသေဆုံး မှုဖြစ်ပွါးခဲ့ပါသည်။

ကြိုးဆွဲချသေဆုံးသူမှာ အသက် ၁၅ နှစ်အရွယ်ရှိ အ.ထ.က ၂ မှ န၀မတန်းကျောင်းသူ မဆုမြတ်ရတနာ ဖြစ်ပြီး သဇင်လမ်း၊ နယ်မြေ (၁) ချမ်းသာရပ်ကွက်တွင်နေထိုင်ပါသည်။

၎င်း၏ ယောကျာ်းလေး သူငယ်ချင်းများ နေအိမ်သို့ရောက်ရှိလည်ပတ်ကာ ဂစ်တာတီးသီချင်းဆိုရာ အဖွားဖြစ်သူက ၄င်းအားတံမြက်စီးဖြင့် ရိုက်နှက်သဖြင့် ကြိုးဆွဲချရန်စီစဉ်ရကြောင်း ရခြင်းဖြစ်ကြောင်း ဆိုပါသည်။

“ ပထမတကြိမ် သူကြိုးဆွဲချဖို့စီစဉ်တုန်းက သူတို့အိမ်မှာ စက်ချုပ်လာသင်တဲ့ နန်းရွှေစင်က တားလို့ အကြံမအောင်ခဲ့ဘူး။

နောက်တနေ့မနက်ကျတော့ မနက် ၆ နာရီလောက်မှာ မီးဖိုချောင်ထဲမှာ ထဘီ ၂ ကွင်းနဲ့ ကြိုးဆွဲချ သေနေတာဖြစ်တယ်လို့ စစ်ဆေးချက်အရသိရတယ်” ဟု သက်ဆိုင်ရာ ရဲများက ပြောပါသည်။

၎င်းနှင့်ပတ်သက်၍ အငြိမ်းစားကျောင်းဆရာမ တဦးက “ကိုးတန်းကျောင်းသူတစ်ဦး ဒီလိုနည်းနဲ့ သေဆုံး တာတော့ နှမျောမိတာပေါ့ ၊ သေဆုံးမှုနဲ့ပတ်သက်လို့ ဘာထင်ကြေးမှ မပေးတတ်ပါဘူး ။ ဒါပေမယ့် ဒီလိုအရွယ် ကလေးတွေဟာ လုပ်မိလုပ်ရာလုပ်တတ်တဲ့ အရွယ်လေးတွေပေါ့။ ဒါတွေကိုလူကြီးတွေ အနေနဲ့ သတိထား ထိန်းကျောင်း ပေးဖို့လိုပါတယ်” ဟု ပြောပါသည်။

၎င်း၏ သေဆုံးမှုနှင့်ပတ်သက်၍ တာဝန်ရှိရဲများက စုံစမ်းစစ်ဆေးလျှက်ရှိပြီး သေမှုသေခင်း အမှတ်စဉ် (၂၄/၂၀၁၃) ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရပါသည်။
သျှမ်းသံတော်ဆင့်

နမ့်ခမ်း ဒေသခံ တဦးအား မြန်မာ စစ်ယာဉ်တန်းမှ စစ်ကားတိုက်မိ - သေဆုံး

သေဆုံးသူ နိုင်းယွက်ခမ်းထွမ်းလှ (ဓါတ်ပုံ- အိုက်ဖျောင်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန့်ဝိန်းကြီးဘက်သို့ အင်အားဖြည့်တင်းသည့် မြန်မာစစ်တပ် စစ်ယာဉ်တန်း နမ့်ခမ်းမြို့နယ် ဒေသခံတဦးအား တိုက်မိသေဆုံးကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

“မနေ့က ညနေပိုင်းမှာ နမ့်ခမ်းဘက်ကနေ လွယ်ဟိုဆေဘက် တက်သွားတဲ့ မြန်မာစစ်ယာဉ်တန်း လွယ်ဟိုဆေကနေ နမ့်ခမ်းဘက်ကိုလာတဲ့ နိုင်းယွက်ခမ်းထွမ်းလှ ကို တိုက်မိတာ။ ညနေ ၅ နာရီလောက်မှာ တိုက်မိတယ်။ ဆေးရုံကို ပို့ရင်း ၇ နာရီလောက်မှာ ဆုံးသွားတယ်” ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်းက ပြောသည်။

တပ်သားနှင့် ရိက္ခာတင်ထားသည့် မြန်မာစစ်ယာဉ်တန်း အစီး ၄၀ ခန့်သည် ယမန်နေ့က နမ့်ခမ်းမြို့မှ လွယ်ဟိုဆေဘက်သို့ အားဖြည့်ရန်တက်သွားစဉ် နမ့်ခမ်းမြို့အထွက်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

လွယ်ဟိုဆေဘက်တွင် နေထိုင်သော နိုင်းယွက်ခမ်းထွမ်းလှ (အသက် ၅၂ နှစ်) သည် ၎င်း၏အမျိုးသားနှင့်အတူ ဆိုင်ကယ် ဖြင့် နမ့်ခမ်းဘက်သို့ တက်လာရာ နမ့်ခမ်းမှထွက်လာသော မြန်မာစစ်ယာဉ်တန်းမှ စစ်ကားတစ်စီးက ၎င်းတို့အား တိုက်မိ ကြောင်း၊ ဆိုင်ကယ်မှ လွင့်ကျသွားသည့် နိုင်းယွက်ခမ်း၏ ခါးကို ထပ်မံကြိတ်မိသဖြင့် သေဆုံးခြင်းဖြစ်ကြောင်း နမ့်ခမ်း မြို့ခံ လူငယ်များက ပြောသည်။

သို့သော် မြန်မာစစ်ယာဉ်တန်းမှ အရာရှိက ‘တခြားဆိုင်ကယ်တစီးနှင့် တိုက်မိ၍ လွင့်ကျရာ ၎င်းတို့ယာဉ်တန်းအား လာခတ် မိခြင်းဖြစ်သည်’ ဟု ပြောဆိုကြောင်း ဆွေမျိုးတော်စပ်သူများ ပြန်လည်ပြောချက်အရ သိရသည်။

သေဆုံးသူ နိုင်းယွက်ခမ်းထွမ်းလှသည် လွယ်ဟိုဆေအုပ်စု ဝမ့်နမ့်ဟီးရွာသူ ဖြစ်ပါသည်။
သျှမ်းသံတော်ဆင့်

သန်း ၆ဝ ရှေ့က လူတစ်ယောက်၏ ကန့်လန့်ကာနောက်ကွယ်မှ နှလုံးသားဒဏ်ရာ


ဓာတ်ပုံတစ်ခုဟူသည် သမိုင်းဖြစ်သည်။ အထူးသဖြင့် ထိုသမိုင်းသည် သံမဏိအမျိုးသမီးဟု ကမ္ဘာကအမည် နာမတပ် ရသည်အထိ လေးစားကြသော မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဘဝကို ပေးဆပ်မြှုပ်နှံထားခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့တန်းရောက်ခွင့်မရသော မိသားစုသမိုင်း။ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်၊ စနေနေ့က မိဘနှစ်ပါးစုံညီစွာ ဖြင့် သားနှစ်ဦးကို ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပခွင့်ရခဲ့သည့် မှတ်တမ်းဓာတ်ပုံ။ အသံမဲ့ စကားလုံးများက ခံစားတတ်သူတိုင်း၏
နှလုံးသားကို ခပ်ပြင်းပြင်းခေါက်လိုက်သလိုပင်ဖြစ်သည်။
ထိုပုံကို အင်တာနက်ဖေ့စ်ဘွတ်တွင် တင်ခဲ့သူက မစီစီရိုဇာ။ သူက ထိုပုံကို ကျော်ကြားမှုနှင့် အကျိုးမျှော်လင့်ချက် တစ်စုံ တစ်ရာအတွက် တင်ခဲ့ခြင်း မဟုတ်။ ထိုပုံ တင်ဖြစ် ခဲ့ခြင်း တွင် အဓိပ္ပာယ်များစွာ ရှိပြီး ထိုဓာတ်ပုံတွင်လည်း ပြန် လည်တူးဆွစရာသမိုင်းနှင့် ခံစားချက်များစွာရှိပါသည်။

”မေမေစု အကြောင်း ဆိုရင် သူ အကျယ်ချုပ်တုန်း က ဆင်းရဲဒုက္ခခံခဲ့ရတာတွေ ပဲ လူတွေက ပြောကြတယ်။ မိသားစုလည်း ဥကွဲ သိုက် ပျက် ဒုက္ခရောက်ခဲ့ရတယ်။ မိသား စုဆိုတာက ပင်လယ် သမုဒ္ဒရာတွေခြားနေရတယ်။ ဒီမှာကျတော့လည်း ယောက်ျားလည်းမရှိ၊ သားတွေလည်းမရှိ၊ အဖေလည်းမရှိ အမေလည်းမရှိနဲ့ မြန်မာပြည်သူ သန်း ၆ဝ အတွက်ပဲ သူနေခဲ့တာပါ။ တကယ်တော့ ဒီပုံတင်တာဟာ ဗိုလ် ချုပ်မို့ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မဟုတ်ဘဲ၊ အဲဒါ တွေ ကြားချပြီး လူသားဆန်ဆန်နှလုံးသားတွေကို ပြချင်တာပါ” ဟု မစီစီက သူပုံတင်ဖြစ်ခြင်း၏ ခံစားချက်ကို ပြောသည်။

သူ့ခံစားချက်က ပြောစရာများသည်။ တကယ်တော့လည်း အမှန်တရားဖြစ်ပါသည်။ ဒေါ်စု၏ ခင်ပွန်းဖြစ်သူက ကင်ဆာ ရောဂါဖြစ်ပွားချိန်တွင် ကျန်းမာရေးအကြောင်းပြ ချက်ဖြင့် ပြည်ဝင် ခွင့်မရခဲ့ချိန်တွင်တော့ စိတ်ဂျုံးဂျုံးကျကာ ကွယ်လွန်ခဲ့ခြင်း ဖြစ် သည်။

ထို့ပြင် ထိုဓာတ်ပုံတွင် ဒေါ်စုက သားဖြစ်သူကို ငေးကြည့်နေ သည့် မျက်ဝန်းများကိုလည်း မစီစီက”ပုံထဲမှာ သားကိုပဲ ကြည့်နေ တာ။ သားကို ဘယ်လောက်ချစ်လဲ ဆိုတာ ပေါ်လွင်နေတာပဲ”ဟု သူ့ခံစားချက်ကို ပြောသည်။
တကယ်တမ်း မစီစီသာမက ဖတ်ဖူးသည့်လူသားတိုင်း စိတ်မကောင်းဖြစ်ရသည်ကNoriko Otsu ၏ Letter for Aung San Su Kyi (မသီတာ-စမ်းချောင်းဘာ သာပြန်) ‘ဒေါ်အောင် ဆန်းစုကြည်အတွက် စာတစ်စောင်’စာအုပ်ထဲမှ ဒေါ်စုက ခင်ပွန်း ဖြစ်သူကို နောက်ဆုံးပြောခဲ့သည့်စကား ဖြစ်သည်။

