ကလေးများအတွက် သီချင်းဆိုမယ့် မေဆွိ

ပို့စ်တင်ချိန် - 6/08/2014 11:41:00 AM



ဘုန်းတော်ကြီးနှင့် သီလ ရှင်သင်စာသင်ကျောင်းများအ တွက် ပြုလုပ်မည့် ရန်ပုံငွေဂီတ ဖျော်ဖြေပွဲ၌ ကလေးများနှင့်သီ ဆိုမည့် အဖွင့်သီချင်းသည် ယင်း ကျောင်းများရှိ ကလေးများအ တွက် ထာဝရအသုံးပြုမည့် သီချင်းဖြစ်သောကြောင့် ပရိသတ်များနှင့် ရင်းနှီးမှုရရှိစေရန် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း  မေဆွိကပြော သည်။

‘‘ဒီပွဲရဲ့ Theme Song  ဖြစ် တဲ့ မမေသော်ရေးတဲ့ သီချင်းကို ကလေးတွေနဲ့ဆိုဖို့အတွက်ကို စဉ်းစားပြီးလုပ်နေတယ်။ ဒီသီချင်း ကို Lazy Club နဲ့ ကိုဓိရာမိုရ်တို့ ပေါင်းပြီး Arrange လုပ်ပေး တာ။ နောက်ပြီး ဒီသီချင်းက ကလေးတွေအတွက် အမြဲတမ်း သုံးသွားမှာဆိုတော့ ပရိသတ်တွေ ရင်းနှီးအောင် လုပ်ဖို့လည်း စဉ်း စားနေတယ်’’ ဟု မေဆွိက ပြော သည်။ ယင်းသီချင်းကို တေးရေး မေသော်က ရေးစပ်ပေးပြီး ဘုန်းတော်ကြီးနှင့်   သီလရှင်သင်စာ သင်ကျောင်းများရှိ   ကလေးများအတွက် ဂျပန်နိုင်ငံမှကျောင်းများဆောက်ပေးသလို   အားလုံးက တတ်နိုင်သလောက် ကူညီကြမည်ဆိုသည့် အဓိပ္ပာယ်ရသည့် သီချင်းဖြစ်ကြောင်း မေဆွိကပြောသည်။

ယင်းသီချင်းကို မေဆွိက ဖျော်ဖြေပွဲအဖွင့်တွင် ကလေးများ နှင့် သီဆိုမည်ဖြစ်ပြီး နှုတ်ဆက် သီချင်းအနေဖြင့်လည်း  အဆို တော်များက သီဆိုဖျော်ဖြေကြမည်ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲကို ဇွန်လ ၁၄ရက် ညတွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး Rဇာနည်၊မေဆွိ၊ မေခလာ၊ ချမ်းချမ်းနှင့် နီနီခင်ဇော်တို့ ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

ဇွဲဉာဏ်
7day daily