မျိုးစောင့် ဥပဒေ သဘောမတူခြင်းသည် လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး၏ သဘောထားဖြစ်

မျိုးစောင့်ဥပဒေကြမ်းတွင် ပါရှိသည့် အချက်အချို့ကို သဘောမတူကြောင်း အမျိုးသား လူ့အခွင့်ရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်၏ပြော ဆိုမှုသည် ကော်မရှင်ကို ကိုယ်စားပြု ပြောဆိုခြင်းမဟုတ်ဘဲ ၎င်းတစ်ဦးတည်း ၏ သဘောထားသာဖြစ်ကြောင်း ဦးစစ်မြိုင်က မဇ္ဈိမကိုပြောသည်။

မျိုးစောင့်ဥပဒေဟုခေါ်ဆိုသည့် မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းတွင်ပါသော ဗုဒ္ဓဘာသာဝင် အမျိုးသမီးများအား လက်ထပ်မည့် အမျိုးသားသည် လူမျိုးခြားဖြစ်ပါက ဗုဒ္ဓဘာသာအင်အဖြစ် ကူးပြောင်း ပြီးမှသာ လက်ထပ်ရမည်ဖြစ်ဆိုသော အချက်အား သဘောမတူကြောင်း ဦးစစ်မြိုင်က ဇွန်လ ၂၅ ရက်တွင် မဇ္ဈိမ ကိုပြောကြားထားခဲ့မှုကို ပြန်လည်ရှင်းလင်း လိုက်ခြင်း ဖြစ်သည်။

ထို့အပြင် အမျိုးဘာသာသာသနာအား စောင့်ရှောက်ခြင်းသည် နိုင်ငံသားများ၏ ထိန်းသိမ်းရမည့် တာဝန်သာဖြစ်ပြီး လူမျိုးခြား၊ ဘာသာခြားအား လက်ထပ်ခြင်း၊ ကိုးကွယ်ခြင်းသည် ပြည်သူများ၏ ခံယူချက်သာဖြစ်ကြောင်းနှင့် ထိုဥပဒေကြမ်းသည် လူပုဂ္ဂိုလ်များ၏ အရေးသာဖြစ်၍ သံဃာများအနေဖြင့် ရေးဆွဲခြင်းထက် လူပုဂ္ဂိုလ်များက ရေးဆွဲခြင်းက ပိုမိုသင့်လျော်သည်ဟုလည်း ပြောကြားခဲ့သည်။

Myawady News

နိုင်ငံတော်အလံတော် နမော်နမဲ့လွှင့်ထူခဲ့ပြီး ၆ လ ကြာမှ အရေးယူခံရ


ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပရာ၌   နိုင်ငံတော်အလံကို မှားယွင်းစွာလွှင့်ထူခဲ့သဖြင့် အရေးယူမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိ ရသည်။

ကွမ်းခြံကုန်းမြို့နယ် ဆူးကလပ်ကျေးရွာတွင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပခဲ့ရာ၌ နိုင်ငံတော်အလံအား လွှင့်ထူခဲ့ချိန်တွင် အလံမှာ မြေပေါ်သို့ ပြုတ်ကျခြင်း၊ ဇောက်ထိုးဖြစ်နေ ခြင်းများကြောင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နှစ်သစ်ကူးနေ့အခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးမင်းလှဦးသည် နိုင်ငံတော်အလံအား လွှင့်တင်ရာတွင် အလံတိုင်၏ တစ်ဝက်ခန့်အရောက်တွင် နိုင်ငံတော်အလံမှာ မြေကြီးပေါ်သို့ ပြန်လည်ပြုတ် ကျ ခဲ့ကြောင်းနှင့် အလံကိုပြုတ်ကျစေခဲ့သူ ဦးမင်းလှဦးအား ဦးစိန်သန်းဆိုသူမှ ၀င်ရောက်ကူညီ၍ ထပ်မံလွှင့်ထူခဲ့ရာ ၌လည်း  နိုင်ငံတော်အလံမှာ ဇောက်ထိုးဖြစ်နေခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အလေးအမြတ်ထားရသော အလံတော်ကို နမော်နမဲ့လွှင့်တင်ခဲ့မှုကို ဆူးကလပ်ကျေးရွာ ရွာသူရွာသား (၅၀)ဦးခန့်မှ ကွမ်းခြံကုန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံသို့ တိုင်ကြားစာ ရေး သား၍ ပေးပို့ခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စစ်ဆေးခဲ့သည်။

နိုင်ငံတော်အလံအား လွှင့်ထူရာ၌ မြေပေါ်သို့ ပြုတ်ကျအောင်လွှင့်ထူခြင်း ၊ ဇောက်ထိုးလွှင့်ထူခြင်းတို့   ပေါ်ပေါက်ခဲ့ သောကြောင့် ဦးစိန်သန်းနှင့် ဦးမင်းလှဦးတို့အား နိုင်ငံတော်အလံနှင့် ပတ်သက်သော ဥပဒေပုဒ်မ-၁၆ ဖြင့် ကွမ်းခြံကုန်းမြို့နယ် ရဲစခန်းတွင် ဇွန်လ ၂၆ ရက်နေ့က အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်ပွားမှုမှာ ပြီးခဲ့သည့်ဇန်န၀ါရီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော်လည်း ဇွန်လ(၂၆)ရက်နေ့မှသာ အရေးယူ ဆောင်ရွက်မှုပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

ရွှေမြစ်မခ

တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြနှင့်


သံဃာတော် များ တိုက်ပေးတိုင်း မြှောက်ပေးတိုင်း ဒေါသမထွက်ကြရန် သီတဂူ ဆရာတော် ရှင်ဉာဏိဿရက သံဃာတော်များသို့ ဇွန်၂ရရက် က ဩဝါဒမိန့်ကြားခဲ့သည်။ အင်းစိန်မြို့နယ် မိုးကုတ် ဝိပဿနာ ဓမ္မရိပ်သာ အောင်ဆန်း တောရ တပ်ဦးကျောင်းတိုက်တွင် ကျင်းပသည့် အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သံဃာတော်များဆွေးနွေးပွဲ နှင့် ဩဝါဒခံယူပွဲတွင် သီတဂူဆရာ တော်ကြီးမှ သံဃာ တော်များ သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ရာဇဝတ် မှုမှအစပြုခဲ့သည့် လူမျိုးရေးပဋိပက္ခများတွင် သည်းမခံနိုင်ခြင်း ကြောင့် ယခုကဲ့သို့ဘာသာကြီး နှစ်ခုကြား လူမျိုးစုများတွင် ပဋိ ပက္ခများ ဖြစ်ပွားခဲ့ ရခြင်း ကြောင့် ဆရာတော်ကြီးမှ အထက်ပါအ တိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

သီတဂူဆရာတော် ရှင်ဉာဏိဿရက ''သံဃာတော်တွေက ငြိမ်းချမ်းရေးဖော်ဆောင်သူ (Peace Maker)များ ဖြစ်သင့်တယ်။ ဆူပူမှုတွေကို လှုံ့ဆော်သူတွေတော့ မဖြစ်သင့်ဘူး။ သူများ တိုက်ပေး တိုင်း မြှောက်ပေးတိုင်း ဒေါသမ ထွက်ကြဖို့ ပန်ကြားလိုပါတယ်'' ဟု မိန့်တော်မူသည်။ ဆရာတော်ကြီးက သံဃာ တော်များ သည်းခံခြင်းသည် အ ကောင်းဆုံးဖြစ်ကြောင်း၊ မည်သူ ပြောပြော သည်းခံရမည်ဖြစ်ပြီး မဟုတ်လျှင်မဟုတ်ကြောင်းရှင်းပြ ရမည်ဖြစ် ကြောင်း၊ စသည်တို့သည် လူ့အခွင့်အရေးသာဖြစ်ကြောင်း ထပ်လောင်းမိန့်ကြားခဲ့သည်။

ဖြစ်ပွားခဲ့သည့်ပဋိပက္ခများ သည် မတော်တဆဟုဆိုသော် လည်း ရည်ရွယ်ချက်ရှိရှိလုပ်သ ကဲ့သို့ဖြစ်နေခြင်းကြောင့် လှုံ့ဆော် သူများ၏အသုံးချခံမဖြစ်ရန်၊ သေး ငယ်သည့်ကိစ္စရပ်များအား အ ကျယ်မချဲ့ရန်၊ ဒေါသမဖြစ်သင့် သည့်ကိစ္စများ ဒေါသမဖြစ်ရန်နှင့် ယခုကဲ့သို့ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားနေပါက ငြိမ်းချမ်း ရေးဟူ၍ ကြားဝင်စေ့စပ်သည့် အဖွဲ့များနှင့် လှုပ်ရှားဆောင်ရွက် သူများသာ အမြတ်ထွက်သွားမည် ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။

နန်းသီတာ ၊ ရွှေရည်မဉ္ဖူ
Yangon Media Group

တစ်နိုင်ငံလုံးရှိ တပ်သိမ်းလယ်မြေများ ဇူလိုင်လအတွင်း ပြန်ပေးမည်

။ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီး မှတစ်နိုင်ငံလုံးတွင်ရှိ တပ်သိမ်း လယ်ယာမြေများအား ဇူုလိုင်လ အတွင်းမှစပြီး ပြန်လည်ပေးအပ် သွားမည်ဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြော ကြားခဲ့သည်။ ဇွန် ၂ရရက်နေ့ တွင် ကျင်းပပြုလုပ်သော ပထမ အကြိမ် အမျိုးသား လွတ်တော် သတ္တမပုံမှန်အစည်းအဝေး၊ နံနက် ပိုင်းခေတ္တ အနားပေးစဉ် ယင်းက ရန်ကုန်တိုင်းမ် သတင်းစာ သို့ ပြောကြားခြင်းဖြစ်သည်။

''အခု မနက် ၉နာရီ လယ် ယာမြေအစည်းအဝေးမှာ လယ် ယာမြေကော်မရှင်ဥက္ကဋ္ဌ  ဦးတင်ထွဋ်ကို ကာကွယ်ရေးပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ဝေလွင်က တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်သိမ်း လယ်ယာမြေတွေကို ဆိုက်ပလင် ကလွဲရင် ပေါ့။ ဆိုက်ပလင် ဆိုတာ က ဒီနေရာမှာ ဘာအဆောက် အဦးဆောက်မယ်၊ ဟိုနေရာမှာ ဘာဆောက်မယ်၊ မဆောက်ဖြစ် သေးတာကလွဲပြီး တပ်သိမ်းလယ် ယာမြေတွေအားလုံး ဒီလကုန်ရင် ပြန်ပေးမယ်။ ဒုတိုင်းမှူး တွေအား လုံးနဲ့လဲ ဆွေးနွေး ပြီးပြီ လို့ပြော တယ်။ ကျုပ်တို့ ဥက္ကဋ္ဌဦးတင်ထွဋ် က ကော်မရှင်အဖွဲ့ဝင်တွေအား လုံးကို ခေါ်ပြောတယ်''ဟုယင်းမှ ပြောသည်။

မကွေးတိုင်း ဒေသကြီး အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးလှဆွေ က တစ်တိုင်းပြည်လုံးမှာ ရှိသည့် လယ်ယာမြေ အသိမ်းခံ ထားရသော တောင်သူလယ်သ မားများအား ပြောကြားလိုသည် မှာ ''ထွန်တုံးတိုက်ပွဲတွေ လုပ်နေ တာတွေက အရေး မပါဘူး။ အခု ဘာလုပ်ရမလဲဆိုတော့ အသိမ်း ခံထားရ တဲ့ ကိုယ့်ရဲ့ လယ်ယာ မြေ အထောက် အထားတွေ၊ မြေပြေ စာတွေ ရှာစရာရှိရင် ရှာထား၊ လက်ထဲမှာ သေချာကိုင်ထား။ တပ်ကနေ ပြန်ပေးပြီ ဆိုတာနဲ့ ဒါ ကျွန်တော့် မြေပါလို့ ပြောလို့ရ အောင်။ ထွန်တုံးတိုက်ပွဲလုပ်တာ က ကိုယ့်မြေ ကို မပိုင်ဘူး။ ကိုယ့် မြေကို ပိုင်ချင်ရင် နဂိုရှိတဲ့ မြေ ပိုင်ဆိုင်ကြောင်း အထောက်အ ထား၊ မြေအခွန်ဆောင် ပြေစာ တွေ၊ ရောင်း ထား ဝယ်ထားတဲ့ အထောက်အထားတွေ အခုထဲ ကရှာဖွေပြီး လက်ထဲမှာကိုင်ထား ကြ။ ဒီလကုန်ရင် ပေးဖို့ အဆင် သင့်ဖြစ် နေပြီလို့ ပြောတယ်။ ဒီ လကုန်ရင် ပြန်ပေးလိမ့်မယ်''ဟု ပြောကြားခဲ့သည်။

