ပစ်တ်ဘူးလ်၏သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့သည့် မယ်ကမ္ဘာဟောင်း


ဆွဲဆောင်မှု ပြည့်ဝသည့် အာရှတိုက်သူ ချော်ပရာသည် ဘီကနီ ရေကူးဝတ်စုံလေးနှင့် ကျော့မော့စွာ ကိုယ်ဟန်ပြနေသည့် ပုံရိပ်များ ယင်းသီချင်း ဗီဒီယိုတွင် ထည့်သွင်းထားသည်
Posted on Jul 18 13 - 06:05 PM | Hits : 43

နာမည်ကျော် Rapဂီတ အဆိုတော် ပစ်တ်ဘူးလ်၏ သီချင်းတစ်ပုဒ်အတွက် ဗီဒီယို ရိုက်ကူးရာတွင် မယ်ကမ္ဘာဟောင်း ပရီယန်ကာ ချော်ပရာ ပါဝင်ခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယ အလှမယ်သည် ပစ်တ်ဘူးလ်၏ နောက်ဆုံးထုတ် Hitသီချင်းဖြစ်သော Exoticအတွက် ပါဝင်သရုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဆွဲဆောင်မှု ပြည့်ဝသည့် အာရှတိုက်သူ ချော်ပရာသည် ဘီကနီ ရေကူးဝတ်စုံလေးနှင့် ကျော့မော့စွာ ကိုယ်ဟန်ပြနေသည့် ပုံရိပ်များ ယင်းသီချင်း ဗီဒီယိုတွင် ထည့်သွင်းထားသည်။ အသက်(၃၀) ရှိပြီဖြစ်သော ချော်ပရာသည် (၂၀၀၀)ပြည့်နှစ်၊ မယ်ကမ္ဘာရွေးချယ်ပွဲတွင် သရဖူ ဆောင်းနိုင်ခဲ့သူ ဖြစ်သည်။

အနက်ရောင် ဆံကေသာများနှင့် နှစ်လိုဖွယ်ကောင်းသော ချော်ပရာနှင့် ပစ်တ်ဘူးလ်တို့၏ သီချင်းဗီဒီယိုသည် ကြာသပတေးနေ့တွင် ထွက်ပေါ်လာသည်။ "အိုင်ဘီဇာမှာ ကျွန်မ ပစ်တ်ဘူးလ်ရဲ့Exoticကို ရိုက်ကူးပေးခဲ့တာပါ"ဟု ချော်ပရာက ပြောကြားခဲ့သည်။ သူမက "ရိုက်ကွင်း အဖွဲ့သားတွေက ကျွန်မကို ပြင်းပြလှုံ့ဆော်ပြီး Sexyဆန်ဆန် ပုံရိပ်မျိုး ဖြစ်လာနိုင်အောင် ကူညီပေးကြပါတယ်။ ကျွန်မ အနေနဲ့လည်း ကျေနပ် ဂုဏ်ယူမိတယ်။ ဒါဟာ အစပဲ ရှိပါသေးတယ်။ ဒီသီချင်းအပြင် အယ်လ်ဘမ် တစ်ခုလုံးကို ပရိသတ်တွေဆီ မျှဝေဖြစ်ဖို့ ကျွန်မ မစောင့်နိုင်လောက်အောင် ဖြစ်နေပါပြီ"ဟုလည်း ပြောဆိုသွားသည်။

ပစ်တ်ဘူးလ်ကလည်း ၎င်း၏ သီချင်းဗီဒီယိုအတွက် ကူညီခဲ့သော ချော်ပရာကို ကျေးဇူးတင်ကြောင်း Twitterတွင် ရေးသားခဲ့သေးသည်။ ချော်ပရာသည် အိန္ဒိယတွင်လည်း ရုပ်ရှင်မင်းသမီး တစ်ဦးအဖြစ် ရပ်တည်နေပြီး အမေရိကန်တွင်မူ လူသိနည်းသော ဘောလီးဝုဒ် ကြယ်ပွင့်တစ်ဦး ဖြစ်သည်။ သူမသည် အိန္ဒိယတွင် Pepsi၊ Nokia၊ Garnierနှင့် Nestleစသော ကုန်ပစ္စည်း အမှတ်တံဆိပ်များအတွက် ကြော်ငြာပေးရပြီး ဘောလီးဝုဒ်၏ ကင်မ်ကာဒက်ရှီယန်အဖြစ် တင်စားခံရသည်။ 

အင်ယားကန်ဘောင်တွင် အင်တာနက်သုံးပြီးပြန်လာသူ အလုခံရ


ဇော်ဇော်ထွေး | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၆ မိနစ်

အင်းလျားကန်ဘောင်တွင် အင်တာနက်သုံးပြီးပြန်လာသည့် လူငယ်တစ်ဦး လုယက်ခံရမှုတစ်ခု ဇူလိုင် ၁၆ ရက်နံနက် ၂ နာရီ အချိန်ကဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

လုယက်ခံရသူသည် အသက် ၂၁ နှစ်အရွယ် ကိုဝေဖြိုးသူ ဖြစ်ပြီးသူသည် ကမာရွတ်မြို့နယ်၊ ၉ ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟုလည်း ရဲဌာနက ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းသည် အင်းယားကန်ဘောင်တွင် အင်တာနက်ထိုင်သုံးပြီးအပြန် စံရိပ်ငြိမ် ၅ လမ်းကွေ့အရောက်တွင် အမည်မသိလူငယ်လေးဦးက နောက်မှလိုက်လာပြီး ၎င်းလွယ်ထားသော HP လက်ပ်တော့ကွန်ပျူတာနှင့် ငွေကျပ် ၆၀၀၀ ထည့်ထားသည့် ကျောပိုးအိတ်ကိုဆွဲလုခဲ့ကြောင်း ကာယကံရှင်ကရဲကို ထွက်ဆိုထားသည်။

ကိုဝေဖြိုးသူကလည်း ကျောပိုးအိတ်ကိုပြန်လုသဖြင့် နှစ်ဖက်အချေအတင်ဖြစ်ကာ လုယက်သူများအနက်မှ တစ်ဦးကအနီးရှိ တုတ်ဖြင့် ရိုက်နှက်ကြောင်း၊ ရိုက်နှက်မှုကြောင့် နဖူး၊ လက်ဖျံတို့တွင် ဒဏ်ရာများ ရရှိခဲ့သည်ဟုလည်း ရဲကို ထွက်ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ လုယက်သူများကိုစုံစမ်းပေးရန် ကိုဝေဖြိုးသူက ကမာရွတ်ရဲစခန်းတွင် တိုင်တန်းပြီး ရဲစခန်းကလည်း အမှုအမှတ် (ပ)၃၂၀/၁၃ ဖြင့် အမှုဖွင့်ထားကာ သံသယရှိသူများကိုဖမ်းမိပါက ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၉၄ လုယက်မှုဖြင့် တရားစွဲဆိုမည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီး ရဲဌာနတပ်ဖွဲ့မှူး ရုံးထုတ်ပြန်ချက်တွင် ပါရှိသည်။

လုယက်သူများကို ရှာဖွေဖမ်းဆီးရန် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းနေသည်။

Mizzima

တောင်ကုတ် လူ ၁၀ ဦး အသတ်ခံရမှု မြို့ခံ ၆ ဦးကို ဖမ်းဆီး


ရခိုင်ပြည်နယ် တောင်ကုတ်မြို့၌ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ က လူ ၁၀ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မြို့ခံ ၆ ဦး ကို ရဲတပ်ဖွဲ့ က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

တောင်ကုတ်မြို့ခံများအား သံတွဲခရိုင် ရဲတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ယမန်နေ့က ညအချိန်တွင် ရုတ်တ ရက်ဝင်ရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေး အဖွဲ့ဝင် ဦးဝင်းနိုင် က ဧရာဝတီကို ပြော သည်။

“သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် မထွက်စေချင်တဲ့အတွက် ရုတ်တရက် ၀င်ဖမ်းလိုက်တာ ဖြစ်နိုင်ပါတယ်၊ ကျနော်တို့ဆီကို လည်း ဒီမနက်မှ သတင်းတွေ ၀င်တာပါ”ဟု ၎င်း က ဆိုသည်။

သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့သည် ဒေသဆိုင်ရာ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ ရပ်မိရပ်ဘများ၊ မြို့နယ် ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ အငြိမ်းစား ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ထိုအဖွဲ့သည် ၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သည့် ရခိုင်ဒေသတွင်း ပဋိပက္ခများအပြီး ကောလာဟလ သတင်းများကို တိုက် ဖျက်၍ သတင်းမှန်ဖော်ထုတ်ရန် ရည်ရွက်ချက်ဖြင့် အစိုးရ အာဏာပိုင်များက တရားဝင် ဖွဲ့စည်းပေးထားသော အဖွဲ့တခု ဖြစ် သည်။

တောင်ကုတ်လူသတ်မှုသည် တနှစ်ကျော်လာသည့်တိုင် တရားခံ တိတိကျကျဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ တောင်ကုတ်မြို့ခံ ၆ ဦးအား ယခု ဖမ်းဆီးခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီ ကို ပြောသည်။

“ဒီလူတွေကို ၀င်ဖမ်းတာကို တောင်ကုတ်က ရဲတွေ မသိလိုက်ကြဘူးလို့ ပြောသံကြားပါတယ်၊ အဲဒီသတင်းကြောင့် တောင် ကုတ်မြို့က အဓိကကျတဲ့ နေရာတချို့မှာတော့ ဒီနေ့လုံခြုံရေးတွေ ချထားတယ်”ဟု တောင်ကုတ်မြို့နယ်၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးမင်းအောင် က ဧရာဝတီ ကို ပြောသည်။

ဖမ်းဆီးခြင်းခံရသူများမှာ ဦးလေးမောင်(ခ) ထွန်းနိုင်၊ ဦးဝင်းနိုင်၊ ဦးသိန်းရွှေမောင်၊ ဦးစန်းကျော်၊ ဦးမင်းသိုက်ထွန်း(ခ) ပေါက် စီ၊ ဦးထွန်းဝင်း တို့ဖြစ်ကြောင်း၊ ၎င်းတို့အား သံတွဲထောင်သို့ ညတွင်းချင်း ပို့ဆောင်လိုက်ကြောင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာ တချို့တွင် ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သံတွဲထောင်မှူး(ထောင်ပိုင်ကြီး) ဦးခင်မောင်ထွန်းအား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ“ကျနော် တို့လည်း ကောလာဟလ သတင်းတော့ကြားနေရတယ်၊ ဒါပေမယ့် အခုချိန်ထိတော့ ကျနော်တို့ထောင်ကို စာရင်းအတိအကျတွေနဲ့ ရောက်မလာသေးပါဘူး”ဟု ဖြေဆိုသည်။

ထို့အတူ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး၏ တာဝန်ရှိသူ တဦးကလည်း ဧရာဝတီ ကို ပြောရာတွင် တောင်ကုတ်မြို့ခံများ ဖမ်းဆီးခံရမှုနှင့်ပတ်သက် ၍ ၎င်းတို့ မသိရှိကြောင်း ဖြေဆိုသည်။

“ကျနော်တို့ဆီကို သတင်းပို့တာတော့ မရှိသေးဘူး၊ တိတိကျကျ သိရဖို့ စုံစမ်းနေဆဲပါ”ဟု မြို့နယ်မှူးရုံး တာဝန်ရှိသူက ဆို သည်။

တောင်ကုတ်မြို့ခံများကမူ ယခု ဖမ်းဆီးခံရသူများနှင့်ပတ်သက်၍ အာဏာပိုင်များက ဖုံးကွယ်ရန် ကြိုးပမ်းလိုသည့် သဘော ထားများ တွေ့နေရကြောင်း ပြောဆိုကြသည်။

တောင်ကုတ် လူသတ်မှုသည် ပြီးခဲ့သည့်နှစ် မေလ ၂၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ဒေသခံ မသီတာထွေး အဓမ္မကျင့်၊ ပစ္စည်းလု၊ သတ်ဖြတ်ခံရပြီးနောက် နောက်ဆက်တွဲဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထိုမှတဆင့် ဇွန်လ ၈ ရက်နေ့တွင် မောင်တော မြို့၌ အကြမ်းဖက်မှု ပေါ်ပေါက်ခဲ့သည်။ ထိုနေ့မှ စ၍ ရခိုင်ပြည်နယ် တ၀န်း အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ် ပေါ်ခဲ့သည်။

