အာဇာနည် မိသားစုများအား ဒုတိယသမ္မတကိုယ်တိုင် အာဇာနည်နေ့တွင် တွေ့ဆုံဂုဏ်ပြုအားပေးစကားပြောကြားမည်

ပို့စ်တင်ချိန် - 7/18/2013 02:02:00 PM

အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစု ဝင်များအား အခမ်းအနားမကျင်းပ မီ ဒုတိယသမ္မတ ဒေါက်တာစိုင်း မောက်ခမ်းက သွားရောက်တွေ့ ဆုံကာ အားပေးဂုဏ်ပြုမည့်အစီ အစဉ်သစ်တစ်ရပ် ကို ယခုနှစ် (၆၆) နှစ်မြောက် အာဇာနည်နေ့အခမ်း အနားတွင် ထည့်သွင်းထားကြောင်း သိရသည်။

''အခုနှစ်မှာ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေမချခင် ဒုတိယ သမ္မတကြီးကိုယ်တိုင် အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ မိသားစု ဝင်များရှိရာကို သွားရောက်တွေ့ ဆုံစကားပြောမှာ ဖြစ်ပါတယ်''ဟု ကျင်းပရေးဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ အတည်ပြု ပြောသည်။ အာဇာနည်ဗိမာန်တွင် လွမ်း သူ့ပန်းခွေများမချခင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစု များသည် ယခင်နှစ်များကကဲ့သို့ စုရပ်အဖြစ် သက်ဆိုင်ရာဓမ္မာရုံ တွင် စောင့်ဆိုင်းရောက်ရှိနေကြ မည်ဖြစ်ရာ ထိုနေရာသို့ ဒေါက်တာ စိုင်းမောက်ခမ်းက သွားရောက် ဂုဏ်ပြု အားပေးစကားပြောကြား မည့် အစီအစဉ်ဖြစ်ကြောင်း သိ ရသည်။

အာဇာနည်နေ့ အခမ်းအနား များကို ဒေသအဆင့်မှ နိုင်ငံတော် အဆင့်သို့ ယမန်နှစ်ကမှ စတင် အဆင့်ပြန်လည်မြှင့်တင်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ယမန်နှစ်က ကဲ့သို့ပင် ဒုတိယသမ္မတက နိုင်ငံ တော်ကိုယ်စား တက်ရောက်၍ လွမ်းသူ့ပန်း ခွေချမည်ဖြစ်သည်။ အာဇာနည်ခေါင်းဆောင် ဖြစ်သူ မန်းဘခိုင်၏သမီး ဒေါ်မြင့် မြင့်အေးက ''အရင်ကရှိခဲ့ပါတယ်။ အာဇာနည်နေ့မှာ မဏ္ဍပ်ထိုးထား ပြီး အဲဒီမှာ မိသားစုဝင်တွေကို အားပေးစကား ပြောခဲ့ကြတာ သမ္မတကြီး မန်းဝင်းမောင်လက် ထက်ကတည်းကပါ။ ကင်မင်းချူး ဗုံးပေါက်တဲ့ကိစ္စပြီးကတည်းက အဲဒီ့အစီအစဉ်က ပျက်သွားခဲ့တာ လို့ ထင်ပါတယ်။ အန်တီတို့က တော့ အားပေးစကားပြောပြော မပြောပြော၊ အသိအမှတ်ပြုပြု မပြုပြု ကိုယ့်မိဘ ဆိုတော့ ကိုယ် က သွားကန်တော့မှာပဲလေ''ဟု ပြောသည်။

ညီလတ်
Yagonmedia