ကွင်းအတွင်း ကစားသမားထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ ဒိုင်လူကြီး သေဆုံး

ပို့စ်တင်ချိန် - 7/03/2014 10:51:00 AM


ဘောလုံးဒိုင်လူကြီးတစ်ဦးဟာ ဘောလုံးသမား တစ်ဦးက ခေါင်းကို ထိုးတာခံခဲ့ရပြီးနောက် နှစ်ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။

အသက် ၄၄ နှစ်အရွယ် John Bieniewicz ဟာ Michigan ပြည်နယ်၊ Livonia မြို့ က ဘောလုံးပွဲတစ်ပွဲမှာ ဒိုင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ပွဲချိန်အတွင်းမှာ John ဟာ ကစားသမားတစ်ဦးကို ကွင်းကနေ ထုတ်ပယ်ဖို့  ပြစ်ဒဏ်သတ်မှတ်လိုက်တဲ့အခါမှာ အဆိုပါကစားသမားက John ရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးသွားခဲ့ပါတယ်။

John ဟာ အထိုးခံရပြီးနောက် နှစ်ရက်အကြာ၊ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

John ကို ထိုးခဲ့သူ အသက် ၃၆ နှစ်အရွယ် ကစားသမား Bassel Abdul-Amir Saad ကို ကစားပွဲအပြီး ရုပ်ပိုင်းဆိုင်ရာ အကြီးအကျယ်အနာတရဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှုနဲ့  အမှုစွဲထားပြီး တနလာင်္နေ့  က ရုံးတော်ကို ဆင့်ခေါ်ခဲ့ပါတယ်။

အစိုးရရှေ့ နေတွေကတော့ Mr.John ရဲ့ သေဆုံးမှုကြောင့် စွဲချက်ကို ပြန်လည် ပြင်ဆင် လျှောက်ထား သွားမယ်လို့ ဆိုခဲ့ပါတယ်။

ကစားသမားက ဒိုင်ကို ထိုးလိုက်တာကို လူတော်တော်များများ မြင်လိုက်ရကြောင်းလည်း ရဲတွေက ထွက်ဆို ထားပါတယ်။

Bassel ဘက်က အမှုလိုက်ပေးနေသူ ရှေ့ နေ Brian Berry ကတော့ စွဲချက်တွေအတွက် အပြစ်ဒဏ်ကို မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ကစားပွဲက အထုတ်ခံလိုက်ရတဲ့အတွက် လက်တုံ့ ပြန်တာ တော့ မဟုတ်ဘူးလို့ သိရပါလိမ့်မယ်လို့ Berry က ဆိုခဲ့ပါတယ်။

Ref: Mirror.co.uk
Trend Myanmar