တောင်ကုတ်မြို့၌ လူ ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးဖော်ထုတ်ရန် ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့တခုကို ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက နိုင်ငံတော်သမ္မတ က ဖွဲ့စည်းပေးခဲ့ သည်။

ထိုအဖွဲ့၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲ ချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ် အထူးစုံစမ်း စစ်ဆေး ရေးအဖွဲ့ အကြီးအကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး တို့ပါဝင်သည်။

ထိုလူသတ်မှုနှင့်ပတ်သက်၍ တောင်ကုတ်မြို့မှ ဒေသခံ  ၅၀ ကျော်အား ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲနှင့် မြို့နယ် အာ ဏာ ပိုင်များက စစ်ဆေးခံခဲ့သော်လည်း ယနေ့တိုင် တိတိကျကျ ဖော်ထုတ်နိုင်မှု မရှိသေး၍ လူအများ၏ ဝေဖန်မှုလည်း ခံနေ ရသည်။

အမျိုးသမီး ရာသီစက်ဝန်း အတွင်း ဖြစ်ပေါ်တတ်သော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်း



ရာသီစက်ဝန်း အတွင်း ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေကို အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်း မဖြစ်မနေ ရင်ဆိုင်ကြရတတ်ပါတယ်။ တခိျု့ အမျိုးသမီးတွေအနေနဲ့ ရာသီစက်ဝန်း အတွင်းမှာ ခံစားရခက်ခဲတဲ့ ဝေဒနာမျိုးစုံကို ခံစားကြရတတ်ပြီး၊ တခိျု့တွေကလည်း အနည်းအကျဉ်းသာ ခံစားကြရတတ်ပါတယ်။ သင်ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာသွားစေဖို့ အတွက် နည်းလမ်းတွေ ရှိပါတယ်။
ကြွက်တက်ခြင်း
တခိျု့အမျိုးသမီးတွေမှာ ရာသီစက်ဝန်း မတိုင်မီ ကာလတွေမှာ ကြွက်တက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီအချိန်မှာ အရမ်းကို နာကျင် ခံစားနေရတတ်ပြီး ကသိကအောက်လည်း ဖြစ်တတ်ပါတယ်။
ဖြေရှင်းနည်း - ရေနွေးအိတ် ကပ်ပေးပါ။ ကြွက်တက်တဲ့ နေရာကို ဖိအားပေးပြီး ကပ်ပေးတာကြောင့် ကြွက်တက်တာကို သက်သာစေနိုင်ပါတယ်။

စိတ်ဂနာမငြိမ်ခြင်း
ရာသီစက်ဝန်း မတိုင်ခင် အချိန်မျိုးမှာ စိတ်ဂနာမငြိမ်ဘဲယောက်ယက်ခတ်နေတာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ စိတ်တည်ငြိမ်မှုမရှိဘဲ စိုးရိမ်ပူပန်မှုလည်း များနေတတ်ပါတယ်။
ဖြေရှင်းနည်း - အတတ်နိုင်ဆုံး စိုးရိမ်မှုတွေကို လျှော့ချနိုင်ဖို့ လိုပါတယ်။ စိတ်တည်ငြိမ်မှု ရှိစေမယ့် လေ့ကျင့်ခန်းမျိုးတွေ ပြုလုပ်ပါ။
ရင်သား တင်းလွန်းခြင်း
ရင်သားနေရာမှာ တင်းလွန်းပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။ အထူးသဖြင့် ရာသီစက်ဝန်းမတိုင်မီ အချိန်မှာ ဖြစ်ပေါ်တတ်ပါတယ်။
ဖြေရှင်းနည်း - ရေနွေးအိတ် ကပ်ပေးတာမျိုးက ရင်သားနာကျင်မှုကို သက်သာရာ ရစေပါတယ်။
ခေါင်းကိုက်ခြင်း
အမျိုးသမီး အများစု ဖြစ်ပေါ်လေ့ ရှိတာမျိုးပါ။ ရာသီလာချိန်နဲ့ မလာခင်အချိန်မျိုးမှာ ခေါင်းကိုက်ခဲ နေတတ်ပါတယ်။
ဖြေရှင်းနည်း - ဖြည်းဖြည်းချင်း နှိပ်နယ်ပေးတာကြောင့် သက်သာရာရစေပါတယ်။
အစာ စားချင်စိတ် မရှိခြင်း
ရုတ်တရက် အစာ စားချင်စိတ်မရှိဘဲဖြစ်သွားတတ်ပါတယ်။ ဒါက အမျိုးသမီး အများစု ခံစားရလေ့ ရှိပါတယ်။
ဖြေရှင်းနည်း - ကဖင်း ပါဝင်တာတွေကို ရှောင်ပြီး အာဟာရ မျှတအောင်သာ စားပါ။ ရာသီစက်ဝန်း ပြီးချိန်မှာ ပုံမှန် ပြန်ဖြစ်သွားတတ်ပါတယ်။
ခြေထောက် နာကျင်ကိုက်ခဲခြင်း
တခိျု့ အမျိုးသမီးတွေမှာတော့ ခြေနဲ့လက်တွေ နာကျင် ကိုက်ခဲတတ်ပါတယ်။ အထူးသဖြင့် ခြေဆစ်တွေ ကိုက်ခဲနေတတ်ပါတယ်။
ဖြေရှင်းနည်း - ယောဂနဲ့ တခြား လေ့ကျင့်ခန်းတွေက ခြေထောက်ကိုက်တာကို သက်သာစေနိုင်ပါတယ်။
ပင်ပန်းနေခြင်း
ပင်ပန်းညောင်းညာမှုနဲ့ ငြီးငွေ့မှုကို ခံစားကြရတတ်ပါတယ်။
ဖြေရှင်းနည်း - ဒါက ရောဂါဝေဒနာတစ်ခု မဟုတ်ပေမယ့် သက်သောင့်သက်သာ နေထိုင်မှုက သင့်ကို သက်သာရာရစေပါ လိမ့်မယ်။
ဝမ်းဗိုက် တင်းနေတတ်ခြင်း
ရာသီစက်ဝန်း အတွင်းမှာ တခိျု့အမျိုးသမီးတွေက ၀မ်းဗိုက်နေရာ ဖောင်းတင်းပြီး မအီမသာ ဖြစ်တာမျိုးတွေ ကြုံတွေ့ကြရတတ်ပါတယ်။
ဖြေရှင်းနည်း - ၀မ်းမချုပ်အောင် ဆင်ခြင် နေထိုင်တာကြောင့် သက်သာရာ ရစေနိုင်ပါတယ်။
မျက်နှာတွင် အဖုပေါက်ခြင်း
ရာသီမလာခင်နဲ့ ရာသီ လာနေစဉ်မှာ မျက်နှာပေါ်မှာ ၀က်ခြံတွေ ထွက်လာတတ်ပါတယ်။
ဖြေရှင်းနည်း - ၀က်ခြံနဲ့ အဖုတွေကို လက်သည်းနဲ့ မကုတ်ဖဲ့ပါနဲ့။ အသားအရေ အမျိုးအစား အလိုက် ပုံမှန်ထိန်းသိမ်းမှုတွေကိုသာ ပြုလုပ်ပေးပါ။ ရာသီစက်ဝန်း ပြီးချိန်မှာ အဖုတွေက ပျောက်သွားနိုင်ပါတယ်။ ပိုဆိုးလာမယ် ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပါ။
ခါးနာကျင်ခြင်း
ရာသီစက်ဝန်း အတွင်းမှာ ခါးနေရာမှာ နာကျင်မှု ဖြစ်စေတတ်ပြီး လှုပ်ရှားသွားလာရတာ ခက်ခဲတာကြောင့် သက်သောင့်သက်သာ မဖြစ်ဘဲ ဖြစ်နေတတ်ပါတယ်။
ဖြေရှင်းနည်း - အကိုက်အခဲပျောက်ဆေး အပျော့စားတွေ သောက်ပေးနိုင်ပြီး ရာသီစက်ဝန်း ပြီးချိန်မှာ နာကျင်မှု သက်သာသွားစေပါတယ်။
swesonemedia.

ထုတ်လုပ်မှုစရိတ် ကြီးမားခြင်းကြောင့် ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးသည့် ဇာတ်ကားများ မရိုက်ကူးနိုင်ခြင်းဖြစ်ဟု အကယ်ဒမီနေတိုး ပြောကြား


ရိုးရာယှုကျေးမှုကို ဖော်ကျူးသည့် ဇာတ်ကားများ ရိုက်ကူးရန်မှာ ထုတ်လုပ်မှု စရိတ်သည် အဓိကကျပြီး စရိတ်ကြီးမားခြင်းကြောင့် မရိုက်ကူးနိုင်ခြင်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား အနုပညာရှင် အကယ်ဒမီနေတိုးက ပြည်မြန်မာသို့ ပြောသည်။ '' ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးတဲ့အခါ ဇာတ်ကားအနေနဲ့ ဆိုရင် ရိုက်ကူးရမယ့် ခက်ခဲမှုတွေ အများကြီး ရှိနိုင်ပါတယ်။ အရှင်းဆုံး ပြောရရင်တော့ ဒီလိုဇာတ်လမ်းမျိုးကို ရက် ၂၀ နဲ့ တည်ဆောက်တဲ့ ဇာတ်မဖြစ်စေချင်ဘူး။ နိုင်ငံတွင်းမှာ အနည်းဆုံး One to Ten လောက် အဆင့်ရှိတဲ့ ပရောဖက်ရှင်နယ်ဆန်တဲ့ ရိုက်ကူးမှုပုံစံနဲ့ တစ်ကမ္ဘာလုံးကို ပြသနိုင်တဲ့ ကွာလတီ လိုပါတယ်။ အဲဒီ ကွာလတီကို ကျွန်တော်တို့နိုင်ငံမှာ ခုချိန်ထိ မရှိသေးပါဘူး။ အဲဒါကြောင့် ရိုးရာယဉ်ကျေးမှုတွေနဲ့ တည်ဆောက် ရမယ့် ဇာတ်လမ်းတွေကို မှားလို့ မရပါဘူး။
ပြည့်စုံတဲ့ တင်ဆက်မှု ဖြစ်ဖို့ တကယ်ကို ကြီးကျယ်ခမ်းနားဖို့ လိုပါတယ်။ အဓိကကတော့ ထုတ်လုပ်မှု စရိတ်ပေါ့။ ထုတ်လုပ်မှု စရိတ်ကို အများကြီးလျော့ပြီး ရိုက်နေရတဲ့ အချိန်မှာ ဒီလိုကားမျိုး ရိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီလို ဇာတ်ကားတွေ ရိုက်ကူးလာနိုင်အောင်လည်း ကြိုးစားနေကြပါတယ် '' ဟု ၎င်းက ပြောသည်။ ထို့ပြင် ဖျော်ဖြေမှုများ၌ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကများအား ထည့်သွင်း ဖျော်ဖြေခြင်းသည် မိမိလူမျိုးအတွက် ဂုဏ်တက်စေသည့် အပြင် နိုင်ငံတကာမှ လေ့လာနေသည့် အချိန်တွင်လည်း အင်မတန်ကို တန်ဖိုးရှိသည့် ဖျော်ဖြေမှု ဖြစ်ကြောင်း၊ ထို့ကြောင့် ရိုးရာအကများနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းသည် ကောင်းမွန်သည့် အယူအဆ ဖြစ်ကြောင်း ရှေ့ဆက်၍ ထိုကဲ့သို့ တိုင်းရင်းသား ယဉ်ကျေးမှုများကို များစွာ ဖော်ကျူးပြသရန် အကြံပြု တိုက်တွန်းချင်ကြောင်း အကယ်ဒမီနေတိုးက ဆက်လက် ပြောကြားခဲ့သည်။

swesonemedia.

အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း နေ့ချင်းပြန် ဘုရားဖူးခရီးစဉ် မကြာမီ သွားရောက်နိုင်တော့မည်


ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု အခိျု့ကြောင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်းနှင့် ဗုဒ္ဓဂယာသို့ ဘုရားဖူးခရီးစဉ်များ ပုံမှန် ပြန်လည် ပြေးဆွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ဗုဒ္ဓဂယာသို့ မြန်မာနိုင်ငံမှ ဘုရားဖူး ခရီးစဉ်များကို ယခင်က ၁၄ ရက် ၁၅ ည ရက်ရှည် ဘုရားဖူးခရီးစဉ်ဖြင့်သာ သွားရောက် ဖူးမြော်ကြပြီး ယခုအခါ ဗုဒ္ဓဂယာသို့ နေ့ချင်းပြန် ခရီးစဉ်အဖြစ်ပါ သွားရောက်နိုင်ပြီ ဖြစ်ကြောင်း ၈-၇-၂၀၁၃ ရက်က သိရသည်။ အဆိုပါ နေ့ချင်းပြန် ခရီးစဉ်ကို နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ခရီးစဉ်အတွက် လေယာဉ်များကို စင်းလုံးငှားကာ ပျံသန်း ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း ယင်းလေယာဉ်များမှာ လူအယောက် ၁၈၀ ဆံ့ လေယာဉ်များ ဖြစ်ကြောင်း သိရသည်။ ''အခု ဗုဒ္ဓဂယာမှာ ဗုံးပေါက်ကွဲတာတွေ ဘာတွေဖြစ်ခဲ့တယ်။ အခု ငြိမ်သက်သွားပြီဖြစ်လို့ ကျွန်မတို့ ခရီးစဉ်ကိုတော့ ပုံမှန် ပြေးဆွဲသွားမှာပါ။ ဒီခရီးစဉ်ကို နေ့ချင်းပြန် ပြေးဆွဲဖို့ဆိုတာ လွယ်တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ကုမ္ပဏီက လုပ်တာ ပထမဆုံးပါပဲ။ အဓိက ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တခိျု့ ငွေကြေး တတ်နိုင်ကြပေမယ့် အချိန်မရလို့  မသွားနိုင်တဲ့သူတွေ အများကြီးပဲ။ နောက်ပြီး သက်ကြီးရွယ်အိုတွေဆိုရင်လည်း အဲဒီလို ရက်ကြာကြာ ခရီးစဉ်တွေကို သွားလာဖို့ အဆင်မပြေတော့ဘူးလေ။
အဲဒါကြောင့် ဒီခရီးစဉ်ကို စီစဉ်ရတာပါ'' ဟု ဗုဒ္ဓဂယာသို့ ပထမဆုံး နေ့ချင်းပြန် ခရီးစဉ် သွားရောက်နိုင်ရန် ဆောင်ရွက်နေသော မဟာတိုး ဗုဒ္ဓဂယာခရီးသွား ကုမ္ပဏီမှ မကြည်ကြည်ရွှေက ပြောကြားသည်။
'' ဒီခရီးစဉ်ကိုတော့ စက်တင်ဘာလ၈ ရက်က စပြီး ပျံသန်း ပြေးဆွဲသွားမှာပါ။ ခရီးစဉ်ရဲ့ သွားလာစရိတ်ကိုတော့ ကျပ်၄၉၀,၀၀၀ ကုန်ကျမှာပါ။ ဗီဇာကြေး၊ဘာကြေး အကုန် အပြီးအစီး ကျွန်မတို့ ကုမ္ပဏီက လုပ်ပေးသွားမှာပါ။ အရင် ၁၄ရက် ၁၅ ည ခရီးစဉ် ကျပ် ၈၀၀,၀၀၀ ၀န်းကျင် ရှိပါတယ်'' ဟု ယင်းက ဆက်လက် ပြောကြားသည်။ ထို့ပြင် ဗုဒ္ဓဂယာခရီးစဉ်ကို ယခင်က ဗီဇာလျှောက်သကဲ့သို့ မဟုတ်တော့ဘဲ Online ဗီဇာပြောင်းလဲသွားကာ သွားရောက်မည့်သူ ကိုယ်တိုင် Finger Print နှင့် Eye Scan များကို ပြုလုပ်ရသော်လည်း သာသနာရေးဝန်ကြီးဌာနမှ ဗုဒ္ဓဂယာ ခရီးသွားလုပ်ငန်းများ အတွက် ကန့်သတ်မှုများကို ဖြေလျှော့ပေးမှုများကြောင့် ခက်ခဲမှုများ မရှိတော့ကြောင်း သိရသည်။
swesonemedia

ကျောင်းသုံးစာအုပ် ပုံနှိပ်လုပ်ငန်း ပုဂ္ဂလိကသို့ ခွင့်ပြုမည်


ရန်ကုန်- ၂၀၁၄-၁၅ ပညာသင်နှစ်မှ စ၍ အခြေခံပညာကျောင်းသုံး စာအုပ်များ၏ အရည်အသွေးကို မြှင့်တင်သွားမည်ဖြစ်ပြီး ကျောင်းသုံး စာအုပ်ရိုက်နှိပ်ခြင်းလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ် ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သတင်းရရှိ သည်။

ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနသည် အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာအုပ် ၆၁ မျိုးကို စက္ကူနှင့် ပုံနှိပ်ချုပ်လုပ်ထုပ်ပိုး ခြင်းများ အပါအ၀င် လုပ်ငန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါများ ဖိတ် ခေါ်နေသည်။

မူလတန်းမှ အထက်တန်းထိ ကျောင်းသား၊ ကျောင်းသူ ရှစ်သန်းကျော်အတွက် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၏ အရည်အသွေးများကို မြှင့်တင်မည်ဖြစ်ပြီး ဈေးနှုန်းလည်း မြင့်တက်သွားမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စာအုပ်အရည်အသွေးကောင်းလာမယ်။ အတွင်း စာမျက်နှာကို အင်ဒို ၇၀ ဂရမ်ဝူဖရီ (ဂျာနယ် အချော မျက်နှာဖုံးစာများတွင် ပုံနှိပ်သော စက္ကူ) အဖုံးကို အက်ကတ်အသုံးပြုနိုင်ခြင်းများရှိနေပြီး ကျောင်းသုံး စာအုပ်များအတွက် အစိုးရ၏ နှစ်စဉ် အသုံးစရိတ် ကုန်ကျမှုများ
လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်ကျောင်းသုံး စာအုပ်များအတွက် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း (PPE) မှ တာဝန်ယူရိုက်နှိပ်ရသော စာအုပ်မှာ နှစ်စဉ်သန်းပေါင်း ၄၀ ကျော်ရှိ၍ အချိန်မီရိုက်နှိပ်ရခြင်း၊ ဖြန့်ဝေရခြင်းတို့ကြောင့် လုပ်ငန်းပမာဏကြီးမား နေသည်။

ကျောင်းသုံးစာအုပ် ရိုက်နှိပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကသို့ ဈေးပြိုင်စနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းဖြင့် ကျောင်းသုံးစာအုပ်များ၏ အရည်အသွေးမြင့်မားလာမည်ဖြစ်သလို ပညာရေး ၀န်ထမ်းများ၏ လုပ်အားများထိခိုက်မှုလျော့ကျသွားမည်ဖြစ်သည်။

“အခြေခံပညာကျောင်းသား၊ ကျောင်းသူများအတွက် စာအုပ် ၉၃ မျိုးရှိတယ်။ အရင်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပုံနှိပ်ထုတ်ဝေရေးနဲ့ ပုဂ္ဂလိက ချိတ်ဆက်ပြီး ရိုက်နှိပ်တာပါ။ အခုတော့ မူလတန်းကို ပြန်ကြားရေးဝန်ကြီးဌာနပဲ ဆက်လက်ဆောင်ရွက်မယ်။ အလယ်တန်းနဲ့ အထက်တန်းကတော့ ပုဂလိက လုပ်ငန်းတွေကို လွှဲမှာပါ”ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနသည် မူလတန်း ပညာရေးကို အခမဲ့ပညာရေးစနစ် ဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျောင်းသုံးစာအုပ်များ အခမဲ့ပေးအပ်နေသော်လည်း အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအနေဖြင့် ကျောင်းသားစာအုပ်များကို ၀ယ်
ယူအသုံးပြုနေရသည်။

“အခုကျောင်းသုံးစာအုပ်တွေ က အရည်အသွေးတော်တော်နိမ့် နေတယ်။ စက္ကူ အရည်အသွေးတွေမြှင့်မယ်ဆိုတော့ ရုပ်ပုံတွေ ပိုပီ
ပြင်ပြီး ကျောင်းသားတွေ ကောင်းကောင်းမွန်မွန် ဖတ်ရှုကြရတော့မှာပေါ့။ ဒါပေမဲ့ အခြေခံလူတန်းစားမိသားစုတွေအတွက် ပညာသင် စရိတ်က ပိုမြင့်တက်လာမှာပါပဲ”ဟု ပညာရေးလေ့လာသူတစ်ဦးက သုံး သပ်သည်။

မြန်မာနိုင်ငံရှိ မိသားစုများသည် ၎င်းတို့ဝင်ငွေ၏ ၇၀ ရာခိုင်နှုန်းကို ပညာရေးဆိုင်ရာ အသုံးစရိတ်အတွက် အသုံးပြုနေရပြီး ကျောင်းသုံးစာရေးကိရိယာကုန်ကျ စရိတ်မှာ အမြင့်မား ဆုံးဖြစ်နေကာ ကျူရှင်စာသင်စရိတ်၊ ကျောင်းလခ၊ ကျောင်းသား ပုံနှိပ်စာအုပ်စ
ရိတ်များလည်း မြင့်မားနေကြောင်းပညာရေးဆိုင်ရာ စစ်တမ်းတစ်ခုတွင်ဖော်ပြထားသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7days News

ပဲခူးတွင် ဆန္ဒပြ - ဆန္ဒပြသူများကို ရဲတပ်ဖွဲ့ဝင် ၁၅၀ ခန့်တို့က အပြင်းအထန်တားဆီးခဲ့


ဇူလိုင်၁၆ ရက် နံနက်ပိုင်းက ပဲခူးမြို့တွင် ဆန္ဒဖော်ထုတ်ရန်ကြိုးစားသည့် လယ်သမားများနှင့် ခြံသမားများ သည် ရဲတပ်ဖွဲ့ဝင်၁၅ဝခန့်၏ အ ပြင်းအထန်တားဆီးမှုနှင့် ကြုံတွေ့ ခဲ့ရကြောင်း သိရ သည်။ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ တွင် ယနေ့နံနက် ၉နာရီခွဲခန့်က ပဲခူးတက္ကသိုလ်တိုးချဲ့မြေ၊ ပဲခူးမြို့ သစ်တိုးချဲ့မြေနှင့် ပဲခူးစက်မှုဇုန် ဖော်ဆောင်ရေးများအတွက် မြေ ယာသိမ်းဆည်းခံထားရသည့် ဒေသ ခံလယ်သမား နှင့် ခြံသမား ၂ဝကျော် သည် ယင်းတို့၏ ဆုံးရှုံးနစ်နာမှုများ နှင့်ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့ အစည်းများကညှိနှိုင်းတွေ့ဆုံခြင်း နှင့်ဖြေရှင်းပေးခြင်း တစ်စုံတစ်ရာ မရှိခြင်းကြောင့် အဆိုပါအခြေအ နေများကို အများပြည်သူ သိရှိစေရန် အတွက် ဆန္ဒဖော်ထုတ်ပွဲပြု လုပ်ရာတွင်ရဲတပ်ဖွဲ့၏ ပိတ်ဆို့ တားဆီးခြင်းများနှင့်ကြုံတွေ့ရ ခြင်းဖြစ်သည်။

''နိုင်ငံတော်စီမံကိန်းတွေ ကိုကန့်ကွက်ဖို့ အခုဆန္ဒဖော်ထုတ် ပွဲကိုလုပ်တာမဟုတ်ပါဘူး။ ကျွန် တော်တို့မြေတွေကို တစ်စုံတစ်ရာ ညှိနှိုင်းပေးခြင်း၊ နစ်နာမှုအတွက် တစ်စုံတစ်ရာဖန်တီးပေးခြင်းမရှိ ဘဲနဲ့အသိမ်းခံခဲ့ရတယ်။ လက်ရှိ အချိန် ထိကို လာရောက်တွေ့ဆုံညှိ နှိုင်းမှု တစ်စုံတစ်ရာကို သက်ဆိုင် ရာဘက်က လုပ်မပေးသေးဘူး။ ကျွန်တော်တို့လိုချင်တာက ပွင့် လင်းမြင်သာမှုရှိရှိအလုပ်လုပ် ကြဖို့ပါ''ဟုဆန္ဒဖော်ထုတ်ရခြင်း အခြေအနေကိုဒေသခံ လယ်သမား တစ်ဦး ဖြစ် သည့်ဦးစောထိန်လင်း ကပြောသည်။ ယခုပြုလုပ်သည့်ဆန္ဒဖော် ထုတ်ပွဲသည့် အစိုးရသစ်လက်ထက် တွင်ပဲခူးမြို့တွင်း၌ ပထမဆုံးပြုလုပ် သည့် ဆန္ဒဖော်ထုတ်ပွဲဖြစ်ပြီး ယင်း  လူ၂၀ ကျော်ကိုတားဆီးရန်အ တွက် ရဲအင် အား ၁၅ဝခန့်နှင့် အ ချုပ်ကားများ၊ တာဝန်ဆိုသည့် လက်ပတ်နှင့်လူများကိုအသုံးပြု တားဆီးခဲ့ကြောင်းတွေ့ရသည်။

