ပုဒ်မ ၅ဝ၅ (ခ) နဲ့ ကိုထင်ကျော် (ရုပ်/သံ)

ပို့စ်တင်ချိန် - 6/20/2014 10:20:00 AM


ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း လက်ကမ်းစာရွက်တွေ ဖြန့်ဝေခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ် စစ်ဆေးခဲ့ပါ တယ်။ ကိုထင်ကျော်ဟာ အခုစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် ဒီကနေ့ရုံးချိန်းမှာ ဆန္ဒပြခဲ့ ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။