ရန်ကုန်ဗုံးပေါက်ကွဲမှုများအတွက် ဖမ်းဆီးထားသူသုံးဦးကို စွဲချက်တင်မည့်ပုဒ်မအမိန့်ချ

ပို့စ်တင်ချိန် - 7/03/2014 10:52:00 AM


ကုန်သည်ကြီးများဟို တယ်နှင့် အလုံမြို့ နယ်တို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများ အတွက် ဖမ်းဆီးရမိသောသံသယ ရှိသူအမျိုး သားသုံးဦးကို ဇူလိုင် ၂ ရက်က အနောက်ပိုင်း ခရိုင်တရား ရုံးမှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့်စွဲချက်တင် ခဲ့ကြောင်းသတင်းရရှိသည်။

၂၀၁၃ ခုနှစ်အတွင်းက ကုန် သည်ကြီးများဟိုတယ်နှင့် အလုံ မြို့နယ်ရှိ Western Park Ruby စားသောက်ဆိုင်တို့တွင် ဗုံးပေါက် ကွဲမှုဖြစ်ပွားခဲ့ရာ အမေရိကန်နိုင် ငံသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ပတ် သက်၍ သံသယရှိသူအမျိုးသား သုံးဦးကိုဖမ်းဆီးခဲ့ပြီး ပေါက်ကွဲ စေတတ်သော  ဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခဲ့ပြီး တရားရုံးတွင် စွဲချက်တင်ခဲ့သည်။

 ထို့နောက်အနောက်ပိုင်း ခရိုင်တရားရုံးမှ တွဲဖက်တရားသူ ကြီး (၂)က ပေါက်ကွဲစေတတ် သောဝတ္ထုပစ္စည်းများဥပဒေပုဒ်မ ၃ ဖြင့် စွဲချက်တင်၍ချမှတ်ခဲ့သည်။

ယင်းပုဒ်မဖြင့် စွဲချက်တင်ချ မှတ်ပြီးနောက် သံသယရှိ၍ စွပ်စွဲ ခံထားရသော စောမြင့်လွင်၊ ဇော် လတ်မော်နှင့် ဦးမြဖူးတို့ကို အ ပြစ်ရှိလားဟုမေးမြန်းခဲ့ရာ ၎င်းတို့ က အပြစ်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

‘‘အခုစွဲချက်တင်ခံထားရသူ တွေဟာ စွဲချက်ကိုမကျေနပ်ရင် အဆင့်မြင့်ရုံးကို တင်ပြပြီးစွဲချက်ကိုပယ်ဖျက်ပေးပါလို့ပြောလို့ရတယ်’’ဟု အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားရုံးမှ ဆက်လက်စစ်ဆေးရန် ပြန်ခေါ်သက်သေများဖြစ်သူ ဒုရဲ မှူးဝင်းနိုင်၊ ရဲအုပ်အောင်ကိုကိုနှင့် ယင်းစားသောက်ဆိုင်မှ ဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ကို ဇူလိုင် ၁၄ ရက်တွင် ဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။

7Day News daily