တောင်သူ လယ်သမား၊ ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂအဖွဲ့အထွေထွေအတွင်း ရေးမှူးဦးမောင်ဌေးက ''အခုလို တပ်ကသူတို့သိမ်းထားတဲ့လယ် မြေတွေကို ပြန်ပေးမယ်ဆိုတာ ဝမ်းသာပါတယ်။ ဧရာဝတီတိုင်း မှာ တပ်က သိမ်းထားတဲ့ လယ်မြေ အများစုက အဲ့ဒီလယ်သမားတွေ ကိုပဲ သီးစားပြန်ချပေးပြီးလုပ်ခိုင်း တော့ လယ်သမားတွေကကိုယ့် လယ်လဲ အသိမ်းခံရပြီးကိုယ့်လယ် တွေမှာပဲ သီးစားခပြန်ပေးပြီး လုပ် နေရတယ်။ အစိုးကလဲ တပ်က ပြန် ပေးတဲ့အခါမှာ မှန်မှန်ကန်ကန် လယ်သမားလက်ထဲ ပြန်ရောက် အောင် ဆောင်ရွက်ပေးဖို့ လိုပါ တယ်။ လယ်သမားတွေ လက်ထဲ လယ်မြေတွေပြန်ရောက်မှာဖြစ် တဲ့အတွက် တိုင်းပြည်ကုန်ထုတ် လုပ်ငန်းအတွက်လဲ အများကြီး အကျိုး ဖြစ်ထွန်းပါတယ်။ အထူး သတိထားဖို့ကတော့ အဲ့ဒီပြန်ပေး မယ်ဆိုတဲ့ လယ်မြေတွေ လယ်သ မားတွေလက်ထဲ မှန်မှန်ကန်ကန် ရောက်ရှိဖို့ လယ်သမားတွေ ယုံ ကြည်ကိုးစားရတဲ့ အဖွဲ့တွေနဲ့ အ စိုးရနဲ့ပူးပေါင်းပြီး အမြန်ဆုံး  ပြန် ပေး နိုင်ဖို့လိုပါတယ်''ဟုပြောသည်။

ဧရာဝတီ တိုင်းဒေသကြီး တွင် ပုဂ္ဂလိကကုမ္ပဏီများမှသိမ်း ယူထားသည့် လယ်မြေဧက ၄၀၀၀ ကျော်အား လယ်သမားများထံသို့ ပြန်လည်ပေးအပ်ပြီဟုဆိုသော် လည်း လက်ရှိတွင် အစိုးရမှပြန်လည်ပေးအပ်ခြင်းမရှိသေးခြင်း ကြောင့် တောင်သူလယ်သမား များက သတင်းစာရှင်းလင်းပွဲများ ပြုလုပ်တောင်းဆိုလျက်ရှိကြောင်း သိရသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကလည်း တပ်မတော်မှသိမ်းယူ ထားသည့် လယ်မြေများ အား ပြန် လည်ပေးအပ်သွားမည်ဟု မိန့်ခွန်း တစ်ရပ်တွင်ပြောကြားခဲ့သည်။

မောင်ပိုင်
Yangon Media Group

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ


လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံးရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။

netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။

http://therealsingapore.com/content/prc-couple-fell-death-while-having-sex-window မှ သတင်းကို Myanmar CNN မှ ဆီလျှော်သလို ဘာသာပြန် ဖော်ပြပါသည်။



လက်ကိုင်ဖုန်းပြောဆိုခ များ တစ်မိနစ်လျင် ၅ ကျပ် နှုန်းအထိ ကျဆင်းလာနိုင်ဟု ဆက်သွယ်ရေး ဒု ၀န်ကြီးဆို

GSM နှင့် CDMA လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျင် ၅ ကျပ်နှုန်း အထိကျဆင်းလာနိုင်သည့် အလားအလာ ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ် တော်တွင် ပြောကြားလိုက်သည်။
"ခုအချိန်ထိ (၅) ကျပ် နှုန်းအထိ အဆိုပြု ကမ်းလှမ်းထားတာ များမရှိသေးသည့်တိုင် အပြိုင် အဆိုင် လုပ်လာ ကြမည့် ကုမ္မဏီ ၄ ခုအနေနဲ့ ပြိုင်ဆိုင် မှု ရဲ့ သဘောတရား အရ တစ်ချိန်ပြီး တစ်ချိန် ဈေး နှုန်းတွေ ကျဆင်းလာမှာ ဖြစ် ပါတယ်။ တစ်ချိန်ချိန် မှာ တော့ ၅ကျပ် နှုန်း အထိကျဆင်းကောင်း ကျဆင်းလာနိုင်ပါတယ်" ဟု ဒု ၀န်ကြီးကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့် က "လက်ကိုင်ဖုန်းများ၏ ပြောဆို ဆက်သွယ်ခကို တစ်မိနစ်လျှင်(၅၀)ကျပ်နှုန်းမှ (၅)ကျပ်နှုန်းသို့ လျှော့ချပေးရန် လက်ကမ်းအဆိုပြုလာသည့် ကုမ္ပဏီများ ရှိ/မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင် လျှော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းကာ ပြည်သူ့လွှတ်တော်တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။
ထို့ပြင် ဒု ၀န်ကြီးက "ကျွန်တော် တို့ ဝန်ကြီးဌာန က လွှတ်လပ်စွာဈေးကွက်ယှဉ် ပြိုင် မှု အရ ဈေးနှုန်းကိစ္စကို သတ်မှတ်မှာ မဟုတ်ပါဘူး
သူတို့ အနေ နဲ့ လွှတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်" ဟု ထပ်လောင်းပြောကြားသည်။
လက်ရှိတွင် GSM ၊CDMA လက်ကိုင်ဖုန်း များ၏ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် (၅၀)ကျပ် နှုန်းမှ (၅) ကျပ်နှုန်းသို့လျှောချပေးရန်ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္မဏီများ
မရှိသေးကြောင်း ဒု ၀န်ကြီး၏ ပြောကြားချက်အရ သိရသည်။

Popular Myanmar

တယ်လီကွန်လိုင်စင် နှင့် ပတ်သတ်ပြီးဒီဂျီဆဲလ် ရဲ့ သတင်းထုတ်ပြန်မှု


မြန်မာနိုင်ငံတဝှမ်းတယ်လီကွန်လုပ်ငန်းလိုင်စင် အောင်မြင်စွာရရှိခြင်းမရှိသည် နှင့် ပတ်သက်ပြီးဒီဂျီဆဲလ် က စိတ် မကောင်းဖြစ်ရပါ ကြောင်းပြော ကြားလိုက်ပါတယ်။
ဒီဂျီဆဲလ်က မြန်မာပြည် မှာရှိသောစီးပွါးရေးလုပ်ငန်း လုပ်ကိုင်နိုင်မှုများ ကိုလေ့လာလျက်ရှိပြီး ၊ မြန်မာပြည် အပေါ်မှာမျှော်လင့်ချက်များ ရည် ရွယ်ချက်များထားလျှက်ရှိပါသည်။
ယခုလိုတယ်လီကွန်လေလံတင်ခွင့် မှာပါဝင်ခွင့် ရတဲ့ အတွက် YSH Finance Limitedကိုယ်စား YSH Finance LimitedဟာFirst Myanmar Investment Co., Ltd နှင့် Yoma Strategic Holdings Ltd. ရဲ့ ဖက်စပ်လုပ်ငန်းဖြစ် ပါသည်။
“FMI/Yoma” Quantum Strategic Partners ကိုယ်စား ၊ ဒီဂျီဆဲလ် ကိုယ်စား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကိုကျေးဇူး တင်ကြောင်းပြော ပါရစေဟုဒီဂျီဆဲလ် ရဲ့ နာယက နှင့် တည်ထောင်သူ Mr. Denis O’Brien က ပြောကြားလိုက်ပါတယ်။
သည့်အပြင် ယခုအောင်မြင်သွားသောတင်ဒါ လျှောက်လွှာရှင် များကိုလည်း ၀မ်းမြောက် ကြောင်း နှင့် မြန်မာ့ ဈေးကွက် အတွင်းကိုဝင်ရောက်နိုင် ရန် ပြင်ဆင်မှုများအတွက်လည်းဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Popular Myanmar

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း


ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီး မိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။
ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

 ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြိုဝေဒနာလို့ ခေါ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ်ပြင်းပြ တာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွား တတ်ပါတယ်။

ရာသီအကြိုဝေဒနာကို ဘာကြောင့် မိန်းကလေးတချို့ကပဲ ခံစားရတာလဲ

ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေး တစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီ မလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေကြောင့်လည်း ဝေဒနာဖြစ်ပေါ်တယ် လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်ဒ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက်မှီဝဲတာ က တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာ လို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရ စေပြီး ဗိုက်အောင့်တာကို သက်သာစေ ပါတယ်။

- ရာသီအကြိုဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်ဆေးကို ဆောင်ထားပါ။

- ရာသီအကြိုဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကို သိနားလည် ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါနေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီလာစဉ် ပင်ပန်း နွမ်းနယ်မှုပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။

(၃) အာဟာရပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင်ဟင်းရွက်၊ အနီရောင်အ သား၊ တိရစ္ဆာန် ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါ ဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အခက်အခဲတွေ့ ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်း လွယ်အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ် သုံးပစ္စည်း ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီ ခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

Myawady Health 

တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်းသည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေကာ လူကိုပါ ပိုကျန်းမာစေနိုင်


တစ်ဦးကိုတစ်ဦး ပွေ့ဖက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် အားပေးခြင်းများ သည်စိတ်အား ကိုဖြစ်စေကာ အကျိုး ဆက်အဖြစ် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်မှုများ လျော့နည်းပြီး ကိုယ်ခံစွမ်းအား ပိုကောင်းလာ၍ ကူးစက် ရောဂါများမှအစ နာတာရှည် ရောဂါ များဖြစ်သော နှလုံးရောဂါ၊ ကင်ဆာ ရောဂါများအထိ အကာအကွယ် ပေး နိုင်ကြောင်း လေ့လာမှုစစ်တမ်း တစ်ရပ်အရ သိရသည်။
တစ်နေ့ကို ဆယ်စက္ကန့်လောက် ဖြစ်စေ ပွေ့ဖက်ရုံဖြင့် သွေးဖိအားကို ကျဆင်းစေပြီး၊ ထိုသို့ ပွေ့ဖက်ပြီး နောက်တွင် လူကို သက်သောင့်သက် သာကြည်မြချမ်း မြေ့နေစေသော အောက်စီ တိုစင် ဟော်မုန်းများဦး နှောက်မှ ထွက်ရှိနှုန်းများ လာပြီး လူက ကိုယ်စိတ် ပေါ့ပါးချမ်းမြနေမည် ဖြစ်သည်။ တစ်ချိန်တည်း မှာပင်လူ ကိုစိတ်ဖိစီး မှုဖြစ်စေသော ကော်တီ ဇုန်းဓာတ်များကား သွေးထဲ တွင် နည်းပါး သွားမည်ဖြစ်သည်။

“တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ခြင်း ဟာလူရဲ့ဇီဝဓာတု လုပ်ငန်းတွေ ပိုအားကောင်းလာ အောင်အားပေးနိုင် စွမ်းရှိတာကို လေ့လာတွေ့ရှိရပါ တယ်” ဟု လေ့လာမှု စစ်တမ်းကို ဦးဆောင်ပြုလုပ် ခဲ့သော ဒေါက်တာ ဂျန်အက် စတွန်ကပြောသည်။ လေ့လာ မှုစစ်တမ်းကို Comprehensive Psychology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

လူ၏ခန္ဓာကိုယ် အရေပြား တွင်ထိတွေ့မှုကို အာရုံခံသော ပါဆီနီယန် ကော်ပါဆယ်လ် ဟုခေါ်သည့် အလွန် သေးငယ်သော ဥပုံသဏ္ဍာန် ဖောင်းကြွအိတ်လေး များပါဝင်သည်။ ထိုအိတ်လေး များသည် အာရုံကြော စနစ်မှတစ်ဆင့် ဦးနှောက်နှင့်ချိတ် ဆက်ထားသည်။ ဦးနှောက်အတွင်း အောက်စီတိုစင် ဟော်မုန်း ထုတ်ပေးရာ နေရာနှင့်လည်း ဗေးဂတ်စ်နာ့ဗ် ကြောများမှတစ်ဆင့် ထိုဖောင်းကြွ အိတ်လေးများသည် ဆက်သွယ်မှုရှိ နေကြောင်း တွေ့ထားသည်။ ထိုဖောင်း ကြွအိတ် လေးများသည် ကျောရိုး ဗဟိုအာရုံကြောမမှ တစ်ဆင့်လည်း နှလုံးနှင့် ဆက်သွယ်မှုရှိ နေပြန် ကြောင်း တွေ့ရသည်။

