ဆေးရုံ လူနာကုတင်ပေါ်က လက်ထပ်မင်္ဂလာပွဲ

ပို့စ်တင်ချိန် - 3/08/2014 12:23:00 PM




အခု သတင်းတပတ်လုံးမှာ အွန်လိုင်းပရိသတ်ရဲ့ နှလုံးသားကို သိမ်းကျုံးယူသွားတဲ့ မြောက်ပိုင်း၊ ဝေလ် နယ်က အိုင်ရစ်စုံတွဲရဲ့ Bangor နယ်၊ Ysbyty Gwynedd ဆေးရုံက တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းတခု ပါ။

ဆေးရုံလူနာကုတင်ပေါ်က လက်ထပ်မင်္ဂလာပွဲ မြင်ကွင်း၊ ဓာတ်ပုံ- The Mirror Online
အသက် ၂၆ နှစ်အရွယ် ဟာလေဆိုတဲ့ သတို့သမီး ဟာ ဆေးရုံ မှာ လပေါင်းများစွာတက်ရောက်ပြီး ဆေးကု သမှု ခံနေရသူပါ။

သတို့သမီးနဲ့ ဆရာဝန်၊ သူနာပြုတွေ
မစ္စ ဟာလေရဲ့ ချစ်သူ ဒေးဗစ် ကလပ်ခ်က ဆေးရုံ ကုတင်ပေါ်မှာပဲ နေရတဲ့ မစ္စဟာလေ ကို မိတ်ဆွေတွေ၊ မိသားစုဝင်တွေ နဲ့ အတူ လက်ထပ် မင်္ဂလာပွဲကျင်းပခဲ့တာပါ။ ပြောရရင် ဆေးရုံလူနာကုတင်ပေါ်က လက်ထပ် မင်္ဂလာပွဲပေါ့။

ဟာလေဟာ ၂ဝဝ၅ ခုနှစ်ကတည်းက ရောဂါဆိုးတခုကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရသူ လည်းဖြစ်ပြီး အထူးကြပ်မတ်ဆောင်မှာ ထားရသူလည်းဖြစ်ပါတယ်။

ခွဲစိပ်ကုသမှုခံယူရတော့မယ် ဟာလေနဲ့ လက်ထပ်ဖို့ ဟိုတယ်ကြီးတွေမှာ လုပ်ဖို့ မဖြစ်နိုင်တာကြောင့်
ဆေးရုံ မှာ ပဲ သူနာပြု ဆရာမတွေ၊ ဆရာဝန်တွေနဲ့ အတူ အခုလို ဆေးရုံလူနာကုတင်မှာပဲ မင်္ဂလာ လက်ထပ်ပွဲ ကျင်းပလိုက်ရတာလို့ ခင်ပွန်းသည် ဒေးဗစ်က ပြောထားပါတယ်။

အခု လက်ထပ်လိုက်တဲ့ စုံတွဲမှာ ၅ နှစ်နဲ့ ၂ နှစ်အရွယ် သမီးလေး ၂ ဦးလည်း ရှိပါတယ်။ ဒီမင်္ဂလာပွဲမှာ သမီးလေး ၂ ဦးက မင်္ဂလာပန်းကိုင်တွေ လုပ်ခဲ့ကြပါတယ်တဲ့။

ရင်နင့်ဖွယ် ဒီလက်ထပ်မင်္ဂလာပွဲလေးအကြောင်း အပြည့်အစုံဖတ်ချင်ရင်တော့ ဤနေရာက တဆင့် သွားပြီး ဖတ်နိုင်ပါတယ်။


အိမ့်သံစဉ် ~ 
arrawaddy