ပြင်သစ်အိုးပင်းဖလား ရှာရာပိုဗာ သိမ်းပိုက်

ပို့စ်တင်ချိန် - 6/08/2014 04:41:00 AM


ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးဗိုလ်လုပွဲစဉ်တွင် နိုင်ခြေအဆင့်(၇)သာ သတ်မှတ်ခံထားရသည့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာက ရိုမေးနီးယား တင်းနစ်မယ် ဟာလတ်ကို အနိုင်ယူကာ ချန်ပီယံဖလား ဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့အဆင့်(၃) တင်းနစ်မယ် ဟာလတ်မှာ အဖွင့်ပွဲလတ်တွင် ပွဲငယ်နှစ်ပွဲပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း ရှာရာပိုဗာက ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲလတ်တွင် ဟာလတ်က ၆-၇(၅)ဖြင့် အနိုင်ရခဲ့သည်။

အဆုံးအဖြတ် ဖြစ်လာသည့် တတိယပွဲလတ်တွင် ရှာရာပိုဗာ (၄-၂)ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း အမှားအယွင်းများကြောင့် (၄-၄)အထိ ဖိအားပေးခံခဲ့ရပြီး လက်ကျန်ပွဲငယ်များတွင် ဆက်တိုက်အမှတ်ယူနိုင်ခဲ့ခြင်းကြောင့် (၆-၄)ဖြင့် အနိုင်ယူကာ ပြင်သစ်အိုးပင်း ဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့ခြင်းဖြစ်သည်။

@z(ရိုးရာလေး)