ပဋ္ဌာန်းရွတ်ရင် ခိုက်တတ်တယ် ဆိုတာ တကယ်ဟုတ်ရဲ့လား(ဗုဒ္ဓဘာသာဝင်တိုင်း ဖတ်သင့်ပါသည်)


ပဋ္ဌာန်းမရွတ်ကောင်းဘူးဆိုတာ ဟုတ်ရဲ့လား

တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်း က အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊

အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။

မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့ မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့ ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။
http://www.buddhismbeams.com/2012/11/blog-post_27.html

( မနာပဒါယီ အရှင်ဝိစိတ္တ )

www.buddhismbeams.com
Buddhism Beams(myanmar)

ယောဂ ကျင့်ခြင်းကြောင့် ရနိုင်တဲ့ ကြီးမားသော အကျိုးကျေးဇူးများ



 ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခန္ဓာကိုယ် သန်မာဖျတ်လတ်စေခြင်း၊ အသားအရေကြည်လင်တောက်ပခြင်း၊ စိတ်တည်ငြိမ်အေးချမ်းခြင်း၊ ကျန်းမာရေးကောင်းခြင်းတို့အပြင် အခြားကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပြည့်ဝရုံသာမက စိတ်ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုလည်းရှိပါမှ အမှန်တကယ် ကျန်းမာသည်ဟု ခေါ်ဆိုနိုင်ပေမည်။ ကျန်းမာသည်ဆိုသော အခြေအနေမှာ ရောဂါမရှိသော အခြေအနေမျှသာမဟုတ်ဘဲ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှုနှင့် ချစ်ခင်ကြင်နာမှုစသော ဘ၀၏စွမ်းအားများကို ဖော်ပြမှုတစ်ခုဖြစ်သည်။ ယင်းကဲ့သို့ ကိုယ်ရောစိတ်ပါ ကျန်းမာစေရန် ယောဂကျင့်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။
တစ်နေ့လျှင် မိနစ်အနည်းငယ်မျှ ယောဂကျင့်ခြင်းဖြင့် ကိုယ်အလေးချိန်လျှော့ချနိုင်ပြီး ကိုယ်ရောစိတ်ပါ ဖိစီးမှုကို ပြေလျော့သွားစေသည်။ ယောဂကျင့်သည့် ကိုယ်နေဟန်ထား၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းနှင့် တရားထိုင်ခြင်းတို့မှာ စိတ်ဖိစီးမှု လျော့ကျစေရန် အစွမ်းထက်သော နည်းလမ်းများ ဖြစ်သည်။
ငြိမ်းချမ်းလှပသော နေရာများနှင့် သဘာဝအလှတို့ကို ကျွန်တော်တို့ အားလုံး ခုံမင်နှစ်သက်ကြသော်လည်း ငြိမ်းချမ်းမှုကို မိမိကိုယ်တွင်း၌သာ ရှာဖွေတွေ့ရှိနိုင်သည်ဆိုခြင်းကို သိသူမှာ နည်းပါးသည်။ ယောဂကျင့်ခြင်းမှာ အနှောင့်အယှက်ဖြစ်နေသော စိတ်အခြေအနေကို တည်ငြိမ်သွားစေမည့် အကောင်းဆုံး နည်းလမ်းများအနက် တစ်ခု ဖြစ်သည်။
ကိုယ်ခန္ဓာအပေါ် ပုံမှန်မဟုတ်သော အကျိုးသက်ရောက်မှုများက စိတ်ကိုလည်း အလားတူ မပျော်မရွှင် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေပြီး ယင်းအခြေအနေကို ကိုယ်ခန္ဓာနာမကျန်းဖြစ်ခြင်းကဲ့သို့ပင် ရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်သည်။ ယောဂကျင့်ခြင်းကြောင့် ကိုယ်အင်္ဂါများကို နှိပ်နယ်ပေးသကဲ့သို့ ဖြစ်စေပြီး ကြွက်သားများကို ပိုမိုသန်မာလာစေသည်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းနှင့် တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို ပြေလျော့စေပြီး ကိုယ်ခံအားစနစ် ပိုကောင်းလာစေသည်။
  ယောဂကျင့်ခြင်းနှင့် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သတိရှိမှု အားကောင်းလာစေမည်ဖြစ်ကာ အိမ်ထောင်ဖက်၊ မိဘ၊ မိတ်ဆွေများ (သို့မဟုတ်) ချစ်ခင်ရသူများနှင့် ဆက်ဆံရေး တိုးတက်လာစေ မည်ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး ပျော်ရွှင်ရောင့်ရဲသော စိတ်အခြေ အနေကြောင့် ထိခိုက်လွယ်သော လူမှုဆက်ဆံရေး ကိစ္စများကို ဖြေရှင်းရာတွင် ပိုမိုလွယ်ကူစွာဖြေရှင်းလာနိုင်မည် ဖြစ်သည်။
  ယောဂကို နေ့စဉ်မိနစ်အနည်းငယ်စီ ကျင့်ပေးရန် လိုအပ်သည်။ ယင်းသို့ ယောဂပုံမှန်ကျင့်သူအနေဖြင့် လမ်းလျှောက်နေချိန်ဖြစ်စေ အိပ်နေ၊ ထိုင်နေ၊ ရပ်နေချိန်ဖြစ်စေ ကိုယ်ဟန်အနေအထား တိုးတက်လာအောင် ကူညီနိုင်သည်။ အပြန်အလှန်အားဖြင့် မမှန်ကန်သော ကိုယ်နေဟန်ထားရှိခြင်းကြောင့် ကိုယ်ခန္ဓာနာကျင်မှုများကိုလည်း ယောဂကျင့်ခြင်းဖြင့် သက်သာစေမည် ဖြစ်သည်။
  ယောဂကျင့်ခြင်းနှင့် တရားထိုင်ခြင်းကြောင့် သိရှိမှတ်မိနိုင်မှုစွမ်းရည်ကိုလည်း မြင့်တက်လာစေမည်ဖြစ်ပြီး ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် မည်သည့်ကိစ္စကို ပြီးမြောက်အောင် လုပ်ရန်လိုအပ်သည်၊ မည်သည့်အချိန်တွင် မည်သို့ လုပ်ရန်လိုသည်ဆိုခြင်းကို များစွာ ကြိုးပမ်းအားထုတ်စရာမလိုဘဲ တွေးမိနိုင်သော စွမ်းရည်ကိုပိုင်ဆိုင်လာမည် ဖြစ်သည်။
Internet

