ပစ်တ်ဘူးလ်၏သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့သည့် မယ်ကမ္ဘာဟောင်း

ပို့စ်တင်ချိန် - 7/18/2013 06:26:00 PM


ဆွဲဆောင်မှု ပြည့်ဝသည့် အာရှတိုက်သူ ချော်ပရာသည် ဘီကနီ ရေကူးဝတ်စုံလေးနှင့် ကျော့မော့စွာ ကိုယ်ဟန်ပြနေသည့် ပုံရိပ်များ ယင်းသီချင်း ဗီဒီယိုတွင် ထည့်သွင်းထားသည်
Posted on Jul 18 13 - 06:05 PM | Hits : 43

နာမည်ကျော် Rapဂီတ အဆိုတော် ပစ်တ်ဘူးလ်၏ သီချင်းတစ်ပုဒ်အတွက် ဗီဒီယို ရိုက်ကူးရာတွင် မယ်ကမ္ဘာဟောင်း ပရီယန်ကာ ချော်ပရာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ အလှမယ်သည် ပစ်တ်ဘူးလ်၏ နောက်ဆုံးထုတ် Hitသီချင်းဖြစ်သော Exoticအတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆွဲဆောင်မှု ပြည့်ဝသည့် အာရှတိုက်သူ ချော်ပရာသည် ဘီကနီ ရေကူးဝတ်စုံလေးနှင့် ကျော့မော့စွာ ကိုယ်ဟန်ပြနေသည့် ပုံရိပ်များ ယင်းသီချင်း ဗီဒီယိုတွင် ထည့်သွင်းထားသည်။ အသက်(၃၀) ရှိပြီဖြစ်သော ချော်ပရာသည် (၂၀၀၀)ပြည့်နှစ်၊ မယ်ကမ္ဘာရွေးချယ်ပွဲတွင် သရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်သည်။

အနက်ရောင် ဆံကေသာများနှင့် နှစ်လိုဖွယ်ကောင်းသော ချော်ပရာနှင့် ပစ်တ်ဘူးလ်တို့၏ သီချင်းဗီဒီယိုသည် ကြာသပတေးနေ့တွင် ထွက်ပေါ်လာသည်။ "အိုင်ဘီဇာမှာ ကျွန်မ ပစ်တ်ဘူးလ်ရဲ့Exoticကို ရိုက်ကူးပေးခဲ့တာပါ"ဟု ချော်ပရာက ပြောကြားခဲ့သည်။ သူမက "ရိုက်ကွင်း အဖွဲ့သားတွေက ကျွန်မကို ပြင်းပြလှုံ့ဆော်ပြီး Sexyဆန်ဆန် ပုံရိပ်မျိုး ဖြစ်လာနိုင်အောင် ကူညီပေးကြပါတယ်။ ကျွန်မ အနေနဲ့လည်း ကျေနပ် ဂုဏ်ယူမိတယ်။ ဒါဟာ အစပဲ ရှိပါသေးတယ်။ ဒီသီချင်းအပြင် အယ်လ်ဘမ် တစ်ခုလုံးကို ပရိသတ်တွေဆီ မျှဝေဖြစ်ဖို့ ကျွန်မ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ"ဟုလည်း ပြောဆိုသွားသည်။

ပစ်တ်ဘူးလ်ကလည်း ၎င်း၏ သီချင်းဗီဒီယိုအတွက် ကူညီခဲ့သော ချော်ပရာကို ကျေးဇူးတင်ကြောင်း Twitterတွင် ရေးသားခဲ့သေးသည်။ ချော်ပရာသည် အိန္ဒိယတွင်လည်း ရုပ်ရှင်မင်းသမီး တစ်ဦးအဖြစ် ရပ်တည်နေပြီး အမေရိကန်တွင်မူ လူသိနည်းသော ဘောလီးဝုဒ် ကြယ်ပွင့်တစ်ဦး ဖြစ်သည်။ သူမသည် အိန္ဒိယတွင် Pepsi၊ Nokia၊ Garnierနှင့် Nestleစသော ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် ကြော်ငြာပေးရပြီး ဘောလီးဝုဒ်၏ ကင်မ်ကာဒက်ရှီယန်အဖြစ် တင်စားခံရသည်။