ယင်းဆန္ဒဖော်ထုတ်သူများ သည် ယင်းတို့၏မူလအစီအစဉ်အ ရ ပဲခူးရွှေမော်ဓော ဘုရားရှေ့မှပဲခူး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ အထိလမ်းလျှောက်ဆန္ဒဖော်ထုတ် ရန် ရည်ရွယ်ထားသော်လည်း ယင်း တို့ စတင်မည့် ရွှေမောဓောဘုရား ခြေရင်းနေရာမှာပင် ပဲခူးခရိုင်ရဲ မှူးနှင့် မြို့နယ်ရဲမှူးဦးဆောင်သည့် ရဲဝန်ထမ်းများ၏တားဆီးခြင်းနှင့် စတင်ကြုံတွေ့ခဲ့ကြောင်း တွေ့ရ သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲ သည် တရားဝင်ခွင့်ပြုမိန့်ဖြင့် ပြုလုပ်ခြင်း မဟုတ်ကြောင်းနှင့် သက်ဆိုင်ရာ မြို့နယ်နှင့်တိုင်းရဲတပ်ဖွဲ့ရုံးများကို တရားဝင်ခွင့် ပြုပေးရန်နှစ်ကြိမ်တင် ပြပြီးဖြစ်ကြောင်း၊ ခွင့်ပြုပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ပြုလုပ် ရခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ် သူများ၏ပြောကြားမှုများအရ သိရသည်။

ကျော်ဇေယျ
yagonmedia

အာဇာနည် မိသားစုများအား ဒုတိယသမ္မတကိုယ်တိုင် အာဇာနည်နေ့တွင် တွေ့ဆုံဂုဏ်ပြုအားပေးစကားပြောကြားမည်

အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစု ဝင်များအား အခမ်းအနားမကျင်းပ မီ ဒုတိယသမ္မတ ဒေါက်တာစိုင်း မောက်ခမ်းက သွားရောက်တွေ့ ဆုံကာ အားပေးဂုဏ်ပြုမည့်အစီ အစဉ်သစ်တစ်ရပ် ကို ယခုနှစ် (၆၆) နှစ်မြောက် အာဇာနည်နေ့အခမ်း အနားတွင် ထည့်သွင်းထားကြောင်း သိရသည်။

''အခုနှစ်မှာ အာဇာနည်နေ့ လွမ်းသူ့ပန်းခွေမချခင် ဒုတိယ သမ္မတကြီးကိုယ်တိုင် အာဇာနည် ခေါင်းဆောင်ကြီးများရဲ့ မိသားစု ဝင်များရှိရာကို သွားရောက်တွေ့ ဆုံစကားပြောမှာ ဖြစ်ပါတယ်''ဟု ကျင်းပရေးဗဟိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ အတည်ပြု ပြောသည်။ အာဇာနည်ဗိမာန်တွင် လွမ်း သူ့ပန်းခွေများမချခင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစု များသည် ယခင်နှစ်များကကဲ့သို့ စုရပ်အဖြစ် သက်ဆိုင်ရာဓမ္မာရုံ တွင် စောင့်ဆိုင်းရောက်ရှိနေကြ မည်ဖြစ်ရာ ထိုနေရာသို့ ဒေါက်တာ စိုင်းမောက်ခမ်းက သွားရောက် ဂုဏ်ပြု အားပေးစကားပြောကြား မည့် အစီအစဉ်ဖြစ်ကြောင်း သိ ရသည်။

အာဇာနည်နေ့ အခမ်းအနား များကို ဒေသအဆင့်မှ နိုင်ငံတော် အဆင့်သို့ ယမန်နှစ်ကမှ စတင် အဆင့်ပြန်လည်မြှင့်တင်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ယမန်နှစ်က ကဲ့သို့ပင် ဒုတိယသမ္မတက နိုင်ငံ တော်ကိုယ်စား တက်ရောက်၍ လွမ်းသူ့ပန်း ခွေချမည်ဖြစ်သည်။ အာဇာနည်ခေါင်းဆောင် ဖြစ်သူ မန်းဘခိုင်၏သမီး ဒေါ်မြင့် မြင့်အေးက ''အရင်ကရှိခဲ့ပါတယ်။ အာဇာနည်နေ့မှာ မဏ္ဍပ်ထိုးထား ပြီး အဲဒီမှာ မိသားစုဝင်တွေကို အားပေးစကား ပြောခဲ့ကြတာ သမ္မတကြီး မန်းဝင်းမောင်လက် ထက်ကတည်းကပါ။ ကင်မင်းချူး ဗုံးပေါက်တဲ့ကိစ္စပြီးကတည်းက အဲဒီ့အစီအစဉ်က ပျက်သွားခဲ့တာ လို့ ထင်ပါတယ်။ အန်တီတို့က တော့ အားပေးစကားပြောပြော မပြောပြော၊ အသိအမှတ်ပြုပြု မပြုပြု ကိုယ့်မိဘ ဆိုတော့ ကိုယ် က သွားကန်တော့မှာပဲလေ''ဟု ပြောသည်။

ညီလတ်
Yagonmedia

အသည်းကွဲခြင်း အတွက် သိန်းရာကျော် အကုန်အကျ ခံတဲ့ ဖြူဖြူကျော်သိန်း


‘မိန်းကလေး တစ်ယောက် အသည်း ကွဲနေတယ်’ MTV ကို ကျပ်သိန်းရာကျော် အကုန်အကျ ခံ၍ တစ်ပုဒ်ချင်းစီ သေချာ ရိုက်ကူးထားကြောင်း ဖြူဖြူကျော်သိန်း က ပြောသည်။
”အခွေ တိုင်းကို တစ်ပုဒ်ချင်းစီ သေသေချာချာ ရိုက်တယ်။ ဒီအခွေလည်း အဲဒီလိုပဲ ရိုက်တယ်။ ပြန်ရတဲ့ result အပေါ်မှာတော့ ငွေရေးကြေးရေး အောင်မြင်မှု ထက် အနုပညာ အရ အောင်မြင်မှုကိုပဲ မျှော်လင့်ပါတယ်။ ပိုက်ဆံ အရတော့ မမျှော်လင့်ပါဘူး။ ဒါ ကတော့ မဖြစ်သင့်တဲ့ အရာ တစ်ခုပါ။ ဒါပေမဲ့ အဲဒီလို အချိန်မှသာ အခွေ ထုတ်မယ် ဆိုရင်လည်း အဆိုတော်လုပ်ဖို့ မဖြစ် နိုင်တော့ဘူး။ အဲဒီအတွက် လုပ်တာ တော့ လုပ်နေရမှာပါပဲ။ ဒီအခွေက စီဒီ မှာကတည်းက ပရိသတ်က အားပေးခဲ့တာ ဗီစီဒီ ကိုတော့ အားစိုက် ထားပါတယ်။ ဒါပေမဲ့ Audio အတွက်တောင် အရင်း မကျေသေးပါဘူး။ အခု ဗီစီဒီ ကတော့ အနည်းဆုံး မကုန်ဘူး ဆိုတောင် တစ်ပုဒ်ကို ဆယ်သိန်း ဝန်းကျင်တော့ ကုန်တာပဲ။ ဒါက တခြား ဗာဟီရထည့် တွက်မထားသေးဘူး။ အဲဒီတော့ အနည်းဆုံး ၁၅ဝ ဝန်းကျင်တော့ သွားမှာပါပဲ။ တစ်ပုဒ်တည်းမှာပဲ ပိုက်ဆံ တွေအများကြီး အကုန်ခံပြီး ရိုက်တယ်ရယ် တော့ မရှိပါဘူး။ အားလုံးကို မျှပြီး တတ် နိုင်သလောက် ဂရုစိုက်ပြီး ရိုက်ပါတယ်”ဟု ဖြူဖြူကျော်သိန်း က ပြောသည်။
‘မိန်းကလေး တစ်ယောက် အသည်းကွဲနေတယ်’ စီးရီးကို MTV ရိုက်ကူးမှုတွေ ပြုလုပ်ခဲ့တာ အခု ဆိုပြီးသလောက် နီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။ အခွေထဲက ‘ဘာဖြစ်ဖြစ်’ ဆိုတဲ့ သီချင်း ကိုတော့ ဇူလိုင်လ ၉ ရက်နေ့က ကန် တော် မင်္ဂလာ ပန်းခြံထဲက မိုးမင်း (rays) စတူဒီယိုမှာ ဒါရိုက်တာ သုံးပေါင် နဲ့အတူ ရိုက်ကူးခဲ့ပါတယ်။
ရဲရဲ
popular Myanmar

Facebook မှာ ဖွသူကို ဖမ်းမိဖို့ ဒေါ်လာ ၃ သိန်းကျော် သုံးမယ်


ဇင်ဘာဘွေသမ္မတ မူဂါဘီက သူတို့အစိုးရမကောင်းကြောင်းတွေကို Facebook မှာ ဖွင့်ချခံရတဲ့အတွက် ဒေါသောင်းကျန်းသူ ထနေပါပြီ။

ဖွင့်ချတာ ဘယ်သူဖြစ်တယ်ဆိုတာ သတင်းပေးနိုင်ရင် ဒေါ်လာ ၃ သိန်းကျော် ဆုချမယ်လို့ အော်ချက်ထုတ်ထားကြောင်း နိုင်ငံတကာသတင်းတွေမှာ ရေးထားပါတယ်။

Google မှာ သူ့နာမည်ရိုက်ထည့်ပြီး ရှာဖွေရေးလုပ်လိုက်ရင် မူဂါဘီကြီးရဲ့ပုံတွေအများအပြား အထက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်

ဖွင့်ချသူက Facebook မှာ fan page တခု လုပ်ထားတာ အခုဆိုရင် ပရိသတ် နှစ်သိန်းခွဲရှိနေပြီ၊ ဝင်ကြည့်သူပေါင်း တသန်း ရှိနေပြီလို့ ဆိုပါတယ်။

အဲဒီစာမျက်နှာမှာ အစိုးရဝန်ကြီးတွေ အိတ်ထဲ ဘယ်လိုထည့်ကြတယ်၊ ပုလိပ်တွေ ဘယ်လို ရက်စက်တယ် စသဖြင့် စွပ်စွဲ ရေးသားထားတာပါ။

မြန်မာပြည်အစိုးရမင်းတို့က ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ သိချင်လို့ စုံစမ်းပေးဖို့ Google အရာရှိတွေကို မကြာသေးခင်က ချည်းကပ် မေးမြန်းပါတယ်။

ဇင်ဘာဘွေမှာတော့ အာဏာရှင်မူဂါဘီကြီးရဲ့အရာရှိတွေက ပရိသတ် နှစ်သိန်းခွဲရှိတဲ့ အဲဒီစာမျက်နှာကို ဖြုတ်ပေးဖို့ Facebook ကို တောင်းဆိုထားပါတယ် တဲ့။
မူဂါဘီကြီးကလည်း သူရှာနေတဲ့သူ ဘယ်သူဆိုတာ သိဖို့ တရုတ်ကို အကူအညီတောင်းထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
တရုတ်ကို အကူအညီတောင်းတာက Facebook မှာ သူတို့အရှုပ်ထုပ် ဖွင့်ချတဲ့ fan page ကို ဟက်ဖို့၊ ဖောက်ထွင်းဖို့ ဖြစ်ပါလိမ့်မယ်။