New Myanmar News

ကျန်းမာရေးဝန်ထမ်းတစ်ဦး လူနာတင်ကုတင်အကြား၌ မသင်္ကာဖွယ်ရာသေဆုံးနေ


သတင်း၊ ကိုတိုးကြီး
ဝက်လက်၊ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဆေးခန်းအတွင်း လူနာတင်ကုတင်ပေါ်၌ ကျန်းမာရေးဝန်ထမ်းတစ်ဦး မသင်္ကဖွယ်ရာသေဆုံးနေသည့်အ တွက် ဒေသခံပြည်သူ ဦးကျော်ဆွေဆိုသူနှင့် ဦးညိုတို့က သစ်ဆိမ့်နယ်မြေရဲကင်းစခန်းသို့ ဇူလိုင် ၂၃ ရက် မနက် ၈ နာရီအချိန်က သွားရောက်အကြောင်းကြားခဲ့သည်ဟု သိရသည်။
ထို့ကြောင့် သစ်ဆိမ့်နယ်မြေရဲကင်းစခန်းမှူး ရဲအုပ် ရဲညွှန့်နှင့်အဖွဲ့သည် ကျန်းမာရေးဝန်ထမ်းတစ်ဦး လူနာ တင်ကုတင်ပေါ်၌ မသင်္ကာဖွယ်ရာသေဆုံးနေသည့်အရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။ ထိုသူတို့၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သစ်ဆိမ့်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းဆင်ဝင်ရှေ့ရှိ လူနာ တင်စင်နှင့် ခုံတန်းလျားအကြား၌ မှောက်လျက်လူတစ်ဦးသေဆုံးနေသည်ကို စီစစ်တွေ့ခဲ့ရပြီး ထိုသူ၏ ပါးစပ်မှလည်း သွေးများစီးယိုကျနေသည်ဟု အမှုစစ်ရဲအရာရှိက မှတ်တမ်းများရယူထားသည်။ အဆိုပါ သေဆုံးနေသူမှာ သစ်ဆိမ့်ကျေးလက်ကျန်းမာရေးဌာနတွင် ကြီးကြပ်အဆင့်(၂) တာဝန်များထမ်းဆောင်နေ သည့် ကျန်းမာရေးဝန်ထမ်း ဦးနေလင်း အသက်(၄၂)နှစ်ဆိုသူဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဝန်ထမ်းတစ်ဦး ကျန်းမာရေးဌာနဆေးခန်း ဆင်ဝင်ရှေ့ လူနာတင်စင်နှင့် ခုံတန်းလျားအကြား မသင်္ကဖွယ်ရာ သွေးထွက်သေဆုံးနေခြင်းအား မှုခင်းဆေးပညာများအရ ရဲတပ်ဖွဲ့က ဆက်လက်၍ စစ်ဆေး ဆောင်ရွက်နိုင်ရန် ၀က်လက်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၅/ ၂၀၁၄ အရ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း

ကမ္ဘာ့အကြီးဆုံး ဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ် ၉ရက်တွင် စတင်ဆယ်ယူမည်



ရန်ကုန်၊ ဇူလိုင် ၂၅- ကမ္ဘာ့အကြီး ဆုံးဓမ္မစေတီခေါင်းလောင်းကြီးကို သြဂုတ်၉ရက်တွင် စတင်တူးဖော်မည် ဖြစ်ကြောင်း ဦးဆောင်တူးဖော်မည့် ဦးစံလင်း(ဓမ္မစေတီစံလင်း)က ပြော သည်။