သို့ဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လိုက်သည့်အခါ အရေပြားရှိ ပါဆီနီယန် ကော်ပါဆယ်လ် ဖောင်းကြွ အိတ်လေးများက အထိအတွေ့ကို အာရုံခံမိပြီး လှုပ်ရှား တက်ကြွ လာကာ ဦးနှောက်အတွင်းရှိ အောက် စီတိုစင် ဟော်မုန်းထုတ်ပေးရာ နေရာကို လှုံ့ဆော်မှုပြုသည်။ ထိုအခါ လူကို ကြည်မြချမ်း မြေ့နေစေသော အောက်စီတိုစင် ဟော်မုန်းများ ပိုမို ထွက်လာပြီး လူကသက်သောင့် သက်သာဖြစ်လာသလို၊ နှလုံးနှင့် လည်း ဆက်သွယ်မှု ရှိသဖြင့် နှလုံးကိုလည်းအား ဖြစ်စေမည်ဖြစ်သည်။ စိတ်ချမ်းမြေ့လာခြင်း အကျိုးဆက် အဖြစ် လူသည် ကိုယ်ခံအားပို ကောင်းလာကာ ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာမည်ဖြစ်သည်။

Myawady Health 

မိခင်နှင့် စကားများသူကို သားကဓားဖြင့်ထိုး


မန္တလေးတိုင်း ဒေသကြီး ပြည်ကြီး တံခွန်မြို့နယ် (ဇ)ရပ်ကွက်တွင် ဇွန်လ၂၅ ရက်နေ့ မွန်းလွဲ ၁နာရီ ၄၅ မိနစ်ခန့်က ၁၉ နှစ်အရွယ် လူငယ် တစ်ဦးသည် ၎င်း၏ မိခင်နှင့် စကားများ ထားသူကို မကျေနပ် သဖြင့် ထိုသူ၏ နေအိမ်ပေါ်တက်၍ တာယာ လှီးဓားဖြင့် နားထင်ကို ထိုးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် အဆိုပါ ဓားထိုးခံရသူ မိသားစု များထံမှ သိရှိရသည်။
ဓားဖြင့်ထိုးသူမှာ ကျော်စိုးနိုင်ဆိုသူ ဖြစ်ပြီး ပြင်ပသင်ဆရာမ အသက် ၃၂ အရွယ် ဒေါ်သန္တာဦးအား လက်ဝဲနားအထက်ကို အရိုးအသွား ၅ လက်မခန့် ရှိသောဓားဖြင့် ထိုးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက ကျော်စိုးနိုင်ရဲ့အမေနဲ့ စကားများ ရန်ဖြစ်ထားတယ်၊ တစ်ယောက်တစ်ခွန်း စကားများကြတာ။ အဲဒီတုန်းကတော့ ဒီကောင်လေးမရှိဘူး။ မကျေနပ်လို့ လုပ်တာထင်တယ်။ ကလေးကလည်း နည်းနည်းဆိုးတယ်၊ မနက်ကတော့ ခွဲခန်းထဲမှာ ဆရာဝန်ကြီးက မစိုးရိမ်ရဘူး လို့တော့ ပြောတယ်” ဟု ဒေါ်သန္တာဦး၏ ခင်ပွန်းဖြစ်သူ ပြည်ကြီးတံခွန်မြို့နယ် အ.ထ.က (၂၇) စက်မှု (၁) အလယ်တန်းပြ ကျောင်းဆရာ ဦးသိန်းထွန်းက The Voice သို့ ပြောကြားသည်။
ဒေါ်သန္တာဦးသည် အရိုးအသွား ၅ လက်မခန့်ရှိ ဓားတန်းလန်းနှင့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ဝဲလက်ဖျံတွင် ပြတ်ရှဒဏ်ရာတစ်ချက် ဒဏ်ရာရရှိ၍ မန္တလေး ပြည်သူ့ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြော ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း ဦးသိန်းထွန်းက ဆက်လက် ပြောကြားသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးသိန်းထွန်းက ပြည်ကြီးတံခွန် မြို့မရဲစခန်းတွင် ကျော်စိုးနိုင်ကို အမှုအမှတ် (ပ) ၂၅၆/၂၀၁၃ ပုဒ်မ ၄၅၂/၃၂၆အရ အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
From:Voice

အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူ မဇင်မာအောင်နဲ့ တွေ့ဆုံမေးမြန်းခန်း။

အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်သူ မဇင်မာအောင်နဲ့ တွေ့ဆုံမေးမြန်းခန်း။


ရွှေတူးလို့ သောက်သုံးရေ အခက်တွေ့

သပိတ်ကျင်းမြို့နယ်အတွင်းက ၀က်သေကျေးရွာမှာ ရွှေတူးဖေါ်ရေးလုပ်ငန်း ကြောင့် သောက်သုံးရေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒေါ်ခင်မင်းဇော် သတင်းပေးပို့ထားပါတယ်၊ ရိုက်ကူးမတင်မာဆွေ


ခင်ဇာခြည်ကျော်နဲ့ ခွန်းဆင့်နေခြည် facebook hack ခံရကြောင်း ပြောတဲ့ အသံ နဲ့ ဗီဒီယို ဖိုင်

အသံဖိုင် နားထောင်ရန်၊ https://soundcloud.com/ko-tar/facebook-hack-file

Video ကြည့်ရန်

ဝက်ခြံနဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ်ရှားမယ်


ဝက်ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။ အဲ့ဒီတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....
၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။

ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန်တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့လမ်း ဖြစ်လာတတ်လို့။

၂။အဆီပြန် တတ်တဲ့ အသားအရည် ပိုင်ရှင်များက အစားအသောက် စားတဲ့အခါ အဆီအစိမ့်နဲ့ နို့ထွက် ပစ္စည်းကို ရှော့စားပေးပါ။

တနေကုန် အလုပ်လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာ နေရတဲ့ သူများ အနေနဲ့ တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့် လုပ်ပေးသင့်တယ်။

အဆီပြန်လာတဲ့ အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။

နောက်တခုက။ ။ ခရမ်းချဉ်သီးနဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။

လွယ်လွယ်လေးနော်.....၂နည်း ရှိတယ်။

နည်း ၁။

၁) ခရမ်းချဉ်သီး ကြီးကြီးနဲ့ မာမာ တလုံးကို ယူပြီး ထိပ်ဖူးကို စိတ်ပါ။

၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲ ထည့်ပြီး ခရမ်းချဉ်သီး ထိပ်ဖူးနဲ့ သုတ်လိမ်းပါ။

၃) မျက်နှာပြင်ပေါ်ကို နေရာအနှံ့ စသုတ်လိမ်း ပေးပါ။

၎။ ၁၀ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။

ပြီးပါပြီ။

နည်း ၂၊ ။

၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒီ အလယ်သား (အရည်)နဲ့ မျက်နှာပြင်ကို သုတ်လိမ်း လိုက်ပြီး ၁၀မိနစ်ထားပြီးမှ ရေးဆေးပါ။

ပြီးပါပြီ။

(သတိပြုရမှာက တချို့ အသားအရည် တွေက အဲ့လို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခန အဆီပြန်တာ သက်သာပေမဲ့ အနည်းငယ် မဲသွားတတ်တယ်.. လန့်မသွားပါနဲ့ မတည့်လို့ မဟုတ်ပါဘူး။ နောက်တစ်ရက်ဆို နဂို အသားတိုင်း ပြန်ဖြစ် သွားမှာပါ။ နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ )

ပြီးတော့... ခရမ်းချဉ်သီးက နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန် ရောင်ခြည် ဒဏ်ကို ကာကွယ် ပေးနိုင်လို့.. အရေပြား ကင်ဆာနဲ့ အိုးမင်း ရင့်ရော်ခြင်းကို လျော့ကျစေတယ်။

၃။ အဲ့လို စနစ်တကျ နေသားကျ သွားတဲ့အခါ... ချွေးထွက် များတယ် ဆိုရင်တောင်.. တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်း လွန်းတဲ့ အတွက် ၀က်ခြံ မပေါက် နိုင်တော့ပါဘူး။

တခုတော့ ရှိတယ်နော်.... ၀က်ခြံ ပေါက်တာ... အသားအရည် ကျန်းမာမှုနဲ့ ဆိုင်သလို... သွေးသား နဲ့လဲ ဆိုင်လို့... အမျိုးသမီးများ ရာသီ လာချိန်များနဲ့ ယောက်ျားလေးများ လူပျိုဖော် ၀င်စ ချိန်တွေဆို.. ပေါက်လာ တတ်တာလဲ သဘာဝပါ။

ကဲ.. ၀က်ခြံ ပေါက်လာပြီ ဆိုပါစို့....

၁။ ပထမနဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါ ပိုးမွှားတွေက ၀က်ခြံ ထိပ်ဝ ( သွေးထွက်ရာ နေရာ) နဲ့ ထိမိ ၊ ဖိမိတဲ့ အခါ အသားထဲကို ၀င်ရောက်ပြီး အနာကိုလည်း ရင်းစေသလို.. ပွားနှုန်းလည်း မြန်နိုင်ပါတယ်။ နောက်တခုက အမာရွတ် ဖြစ်ကျန် ခဲ့တာပါ။

၂။ မှဲ့တဲ့ အထိ စောင့်ပါ။ ( ၀က်ခြံ ရှိလို့ မရှက်ပါနဲ့ ပိုမဆိုးအောင် ဂရုစိုက်ပါ။)

မှဲ့လာတဲ့ အခါ သူ့သဘာဝ အတိုင်း အဆံလေးက အပြင်ကို ညွတ်ကျပြီး ထွက်သွား ပါလိမ့်မယ်...။ အဲ့ဒိအခါမှ တစ်ရှုးဆ သန့်သန့်နဲ့ ဖြစ်ဖြစ် လက်သန့်သန့်နဲ့ ဖြစ်ဖြစ် အလွယ်တကူ ဖယ်ရှား နိုင်ပါတယ်။

လေးစားချစ်ခင်သော

မုန်တိုင်း

က​လေး​လို​ချင်​လွန်း​သ​ဖြင့် အမျိုးသားအယောက် ၂၀ နဲ့အိပ်တဲ့ ဗြိတိန် အမျိုးသမီး


ဗြိတိန်နိုင်ငံမှ အမျိုးသမီး​ တစ်ဦးက သူမသည် ကလေး​ လိုချင်​ လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်း ထုတ်ဖော်​ ဝန်ခံ​ လိုက်သည်။

အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ်များအတွင်း သူမသည် ကျန်းမာရေး​ အရ ကလေး​ ရနိုင်ရန် အလွန်​ ခက်ခဲ​ မည်ဟု​ သိလာ​ ပြီးနောက် ထို​ အဖြေကို​ လက်မခံ​ ​ ချင်ခဲ့ဟု​ ဆိုသည်။ ထို့ကြောင့်လည်း မည်သူမှန်း​ မသိသည့် လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။

တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အတင်း​ သွားရောက်ကာ ထိုသူနှင့် လိုက်သွား​ ခဲ့ကြောင်း လာရာက ပြောကြား​ သွားသည်။ ရုံးမန်နေဂျာ တစ်ဦး​ ဖြစ်သည့် လာရာက သူမသည် ကလေး​ ရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ ပြုလုပ်​ ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်​ ရသေးကြေင်း ဝန်ခံ​ ခဲ့သည်။ ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​ တစ်ခု ထုတ်ပေး​ လိုက်သော်လည်း ထို​ သူ​ မသိအောင် အပေါက်ဖောက်​ လိုက်ကြောင်း ပြောကြား​ သွားသည်။

သူမသည် အတည်တကျ ချစ်သူ​ မထားဘဲ လူစိမ်းများကိုသာ ချဉ်းကပ်ပြီး ကလေး​ ရအောင် ကြိုးစား​ ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည် သုက်ပိုး​ အလှူရှင် အကူအညီဖြင့် ကိုယ်ဝန်​ ရအောင် ဆောင်ရွက်ရန် စဉ်းစား​ ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​ အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။

လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့် လိင်​ ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်းကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ ခဲ့သော်လည်း အချို့က သဘောမတူ​ ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​ အိတ်ထဲကျပ် အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ ထားလိုက်ကြောင်း လာရာက ပြောဆို​ သွားသည်။

From: လူထုအသံ

စစ်တပ် သိမ်းမြေများ ပြန်ပေးမည်


အစိုးရ စစ်တပ်က အဓမ္မ သိမ်းယူထားသော မြန်မာနိုင်ငံ တ၀န်းမှ လယ်မြေများအား မူလပိုင်ရှင် လယ်သမားများထံ ပြန်လည် ပေး အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်တပ်သည် ၎င်းတို့၏ တပ်နှင့်သက်ဆိုင်သည့် အဆောက်အအုံများ ဆောက်လုပ်ရန် သိမ်းယူထားသည့် မြေများမှအပ တခြား အကြောင်းအရာများဖြင့် သိမ်းယူထားသည့် လယ်ယာမြေ၊ နွားစားကျက်မြေ၊ မြေလွတ် မြေရိုင်းများ စသည်ဖြင့် အဓမ္မ သိမ်းယူ ထားသည့် လယ်မြေများကို ပြန်ပေးနိုင်ရန် စစ်တပ်ခေါင်းဆောင်များက စီစဉ်နေကြောင်း စစ်တပ်နှင့်နီးစပ်သူ တချို့က ဧရာဝတီ ကို ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းတွင် တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင် စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ ဧကမှ တနေရာ (ဓာတ်ပုံ – ဧရာဝတီ)
“စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေအထဲက ဘာအဆောက်အအုံမှ မဆောက်တဲ့ မြေတွေ အကုန်လုံးပြန်ပေးမယ်၊ မဖြစ်မနေ သိမ်းထားတာတွေကိုလည်း တန်ရာတန်ကြေး လျော်ကြေးပေးသွားမယ်လို့ သိရတယ်၊ ဘယ်အချိန် ပြန်ပေးမယ်ဆိုတာတော့ မသိရ သေးဘူး”ဟု စစ်တပ်နှင့်နီးစပ်သူ တဦးက ပြောသည်။