Facebook မှာ ဖွသူကို ခြေရာမခံမိသေးဘူး လို့ သတင်းတွေမှာ ဆိုထားတဲ့အတွက် အာဏာရှင်မူဂါဘီကြီးရဲ့ ဒေါသမီး ဆက်ပြီး တောက်နေအုံးမယ်လို့ ယူဆရပါတယ်။

ဧရာဝတီ
Myawady News

ဘွဲ့လက်မှတ်တုဖြင့် Work Permit လျှောက်ထားသူ မြန်မာ ၂၀ ကျော် စင်ကာပူ အစိုးရ အရေးယူ

ဘွဲ့လက်မှတ် အတုဖြင့် အလုပ် လုပ်ခွင့် (Work Permit) လျှောက်ထား သူ မြန်မာနိုင်ငံသား ၂၁ဦးကို စင်ကာပူနိုင်ငံ အစိုးရက ဇူလိုင်လ ၁၇ရက်နေ့ တွင် အရေးယူထားကြောင်း စင်ကာပူနိုင်ငံ အလုပ်သမား ဝန်ကြီးဌာန (MOM) ထုတ်ပြန်ချက်ကို ကိုးကားကာ စင်ကာပူ သတင်း ဌာနများက ဖော်ပြ သည်။

အလုပ် လုပ်ခွင့် (Work Permit) လာရောက် လျှောက်ထားသည့် နိုင်ငံခြား သား ၂၅ဦးအနက် မြန်မာ ၂၁ဦး ပါဝင်ပြီး အိန္ဒိယ နိုင်ငံသား သုံးဦး၊ ဖိလစ်ပိုင် နိုင်ငံသား တစ်ဦး ပါဝင်ကြောင်း၊ ယင်းနိုင်ငံခြားသား ၂၅ဦးအနက် ၂၀ဦးကို ထောင်ဒဏ်တစ်လ ပြစ်ဒဏ် ချခဲ့ပြီး ငါးဦးကို စင်ကာပူ ဒေါ်လာ ၅၀၀၀ ဒဏ် ရိုက်ခဲ့ကာ ဒဏ်ငွေ မဆောင်လိုပါက ရက် ၂၀ ထောင်ဒဏ် ကျခံရမည်ဖြစ်ကြောင်း အဆိုပါ သတင်း ဌာနများတွင် ဖော်ပြသည်။

အဆိုပါ နိုင်ငံခြားသား ၂၅ဦးမှာ ၂၀၁၂ခုနှစ်အတွင်း အလုပ် လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် တက္ကသိုလ် ဘွဲ့လက်မှတ် အတုများကို ထည့်သွင်း တင်ပြခဲ့ပြီး ၎င်းတို့ အားလုံးမှာ ဘွဲ့ တစ်စုံတစ်ရာ ရရှိခြင်း မရှိသည်ကို စစ်ဆေး တွေ့ရှိသဖြင့် ယခုနှစ် မေလအတွင်း ဖမ်းဆီးခဲ့ကြောင်း MOM က ထုတ်ပြန်ထားသည်။

စင်ကာပူ အစိုးရ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ နိုင်ငံခြားသားများသည် အရောင်းဌာန၊ စားဖိုမှူး၊ ဆံသ စသည့် လုပ်ငန်းများ လုပ်ကိုင်နေသူ များ ဖြစ်ပြီး အလုပ်သက်တမ်း တစ်နှစ် မပြည့်သေးမီ ဖမ်းဆီးခံ ရခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘွဲ့လက်မှတ် အတုနှင့် အစစ်ကို အွန်လိုင်းတွင်လည်း စစ်ဆေးနိုင်ပြီး သံသယရှိပါက သက်ဆိုင်ရာ သံရုံးနှင့် ဆက်သွယ် စစ်ဆေးကြောင်း၊ အဆိုပါ ဘွဲ့လက်မှတ် အတုများကို စင်ကာပူနိုင်ငံရှိ City Hall တွင် စင်ကာပူ ဒေါ်လာ ၁၀၀ ဝန်းကျင်ဖြင့် အလွယ်တကူ ပြုလုပ်နိုင်ကြောင်း၊ ပညာ အရည်အချင်း အထောက်အထားများ စစ်ဆေးရာတွင် ပါမစ် စတင် လျှောက်ထားချိန်တွင် တစ်ကြိမ် စစ်ဆေးပြီးအခါ အားလျော်စွာ ထပ်မံ စစ်ဆေးလေ့ရှိကြောင်း စင်ကာပူနိုင်ငံရှိ အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်း တစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား စက်မှု အင်ဂျင်နီယာ တစ်ဦးက ပြောကြားသည်။

“ကျွန်တော် ဒီမှာ လုပ်နေတာ ၂ နှစ် ကျော်ပြီ။ ဇန်နဝါရီတုန်းက တစ်ခါ စစ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

“စင်ကာပူကို အလုပ်လုပ်ဖို့ လာရင် ကိုယ်တကယ် တတ်တဲ့ အရည်အချင်းနဲ့ တကယ်ရတဲ့ ဘွဲ့ကို အစစ်အမှန်ပြပြီး လျှောက်တာ အကောင်းဆုံးပဲ။ စင်ကာပူမှာ လိမ်လျှောက်လို့ မရဘူး။ လိမ်တာမိရင် ကာယကံရှင်ရော၊ နိုင်ငံရော သိက္ခာကျတယ်” ဟု အင်ဂျင်နီယာဘွဲ့ဖြင့် စင်ကာပူတွင် ၁၂ နှစ်ကျော် နေထိုင် အလုပ် လုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။

By The Voice

ယွန်းဝတီလွင်မိုးနဲ့ ယူနတီဂျာနယ် ကိစ္စ ပြေလည်သွားပြီ


ဓာတ်ပုံမော်ဒယ် တစ်ဦးဖြစ်သလို သရုပ်ဆောင် လွင်မိုးရဲ့ သမီးကြီးလည်းဖြစ်တဲ့ ယွန်းဝတီလွင်မိုး
အကြောင်းကို ပြီးခဲ့တဲ့လက ယူနတီ(unity) ဂျာနယ်ကနေ ဖော်ပြခဲ့တဲ့ သတင်းဟာ လူအများကြား
မှာ တော်တော်လေး ဂယက်ထခဲ့တဲ့ သတင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

ဇွန်လ ၂၂ ရက်နေ့ထုတ် ယူနတီဂျာနယ်က မျက်နှာဖုံးမှာ 'ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု
သတင်းထွက်ပေါ်'လို့ဖော်ပြခဲ့ပြီး အတွင်းစာမျက်နှာမှာတော့ 'ယွန်းဝတီလွင်မိုးအား ခိုးပြေးသည်ဟု
သတင်းထွက်ပေါ်မှု ကောလာဟလသာဖြစ်' လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဆောင်းပါးမှာ စာရေးသူ ကိုသာမိုးကြည်အောင်က ယွန်းဝတီကို ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့
မြေးဖြစ်သူ နေရွှေသွေးအောင် (ခ) ဖိုးလပြည့်က ခိုးပြေးခဲ့တယ်လို့ လူအများကြား ကောလာဟလ
သတင်း ထွက်ပေါ်နေတဲ့အပေါ် မဟုတ်မှန်ကြောင်း ယွန်းဝတီရဲ့ ဖခင်ဖြစ်သူ (ဦး)လွင်မိုးကို
ဆက်သွယ်မေးမြန်းပြီး ဖော်ပြထားပါတယ်။

ဂျာနယ်မျက်နှာဖုံး သတင်းစာသားနဲ့ ပတ်သက်ပြီး ကာယကံရှင်များဘက်မှ နားလည်မှုလွဲမှားခြင်း
သာဖြစ်တယ်လို့ ဂျာနယ်သတင်း ထောက်ချုပ်လည်း ဖြစ်တဲ့ ကိုသာမိုးကြည်အောင်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

အတွင်းစာမျက်နှာ(၃)မှာ ဖော်ပြထားတဲ့ သတင်းရော၊ ခေါင်းစဉ်ကိုပါ သူကိုယ်တိုင် ရေးသားခဲ့တာ
ဖြစ်ပေမယ့် မျက်နှာဖုံးမှာ ပါသွားတဲ့ ခေါင်းစဉ်ကိုတော့ တာဝန်ခံအယ်ဒီတာတွေနဲ့ စာမျက်နှာထိုင်
တဲ့သူတွေ လုပ်ကြတာပါလို့ ပြောပါတယ်။

ဒါပေမဲ့ စာနယ်ဇင်းသမားတွေ အကုန်လုံးက တစ်ယောက်ကိုတစ်ယောက် အမှီသဟဲ လုပ်နေကြ
တာကြောင့် သူလုပ်တယ် ကိုယ်လုပ်တယ် လွှဲချလို့မရဘူးလို့လည်း ဆိုပါတယ်။

"ဒေါ်မေသူတို့ အနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေကို နားလည်မှုလွဲမှားသွားတဲ့ သဘောပါ။
အဲဒီအတွက်လည်း ဒီကတာဝန်ရှိတဲ့သူတွေက တောင်းပန်ပြီးတော့ ဂျာနယ်မှာပါ ပြန်ထည့်ပြီးသွား
ပါပြီ"လို့လည်း ကိုသာမိုးကြည်အောင်က ပြောပါတယ်။

"အဲဒီသတင်းကို အနုပညာအသိုင်းအ၀ိုင်းနဲ့ လုပ်ငန်းကြီးကုမ္ပဏီတွေကနေ ဟုတ်လား၊ မဟုတ်လား
လို့ ကျွန်တော့်ကို မေးကြတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အရင်ဆုံး ကိုလွင်မိုး ကိုဆက်သွယ်ပြီး
မေးခဲ့တယ်။ ဖိုးလပြည့်ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကနေ တစ်ဆင့် စုံစမ်းခဲ့တယ်။
ပြီးတော့မှ ကောလာဟလဖြစ်တယ် ဆိုတဲ့သတင်းကို ရေးခဲ့တယ်။ ကျွန်တော်ရေးတဲ့ သတင်း
အဓိပ္ပာယ် အပြည့်အစုံက ကောလာဟလဖြစ်နေတာကို မီဒီယာအနေနဲ့ အသိပေးချင်တဲ့ သဘော
ပါပဲ"လို့လည်း ဆိုပါတယ်။

"ကျွန်တော့်အရေးအသားထဲမှာတော့ ကာယကံရှင်ကိုရော၊ သူ့ရဲ့ အသိုင်းအ၀ိုင်းကိုပါ ထိခိုက်နစ်နာ
စေမယ့် ဘယ်လိုအသုံးအနှုန်းမျိုးကိုမှ သုံးမထားပါဘူး။ ယွန်းဝတီ ဆိုတာကလည်း အနုပညာ
လောကမှာ နေရာရနေတဲ့သူ၊ ဖိုးလပြည့်ဆိုတာကလည်း ဒီမှာ မသိမရှိတဲ့သူ တစ်ယောက်မို့
လူပုဂ္ဂိုလ်ရေးအရ ရှင်းရှင်းလင်းလင်း သိသွားအောင်လို့ ဒီသတင်းကို ရေးလိုက်တာပါ"လို့လည်း
ကိုသာမိုးကြည်အောင်က ထပ်ပြောပါတယ်။

ယွန်းဝတီရဲ့ မိခင်ဖြစ်သူ ဒေါ်မေသူ က ယူနတီဂျာနယ်တိုက်ကို ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းမှာ
ဆက်သွယ်မေးမြန်းခဲ့ပြီး အမှားပြင်ဆင်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့အပြင် တရားစွဲဆိုသွားမယ်
ဆိုတဲ့ အကြောင်းကြားစာကိုလည်း ပေးပိုခဲ့တယ်လို့ ပြောပြပါတယ်။