ခေါင်းလောင်းတော်ကို ၁၉၉၈ ခုနှစ်သြဂုတ် ၁၁ရက်ကရေအောက် ၂၇ပေ၊ မြေအောက်၂၅ ပေစုစုပေါင်း၅၂ပေတွင်တွေ့ရှိခဲ့ပြီး ခေါင်းလောင်း တော်ပေါ်တွင် ဂျပန်ခေတ်က နစ်မြုပ် ခဲ့သော သံသင်္ဘောကိုဖယ်ရှားပြီးမှ သာ ခေါင်းလောင်းတော်ကိုဆယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

''ဓမ္မစေတီခေါင်းလောင်းကို တွေ့ထားပြီးပြီ။ ဘယ်နေရာမှာဆို တာကတော့ ဝစီပိတ်ထားလို့ပြောပြလို့မရဘူး။ဝါခေါင်လဆန်း၁၃ရက်မှာဘုရားအနေကဇာတင်မယ်။ ၁၄ ရက်မှာစပြီးတူးဖော်မယ်။ အောင်မြင် မယ်၊ မအောင်မြင်ဘူး ဆိုတာတော့ ပြောလို့မရဘူး။ နဂါးအကူအညီ ယူပြီး ဆယ်ယူရမယ်'' ဟု ဦးစံလင်း က ဆက်လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို မြန်မာ့နည်း၊ မြန်မာ့ဟန်မြန်မာ့အဆင့် နည်းပညာများဖြင့် ပြန်လည်ဆယ်ယူ မည်ဖြစ်ကာ နိုင်ငံတော်အကူအညီ နှင့် ခုနှစ်ရက်သားသမီးတို့၏လှူဒါန်း ငွေများဖြင့် ဆယ်ယူခြင်းလုပ်ငန်းများ ကိုလုပ်ဆောင်ရမည်ဟု အဘအောင် မင်းခေါင်မှ ပြောကြားထားကြောင်း ဦးစံလင်းက ဆက်လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူရန်အတွက် ကော့သောင်းမှ ရေငုပ်သမား ဆယ်ယောက်နှင့်အတူ သောင်တူးစက်ဖြင့် ဆယ်ယူမည်ဖြစ် ပြီး ငွေကျပ် သိန်း(၁၈ဝဝ)ခန့်ကုန်ကျမည်ဟုခန့်မှန်းထားကြောင်း ခေါင်း လောင်းတူးဖော်ရာတွင်ပါဝင်မည့် ဦးဝင်းမြင့်(ရွှေအုန်းပင်စားသောက် ဆိုင်ပိုင်ရှင်)က ပြောသည်။

''ကျွန်တော်ခေါင်းလောင်းဆယ် တဲ့အဖွဲ့နဲ့ပါဖူးတယ်။ ခေါင်းလောင်း ကိုမရရအောင် ဖော်ထုတ်မယ်။ ပြည် သူတစ်ယောက်အနေနဲ့ တာဝန်သိ၊ တာဝန်ရှိတယ်လို့ ယူဆတယ်။ အောင် မြင်မအောင်မြင်ကတော့ ပြောလို့မရ ဘူး။ ခေါင်းလောင်းတော်ကြီးရဲ့ အလေးချိန်ကွဲပြားနေမှုကိုလဲ ကျွန် တော်တို့အတည်မပြုနိုင်ဘူး။ ဆယ်ယူ ပြီးမှပဲသိနိုင်မယ်။ ဓမ္မစေတီခေါင်း လောင်းကြီးပေါ်ရင် ဘုရားအဆူ တစ်ထောင် တည်တာနဲ့ညီမျှတယ်''ဟု ယင်းက ဆက်လက်ပြောသည်။

ဓမ္မစေတီခေါင်းလောင်းမှာ ရွှေ၊ ငွေ၊ ကြေး၊ ဘော်သတ္တုလေးမျိုး ထည့် သွင်းကာသွန်းလောင်းထားပြီး၎င်းတို့ဓာတ်ပြုမှုကြောင့် ခေါင်းလောင်း တော်ကြီး၏ကွင်း(ပုစွန်တုပ်ကွေး)မရှိသည့်အတွက်ကြိုးချည်ရန်မရှိဘဲ ခေါင်းလောင်း တော်ကြီးကွင်းမှာ အောက်သို့ ၄၅ဒီဂရီစောင်းကာ အဝမှာ အပေါ်သို့ရောက်ရှိနေပြီး Buffer စနစ်ဖြင့် Buoyancy လုပ်ပြီး ကုန်းပေါ်သို့ အရောက် တင်မည်ဖြစ် ကြောင်း ဦးစံလင်းက ပြောသည်။

ခေါင်းလောင်းဆယ်ယူပြီးပါက ခေါင်းလောင်းတွင် ကပ်ငြိလျက်ရှိ သောချေးများကို အသေးစိတ်ရှင်း လင်းနိုင်ရန်အတွက် ဧရာဝတီရေ တပ်စခန်းဌာနချုပ် အမြောက်ကြီး နေရာမှ စတင်ကာစစ်ရေးပြအဆောင် တွင်သုံးလခန့်အချိန်ယူ၍ ရှင်းလင်း ရမည်ဖြစ်ပြီး ဦးစံလင်းကိုယ်တိုင် ရေငုပ်ဆယ်ယူ၍ နှစ်ပတ်အတွင်းကုန်း ပေါ်သို့ ရောက်ရှိရန်လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။