တပ်မတော်အစိုးရ လက်ထက်တွင် အကြောင်း အမျိုးမျိုးကြောင့် သိမ်းယူထားသော လယ်ယာမြေများ အနက် တပ်မတော် အတွက် အမှန်တကယ် မလိုအပ်သည့် လယ်မြေများကို အခကြေးငွေ မယူဘဲ မူလပိုင်ရှင် လယ်သမားများကို လုပ်ကိုင်ခွင့် ပေးရန် ကာကွယ်ရေးဦးစီးချုပ်က ညွှန်ကြားထားသည် ဟု တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ချုပ်မင်းနိုင်က  ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ နှင့်ဖေဖော်ဝါရီလ အတွင်းတွေ့ဆုံခဲ့စဉ် က ပြော ဆို ခဲ့ဖူးသေးသည်။

မြန်မာနိုင်ငံ တ၀န်းရှိ စစ်တပ်တခုတည်းက အဓမ္မ သိမ်းယူထားသည့် လယ်မြေဧကပေါင်း ၂ သိန်းကျော် (၂၄၇၀၇၇ ဒသမ ၀၆ ဧက) ရှိကြောင်း ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

တပ်မတော်သည် လယ်မြေဧက ၁၉၀၀၀ ဒသမ ၅၁၉ ဧက သိမ်းယူထားပြီး ဧကပေါင်း ၄၃၁ ဧက အတွက် ကျပ်သန်းပေါင်း ၉၉၉ ဒသမ ၂၅ သန်းကို ၂၀၁၂ ခုနှစ် အတွင်း လျော်ကြေး ပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်မင်းနိုင် က ကော်မရှင်နှင့်တွေ့စဉ် ပြောဆိုခဲ့သည်။

စစ်တပ်အတွက် အသုံးမပြုသည့် လယ်ယာမြေများကို ပြန်ပေးမည်ဆိုသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော်လက်တွေ့ ပေးရန် အရေးကြီးကြောင်း ရခိုင်ပြည်နယ်၏ လယ်ယာမြေ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီ ကို ပြောသည်။

“ကျနော်တို့ ရခိုင်ဒေသမှာ စစ်တပ်က သိမ်းထားတာ ဧက သောင်းဂဏန်းနဲ့အထက်ရှိတယ်၊ တိုင်ထားတဲ့ အမှုပေါင်း ၂၀၀ ၀န်းကျင် ကို ကော်မရှင် အဖွဲ့ဝင်တွေ စစ်ဆေးနေတာ နှစ်ချီရှိပါပြီ၊ လယ်သမားတွေ လက်ထဲ အမှန်တကယ် ရောက်တာဆိုလို့ သုံးလေးမှုပဲ ရှိသေးတယ်”ဟု ၎င်းက ဆိုသည်။

လယ်ယာမြေ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ လွှတ်တော်က ဖွဲ့စည်းထားသော ကော်မရှင်၊ ကော်မတီများ၏ ဆောင်ရွက်မှု သည် ထိရောက်မှု မရှိကြောင်း၊ ထိုအဖွဲ့အစည်းများ၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို တာဝန်ယူဖြေရှင်းပေးရမည့်သူသည် အစိုးရ သာဖြစ်ကြောင်း၊ သို့သော် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနများ အနေဖြင့် ထိရောက်မြန်ဆန်သည့် အလေးထား ဆောင်ရွက်ပေးမှု မရှိကြောင်း သိရသည်။
“အစိုးရ ကိုယ်တိုင်ဖွဲ့တဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ လွှတ်တော်က ဖွဲ့တဲ့ အဖွဲ့တွေထက် ပိုပြီးထိရောက်နေတာ တွေ့တယ်၊ ကျနော်တို့ လုပ်တာကို အစိုးရက လုပ်ပေးမှ ရတာဆိုတော့ လယ်သိမ်းမှုတွေ ဖြေရှင်းပေးတာဟာ ထင်သလောက် ခရီးမ ပေါက်ဘူး”ဟု ဦးဖေသန်း က ဆိုသည်။

စစ်တပ်သည် ၎င်းတို့၏ စစ်တပ်အဆောက်အအုံများ ဆောက်လုပ်ရန်နှင့်တပ်တွင်း တနိုင်တပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် လုပ်ငန်းများအတွက် သိမ်းထားသည့် လယ်မြေများအပြင် အကြောင်းပြချက် တစုံတရာ မရှိဘဲ သိမ်းယူထားသည့် လယ်မြေ ဧက ထောင်ပေါင်းများစွာ ရှိကြောင်း သိရသည်။

မွန်ပြည်နယ်တွင်လည်း ရာဘာခြံများ၊ လယ်မြေများ၊ နွားစားကျက်မြေများ စသည်ဖြင့် ဧကပေါင်းများစွာကို စစ်တပ်က သိမ်းယူ ထားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ဧရာဝတီ ကို ပြောသည်။

စစ်တပ် အပြင် မြို့ရွာဖွံ့ဖြိုးမှုအတွက်ဟုဆိုကာ သိမ်းယူထားသည့် လယ်မြေဧကမှာ ၁ သိန်းကျော် (၁၁၇၈၃၄ ဒသမ ၁၉ ဧက) ရှိကြောင်း ပြည်ထောင်စု လွှတ်တော်၏ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

မလေးရှား၊ ထိုင်း ၊ စင်ကာပူတို့မှ ပြန်လာသူများကို အိမ်အလှဆင်လုပ်ငန်းတွင် အလုပ်ပေးမည်


မလေးရှား၊ ထိုင်း၊ စင်ကာပူနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် မှန်၊ အလူမီနီယံ၊ စတီး၊ သံပန်း မျက်နှာ ကျက်နှင့် အိမ်အလှဆင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သော လုပ်သားများကို တစ်လလျှင် လစာ ကျပ်နှစ်သိန်းမှသည်
လေးသိန်းအထိပေးကာ အလုပ်ခန့်ထားပေးမည်ဟု "တိုးဝါ" အိမ်အလှဆင်လုပ်ငန်းပိုင်ရှင် ဦးတိုးဝါက ပြောသည်။

''အဲဒီလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ကျွမ်းကျင်မယ်။ နိုင်ငံခြားမှာ နှစ်နှစ်လုပ်ဖူးရမယ်။ တကယ် တတ်ကျွမ်းမယ် ဆိုလို့ ရှိရင်၊ နောက်နှစ်နှစ်အထိ လုပ်နိုင်မယ်ဆိုလို့ရှိရင်၊ ကျပ်နှစ်သိန်းကနေ လေးသိန်း ပေးပါမယ်။ လိုအပ်ရင် ဖုန်းကအစ ကူညီပေးပါမယ်။ ဖုန်းလည်း အပိုင်ပေးပါမယ်'' ဟု ဦးတိုးဝါက ပြောသည်။

လောလောဆယ်တွင် လိုအပ်သည့် လုပ်သားအင်အားကို ကန့်သတ်မထားဘဲ အလုပ်လျှောက်ထားသူများ၏ ပညာအရည်အချင်းကိုလည်း ဖေါ်ပြရန်မလိုပေ။ ''ကျွန်တော်တို့က စက်ရုံတွေ ဆောက်နေတယ်ဗျာ။ တကယ် လုပ်နိုင်မယ်ဆိုလို့ရှိရင် ပညာအရည်အချင်းမလိုဘူး။ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ ဒုက္ခတွေ ရောက်နေတယ်။ အဲဒါကို စာနာတဲ့ အနေနဲ့ ကျွန်တော် ဒီမှာ အလုပ်ခန့်တာပါ'' ဟု ဦးတိုးဝါ က
ပြောသည်။

လုပ်ကိုင်မည့် အလုပ်သမားဝန်ထမ်းများ နေထိုင်ရန် ဝန်ထမ်းအိမ်ရာ၊ ဆိုင်တွင်လုပ်ကိုင်မည့်သူများအား တိုက်ခန်းတွင် သင့်လျော်သလို စုစည်းနေရာချပေးမည်ဖြစ်ပြီး လုပ်ငန်းခွင်သို့ သွားလာရာတွင် အကြို၊ အပို့ဖယ်ရီကား ထားရှိမည်ဖြစ်သည်။

လာရောက်အလုပ်လျှောက်လိုသူများ အနေဖြင့် အမှတ် ၇ဝ၊ ရွှေဂုံတိုင်လမ်းမကြီး၊ တိုးဝါမှန်၊ အလူမီနီယံ ကစလခ စတီး၊ သံပန်း၊ မျက်နှာကျက်နှင့် အိမ်အလှဆင်ရေးသို့ လာရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။

မည်သူမဆို စုံစမ်းမေးမြန်းနိုင်ပြီး အလုပ်ခန့်မှုကို မြန်မာနိုင်ငံမှ သက်ဆိုင်ရာ အလုပ်အကိုင်နေရာချထားရေး ဌာန တာဝန်ရှိသူများဖြင့် ညှိနှိုင်းကာ ဥပဒေနှင့်အညီ ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှလည်း မလေးရှားမှ ပြန်လာသည့် မြန်မာ့ အလုပ်သမားများထဲမှ ပြည်တွင်း၌အလုပ်ပြန်ဝင်လိုသည့် သူများကို ရန်ကုန်လေဆိပ်နှင့် နေပြည်တော် အလုပ်သမားဝန်ကြီးဌာနများတွင် စာရင်းကောက်ယူလျက်ရှိသည်။

နေမျိုး
Mizzima


ချယ်လ်ဆီးမှ ထွက်ခွာမည် မဟုတ်ဟု မာတာပြောကြား


ချယ်လ်ဆီးမှ မိမိ ထွက်ခွာသွားနိုင်ကြောင်း သတင်းများကို ဟွမ်မာတာက ငြင်းဆိုခဲ့ပြီး ဘာစီလိုနာ အသင်းက စိတ်ဝင်စားနေသည့်တိုင် စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင်သာ ဆက်နေမည်ဟု ပြောကြားလိုက်သည်။

ပြီးခဲ့သည့်ရာသီ အသင်း၏ တစ်နှစ်တာ အကောင်းဆုံးဆုရှင် ကစားသမားကို ဘာစီလိုနာက ချိတ်ဆက်နေပြီး ချယ်လ်ဆီး မန်နေဂျာသစ် ဟိုဆေး မော်ရင် ဟို ကလည်း ၎င်း၏ ကစားဟန်အပေါ် နှစ်သက်ခြင်း မရှိဟု သတင်းများက ဖော်ပြလျှက် ရှိသည်။ ဘာစီလိုနာသည် မာတာကို စတာလင်ပေါင် သန်း(၃၀ )နှင့် ကမ်းလှမ်းမည်ဟု ခန့်မှန်းမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေ သည့်တိုင် အသက်(၂၅)နှစ်ရှီ စပိန်လက်ရွေးစင်ကမူ မိမိသည် လန်ဒန် ကလပ် အတွက်သာ ဆက်ကစားလိုကြောင်း ပြောကြားခဲ့သည်။

လတ်တလောတွင် မော်ရင်ဟိုသည် မြန်နှုန်းနှင့် ကြံ့ခိုင်မှုကို ပိုမိုအားပြုသည့် တောင်ပံ ကစားသမားများဖြစ်သော ကီဗင်ဒီဘရွမ်းနှင့် အန်ဒရီရှာရဲလ်တို့ကို အသုံးပြုရန် ပိုမို အားသန်နေကြောင်း သတင်းများက ဆိုသည်။ မာတာကမူ "ဒီသတင်းတွေ ဘယ်လို ထွက်လာတယ်ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်ေ တ်ာနဲ့ ကလပ်အသင်းတို့ကြား နောက်ဆုံး စကားပြောဖြစ်တုန်းကတော့ ကျွန်ေ တ်ာဟာ အသင်းအတွက် အင်မတန် အရေးပါတဲ့ ကစားသမားအဖြစ် ရှိနေ သလို ကျွန်တော့်အပေါ် ယုံကြည်မှုလည်း ထားပါတယ်လို့ သူတို့က ပြော တယ်။ မော်ရင်ဟို အနေနဲ့လည်း တစ်သင်းလုံးကို အရင်ဆုံး သုံးသပ် လေ့ လာပြီးမှ သူဘာလုပ်ချင်တယ်ဆိုတာ ရွေးချယ်မယ်လို့ ကျွန်တော် ယုံကြည် ပါတယ်"ဟု ပြောကြားခဲ့သည်။