"အနုပညာရှင်မှန်ရင် ကောလာဟလနဲ့ ရင်ဆိုင်ရမှာပဲဆိုတာတော့ မှန်ပါတယ်။ အခုက အတွင်း
စာမျက်နှာမှာက တစ်မျိုး၊ မျက်နှာဖုံးမှာက ကောလာဟလပါဆိုတာ မပါလာတော့ ကျွန်မတို့သမီး
အနေနဲ့ မကောင်းပါဘူး။ သမီးက အခုမှ အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ မိဘအုပ်ထိန်းမှု
အောက်မှာ မိဘနဲ့ ရင်အုပ်မကွာ နေနေတဲ့ လိမ္မာယဉ်ကျေးတဲ့ ကလေးပါ။ အသက်မပြည့်သေးတဲ့
ကလေးကို ဒီလိုမျိုး ခေါင်းစဉ်တပ်လို့ မရဘူးလေ။ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်ဥပဒေအရ
ရော၊ မြန်မာအမျိုးသမီးတွေကို ကာကွယ်စောင့်ရှောင်သင့်တယ်ဆိုတဲ့ အချက်ကြောင့်ပါ လုပ်ခွင့်
မရှိပါဘူး"လို့ ဒေါ်မေသူက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"တကယ်လို့ ကလေးတစ်ယောက်အနေနဲ့ အမှုအခင်း ကျူးလွန်တယ်ဆိုရင်တောင် အဲဒီကလေးရဲ့
နာမည်၊ မိဘနာမည်တို့ကို သုံးခွင့်မရှိဘူးလို့ နားလည်ထားတယ်။ အဲဒီလိုမျိုးသုံးတဲ့အတွက်
စာနယ်ဇင်း ဥပဒေနဲ့လည်း မညီညွတ်ဘူး။ ကလေးဆိုတာ အနာဂတ်ရှိတယ်၊ အသိုင်းအ၀ိုင်းဆိုတာ
ရှိတယ်။ အဲဒါကို မျက်နှာဖုံးစာမျက်နှာမှာ သုံးလိုက်တဲ့ စာသားက တစ်မျိုးဖြစ်နေတယ်။
သူတို့ဘက်က တောင်းပန်လိုက်လို့ပါ။ မတောင်းပန်ဘူးဆိုရင်တော့ တရားဥပဒေအရ ဖြေရှင်းသွား
မှာပါ"လို့လည်း ဆိုပါတယ်။

ကာယကံရှင်ဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ ကောလာဟလ သတင်းနဲ့ပတ်သက်လို့
ပြောကြားထားတာကို "ကောလာဟလဆိုတာကတော့ ပြန့်နေမှာပဲလေ။ အကုန်လုံး လိုက်ယုံနေ
မယ်ဆိုရင် ပြီးတော့မှာမဟုတ်ဘူး။ ကောလာဟလတွေကို မယုံကြပါနဲ့"လို့ ဇူလိုင်လ ၁ ရက်နေ့မှာ
ထုတ်ဝေခဲ့တဲ့ Now! ဖက်ရှင်မဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။

မြန်မာတိုင်း(မ်)

ဆရာဝန်ရာထူး လူတွေ့စစ်မအောင်မြင်ခဲ့သူများကို တစ်ကျော့ပြန် စစ်ဆေးခန့်အပ်မည်

ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းသွားမည်
၂ဝ၁၂ ခုနှစ်က လက်ထောက် ဆရာဝန်ရာထူး အတွက် ဝန်ထမ်းခေါ်ယူခဲ့စဉ် လူတွေ့စစ်ဆေးမှု မအောင်မြင်ဘဲ ကျန်ရှိခဲ့သည့် စာမေးပွဲဖြေဆိုသူ ဆရာဝန်လေးရာကျော် အား လာမည့်သြဂုတ်လတွင် တစ်ကျော့ပြန် စစ်ဆေးမည်ဟု ပြည်ထောင်စုရာထူးဝန် အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဝေမြင့်က ပြောသည်။

ဆရာဝန် ၂၄ဝဝနီးပါး လျှောက် ထားခဲ့ပြီး ၁၉၉၁ ဦး ရေးဖြေအောင်မြင် ခဲ့သည့် လစ်လပ်ဆရာဝန်ရာထူး နေရာတွင် ၁၅ဝဝ ကို ယခင်နှစ်က လူတွေ့စစ်ဆေး၍ ရာထူးဝန် အဖွဲ့က ခန့်ထားခဲ့သည်။ ထိုအထဲမှ ကျန်ရှိခဲ့ သည့် ၄၉၁ ဦးအတွက် လိုအပ်ချက်အရ ယခုကဲ့သို့ ထပ်မံကျင်းပပေး ရခြင်းဖြစ်သည်ဟု ဦးဝေမြင့်က ဆက် ပြောသည်။”ရေးဖြေမပါတော့ဘူး။ လူတွေ့ပဲ စစ်မှာ”ဟု ၎င်းက ထပ်လောင်းဆိုသည်။ ပြီးခဲ့သည့်ဇူလိုင်လဆန်း က မြန်မာနိုင်ငံ ဆရာဝန် များအသင်းနှ င့် တွေ့ဆုံခဲ့ စဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ဆရာဝန်ဘွဲ့ရပြီးအလုပ်မဝင်ရသေးသည့် ဆရာဝန် ပေါင်း ၆ဝဝဝ ခန့်ရှိပြီး ယခုနှစ်အတွင်း ၁၅ဝဝ ခန့် ခန့်ထားမည် ဟု ပြောဆိုခဲ့ဖူးသည်။

ညွှန်ကြားရေးမှူးချုပ် ဦးဝေမြင့်က ”လစ်လပ်မှု ရှိတယ်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ပြောကြားလာ ရင် ကျွန်တော်တို့ ကြော်ငြာခေါ်ပြီးစစ်ပါတယ်။ အရည် အချင်းနဲ့ ကိုက်ညီရင်ခန့်ပါတယ်။ အခု ၄၉၁ ဦးကို အကုန်လုံးခန့်ဖို့ ဆိုရာမှာ သူတို့တွေမှာ ရှိရမယ့်အရည် အချင်းရှိဖို့လိုပါလိမ့်မယ်” ဟု ပြောသည်။လူတွေ့စစ်ဆေးမှုကို ရာထူးဝန် အဖွဲ့မှ တာဝန်ရှိ သူများအပါအဝင် ကျန်မာရေးဝန်ကြီးဌာနမှ ပါမောက္ခ ချုပ်၊ ညွှန်ကြားရေး မှူးချုပ်အဆင့်ရှိသူတို့က ပြုလုပ်ကြ မည်ဟု သိရသည်။ရေးဖြေနှင့် လူတွေ့ တွင် ဆေးပညာ သီးသန့်မပါ ဘဲ အထွေထွေ ဗဟုသုတ၊ မြန်မာစာစသည် များ ပူး တွဲပါဝင်သဖြင့် ဆရာဝင်အချို့က ယခင်နှစ်က ကန့် ကွက်စာ တင်ခဲ့ဖူးသည်။

မင်းသုအောင်
Popular Myanmar News Journal

ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းသွားမည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရန် တင်သွင်းသွားရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းသို့ ပုဂံမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းတို့အား ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် (World Heritage) အဖြစ် ယခုနှစ်အတွင်း တင်းသွင်းနိုင်ရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။
၂၀၁၂ ခုနှစ်အတွင်းက မန္တလေးမြို့ရှိ ကုသိုလ်တော်ဘုရား ပုရိဝုဏ်အတွင်း စိုက်ထူထားသည့် ပဉ္စမသင်္ဂါယနာတင် ပိဋကတ်သုံးပုံကို ကျောက်ထက်အက္ခရာ တင်ထားသည့် ကျောက်စာများကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် (World Heritage) အဖြစ် တင်သွင်းခဲ့ပြီးနောက် ယခု ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) မှ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းဖော်ပြခြင်း ခံခဲ့ရသည်။
"ပုဂံမြို့ဟောင်းနဲ့ အင်းဝမြို့ဟောင်းကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ဖို့အတွက် တင်သွင်းသွားဖို့ စီစဉ်နေပါတယ်။ ဒီလို ယူနက်စကိုကနေ အသိ မှတ်ပြု စာရင်းသွင်း ဖော်ပြလိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံမှာရှိနေတဲ့ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာကပါ စိတ်ဝင်စားမှု ပိုများလာပြီးတော့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေလည်း ပိုမိုဝင်ရောက်လာမှာ ဖြစ်ပါတယ်" ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဟန်လင်း၊ ပျူ၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်း သုံးမြို့ကိုလည်း ယူနက်စကိုသို့ စာရင်းပေးတင်သွင်းထားကြောင်း သိရသည်။
ဒီလို ယူနက်စကိုကနေ အသိ မှတ်ပြု စာရင်းသွင်း ဖော်ပြလိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံမှာရှိနေတဲ့ သမိုင်းဝင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာကပါ စိတ်ဝင်စားမှု ပိုများလာပြီးတော့ . . . . .
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ပုဂံမြို့ဟောင်းအား ယခင်နှစ်များက ယူနက်စကိုသို့ ရှေးဟောင်းအမွေအနှစ် (World Heritage) အဖြစ် စာရင်းဝင်နိုင်ရန်အတွက် တင်သွင်းထားခဲ့သော်လည်း ပုဂံမြို့ဟောင်းရှိ အချို့သော ရှေးဟောင်းစေတီ ပုထိုးများကို ယခင်စစ်အစိုးရ လက်ထက်က မူလလက်ရာများအား ပြင်ဆင်ပြီး စေတီပုထိုး အသစ်တည်ထား ကိုးကွယ်ခဲ့မှုကြောင့် ယူနက်စကိုမှ ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ဖော်ပြခံရခြင်းမှ ကင်းကွာနေခဲ့ရပြီး ယခုတစ်ဖန် ပြန်လည်တင်ပြရန် စီစဉ်ခြင်းလည်း ဖြစ်သည်။
ယူနက်စကိုမှ ရေးဆွဲပြဋ္ဌာန်းထားသည့် ကွန်ဗင်းရှင်းအရ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ရွှေ့ပြောင်းနိုင်သော ကိုယ်ပိုင်ယဉ်ကျေးမှု အမွေအနှစ်များအား တရားမ၀င် တင်ပို့ရောင်းချခြင်း၊ တင်သွင်းခြင်းနှင့် ယဉ်ကျေးမှု ပစ္စည်းများ ပိုင်ဆိုင်မှု လွှဲပြောင်းပေးခြင်းများကို တားဆီးကာကွယ်ရန်အတွက် ၁၉၇၀ ပြည့်နှစ်တွင် အဆိုပါ ကွန်ဗင်းရှင်းကို ပြဋ္ဌာန်းထားခဲ့ခြင်း ဖြစ်သည်။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့တွင် လက်ရှိအချိန်၌ နိုင်ငံပေါင်း ၁၂၂ နိုင်ငံမှ အဖွဲ့ဝင်အဖြစ် အဆိုပါ ကွန်ဗင်းရှင်းများကို မြန်မာနိုင်ငံ အပါအ၀င် လက်မှတ်ရေးထိုးထားသည်။

Eleven

နှစ်၂၀ နီးပါးခန့် ပိတ်ထားသည့် မန္တလေးတက္ကသိုလ် ဘွဲ့သင်တန်းများ ပြန်ဖွင့်မည်


မြန်မာနိုင်ငံတွင် ဒုတိယမြောက် အထင်ရှားဆုံး တက္ကသိုလ်တစ်ခုဖြစ်သော မန္တလေးတက္ကသိုလ်တွင် နှစ်ပေါင်း ၂၀ နီးပါး ပိတ်ထားသည့် ဝိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ် ပုံမှန် ဘွဲ့ကြို သင်တန်းများကို ယခု ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်က The Voice သို့ ပြောကြားသည်။

ဘာသာရပ် တစ်ခုလျှင် ကျောင်းသား ဦးရေ ၃၀ ဝန်းကျင်ခန့် လက်ခံ သင်ကြားပေးရန် အစီအစဉ်ရှိပြီး ကျောင်းသားများ ခေါ်ယူရေးအတွက် သတ်မှတ်မည့် တက္ကသိုလ် ဝင်ခွင့် အမှတ်စာရင်း မထွက်လာသေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တက္ကသိုလ်တွင် ဝိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ် ဘွဲ့ကြို သင်တန်းများကို ပထမနှစ်မှ စတင်၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်ခွင့် ရသည့် ကျောင်းသူ ကျောင်းသားများကို လျှောက်ထားသော ဘာသာရပ်ပေါ် အခြေခံ၍ ၎င်းတို့၏ အရည်အချင်းကို မြှင့်တင်ပေးရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။

“ကျောင်းဆောင်တွေကတော့ အရင်က ရှိခဲ့တဲ့ အဆောင်တွေမှာပဲ သင်ကြားဖို့ ရှိပါတယ်။ ကျောင်းဆောင်တွေ၊ စာသင်ခန်းတွေ ကိုတော့ ပြန်လည် ပြုပြင် မွမ်းမံမှုတွေ လုပ်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။