ဓမ္မစေတီခေါင်းလောင်းတော် ကို ဟံသာဝတီဘုရင်ဓမ္မစေတီမင်း ကြီးက ၁၄၈၄ခုနှစ်တွင်စတင်သွန်း လုပ်ခဲ့ပြီး ရွှေတိဂုံစေတီတော်သို့ လှူ ဒါန်းခဲ့ကာ စပိန်နိုင်ငံသားငဇင်ကာမှစပိန်နိုင်ငံတွင် ပြယုဂ်တစ်ခုအဖြစ် ပြသနိုင်ရန် ရွှေတိဂုံစေတီပေါ်မှယူ ဆောင်သွားခြင်းဖြစ်ပြီး ဒေါပုံမြစ် ထဲတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေထဲတွင် နစ်မြုပ်နေသည်မှာနှစ် ပေါင်း ၄ဝဝ ကျော်ခန့်ရှိပြီဖြစ်ကြောင်း ဦးစံလင်း၏ပြောကြားချက်အရ သိရ သည်။

ဓမ္မစေတီခေါင်းလောင်းကြီးကို တူးဖော်ကာ ရွှေတိဂုံကုန်းတော်ပေါ် သို့ပြန်လည်တင်လှူမည်ဖြစ်ပြီး လော ကီအရ တူးဖော်ပါက မပေါ်လာနိုင် ကြောင်း၊ လောကုတ္တရာအမြင်နှင့်သာ ရရှိနိုင်ကြောင်း၊ မည်သည့်နည်းလမ်း များဖြင့် တူးဖော်မည်ဆိုသည်ပြော ပြ၍မရကြောင်း ဦးစံလင်းကဆိုသည်။

ဦးစံလင်းမှ ခေါင်းလောင်းကြီး ကိုဆယ်ယူနိုင်ရန် (၁၉၉၇)မှစတင် ခဲ့ပြီးသက်ဆိုင်ရာသို့(၁၁)ကြိမ်မြောက် စာတင်ပြီးမှသာ ခွင့်ပြုခဲ့ခြင်းဖြစ်သလို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ယခု နှစ်ဇူလိုင်(၁၄)ရက်တွင် ခွင့်ပြုမိန့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခေါင်းလောင်းဆယ်ယူခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကို ဇူလိုင် ၂၅ရက်က Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

MTZ

#Democracytoday

Yangon Media Group

ဘောင်းဘီအကြပ်ဝတ်ပြီး လှချင်သူတွေသတိ၊ ဘောင်းဘီအကြပ်က အောက်ပိုင်း သေစေနိုင်


ချက်ချင်းတော့ မသေပါဘူး။ အချိန်ကာလ တစ်ခုအထိပါ။ ဂျင်း ဘောင်းဘီအကြပ်များက အောက်ပါ သွေးလမ်းကြောင်း စီးဆင်းမှုကို နှေးကွေး စေပါတယ်။ ကြွက်သားကိုပါ ညစ်ထားပြီး သွေးပေါင်ချိန် အတက်အကြ များစေပါတယ်။

၂၄ နာရီ ဝတ်ထားတာမျိုး မလုပ်ရဘူးလို့ ဆရာဝန်များက လမ်းညွန် ထားပါတယ်။ နေ့စဉ် ဂျင်းဘောင်းဘီ အကြပ်၊ စကင်နီတို့ ဝတ်ဆင် ခြင်းက ခါးအောက်ပိုင်း ကျန်းမာရေးကို ထိခိုက် စေပါတယ်။ အရွယ်ငယ်တုန်း သိသာမှု မရှိပေမယ့် အသက် ၄၀ နောင်းပိုင်းမှာ ကြွက်သားနာခြင်း၊ ကြွက်တက်ခြင်း၊ အသား နာကျင်ကိုက်ခဲခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။ နောက်ဆုံး အဆင့်ကတော့ ခါးအောက်ပိုင်း သေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ဂျင်းဘောင်းဘီ အကပ်များ၊ စကင်နီများ၊ ခါးအောက်ပိုင်း ခန္ဓာကိုယ်ကို ချုပ်တည်းစေသော အဝတ်အစား များ ဝတ်ဆင်မှုကို နေ့စဉ် ပြုလုပ်ရန် မသင့်ပါဟု တိုက်တွန်းထားကြောင်း သိရပါတယ်။

Credit - ရိုးရာလေး

သတင်းသမားများကို နှစ်ရှည်ထောင်ချမှု အစိုးရနှင့်မဆိုင်ဟု သမ္မတ အကြောင်းပြန်


ယူနတီသတင်းသမားတွေကို ထောင် ၁၀ နှစ်ချတာဟာ တရားရုံးရဲ့ တရားစီရင်ခွင့်ဖြစ်လို့ အစိုးရနဲ့ မဆိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို အကြောင်းပြန်ကြားလိုက်ပါတယ်။

