မယ်စကြ၀ဠာပြိုင်ပွဲ ပရိသတ်အားပေးမှုနှင့် လွဲချော်ခဲ့၍ ဝေဖန်မှုများထွက်

ပို့စ်တင်ချိန် - 7/28/2014 10:05:00 AM

ဆုကြေညာချိန်တွင် ခါးနံပါတ် ၆ ဇွန်သံစဉ်ရမည်အမှတ်နှင့် ၎င်းအား ကြည့်နေကြချိန်၌ သျှားထွဋ်အိန္ဒြာအမည်ကို ကြေညာလိုက်စဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

မယ်စကြ၀ဠာ(မြန်မာ) ၂၀၁၄ပြိုင်ပွဲကို ဇူလိုင် ၂၆ရက်က ကျင်းပခဲ့ရာ ပွဲကျင်းပသည့်အစီ အစဉ်နှင့်ပတ်သက်၍ ဝေဖန်မှုများ ရှိခဲ့သလို ဆုရရှိသည့်အလှမယ်မှာ လည်း ပရိသတ်အားပေးမှုနှင့်လွဲ ချော်ခဲ့သောကြောင့်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။အလှမယ်ပြိုင်ပွဲ အများစု တွင် ဆန်ခါတင်ဆယ်ဦးရွေးချယ် ခြင်းကိုနောက်ဆုံးယှဉ်ပြိုင်မှုဖြစ် သည့် ညနေခင်းဝတ်စုံယှဉ်ပြိုင်ပြီး ချိန်မှသာ ရွေးချယ်ပေးလေ့ရှိ သော်လည်း ယင်းပြိုင်ပွဲတွင်မူ ဒုတိယယှဉ်ပြိုင်မှုအစီအစဉ်ဖြစ် သည့် ရေကူးဝတ်စုံဝတ်ဆင်၍ ယှဉ်ပြိုင်ပြီးချိန်တွင် ရွေးချယ်ခဲ့ သောကြောင့် ရွေးချယ်သည့်ဒိုင် များအနေဖြင့် အချိန်အနည်းငယ် အတွင်း မည်ကဲ့သို့ဆုံးဖြတ်ခဲ့ သည်ကို သိလိုကြောင်း မယ်စကြ ၀ဠာ(မြန်မာ)ရွေးချယ်ပွဲကို ကိုယ် တိုင်သွားရောက်ကြည့်ရှုခဲ့သူတစ် ဦးကဆိုသည်။
ထို့အပြင် အကဲဖြတ်အဖွဲ့ ၀င်များ၌ ယိုးဒယားမှ ပညာရှင် ထက်ဝက်ခန့်ပါဝင်ခဲ့ရာ မြန်မာနိုင် ငံမှ အလှမယ်ကို ၎င်းတို့နိုင်ငံမှအ လှမယ်ထက်သာသည့်သူကို ရွေး ချယ်မည်လားဆိုသည့်အကြောင်း ကို သိလိုသလို နောက်ဆုံးဆန်ခါ တင်ငါးဦး မေးခွန်းဖြေဆိုသည့် ကဏ္ဍတွင် မြန်မာလိုသာဖြေဆိုခဲ့ သောကြောင့် အဆိုပါဒိုင်များအ နေဖြင့် မည်ကဲ့သို့မှတ်ချက်ပေးခဲ့ သည်ကိုသိချင်ကြောင်းယင်းပြိုင် ပွဲကိုကြည့်ရှုခဲ့သည့်သူတစ်ဦးက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

‘‘ဒါက ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ဖြစ်တတ်တဲ့သဘောပါပဲ။ ဒါကို အစ်မနားလည်ပါတယ်။အစ် မတို့အဖွဲ့အစည်းလုပ်တာကိုင် တာကို စိတ်ဝင်တစားကြည့်ရှုပြီး ဝေဖန်ပေးတာကိုလည်း ကျေးဇူး တင်ပါတယ်’’ဟု Miss Universe Myanmar Organization၏ National Director ဒေါ်စိုးယုဝေ ကပြောသည်။

ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲ ၀င်များကို ပရိသတ်မျာအနေဖြင့် ၂၀၁၃ခုနှစ်က ရုရှားနိုင်ငံသို့သွား ရောက်ယှဉ်ပြိုင်ခဲ့သည့် အလှမယ် မိုးစက်ဝိုင်နှင့် နှိုင်းယှဉ်ကာဝေဖန် မှုများရှိခဲ့သလို ပရိသတ်အားပေး မှုအများဆုံးအလှမယ်မှာလည်း ဆုနှင့်လွဲချော်ခဲ့သောကြောင့်ဝေ ဖန်မှုပိုမိုပြင်းထန်ခဲ့ခြင်းဖြစ်သည်။

သို့သော် သျှားထွဋ်အိန္ဒြာ သည် ၎င်းတို့ပြိုင်ပွဲဝင်များ၏ ပြည် ပခရီးစဉ်တစ်ခုဖြစ်သော ဖူးခက် ခရီးစဉ်တွင် ရွေးချယ်ခဲ့သည့် Miss Myanmar Thailand 2014 ဆု ရရှိခဲ့သူတစ်ဦးဖြစ်ပြီး နိုင်ငံတကာ ကြိုက်သည့် ရုပ်ရည်ရှိသော ကြောင့် ရရှိခဲ့ခြင်းဖြစ်နိုင်ကြောင်း ယင်းပွဲကိုကြည့်ရှုခဲ့သူတစ်ဦးက မှတ်ချက်ပြုသည်။

‘‘တစ်ယောက် တစ်မျိုးစီ ကောင်းပါတယ်။ မိုးစက်က ဘယ် သူနဲ့မဆို ကောင်းမွန်တဲ့ဆက်ဆံ ရေးတည်ဆောက်နိုင်တယ်။ Ele-gantဖြစ်တယ်။ အပြုံးချိုတယ်။ လူအများကလည်း သူ့ကိုချစ်ခင် ကြတယ်။ ဒါက သူ့ရဲ့အားသာ ချက်တွေပါ။ သျှားထွဋ်ကကျ တော့လည်းတက်ကြွတယ်။ ယုံ ကြည်မှုရှိတယ်။ Activeဖြစ်တယ်။ တစ်ယောက်တစ်မျိုးစီတော့ တော်ပါတယ်’’ဟု ၎င်းတို့ ရွေးချယ်ခဲ့သော အလှမယ်များနှင့်ပတ်သက်၍ ဒေါ်စိုးယုဝေက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် မိုး စက်ဝိုင်ကိုလည်း ဆုရွေးချယ်ပြီးမှ သာ ပရိသတ်သတိပြုမိခဲ့ခြင်းဖြစ် သောကြောင့်သျှားထွဋ်အိန္ဒြာကို လည်း ချစ်ခင်အားပေးသည့်ပရိ သတ်များလာမည်ဟု ယုံကြည် ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ၂၀၁၃တွင်သွား ရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်စကြ ၀ဠာပြိုင်ပွဲသည်ပြင်ဆင်ချိန်နည်း ခဲ့သောကြောင့် လိုအပ်ချက်များ စွာရှိခဲ့သော်လည်း ယခုနှစ်တွင် မူ ပြင်ဆင်ချိန် လုံလုံလောက် လောက် ရရှိခဲ့သောကြောင့် ပြီးခဲ့သည့်နှစ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းသွားနိုင်မည်ဟု ယုံကြည်ကြောင်း ဒေါ်စိုးယုဝေကပြောသည်။

‘‘ဒီနှစ်ပြိုင်ပွဲကတော့ မနှစ် ကထက်စာရင် ပိုပြီးပြည့်စုံမယ်လို့ ထင်ပါတယ်။ အစ်မတို့ မြန်မာ တွေ ကမ္ဘာမှာလည်း နောက်ထပ် Tasteအသစ်တစ်မျိုးပေးနိုင်မယ် လို့မျှော်လင့်ပါတယ်’’ဟု ၎င်းက ပြောသည်။

သျှားထွဋ်အိန္ဒြာ၏ လေ့ကျင့် မှုများနှင့်ပတ်သက်၍လည်း မြန် မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံများသို့ သွား ရောက်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။


7Day Daily