မာတာသည် လတ်တလောတွင် စပိန်လက်ရွေးစင် အသင်းနှင့်အတူ ကွန် ဖက်ဒရေးရှင်း ဖလားပြိုင်ပွဲအတွက် ပါဝင် ကစားနေပြီး မော်ရင်ဟိုနှင့် တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ရသေးကြောင်းလည်း သိရှိရသည်။

Ref: MWD Daily Mail

အာဆင်နယ်နှင့် ဟီဂူရင်း နီးစပ်နေပြီဟု ကစားသမား၏ အစ်ကိုဖြစ်သူ ပြော ကြား


ဂွန်ဇာလို ဟီဂူရင်း၏ အစ်ကိုဖြစ်သူက ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးသည် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်သည်။

ကလပ်အသင်း နှစ်ခုကြား စတာလင်ပေါင် (၂၂)သန်းတန် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် သဘောတူညီမှု ရရှိထားပြီး အာဂျင်တီးနား လက်ရွေးစင်၏ အမ်း မရိတ်စ်သို့ ကူးပြောင်းရေး ခြေလှမ်းမှာ အနီးစပ်ဆုံး ဖြစ်လာပြီဟု သိရသည်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ထိပ်တန်းအဆင့် တိုက်စစ်မှူး တစ်ဦး ခေါ်ယူနိုင်ရေး ကိစ္စကို ဦးစားပေး ဆောင်ရွက်ခဲ့သည့်နောက် အသက် (၂၅)နှစ်ရှိ ဟီဂူရင်းကို ချိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင် အာဆင်န ယ်နှင့် အပြိုင် ဟီဂူရင်းကို ချိတ်ဆက်နေသည့် ဂျူဗင်းတပ်စ်မှာလည်း ကား လို့စ် တီဗက်ဇ်ကို ခေါ်ယူနိုင်သည့်အတွက် ဟီဂူရင်းဘက် အာရုံလျော့သွားပြီ ဖြစ်သည်။

ဟီဂူရင်း၏ အစ်ကိုဖြစ်သူ နီကိုလက်စ် ဟီဂူရင်းက "တီဗက်ဇ်သာ ဂျူဗင်းတပ်စ် ကို ပြောင်းဖြစ်ရင်တော့ ဟီဂူရင်းက အာဆင်နယ်နဲ့ အနီးစပ်ဆုံး ဖြစ်လာမှာပါ။ ကျွန်တော်ကတော့ ဒါကို အလေးအနက် ယုံကြည်ထားတယ်"ဟု ဆိုသည်။ ၎င်းက "နာပိုလီကလည်း စိတ်ဝင်စားနေတယ်လို့ ကြားတယ်။ သူတို့က အ သင်းကောင်းပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ အာဆင်နယ်က အနီးစပ်ဆုံး ဖြစ်နေပြီလို့ပဲ ယူဆတယ်"ဟုလည်း ပြောကြားခဲ့သည်။ ဟီဂူရင်းသည် အာ ဆင်နယ်တွင် လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတစ်ဦး ဖြစ်လာရန် လည်း သေချာနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Ref: MWD Daily Mail

မာရီနာနှင့် ခဏတာ


သတင်းစာမှာ ခရစ္စတီးနားရဲ့ ညီမဖြစ်သူ Model သရုပ်ဆောင် မာရီယာရဲ့ မင်္ဂလာ သတင်းတစ်ပုဒ် ဆိုပြီး ပါလာပါတယ်။

မာရီယာဆိုတာ နာမည် လွဲနေတာပါ။ အဲ့ဒီသတင်းက အနုပညာ လောကထဲမှာ ရေပန်းစား နေပါတယ်။ တကယ်အစစ် ခရစ္စတီးနားရဲ့ ညီမဖြစ်သူက မာရီနာပါ။ သတင်းစာထဲမှာ ဒီလို မှားပါလာတော့ အနုပညာ စန်းရဖို့ လုပ်နေတဲ့ ညီမတို့ကို ပရိသတ်က အမြင်တစ်မျိုး ဖြစ်သွားတာပေါ့ နော်...။

နေ့စဉ်ထုတ် သတင်း အင်တာဗျူးတစ်ခုမှာ ညီမရဲ့နာမည် မာရီနာရယ်၊ ညီမဓာတ်ပုံရယ် မှားပြီး ပါလာတယ် ပေါ့နော်။ အဲဒါနဲ့ ညီမက ဆက်သွယ် အကြောင်းကြားတော့ အဲ့ဒီက သက်ဆိုင်သူတွေ လာပြီးတောင်း ပန်တယ်။ ညီမက အဲ့ဒီသတင်းစာမှာပဲ မှားတဲ့ ညီမပုံနဲ့ပဲ ၁ဝ ရက်လောက် မာရီယာရဲ့ပုံနဲ့ တွဲပြီး ပြန်ဖြေရှင်း ပေးပါ။ ဒါမှမဟုတ် မြန်မာ့ အလင်း၊ ကြေးမုံစတဲ့ သတင်းစာတွေမှာ ပြန်ထည့်ပေးပါလို့ ပြောလိုက်တယ်။ သူတို့ကပြန်သွားပြီး တစ်ရက် ထည့်ပေးတယ် ကြားတယ်။ ဒါပေမဲ့ ညီမပြောသလို မဟုတ်ဘူး။ ထည့် ပေးတယ်ဆိုတာလည်း အကြောင်းကြားခြင်း မရှိဘူး။ ညီမက မသိဘူးလို့ပဲ ယူဆတယ်။ ဒါနဲ့ညီမ စာနယ်ဇင်း ကောင်စီကို တိုင်ထားတယ်။ အခုထိတော့ ဘာမှမထူးသေးဘူး။ ညီမ စာနယ်ဇင်း ရှင်းလင်းပွဲလုပ်ပြီး ပရိသတ်တွေကို အသိပေးရမလို ဖြစ်နေပြီ။ ညီမတို့ အနုပညာရှင် ဘဝမှာ ကံရယ်၊ စန်းရယ်က အရမ်း အရေး ကြီးတယ်။ အခုဆို ကြော်ငြာတချို့နဲ့ VCD သီချင်းတွေမှာ ညီမ အိမ်ထောင် ကျသွားပြီ ဆိုတဲ့ သတင်းတချို့ နဲ့တင် လက်လွှတ်လိုက်ရတာတွေ ရှိနေတယ်။ ပရိသတ်တွေနဲ့ ခင်မင်သူတွေကိုလည်း ဖုန်းနဲ့ နေ့တိုင်းပဲ ဖြေရှင်း နေရ ပါတယ်။

စန္ဒာအောင် (မြစ်ဆုံ)

မြ၀တီ

ယူနိုက်တက်နှင့် သတင်း ထွက်ပေါ်နေသည့် ရော်နယ်လ်ဒိုကို ဆက်ထိန်း ထားရန် အန်ဆလော့တီ မျှော်လင့်


မန်ချက်စတာ ယူနိုက်တက် အသင်းမှ တာဝန် ရှိသူများနှင့် လာမည့် (၃)ရက် အတွင်း တွေ့ဆုံ ဆွေးနွေးရန် ခရစ္စတီယာနို ရော်နယ်လ်ဒိုက စီစဉ်နေေ ကြာင်း သိရှိရသည်။

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်သမားသည် ရီးယဲလ်မက်ဒရစ်ကို စွန့်ခွာကာ အသင်းဟောင်းသို့ ပြန်သွားရန် စီစဉ်နေကြောင်း သတင်းအချို့ ထွက်ပေါ် လျှက် ရှိနေချိန်တွင် ရီးယဲလ်နည်းပြသစ်အဖြစ် စတင်တာဝန်ယူမည့် ကာလို အန်ဆလော့တီကမူ မိမိသည် ရော်နယ်လ်ဒိုနှင့် အလုပ်တွဲလုပ်ရန် မစောင့်နို င်အောင် ဖြစ်နေမိကြောင်း ပြောဆိုနေသည်။ ရော်နယ်လ်ဒိုသည် သက်တမ်း (၂)နှစ်သာ ကျန်တော့သည့် ရီးယဲလ်နှင့် စာချုပ်ကို တိုးမြှင့်တော့မည် မဟုတ် ဟု ပြောဆိုထားပြီးနောက် ယူနိုက်တက်သို့ ပြန်သွားနိုင်ကြောင်း ခန့်မှန်း ချက် များ ပိုမို အားကောင်းလာခဲ့သည်။

ယူနိုက်တက် တာဝန် ရှိသူများက ရော်နယ်လ်ဒိုနှင့် ဆွေးနွေးမည် ဆိုခြင်းကို ကလပ်အသင်း နှစ်ခုလုံးက ငြင်းဆန်ခြင်း မရှိချေ။ အန်ဆလော့တီကမူ "ရော် နယ်လ်ဒိုဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမား တစ်ယောက်ပါ။ သူနဲ့တွဲပြီး အလုပ်လုပ်ရမယ်ဆိုရင် ကျွန်တော် ဂုဏ်ယူမိပါမယ်။ ကျွန်တော်က ဇနီဒင်း ဇီဒန်း၊ ရော်နယ်လ်ဒင်ဟိုတို့နဲ့ အလုပ် တွဲလုပ်ဖူးတယ်။ ဒီအတွက်လည်း အမြဲ ဂုဏ်ယူနေတာပါ" ဟု ဆိုသည်။ အန်ဆလော့တီက ရီးယဲလ် ပစ်မှတ် ထားေ နချိန်တွင် မိုနာကိုက ခေါ်ယူသွားသည့် ရာဒါမယ်လ် ဖယ်လ်ကာအို အကြော င်း မေးမြန်းမှုများကိုလည်း "သူက ကစားသမားကောင်းပါ။ ဒါပေမဲ့ ကျွန်ေ တ်ာတို့ဆီမှာ ရော်နယ်လ်ဒိုအပြင် ဂွန်ဇာလို ဟီဂူရင်းနဲ့ ကီရင် ဘန်ဇီးမား လို့ လည်း ရှိနေပါတယ်"ဟု ဖြေဆိုသွားခဲ့သည်။

Ref: MWD Daily Mail

အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်း၌ ပြုလုပ်သည့် သြ၀ါဒခံယူပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် အတည်ပြုကြောင်း ကြေညာချက်ထုတ်ပြန်


မီဒီယာတွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်းတိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာတွင် ဇွန် ၂၇ ရက်က ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သြ၀ါဒခံယူပွဲနှင့် ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲတွင် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာအဖွဲ့ ဖွဲ့စည်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှု ပဋိပက္ခများ မဖြစ်ပွားစေရေး အသိပေးပညာပေး တားဆီးကာကွယ်ရန်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေး စည်းရုံးရန် အမျိုး၊ ဘာသာ၊ သာသနာ၊ တိုင်းပြည်နှင့် လူမျိုးကို တရားဥပဒေဖြင့် ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ရန် ရည်ရွယ်ပြီး ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အခမ်းအနားတွင် မျိုးစောင့်ဥပဒေနှင့် ပတ်သက်သည်များ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ရှင်းလင်းခြင်း၊ အဆိုတင်ခြင်းများ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မေတ္တာရှင် ရွှေပြည်သာ ဆရာတော် ဦးဇ၀န၊ အမေရိကန်နိုင်ငံတွင် သီတင်းသုံး နေထိုင်သည့် ဆရာတော် ဦးဇောတလင်္ကာရ၊ မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသ၊ မော်လမြိုင်မြို့ မြစေတီ စာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိစသည့် ဆရာတော်များ တက်ရောက်ခဲ့ပြီး သီတဂူဆရာတော် ဦးဥာဏိဿရလည်း တက်ရောက်ခဲ့သည်။

အခမ်းအနား နံနက်ပိုင်းတွင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတေဇောသာရဘိဝံသက အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းပေးရန်နှင့် မျိုးစောင့် ဥပဒေကဲ့သို့သော အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေကို အသိပညာရှင်၊ အတက်ပညာရှင်များနှင့် နိုင်ငံတကာ စံထားလောက်သည့် ဥပဒေများကို မှီငြမ်းပြီး ဖွဲ့စည်းပေးရန် စသည်တို့ကို အဆိုတင်သွင်းခဲ့ပြီး မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ဆရာတော် ဦးဝီမလဗုဒ္ဓိက ထောက်ခံခဲ့သည်။

အဆိုပါ အစည်းအဝေး ကြေညာချက်တွင် (၁)နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃာမဟာနာယက အဖွဲ့တို့အား အမျိုးဘာသာ သာသနာရေး ကိစ္စများနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ရန် တိုက်တွန်းကြောင်း၊ (၂)နိုင်ငံတော်သားအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပေါ်စေရန် ၀ိုင်းဝန်းဆောင်ရွက်မည်၊ (၃) အမျိုးဘာသာ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ အဖွဲ့ကို ဖွဲ့စည်းရန် အစည်းအဝေးမှ ထောက်ခံအတည်ပြုသည်၊ (၄) မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းနိုင်ရန်အတွက် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သံဃာတော် ၁၅၃၀ ကျော်တို့က တစ်ညီတစ်ညွတ်တည်း ထောက်ခံအတည်ပြုကြောင်း၊ (၅) ဦးဝီရသူ၏ပုံနှင့် (The Face of Buddhist Terror) ဟု ဖော်ပြခဲ့သည့် တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်ကြောင်း စသည်တို့ ပါဝင်သည်။