လတ်တလောရင်ဆိုင်နေရတဲ့ မီဒီယာအရေး ဖြေလျှော့စဉ်းစားပေးဖို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ သမ္မတထံ သ၀ဏ်လွှာပေးပို့ခဲ့တာကို သမ္မတက လွှတ်တော်နာယကဆီ သ၀ဏ်လွှာပြန်လည်ပေးပို့ ခဲ့တာပါ။


ဒီသ၀ဏ်လွှာမှာ မီဒီယာသမားတွေကို အပြစ်ပေး ထောင်ချမှု အစိုးရနဲ့ မဆိုင်ကြောင်း ဖော်ပြခဲ့ တာလို့ သမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးကခုလို ပြောပါတယ်။

“အဓိကကတော့ ထောင်ဒဏ် ၁၀ နှစ်ချတာ များတယ်ဆိုတာနဲ့ ပတ်သက်လို့ ဒါက တရားရုံးရဲ့ တရားစီရင်မှု ဖြစ်နေတယ်။ အဲဒါက အစိုးရနဲ့ မဆိုင်ဘူး။ တရားစွဲဆိုတာလည်း သက်ဆိုင်ရာ တပ်ကနေပြီး ဗိုလ်မှူးကြီး ကျော်ကျော်ဦးက တရားလိုလုပ်ပြီး စွဲထားတာ။ နိုင်ငံတော်သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ အရသာ ဆောင်ရွက်ပေးခွင့်ရှိပါတယ်။”

ဇူလိုင် ၂၂ ရက် ရက်စွဲပါ သမ္မတရဲ့ ပြန်ကြားစာမှာ လျှို့ဝှက်အက်ဥပဒေကို ချိုးဖောက်တာကြောင့် သက်ဆိုင်တဲ့ အဖွဲ့အစည်းက တရားစွဲဆိုပြီး တရားရေးမဏ္ဍိုင်က ဥပဒေနဲ့အညီ လွတ်လွတ်လပ်လပ်တရားစီရင်တာဟာ အုပ်ချုပ်တဲ့အစိုးရနဲ့ တိုက်ရိုက်ပတ်သက်ခြင်းမရှိဘူးလို့ ဥပဒေတွေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတယ်လို့ ဖော်ပြပါတယ်။

ပြည်တွင်းပြည်ပ မီဒီယာတချို့ရဲ့ မသင့်လျော်တဲ့ အမုန်းပွားစေတဲ့ ကျင့်ဝတ်နဲ့ မညီတဲ့ ရေးသားလှုံ့ဆော်မှုတွေကြောင့် နိုင်ငံတွင်း လူအုပ်စုချင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တာကို ကြုံတွေ့ခဲ့ရပြီးဖြစ်တယ်။ ပြည်သူတွေအနေနဲ့ မီဒီယာကို လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ မီဒီယာဖြစ်စေလိုတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ဒီကိစ္စတွေကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ စာနယ်ဇင်းကောင်စီယာယီက တာဝန်ရှိသူတွေကိုလည်း ဇူလိုင် ၂၁ ရက်က နေပြည်တော်မှာ ခေါ်ယူတွေဆုံ ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်တယ်။ အစိုးရအနေနဲ့ လွတ်လပ်မှုနဲ့ ပြည်သူတွေကို အန္တရာယ်မဖြစ်စေဖို့ တရားဥပဒေစိုးမိုးရေးကို ဟန်ချက်ညီညီ လုပ်ဆောင်ရတာကို နားလည်ပေးဖို့နဲ့ တရားဥပဒေနဲ့ အညီ နေထိုင်လုပ်ကိုင်စားသောက်မယ်ဆိုရင် ဘယ်သူမဆို ဘယ်အဖွဲ့အစည်းကို မဆို အစိုးရအနေနဲ့ အကာအကွယ်ပေးသွားမယ်လို့ စာပြန်ကြားခဲ့ပါတယ်။

တရားလွှတ်တော်ရှေနေ ဦးရောဘတ်ဆန်းအောင်ကတော့ သမ္မတရဲ့ တရားစီရင်ရေး မဏ္ဍိုင်ရဲ့ လုပ်ဆောင်ချက် အစိုးရနဲ့ မဆိုင်ဘူးဆိုတဲ့ တုံ့ပြန်ချက်အပေါ်ရှေနောက်စကား မညီဘူးလို့ သုံးသပ်ပြောပါတယ်။

“ပြောမယ်ဆိုရင် သမ္မတရုံးနဲ့ မသက်ဆိုင်ဘူးဆိုရင် ယူနတီဂျာနယ်ကိစ္စမှာ သမ္မတရုံးက ထွက်ခဲ့တဲ့ အမှုတွဲပါ သက်သေခံ (ခ) စာအရ ကျနော်တို့က ပြန်ကောက်ရင် အခုပြောဆိုချက်က မကိုက်ညီဘူးလို့ ပြောချင်တယ်။”

