သတိထားရမယ့် အဆိုတော်

ပို့စ်တင်ချိန် - 10/21/2013 08:48:00 AM


ကိုယ်က တရားမ၀င်အလုပ် လုပ်ကိုင်နေတယ် ဆိုရင် ကိုယ်သတိပြုရမယ့်စာရင်းထဲမှာ အဆိုတော်  Rihanna ကို ထည့်ထားရပါတော့မယ်။

မကြာသေးခင်က ဒီအဆိုတော်ရဲ့ ထိုင်းခရီးစဉ်အတွင်း ရောက်ခဲ့တဲ့အရက်ဆိုင်တခုမှာ အ၀တ်မဲ့ပြပွဲ ရှိတဲ့အကြောင်း တွစ်တာမှာ လက်ဆော့ ရေးသားလိုက်ပါသတဲ့။

ရလဒ်က ဆိုင်ပိုင်ရှင် အဖမ်းခံရတာပါပဲ။
အဲဒီဆိုင်က ဖူးခက်မြို့မှာပါ လို့ ဆိုတယ်။

ဆိုင်ပိုင်ရှင်ဟာ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေတင်ပြပွဲပြုလုပ်မှုနဲ့ တရားစွဲခံရဖွယ် ရှိနေပါတယ်။

ဒီအကြောင်း ဧရာဝတီသတင်းစာမျက်နှာ သတင်းတပုဒ် http://www.irrawaddy.org/asia/thai-bar-owner-arrested-following-rihannas-tweets.html မှာ ရေးထားတာပါ။
အ၀တ်မဲ့ကချေသည်တွေရဲ့ပြပွဲအထွေထွေကို စီမံချက်နဲ့ ၀င်ဖမ်းစဉ်မှာ အဲဒီဆိုင်ပိုင်ရှင် အဖမ်းခံထိတာပါ။
အဆိုတော်ရဲ့ ရေးသားချက်ကြောင့် စီမံချက်လုပ်ပြီးဖမ်းကြတာလား၊ နဂိုကတည်းက ဖမ်းဖို့စီမံချက် ရှိပြီးသားလား ???

ခရိုင်အရာရှိ  Weera Kerdsirimongkon  ရဲ့ အပြောကတော့ ... အဆိုတော်ရဲ့ ရေးသားချက်ကြောင့် ဒီဆိုင်မှာ ဒါတွေ ရှိမှန်း သိရတာလို့ ဆိုပါတယ်။
ဝင်ရောက် စစ်ဆေးပေမယ့် တရားမ၀င် ပြသမှု တစုံတရာ မတွေ့ပေမယ့် စနေည တညမှာတော့ လက်ပူးလက်ကြပ် ကွက်ကွက်ကွင်းကွင်း မိတဲ့အတွက် ဖမ်းလိုက်တယ်လို့ ဆိုပါတယ်။

ခရိုင်အရာရှိရဲ့ အဆိုအရ .... ဆိုင်ရှင်ဟာ ထောင်တလ ကျနိုင်တယ်၊ ဘတ်ခြောက်သောင်း (ဒေါ်လာ နှစ်ထောင်နီးပါး) ဒဏ်ရိုက်ခံရနိုင်တယ် တဲ့။

အဆိုတော်ကြောင့် ဖမ်းရဆီးရမိရတာနောက်တခုကလည်း ထိုင်းမှာပါပဲ။
slow loris လို့ ခေါ်တဲ့ ရှဥ့်လိုလို ဘာလိုလို မျက်လုံးပြူးပြူးကောင်တကောင်နဲ့ တွဲရိုက်ထားတဲ့ပုံကို အဆိုတော်က Instagram အင်တာနက်စာမျက်နှာမှာ တင်လိုက်ပါတယ်။
ဖြစ်ချင်တော့ ... အဲဒီကောင်က ကာကွယ်စောင့်ရှောက်ရမယ့်ရှားပါးတိရိစ္ဆာန်ထဲ ပါဝင်နေတာပါ။

ဒါကြောင့် ဒီအကောင်ရဲ့ ပိုင်ရှင်တွေကို ရဲက လိုက်ရှာပါတယ်။ လူငယ် ၂ ယောက် အဖမ်းခံရပါတယ်။
အခုလောက်ဆို သူတို့  ထောင် ၄ နှစ် နဲ့ ဒဏ်ငွေ လေးသောင်း (ဒေါ်လာထောင့်သုံးရာ) ဒဏ်ရိုက်ခံရမယ့် အမှုကို ရင်ဆိုင်နေရပါပြီ။

အဆိုတော်က စမတ်ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်လိုက်၊ အွန်လိုင်းတင်လိုက်တာပါပဲ။
နောက်ဆက်တွဲကတော့ အဖမ်းအဆီးတွေ ဖြစ်ပါတယ်။

ဒီအဆိုတော် မြန်မာပြည်လာဖြစ်ရင် အရက်ဆိုင်တို့ ဘာတို့ သွားမယ် ထင်ပါတယ်။
မြန်မာပြည်က ဆိုင်တွေ၊ ဘာတွေမှာ ဟိုလိုလို ဒီလိုလိုတွေ ရှိရှိ မရှိရှိ ဒီအဆိုတော် Rihanna က ဓာတ်ပုံရိုက် အမှတ်တရ မှတ်တမ်းတင်သွားဖို့များပါတယ်။
ဒါဆိုရင် ဟိုလိုလို ဒီလိုလိုတွေ ရှိမယ့် ဆိုင်ပိုင်ရှင်တွေလည်း အရှုပ်ထဲမှာ ရှင်းအောင်နေလို့မရတော့တဲ့ကိန်းဆိုက်မှာ သေချာပါတယ်။

(ရီဟားနားပုံကို သူ့အွန်လိုင်းစာမျက်နှာပိုစတာတခုကနေ ဖြတ်ယူပါတယ်)

မူရင်းသတင်း

Thai Bar Owner Arrested Following Rihanna’s Tweets
http://www.irrawaddy.org/asia/thai-bar-owner-arrested-following-rihannas-tweets.html
irrawaddy