From: EMG

နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့


ကောလာဟလကြောင့် မိဘများ စိုးရိမ်စိတ်ဖြင့် လာရောက်စောင့်ဆိုင်း နေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ်

နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာ ကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် လုံခြုံရေးချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသားမိဘများ စိတ်ပူပန်စေပြီး မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစုလူဝေး ဖြစ်ပေါ်စေခဲ့ကာ အေလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှ လာရောက်လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အေလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် အဋ္ဌမတန်း ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာတွင် ကျောင်းအုပ်ကြီးမှ နှစ်ဦးစလုံးအား ကျောင်းပြောင်းခိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ကျောင်းပြောင်းခိုင်းခဲ့သည့် ကျောင်းသူနှစ်ဦး အနက်မှ ငှက်ပျောတော ကျေးရွာနေ ကျောင်းသူအား အေလာမြို့ အ.လ.က(ခွဲ)တွင် ကျောင်းပြန်အပ်ရာ အဆိုပါကျောင်းမှ လက်မခံသဖြင့် ကျောင်းသားမိဘနှင့် ကျေးရွာသူ ကျေးရွာသား အယောက် ၄၀ ကျော်မှ အမှတ်(၅) အ.ထ.က ကျောင်း သို့ လာရောက်၍ ၎င်း၏သမီးအား ကျောင်းတွင် လက်ခံပေးရန် ပြောဆိုရာမှ အနီးနားဝန်းကျင်ရှိ ကျေးရွာများမှ ကောလာဟလ သတင်းများကြောင့် အထိတ်တလန့် ဖြစ်စေကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး ကျောင်းသို့ စုပြုံရောက်ရှိလာကြောင်း သိရသည်။

''ကျွန်တော်တို့လည်း ကျောင်းနားမှာ သာကပ်နေတာ ဘာဖြစ်တယ်မှန်း မသိလိုက်ဘူး။ လူစုလူဝေးနဲ့ ရောက်လာတော့မှ စုံစမ်းကြည့်လိုက်တော့ ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ်လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲဒါကြောင့် ဘေးကကောလာဟလ တွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ ကလေးနှစ်ယောက်ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို ခေါ်ပြီးညှိနှိုင်းရမှာပါ''ဟု အေလာမြို့ ဒေသ ခံကျောင်းသားမိဘတစ်ဦးက ပြောသည်။

အေလာမြို့ကျောင်းများတွင် ဖြစ်ပွားခဲ့ သော ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှု ကောလာဟလများကြောင့် ပျဉ်းမနားမြို့ပေါ်ရှိ ကျောင်းများရှေ့တွင်လည်း ကျောင်းသားမိဘများ စုရုံးရောက်ရှိ လာကြသဖြင့် နယ်မြေခံ အာဏာပိုင်များမှ လုံခြုံရေးချ၍ ထိန်းသိမ်းဆောင်ရွက်နေကြောင်း သိရသည်။

From: EMG

ပုဂ္ဂလိက လေကြောင်းလိုင်း ၁ဝ ခုထိ ရှိလာသော်လည်း ၁၉၆ဝ ပြည့်နှစ် မြန်မာ့လေကြောင်းလိုင်း ဝန်ဆောင် မှုကို မယှဉ်နိုင်သေး


မြန်မာ့လေကြောင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်း ၁ဝ ခုထိ ရှိလာသော်လည်း
၁၉၆ဝ ပြည့်နှစ်က မင်္ဂလာဒုံ လေဆိပ်မှ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်သို့ Transit လုပ်ကာ နိုင်ငံတကာသို့ သွားနိုင်သော အခြေအနေ နှင့်နှိုင်းယှဉ်ပါက ယခု အခြေအနေမှာ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကျော်က လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းကို မယှဉ်ပြိုင် နိုင်သေးကြောင်း သိရသည်။

ပုဂ္ဂလိက ဝန်ဆောင်မှု စစဉ်က မြန်မာ့လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းတွင် MAI, Air Bagan, Air Mandalay, Asian Wings, Air KBZ, Yangon Airways, Golden Myanmar နှင့် Myanmar Airways စသော ပြည်တွင်း လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် လေကြောင်းလိုင်း ရှစ်ခု ရှိခဲ့ပြီး ယခုအချိန်တွင် APEX နှင့် FMI လေကြောင်း လိုင်းသစ်နှစ်ခု ထပ်တိုးလာ မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ လေကြောင်းလိုင်း ဝန်ဆောင်မှု လုပ်ငန်းကို ကမ္ဘာနှင့် ချိတ်ဆက်ခဲ့သော ၁၉၅၇ ခုနှစ်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် စတင် ဖွင့်လှစ်ပြီး နိုင်ငံတကာ လေကြောင်း လိုင်းများသို့ ပျံသန်းခဲ့ကြောင်း သိရသည်။ ၁၉၆ဝ ပြည့်နှစ်တွင် ဥရောပနိုင်ငံ လေကြောင်းလိုင်းကြီးများ အပါအဝင် လေကြောင်းလိုင်း ရှစ်လိုင်း ဝန်းကျင်ဖြင့် မြန်မာ့ လေကြောင်း ဝန်ဆောင်မှုကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည်။

မြန်မာ့လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းမှာ ၁၉၇၄-၇၅ ခုနှစ်တွင် ဧရာမ လေကြောင်းကြီးများ ဖြစ်သော ဘိုးအင်း ၇၄၇ လေယာဉ်များ မဆင်းသက် နိုင်သောကြောင့် ထိုင်းနိုင်ငံ ဗန်ကောက် လေဆိပ်သို့ ပြောင်းလဲ ဆင်းသက်ချိန်မှ စ၍ လေကြောင်း ဝန်ဆောင်မှုလုပ်ငန်း ကျဆင်းခဲ့ကြောင်း စုံစမ်း သိရှိရသည်။

နိုင်ငံတကာ လေကြောင်းလိုင်း ပြေးဆွဲမှုများသည် ၁၉၇၈ ခုနှစ်တွင် ဆိုဗီယက်နိုင်ငံမှ Aerofloat နှင့် ထိုင်းနိုင်ငံမှ TG စသော လေကြောင်းလိုင်းနှစ်လိုင်းသာ ကျန်ရှိ ပြေးဆွဲခဲ့သည်။ ၁၅ နှစ် ကြာပြီးနောက် ၁၉၉၃ ခုနှစ်တွင် နိုင်ငံ ပိုင် လေကြောင်းလိုင်း MAI၊ စင်ကာပူနိုင်ငံတွင် ရင်းနှီး မြှုပ်နှံထားသော တော်ဝင်ဘရူနိုင်း လေကြောင်း လိုင်းနှင့် ဖက်စပ်လိုင်း တည်ထောင်ပြီးနောက် မြန်မာ့လေကြောင်း ဝန်ဆောင်မှု လုပ်ငန်းကို နိုင်ငံတကာသို့ ပြန်လည် ချိတ်ဆက် ပျံသန်းနိုင်ခဲ့သည်။

အဆိုပါ ဖက်စပ် လေကြောင်းလိုင်း MAI မှာ မြန်မာနိုင်ငံ အလံ လွှင့်ထူပြီး ဗန်ကောက်၊ စင်ကာပူ၊ ဒက္ကာ၊ ခတ္တမန္တူ၊ ဟောင်ကောင်၊ ဂျကာတာ၊ ကွာလာလမ်ပူ၊ ကူမင်းနှင့် ဒါကာမြို့များသို့ ပြည်ပခရီးစဉ်များ ပျံသန်း ခဲ့သည်။

၂ဝ၁ဝ ပြည့်နှစ်မှစ၍ ပြည်တွင်း လေကြောင်းခရီးစဉ်များနှင့် ပြည်ပခရီးစဉ်များတွင် နိုင်ငံသား ပြည်တွင်းလုပ် ငန်းရှင်ကြီး များ စတင် ရင်းနှီးမြှုပ်နှံ လာပြီး ၂ဝ၁၁ ခုနှစ်တွင် MAI ၏ အစုရှယ်ယာ ၈ဝ ရာခိုင်နှုန်းကို ကမ္ဘောဇ ဘဏ်အုပ်စုက ပိုင်ဆိုင်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်မှ စ၍ ပုဂ္ဂလိက လေကြောင်းလိုင်းများ စတင် ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လေယာဉ် ဆင်းနိုင်သော လေဆိပ်မြို့ ၂၆ မြို့ ရှိသော်လည်း ကုန်ပစ္စည်း အများအပြား တင်ပို့နိုင်သော ကုန်တင် လေယာဉ်ကြီးများ ဝင်ရောက် ဆင်းတက်နိုင်ခြင်း မရှိသေးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံ၏ သုဝဏ္ဏဘူမိ လေဆိပ် ကဲ့သို့ Transit အဆင့်ရှိသော ပတ်ဝန်းကျင် နိုင်ငံများမှ တစ်ဆင့် ခရီးသွား ခဲ့ရသော ၁၉၆ဝ ပြည့်နှစ် အချိန်များဆီ သို့ ပြန်လည် ရောက်ရှိရန်မှာ ပြင်ဆင်မှုများစွာ ပြုလုပ်ရန် ကျန်ရှိနေ သေးကြောင်း သိရသည်။

မြဝတီ

ချောင်းသာ၊ ပြင်ဦးလွင်၊ ကျိုင်းတုံ၊ မြောက်ဦးတို့ရှိ ဟိုတယ် ခြောက်လုံးအား ကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်ဖြင့် တင်ဒါအောင်မြင်


ချောင်းသာကမ်းခြေ တစ်နေရာကို ၂၀၁၃ နှစ်ဆန်းပိုင်းက တွေ့ရစဉ်

ဧရာဝတီတိုင်း ဒေသကြီးရှိ ချောင်းသာ၊ မန္တလေးတိုင်း ဒေသကြီးရှိ ပြင်ဦးလွင်၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ ရခိုင်ပြည်နယ်ရှိ မြောက်ဦး စသည့်ခရီးသွား ဒေသတို့မှ ဟိုတယ် ခြောက်လုံးအား ကျပ်သိန်း ၂၇၀၀၀ ကျော် (၂၇၇၃၃ ဒသမ ၈၈ သိန်း)ဖြင့် တင်ဒါအောင်မြင်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သတင်းရရှိသည်။

ဟိုတယ်နှင့် ဧည့်ရိပ်သာ ရှစ်လုံးအတွက် တင်ဒါလျောက်လွှာ တင်သွင်းခြင်းနှင့် တင်ဒါဖွင့်လှစ်ခြင်းတို့ကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၌ ဇွန် ၂၅ ရက်တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
တင်ဒါအောင်မြင်ခဲ့သည့် ဟိုတယ်/ ခရီးမှ ဟိုတယ်ခြောက်လုံးမှာ ကျိုင်းတုံဟိုတယ်သစ်၊ ချောင်းသာကမ်းခြေ ဟိုတယ်သစ်၊ နန်းမြိုင်ဟိုတယ်(ပြင်ဦးလွင်)၊ သီရိမြိုင်ဟိုတယ် (ပြင်ဦးလွင်)၊ ဂန္ဓမာမြိုင်ဟိုတယ် (ပြင်ဦးလွင်)နှင့် မြောက်ဦးဟိုတယ် တို့ဖြစ်ပြီး ပြည်သူ့ဆောက်လုပ်ရေးပိုင် ကျောက်ဆည်နှင့် ပြင်ဦးလွင်ရှိ ဧည့်ရိပ်သာ နှစ်လုံးမှာ ကြမ်းခင်းဈေးမမီ၍ တင်ဒါမအောင်မြင်ခဲ့ကြောင်း သိရသည်။ တင်ဒါအောင်မြင်ခဲ့သော ဟိုတယ်များအနက် နန်းမြိုင်ဟိုတယ် (ပြင်ဦးလွင်)သည် တစ်နှစ်စာ ကျပ် ၈၈၈၈ ဒသမ ၈၈ သိန်းဖြင့် ဟိုတယ်အလိုက် ဈေးနှုန်းတွင် အမြင့်ဆုံးဖြစ်ပြီး တင်ဒါအောင်မြင်သူမှာ ဒေါ်ဘန်မိုးဟု သိရသည်။