လတ်တလောမှာ ယူနတီသတင်းသမားတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမျတ်ထားပြီး ဘိုင်မွန်းတည့်နေဂျာနယ် အယ်ဒီတာတွေလည်း ဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

ဒါ့အပြင် ရဲသတင်းတပ်ဖွဲ့က သတင်းဂျာနယ်တိုက်တချို့က တာဝန်ရှိသူတွေကိုလည်း ခေါ်ယူမေးမြန်း စစ်ဆေးတာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် လက်ရှိ မြန်မာနိုင်ငံရဲ့စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက စောင့်ကြည့် ဝေဖန်နေကြချိန်လည်း ဖြစ်ပါတယ်။



DVB

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်ဖို့ ISIS အမိန့်ထုတ်


အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ် မြို့ တဝိုက်က အမျိုးသမီး တွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေး ဆိုင်ရာ အမိန့်ထုတ် ထားကြောင်း ကုလ သမဂ္ဂက ပြောကြား ပါတယ်။


ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။

အိုက်ဇစ် တပ်တွေ ထုတ်တဲ့ အမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်း လောက် ထိခိုက် ခံစား ရနိုင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကြောင့် အာရပ် ကမ္ဘာက လူမှု ကွန်ယက် တွေမှာလည်း အကြီးအကျယ် စိတ်ဆိုး ဒေါသ ထွက်ခဲ့ကြ ပါတယ်။

BBC Burmese

တရုတ်နိုင်ငံ ဘိုးဘွားရိပ်သာတစ်ခုတွင် လူလေးယောက် ကျားအင်္ဂါများ အဖြတ်ခံရ


တရုတ်နိုင်ငံ Heilongjiang ပြည်နယ် ဘိုးဘွားရိပ်သာတစ်ခုက လူလေးယောက်ရဲ့ ဝှေးစေ့များကိုဖြတ်မှုနဲ့ အသက် ၄၆ နှစ်အရွယ် လူတစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ Oriental Daily က ဖော်ပြခဲ့ပါတယ်။


ဇူလိုင် ၂၃ ရက်နေ့မှာ ကုတင်သုံးလုံးဟာ သွေးများပေနေတာကြောင့် ဂေဟာက တာဝန်ရှိသူ လာရောက်ကြည့်ရှုတဲ့အခါ လူသုံးယောက်ဟာ ကျားအင်္ဂါများ ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အသက် ၅၃ နှစ်အရွယ်လူတစ်ဦးနဲ့ ၈၀ အရွယ်လူတစ်ဦးဟာ ကျားအင်္ဂါတစ်လုံးစီ ဖြတ်ခံခဲ့ရတာဖြစ်ပြီး ၆၀ အရွယ်လူတစ်ဦးကတော့ နှစ်လုံးစလုံးဖြတ်ခံခဲ့ရတယ်လို့ဆိုပါတယ်။

နောက်ထပ်လူတစ်ဦးကိုလည်း ဖြတ်ခံထားရကြောင်း တွေ့ရှိခဲ့တာကြောင့် ယနေ့မှာ ဆေးရုံကိုပို့ခဲ့ပါတယ်။

အဖြတ်ခံရသူများအားလုံးက တရားခံဟာ ဂေဟာမှာ အလုပ်လုပ်သူဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဂေဟာဝန်ထမ်းတွေရဲ့ အဆိုအရ ဒီလူဟာ စိတ်ပုံမှန်မဟုတ်ဘူးလို့ဆိုပါတယ်။



Qinggang ခရိုင်နဲ့ ခရိုင်အဆင့်ရှိ Suihua မြို့မှ ဒေသဆိုင်ရာအစိုးရက လက်ရှိကိစ္စကို ကိုင်တွယ်ဖို့ အထူးအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။
ယခုအခါမှာ အဖြတ်ခံခဲ့ရသူ လေးယောက်ဟာ အခြေအနေ ပုံမှန်အတိုင်း ဖြစ်နေပြီ လို့ဆိုပါတယ်။

photo & video >> liveleak

Phothutaw

ရေသန့်ဘူး စွန့်ပစ်ရုံဖြင့် လမ်းဘေးခွေးများကို အစာကျွေးနိုင်မည့်စက်


တူရကီ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pugedon ဟာ လမ်းဘေးစက်တစ်ခုကို တီထွင်ခဲ့ပါတယ်။
ရေသန့်ဘူးများကို ပြန်လည်အသုံးပြုပြီး ပိုင်ရှင်မဲ့ခွေးများကို အစားအစာနဲ့ ရေများ စွန့်ကျဲနိုင်မှာဖြစ်ပါတယ်။
ပုံပါစက်ထဲက အောက်ဘက်အပေါက်ထဲ ရေသန့်ဘူးထဲက ကျန်နေတဲ့ရေများကို လောင်းထည့်ရမှာဖြစ်ပြီး အပေါ်ပေါက်ကနေ ရေသန့်ဘူးအခွံကို ထည့်လိုက်ရမှာဖြစ်ပါတယ်။


