ရော်နယ်ဒို ပြန်ကစားနိုင်ရန် အချိန်သတ်မှတ်ချက်မရှိဟု ပေါ်တူဂီနည်းပြပြော

ပို့စ်တင်ချိန် - 6/08/2014 11:41:00 AM



အိုဘီဒူးစ်− ရော်နယ်ဒို ဒဏ်ရာ သက်သာကာ ဘောလုံးပြန်ကစား နိုင်မည့်အချိန်ကို သတ်မှတ်နိုင် ခြင်းမရှိသဖြင့် ဂျာမနီအသင်းနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်နှင့် လွဲချော်မည်ဆိုသော စိုးရိမ်မှုများ ပေါ်တူဂီနည်းပြ ပေါ်လိုဘန်တိုတွင် မြင့်တက်စေခဲ့သည်။
 မကြာမီလများအတွင်းက ပေါင်တွင်ရရှိထားသော ဒဏ်ရာ ကြောင့် အနားယူခဲ့ရသည့် ရီးရဲလ်စူပါဘောလုံးကြယ်ပွင့် ရော်နယ်ဒိုသည် ဇွန်လ ၆ ရက်က ပေါ်တူဂီက မက္ကဆီကိုအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သော ခြေစမ်းပွဲတွင် ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

ပေါ်တူဂီအသင်းသည် ဇွန်လ ၁၆ ရက် ဆာဗေးဒိုးမြို့၌ ဂျာမနီ အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ယင်းပွဲအမီ ရော်နယ်ဒို ဒဏ်ရာပြန်လည် သက်သာနိုင်၊ မသက်သာနိုင်ဆိုသည်ကို ပြောကြားရန် ပေါ်တူဂီနည်းပြ ဘန်တိုကငြင်းဆိုသည်။

ရော်နယ်ဒို လေ့ကျင့်ခန်း ဆင်းနိုင်သည်နှင့် မိမိတို့ ကြေညာ ပေးသွားမည်ဟု ဘန်တိုကပြော သည်။ မည်သို့ပင်ဖြစ်စေ မိမိတို့ မှာ ဂျာမနီအသင်းနှင့် ပွဲအတွက် ပြင်ဆင်ရမည်ဖြစ်ကာ ရော်နယ်ဒို မှာ တစ်ဦးတည်းသော ကစားသမားကောင်း မဟုတ်ဟု ဘန်တိုကပြောသည်။

ပေါ်တူဂီအသင်းတွင် ဒဏ် ရာရနေသော ကစားသမားများမှာ ရော်နယ်ဒိုတစ်ဦးတည်းမဟုတ်ဘဲ နောက်ခံလူ ပီပီနှင့် ကွင်းလယ်လူ ရာအူးလ်မီရီလိစ်တို့မှာ ဒဏ်ရာ များကြောင့် မက္ကဆီကိုနှင့် ခြေစမ်းပွဲကို လွဲချော်ခဲ့ရသည်။

—Ref: Goal
7day daily