မာဒေးကားဖလားဒုတိယပွဲစဉ်တွင် မြန်မာအသင်းစတင်ဂိုးသွင်း

ပို့စ်တင်ချိန် - 9/10/2013 09:11:00 AM

မလေးရှား-စက်တင်ဘာ၉
မာဒေးကားဖလား ဒုတိယပွဲစဉ်အဖြစ် မလေးရှား ယူ၂၃ အသင်းနှင့်
မြန်မာ ယူ ၂၃ အသင်း တို့ ယနေ့ညနေက ယှဉ်ပြိုင်ကစားလျက်ရှိရာ ၃၇မိနစ်တွင်
နေလင်းထွန်း၁ဂိုးစတင်သွင်းယူလိုက်ပြီဖြစ်သည်။
မြန်မာ ယူ ၂၃ အသင်းတွင်ဂိုး - ပြည့်ဖြိုးအောင်
နောက်တန်း- သက်နိုင်၊ အောင်ဟိန်းကျော်၊ ဇော်မင်းထွန်း၊ သိန်းသန်းဝင်း
အလယ်တန်း- ဖြိုးကိုကိုသိန်း၊ ရဲလင်းအောင်၊ နေလင်းထွန်း၊ ကြည်လင်း
ရှေ့တန်း- ကျော်ဇေယျာဝင်း၊ ကျော်ကိုကိုတို့ပါဝင်ကြောင်းMyanmar Football Federation မှသိရသည်။


ဓါတ်ပုံ- ထိုင်းအသင်းနှင့်မြန်မာ ယှဉ်ပြိုင်ကစားခဲ့စဉ်က

Popular Myanmar News Journal