ဒီအခါမှာ ခွေးစားမယ့် ခွေးစာပေါက်ထဲကို နှစ်ပန်းကန်စာ ခွေးစာများ ကျလာမှာ ဖြစ်ပါတယ်။
ဒီစက်အကြောင်း ကြော်ငြာခဲ့တယ့် ဗီဒီယိုဟာလည်း ကြည်နူးစရာ ကောင်းလှပါတယ်။
အိမ်ခြေရာမဲ့ ခွေးလေးတစ်ကောင်ဟာ ဒီစက်နားကို ရောက်လာပါတယ်။ အဘိုးကြီးတစ်ယောက်နဲ့ လူငယ်ပိုင်း တစ်ယောက်ဟာ သူတို့ရဲ့ရေသန့်ဘူးတွေကို စက်ထဲ စွန့်ပစ်လိုက်ကြပါတယ်။

ဒီအခါမှာ အိမ်ခြေရာမဲ့ ခွေးလေးဟာ စက်ထဲက အစားအစာတွေကို အငမ်းမရစားပါတယ်။
နောက်ဆုံးမှာ ကလေးတွေ အုပ်စုလိုက်ကြီး ရောက်ချလာပါတယ်။ သူတို့ကတော့ တစ်ဘူးချင်းမဟုတ်ဘဲ ရေသန့်ဘူးတွေကို ပုံးလိုက်ကို သယ်လာတာပါ။

ကလေးတွေဟာ သူတို့လုပ်လိုက်တဲ့အလုပ်ကို ဂုဏ်ယူကျေနပ်နေတဲ့ပုံနဲ့ ကင်မရာဘက်လှည့်အော်ရင်း ကြော်ငြာဟာ ပြီးသွားခဲ့ပါတယ်။

တစ်မိနစ်စာကြော်ငြာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။


Phothutaw

မလှနုထွန်းရဲ့ ဖေ့စ်ဘွခ်ပို့စ်ကို ပြန်လည်ဖြေရှင်းခဲ့တဲ့ 2014 Miss Globe Myanmar ဂျူးစံသာ


စန္ဒီ

Miss Globe Myanmar 2014 ဖြစ်သူ ဂျူးစံသာကို Miss Globe Myanmar ရဲ့ National Director ဖြစ်သူ မလှနုထွန်းမှ ဇူလိုင်၂၄ရက်နေ့ ည၉နာရီခွဲအချိန်လောက်မှာ သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်ကနေ အချက် အလက်၃ချက်နဲ့ မညီသောကြောင့် သရဖူပြန်သိမ်းလိုက်ကြောင်းကြေညာချက် တွေ့ရတာနဲ့ ပတ်သက်ပြီး ဂျူးစံသာ မေးဖြစ်ခဲ့တဲ့အခါ “ ညီမမှာ ဘာအပြစ်မှ မရှိတဲ့အတွက် စိတ်လည်း မကောင်းဘူး။ ဝမ်းလည်း ဝမ်းနည်းတယ်။ ညီမဘက်က ဘယ်လောက်ထိ မျှော်လင့်အားထားခဲ့တယ်။ ကြိုးစားခဲ့တယ် ဆိုတာကို ညီမဘက်ကနေလည်း ပြန်ပြီးတော့ ရှင်းပြချင်ပါတယ်။ အားကိုးစရာ စာနယ်ဇင်း မီဒီယာတွေ ပဲရှိတာပါ။ ညီမကို ဘယ်လိုအချက်အလက် တွေကြောင့် ဖြုတ်သိမ်းခဲ့တယ်ဆိုတာတော့ ပထမအချက် အနေနဲ့ တစ်ခြားOrginazerနဲ့ ဆက်သွယ်တာကြောင့်လို့ သိရပါတယ်။ ညီမကိုတစ်ခြား Orginazation တွေနဲ့ မဆက်သွယ်ရဘူးလို့လည်း မပြောခဲ့ပါဘူး။ ဒီMiss GoldenLand ဆိုတာ Miss Myanmar တွေအားလုံး မြန်မာနိုင်ငံရဲ့ Orginazation တစ်ခုပါပဲ။ Teacher တွေနဲ့ ညီမကအရင်ကတည်းက ရင်းရင်းနှီးနှီးခင်ခင်မင်မင် ရှိခဲ့တာကြောင့် ညီမ ဆက်သွယ်မိခဲ့တာပါ။ ပြီးတော့ ဖေ့ဘွတ်ပေါ်က ညီမရေးခဲ့တဲ့ စာလေးတစ်ကြောင်းကြောင့်ရယ်။ နောက်တစ်ခု ညီမက စာချုပ်ချုပ်ဖို့ခေါ်တာကို မလာဘူးပေါ့နော်။ ညီမဘက်က ရှင်းပြခဲ့ပါတယ်။ ညီမရဲ့ အဖေအသည်းအသန်ဖြစ်နေလို့ အိပ်ယာထဲက မထနိုင်တာကြောင့် မလာနိုင်တာပါလို့ ရှင်းပြခဲ့တာတောင်မှ Crown ပြန်သိမ်းခဲ့ပါတယ်။ စဉ်းစားပေးကြပါ။ ညီမမှာ ဘာအပြစ်တွေရှိလဲ ဆိုတာကိုပေါ့။ ညီမတကယ် စိတ်မကောင်း ပါဘူး။ ညီမဘက်က အချိန်ကုန်ခံ၊ ငွေကုန်ခံပြီးတော့ ကြိုးစားခဲ့ရတာပါ။ ညီမရဲ့ရှိရှိသမျှ အားအင်တွေနဲ့ ကြိုးစားခဲ့လို့Crownရရှိပြီးမှ ပြန်သိမ်းခံရတယ်ဆိုတာ ညီမဘက်ကို စာနာပေးကြည့်စေချင်ပါတယ်။”လို့ သူမက ပြောပါတယ်။