“သမီးကို မိဘတွေက မန္တလေးတက္ကသိုလ်မှာ ပညာသင်စေချင်ကြတာ။ ဒါပေမဲ့ ရတနာပုံ တက္ကသိုလ် မှာပဲ ပညာသင်နေရတယ်။ သမီးလည်း မန္တလေးတက္ကသိုလ်မှာ တက်ခွင့်ရရင် တက်ချင်တယ်” ဟု ရတနာပုံ တက္ကသိုလ်တွင် တတိယနှစ် ရူပဗေဒ ဘာသာရပ် အထူးပြုဖြင့် ပညာ သင်ကြားနေသူ ကျောင်းသူ တစ်ဦးက ဆိုသည်။

ယင်းသင်တန်းများတွင် သင်ကြားရေးအတွက် လိုအပ်မည့် ဆရာ၊ ဆရာမ များကို ပညာရေးဝန်ကြီးဌာန က စီစဉ်ပေးမည်ဖြစ်ပြီး လက်ရှိ မန္တလေး တက္ကသိုလ်တွင် သင်ကြားနေသည့် ဆရာ၊ ဆရာမများလည်း ပါဝင်မည်ဖြစ်ကြောင်း ဒုတိယ ပါမောက္ခချုပ်က ပြောကြားသည်။

မန္တလေး တက္ကသိုလ် ဘွဲ့ကြိုတန်းများကို ၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

The Voice

ကျေးရွာချင်းဆက်လမ်းဖောက်ရန် JICA ကျပ်သန်းကိုးထောင်ကျော် ချေးမည်


မော်လမြိုင်၊ ဇူလိုင် ၁၇

မုဒုံ - မြဝတီ အဝေးပြေးလမ်းကို ချိတ်ဆက်နိုင်မည့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ဓမဿကျေးရွာနှင့် ဘုရားကုန်းလမ်း ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ရန် မွန်ပြည်နယ် အစိုးရကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ငွေကျပ်သန်း ၉၃၈၀ ခန့်ချေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက The Voice သို့ ပြောကြားသည်။

အဆိုပါလမ်းပိုင်းသည် ဓမဿကျေးရွာမှ ဘုရားကုန်းကျေးရွာထိ ၂၃ မိုင် ၆ ဖာလုံခန့် ရှည်လျားမည်ဖြစ်ပြီး ကျောက်ခင်းကတ္တရာ လမ်းဖောက်လုပ် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ဂျပန်ချေးငွေက ၁၀ နှစ်ထိ အတိုးမပေးရဘူး၊ ကျန်တဲ့အနှစ် ၂၀ ကျော်ကိုတော့ ၀ ဒသမ ၀၄ ရာခိုင်နှုန်းလောက်ပဲ အတိုးပေးရမယ်” ဟု ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။

အဆိုပါစီမံကိန်းအတွက် JICA မှ ယခုနှစ်အတွင်း ချေးငွေထုတ်ပေးမည် ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ယင်းလမ်းပိုင်းကို စတင်ဖောက်လုပ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မွန်ပြည်နယ်အစိုးရက ဒေသတွင်း လိုအပ်နေသည့် လမ်းပိုင်းဆိုင်ရာများ၊ သောက်သုံးရေရရှိရေးနှင့် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် လျှပ်စစ်မီး ရရှိရေးတို့ကို JICA ထံတောင်းဆိုရာ လမ်းဖောက်ခြင်းကိုသာ သဘောတူခဲ့ခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။
The Voice Weekly

ကျွန်းသစ်ချောင်း ၇၀၀ ခန့် သယ်လာသည့်ယာဉ် တိုက်ကြီးတွင်ဖမ်းမိ


ဥက္ကံ၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ရန်ကုန် - ပြည်လမ်း တိုးဂိတ်အနီးတွင် တရားမဝင် ကျွန်းတံခါးများကို ဖြုတ်ထားသော သစ်ချောင်း ၇၀၀ နီးပါးကို ပြည်မြို့မှ သယ်ဆောင်လာသည့် SUPER ROOF ယာဉ်တစ်စီးကို ဇူလိုင်လ ၁၅ ရက်နေ့ည ၆ နာရီ ၁၅ မိနစ်က ဖမ်းမိခဲ့ကြောင်း တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါယာဉ်သည် လူတစ်ဦးမျှမရှိဘဲ ရပ်တန့်နေပြီး သစ်တောအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ တရားမဝင် ကျွန်းတံခါးရွက် သစ်ချောင်း ၆၉၂ ချောင်းကို ဖမ်းမိခဲ့ကြောင်း တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး (တောအုပ်ကြီး) ဦးအောင်မြင့်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်ခွဲ၊ စိန်ကန့်လန့်မြို့၊ အေးမြသာယာမြို့၊ ဂုံညင်းတန်းကျေးရွာတို့ဘက်မှ တရားမဝင်သစ်များ ထွက်ရှိလာပြီး တိုက်ကြီးမြို့နယ်တွင် မကြာခဏ ဖမ်းမိကြောင်း အဆိုပါ မြို့ခံများထံမှ သိရှိရသည်။

တရားမဝင်သစ် တင်ဆောင်လာသူ ယာဉ်မောင်းကို ပုဒ်မ ၁၉၉/၂၀၁၃၊ ပုဒ်မ ၄၃ (က) ဖြင့် အမှုဖွင့်ထားကြောင်း တိုက်ကြီးမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

တောင်ပြုန်းပွဲ ကွန်ဒုံးငါးသောင်း ဖြန့်မည်


မန္တလေး၊ ဇူလိုင် ၁၆

မြန်မာတစ်နိုင်ငံလုံးရှိ မိန်းမလျာ အများစု ပါဝင်ဆင်နွှဲလေ့ရှိသော မန္တလေး တိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်း ပွဲတော်တွင် ကွန်ဒုံးငါးသောင်းနီးပါးခန့် အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆိုပါတိုင်းဒေသကြီး အမျိုးသားခုခံအား ကျဆင်းမှုနှင့် ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနမှ ဒေါက်တာကျော်စိုးက The Voice သို့ပြောကြားသည်။

ယင်းပွဲတော်ကို နှစ်စဉ် သြဂုတ်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ ကျင်းပလေ့ရှိပြီး လာမည့်ပွဲတော်တွင် ကွန်ဒုံး အခမဲ့ဖြန့်ဝေခြင်း အစီအစဉ်အပြင် HIV ပိုးရှိ မရှိ အခမဲ့စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

၂၀၁၂ ခုနှစ်ကလည်း ယင်းပွဲတော် တွင် ကွန်ဒုံး ၄၉,၀၀၀ ခန့် အခမဲ့ဖြန့်ဝေပေး ခဲ့ပြီး လက်ကမ်းစာစောင် ၂၅၄၆၀ စောင်၊ HIV ပိုးရှိ မရှိ စစ်ဆေးသူဦးရေ ၁၁၂၇ ဦးနှင့် ဆေးကုသမှု ခံယူသူ ၂၀၈ ဦးရှိခဲ့ကြောင်း ဒေါက်တာကျော်စိုးက ပြောကြားသည်။
"ပွဲတော်ကို လာတဲ့လူတွေ များရင် များသလို ကွန်ဒုံးကို ဝေသွားမှာပါ။ ပညာ ပေးရတာ ကတော့ လိင်တူချစ်သူကနေ တစ်ဆင့် အချင်းချင်းကျန်းမာရေး ဗဟုသုတရ စေချင်တယ်။ ဒါကြောင့် ပွဲတော်ရက်မတိုင်ခင် ရက်တွေမှာသွားပြီး ပညာပေးရပါတယ်။ ပွဲတော်ရက်တွေမှာ ဆိုရင် သိပ်ပြီးမထိ ရောက်ဘူး" ဟု ၄င်းကထပ်မံဆိုသည်။

အဆိုပါပွဲတော်တွင် ပညာပေးပြခန်း ဖွင့်လှစ်ခြင်း၊ ပညာပေး လက်ကမ်းစာစောင်များ ဝေခြင်း၊ အမျိုးသားသုံး ကွန်ဒုံးများ ဖြန့်ဝေပေးခြင်း၊ ကွန်ဒုံးသုံးစွဲမှု မြှင့်တင်ခြင်း၊ စနစ်တကျ သုံးစွဲခြင်းများကို ပြသပေးခြင်း၊ ကာလသားရောဂါပိုး ရှိ မရှိစစ်ဆေးပေးရာ တွင် နေ့ချင်းပြီး အဖြေရအောင် ဆောင်ရွက် ပေးခြင်း စသည်ဖြင့် ကျန်းမာရေးဆောင် ရွက်မှုများကို အခမဲ့ပြုလုပ်ပေးလျက် ရှိကြောင်း အမျိုးသား ခုခံအားကျ/ကာလသား ရောဂါ တိုက်ဖျက်ရေးဌာန ထံမှ သိရသည်။

"တစ်နိုင်ငံလုံး၊ အနယ်နယ်အရပ်ရပ်က လူတွေလာမှာ ဆိုတော့ အခုလိုပညာပေး လုပ်ဆောင်တာ ပိုပြီး ထိရောက်ပါတယ်။ ရောဂါဖြစ်ပွားမှုနှုန်း ကိုလည်း လျှော့ချနိုင်တယ်၊ မန္တလေးက လိင်တူချစ်သူ တွေက လည်း ပါဝင်ပြီး လုပ်အားပေးကြတယ်" ဟု မန္တလေးမြို့ရှိ လိင်တူချစ်သူ တစ်ဦးက ဆိုသည်။
The Voice Weekly

လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ ချပေးမည်ဟု တယ်လီနော်ပြော


ချိုကို | ကြာသပတေးနေ့၊ ဇူလိုင်လ ၁၈ ရက် ၂၀၁၃ ခုနှစ် ၀၉ နာရီ ၁၄ မိနစ်

ဖုန်းကတ်ကို ကျပ် ၁၅၀ဝ အောက်ဖြင့် ရောင်းပေးမည်

ပြည်တွင်းတွင် ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရရှိသော ကုမ္ပဏီဖြစ်သည့် တယ်လီနော်က လိုင်စင်ရရှိပြီး ရှစ်လ အကြာတွင် မိုဘိုင်း ဆင်းမ်ကတ်များ စတင် ရောင်းချပေးသွားမည်ဟု ဇူလိုင် ၁၇ ရက်က ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ အမှုဆောင် အရာရှိချုပ် Mr. Petter Furberg ကပြောသည်။

၎င်းတို့အနေဖြင့် လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဖုန်းများချပေးမည် ဖြစ်သောကြောင့် လာမည့် ၂၀၁၄ အတွင်း အသုံးပြုရနိုင်မည် ဖြစ်သည်။

ဆင်းမ်ကတ်များကိုလည်း ကျပ် ၁၅၀ဝ အောက်ဈေးနှုန်းဖြင့် ရောင်းချပေးသွား မည်ဖြစ်သည်ဟု ဆိုသည်။ ၎င်းက “ဆက်သွယ်ရေး လုပ်ပိုင်ခွင့်လိုင်စင် ရရှိပြီးတာနဲ့ နောက်ထပ် ရှစ်လအတွင်းမှာပဲ ကွန်ယက်ကို အပြီးတည်ဆောက်ပြီး ဆင်းမ်ကတ်ကို ရောင်းချပေးသွားမှာပါ။ ဈေးနှုန်းကိုလည်း ကျပ် ၁၅၀ဝ အောက် လျော့တဲ့ဈေးနှုန်းနဲ့ ရောင်းပေးမယ်” ဟု ပြောသည်။

ဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းကောက်ခံရန် လျာထားကြောင်းလည်း ၎င်းကပြောသည်။ ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် မိုဘိုင်းကွန်ယက်များ တည်ဆောက်ရန် မိုဘိုင်းတာဝါတိုင်များ စိုက်ထူရာတွင် အခြားကုမ္ပဏီများနှင့် တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်သည်ဟုလည်း ဆိုသည်။

“ပြည်တွင်းက ကုမ္ပဏီပဲဖြစ်ဖြစ် အခြားကုမ္ပဏီပဲဖြစ်ဖြစ် တွဲဖက်ပြီး တာဝါတိုင်တည်ဆောက်တာတွေ လုပ်သွားမှာပါ။ အခုထိတော့ တွဲဖက်လုပ်ကိုင်မယ့် ကုမ္ပဏီတွေကို ရွေးချယ်ထားခြင်းမရှိသေးပါဘူး။ ညှိနှိုင်းရဦးမှာပါ” ဟု ပြောသည်။