”အဲဒီစာကိုဖတ်ရတာ စိတ်ထိခိုက်ရတယ်။ အဲဒီမှာရေးတာက ”မိုက်..မင်းနဲ့ငါနဲ့အချစ်ကို ဘယ်သူမှ ရွေ့လျားလို့ မရနိုင်ပါဘူး တဲ့”ဟု မစီစီက သူ့ခံစားဖြင့် မျှဝေပြောပြ သည်။ သူကပင်ဆက်၍ ”ဒီစာအုပ်က မြန်မာပြည်သားတိုင်း လူတိုင်းဖတ်သင့်တဲ့စာအုပ်ပါ။ ဒီစာအုပ်ကို ဖတ်ရင် နှလုံးသားရှိတဲ့သူငိုမှာပဲ။ မငိုတဲ့သူဟာ နှလုံးသားမရှိတဲ့ သူဖြစ်မှာပါ”ဟုလည်း လှိုက်လှဲစွာဆိုခဲ့သည်။
ထိုဓာတ်ပုံတွင် ခင်ပွန်းဖြစ်သူ မိုက်ကယ်က ဇနီးနှင့် သား များကိုချစ်မြတ်နိုးကာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း သံဃာ တော်တွေကို ရှိခိုးကန်တော့ခဲ့သည်ကို လည်း မြင်နိုင်ပြီး ထိုဓာတ် ပုံကို ဒေါ်စု အကျယ်ချုပ်မှ လွတ်မြောက်စဉ်က မစီစီကိုယ်တိုင် ဒေါ်စုထံပေးခဲ့ဖူးပြီး ထိုမှတ်တမ်းများ အယ်လ်ဘမ်နှင့် ရှိသည်ဟု လည်း ပြောခဲ့ သည်ဟု မစီစီက သမိုင်းကို ဖြည့်စွက်ခဲ့သည်။
တကယ်တော့ ဒေါ်အောင် ဆန်းစုကြည်သည်လည်း လူ သားတစ်ဦးပင်ဖြစ်ရာ မြန်မာ ပြည်သူများအတွက် ကြံ့ကြံ့ခံရပ်တည်ရင်ဆိုင်နေသော်လည်း သူ၏နှလုံးသားထဲ လူသားဆန်သော အလွမ်း၊ ဆုံးရှုံးမှုနှင့် မျိုသိပ်ခံစားရခြင်းများလည်း ရှိနိုင်ပေရာ ထိုဓာတ်ပုံကအမှတ်မထင်လှပ်ပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။

Popular Myanmar News Journal

ခန္တီးတွင် ငြိမ်းချမ်းရေးယူ နာဂလက်နက်ကိုင်တပ်ဖွဲ့ ဆက်ကြေးထပ်တောင်း


စစ်ကိုင်း၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက် ကျေးရွာတွင် ငြိမ်းချမ်းရေး ရယူထားသည့် နာဂ လက်နက်ကိုင်တပ်ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဆက်ကြေး တောင်းခံမှုတစ်ခု ထပ်မံဖြစ်ပွား ခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSCNK) သည် မြို့နယ်အဆင့်ရှိ အရာရှိနှစ်ဦး ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ငွေကျပ် သိန်းသုံးဆယ် လာရောက် တောင်းခံခဲ့ကြောင်း ကျားကိုက်ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်ညိုက ဆိုသည်။
“မပေးနိုင်ဘူး ပြောတော့ သူတို့စခန်းကို လာပို့ဖို့ ထပ်ချိန်းပါတယ်။ ၁၂ ရက်နေ့က သွားတွေ့တော့ သိန်းသုံးဆယ်ကနေ ၁၅ သိန်း၊ ၁၀ သိန်း၊ နောက်ဆုံး သုံးသိန်းပေးဖို့ ပြောပါတယ်။ တောင်းတာ မပေးနိုင်ပါဘူး။ အခု စစ်ဗျူဟာမှာ လာတိုင်တာပါ” ဟု ဦးတင်ညိုက ပြောသည်။

ယင်းကဲ့သို့ ငွေတောင်းခံခြင်းမှာ ဆက်ကြေး တောင်းခံခြင်းမျိုး မဟုတ်ဘဲ အကူအညီ တောင်းခံခြင်းသာ ဖြစ်ပြီး ငွေမရရှိခဲ့ဟု သိရကြောင်း ခန္တီးမြို့နယ် အခြေစိုက် National socialist council of Nagaland ဆက်ဆံရေးရုံး တာဝန်ခံ ဦးကျော်ဝင်းဆွေက ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောက်ခြေ အဆင့်တွင် ညှိနှိုင်း ဖြေရှင်းခဲ့ကာ ထပ်မံ မဖြစ်ပွားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း ခန္တီးမြို့ အခြေချ စစ်ဗျူဟာမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခန္တီးမြို့နယ် ချင်းတွင်းမြစ်ရိုး တစ်လျှောက် ကျေးရွာ ဒေသခံများထံ ဆက်ကြေး တောင်းခံပါက မပေးကြရန်နှင့် တောင်းခံလာပါက စစ်ဗျူဟာမှူးရုံးထံ အကြောင်းကြားပေးရန် လိုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ငြိမ်းချမ်းရေး ရယူထားသည့် NSCNK နာဂ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ဆက်ကြေး (အကူအညီငွေ) တောင်းမှု ၁၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း ဦးကျော်ဝင်းဆွေက ထပ်လောင်း ပြောကြား သည်။

ယင်းအပြင် အဆိုပါအဖွဲ့သည် ခန္တီးမြို့နယ် ချင်းတွင်းမြစ်ရိုး တစ်လျှောက် ပြေးဆွဲနေသော ရေယာဉ်အသင်း ၁၃ သင်းထံ တစ်သင်းလျှင် နှစ်သိန်းကျပ်ဖြင့် ဒီဇင်ဘာလကုန် နောက်ဆုံး ထားပေးရန် တောင်းခံထားမှုများ ရှိကြောင်း အဆိုပါ ရေယာဉ် ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။

National socialist council of Nagaland နာဂ လက်နက်ကိုင် တပ်ဖွဲ့သည် ၂၀၁၂ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေး ရယူခဲ့ကြောင်း စစ်ဗျူဟာမှူးရုံး (ခန္တီး) ထံမှ သိရှိရသည်။

ယင်းလက်နက်ကိုင် တပ်ဖွဲ့သည် ခန္တီးမြို့နယ် ကျေးရွာဒေသခံများထံမှ မကြာခဏကဲ့သို့ ဆက်ကြေး တောင်းခံမှုများ ရှိကြောင်း အဆိုပါ ဒေသခံများထံမှ သိရသည်။
The Voice Weekly Myanmar

မန္တလေးဗထူးကွင်း ဘောလုံးပွဲလက်မှတ် အလုအယက်ဝယ်ရင်း အမျိုးသမီးနှစ်ဦး ဒဏ်ရာရ


မန္တလေး၊ ဒီဇင်ဘာ ၁၄

မန္တလေးမြို့တော်တွင် ကျင်းပလျက် ရှိသော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အမျိုးသမီး ဘောလုံးပြိုင်ပွဲ စတုတ္ထ ပွဲစဉ်ဖြစ်သည့် မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းနှင့် ဗီယက်နမ် အမျိုးသမီး လက်ရွေးစင် အသင်းပွဲအတွက် လက်မှတ်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဗထူး အားကစားကွင်းတွင် ရောင်းချပေးနေစဉ် လူအများအပြား အလုအယက် တွန်းတိုက် ဝယ်ယူမှုကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း အဆိုပါနေရာတွင် တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လက်မှတ် ဝယ်ယူနိုင်ရန် စောင့်ဆိုင်းနေသည့် ဘောလုံးပရိသတ် လွန်စွာ များပြားလှသဖြင့် အဆိုပါ အမျိုးသမီးနှစ်ဦးမှာ လက်မှတ်ရရှိရန် တွန်းရင်းလုရင်း လဲကျကာ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကြောင့် အဆိုပါလမ်း ၂၉ လမ်းx၃၀ လမ်းကြား၊ ၇၁ လမ်းရှိ ဗထူး အားကစားကွင်းတွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေး ချပေးခဲ့ရကြောင်း ၎င်းထံမှ သိရသည်။