Miss Globe Myanmar ရဲ့ National Director ဖြစ်သူ မလှနုထွန်းက ဖေ့စ်ဘွတ်ခ်မှာ တင်ထားခဲ့တဲ့ ပို့စ်လေးကတော့ “ချစ်ခင်လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးရှင့်။ ဆရာဖြိုးပိုင် နှင့် လှနုတို့ မေမြတ်နိုးအတွက် ကိုရိးယားလိုက်ပါသွားနေစဉ်အတွင်း ဂျူးစံသာအားဖိလစ်ပိုင်တွင် တစ်လနီးပါး သင်ကြားပေးခဲ့သော လေ့ကျင့်မှုများကို သာ ဦးစားပေးပြီး မှန်မှန်ပြုလုပ်ထားရန်နှင့် သူမနှင့် သူမမိသားစုကိုလည်း မည်သည်အော်ဂနိုင်ဇေးရှင်းကိုမှ လှနုခွင့်ပြုချက်မရပဲ အကူအညီတောင်းခြင်း၊ ဆက်သွယ်ခြင်း၊ ဖုန်းလက်ခံပြောဆိုခြင်း မပြုလုပ်ပါရန် မှာကြားခဲ့ပါသည်။ ဆရာပြည်စိုးအောင်မှ National Costume ကိုစေတနာဖြင့် တာဝန်ယူပေးပြီး၊ ဖိလစ်ပိုင်မှ Designer Chico မှ Final Gown ကို စပွန်ဆာပေးကာစီစဉ်ခဲ့ပါသည်။ သို့ သော် တခြားအော်ဂနိုင်ဇေးရှင်းအား သွားရောက်အကူအညီတောင်းသည့် အပြင် ခင်မင်စည်းလုံးနေပါသော အော်ဂနိုင်ဇေးရှင်းအချင်းချင်း အထင်အမြင်လွဲကာ စိတ်ဝမ်းကွဲစေမည့် စကားများကို ပြောဆိုခဲ့သည့်အတွက် ကြောင့်သော်လည်းကောင်း၊ လှနုအား ဘာမှ မလုပ်ပေးခဲ့ ပါဟု ကိုယ်တိုင် မက်ဆေ့ ဘောက်မှ ပြောဆိုခဲ့ခြင်းကြောင့် လည်းကောင်း၊ အော်ဂနိုင်ဇေးရှင်းမှ စာချုပ်အတွက် ယနေ့ လာရောက်ဆွးနွေးပါရန် တောင်းဆိုသော်လည်း အဖေနေမကောင်းသာကြောင့် မအားသည်ကို လှနုတို့ နားလည်လက်ခံပါသော်လည်း၊ အသက်ငယ်သေးသော ကြောင့် ဘာမှ နားမလည်သဖြင့် မေမေနှင့် သာ ပြောပါဟုဆိုပြိး တစ်မျိုး အကြောင်းပြကာ တခြားအော်ဂနိုင်ဇေးရှင်းကို သွားရောက်ဖို့ ကိုသာ ဦးစားပေးရွေးခြယ်သွားသောကြောင်လည်းကောင်း ဒီနေ့  ဒီရက် ဒီအချိန်မှ စပြီး Miss Globe Myanmar အဖြစ်မှ ရပ်ဆဲလိုက်ပါပြီဖြစ်ကြောင်း အသိပေးပြောကြားလို ပါသည်ရှင့်။ Miss Globe Myanmar ဟူသော အမည်ကို အသုံးပြုခွင့်မရှိတော့ပဲ အနုပညာလုပ်ငန်းများ ကို လွတ်လပ်စွာလုပ်ကိုင်နိုင်ပြီး ပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီဖြစ်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်၊ ဂျူးစံသာနှင့် သူမမိသားစုဝင်များ Miss Globe Myanmar Organization နှင့် လုံးဝ ဆက်လက် ပတ်သက်ခြင်းမရှိတော့ပါကြောင်း လေးစားရပါသော စာနယ်ဇင်းနှင့် မီဒီယာ ဆရာဆရာမများ၊ မိဘပြည်သူများအားလုံးကို အသိပေးအပ်ပါတယ်ရှင့်၊” လို့ ဖြစ်ပါတယ်။

Trend Myanmar