တယ်လီနော်ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် ရင်နှီးမြှုပ်နှံမည့် ပမာဏကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ တယ်လီနော် ကုမ္ပဏီ (မြန်မာ)၏ ဘဏ္ဍာရေးမှူး Mr. Lars Erik Tellmann က “လက်ရှိအခြေအနေမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်ဆိုတာကို ပြောလို့မရသေးပါဘူး။ .. အစိုးရနဲ့ ကိန်းဂဏန်းအရေအတွက်ကို ညှိနှိုင်းနေဆဲဖြစ်ပြီးတော့ ညှိနှိုင်းမှုပြီးရင် တရားဝင်ဖော်ပြသွားမှာပါ” ဟုပြောသည်။

အသုံးပြုသူများ၏ သတင်းအချက်အလက် လုံခြုံရေးများအတွက် ကာကွယ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ လုပ်ဆောင်သွားမည်ဟုလည်း ၎င်းတို့က ဆိုသည်။

Telenor Myanmar အဖြစ် ပြည်တွင်းတွင်လုပ်ကိုင်ရာတွင် တယ်လီနော်ကုမ္ပဏီမှ ရှယ်ယာရာခိုင်နှုန်း အပြည့်ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအဖြစ် လုပ်ကိုင်သွားမည်ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောသည်။ တယ်လီနော်သည် နိုင်ငံအများစုတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ လုပ်ကိုင်နေပြီး အသုံးပြုသူပေါင်း ၁၄၈ သန်းရှိကာ ကုမ္ပဏီ၏ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နော်ဝေအစိုးရက ပိုင်ဆိုင်သည်။
===========================================
ပုံစာအညွှန်း - ဆက်သွယ်ရေးလိုင်စင်ရရှိသည့် ကုမ္ဗဏီတစ်ခုဖြစ်သော တယ်လီနော်မှ ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များအတွက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့ Park Royal Hotel တွင် ဇူလိုင်လ ၁၇ ရက် နေ့လည်ပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အဆိုပါရှင်းလင်းပွဲတွင် ဖုန်းဆင်းမ်ကတ်များကို ၁၅၀၀ အောက်ထိ လျော့ချရောင်းချပေးမည်ဖြစ်ပြီး ဖုန်းပြောဆိုခနှုန်းထားကို တစ်မိနစ်လျှင် ၂၅ကျပ်မျှသာ ကောက်ခံသွားမည်ဖြစ်ကြောင်း Telenor Myanmar၏ အမှုဆောင်အရာရှိ Mr. Petter Furberg က ပြောခဲ့သည်။
Mizzima - News in Burmese

ဆိုတေး ရဲ့အဖေ ဖြစ်သူရဲ့ ရှင်းလင်းချက်



 ဇနီးဖြစ်သူ မချောချောရဲ့ မိဘတွေက ချောချော ဆုံးသွားတဲ့ အတွက် ရန်ကုန်က ကျွန်တော့်အိမ်မှာ တည်းခိုပြီး အသုဘ ကိစ္စတွေ စီစဉ်နေတာပါ။ သူတို့အားလုံး ဝမ်းနည်းနေတုန်း အင်တာနက်ပေါ်မှာ ဆိုတေးနဲ့ သူ့ဇနီးဟာ မူဆလင်ဖြစ်ကြောင်း၊ ချောချောက လဲ ဆိုတေးရဲ့ဇနီးမဟုတ်ကြောင်း၊ ဆိုတဲ့ မမှန်တဲ့သတင်းတွေ ထွက်လာတဲ့ အပြင် ဆိုတေးရဲ့ ဇနီးဆိုသူတစ်ယောက်ကလဲ ပေါ်ထွက်လာတဲ့ အတွက် ဒီvideo ကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Thu ra Thant Xin


အာဆင်နယ် ကို အားပေးတဲ့ ဗီယက်နမ် လူငယ် နိုင်ငံကျော်သွား

ဗီယက်နမ်က ဘောလုံး ဝါသနာအိုး အာဆင်နယ် အသင်းသား တွေနဲ့ တွေ့ဆုံ

အာရှ နိုင်ငံတွေ မှာ ချစ်ကြည်ရေး ဘောလုံးပွဲတွေ လှည့်ကစားရင်း အာဆင်နယ် ဘောလုံး အသင်း သားတွေ ဗီယက်နမ်မှာ ရောက်ရှိ နေစဉ် ဟနွိုင်း မြို့ကို လှည့်လည် ကြည့်ရှု နေတဲ့ ဘတ်စ်ကား ဘေးကနေ လမ်းတလျှေက် ပြေးလိုက်သွား ခဲ့တဲ့ အာဆင်နယ် အသင်း အားပေးသူ ဗီယက်နမ် လူငယ် တစ်ယောက်ကို နည်းပြနဲ့ ဘောလုံး သမားတွေက ကားပေါ် ဖိတ်ပြီး ရင်းရင်း နှီးနှီး နှုတ်ဆက် ခဲ့ကြ ပါတယ်။

သူ့ကို အခုလို ဖိတ်ခေါ် တွေ့ဆုံတဲ့ အတွက် အလွန် ဝမ်းသာအားရ ဖြစ်မိတယ်လို့ အသက် ၂၀ အရွယ် ဗူရွှန်တီယန်း Vu Xuan Tien က ပြောပါတယ်။

အာဆင်နယ် ဘောလုံး အသင်း အင်္ကျီကို ဝတ်ပြီး ၈ ကီလို မီတာ လောက်ကားဘေး ကနေ လိုက်ပြေးခဲ့တဲ့ ဗူရွှန်တီယန်းဟာ ဗီယက်နမ် နိုင်ငံမှာ အပြေးသမား တစ်ယောက် အဖြစ် နာမည်ကြီး သွားခဲ့ပါတယ်။

အာဆင်နယ် ကလပ် အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ဗီဒီယို မှာတော့ ဘောလုံးသမားတွေ အားပေး ကြိုဆိုခဲ့ကြပုံတွေနဲ့ သူ့ကို ကားပေါ်ခေါ်ပြီး သူ့ရဲ့ ဘောလုံး အင်္ကျီပေါ်မှာ လက်မှတ်ထိုးပေး နေပုံ တွေကို တွေ့ရ ပါတယ်။

ဗူရွှန်တီယန်း ကတော့ သူ့ တသက်လုံး အာဆင်နယ် အသင်းကို တောက်လျှောက် အားပေး လာတာ ဖြစ်ပြီး သူအားကျတဲ့ ဒီဘောလုံး အသင်းသားတွေကို တွေ့ခွင့်ရဖို့ စိတ်အား ထက်သန် ခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

BBC


ဘိန်းဘုရင်ဟု နာမည်ကျော်ကြားခဲ့သော ဦးလော်စစ်ဟန်၏ ဈာပန အခမ်းအနားသို့ မိသားစုဝင်များနှင့် လူဦးရေ ၆၀၀ ကျော် တက်ရောက်

ဇူလိုင် ၁၇ ရက်က ဦးလော်စစ်ဟန်၏ ရုပ်ကလပ်ကို ရေးဝေသုသာန်ရှိ ယူနန်သင်္ချိုင်းသို့ သယ်ဆောင်လာမှုအား တွေ့ရစဉ်

ဘိန်းဘုရင်ဟု ကျော်ကြားခဲ့သော ဦးလော်စစ်ဟန်၏ နောက်ဆုံးအခမ်းအနားကို ဇူလိုင် ၁၇ ရက်က ယူနန်သုသာန်၌ ပြုလုပ်ခဲ့ပြီး မိသားစုဝင်များနှင့် လူဦးရေ ၆၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အသက် ၈၀ ရှိသော ဦးလော်စစ်ဟန်သည် ဇူလိုင် ၆ ရက်တွင် ရန်ကုန်မြို့ရှိ နေအိမ်၌ ကွယ်လွန်ခဲ့ပြီး ဇူလိုင် ၁၇ ရက်တွင် ယူနန်သုသာန်၌ သင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။
ဦးလော်စစ်ဟန်သည် ကိုးကန့်-တရုတ် နွယ်ဖွားဖြစ်ပြီး ဦးနေ၀င်း အစိုးရလက်ထက်တွင် ကိုးကန့်ဒေသရှိ ကွန်မြူနစ်များကို တိုက်ထုတ်ခဲ့စဉ်က ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၆၄ ခုနှစ်တွင် ဦးလော်စစ်ဟန်သည် ကိုးကန့်ဒေသ၌ ကိုးကန့်ကာကွယ်ရေး အဖွဲ့ကို လက်နက်ကိုင်အင်အား ၁၅၀ ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ ၁၉၆၈ ခုနှစ်တွင် အင်အား ၂၀၀ ခန့် တိုးပွားလာခဲ့ကာ လက်နက်ကိုင် တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဘိန်းကုန်ကူးခြင်း လုပ်ငန်းကို အစပြု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကြောင့် ဦးလော်စစ်ဟန်မှာ ချမ်းသာကြွယ်ဝလာခဲ့ပြီး ဘိန်းဘုရင်ဟု နာမည်ကျော်ကြားခဲ့ကာ ၁၉၇၃ ခုနှစ်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း၌ ဖမ်းဆီးခံခဲ့ရပြီး မြန်မာအစိုးရထံသို့ လွှဲပြောင်းပေးကာ မြန်မာအစိုးရက သေဒဏ်ချမှတ်ခဲ့သည်။
သို့သော် ၁၉၈၀ ပြည့်နှစ်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်ခဲ့သည်။
၁၉၉၂ ခုနှစ်တွင် ဦးလော်စစ်ဟန်နှင့် သားဖြစ်သူ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင်တို့သည် အေးရှားဝေါ (လ်) ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး လမ်းတံတား တည်ဆောက်ရေး လုပ်ငန်းများ အပါအ၀င် ပြည်တွင်းရှိ စီးပွားရေး စီမံကိန်းများစွာကို လုပ်ကိုင်ခွင့်များ ရရှိခဲ့သည်။
ထို့အပြင် ရပ်ဆိုင်းထားခံရသော မြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းနှင့် ကျောက်ဖြူရေနံပိုက်လိုင်း စီမံကိန်းတို့တွင် ဦးလော်စစ်ဟန် ပိုင်ဆိုင်သော အေးရှားဝေါ (လ်)ကုမ္ပဏီမှ ပါဝင်လုပ်ကိုင်ခဲ့သည်။
၂၀၀၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်ရန် လျှောက်ထားခဲ့သော ဦးလော်စစ်ဟန်၏ ပြည်ဝင်ခွင့်လျှောက်ထားမှုကို အမေရိကန် အစိုးရက ပယ်ချခဲ့သည့်အပြင် သားဖြစ်သူ စတီဗင်လော (ခေါ်)ဦးထွန်းမြင့်နိုင်နှင့် ၎င်း၏ချွေးမတို့ လုပ်ကိုင်နေသော စင်ကာပူရှိ ကုမ္ပဏီများကိုလည်း အမည်ပျက်စာရင်း သွင်းခဲ့သည်။
ဇူလိုင် ၁၇ ရက်က ပြုလုပ်ခဲ့သော ဦးလော်စစ်ဟန်၏ ဈာပန အခမ်းအနားသို့ ဦးလော်စစ်ဟန်နှင့် ရင်းနှီးမှုရှိခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီးများ ဖြစ်ကြသော ဦးခင်ညွန့်နှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နှင့် ဇနီးအမည်ပါ ပန်းခွေများနှင့် ဦးမောင်အေးနှင့် ဒေါ်မြင့်မြင့်စန်း အမည်ပါ ပန်းခွေများကို ဦးလော်စစ်ဟန်၏ နောက်ဆုံးဈာပန အခမ်းအနားသို့ ပို့ဆောင်ခဲ့သည်။
ဦးလော်စစ်ဟန် ကွယ်လွန်ခြင်းအတွက် ပြည်ထောင်စု ၀န်ကြီးများ အပါအ၀င် အငြိမ်းစား အစိုးရ အရာရှိများ၏ ၀မ်းနည်းကြောင်း ကြော်ငြာများကို အစိုးရ သတင်းစာများတွင် နေ့စဉ်ရက်ဆက်နီးပါး ဖော်ပြခဲ့သည်။

Eleven Media Group