ယင်းပွဲစဉ်၏ ပြင်ပလက်မှတ် ဈေးနှုန်းမှာလည်း ခြောက်ဆခန့်အထိ မြင့်တက်သွားကြောင်း၊ ထိုသို့ ဈေးမြင့်တက် သွားသည့်အတွက် လက်မှတ်ဝယ်ယူများ အခက်ကြုံတွေ့ နေရကြောင်း၊ မြန်မာ-ဗီယက်နမ်ပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စတင်ရောင်းချပေးရာ ပရိသတ် ဝယ်လိုအား များသည့်အတွက် နေ့လယ်ခင်းအချိန် မရောက်မီ လက်မှတ်များ ကုန်သွားခဲ့ကြောင်း၊ ယင်းကြောင့် နံနက်ပိုင်းတွင် ဝယ်ယူထားသူများက ပြိုင်ပွဲ လက်မှတ်များကို တစ်ဆင့်ပြန်လည် ရောင်းချလျက် ရှိရာ ရောင်းဈေးထက် ခြောက်ဆခန့်မြှင့်ကာ လက်မှတ်တစ်စောင်လျှင် ၁၀,၀၀၀ ကျပ်၊ ၁၃,၀၀၀ကျပ်အထိ ဈေးပေါက်လျက် ရှိကြောင်း လက်မှတ် လာဝယ်ယူသူများထံမှ သိရသည်။
“ကျွန်တော့်ဆီကို လာဝယ်ချင်တယ် ဆိုရင် ၁၃,၀၀၀ ကျပ်နဲ့ ရောင်းတယ်။ ကျွန်တော်ကလည်း ပြန်ဝယ်တယ်။ ၁၀,၀၀၀ကျပ်နဲ့ ဝယ်တယ်။ ကျွန်တော် ၃,၀၀၀ ကျပ်စားမယ်” ဟု လက်မှတ်တစ်ဆင့် ဝယ်ယူရောင်းချသူ အသက် ၃၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လက်မှတ် အရောင်းဌာနများသို့ လက်မှတ် ရောင်းချရာတွင် မှတ်ပုံတင်နှင့်အတူ လက်မှတ် ရောင်းချပေးရန် ချမှတ်ထားသော်လည်း လက်မှတ် အရောင်းဌာနများသည် မှတ်ပုံတင် ကြည့်ရှု၍ ရောင်းချခြင်းမရှိဘဲ လက်မှတ် လိုသလောက် ရောင်းချပေးနေကြောင်း ဘောလုံး ပွဲစဉ်အလိုက် လက်မှတ်ဝယ်ယူသူ တစ်ဦးက ပြောကြားသည်။
“မှတ်ပုံတင်နံပါတ် မှတ်ယူခြင်းလည်း မရှိဘူး။ လက်မှတ်ကို လိုသလောက် ရောင်းပေးတယ်။ ဒီနေ့က တစ်ယောက်ကို တစ်စောင်လောက်ပဲ ရောင်းပေးတယ်။ မြန်မာပွဲဆိုတော့” ဟု ဘောလုံးပွဲလက်မှတ် ဝယ်ယူနေသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာ လက်ရွေးစင်အသင်းနှင့် ဗီယက်နမ် လက်ရွေးစင် အသင်းပွဲစဉ်အတွက် လက်မှတ် အစောင်ရေ စုစုပေါင်း ၁၁,၀၀၀ ချမှတ်ပေးထားပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ ဗထူးကွင်းတွင် လက်မှတ်အစောင်ရေ ၂၀၀၀၊ အားကာ/သိပ္ပံရှေ့တွင် ၃၀၀၀ ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့ အဆိုပါနေရာ နှစ်နေရာအတွက် လက်မှတ် အစောင်ရေ ၆၀၀၀ ရောင်းချပေးသွားမည် ဖြစ်ကြောင်း SEA Games အမျိုးသမီး မြန်မာ့လက်ရွေးစင် မီဒီယာတာဝန်ခံ ဦးဇင်မင်းထိုက်က ပြောကြားသည်။

လက်မှတ် ရောင်းချသည့် ဌာနများတွင် လက်မှတ် ရောင်းချသူများသည် အချိန်ကြာမြင့်စွာ တန်းစီနေသည့် သူများကို လက်မှတ် တစ်စောင်နှုန်းသာ ရောင်းချပေးပြီး ဌာနဆိုင်ရာများ၊ မိမိတို့နှင့် ခင်မင် ရင်းနှီးသူများကို လက်မှတ်စောင်ရေ များစွာ ရောင်းချပေးနေကြောင်း လက်မှတ် ဝယ်ယူရန် တန်းစီခဲ့သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အမျိုးသမီး ဘောလုံးပွဲစဉ် လက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း ၁၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀ ကျပ် ဖြစ်ပြီး မန္တလေးမြို့တွင် ရောင်းချမည့် လက်မှတ် အရောင်းဌာနများမှာ ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးကွင်း (လမ်း ၃၀x၂၉ လမ်းထောင့်) နှင့် ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ တို့တွင် ရောင်းချပေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly Myanmar

မန္တလေးတိုင်းတွင် တစ်ရက်အတွင်း ကြိုးဆွဲချသေဆုံးမှု သုံးမှုဖြစ်ပွား


မန္တလေး၊ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ ၁၂ ရက်နေ့ တစ်ရက်တည်း ကြိုးဆွဲချ သေဆုံးမှုသုံးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရသည်။

တကောင်းမြို့ ကျောက်အိုက် ကျေးရွာတွင် အမျိုးသမီး တစ်ဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့က ယင်းရွာရှိ ဝါးပိုးရုံ ကုန်းခင်း၊ ကြံခင်းအတွင်းရှိ တဲနှင့် ကိုက် ၂၀၀ ခန့် အကွာတွင်ရှိသော အမြင့်ရှစ်ပေခန့်ရှိ ဝါးရုံပင်၏ ခွဆုံ၌ အရှည်ကိုးပေခန့်ရှိ အဖြူရောင် နိုင်လွန်ကြိုးကို လည်ပင်းတွင် ကွင်းလျော အနေအထားဖြင့် ကြိုးဆွဲချ၍ သေဆုံးနေကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကြိုးဆွဲချ သေဆုံးနေသည့် ၁၆ နှစ်အရွယ် မိန်းကလေးသည် လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်က အိမ်မှ ပျောက်ဆုံးသွားခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ် အချိန်တွင် ၎င်းကို ကြိုးဆွဲချ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အလောင်းကို စစ်ဆေးရာ ယာလက်မောင်း အရင်းထိ အသားများမပါ အရိုးသာ ကျန်ရှိပြီး အလားတူ ယာခြေထောက် ခြေမျက်စိ အောက်တွင်လည်း အသားများမပါ အရိုးသာ ကျန်ရှိ၍ တောသတ္တဝါများ စားထားပုံရသည်ဟု ယူဆ ရကြောင်း၊ အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၃ ဖြင့် အမှုစုံစမ်းစစ်ဆေးလျက် ရှိကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မိုးကုတ်မြို့ ကုန်းမြင့်သာရပ်ရှိ နေအိမ်တွင်လည်း ဦးကစ္စနား (၄၀ နှစ်) သည် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် ၎င်း၏နေအိမ်၌ တစ်ဦးတည်း ရှိနေစဉ် အမြင့်ရှစ်ပေခန့်ရှိ နေအိမ်ထုပ်တန်းတွင် လက်သန်းလုံးခန့်ရှိ ပလတ်စတစ်ကြိုးဖြင့် ကြိုးဆွဲချလျက် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေကြောင်း၊ ယင်းသေမှုသေခင်းကို မိုးကုတ်မြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၉/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ရမည်းသင်းမြို့နယ် ပေါက်တောကျေးရွာရှိ စပျစ်ခြံတွင်လည်း ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီက အမြင့်ရှစ်ပေရှိသော သရက်ပင်ဆုံခွတွင် ဦးစိုးလွင် (၅၃နှစ်) သည် ချည်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက ထပ်မံစစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေခဲ့ကြောင်း ရမည်းသင်းမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းက ပြောကြားသည်။

ယင်းသေမှုသေခင်းနှင့် ပတ်သက်၍ ရမည်းသင်း ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁၀/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ သေမှုသေခင်းများတွင် ကြိုးဆွဲချ သေဆုံးသူ ၉၉ ဦး ရှိပြီ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
The Voice Weekly Myanmar

သာ​ယာဝ​တီ​ပြည်​သူ ၉၅ ​ရာ​ခိုင်​နှုန်း ​ဖွဲ့​စည်း​ပုံ ​ပြင်​ဖို့ ​ဆ​န္ဒ​ပြု


ပဲ​ခူး​တိုင်း ​သာ​ယာဝ​တီ​ခ​ရိုင်​မှာ ​ပြု​လုပ်​တဲ့ ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ဆ​န္ဒ​ရ​ယူ​ပွဲ​မှာ ​တက်​ရောက်​လာ​သူ ​ပြည်​သူ ၉၅ ​ရာ​ခိုင်​နှုန်း​က ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဖို့ ​ဆ​န္ဒ​ပြု​ခဲ့​ကြ​ပါ​တယ်။

အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ပြု​လုပ်​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​ရ​ယူ​တဲ့​ပွဲ​မှာ ​အ​ခု​လို ​ဆ​န္ဒ​ပြု​ခဲ့​ကြ​တာ ​ဖြစ်​တယ်​လို့ ​သာ​ယာဝ​တီ​မြို့​နယ် ​အ​ဖွဲ့​ချုပ်​ရဲ့ ​အ​တွင်း​ရေး​မှူး ​ဦး​ကျော်​နိုင်​ဦး​က ​ပြော​ပါ​တယ်။

“​ဆ​န္ဒ​ခံ​ယူ​ရင်​တော့ ၃ ​သောင်း​ခွဲ​နဲ့ ၄ ​သောင်း​ကြား​ရှိ​တဲ့ ​တက်​တဲ့ ​လူ​ထု​ရဲ့ ၉၅ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဆင်​မယ်​လို့ ​ဆ​န္ဒ​သ​ဘော​ထား​ပေး​တယ်​ခင်​ဗျ။ ၅ ​ရာ​ခိုင်​နှုန်း​က ​အ​သစ် ​ရေး​ဆွဲ​မယ်​လို့ ​ဆ​န္ဒ​သ​ဘော​ထား ​ပေး​ပါ​တယ်။”

ဆ​န္ဒ​ရ​ယူ​ပွဲ​မှာ ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​ဦး​၀င်း​မြင့်​နဲ့ ​အ​ဖွဲ့​ချုပ် ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ဗ​ဟို​အ​ဖွဲ့​၀င် ​ဦး​ဌေး​ဦး​တို့​က ​ဖွဲ့​စည်း​ပုံ​ပါ ​ပြင်​ဆင်​ရ​မယ့်​အ​ချက်​အ​လက်​တွေ​ကို ​ပြည်​သူ​တွေ​ထံ ​ရှင်း​ပြ​ခဲ့​ပါ​တယ်။

အဲ​ဒီ​နောက် ​အ​ဖွဲ့​ချုပ်​ရဲ့ ​နာ​ယ​က ​သူ​ရ​ဦး​တင်​ဦး​နဲ့ ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​တို့​က ​မိန့်​ခွန်း​အ​သီး​သီး ​ပြော​ကြား​ခဲ့​ကြ​ပါ​တယ်။

အ​ပြန်​လမ်း​ခ​ရီး​တ​လျှောက်​မှာ ​သုံး​ဆယ်​နဲ့ ​ဥ​က္ကံ​မြို​တို့​မှာ ​ရှိ​တဲ့ ​ဒေ​သ​ခံ​ပြည်​သူ​တွေ​ကို ​ဥ​က္က​ဋ္ဌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို  ​ဘာ​ကြောင့် ​ပြင်​ဆင်​ဖို့ ​လုပ်​ရ​သ​လဲ ​ဆို​တာ​တွေ ​ရှင်း​လင်း ​ပြော​ကြား​ခဲ့​တယ်​လို့ ​အ​ဖွဲ့​ချုပ်​ရဲ့ ​ဗ​ဟို​ပြန်​ကြား​ရေး​အ​ဖွဲ့​၀င် ​ဦး​ထင်​လင်​ဦး​က ​ပြော​ပါ​တယ်။

ဒီ​ဇင်​ဘာ ၁၄ ​ရက်​က​လဲ ​အ​လား​တူ​အ​ခမ်း​အ​နား​တ​ခု ​ရန်​ကုန်​တိုင်း ​ကော့​မှူး​မြို့​နယ်​မှာ ​ပြု​လုပ်​ခဲ့​ပြီး ​ဒေ​သ​ခံ ​ပြည်​သူ ၉၉ ​ရာ​ခိုင်​နှုန်း​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဖို့ ​ဆ​န္ဒ​ပြု ​ခဲ့​ကြ​ပါ​တယ်။

Byေ​ရွှ​အောင် (DVB Burmese)

လျှပ်စစ်တာဝါတိုင် လုံခြုံရေးရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ ၁ ဦးသေ ၄ ဦး ဒဏ်ရာပြင်းထန်


သျှမ်းပြည်မြောက်ပိုင်း မန့်တုံမြို့နယ်အတွင်းရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲကင်းတစ်ခုကို ယမန်နေ့ အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ပြည်သူ့ ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိသည်ဟု ဒေသခံများကပြောသည်။

၂၀၁၃ ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီ တွင် တိုင်းရင်းသားတပ်ပေါင်းစုဟု ယူဆရသည့် လက်နက် ကိုင်အဖွဲ့က မန့်တုံမြို့နယ် မန့်ပတ်ကျေးရွာရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက်တိုက်ခိုက်ရာမှာ ပွဲချင်းပြီး တဦးသေဆုံးကြောင်း၊ ရဲအရာရှိတဦး တပ်သားတဦး နှင့် ရဲမိသားစုဝင် ၂ ဦးလည်း ဒဏ်ရာ ရရှိကြောင်း၊ ၄င်းတို့အား နမ္မတူမြို့ ဆေးရုံသို့ ပို့ဆောင် ကုသနေကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“ မနေ့မနက်မှာ ပစ်ခံရတာလေ ၊ လာပစ်တဲ့အဖွဲ့ကတော့ ဘယ်အဖွဲ့လဲခုထိ မသိသေး ဘူး၊ တစ်နာရီကျော်ကျော် တော့ အပြန်အလှန်ပစ်ခတ်ကြတာပဲ၊ ရဲဘက်ကတော့ လေးယောက်ဒဏ် ရာရရပြီးနှစ်ယောက်မှာ ဒဏ်ရာ ပြင်းထန်တယ်၊ တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်” ဟု နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

ထိုအပစ်ခံရသော ရဲတပ်ဖွဲ့ဘက်မှ M 21,22 မောင်းပြန်သေနတ် ၄ လက် နှင့် ရိုင်ဖယ်သေနတ် ၂ လက် ဆုံးရှုံးသည်ဟု ရဲတပ်ဖွဲ့များနှင့် နီးစပ်သည့် ဒေသခံ နောက်တဦးကလည်း ပြောသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်သည် TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော်၊ KIA ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၄ နှင့် SSPP/SSA သျှမ်းပြည်တိုးတပ်မတော်တို့ ပူးပေါင်းလှုပ်ရှားသည်။ သီးခြားအတည်ပြုချက်မရသည့် သတင်းအရ ၄င်းတို့ပူးပေါင်းသည့် တပ်ပေါင်းစုတပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ကြသည်ဟုလည်း ဆိုသည်။

TNLA တအာင်း(ပလောင်) အမျိုးသား လွတ်မြောက် ရေးတပ်မတော် နှင့် KIA ကချင်လွတ်လပ်ရေး တပ်မတော်တို့ သည် ငြိမ်းချမ်းရေးတည်ဆောက်ရန်အစိုးရနှင့် ဆွေးနွေးထားဆဲ တပ်ဖွဲ့များဖြစ်၏။

မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သျှမ်းပြည်တိုးတပ်မတော် မှာမူ ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တပ်ဖွဲ့ ဖြစ်သည်။

သျှမ်းသံတော်ဆင့် / စိုင်းလုံ(တောင်ကြီး)

သာယာဝတီ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဆန္ဒ ခံယူပွဲ (ဓါတ်ပုံ)

မမျှမတရေးထားတဲ့ ဥပဒေနဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲ မဝင်သင့်ဖူးလို့ ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် သာယာဝတီမှာ ပြတ်သားစွာ ပြောခဲ့ပြီ (ဓါတ်ပုံ- ထင်လင်းဦး)







ASEAN Sea Games ( ၁၅. ၁၂. ၂၀၁၃ ) ရက်နေ့ လက်ရှိအချိန်အထိ နိုင်ငံအလိုက် ( ၁၃ နာရီ ၃၀ မိနစ် ) ရရှိထားသော ဆုတံဆိပ်စာရင်း


ဂင်းနစ်မှတ်တမ်းဝင် လက်နှစ်ဖက်မပါသော အမျိုးသမီး လေယာဉ်မှူး


မွေးကတည်းက လက်မပါပါဘူ။ ဒါပေမယ့် ကတ္ကသိုလ်မှာ စိတ်ပညာ နဲ့ ကျောင်းပြီးခဲ့ပါတယ်။
ခြေထောက်နဲ့ စာရေးပါတယ်။
ခြေ ထောက်နဲ့ ပဲ စားသောက်ပါတယ် စန္တယားတီးတတ်ပါတယ်။ မျက်ကပ်မှန်ထည့်နိုင်ပါတယ်။
အလှပြင် တတ်ပါတယ်။ ကားမောင်းလိုင်စင်ရှိပြီး ကျွမ်းကျွမ်းကျင် ကျင် မောင်းနှင်နိုင်ပါတယ်။

တိုက်ကွန်ဒိုမှာ ခါးပတ်နက်ရထားပါတယ်။
14 နှစ် အရွယ်ကတည်းကပါ။

အထူးခြားဆုံး ကတော့ လေယာဉ်မောင်းနှင် နိုင်ခြင်း ဖြစ်ပါတယ်။

သူမဟာ ကမ္ဘာပေါ်မှာ လက်မပါပေမယ့် လေယာဉ်မောင်းလိုင်စင်ရတဲ့ အမျိုးသမီး ပိုင်းလော့ တစ်ဦးအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။

နာမည်က Jessica Cox ပါ။

အမေရိကန်နိုင်ငံ၊ အရီဇီုးနားပြည်နယ်၊ Tucson မြို့ ငယ်က အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။

ခုအချိန်မှာ
စိတ်ဓာတ် ကျဆင်းနေသူများကို ပြန်လည်စိတ်ဓာတ်မြင့်တင်ပေးတဲ့ ဖောင်ဒေးရှင်းအဖွဲ့ ထောင်လို့ ကမ္ဘာပတ်နေပါပြီ။

*****သူမဟာ ကြောက် ရွံ့မှု့ ကို
ဖယ် ရှားနိုင် သူပါ
လက် ရှိဘဝ ကို စိတ်မပျက်သူပါ။
ကြိုးစားမှု့ကို အကောင် အထည်ဖော်တတ်သူပါ။
ပြီးတော့ မဖြစ်နိုင် ဘူးဆိုတဲ့ စကားလုံးကို
မယုံကြည်သူပါ။
ငြိမ်းလဲ့

သတ္ထု တူးဖေါ်ရေး Noble Gold ကုမ္ပဏီ ပြင်ဆင်


ဧရာဝတီမြစ်၊ မူးမြစ်နဲ့ ချင်းတွင်းမြစ်တို့ ပေါင်းဆုံတဲ့ မြစ်ဖျား တိုင်းဒေသ က နန့်ဆာစီ ချောင်းဘေးတစ်တလျှောက် နန့်တခွန် သစ်တောကြိုးဝိုင်းထဲမှာ ရှိတဲ့ ဧက သုံးသိန်း မြေနေရာမှာ ရုရှား နိုင်ငံက သတ္တု တူးဖေါ်ရေး ကုမ္ပဏီ တခုဖြစ်တဲ့ Noble Gold ကုမ္ပဏီက သတ္တု တူးဖေါ်ရေး လုပ်ငန်းတွေ လုပ်ဖို့ လေ့လာ နေတာနဲ့ ပတ်သက်လို့ ဒေသခံတွေ က စိုးရိမ်မှု တွေ ပေါ်ထွက် နေပါတယ်။

အဲဒီ နေရာကို ကိုယ်တိုင် ရောက်ခဲ့ပြီး Noble Gold ကုမ္ပဏီရဲ့ ဓါတ်ခွဲ စမ်းသပ်မှုတွေကို မျက်မြင်တွေ့ခဲ့ရတဲ့ ကိုစိုးမိုးက သတ္တု တူးဖေါ်မှုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေ အနေနဲ့ မြစ်ချောင်းတွေ ဆုံတဲ့ နေရာမှာ ငရဲမီး အက်စစ် ကို အမြောက် အမြား သုံးခဲ့ရင် မြစ်ချောင်း ထဲ စီးဝင်ရာက အဆိပ်သင့်နိုင် ကြောင်း ဘီဘီစီကို ပြောပြပါတယ်။

အဲဒီ မှာရှိတဲ့ ကဒူးရွာ ၅ ရွာက ဒေသခံတွေ က တော့ သတ္တု တူးဖေါ်မှုရဲ့ အကျိုးဆက် တွေ ကို သိပ် မသိကြပဲ Noble Gold ကုမ္ပဏီ က လေ့လာမှု ကန်ထရိုက် သက်တမ်း အပြီး သတ္တု တူးဖေါ်မှုတွေ လုပ်လာတဲ့ အခါကျရင် သူတို့ရဲ့ ရွာတွေ ရွှေ့ပြောင်း ပေးရမှာ ကို တွေးပြီး စိုးရိမ် နေကြတယ်လို့ ဆိုပါတယ်။

Noble Gold ကုမ္ပဏီဟာ အဲဒီ ဒေသမှာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ လေ့လာမှု survey တွေ လုပ်နေတာ ၂၀၁၀ခုနှစ် ကတည်းက ဖြစ်ပြီး လာမယ့် ၂၀၁၄ ခုနှစ် မှာ လေ့လာမှု ကန်ထရိုက် သက်တမ်း ပြည့်မှာ ဖြစ်ပါတယ်။ အဲဒီ ဒေသမှာ Noble Gold ကုမ္ပဏီ အပါအဝင် သတ္တု တူးဖေါ်မှု လုပ်ငန်းတွေ မလုပ် နိုင်အောင် ဒီကိစ္စ ကို သယံဇာတ ကော်မတီဝင် လည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သူမှ တဆင့် လွှတ်တော် မှာ၊ လာမယ့် နှစ် ဇန္နဝါရီလ လယ် လောက်မှာ တင်ပြဖို့ စီစဉ် နေကြောင်း ကိုစိုးမိုး က ဘီဘီစီ ကို ပြောပါတယ်။

BBC Burmese

ရလလဖ (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေးနေ့ အခမ်းအနား ပအိုဝ့် အမျိုးသားအဖွဲ့ချုပ် ကန့်ကွက်


ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ချုပ် (ရလလဖ) ၏ (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနား ကျင်းပမှုကို ပအိုဝ့် အမျိုးသား အဖွဲ့ချုပ် (PNO) က ကန့်ကွက်ခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် ရလလဖ ဗဟိုဌာန ဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြိုနယ် နောင်ထောဝ် ကျေးရွာတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် PNO က အခမ်းအနား မပြုလုပ်ရန် စာပေးပို့ အကြောင်းကြားခဲ့ကြောင်း ဦးခွန်စိန်ရွှေက ပြောကြားသည်။
“အခမ်းအနားကို သူတို့ခွင့်ပြုချက် မရှိဘဲ မလုပ်ရဘူး ဆိုပြီးတော့ ရေးသားထားတယ်။ ပအိုဝ့်ဒေသကို ပအိုဝ့် လူမျိုးတိုင်း ပိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး PNO သို့ ဆက်သွယ် မေးမြန်းရာတွင် “ဟုတ်ပါတယ်။ ဒါက အထက်က အမိန့်ပေးထားတာပါ။ ဘာပဲလုပ်လုပ် ခွင့်ပြုချက်ယူဖို့ပါ” ဟု PNO ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပအိုဝ့် တိုင်းရင်းသားများ တန်းတူ အခွင့်အရေးအတွက် ရလလဖ ပအိုဝ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးကို ၁၉၆၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး တပ်မတော် အစိုးရကို လက်နက်ကိုင် တိုက်ခိုက်ခဲ့သော်လည်း ၁၉၇၃ ခုနှစ်တွင် ရလလဖ အတွင်းမှ PNO က ခွဲထွက်ခဲ့သည်။

ရလလဖ သည် တပ်မတော်အစိုးရကို ဆက်လက် တော်လှန် တိုက်ခိုက်ခဲ့ပြီး ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း ဌာနချုပ် တည်ရှိရာ နောင်ထောဝ်ကျေးရွာ အသိမ်းခံရချိန်တွင် အပြီးအပိုင် လက်နက်ချခဲ့သည်။

အဆိုပါ နှစ်ရက်တိုင် ကျင်းပခဲ့သော (၆၄) နှစ်မြောက် ပဒေသရာဇ် ဆန့်ကျင်ရေး အခမ်းအနားသို့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကယန်း ပြည်သစ်ပါတီ၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂနှင့် တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေး ကို ဆွေးနွေးခဲ့ကြသည်။
The Voice Weekly Myanmar

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာ၌ ယဉ်တိုက်မှုဖြစ်ပွား အဖွားအို တစ်ဦး သေဆုံး


ကျွန်းစုမြို့နယ်ကံမော်ကျေးရွာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ(၁၀) ရက် နံနက် (၈)နာရီ အချိန်တွင် ကံမော်ကျေးရွာ အရှေ့ပိုင်း၌ အမျိုးသမီး တစ်ဦးအားယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးကံမော်တိုက်နယ်ဆေရုံ၌ တက်ရောက် ဆေးကုသ ခံယူနေစဉ်  ဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့သည်။

ဖြစ်စဉ်မှာကံမော်ကျေးရွာရှိ အေးမြသာယာ ဘုန်းတော်ကြီး ကျောင်းပိုင်အီဇူးဇူး အမျိုးစား ယဉ်အမှတ် G1/YGN 3191 အပြာရောင် ဒိုင်နာယဉ်သည် သဲတင်ရန် အတွက် ကံမော်ရွာ အရှေ့ပိုင်း၌ ရပ်နားထားရာ ယဉ်မောင်းဖြစ်သူ ကိုစိုးအောင်မှာ ကားနံဘေး၌ ရပ်နေစဉ် ယုလွင် အသက် (၄၂) နှစ်၊ (ဘ) ဦးအိုထွေး၊ ဗမာ/ဗုဒ္ဓ ကံမော်ကျေးရွာ နေသူသည် ကားအား သော့ဖွင့် တက်ရောက် မောင်းနှင်ရာ ကားမှာ အရှိန်မထိန်းနိုင်ဘဲမျက်နှာချင်းဆိုင် လမ်းဘေးမှ လမ်းလျောက်လာသူ ဒေါ်ဖြူထွန်း အသက် (၈၉) နှစ်၊(ဘ) ဦးဖြူသက်၊ ဗမာ/ဗုဒ္ဓ ကံမော်ရွာ နေသူအား ၀င်ရောက် တိုက်မိခဲ့ပြီးယာဉ်မှာ တိမ်းမှောက်သွားခဲ့သည်။

၎င်းယဉ်တိုက်မှုကြောင့် ဒေါ်ဖြူထွန်းမှာ ပေါင်နှင့် ဒူးနှစ်ဖက်စလုံး ကျိုး၍ ဘယ်ဘက် လက်ပါကျိုးပြီး ၀မ်းဗိုက် ထိခိုက် ဒဏ်ရာ အသီးသီး ရရှိကာ ကံမော် တိုက်နယ်ဆေရုံ၌ တက်ရောက် ဆေးကုသခံယူနေစဉ် ၂၀၁၃ခုနှစ် ဒီဇင်ဘာလ (၁၀) ရက် (၁၀း၅၀) အချိန်တွင် ရရှိထားသော ဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့သဖြင့်ကံမော် နယ်မြေ ရဲခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။

ကျွန်းစုပြန်/ဆက်
မြိတ်ပုလဲမြေ

လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း တေးဂီတအဖွဲ့ မြိတ်မြို့တွင်း လှည့်လည် ဖျော်ဖြေ ပထမနေ့တွင် အလှူငွေ (၂၂)သိန်းကျော် ရရှိ


မြိတ်မြို့နယ် အတွင်း အခမဲ့ ပညာရေး၊ ကျန်းမာရေးနှင့် အခြားပရဟိတ လုပ်ငန်းများ အတွက် ရည်ရွယ်၍ မြိတ်ခရိုင်(၈၈) မျိုးဆက် ကျောင်းသား ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းနှင့် မြိတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးနှင့် ကျန်းမာရေး ကွန်ယက် တို့ ပူးပေါင်း၍  အဆိုတော် ရဲလွင် ဦးစီးသော လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း တေးဂီတ ဖျော်ဖြေပွဲကို ဒီဇင်ဘာလ(၁၂)ရက် နံနက်(၉း၃၀)နာရီတွင် စတင်၍ မြိတ်မြို့ပေါ်ရှိ  လူစည်ကားသည့် နေရာများတွင် ပြုလုပ် ကျင်းပခဲ့သည်။

၎င်းတေးဂီတပွဲသို့ တေးဂီတ ၀ါသနာပါ သူများ လာရောက် အားပေးခဲ့ ကြပြီး အလှူငွေများ လှူဒါန်းခဲ့ရာ ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် အလှူငွေ (၂၂)သိန်းကျော် ရရှိခဲ့ကြောင်း သိရှိရသည်။  လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း တေးဂီတ ဖျော်ဖြေရေး အဖွဲ့မှ အလှူခံ ရရှိသော ငွေအားလုံး ကို မြိတ်မြို့နယ် အတွင်း အခမဲ့ပညာရေး၊ ကျန်းမာရေး နှင့် အခြားပရဟိတ လုပ်ငန်းများ အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပန်းရဲ့လမ်း ဖျော်ဖြေရေး အစီအစဉ်များအား ဒီဇင်ဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့ အထိ မြိတ်မြို့ပေါ် ရပ်ကွက်များတွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ

အမျိုးသမီး တစ်ဦး ဒဏ်ရာများနှင့် သေဆုံး


၂၀၁၄ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် (၇)နာရီ (၃၀) မိနစ် အချိန်တွင် တွင် မြိတ်မြို့ စန္ဒကျေးရွာ အုပ်စု ကျွဲကူးကျေးရွာ တပ်ဦး တောရကျောင်း အနောက်ဘက်တွင် အမျိုးသမီး တစ်ဦး ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း သတင်းရ၍ ကျွဲကူး ရဲစခန်းမှ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဒေါ်မြတ်မြတ်မိုး  ၊ အသက် (၄၅)နှစ်၊ (ဘ) ဦးကျော်မြင့် ၆/မအရ(နိုင်) ၀၁၀၇၁၉ တကူသံတိုက်ရွာ တနင်္သာရီ မြို့နယ်တွင် နေထိုင်သူ  ၄င်းမှာ စိတ်ဝေဒနာ အနည်းငယ် ခံစား နေရကြောင်း သိရှိရသည်။

သေဆုံးသူမှာ ဦးခေါင်းနှင့် မျက်နှာ များတွင် ပွန်းပဲ့ ဒဏ်ရာများ ၊ နားသွေးထွက် ဒဏ်ရာများနှင့်  နံရိုး (၂) ချောင်း ကျိုးပြီး သေဆုံး နေသည်ကို တွေ့ရှိရပြီး အလောင်းအား ရင်ခွဲရုံသို့ ပေးပို့ပြီး စစ်ဆေးချက်အရ ရရှိသော ဒဏ်ရာများမှာ ယဉ်တစ်စီးစီးဖြင့် တိုက်မိ ပြုတ်ကျရာမှ ရရှိသော ဒဏ်ရာ ဖြစ်နိုင်ကြောင်းနှင့် ယာဘက် နံရိုး (၂)ချောင်း ကျိုးခဲ့သော်လည်း ဦးခေါင်း ဒဏ်ရာကြောင့် ဦးနှောက် အတွင်း သွေးယိုစီး မှုကြောင့် သေဆုံးခြင်း ဖြစ်ရကြောင်း သိရသည်။

ထိုအမှုနှင့် ပတ်သက်ပြီး ဒေါ်မြတ်မြတ်မိုးအား သေဆုံးစေသူ ယာဉ်မောင်းအား စုံစမ်းစစ်ဆေးနိုင်ရန် အတွက် မြိတ်မြို့မ ရဲတပ်ဖွဲ့ စခန်းမှ (ပ) ၆၄၈ / ၂၀၁၃ ၊ ပြစ်မှု ပုဒ်မ ၃၀၄ (က)/ ၂၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ

ဗိုလ်ချုပ်ခင်ညွန့် ဘယ်သူ့ကို တောင်းပန်ရမလဲ၊ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေ စစ်ကြောရေးမှာ ဘယ်လိုဘယ်ပုံ နှိပ်စက်ခဲ့သလဲ ... ဆရာကြီး ဦးဝင်းတင် ပြောပြီ


ငြိမ်ဆေးများ


နာဂစ်ဥပဒေနဲ့ အမတ်ဖြစ်ချင်သူ
အမတ်ဖြစ်ခွင့်ပေးမည်။

လက်နက်စွန့်ပြီး ပါတီထောင်ချင်သူ
ပါတီထောင်ခွင့်ပြုမည်။

အတုအယောင်ငြိမ်းချမ်းရေးအတွက် ကားပါမစ်လိုချင်သူ
ကားပါမစ်ပေးမည်။

နိုင်ငံရေးစွန့်ပြီး ကုမ္ပဏီထောင်ချင်သူ
ကုမ္ပဏီထောင်ခွင့်ပြုမည်။

အန်ဂျီအိုထောင်ပြီး လုပ်စားချင်သူ
လုပ်စားခွင့်ပေးမည်။

ကမ္ဘာပတ်ပြီး ဆုယူချင်သူ
ဆုယူခွင့်ပြုမည်။

ကမ္ဘာပတ်ပြီး မိန့်ခွန်းခြွေချင်သူ
မိန့်ခွန်းခြွေခွင့်ပေးမည်။

ကမ္ဘာပတ်ပြီး ဖက်ရှင်အလှပြချင်သူ
ဖက်ရှင်အလှပြခွင့်ပြုမည်။

လေပုပ်လေဆိုးတွေ ထွက်တဲ့အထိ ပွင့်လင်းချင်သူ
ပွင့်လင်းခွင့်ပေးမည်။

မြန်မာပြည်မက ကမ္ဘာပတ်ပြီး စာပေဟောပြောချင်သူ
စာပေဟောပြောခွင့်ပြုမည်။

အထိမ်းအမှတ်တွေ၊ အခမ်းအနားတွေ ကျင်းပပြီး အလွမ်းသယ်ချင်သူ
အလွမ်းသယ်ခွင့်ပေးမည်။

ဘာပွဲတော် ညာပွဲတော်တွေ ကျင်းပပြီး အပျော်ကျူးချင်သူ
အပျော်ကျူးခွင့်ပြုမည်။

---------------

------------------------

ပြည်သူ့နစ်နာဆုံးရှုံးမှုအတွက် တောင်းဆိုပေးချင်သူ
ပြည်တွင်းငြိမ်းချမ်းရေး တောင်းဆိုချင်သူ
ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်ချင်သူ
ကြည်ညိုစရာမကောင်းတဲ့ အစိုးရကို အကြည်ညိုပျက်စေသူ
မတရားတဲ့ ဥပဒေပုဒ်မတွေ ဖျက်သိမ်းဖို့ တောင်းဆိုသူ
စစ်အုပ်စုအကျိုးစီးပွားပျားအုံကြီးကို တုတ်နဲ့ထိုးသူ
ရေမရောတဲ့ ဒီမိုကရေစီစစ်စစ်လိုချင်သူ
(လာထား ... လာထား ...)
အင်းစိန်တောရ ...
အိုးဘိုတောရ ...
... တောရပေါင်းစုံတွင် တရားအားထုတ်ခွင့်ပြုမည်။ ။

drlunswe

အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် ရှေ့ရှုစဉ်းစားလုပ်ဆောင်တယ်ဆိုရင် တပ်မတော်ထောက်လှမ်းရေးများအားလုံးကိုလည်း ပြန်လွှတ်ပေးစေချင် ...


“တပ်မတော်ထောက်လှမ်းရေးများ နိုင်/ကျဉ်းစာရင်းတွင် ထည့်သွင်းမည်မဟုတ်” ဆိုတဲ့ သတင်းတပုဒ် မနေ့က Mizzima မှာ ဖတ်လိုက်ရတဲ့အပေါ် ကျနော့်စိတ်ထဲ ရိုးသားစွာ ဘ၀င်မကျဖြစ်မိပါတယ်။ နိုင်/ကျဉ်းစိစစ်ရေးကော်မတီ အဖွဲ့ဝင်တဦးကတော့ “သူတို့ ထောင်ကျတာက အာဏာပြိုင်မှုပုဒ်မတွေ၊ အဂတိတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ကျကြတာ” မို့ မစဉ်းစားကြောင်း ပြောပါတယ်။

ကျနော့်တဦးတည်းအမြင်အရ ဦးသိန်းစိန်အစိုးရမင်းတွေနဲ့ နိုင်/ကျဉ်းစိစစ်ရေးကော်မတီအဖွဲ့ဝင်တွေကို အကြံပြုလိုတာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို (အမှန်တကယ်) ရှေ့ရှုစဉ်းစားလုပ်ဆောင်တယ်ဆိုရင် ဦးခင်ညွန့်ရဲ့တပ်မတော်ထောက်လှမ်းရေးတွေကို နိုင်/ကျဉ်းအဖြစ် မသတ်မှတ်ရင်တောင် ထောင်ကနေ ပြန်လွှတ်ပေးဖို့ စဉ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဒီလိုအကြံပြုလို့ ဖွဘုတ်မိတ်ဆွေတွေက ကျနော့်ကို “ခင်ဗျားက ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်တာ ကိုယ်တိုင်မှ မခံရတာပဲ။ ခံခဲ့ရတဲ့ နိုင်/ကျဉ်းတွေအပေါ် ဘယ်ကိုယ်ချင်းစာနိုင်မလဲ” လို့ မေးခွန်းထုတ်ချင်ကြလိမ့်မယ် ထင်ပါတယ်။

ဟုတ်ပါတယ်၊ ကျနော်ကိုယ်တိုင်တော့ ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်တာ မခံခဲ့ရဖူးပါဘူး။ ဒါပေမယ့် အဲဒီအချိန်က မန္တလေးဆေးကျောင်းတက်နေတဲ့ ကျနော့်ညီအရင်း(နို့ညှာ)တယောက်တော့ ဦးခင်ညွန့်ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်လို့ အပြစ်မရှိဘဲ ထောင် ၇ နှစ်ချခံရပြီး မန္တလေး အိုးဘိုထောင်နဲ့ မြင်းခြံထောင်တွေမှာ ၄ နှစ်ကျော်နေခဲ့ရပါတယ်။ သူ ထောင်ကျတော့ ကျနော်လည်း ရန်ကုန်ကနေ မန္တလေးနဲ့ မြင်းခြံအထိ ထောင်ဝင်စာ အကြိမ်ကြိမ် သွားတွေ့ရတဲ့ အလုပ်ပျက်အကိုင်ပျက်ဒုက္ခတွေကို အလီလီ ကြုံတွေ့ခဲ့ရသူမို့ ဦးခင်ညွန့်ရဲ့စစ်ထောက်လှမ်းရေးတွေ နှိပ်စက်တဲ့ဒဏ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ခံစားခဲ့ဖူးသူလို့တော့ ဆိုနိုင်ပါတယ်။

မည်သို့ပင်ဆိုစေ ကျနော့်တဦးတည်းအမြင်ကတော့ အဲဒီအချိန်က “တူ” နေရာကနေ နိုင်/ကျဉ်းတွေကို နှိပ်စက်ခဲ့ကြတဲ့ ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေရော “ပေ” အဖြစ် ညှဉ်းပန်းနှိပ်စက်မှုတွေ ခံစားခဲ့ကြရတဲ့ နိုင်/ကျဉ်းတွေအားလုံးရော စစ်အာဏာရှင်စနစ်ဆိုးရဲ့ သားကောင်တွေလို့ပဲ မြင်မိပါတယ်။

တနည်းအားဖြင့်ဆိုရရင် မြန်မာပြည်သူတွေ ကံဆိုးမိုးမှောင်ကျခဲ့ကြတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး (ရင်နင့်ကြေကွဲဖွယ်ရာပြဇာတ်ကြီး) ထဲမှာ ဦးခင်ညွန့်နဲ့ သူ့ရဲ့စစ်ထောက်လှမ်းရေးတွေက “တူ” နေရာကနေ ကပြအသုံးတော်ခံခဲ့ရပြီး နိုင်/ကျဉ်းတွေအားလုံးက “ပေ” နေရာကနေ ကပြအသုံးတော်ခံခဲ့ရသူတွေလို့လည်း ပြဇာတ်ဆန်ဆန် ရှုမြင်မိပါတယ်။

ဒါပေမယ့် အခုအချိန်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန်တကယ် အလေးထား စဉ်းစားပြီဆိုရင်တော့ နစ်နာခဲ့မှုတွေ၊ နာကြည်းချက်တွေကို မေ့ဖျောက်ပြီး စစ်အာဏာရှင်စနစ်ဆိုးရဲ့ သားကောင်တွေဖြစ်ခဲ့ကြတဲ့ ဦးခင်ညွန့်ရဲ့စစ်ထောက်လှမ်းရေး(တူ)တွေအားလုံးရော၊ နိုင်/ကျဉ်း(ပေ)တွေအားလုံးကိုပါ စနစ်ဆိုးထဲကနေ အတူတကွ လွတ်မြောက်စေလိုတဲ့အနေနဲ့ ထောင်ကနေ အကုန်လွှတ်ပေးဖို့ လေးစားစွာ အကြံပြုလိုက်ရပါတယ်။

ဦးခင်ညွန့်အပါအ၀င် ပြန်လွတ်လာမယ့် ထောက်လှမ်းရေးအားလုံးကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို တန်းဖိုးထားလေးစားတဲ့အနေနဲ့ ဆရာကြီးဦးဝင်းတင် ပြောခဲ့သလို သူတို့ကြောင့် ဒုက္ခအဖုံဖုံ ခံစားခဲ့ကြရတဲ့ နိုင်/ကျဉ်းတွေ၊ ဘ၀ပျက်ခဲ့ရတဲ့ ပြည်သူတွေကို ၀န်ချတောင်းပန်ဖို့နဲ့ အမှားကျူးလွန်ခဲ့တဲ့ သူတို့ကိုယ်သူတို့လည်း တောင်းပန်ဖို့ လိုမယ်လို့ အကြံပြုချင်ပါတယ်။

(နိုင်/ကျဉ်းစိစစ်ရေးကော်မတီအဖွဲ့ဝင်တဦး ပြောတဲ့ “သူတို့ ထောင်ကျတာက အာဏာပြိုင်မှုပုဒ်မတွေ၊ အဂတိတိုက်ဖျက်ရေးပုဒ်မတွေနဲ့ ကျကြတာ” ဆိုတဲ့ အကြောင်းပြချက်ကတော့ အဲဒီခေတ်က လူတယောက်ကို ထောင်ချချင်ပြီဆိုရင် ဂျပိုးကို လိပ်ဖြစ်အောင် အမှုဆင်ခဲ့တဲ့ခေတ်ဖြစ်တာရယ်၊ အခေါင်အချုပ်ဖြစ်တဲ့ ဦးခင်ညွန့်ကိုတောင် အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးထားပြီမို့ လျှော့ပေါ့စဉ်းစားလို့ ရမယ်ထင်ပါတယ်။)

အားလုံးသို့လေးစားစွာဖြင့် ...
drlunswe

ဖိုးလပြည့်၊ မိုးစက်ဝိုင်တို့အတွက် UCL facebook အက်ဒမင် တုံ့ပြန်ရေး


ဗိုလ်ချုပ်မှူးကြီးရဲ့ မြေး၊တက္ကသိုလ်များ ချံပီယံ လိဂ် UCL ရဲ့ ဥက္ကဋ္ဌ နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်
ရဲ့ ကိုယ်စား UCL ရဲ့ ဖေ့စ်ဘုတ် အက်ဒမင်အဖွဲ့က ဖိုးလပြည့်၊ မိုးစက်ဝိုင်တို့နဲ့ ပတ်သက်တဲ့ ဆီးဂိမ်း ဖွင့်ပွဲမှာ ဝင်ခွင့် ကတ်ပြား ပါတယ်၊ မပါဘူး ဆိုတဲ့ ကိစ္စ စာရှည်တခု ရေးသားထားပါတယ်။

ချစ်ခင်လေးစားရပါသော အားကစားဝါသနာရှင်ပရိသတ်များခင်ဗျာ....

ဒီတစ်ခါစာရေးမှာကတော့ ဥက္ကဌ မဟုတ်ပဲကျွန်တော်တို့ Admin Team ကိုယ်တိုင်ပဲဖြစ်ပါတယ်။

အမိ မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်စွာကျင်းပယှဉ်ပြိုင်လျက်ရှိတဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်း(စ)ပြိုင်ပွဲကြီး နဲ့ပတ်သက်ပြီး နည်းနည်းလောက်ရေးသားတင်ပြပါရစေ။မြန်မာပြည်သူတစ်ရပ်လုံးက ရင်ခုန်စိတ်လှုပ်ရှား စွာစောင့်ကြိုနေကြတဲ့ (၂၇) ကြိမ်မြောက် ဆီးဂိမ်း(စ)ပြိုင်ပွဲကြီးဟာ ၁၁/၁၂/၂၀၁၃ ကစလို့တရားဝင် ကျင်းပ ဖွင့်လစ်လိုက်ပြီဖြစ်သလို ပြည်သူတစ်ရပ်လုံးကလည်း အထူးပဲစိတ်ဝင်တစား၊ နှစ်ခြိုက်စွာ အားပေး ခဲ့ တာကို ပရိသတ်ကြီးအသိပဲဖြစ်ပါတယ်။

ဒီနေရာမှာလက်တစ်ဆုတ်စာသော အဆိုးမြင်ဝါဒီများ ပြိုင်ပွဲကြီးနဲ့ပတ်သက်ပြီး ဖျက်လိုဖျက်ဆီးပြောနေကြ တာကို ကျွန်တော်များ Admin Team အဖွဲ့ကမနေနိုင်မထိုင်နိုင် ရေးသားတင်ပြပါရစေ။

(၁) အာဆီယံနိုင်ငံတိုင်းဟာ မိမိတို့အိမ်ရှင်ဖြစ်တာနဲ့အမျှ မိမိတို့နှစ်သက်တဲ့ ကစားနည်းကိုထည့်သွင်း ယှဉ်ပြိုင်ခွင့်ရှိသလို ဒါကိုလည်အိမ်ရှင်အဖြစ်ကျင်းပခွင့်ရတဲ့နိုင်ငံတိုင်းက အခွင့်အရေးတစ်ရပ်အနေ နဲ့အမြဲတန်းအသုံးချခဲ့ပါတယ်။

မြန်မာနိုင်ငံက နှစ်ပေါင်း(၄၄)နှစ်ကြာမှပြန်ကျင်းပခွင့်ရခဲ့တဲ့ ဒီပြိုင်ပွဲကြီးမှာ ကစားနည်းတချို့ဖြုတ်တာ၊ ထည့် တာ ဟာအိမ်ရှင်အခွင့်အရေးကို နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် မျှတစွာအသုံးချခြင်းသာဖြစ်ပါ တယ်။ အဆိုးမြင်သမားများကတော့ မြန်မာရွှေရတော့လဲရလို့ မရတော့လည်းမရလို့ ဝန်တိုစိတ်ကြီး စွာပြောဆိုနေကြမှာ မြင်ယောင်ပါသေးတယ်။

(၂) ဆီးဂိမ်း(စ)ပြိုင်ပွဲကြီး ခမ်းနားစွာကျင်းပလိုက်လို့ တရုတ်တွေလွှမ်းမိုး သွားပြီ၊ ပြည်သူ့ပိုက်ဆံတွေ ကုန်ပါပြီလို့ အချေအမြစ်မရှိတဲ့စွပ်စွဲချက်များလည်းတွေ့ရပါတယ်။

ဘယ်ဖွံ့ဖြိုးဆဲ နိုင်ငံမဆို ဒီလိုနိုင်ငံ့ ဂုဏ်ဆောင်ပြိုင်ပွဲကြီးကျင်းပခွင့်ရခဲ့ရင် အီသီယိုးပီးယားကဖြစ်ဖြစ်၊ ဆိုမားလီးယားကဖြစ်ဖြစ် ဘယ်နိုင်ငံကမှ အရှက်ကွဲခံပြီး စုတ်တီးစုတ်ပြတ်ကျင်းပမှာမဟုတ်ပါဘူး။

မီးရှူးဖောက်တဲ့နေရာမှာ တရုတ်ကိုဘယ်သူမှ မမှီမှန်းလူတိုင်းသိပါတယ်၊ ဘေဂျင်းအိုလံပစ်ကို သူတို့ ဘယ်လို ကျင်းပခဲ့လဲ လူတိုင်းသိပါတယ်။

ဒါ့အပြင် VIP ခုံရှေ့(ကွင်းအတွင်း)မှာ ငုတ်တုတ်ထိုင်နေတဲ့ ဘိုအဖွဲ့၊ ပြိုင်ပွဲကြီးအတွက်အထူးအရေးပါတဲ့ Lighting နဲ့ Video ကိုရိုက်ကူးရေးလုပ်နေကြတဲ့ အဖွဲ့ဟာ အမေရိကန်နိုင်ငံက Grass valley ဆိုတဲ့ ကုမ္ပဏီကြီးဖြစ်မှန်းနောက်မှသိရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ Admin Team ကပြိုင်ပွဲကြီးကို ခမ်းနားကြီးကျယ်စွာ အရှေ့တိုင်းရော၊ အနောက်တိုင်း အကူအညီရောရယူပြီး မြန်မာကိုကမ္ဘာ သိစေခဲ့တဲ့၊ ပြည်သူလူထုအာပေးရကြိုးနပ်စေခဲ့ တဲ့ နိုင်ငံတော်အစိုးရအပါအဝင် တာဝန်ရှိသူများအားလုံးကိုကျေးဇူးအထူးတင်ကြောင်းပြောပါရစေ။

(၃) ကျွန်တော်တို့ ဥက္ကဌအပါအဝင် လူအချို့ကိုကတ်ပြားမပါပဲလာတယ်၊ ဘာညာဖြင့် ထုံးစံ အတိုင်း လုပ်ကြံပြောဆိုနေကြတာတွေ့ရပါတယ်။ ကျွန်တော် ကိုဖိုးလပြည့်ကို အဖွင့်ပွဲနေ့က ဓာတ်လှေကားနား မှာတွေ့လို့ ဓာတ်ပုံရိုက်ထားတာကို တင်ပေးလိုက်ပါတယ်(နည်းနည်းဝါး သွားရင်ခွင့်လွှတ်ပါ)။

သူကတ်ပြားမရှိဘူး/မပါဘူး ဆိုတာဖြစ်နိုင်ပါ့ မလား ဗျာ။ တက္ကသိုလ်ဘောလုံးပွဲတောင် သူပြန်စပေးခဲ့ တာပဲ၊ မြန်မာ့သမိုင်းမှာ တစ်ခါမှအစဉ်အလာ မရှိဘူးပဲ နဲ့ ကျောင်းသားဘောလုံးပွဲတောင် Live ပြနိုင်
အောင် သူကြိုးစားပေးခဲ့တာပဲ။

ပွဲလာကြည့်တဲ့လူအားလုံး ကတ်မပါရင် ကွင်းထဲလူမပြောနဲ့ ကားတောင်ပေးမဝင်တာ လာကြည့်တဲ့ ပရိသတ် အသိဆုံးပါ။

သူ့နဲ့အခြားပွဲလာကြည့်သူများအနေနဲ့ ကတ်ကိုခဏဖြုတ်ထားတာလား၊ သိမ်းထား တာလားမသိပဲနဲ့ ရမ်းသမ်းပြောဆိုနေတာတွေတွေ့လို့ သူအပါအဝင် ခေတ္တကတ်ပြားမဆွဲထားတဲ့ လူ အချို့ဓာတ်ပုံများကို တင်ပေးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ်ဗျာ၊ မြန်မာပြည်ကိုတကယ်ချစ်မြတ်နိုးတဲ့လူတိုင်း ဆီးဂိမ်း(စ)ကြီးကိုကြိုဆိုအားပေးကြတာ လူတိုင်းအသိပါဗျာ။

အခုလို အမိမြေအတွက် မင်္ဂလာအရှိဆုံးအချိန်အခါမှာ မြန်မာပြည်သားအချင်းချင်း သံသယ၊ ဝန်တိုစိတ် များ ဘေးဖယ်ထားပြီး မြန်မာပြည်ကိုယ်စားပြုအားကစားသမားများကို လှိုက်လှိုက် လှဲလှဲအားပေး၊ဂုဏ်ပြု သွားကြပါဆို့လို့ တိုက်တွန်းရင်း.....

We are Myanmar...We will be moving forward...We will achieve every single success for our mother land !!!!

အပေါ်က ဓာတ်ပုံတွေကို UCL အက်ဒမင်အဖွဲ့က အခုလို ညွှန်းဆိုထားပါတယ်။

ပုံ(၁) - ကိုစိုင်းစည်တွမ်ခမ်း နှင့် ကိုနေရွှေသွေးအောင် တို့ကိုကတ်ပြားမပါဘဲတွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ပုံ(၂) - ကိုနေရွှေသွေးအောင် လည်ဆွဲကတ်ဖြင့် ဓာတ်လှေကားမှထွက်လာစဉ်

ပုံ(၃) - မိုးစက်ဝိုင်နှင့် သူမ၏မိခင်ကို ကတ်ပြားမပါဘဲတွေ့ရစဉ်/ မိုးစက်ဝိုင်ကိုကတ်ပြားဖြင့်တွေ့ရစဉ်

ပုံ(၄) - ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် လာရောက်အားပေးသူတချို့ကို အကြောင်း အမျိုးမျိုးကြောင့် ကတ်ပြား မပါဘဲတွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ နှင့် မြန်မာ့အသံ)


အခုလို UCL ဖေ့စ်ဘုတ် အက်ဒမင်က ရေးသား တင်ပြသွားတာအပေါ် ဝေဖန်နိုင်ဖို့ ဆင်ခြင်နိုင်ဖို့ ဧရာဝတီ က ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။


အိမ့်သံစဉ်
ဧရာဝတီ သတင်း Myanmar News

ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ


လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။

ဝမ်းချုပ်တာက သင်စားတဲ့ အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။

၁။ စပျစ်သီး

ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂ လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ထဲက စပျစ်သီးကို ဝါးစားပါ။ ဝမ်းချုပ်တာကို ကာကွယ် ပေးနိုင်ပါတယ်။

၂။ သေဘာၤသီး

သေဘာၤသီးက ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။

၃။ ချင်း (ဂျင်း)

ချင်းကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ချင်းခြောက်မှုန့်နဲ့ ပွေးကိုင်းရွက်မှုန့် တို့ကို ဆတူ ရောထားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက် အိပ်ရာထတဲ့အခါ ဝမ်းပျော့ပျော့ သွားပါလိမ့်မယ်။

၎။ မာလကာသီး

မာလကာသီး ၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ဝမ်းမချုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ဝါးစားဖို့တော့ လိုပါတယ်။

၅။ ဂေါ်ဖီထုပ်

အမျှင်ဓာတ် များစွာပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ဝမ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ် သောက်ပေးပါ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။

၆။ ဗာဒံစေ့ဆီ

ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာမဝင်ခင် သောက်ပေးပါ။ ဝမ်းမချုပ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

၇။ သံပရာသီး

သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေကို အရည်ညှစ်ပါ။ တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။ ဝမ်းချုပ်တာ မဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။

၈။ စွန်ပလွံသီး

စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ ရေနွေး ပူပူအစား နွားနို့ပူပူကို အသုံးပြုလို့လည်း ရပါတယ်။

၉။ ပန်းသီး

ပန်းသီးက ဝမ်းချုပ်တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ဝမ်းကို ရှောရှောရှူရှူ သွားစေပါတယ်။

၁ဝ။ ဥသျှစ်သီး

ဥသျှစ်သီး စားပေးတာက ဝမ်းပျော့ပျော့ သွားစေတာကြောင့် ဝမ်းချုပ်တတ် သူတွေ စားပေး သင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
မြ၀တီ

လက်နက်ကိုင်အဖွဲ့စည်းတစ်ခုမှ ဗိုလ်ကြီးဟုဆိုကာ ငွေတောင်းခြိမ်းခြောက်မှု တစ်ခုဖြစ်ပွား


ပဲခူးမြို့၊အမှတ်(၃)ရဲစခန်းအပိုင်၊ဥဿာမြို့သစ်(၈)ရပ်ကွက်၊နယ်မြေ(၂၄) မြို့ရှောင်(၁၀)လမ်း၊ခြံအမှတ်(၆၁၄)တွင်(၉.၁၂.၂၀၁၃)နေ့ နံနက်(၉း၀၀) အချိန်တွင် (အယောင်ဆောင်)၍ ခြိမ်းခြောက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ

ဥဿာမြို့သစ်(၈)ရပ်ကွက်၊နယ်မြေ(၂၄) မြို့ရှောင်(၁၀)လမ်း၊ ခြံအမှတ် (၆၁၄)အား ပိုင်ရှင်ဖြစ်သူဒေါ်ရင်ဆွေ(၆၀)နှစ်၊(ဘ)ဦးညွှန့်မောင်၊မူအုပ်ငြိမ်း မ/၁၀၁၁ နယ်မြေ(၁၇)၊ ရပ်ကွက်ကြီး(၅)ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူမှာ ၄င်းခြံကွက်အား ခြံစည်းရိုးခတ်၍ အိမ်ဆောက်ရန်ပြင်ဆင်ဆောင်ရွက်ရန် စောကျော်စွာမင်း(ခ)ဇေယျာမင်း၊(ဘ)ဦးကျော်တင်၊ ကရင်/ဗုဒ္ဓ၊ဥယျာဉ်ခြံ မြို့ရှောင်(၁၀)လမ်း၊မ/၆၁၇၊ဥဿာမြို့သစ်(၈)ရပ်ကွက်၊ပဲခူးမြို့နေသူရောက် ရှိလာပြီး အချင်း(၁)လက်မခန့်ပတ်လည်ရှိ ရွှေအိုရောင် လက်ပစ်ဗုံးဟုယူဆရသော ပစ္စည်းတစ်ခုကိုင်ဆောင်ကာ ဒေါ်ရင်ဆွေအား DKBA မှဗိုလ်ကြီး ဟုပြောကာ ဒီအိမ်ကိုဆောက်တာရပ်လိုက်၊ဒီခြံကိုကျုပ်ပိုင်သည်ဆောက်နေ တာမရပ်ပါက မိသားစုနေထိုင်သည့်နေအိမ်အား မီးရှို့ပစ်မည်၊ကျိုက်ထိုဘက်
မှာဆိုရင် သတ်ပစ်လို့ရတယ်ဟုခြိမ်းခြောက်သဖြင့် ဒေါ်ရင်ဆွေမှာကြောက်လန့်ပြီး
 နေအိမ်ဆောက်လုပ်ခြင်းကိုရပ်တန့်ခဲ့သည်။၎င်းနောက်စောကျော်စွာမင်းမှဒေါ်ရင်ဆွေအိမ်ကို ည(၇း၀၀)အချိန်တွင် လာခဲ့မည် “အဲဒီအချိန်ကျမှအဖြေညှိတာပေါ့”ဟုပြော၇ာ ဒေါ်ရင်ဆွေမှ နေအိမ်တွင် မတွေ့ရဲသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ည(၈း၀၀)အချိန်တွင်လာရောက်ရန်ချိန်းဆိုသ ဖြင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းရှေ့မှောက်တွင်စောကျော်စွာမင်းနှင့် တွေ့ဆုံရာ စောကျော်စွာမင်းမှ ဒီခြံလိုချင်ရင် ငွေ(၁၀)သိန်းကျပ်ပေးရမည်ဟု ပြောသဖြင့် ဒေါ်ရင်ဆွေမှမပေးနိုင်ကြောင်းပြောခဲ့ရာ
 စောကျော်စွာမင်းမှ ထပ်မံ၍ ငွေ(၅)သိန်းကျပ်ပေးနိုင်မလားဟုမေးရာ ဒေါ်ရင်ဆွေမှ (၂)သိန်း ကျပ်တော့ပေးမည်ဟုပြောခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမျိုးဝင်းမှ (၁၃.၁၂.၂၀၁၃)နေ့သို့ ည(၈း၀၀)အချိန်သို့ပြန်လည်ချိန်းဆိုခဲ့ပြီး ဒေါ်ရင်ဆွေ မှ ၄င်းအားခြိမ်းခြောက်ငွေတောင်းခံသူစောကျော်စွာမင်း(ခ)ဇေယျာမင်းအား တရားလိုပြုလုပ်၍ ပဲခူး၊အမှတ်(၃)ရဲစခန်းသို့တိုင်ကြားရာ စခန်းမှ(ပ) ၅၂၀/၂၀၁၃၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၈၄/၅၁၁ အရအမှုဖွင့်အရေးယူထား ကြောင်းသတင်းရရှိသည်။

ကိုသန့် ဇင်
by thithtoolwin

ရတနာပုံနေ့စဉ်သတင်းစာ (၁၅-၁၂-၂၀၁၃) တနင်္ဂနွေနေ့


မြ၀တီနေ့စဉ်သတင်းစာ (၁၅-၁၂-၂၀၁၃) တနင်္ဂနွေနေ့


ကြေးမုံသတင်းစာ (၁၅-၁၂-၂၀၁၃)


New Light of Myanmar သတင်းစာ (၁၅-၁၂-၂၀၁၃)


မြန်မာ့အလင်းသတင်းစာ (၁၅-၁၂-၂၀၁၃)


တောင်ကြီးမြို့မှာ မိုင်း ၃ လုံး ရှာဖွေတွေ့ရှိ









ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်မှာ ရေဆိုးမြောင်းထဲမှာ မနေ့ညက လက်လုပ်မိုင်းလို့ယူဆရတဲ့ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး အဲဒီမိုင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။

မိုင်းလို့ယူဆရတဲ့နေရာကို သွားရောက်ရှာဖွေရာမှာ မိုင်း ၃ လုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကျော်နိုင်က RFA ကို ပြောပါတယ်။

" မြို့နယ်စခန်းမှူးအဖွဲ့ သွားကြည့်တဲ့အခါမှာ တွေ့တယ်ပေါ့၊ တွေ့တာနဲ့ပဲ သူသတင်းပို့တယ်၊ နောက်စစ်မြေပြင် အင်ဂျီနီယာတပ်ကို အကြောင်းကြားတဲ့အတွက်ကြောင့်မို့ လာရောက်ပြီးတော့ သယ်ယူပြီးတော့မှ ရေဆိုးမြောင်းရဲ့အနားမှာရှိတဲ့ ပတ်ဝန်းကျင်ကိုရှာတဲ့အခါမှာ အလားတူပုံစံမျိုး နောက်ထပ် နှစ်လုံး စုစုပေါင်း သုံးလုံးတွေ့ရှိတယ်၊ အဲ့ဒါကို စိန်ပန်းရပ်ကွက်ထဲမှာရှိတဲ့ အ.ထ.က ၁ ဘောလုံးကွင်းထဲမှာ အဲ့ထဲမှာထည့်ထားတယ်၊ ခုမနက်မှာတော့ အဲ့ဗုံး ၃ လုံးကို ၈ နာရီ ၅၀ မှာ သက်ဆိုင်ရာ စစ်မြေပြင် အင်ဂျီနီယာတပ်ကနေပြီတော့ ဖောက်ခွဲရှင်းလင်းလိုက်တယ်"

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်ကလည်း တောင်ကြီးမြို့၊ မြို့မရပ်ကွက်ရှိ မွတ်စလမ်ဘာသာဝင် တစ်ဦးနေအိမ်မှာ ငါးဖမ်းရာမှာအသုံးပြုတဲ့ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် အိမ်ရှင်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
RFA Burmese