ဆရာဝန်ရာထူး လူတွေ့စစ်မအောင်မြင်ခဲ့သူများကို တစ်ကျော့ပြန် စစ်ဆေးခန့်အပ်မည်

ပို့စ်တင်ချိန် - 7/18/2013 01:30:00 PM

ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းသွားမည်
၂ဝ၁၂ ခုနှစ်က လက်ထောက် ဆရာဝန်ရာထူး အတွက် ဝန်ထမ်းခေါ်ယူခဲ့စဉ် လူတွေ့စစ်ဆေးမှု မအောင်မြင်ဘဲ ကျန်ရှိခဲ့သည့် စာမေးပွဲဖြေဆိုသူ ဆရာဝန်လေးရာကျော် အား လာမည့်သြဂုတ်လတွင် တစ်ကျော့ပြန် စစ်ဆေးမည်ဟု ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဝေမြင့်က ပြောသည်။

ဆရာဝန် ၂၄ဝဝနီးပါး လျှောက် ထားခဲ့ပြီး ၁၉၉၁ ဦး ရေးဖြေအောင်မြင် ခဲ့သည့် လစ်လပ်ဆရာဝန်ရာထူး နေရာတွင် ၁၅ဝဝ ကို ယခင်နှစ်က လူတွေ့စစ်ဆေး၍ ရာထူးဝန် အဖွဲ့က ခန့်ထားခဲ့သည်။ ထိုအထဲမှ ကျန်ရှိခဲ့ သည့် ၄၉၁ ဦးအတွက် လိုအပ်ချက်အရ ယခုကဲ့သို့ ထပ်မံကျင်းပပေး ရခြင်းဖြစ်သည်ဟု ဦးဝေမြင့်က ဆက် ပြောသည်။”ရေးဖြေမပါတော့ဘူး။ လူတွေ့ပဲ စစ်မှာ”ဟု ၎င်းက ထပ်လောင်းဆိုသည်။ ပြီးခဲ့သည့်ဇူလိုင်လဆန်း က မြန်မာနိုင်ငံ ဆရာဝန် များအသင်းနှ င့် တွေ့ဆုံခဲ့ စဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ဆရာဝန်ဘွဲ့ရပြီးအလုပ်မဝင်ရသေးသည့် ဆရာဝန် ပေါင်း ၆ဝဝဝ ခန့်ရှိပြီး ယခုနှစ်အတွင်း ၁၅ဝဝ ခန့် ခန့်ထားမည် ဟု ပြောဆိုခဲ့ဖူးသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဝေမြင့်က ”လစ်လပ်မှု ရှိတယ်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားလာ ရင် ကျွန်တော်တို့ ကြော်ငြာခေါ်ပြီးစစ်ပါတယ်။ အရည် အချင်းနဲ့ ကိုက်ညီရင်ခန့်ပါတယ်။ အခု ၄၉၁ ဦးကို အကုန်လုံးခန့်ဖို့ ဆိုရာမှာ သူတို့တွေမှာ ရှိရမယ့်အရည် အချင်းရှိဖို့လိုပါလိမ့်မယ်” ဟု ပြောသည်။လူတွေ့စစ်ဆေးမှုကို ရာထူးဝန် အဖွဲ့မှ တာဝန်ရှိ သူများအပါအဝင် ကျန်မာရေးဝန်ကြီးဌာနမှ ပါမောက္ခ ချုပ်၊ ညွှန်ကြားရေး မှူးချုပ်အဆင့်ရှိသူတို့က ပြုလုပ်ကြ မည်ဟု သိရသည်။ရေးဖြေနှင့် လူတွေ့ တွင် ဆေးပညာ သီးသန့်မပါ ဘဲ အထွေထွေ ဗဟုသုတ၊ မြန်မာစာစသည် များ ပူး တွဲပါဝင်သဖြင့် ဆရာဝင်အချို့က ယခင်နှစ်က ကန့် ကွက်စာ တင်ခဲ့ဖူးသည်။

မင်းသုအောင်
Popular Myanmar News Journal