မြန်မာနိုင်ငံရဲ့ ပထမဆုံး ILO အမှုဆောင် ဦးမောင်မောင် ဖြစ်ပြီ

ပို့စ်တင်ချိန် - 6/08/2014 11:52:00 AM


ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဇွန်လ ၂ ရက်နေ့ကကျင်းပခဲ့တဲ့ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အလုပ် အမှုဆောင်အဖွဲ့ ရွေးချယ်ပွဲကနေ  မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FTUM) ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် ကို လက်ထောက် အလုပ်သမားကိုယ်စားလှယ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

ILO အလုပ်အမှုဆောင်အဖွဲ့မှာ အဓိက ကိုယ်စားလှယ် ၅၆ ဦး နဲ့ လက်ထောက်ကိုယ်စားလှယ် ၆၆ ဦးပါဝင်ရာမှာ ဦးမောင်မောင် ဟာ မြန်မာပြည်သမိုင်းမှာ ပထမဆုံး ILO အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံခဲ့ ရခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUM ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖေါ်ပြထား ပါတယ်။

ILO လက်ထောက်ကိုယ်စားလှယ် အဖွဲ့မှာ အစိုးရကိုယ်စားလှယ် ၂၈ ဦး၊ အလုပ်ရှင်ကိုယ်စားလှယ် ၁၉ ဦးနဲ့ အလုပ်သမားကိုယ်စားလှယ် ၁၉ ဦးပါဝင်ပြီး အလုပ်အမှုဆောင်အဖွဲ့ရဲ့ သက်တမ်းကတော့ ၃ နှစ်ဖြစ်တယ်လို့ သိရပါတယ်။

RFA