ချောင်းသာကမ်းခြေ ဟိုတယ်သစ်သည် တစ်နှစ်စာ ဈေးနှုန်းကျပ် ၇၁၇၇ သိန်းဖြင့် တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်ပြီး တင်ဒါအောင်သူမှာ ဦးဇာနည်အောင် ဖြစ်သည်။ ကျိုင်းတုံဟိုတယ်သစ်အား ဦးနန္ဒာလှမြင့်က တစ်နှစ် ကျပ်သိန်း ၄၈၀၀ ဖြင့် တင်ဒါအောင်ပြီး သီရိမြိုင်ဟိုတယ် (ပြင်ဦးလွင်)ကို ဦးသန်းဇော်ဌေးက တစ်နှစ် ကျပ် ၄၀၀၃ သိန်းဖြင့် တင်ဒါအောင်ခဲ့သည်။ ထို့အတူ မြောက်ဦးဟိုတယ်ကို ဦးရဲထွန်းကျော်က တစ်နှစ် ကျပ် ၁၆၆၅ သိန်းဖြင့် တင်ဒါအောင်ပြီး ဂန္ဓမာမြိုင်ဟိုတယ် (ပြင်ဦးလွင်)မှာ တစ်နှစ်စာ ကျပ်သိန်း ၁၂၀၀ ဖြင့် ဦးထွန်းထွန်းဝင်းက တင်ဒါအောင်မြင်ခဲ့သည်။

တင်ဒါအောင်မြင်သူများ အနေဖြင့် ဇွန်လကုန်အထိ စာချုပ်ချုပ်ဆိုခြင်း ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဇူလိုင်လ ပထမပတ်အတွင်း သက်ဆိုင်ရာ ဟိုတယ်များအား သွားရောက်လွှဲပြောင်း လက်ခံနိုင်မည် ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်းမှ စတင်ကာ နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲများပေါ်တွင် မူတည်၍ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ခရီးသွားဦးရေ တစ်သန်းကျော်လွန်ခဲ့သည်။ ခရီးသွားအ၀င် မြင့်တက်မှုကြောင့် ရန်ကုန်၊ မန္တလေး အပါအ၀င် အဓိက ခရီးစဉ်ဒေသများ၌ ဟိုတယ်အခန်း လိုအပ်ချက် မြင့်တက်မှုကို ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိ ကြုံတွေ့လျက်ရှိသည်။ ယခုနှစ် မေ ၃၀ ရက် အထိ မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင်ခွင့်ပြုထားသည့် ဟိုတယ် ၈၂၄ လုံးရှိပြီး အခန်းပေါင်း ၂၉၈၄၄ ခန်းဖြစ်ကာ ရန်ကုန်မြို့တွင် ဟိုတယ် ၂၀၈ လုံး၊ အခန်းပေါင်း ၉၁၁၀ နှင့် အများဆုံးဖြစ်သည်ဟု သိရသည်။

From: EMG

ဖမ်းဆီးခံ လယ်သမား ၃၆ ဦး အာမခံရရှိ


ပဲခူးတိုင်း ဖြူးမြို့ ညောင်ပင်သာကျေးရွာမှာ ဇွန်လ ၂၄ ရက်နေ့က ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့ ဖမ်းဆီးခံထားရတဲ့ တောင်သူ ၅၂ ဦးထဲက ၃၆ ဦးဟာ ဒီကနေ့အာမခံရရှိခဲ့ပြီး ကျန် ၆ ဦးကိုတော့ ပိုင်နက်ကျူးကျော်မှု ပုဒ်မ ၄၄၇ ထပ်တိုးပြီး အရေးယူထားလိုက်တယ်လို့ သိရပါတယ်။

တောင်သူ ၆ ဦးကို ညောင်ပင်သာကျေးရွာက ပြည်သူ့လုပ်အားနေရာချထားရေး (ပလဖ) စိုက်ကွင်းမှာ ဝင်ရောက်ထွန်ယက်ခဲ့တဲ့အတွက် ပိုင်နက်ကျူးကျော်မှုနဲ့ ထပ်မံတရားစွဲဆိုလိုက်တာလို့ အဲ့ဒီအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးခင်ဇော်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၉၇၅-၁၉၇၆ ခုနှစ်ကတည်းက ပလဖစိုက်ကွင်းမှာရှိတဲ့ စိုက်ပျိုးမြေ ဧက နှစ်ထောင်ကို တောင်သူ ၁၄၁ ဦးက လုပ်ကိုင်ခွင့်ရရှိထားတာလို့ သိရပါတယ်။

အစိုးရက ပြန်လည်ချထားပေးတဲ့ မြတ်အိနြေ္ဒ ကုမ္ပဏီကနေ ဒီနှစ်မိုးရာသီမှာ တောင်သူတွေကို ၅ ဧကစီ လုပ်ပိုင်ခွင့်ပြန်ပေးဖို့ သဘောတူထားတဲ့အချက်ကို တောင်သူ ၁ဝဝ ကျော်က ဖောက်ဖျက်ခဲ့ကြပါတယ်။ အဲ့ဒီအတွက် တောင်သူတွေဟာ ကုမ္ပဏီကို သွားရောက်ပြီး မေတ္တာရပ်ခံရာမှာ ဝတ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။

RFA Burmese

ကေအိုင်အိုနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်


ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသမှာ မနေ့ညကနေ ဒီမနက်အထိဖြစ်ပွားတဲ့ ကေအိုင်အိုနဲ့ အစိုးရတပ်တွေရဲ့ တိုက်ပွဲကြောင့် ဒေသခံတွေ နီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မုံးကိုးမြို့နယ် ဖိုင်ကောင်းကျေးရွာအနီးမှာ အစိုးရ ခလရ ၁၂၈ တပ်နဲ့ ကေအိုင်အို တပ်မဟာ ၄ လက်အောက်ခံတပ်ရင်း ၂၇ တပ်ဖွဲ့တွေအကြား မနေ့ညကနေ ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားတဲ့အကြောင်း အဲဒီရွာက ဒေသခံကချင်အမျိုးသားတစ်ယောက်က RFA ကို ပြောပြပါတယ်။

"မနေ့က ဂ နာရီကနေ ဂ နာခွဲအထိဖြစ်တယ်၊ နောက် ၉ နာရီကနေ ၁ဝ နာရီခွဲပေါ့နော်၊ လက်နက်ကြီးနဲ့ပစ်လို့ ၄ အိမ်လောက်ထိသွားတယ်၊ လောလောဆယ်တော့ဖြစ်အုံးမယ့် အလားအလာတော့ရှိတယ်၊ နှစ်ဘက်စလုံးက ပြင်ဆင်တဲ့ပုံစံ၊ အစိုးရဖက်ကတော့ ၁၂၈ နဲ့ ၁၂၅၊ ကေအိုင်အေဘက်က တပ်ရင်း ၂၇ ပေါ့"

နှစ်ဖက်ထိခိုက်ကျဆုံးမှုကို မသိရသေးသလို ကေအိုင်အို တာဝန်ရှိသူတွေဘက်ကလည်း ဖုန်းကိုင်ဖြေဆိုမှု မရှိပါဘူး။ တိုက်ပွဲကြောင့် ဒေသခံ ၁ဝဝ လောက် စစ်ဘေးလွတ်ရာ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့အကြောင်း နောက်ထပ် မုံးကိုးဒေသခံတစ်ယောက်ကလည်း ခုလိုပြောပါတယ်။

"ရွာလေးရွာ၊ ငါးရွာတော့ရှိမယ်၊ သူကရွာတန်းရှည် ရွာဆက်တယ်လေ၊ တရုပ်ပြည်နဲ့ နယ်စပ်ဘက်လေ၊ မြောင်းလေးပဲခြားတာ၊ အဲမှာ ကချင်ဘုရားကျောင်းတစ်ကျောင်းရှိတယ်၊ ခုလောလောဆယ်တော့ ဘုရားကျောင်းနားမှာရယ်၊ မြစ်လေးနားမှာရယ်၊ အဲလယ်ကွက်ထဲမှာရယ် ခဏလေးရှောင်ပြေးနေရတယ်"

ကေအိုင်အိုနဲ့ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့တွေ လွန်ခဲ့တဲ့မေလကုန်ပိုင်းက တွေ့ဆုံဆွေးနွေးတဲ့အထဲမှာ နှစ်ဘက်တိုက်ပွဲတွေလျော့ချဖို့ ဆွေးနွေးခဲ့ကြတာတွေရှိပေမဲ့ အခုဇွန်လအတွင်း ကေအိုင်အို တပ်မဟာ ၄ ဒေသမှာ နှစ်ဘက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

RFA Burmese

ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အချိတ်အဆက် လွဲနေပြီလော


ဆက်သွယ်ရေးတင်ဒါ အောင်မြင်သည့် ကုမ္ပဏီများကို ဇွန်လ ၂၇ ရက်တွင် ကြေညာရန်ရှိသော်လည်း ဆက်သွယ်ရေး
ဥပဒေပြဋ္ဌာန်းပြီးမှသာ လုပ်ငန်းများ လုပ်ဆောင်ရန်ကုမ္ပဏီများကို ရွေးချယ်သင့်သည်ဟု လွှတ်တော်က အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ခြင်းသည် ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သည့် လွှတ်တော်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရအပေါ် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်လာခဲ့သည်။

မဏ္ဍိုင်သုံးရပ်သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ထိန်းကျောင်းရမည့်အစား အချိတ်အဆက်မမိ၊ အစီအစဉ်မကျ၊ လွဲချော်မှုများ ဖြစ်ပေါ်နေပြီလော။ ဆက်သွယ်ရေး တင်ဒါခေါ်ယူခဲ့သည်မှာ ဇန်နဝါရီလ ၁၅ ရက်ကတည်းကခေါ်ယူခဲ့ခြင်းဖြစ်သည်။ လွှတ်တော်သည် ဤဆက်သွယ်ရေး တင်ဒါအတွက် သဘော ထားမှတ်ချက်နှင့်အတူ အကြံပြုဆွေးနွေးမှုများ ပြုလုပ်လိုပါက ဇန်နဝါရီ ၉ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ဆဋ္ဌမပုံမှန် အစည်းအဝေးများတွင် အဆို သို့မဟုတ် မေးခွန်းများ အဘယ့်ကြောင့် မထုတ်ခဲ့ကြပါသနည်း။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီကိုကြေညာရန် တစ်ရက်အလိုတွင်မှ ဤအဆို တင်သွင်းခြင်းကြောင့် မြန်မာ့ လွှတ်တော်နှင့် အစိုးရအပေါ် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှု အားနည်းသွားနိုင်ပါသည်။ မြန်မာနိုင်ငံ သည် ''ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးများ ဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး'' ဟူသည့်မူဝါဒကို လက်ကိုင်စွဲကာ ပြည်ပအရင်းအနှီးများကို ဖိတ်ခေါ်နေသည့် အချိန် မဟုတ်ပါလော။

ဆက်သွယ်ရေးတင်ဒါကိစ္စနှင့်ဆက်စပ်၍ လွှတ်တော်အတွင်း ဆွေးနွေးမှုတွင် မြန်မာနိုင်ငံသားတို့အပေါ် ဥပဒေ၏ အကာအကွယ်ဖြင့်သာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ လက်ခံသင့်သည်ဟူသည့် ယူဆချက်ကို လက်ခံပါသည်။ သို့သော် တင်ဒါ လျှောက်ထားသည့် ကုမ္ပဏီများဘက်ကမူ မြန်မာအစိုးရအရာရှိများ တင်ပြလာသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို လေ့လာဖတ်ရှုပြီးမှ တင်ဒါလျှောက်လွှာတင်ခြင်းဟု ဆိုကြသည်။

ဤအခြေအနေများ မဖြစ်ပေါ်မီ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် သမ္မတတို့အကြား ဆက်သွယ်ရေး တင်ဒါကိစ္စ အတွက် အပြန်အလှန် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

လွှတ်တော်ဘက်ကမူ ဥပဒေမရှိသေးဟု ဆိုထားပြီး၊ သမ္မတဘက်ကမူ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်နေကာ တင်ဒါရွေးချယ်မှုအတွက် တည်ဆဲဥပဒေများအရ ဆောင်ရွက်ခြင်းဟု သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ လွှတ်တော်က တင်ဒါခေါ်ယူမှုကို ပြန်လည်သုံးသပ်ရန် အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့သော်လည်း အုပ်ချုပ်ရေးမဏ္ဍိုင်ဘက်က တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခုကို ကြေညာလိုက်ပြီ ဖြစ်သည်။ ဤသို့ထင်ရှားသော ကွဲလွဲမှုကြောင့် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ဟူသည့် မဏ္ဍိုင်ကြီးနှစ်ခုသည် အပြန်အလှန်ထိန်းကျောင်းမှု၊ စနစ်တကျ စီမံခန့်ခွဲမှု၊ ပေါင်းစည်းလုပ်ကိုင်တတ်မှုတို့မှ သွေဖီနေပြီလားဟု မေးခွန်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ ဆက်လက်ပြောဆိုရပါမူ ဒေသတွင်းနိုင်ငံ အချို့တွင် လူ ၁ဝဝ လျှင် ရာနှုန်းပြည့်
ဖုန်းကိုင်နိုင်ပြီဖြစ်ရာ မြန်မာပြည်သူတို့လည်း ထိုနည်းတူ ဖြစ်လိုကြပါသည်။ မြန်မာ့ဆက်သွယ်ရေး၏ ထုတ်ပြန်ချက်များက မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းကွန်ယက် မည်၍မည်မျှ ဖြန့်ကျက်ပြီးဖြစ်သည်ဟု ဆိုထားသော်ငြား လက်တွေ့အခြေအနေမှန်မှာ ထိုသို့မဟုတ်မှန်း ပြည်သူအများ သိကြပါသည်။

