ဆန်ခါတင် အကယ်ဒမီစာရင်းဝင် ‘တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ်ကား

ပို့စ်တင်ချိန် - 12/15/2013 08:15:00 AM


အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၇ ကားအနက် အကယ်ဒမီ ဆုရရန် ရေပန်းအစားဆုံး မှာ ‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင် ဇာတ်ကားကြီး ပါဝင်နေပါတယ်။ ‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင် ဇာတ်ကားကြီးဟာ နဝရတ်ရဲ့ ကိုယ် ပိုင်ထုတ်လုပ်ရေး ‘ငွေလမင်း’ ကနေ ရိုက်ကူးထားတာဖြစ်ပါတယ်။ လူ တစ်ယောက်မှာ အတ္တစိတ်ဖုံးလွှမ်းကြီးစိုးလာတဲ့ အချိန် အခါ ဖြစ်တတ်တဲ့ အယူအဆ၊ ခံယူမှုလွဲမှား မှုမှ တစ်ဆင့် မှားတတ်တဲ့ လူ့ဘဝ ပြဿနာများနဲ့ မိဘမေတ္တာဘွဲ့ ဒရာမာဇာတ်လမ်းကို မန္တလေး၊ စစ်ကိုင်းရှိ လှပသောရှုခင်းများနဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တို့က အကောင်းဆုံးပုံဖော်အားထုတ်ဖန် တီးခဲ့ကြခြင်းဖြစ်ပါတယ်။ အဲဒါ ကြောင့် အခုတစ်ပတ်မှာတော့ ‘တိမ် မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ် ကားကြီးကို အဖက်ဖက်ကနေ ကြိုး စားအားထုတ် ခဲ့ကြတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တို့ရဲ့ အဲဒီဇာတ် ကားရိုက် ကူးစဉ်က အတွေ့အကြုံ အခက်အခဲများနဲ့ အကယ်ဒမီအကြို စကား သံများကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

► နဝရတ်-
“ဒီနှစ်က တအား အားရ ကျေနပ်မိတယ်။ ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ရတဲ့အထိ လုပ်ခဲ့တာလေ။ တစ်ကားလုံးမှာ အမှတ် တရ တွေ ချည်းပဲ။ ကုန်ကျ စရိတ်က လည်း နှစ် ဆကုန်တယ်။ကုန်သ လောက်လည်းပရိသတ် ရင်ထဲရောက်တယ်။ နှစ် ကိုယ်ခွဲမှာအစ်မလိုချင်တဲ့ အတိုင်းအတာအထိ ပရိသတ်နဲ့တစ်သားတည်းဖြစ်တယ်။ ဒရာမာ တွေ ခေတ်မရှိတဲ့အချိန်မှာ ပရိသတ်ကအားပေးတော့ ဝမ်းသာတယ်။ ရိုက်နေ ရင်းနဲ့ အခက်အခဲ၊ အနှောင့်အယှက်တွေ အများကြီးပဲ။ မြွေတွေ တွေ့တာတွေ၊ တိမ်တွေက လည်း မိုးတွင်းကြီးရိုက်တာတောင် တအားလှတယ်။ တိမ်မင်းသမီး မှာ အစ်မမု(ဒ်)တအားရတယ်။ ကိုယ်ထင်မထား တဲ့ အိုက်တင်တွေလုပ်နိုင်ခဲ့တယ်။ ဒီကားနဲ့ရရင်လည်း အတိုင်းထက်အလွန်ပျော်မှာပါ။အကြိုက်ဆုံးက ညီမဖြစ်သူ ကို အဒေါ်အိမ်က လာခေါ်တဲ့အခန်း၊အမေကိုညီမကပြန်ရှာတော့ လက်မခံတဲ့ အခန်းတွေ၊နောက်ဆုံးမီးေ လာင်တော့ လက်တစ်ဖက်မရှိတဲ့အတွက်ရှိခိုးလို့မရ တော့ ညီမရဲ့လက်တစ်ဖက်နဲ့ပေါင်းပြီး အမေကိုကန်တော့တဲ့ အခန်းတွေကြိုက်တယ်။ ဆုတွေကို ကိုးဆုလောက် ရစေချင်တာ။ အကုန်လုံးလည်း ကောင်းကြတယ်လေ”

►ထွန်းအိန္ဒြာဗို
“တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားရိုက်တုန်းက မြွေတွေ့တယ်။ ကျွန်မထိုင်နေတဲ့ဘေးက သစ်ပင်လေးမှာ မြွေကကပ်နေတယ်။ မြွေက သံကွင်း လေးလိုပဲ ကွင်းဆက်ကွင်းဆက်ဖြစ်နေတာ။ ကျွန်မက ကလေးတွေ ဆော့ပြီး ကပ်ထားတယ်ထင်တာ။အနားသွားကြည့်မှ မြွေဖြစ်နေတယ်။ ကျွန်မနဲ့ တော် တော်နီးနီးလေးပဲ။ကိုယ် က အယူတော့သိပ်မရှိပါဘူး။ဒီဇာတ်ကားက သေချာ တာကတော့ မနဝရတ်တော်တော်လေးကောင်းတယ်။ သူ့ဇာတ်လမ်းပဲ။ သူလည်း တကယ်လုပ်နိုင်တယ်ဆိုတော့ သူ့အတွက် အကယ်ဒမီလည်း မျှော်မှန်းနိုင်တဲ့ ဇာတ်လေးဖြစ်တယ်။ အကယ်ဒမီလည်း ရနိုင်ပါတယ်”

►ဟိန်းဝေယံ
“ဒီဇာတ်ကားကြီးက ဒရာမာဇာတ်လမ်းပုံစံဖြစ်တယ်။ ရိုက်တုန်း ကဆိုရင် စစ်ကိုင်းဘက်မှာ သွားရိုက်တယ်။ သွားရိုက်ရင်း ပရိသတ်တွေနဲ့ ရင်းရင်း နှီးနှီးတွေ့ဆုံခွင့်ရခဲ့ တယ်။ အဲဒါကတော့ အမှတ်တရပါ ပဲ။ ကျွန်တော့်အနေနဲ့ အတတ် နိုင်ဆုံး ကြိုးစားပြီးသရုပ်ဆောင်ထားပါ တယ်။ အကယ်ဒမီရရမယ်လို့ မျှော် မှန်းထားတာလည်း မရှိပါ ဘူး။ ကျွန်တော်လုပ်နိုင်သလောက် လုပ်တတ် သလောက်ကို ကြိုးစားပြီး လုပ်ထားတယ်။ အထိုက်အလျောက်အားရပါ တယ်။ အဲဒီကားလေးကို တစ်ကားလုံး ခြုံကြည့် လိုက်မယ်ဆိုရင် ဇာတ် လမ်းအရလည်း ကောင်းတယ်။ ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း သူ့အခန်းနဲ့သူအံဝင်ခွင်ကျ ဖြစ်တယ်။ ကားကောင်းတစ်ကားပါ”

Popular Academy