ဒေသတွင်း ထိုင်းနိုင်ငံတွင် ကွန်ပျူတာနှင့် အင်တာနက်တို့ကို အသုံးပြုနိုင်မှုမှာ ၂ဝ၁၂ ခုနှစ်တွင် ၂၃ ဒသမ၇ ရာခိုင်နှုန်းရှိသည်၊ မြန်မာနိုင်ငံတွင်မူ တစ်ရာခိုင်နှုန်းသာ ရှိနေသေးသည်။ မြန်မာပြည်သူတို့ကိုလည်း အခြားနိုင်ငံများနည်းတူ အကျိုးရှိစေလိုပါသည်။

ထိုနည်းတူ ပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးစီးပွားတို့အတွက် မဏ္ဍိုင်ကြီးသုံးရပ်အနေဖြင့် ထိမိသည့် စီမံခန့်ခွဲမှုနှင့်အတူ အချိတ်အဆက်မိမိ အခြေအနေများ ဖန်တီးပေးရန် တိုက်တွန်းအပ်သည်။

မဇ္ဈိမသတင်းဌာန
(အယ်ဒီတာ့အာဘော်)

လွှတ်တော်နဲ့ အစိုးရကြား ကောလဟာလတွေကို ဂရုမစိုက်ဖို့ သူရဦးရွှေမန်းပြော


လွှတ်တော်နဲ့ အစိုးရကြား မတူကွဲပြားတဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အမြင်ခြင်းမတူ သဘောထားကွဲလွဲနေတဲ့ ကောလဟာလ ပြောဆိုချက်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန်ကိုယ် အလေးအနက်ထား ဆောင်ရွက်သွားဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မနေ့က ပြည်သူ့လွှတ်တော်မှာ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို လက်ခံဆွေးနွေးဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အခုလို ပြောပါတယ်။

"အမြင်ခြင်းမတူဘူး၊ သဘောထားကွဲလွဲနေတယ်လို့ ဘေးမှာ ကောလဟာလ ပြောဆိုနေတာတွေရှိတယ်၊ တကယ်တန်းကျတော့ လွှတ်တော်က လွှတ်တော်ရဲ့လုပ်ငန်းကို လုပ်ပါတယ်၊ အုပ်ချုပ်ရေးအဖွဲ့ အစိုးရအဖွဲ့က အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတာဝန်ကို လုပ်ပါတယ်၊ အဲသလိုလုပ်တဲ့အခါမှာ အချင်းချင်းအပြန်အလှန် ထိန်းညှိဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်၊ အဲလိုမှမလုပ်ဘူးဆိုလို့ရှိရင် ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာတွေကို ဆန့်ကျင်နေမှာဖြစ်တဲ့အတွက် မိမိလုပ်ငန်း၊ မိမိတာဝန်ကို ပိုင်းခြားဆောင်ရွက်တဲ့နေရာမှာ ဒီလိုအခြေအနေမျိုးဟာ ဆက်လက်ပြီးဖြစ်ပေါ်နေမှာဖြစ်ပါတယ်၊ ဒါကိုသဘောထားကွဲလွဲတယ်၊ တဖက်နဲ့တဖက် ပဋိပက္ခဖြစ်တယ်ဆိုတဲ့ ဘေးပယောဂ ဘေးအမြင်တွေကို ဖယ်ရှားပြီး ကိုယ့်တာဝန်ကို ကိုယ်ထမ်းဆောင်မယ်ဆိုတဲ့အသိနဲ့ ဆောင်ရွက်သွားဖို့လိုကြောင်း လွှတ်တော်ကိုတင်ပြအပ်ပါတယ်"

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံခြားကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ရွေးချယ်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ဇွန်လ ၂၇ ရက်နေ့မှာ နောက်ဆုံးစကာတင် ရွေးချယ်မယ်လို့ သတ်မှတ်ထားပါတယ်။ မနေ့က ပြည်သူ့လွှတ်တော်မှာ ဆက်သွယ်ရေး ဥပဒေမူကြမ်းကို အရေးပေါ်တင်သွင်းခဲ့ပြီး ဆွေးနွေးဖို့ လက်ခံခဲ့ပါတယ်။

ဆက်သွယ်ရေးဥပဒေ ပေါ်ပေါက်မှသာ တင်ဒါခေါ်ယူခြင်း ကိစ္စတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတဲ့အတွက် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေမှာ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

RFA Burmese

အိုလံပစ်နေ့ အကြို အမျိုးသား ကာယ ဗလ ပြိုင်ပွဲ နှင့် အမျိုးသမီး ကြံ့ခိုင်မှု စွမ်းရည် (Model Physique)


အိုလံပစ်နေ့ အကြို အမျိုးသား ကာယ ဗလ ပြိုင်ပွဲ နှင့် အမျိုးသမီး ကြံ့ခိုင်မှု စွမ်းရည် (Model Physique) ပြိုင်ပွဲကို ရန်ကုန် မြို့ မင်းဓမ္မ လမ်းရှိ MCC ခန်းမမှာ မြန်မာ နိုင်ငံ အားကစား နှင့် ကာယဗလအဖွဲ့ချုပ်က ကျင်းပပြုလုပ်သွားပါတယ်။

အလွတ်တန်းအဆင့် ကာယ ဗလ ပြိုင်ပွဲတွင် ပထမ ဆုကို သန်းနိုင် ၊ ဒုတိယ ညီသူ ၊ တတိယ ကို ကျော်မင်းက ၄င်း၊ အသက် ၂၁ နှစ်အောက် ကာယ ဗလပြိုင်ပွဲ တွင် ပထမ လှဌေး ၊ ဒုတိယ ဇော်သူအောင် ၊ တတိယ စောစတီဗင် က ၄င်း ၊ အသက် ၅၂ နှစ် အထက် ကာယ ဗလ ပြိုင်ပွဲ တွင် ပထမ ဦးပြား ၊ ဒုတိယ တင်ငွေ ၊ တတိယ သိန်းဟန် တို့က အသီင်္းသီး ရရှိကြပါတယ်။

အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု (Model Physique) နောက်ဆုံးအဆင့် ပြိုင်ပွဲ - အရပ် ၅ ပေ ၃ လက်မ အထက် ပြိုင်ပွဲမှာ ပထမ ခိုင်ဝေလွင် ၊ ဒုတိယ ခေါမင်း ၊ တတိယ ၀ိုင်းချစ်စု က၄င်း ၊ အရပ် ၅ပေ ၃ လက်မအောက် ပြိုင်ပွဲတွင် ပထမ နန်းထက်ထက်သင်း ၊ ဒုတိယ သူဇာလှိုင် ၊ တတိယ ၀တ်ရည်သန့် တို့က ၄င်း ၊ ထို့နောက် လက်ရွေးစင်များကို ရွေးချယ်ပြီး Champion of Charming ပြိုင်ပွဲကို လက်ရွေးစင် ပြိုင်ပွဲဝင် ၆ ယောက်ပါဝင်ယှဉ်ပြိုင်ပါတယ်၊ ပထမဆုကို နန်းထက်ထက်သင်း ၊ ဒုတိယဆုကို အေးအေးစိုး ၊ တတိယဆုကို ခေါမင်းတို့ ရရှိသွားကြပါတယ်။

ပုံကိုကလစ်နှိပ်ပါက ပုံအကြီး မြင်ရပါမည်။










ကာယဗလ ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ပုံတွေကို http://myanmarcnn.blogspot.com/2013/06/blog-post_4458.html မှာ ထပ်ကြည့်လို့ရပါသေးတယ်။

DVB TV News

ရွေးချယ်ခံရတဲ့ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနံမည်တွေ ကြေညာ


မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ချထားပေးရေးအတွက် တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်ရာမှာ နော်ဝေနိုင်ငံအခြေစိုက် Telenor Mobile နဲ့ ကာတာနိုင်ငံအခြေစိုက် Ooredoo ကုမ္ပဏီတို့ကို တင်ဒါအောင်မြင်သွားပါတယ်။

အရန်အဖြစ်က ပြင်နိုင်ငံအခြေစိုက် Orange နဲ့ ဂျပန်နိုင်ငံအခြေစိုက် Marubeni တို့ကို အသီးသီးရွေးချယ် လိုက်ပါတယ်။

တင်ဒါဝင်ပြိုင်တဲ့ အဖွဲ့အစည်းတွေထဲမှာ Digicel, Orange, Telenor Mobile, Singtel, Ooredoo, China Mobile စတဲ့ ကုမ္ပဏီတွေအပါအဝင် အဖွဲ့အစည်း ၁၁ ခုပါဝင်ခဲ့ပါတယ်။

အခုတင်ဒါအောင်သွားတဲ့ အဖွဲ့ ၂ ဖွဲ့ဟာ ပြည်တွင်းကုမ္ပဏီတွေဖြစ်တဲ့ Myanmar Telecom နဲ့ Yadanarpon Telecom တွေနဲ့အပြိုင် ဝန်ဆောင်မှုပေးကြရမှာဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီ ၄ ခုကနေ ၂ဝ၁၃ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိ မိုလ်ဘိုင်းဖုန်းအလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချဖို့အတွက် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို


(Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။

Pepsi ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည် ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် Pepsi MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။

"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။

ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။



ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော Watch TV show Dynamo: Magician Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

Planet Myanmar Network

တိုင်းမ်မဂ္ဂဇင်း ရေးသားချက် သံဃာ့ညီလာခံ ကန့်ကွက်


ဇူလိုင်လ ၁ ရက်နေ့ထုတ် ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းမှာ ရေးသားထားတဲ့ The Face of Buddhist Terror ဆိုတဲ့ဆောင်းပါးကို ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ သံဃာ့ညီလာခံကြီးကနေ ကန့်ကွက်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ သံဃာတော်တွေ မြှောက်ပင့်ပေးလို့ ဖြစ်ရတာမဟုတ်သလို မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့ လူငယ်တွေအပေါ်ကိုလည်း သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းအောင် ထိန်းသိမ်းပေးဖို့လိုအပ်ကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရက ညီလာခံမှာ မိန့်ကြားခဲ့ပါတယ်။ ဒါ့အပြင် သံဃာ့ညီလာခံကို တက်ရောက်လာကြတဲ့ သံဃာတော်တွေနဲ့ နိုင်ငံတော် သံဃာ့နာယကအဖွဲ့ချုပ် ဆရာတော်တွေ ညီညွတ်ကြဖို့ သီတဂူဆရာတော်က တိုက်တွန်းခဲ့သလို ဗုဒ္ဓဘာသာ ရဟန်းတော်တွေအနေနဲ့ သည်းခံခွင့်လွှတ်ကြဖို့ကိုလည်း မိန့်ကြားခဲ့ပါတယ်။

"သံဃာတော် တစ်ထောင်ကျော်က အစည်းအဝေးမှာ စကားပြောပါဆိုတဲ့ အခွင့်အရေးဟာ ဗမာနိုင်ငံမှာ တစ်ခါမှမရဖူးဘူး၊ ဒီတစ်ခါဘဲ ရဖူးတယ်၊ ရှေးဦးစွာပြောချင်တာက အားလုံးဗုဒ္ဓရဲ့တပည့် သားသံဃာတွေ သည်းခံတော်မူကြပါလို့ ပြောချင်ပါတယ်၊ သည်းခံခြင်းရဲ့နောက်မှာ တဆက်တည်း မရှိမဖြစ်တာက ခွင့်လွှတ်တော်မူကြပါ၊ ဒီနှစ်ချက်၊ အဲဒါကြောင့် ဒီကနေ့ မွတ်စလင်ကလည်း ဘာပြောပြော၊ ခရစ်ယာန်ကလည်း ဘာပြောပြော၊ တိုင်းမ်မဂ္ဂဇင်းက ဘာပြောပြော၊ သည်းခံတော်မူကြပါ၊ သည်းမခံနိုင်ရင် တပည့်တော်တို့ လုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးကို အန္တရာယ်ရှိနိုင်တယ်၊ သည်းခံခြင်းနဲ့ ခွင့်လွှတ်ခြင်းကို လိုက်နာကျင့်သုံးကြပါ”

နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးတွေအပါအဝင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က သံဃာတော်တွေ တစ်ထောင်ကျော်တက်ရောက်တဲ့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြဝါဒခံယူပွဲ သံဃာ့ညီလာခံမှာ သီတဂူဆရာတော် အရှင်ဥာဏိဿရက အခုလိုသြဝါဒ မိန့်ကြားလိုက်တာဖြစ်ပါတယ်။

ဒါအပြင် မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေမူကြမ်းကို ဆွေးနွေးခဲ့ကြသလို အဲဒီဥပဒေမူကြမ်းဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်တာမဟုတ်ဘူးလို့လည်း တက်ရောက်လာတဲ့ ရှေ့နေတွေက ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။

ဒီသံဃာ့ညီလာခံကို ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦးကျောင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် အရှင်ဥာဏိဿရအပြင်၊ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ၊ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူတို့လည်း တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese