ဦးဝီရသူ မွတ်ဆလင်တွေနဲ့ လက်တွဲမယ်ဆို


ဒီနှစ်ထဲမှာ မွတ်ဆလင် ဆန့်ကျင်ရေး စကားတွေ ဟောခဲ့ဖူး
၉၆၉ လှုပ်ရှားမှုကို ကျယ်ပြန့်လာအောင် လှုံ့ဆော်သူလို့ နာမည်ကြီးတဲ့ မစိုးရိမ်တိုက်သစ် နာယက ဆရာတော် အမျိုးသားရေးဝါဒီ ဦးဝီရသူဟာ မြန်မာနိုင်ငံမှာ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မဖြစ်အောင် အစ္စလာမ် ဘာသာဝင်တွေနဲ လက်တွဲပြီး ဆောင်ရွက်သွား မယ်လို့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ကေသာရာမ ကျောင်းတိုက်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားလိုက်ပါတယ်။

အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူဟာ ၉၆၉ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်လို့ ကမ္ဘာ့မီဒီယာတွေပေါ်မှာ ဒီနှစ်ထဲကစလို့ နာမည်ကြီးလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဒီနှစ်ထဲမှာလည်း မွတ်ဆလင် ဆန့်ကျင်ရေး ပြင်းထန်တဲ့ စကားတွေ ဟောခဲ့တာတွေ ရှိပါတယ်။

ဒီနေ့မှာတော့ သူဟာ ဥပဒေမဲ့ တုံ့ပြန်တာတွေ မလုပ်ဖို့ကို နိုင်ငံအနှံ့ ကျယ်ပြန်စွာ ဟောပြောပို့ချပါမယ်လို့ ကတိပြုပြီး အစ္စလာမ် ဘာသာဝင်တွေ ပါဝင်တဲ့ ကွန်ယက်နဲ့ သဘောတူ လက်မှတ်ထိုးလိုက်ပါတယ်။

ဒီနေ့ တွေ့ဆုံတဲ့ပွဲမှာ ဦးဝီရသူနဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ အစ္စလာမ် ဘာသာဝင် ဒိုင်းမွန်ရွှေကြည်တို့က ပူးတွဲပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ ပက်သတ်လို့ အဓိက သဘောထား ထုတ်ပြန်ကြတာ ဖြစ်ပြီး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားဖို့ နှစ်ဘက် ဘာသာရေးခေါင်းဆောင်တွေနဲ့ ထပ်မံတွေ့ဆုံပြီး တတ်နိုင်သလောက် ကြိုးစားသွားကြဖို့ ပြောသွားပါတယ်။

ဦးဝီရသူဟာ မွတ်ဆလင်တွေနဲ့ ငြိမ်းချမ်းစွာ ယှဉ်တွဲနေရေးအတွက် အခုလို လုပ်မယ်လို့ ပြောတာဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင်ကလည်း ဒီလို တွေ့ဆုံမှုတွေ လုပ်ပြီးတဲ့နောက်ပိုင်းမှာ မွတ်ဆလင် ဆန့်ကျင်ရေးတွေ ပြောခဲ့တယ် ဆိုပြီးတော့ ဝေဖန်သူတွေက ပြောကြပါတယ်။

အခု ရက်ပိုင်းမှာ ဦးဝီရသူကို နေ့စဉ် ဖုန်းနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ ရှိနေပြီး အခုလို မွတ်ဆလင်တွေနဲ့ တွေ့ဆုံပြီး အဓိကရုဏ်းတွေ တားဆီးဖို့ လုပ်တာဟာ အဲဒီ ခြိမ်းခြောက် ခံရမှုတွေနဲ့တော့ မပတ်သက်ဘူးလို့ ဦးဝီရသူက ဘီဘီစီကို ပြောပါတယ်။

ဧရာဝတီ

သမ္မတကြီး ကယ်မှ မြန်မာနိုင်ငံသား ၂၅ ဦး ဆော်ဒီမှ ပြည်တော် ပြန်နိုင်မည်


(နိရဉ္စရာ- ၁၀ စက်တင်္ဘာ ၂၀၁၃)

ဆော်ဒီအာရေးဗီးယားနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၂၅ ဦး၏ ပြည်တော်ပြန်ရေးမှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ ဂရုဏာရှေ့ထား သနားမှသာ ပြည်တော်သို့ ပြန်နိုင်ကြတော့မည်ဟု သူတို့က ဆိုသည်။

၂ နှစ် နှင့် ၉ လတိုင်တိုင် ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်) မရှိ၊ တစ်စုံတစ်ရာ အထောက်အထား စာရွက်စာတန်း မရှိဘဲ ဖမ်းဆီးခံရမည်ကို ကြောက်ကာ အိမ်ထဲတွင် ခိုအောင်းနေထိုင်နေကြသော ဆော်ဒီနိုင်ငံရောက် မြန်မာ နိုင်ငံသား ၂၅ ဦးမှာ မိခင် မြန်မာနိုင်ငံသို့ အမြန် ပြန်လိုနေကြသော်လည်း ပြန်ခွင့်မရဘဲ ဖြစ်နေကြသည်ဟု အမည်မဖေါ်လိုသူ မြန်မာနိုင်ငံသား တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ပတ်စ်ပို့၊ သက်သေခံ စာရွက်စာတန်းတွေ အကုန်လုံးကို ဆော်ဒီ သူဌေးက သိမ်းထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်ရေးက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကနေ ဂရုဏာ ရှေ့ထားပြီး ဆောင်ရွက်ပေးမှ ပြန်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် ဘယ်သူမှ လုပ်ပေးနိုင်ကြမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၅ ဦးသည် ၂၀၁၀ ခုနှစ် ဒီဇင်္ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံမှ ဆော်ဒီအရေးဗီးယားနိုင်ငံသို့  အလုပ် လုပ်ရန် ရောက်ရှိလာခဲ့ပြီး ရောက်ပြီး နောက်တစ်နေ့တွင် သူတို့ထံမှ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့အား အလုပ်ရှင် သူဌေးမှ သိမ်းယူသွားသည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း သူတို့အား အလုပ် လုပ်ရန် စာချုပ်တွင် ပါသည့် အချက်အလက်အတိုင်း အလုပ် မခိုင်းစေဘဲ အန္တရာယ်များသည် သံထည် လုပ်ငန်းတွင် (၃) လတိတိ ခိုင်းစေသည်ဟု သိရသည်။

ထိုသို့ ခိုင်းစေရာတွင်လည်း လုပ်ခ လစာ တစ်ပြားတစ်ချပ်မှ မပေးဘဲ အလုပ်ခိုင်းစေသဖြင့် သူတို့မှ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနကို တိုင်းတန်းရာမှ ပြဿနာ စဖြစ်ပွားလာခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသား အလုပ်သမား ၂၅ ဦးမှာ အလုပ်အကိုင် မရှိ ဖြစ်သွားကာ ဂျီဒက်ခ်ျမြို့တွင် ပုန်းအောင်းနေထိုင် နေကြရပြီး အသိမိတ်ဆွေ ရင်းနှီးသူများထံတွင် ကပ်ခိုပြီး စားသောက်နေထိုင်နေကြရသည်ဟု ဆိုသည်။

“ ကျွန်တော်တို့က အခု နေ့တိုင်း မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေပါတယ်။ လက်ထဲမှာလည်း ဘာ အထောက်အထားမှ မရှိဘူး။ အပြင်ထွက်ရင်လည်း ရဲဖမ်းမှာကို ကြောက်နေရပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေနဲ့ ပြဿနာတွေ ဖြစ်လာတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အခြေအနေက အရမ်းဆိုးသွားပါတယ်။ တစ်နေ့မှ စိတ်ချမ်းသာတယ်လို့ မရှိပါ။ ကျွန်တော်တို့ ဘ၀က အထူးဆိုးရွားနေပါတယ်။ ကျွန်တော်တို့ အိမ်က မိဘတွေဆိုရင်လည်း စိုးရိမ်ပြီး အထူး ပူပန် သောက ရောက်နေကြရပါတယ်” ဟု ၎င်း မြန်မာနိုင်ငံသားက ပြောသည်။

ဆော်ဒီရှိ မြန်မာ သံရုံး၊ မြန်မာနိုင်ငံ  အလုပ်သမား ၀န်ကြီးဌာန အပါအ၀င် အလုပ်သမား အေဂျင့်သို့ စာရေး အကူအညီတောင်းခံသော်လည်း တစ်စုံတစ်ရာ ၀င်ရောက် ဖြေရှင်းခြင်း မရှိဟု သူက ပြောသည်။

“ သံရုံးက ပြောတာကတော့ နေပြည်တော်မှာ ရှိတဲ့ ၀န်ကြီးဌာန အဆင့်က ညွှန်ကြားချက် မလာရင် ဘာမှ ဆောင်ရွက်ပေးလို့ မရဘူးဆိုပြီး ပြောပါတယ်။ အတတ်နိုင်ဆုံး ကူညီမယ်လို့လည်း ပြောပေမယ့် အခုက (၂) နှစ်နဲ့ ၉ လကို ရောက်နေပါပြီ။ ကျွန်တော်တို့ မပြန်နိုင်ဘဲ ဒုက္ခတွေကို ခံစားနေကြရပါတယ်” ဟု သူက ဆက်ဆိုသည်။

အင်္ဂလိပ်စကားနှင့် အူရဒူ စကားပြောတတ်သူ မြန်မာနိုင်ငံသား (၅) ယောက်က ဆော်ဒီ သူဌေးအား အရေးဆိုသော အခါလည်း သူဌေးဖြစ်သူမှ သူတို့အား ရဲလက်ထဲကို အပ်ပြီး ညှဉ်းပမ်းနှိပ်စက်မူများ ပြုလုပ်ခဲ့သည်ဟု သူက ပြောသည်။

၎င်းပြင် ဆော်ဒီ သူဌေးမှ လူတစ်ဦးလျှင် ဆော်ဒီငွေ ၄၀၀၀ ပေးရင် ပြန်ပို့မည်ဟု ဆိုသဖြင့် အဆိုပါ ငွေ ၄၀၀၀ အား ပေးသွင်းသော်လည်း ငွေကို ယူပြီး ပြန်မပို့ဘဲထားသည်ဟု ဆိုသည်။

“ အခု ဆော်ဒီ သူဌေးက သူတို့နိုင်ငံသုံးငွေ  ရီယာဒ် သိန်း (၂၀) ဆက်တောင်းပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ကျပ် သိန်း (၅၀၀၀) ခန့်ရှိပါတယ်။ အဲဒီငွေကို ပေးရင် ပြန်ပို့မယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့မှာ ဒီလောက်များတဲ့ ငွေကို ဘယ်ကရမှာ ပါလဲ။ သူက ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ ဆွေမျိုးတော်တယ်လို့ သိရပါတယ်။ ဒါကြောင့် မတရားသဖြင့် အနိုင်ကျင့်နေပေမယ့် ဘယ်သူမှ မပြောဝံ့ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြန်ရေးဟာ ဒီလို အခြေအနေတွေကြောင့်  နိုင်ငံတော် သမ္မတကြီးက လုပ်မှသာ ရမယ်လို့ပြောဆိုနေကြပါတယ်” ဟု ဆက်ပြောသည်။

သူတို့အနေဖြင့် နိုင်ငံတော် သမ္မတကြီးအား သူတို့ မြန်မာနိုင်ငံ ပြန်နိုင်ရေးကို ကူညီပေးရန် အနူးအညွှတ် မေတ္တာရပ်ခံပါကြောင်း နိရဉ္စရာမှ တဆင့် တင်ပြပေးရန် ပြောကြားသည်။

သူတို့ ၂၅ ဦးထဲတွင် ခရစ်ယာန် တစ်ဦး၊ မွတ်ဆလင် တစ်ဦးနှင့် ကျန်သူတို့မှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်ဟု သိရသည်။

- See more at: http://www.narinjara.com/burmese/?p=6936#sthash.Gk9HjnDS.dpuf

မြန်မာ့ပြုပြင်ပြောင်းလဲရေးနှင့်အတူ ရန်ကုန်မှ နွမ်းပါးသူများ အိုးမဲ့အိမ်မဲ့ဖြစ်လာ


အောင်မင်းဘာသာပြန်သည် | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၃
ခုနှစ် ၀၉ နာရီ ၃၈ မိနစ်

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ငှားရမ်းခဈေးနှုန်းများ ကြီးမြင့်လာသည့်အတွက် ရာနှင့်ချီသော ဆင်းရဲနွမ်းပါးသည့် မိသားစုများမှာ အိုးမဲ့အိမ်မဲ့ဖြစ်လာခဲ့ပြီး လမ်းပေါ်တွင် နေရသည့်ဘ၀သို့ မရောက်ရှိရန် ပရဟိတလုပ်ငန်းများအပေါ် မှီခိုနေသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြလိုက်သည်။

၂၀၁၁ ခုနှစ်တွင် အရပ်သားတစ်ပိုင်း အစိုးရမှ အာဏာလွှဲပြောင်းရယူပြီးနောက်ပိုင်း နိုင်ငံရေးအရ အသွင် ကူးပြောင်းမှုများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင် နိုင်ငံတကာ၏ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှု ဒဏ်မှ လွတ်ကင်းသွားပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းများက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုမှာလည်း မြင့်တက်လာလျက် ရှိသည်။

သို့သော် အပြောင်းအလဲများကြောင့် စီးပွားရေးမြို့တော် ရန်ကုန်ရှိ ဆင်းရဲနွမ်းပါးသည့် မိသားစုများကိုလည်း အိုးမဲ့အိမ်မဲ့ဘ၀သို့ ရောက်ရှိသွားခဲ့ရသည်။

“မိသားစုလိုက်ရောက်လာပြီးတော့ သူတို့မှာနေစရာနေရာလည်း မရှိဘူး၊ စားစရာလည်း မရှိဘူး၊ အကူအညီတွေပဲ လိုက်တောင်းနေရတယ်လို့ ပြောလာတာတွေရှိပါတယ်” ဟု ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ကျာင်းတွင် ယာယီတဲများဖြင့် နေရာထိုင်ခင်းများ ပြုလုပ်ပေးသည့် စင်တာတစ်ခုမှ မန်နေဂျာဖြစ်သူ ခင်ဆန်းဦးက ပြောသည်။

သန်လျင်မြို့နယ်တွင် ဧက ၃၀ ခန့်ကျယ်သည့် သဘာဝခြံဝိုင်းအား ဆရာတော်ဦးဥတ္တမစာရကလွန်ခဲ့သော ၁၆ လတွင် နေရာထိုင်ခင်းများစီစဉ်ပေးခဲ့ပြီး၊ ယခုအခါတွင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ခရိုင်များမှ ငွေကြေးချို့တဲ့သည့် မိသားစုများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားလေသည်။

ရန်ကုန်မြို့လယ်ခေါင်မှ တစ်နာရီခန့် ဘတ်စ်ကားစီး၍ သွားရောက်နိုင်သည့် သန်လျင်မှ ခြံဝိုင်းထဲတွင် တဲငယ်လေးများ ဆောက်လုပ်ကာ နေထိုင်နေသည့် မိသားစုပေါင်း ၂၄၀၀ ကျော်ရှိနေသည်။

တဲဆောက်လုပ်ရန် ကုန်ကျစရိတ် မတတ်နိုင်သေးသည့် ရာနှင့်ချီသော မိသားစုများမှာလည်း လူအများ နေထိုင်ရန် ၀ါးဖြင့်ဆောက်ထားသည့် အဆောက်အအုံအတွင်းတွင် နေထိုင်နေသည်။ ယင်းအဆောက်အအုံမှာ ယခင်က တရားစခန်းအဖြစ် အသုံးပြုခဲ့သည့် နေရာဖြစ်သည်။

စစ်ဗိုလ်ချုပ်များသည် မြန်မာနိုင်ငံ၏ ကမ္ဘာနှင့် အဆက်ပြတ်နေသည့် အခြေအနေကို ရပ်တန့်ရန် ပြုပြင်ပြောင်းလဲရေးများ လျင်မြန်စွာပြုလုပ်လာသည်နှင့်အမျှ အိမ်ရာမြေလိုအပ်ချက်များလည်း ကြီးမြင့်လာသည်။ ထိုအခြေအနေမှာ ဆင်းရဲမွဲတေသည့် မိသားစုများကို အန္တရာယ်ပြုလျက် ရှိသည်။

မြန်မာနိုင်ငံတွင် လူနေအထူထပ်ဆုံးမြို့ဖြစ်သည့် ရန်ကုန်ရှိ လုပ်ခလစာနည်းပါးသော မိသားစုများအတွက် အိမ်ငှားရမ်းသည့် ဈေးနှုန်းမြင့်မားလွန်းခြင်းကြောင့် ယခုကဲ့သို့ အန္တရာယ်ဖြစ်နေရခြင်းဖြစ်သည်။

အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ စာရင်းဇယားများအရ ရန်ကုန်မြို့ရှိ အသေးစား အဆောက်အအုံများ၏ ဈေးနှုန်းမှာ ယခုနှစ်တွင် ၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။ ထို့အတူ လွန်ခဲ့သောနှစ်နှစ်အတွင်း ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် အိမ်ခြံမြေဈေးနှုန်းများမှာလည်း နှစ်ဆမှ သုံးဆအထိ မြင့်တက်လာခဲ့သည်။

အိမ်ငှားရမ်းခ ခြောက်လစာအတွက် မြန်မာကျပ်ငွေ သုံးသိန်းဝန်းကျင် ကြိုတင်ပေးဆောင်ရန် တောင်းဆိုခြင်းခံခဲ့ရသည့်အတွက် မိမိအပါအ၀င် မိသားစုဝင်ခြောက်ဦးမှာ သန်လျင်မှ သဘာဝခြံဝိုင်းတွင်းသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု အသက် ၅၇ နှစ်အရွယ် ဒေါ်တင်တင်ဝင်းက အေအက်ဖ်ပီကို ပြောသည်။

“အိမ်ငှားရမ်းခတွေက နှစ်ကြိမ်သုံးကြိမ်လောက် တက်ပြီးပါပြီ။ အိမ်ဆက်ငှားဖို့အတွက် ကျွန်မတို့ မတတ်နိုင်တော့ပါဘူး။ ဒါကြောင့် ဒီကိုရွှေ့လာတာပါ” ဟု သူမကဆိုသည်။ “ကျွန်မသမီးကလည်း ဒီမှာခဏလောက် ကပ်နေဦးမယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ တခြားနေရာမှာ အိမ်ငှားဖို့မဖြစ်နိုင်လို့ပါ” ဟု ပါးပြင်မှ စီးကျလာသည့် မျက်ရည်များအားသုတ်ရင်း သူမက ဆက်ပြောသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလမ်းစဉ်တွင် ဒေါက်တိုင်တစ်ခု ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့သည့် အဂတိလိုက်စားသော စစ်ဗိုလ်ချုပ်များသည် လူမှုဘ၀ လုံခြုံရေးစနစ်များအား လျစ်လျူရှုခဲ့သည်။

ရန်ကုန်မြို့တွင်းရှိ နေရာကောင်းတစ်ခုတွင် တစ်ပေပတ်လည်မြေတစ်နေရာအား ၀ယ်ယူရန်အတွက် ခုနှစ်သိန်းဝန်းကျင် ကုန်ကျမည်ဖြစ်သည်။ ထို့ကြောင့် ဘန်ကောက်မြို့ထက်ပင် နှစ်ဆသုံးဆခန့် ဈေးကြီးလျက် ရှိသည်။

နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော်လည်း ကုန်ကျစရိတ်ကြီးမြင့်ခြင်းက ရင်းနှီးမြှုပ်နှံသူများကို အဟန့်အတားဖြစ်စေကာ ဈေးကွက်မတည်ငြိမ်မှု အန္တရာယ်နှင့်ကြုံတွေ့ရမည်ကို ကြောက်ရွံ့လျက်ရှိသည်။

“ရန်ကုန်မြို့မှာ အိမ်ရာဈေးနှုန်း အရမ်းကြီးမြင့်တယ်ဆိုတာကို တစ်ကမ္ဘာလုံးက သိနေပါပြီ” ဟု မဏ္ဍိုင် အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီမှ အသက် ၆၄ နှစ်အရွယ် မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးမှ အေအက်ဖ်ပီသို့ ပြောသည်။

အိမ်ခြံမြေဈေးကွက်အား တည်ငြိမ်စေရန်အတွက် မြေခွန်များ မြှင့်တင်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာများကို အစိုးရက ဆောက်လုပ်လျက်ရှိသည်။ သို့သော် တန်ဖိုးနည်းအိမ်ရာ၏ လက်ရှိဈေးနှုန်းမှာ ကျပ်သိန်း ၂၀၀ ၀န်းကျင် ကျသင့် သည့်အတွက် လူများစုမတတ်နိုင်ဟု ဝေဖန်သုံးသပ်သူများက ပြောကြားလိုက်သည်။
Mizzima - News in Burmese

လူမှုကွန်ရက်နှင့် မျိုးဆက်သစ်ပြဿနာ


Facebook တစ်ကမ္ဘာလုံး အသုံးပြုနေကြသည့် လူဦးရေ စုစုပေါင်းမှာ ၂၀၁၃ ခုနှစ် မတ်လစာရင်းအရ ၁ ဒသမ ၁၁ ဘီလီယံ (သန်း ၁၁၀၀) ရှိသွားပြီ ဖြစ်သည်။ ထိုအထဲတွင် အမေရိကန်ပြည်ထောင်စု၌ အသုံးပြုသူပေါင်း ၁၆၈ ဒသမ ၈ သန်း၊ ဘရာဇီးလ်နိုင်ငံတွင် အသုံးပြုသူပေါင်း ၆၄ ဒသမ ၆ သန်း၊ အိန္ဒိယနိုင်ငံတွင် အသုံးပြုသူပေါင်း ၆၂ ဒသမ ၆ သန်း၊ အင်ဒိုနီးရှားနိုင်ငံတွင် အသုံးပြုသူပေါင်း ၅၁ ဒသမ ၄ သန်းနှင့် မက္ကဆီကို နိုင်ငံတွင် အသုံးပြုသူပေါင်း ၄၀ ဒသမ ၂ သန်း ရှိနေသည်ကလည်း အံသြစရာ ဖြစ်သည်။

Facebook မျိုးဆက်

Facebook ကို ဆိုရှယ်ကွန်ရက်၊ လူမှုကွန်ရက်ဟု အမျိုးမျိုး ခေါင်းစဉ်တပ်ကြသည်။ မည်သို့ဆိုစေ Facebook ဆိုသည့် အွန်လိုင်းမှတ်တမ်း စာအုပ်ကြီးတစ်ခုအတွင်း စာရင်းဖွင့်ကာ၊ မိတ်ဆွေရှာပြီး၊ ချစ်ခြင်း မုန်းခြင်းများကို အလုံးအရင်းနှင့် အငမ်းမရ တမ်းတရှာဖွေ၊ ဝင်ရောက် ဆွေးနွေးသည့် နေရာတစ်နေဟုသာ အလွယ်ဆုံး အဓိပ္ပာယ် ဖွင့်ဆိုရပေလိမ့်မည်။

ထိုနေရာတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်နိုင်ကြသည်။ မိတ်ဆွေ အပေါင်းအသင်း ဖြစ်နိုင်ကြသည်။ စာတိုစာရှည်တွေ ရေးပို့နိုင်ကြသည်။ ဓာတ်ပုံ၊ ဆက်သွယ်နိုင်မည့် (Link)၊ ဗီဒီယိုမှတ်တမ်းများ ပေးပို့နိုင်ကြသည်။ ထိုကဲ့သို့ ကျယ်ပြန့်လှသည့် မီဒီယာတစ်ခုကို ကြားခံပြုပြီး လွတ်လပ်စွာ စားသုံးကြသည့် အုပ်စုများကို မျိုးဆက်သစ် Facebook လူတန်းစားများဟု ခေါ်ဆိုရမည် ဖြစ်သည်။ ထိုမျိုးဆက်သည် တစ်နေကုန်နီးပါး Facebook ပေါ်တွင် နေထိုင်ကြသည်။ မိမိတို့ တုံ့ပြန်လိုက်မှု တစ်ခုခုကို မည်သူတွေက မည်သို့တုံ့ပြန်မည်ကို စောင့်ကြည့်ကြသည်။ ယင်းသို့ ပေးခြင်း၊ ယူခြင်း၊ မျှော်လင့်ခြင်းကပင် သူတို့အတွက် စိတ်ဝေဒနာတစ်ခု ဖြစ်လာကြောင်းကို သိသူနည်းသည်။

စွဲလမ်းမှုဝေဒနာ

ကိုယ်ပေးလိုက်သည့် သတင်းတစ်ခုခု သို့မဟုတ် အကြောင်းအရာ တစ်ခုခုအတွက် တုံ့ပြန်ချက် (feed-back) ကို စောင့်မျှော်နေခြင်းသည် မျိုးဆက်သစ်တို့အတွက် စွဲလမ်းမှု ဝေဒနာတစ်ခုဟု ဆိုရမည်။ ထိုစွဲလမ်းစိတ်ကလည်း အတိုင်းအတာကာလ ခဏလေးသာ ဖြစ်သည်။ တစ်ခုခုရလိုက်လျှင် စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ပျက်ခြင်း၊ ဒေါသထွက်ခြင်း စသည့်တစ်မျိုးမျိုးကို ခံစားလိုက်ပြီး မေ့ဖျောက်မည်၊ နောက်အသစ်တစ်ခု ထပ်မံမွေးဖွားမည်။ ယင်းကို Facebook ထဲက ရုန်းမထွက်နိုင်သည့် သံသရာဟုလည်း ပြောနိုင်သည်။ မည်သို့ဆိုစေ တုံ့ပြန်ချက်သည်သာ သူတို့အတွက် အဖြေဖြစ်သည်။ ထိုသို့မျှော်လင့်စောင့်စားရသည့် ဝေဒနာကို ကောင်းသောအဖြေဟု ပညာရှင်များက မသတ်မှတ်ကြပေ။ ထိုဝေဒနာကို ကုစားခြင်းသည် ဝဲသြဃအတွင်းက ရုန်းထွက်လိုက်ခြင်းသာ ဖြစ်သည်။

စိတ်ထိခိုက်ခံစားလွယ်မျိုးဆက်

Facebook ပေါ်တွင် အချင်းချင်းမိတ်ဖွဲ့ပြီး ဂိမ်းကစားနိုင်သည်။ ကွန်ပျူတာဂိမ်း ကစားခြင်းသည် အထိုက်အလျောက် ကောင်းနိုင်သော်လည်း လွန်ကျူးစွာ စွဲလမ်းခြင်းကတော့ မကောင်းဟု ပြောရမည်။ မျိုးဆက်သစ်တို့သည် ကွန်ပျူတာဆိုသည့် နည်းပညာ ပေါ်လာချိန်တွင် ပိုပြီးအထီးကျန်ဆန်လာကြသည်။ သူတို့သည် Facebook လောက်ကိုသာ လူမှုဝန်းကျင်တစ်ခုဟု ထင်မှတ်ကြသည်။ အမှန်တော့ လူ့ဘောင်လောကကြီးက ပိုပြီးကျယ်ဝန်း နက်ရှိုင်းသည်။ ကွန်ပျူတာနှင့် ဂိမ်းတစ်ခု အပေါ်တွင်သာ အာရုံဝင်စားနေသော လူငယ်တစ်ယောက်သည် ပတ်ဝန်းကျင်ကို လျစ်လျူရှုတတ်သည့်စိတ်များ လွန်ကဲလာစေနိုင်သည်။ ဂိမ်းစွဲလမ်းစွာ ကစားခြင်း ကြောင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားပြောဆိုရမှု၊ ဆက်ဆံရမှုများတွင် စိုးရွံ့စိတ်များ၊ ကြောက်ရွံ့စိတ်များ၊ အားငယ်စိတ်များ ဝင်လာတတ်သည်။ တစ်နည်းအားဖြင့် လူထဲတွင် လူစကားမပြောတတ်သလောက် ဖြစ်လာကြသည်။ ထို့ပြင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်း ဆိုင်တွေ့ရာတွင် မျက်နှာကိုပင် စေ့စေ့ကြည့်ပြီး မပြောရဲ မဆိုရဲခြင်းသည် အထီးကျန်စွာ နေခြင်းနှင့် အာရုံစူးစိုက်ခြင်းစသည့် အကျင့်အနေအထိုင်များပေါ်တွင် မှီတည်နေသည်။ ထိုစိတ်ဓာတ်သည် စိတ်ထိခိုက်လွယ်သည့် ပျော့ညံ့သောစိတ်ကို ဖြစ်စေနိုင်သည်။ အကောင်းစိတ်မဟုတ်၊ အဆိုးစိတ်သာ ဖြစ်သည်။

Facebook ရောဂါလက္ခဏာများ

- တစ်နေကုန် Facebook ထဲတွင် အချိန်ကုန်နေပါသလား
- အခြားအလုပ်များကို မလုပ်ချင်မကိုင်ချင် လောက်အောင် ဖြစ်နေပါသလား
- လက်တွေ့ဘဝထက် Facebook ထဲတွင်သာ အချိန်ဖြုန်းမှု များနေပါသလား
အဖြေသည် ‘ဟုတ်’ ဖြစ်နေလျှင် Facebook စွဲဝေဒနာကို ကျိန်းသေခံစားနေရပြီဟုသာ ဆိုရမည်။ ထို့ပြင် စွဲ၊ မစွဲ အောက်ပါအချက်များဖြင့်လည်း ဆန်းစစ်နိုင်သည်။
- နေ့စဉ် Facebook ကို စစ်ဆေးရခြင်းသည် နေ့တစ်နေ့၏ ပထမဆုံးနှင့် နောက်ဆုံးအလုပ် ဖြစ်နေသည်။ မနက်အိပ်ယာက နိုးသည်နှင့် ကွန်ပျူတာ သို့မဟုတ် အခြားဆက်သွယ်နိုင်သော ပစ္စည်းတစ်ခုခုကို ဖွင့်လိုက်ပြီး ပထမဦးဆုံး ဝင်ကြည့်သည်မှာ Facebook ဖြစ်နေမည်။ အိပ်ယာမဝင်မီ သို့မဟုတ် အိပ်ရာကထပြီး တစ်ရေးနိုးလျှင် Facebook ကို ဝင်ချင်သည်။
- Facebook ကြောင့် အလုပ်ကို မလုပ်ချင်၊ တာဝန်တွေကို ပစ်ထားသည်။ အလုပ်က စိတ်ကိုဖိစီးပြီး Facebook က စိတ်ပြေလက်ပျောက် ရှိသည်ဟု ထင်သည်။ အလုပ်တွေ မပြီးရခြင်းမှာ Facebook တွင် အချိန်ကုန်မှု များနေသောကြောင့် ဖြစ်သည်။
- စိတ်ထဲတွင် တောက်လျှောက် Facebook ကိုသာ တွေးနေသည်။ နောက်ထပ် ဘယ်သူတွေက ဘာတွေရေးမလဲ၊ ငါအစထောင်ထားတာကို ဘယ်သူတွေက လှောင်ထားမလဲ စသည့်အတွေးများသာ ဝင်နေသည်။ ကိုယ့် Wall ပေါ်တွင် ဘယ်သူတွေ ဘာလာရေးထားမည်ကို စိတ်ဝင်စားသည်။
- Facebook ကို လက်တွေ့ဘဝက လွတ်မြောက်ချင်သည့်အတွက် အသုံးပြုသည်။ အပြင်တွင် နေထိုင်ရသည့် လက်တွေ့ဘဝထက် Facebook ကိုသာယာသည်။ Facebook ထဲက လူတွေကို ပြင်ပကလူတွေထက်ပိုပြီး အလေးထားသည်။
- အမှန်တကယ်ရှိသော လူမှုရေးဘဝကို စိတ်မဝင်စား။ သာရေးလည်းမရှိ၊ နာရေးလည်းမသိ။ မိတ်ဆွေ အပေါင်းအသင်းများကို ပြင်ပတွင် ရှာဖွေခြင်းထက် Facebook ပေါ်တွင်သာ ရှာတော့သည်။ အင်တာနက်အပါးက တစ်ဖဝါးပင် မခွာချင်။ လူမှုဘဝတွင် လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး ဆိုသည်မှာ စိတ်ကျန်းမာရေး သဘောလည်း ဆောင်သည်။ သို့သော် Facebook ထဲက သူငယ်ချင်းတွေကို အစစ်အမှန် ထင်သွားသည်။
- အထိုင်များသဖြင့် အညောင်းထိုင်ကာ မကျန်းမာချင် ဖြစ်လာသည်။ မျက်စိတွေလည်း မှုန်ဝါးလာသည်။ ကျန်းမာရေးနှင့် Facebook သုံးစွဲခြင်းက တစ်နည်းနည်း ပတ်သက်လာသည်။ အအိပ်ပျက်၊ အစားပျက် များလာသည်။ ကွန်ပျူတာရှေ့တွင် အချိန်ကုန်ရခြင်း၊ Facebook ထဲတွင် ဝင်စားနေရခြင်းကပင် မကျန်းမာသလိုလို ဖြစ်လာသည်။

အထက်ပါ ယူဆချက်များကို ဖြေကြည့်စေချင်သည်။ ထိုယူဆချက်များအတိုင်း အမှန်တကယ် ကိုယ်တိုင်ခံစားနေရပါက ရောဂါစွဲနေသည်မှာ သေချာသွားပြီ ဖြစ်သည်။

မစ်ချီဂန်တက္ကသိုလ်မှ အီသန်ကရော့စ်နှင့် ဘယ်လ်ဂျီယံနိုင်ငံ လူဗန်းတက္ကသိုလ်မှ ဖိလစ်ပီဗာဒူးန် တို့ကပူးပေါင်းပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့က Facebook ကို အသုံးများလေလေ လက်ရှိနေထိုင်ရသည့် မိမိဘဝကို ကျေနပ်နှစ်သက်မှု နည်းလေလေ ဖြစ်ကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။

ယခင်စုံစမ်းစစ်ဆေးချက်များအရ Facebook ကို သုံးခြင်းကြောင့် မနာလို ဝန်တိုစိတ်များခြင်း၊ လူမှုရေး ဆိုင်ရာ စိတ်ကျဉ်းကျပ်မှုများခြင်း၊ အထီးကျန်စွာ နေထိုင်လိုခြင်းနှင့် စိတ်ကျဝေဒနာများ ခံစားရခြင်း တို့လောက်ကိုသာ သတိထားမိကြသည်။ ယင်းဝေဒနာများသည် အခိုက်အတန့်ဖြစ်သော ယာယီ စိတ်ဝေဒနာများ ဖြစ်သည်။ ဒေါက်တာကရော့စ်နှင့် ဒေါက်တာဗန်ဒူးန်တို့က Facebook ကို အသုံးပြုသည့် အချိန်ကိုလည်း ထည့်တွက်ပြီး ထိုဝေဒနာ ခံစားရမှုသည် အချိန်ကာလမည်မျှ အသုံးပြုခြင်းနှင့် ဆိုင်ကြောင်းကိုလည်း လေ့လာသုံးသပ်ခဲ့ကြသည်။ စိတ်ခံစားမှု အတိုင်းအတာသည် မည်သည့်အချိန်တွင် ပြောင်းလဲတတ်သနည်းကိုလည်း သူတို့ လေ့လာခဲ့ကြသည်။

သူတို့စစ်ဆေးစမ်းသပ်မှုတွင် Facebook သုံးစွဲသူ ၈၂ ဦးကို လေ့လာစစ်ဆေးခဲ့ကြသည်။ ထို ၈၂ ဦးစလုံး အသက် ၂၀ ဝန်းကျင်များ ဖြစ်ကြသည်။ သူတို့ကိုယ်တိုင် နှစ်ပတ်ကြာ စမ်းသပ်စစ်ဆေးမှုကို လက်ခံခဲ့ကြခြင်း ဖြစ်သည်။ ရလဒ်ကတော့ရှင်းသည် Facebook သုံးစွဲလွန်သူများသည် အဆိုးမြင်စိတ် ဝေဒနာကို တစ်နည်းနည်းဖြင့် ခံစားနေရသူများဆိုသည့် အဖြေသာ ထွက်ပေါ်လာခဲ့သည်။

“Facebook ကို စိတ်ဝင်စားနေသူတွေ အများကြီး ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ လူသုံးများ လာတာကြောင့်လည်း ပါတယ်။ နေ့စဉ်ပုံမှန် သုံးနေသူတွေက သန်း ၅၀၀ ကျော်လောက်ရှိတယ်။ ဒါကို လေ့လာဆန်းစစ်ဖို့ လိုပြီထင်ပါတယ်” ဟု သုတေသနအဖွဲ့တွင် ပူးပေါင်းပါဝင်သူ အီသန်ကဆိုသည်။

မနာလိုမှု

Facebook နှင့် ပတ်သက်ပြီး အခြားသတိပြုစရာ ကိစ္စတစ်ရပ်မှာ မနာလိုစိတ်များ ဝင်စေခြင်း ဖြစ်သည်။ ထိုစိတ်သည် အပျက်သဘောဆောင်သည့် စိတ်မျိုးဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားစိတ်များ လျော့နည်းလာတတ်ခြင်း များသည် ယင်းမနာလိုစိတ်တွင် အခြေခံနေသည်။ ဥပမာ - မိသားစုမရှိ စိတ်ဓာတ်ကျနေသည့် လူတစ်ယောက်အတွက် မိသားစုများနှင့် ပျော်ရွှင်စွာ အပန်းဖြေခရီး ထွက်နေသည့် ပုံများသည် စိတ်အားငယ်စရာ ဖြစ်စေနိုင်သည်။ အခြား အားငယ်စရာများတွင် မလှသူက လှပသူ၏ ပုံကိုကြည့်ပြီး စိတ်ပျက်သွားနိုင်သည်။ ဂျာမန် တက္ကသိုလ်ကျောင်းသား သုံးဦးတွင် နှစ်ဦးသည် Facebook ကိုရောက်ပြီးမှ မိမိဘဝကို မကျေနပ်မှုများ ပိုပြီးတိုးတက်လာပြီး Utah Valley တက္ကသိုလ်တွင်လည်း အလားတူ စိတ်အားငယ်မှုများကို Facebook အချိန်များစွာ အသုံးပြုသူများတွင် တွေ့ရကြောင်း Huffington Post သတင်းတွင် ရေးသားထားသည်။

Facebook ၏ ပြောင်းလဲတိုးတက်မှုကို သုံးသပ်ခြင်း

မည်သို့ဆိုစေ Facebook သည် အရှိန်အဟုန်နှင့် အောင်မြင်နေသော လူမှုရေးကွန်ရက်ကြီးတစ်ခုဟု ဆိုရမည်သာ ဖြစ်သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် မာ့ခ်ဇူကာဘတ်ဆိုသည့် လူငယ်လေးတစ်ဦးက အခြေပြုလိုက်သည့် ထို Website သည် ယနေ့သုံးစွဲသူပေါင်း သန်း ၁၁၀၀ ခန့် ရှိလာလိမ့်မည်ဟု ထင်နိုင်စရာ အကြောင်းမရှိပေ။ ပထမဦးဆုံး ကျောင်းသားအချင်းချင်း ဆက်သွယ်အသုံးပြုနိုင်ရန် တီထွင်ခဲ့ရာမှ တစ်ကမ္ဘာလုံးရှိ လူပေါင်းစုံသုံးသည့် အဆင့်သို့ ရောက်သွားခဲ့ရသည်။

၂၀၁၂ ခုနှစ်စာရင်းအရ Facebook သုံးစွဲသူပေါင်း သန်း ၁၀၀၀ တွင် ၈ ဒသမ ၇ ရာခိုင်နှုန်းသည် Account တုများဖြင့် သုံးစွဲနေကြသူများ ဖြစ်သည်။ ၂၀၁၁ ခုနှစ်မေလ Consumer Reports အရ အသက် ၁၃ နှစ်အောက် သုံးစွဲသူပေါင်း ၇ ဒသမ ၅ သန်းရှိပြီး၊ အသက် ၁၀ နှစ်အောက် သုံးစွဲသူပေါင်း ၅ သန်းရှိသည်။

Facebook ကို အများပိုင်ကုမ္ပဏီတစ်ခု အဖြစ် ပြောင်းပြီးနောက် ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့တွင် စတော့ရှယ်ယာများ စတင်ရောင်းခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် Facebook ၏ဝင်ငွေ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံ ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းများ ခေတ်စားလာသည့် အခါတွင်လည်း ၂၀၁၃ ခုနှစ်တွင် Facebook ကို မိုဘိုင်းလ်ဖုန်းဖြင့် အသုံးပြုသူပေါင်းမှာ ၆၀၄ သန်းခန့် ဖြစ်ကြောင်း ဇန်နဝါရီလထုတ် Tech Crunch တွင် ဖော်ပြထားသည်။

မည်သို့ဆိုစေ လူမှုဘဝတွင် ထွက်ပေါက်တစ်ခုခုကို ရှာနေကြသူတိုင်းသည် Facebook ကို သုံးကြမည် သာဖြစ်သည်။ မျက်မှောက်ခေတ်တွင် Facebook ပေါ်၌ ဟုတ်တာတွေလည်း ရှိသည်၊ မဟုတ်တာတွေလည်း ရှိသည်။ မှန်တာလည်း ရှိသလို၊ မမှန်တာတွေလည်း ရှိနိုင်သည်။ အမှန်၊ အမှား၊ အကောင်း၊ အဆိုး ဆိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ် သုံးသပ်နိုင်ချက်နှင့် ဆိုင်မည်ထင်သည်။ ယနေ့အထိ ဘီလီယံချီပြီး ပရိသတ်ရှိနေခြင်းက အဆိုးဘက်ကဲပြီး၊ မကောင်းသောကြောင့်ဟု ပြော၍ မရနိုင်သည့် အနေအထား ဖြစ်သည်။

Facebook သုံးခြင်းသည် ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များ၊ လုံခြုံမှုများ အာမခံချက် တစ်စက်မျှ မရှိဟုဆိုစေ ကိုယ့်အကြောင်းကို ဖော်ထုတ်ပြီး ပျော်ရွှင်စွာ သုံးနေကြသည်သာ ဖြစ်သည်။ လူတို့၏ မွန်းကြပ် ပိတ်လှောင်မှုကို တစ်ခုခု ဖောက်ထုတ်ပေးနိုင်နေခြင်းက Facebook ၏ အောင်မြင်နေရခြင်းတစ်ခု ဖြစ်နေသည်။ အကယ်၍ လူတို့တွင် မွန်းကြပ်စရာ အကြောင်းအရာများ မရှိ၊ ဘဝအမောတွေ မရှိလျှင်လည်း အခြားအသွင်တစ်မျိုးဖြင့် Facebook သည် ရောက်လာဦးမည်သာ ဖြစ်သည်။ အမှန်တော့ Facebook ကို ‘ထွက်ပေါက်’ ဆိုလျှင်ပင်...

(တင်ညွန့်)
Ref: Avoidfacebook.com, Businessinsider.com, BBC.com, npr.org, Depressionforum.org
The Voice Weekly

MTV မှာ ချွတ်ပြလို့ မိုင်လေဆိုင်းရပ်စ် လူကြည့်များ လူပြောများနေပြီ





မိုင်လေဆိုင်းရပ်စ်က သူ့ရဲ့ သီချင်းရုပ်သံတပုဒ်မှာ အဝတ်အစားမပါတဲ့အခန်းတချို့ ထည့်ထားတာကြောင့် ထင်ရှားကျော်ကြားကြယ်ပွင့်များသတင်းတွေထဲ ထိပ်တန်းရောက်နေပါတယ်။
ဖျော်ဖြေရေးသတင်းများထဲမှာ ဒီကနေ့တော့ သူ့ပုံ သူ့သတင်းတွေချည်းပါပဲ။

သုံးမိနစ်ကျော်ကြာတဲ့ သူ့သီချင်းသရုပ်ဖော်မှုမှာ အဝတ်မဲ့ပြကွက်တချို့ ထည့်ထားတဲ့အတွက် အငြင်းပွားဖွယ် ဖြစ်နေပါတယ်။
ထောက်ခံသူတချို့ ရှိပေမယ့် မကြိုက်တဲ့သူအများအပြားက အွန်လိုင်းသတင်းတွေမှာ မှတ်ချက်တွေလိုက်ရေး ရှုတ်ချနေကြတာပါ။

အင်္ဂါနေ့က ဧရာဝတီဘလော့မှာ တခြားအဆိုတော်တယောက်အကြောင်း ရေးခဲ့ပြီးပါပြီ။

တရက်တာ အချိန်အတွင်း ကြည့်ရှုသူပေါင်း ၁၄ သိန်းကျော် ရှိသွားလို့ပါပဲ။

အခုတော့ အဲဒီစံချိန်ကို မိုင်လေဆိုင်းရပ်စ်က ခပ်ကြမ်းကြမ်းလေး ရိုက်ချိုးလိုက်တယ် ဆိုရပါမယ်။
တရက်တာအတွင်း ကြည့်သူပေါင်း သိန်း ၁၄ဝ ဝန်းကျင် ရှိသွားပါပြီ တဲ့။

အင်္ကျီချွတ်ပြလို့ အဲဒီလောက် များသွားတာလို့ ယူဆရပါတယ်။
သီချင်းအစပိုင်းမှာတော့ မချွတ်သေးပါ။ ငိုနေတဲ့သူ့မျက်နှာအနီးကပ်ရိုက်ချက်တွေနဲ့ သီချင်းကို ဖွင့်ခဲ့တာပါ။
နောက်ပိုင်းမှ ပွဲကြမ်းတော့တာပါပဲ။

သူ့သီချင်းရုပ်သံကို ကြိုက်ကြ၊ မကြိုက်ကြတဲ့ အသံတချို့ကို ကောက်နုတ် ဖော်ပြလိုပါတယ်။

ထောက်ခံတယ်လို့ ယူဆရတဲ့ အသံတချို့ကို အရင် ရေးရမယ် ဆိုရင် ...

- ထောက်ခံပါတယ်။ သူက အစဉ်အလာကနေ ဖောက်ထွက်ပြလိုက်တာပဲ။ အသက် ၂၀ ကျော်လာပြီဆိုရင် နည်းနည်းလေး မရူးသွပ်တဲ့သူ ဘယ်သူရှိမလဲ။

- သူ့ကို အလေးအနက်ထားမနေပါနဲ့။

- သူ့အသက် ၂၀ ရှိပါပြီ။ ကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ အရွယ်ရောက်နေပြီ။ သင့်တော်မတော် ဆိုတာလည်း သိနေပြီ။ သူ ချွတ်ချင်တယ်ဆိုလည်း ချွတ်ပေါ့၊ ဘာဖြစ်သလဲ။ လူငယ်တွေ တီဗွီနဲ့ အင်တာနက်မှာ မြင်နေရတာတွေထက်တော့ တုန်လှုပ်စရာ မကောင်းပါဘူး။

ကဲ ... ဆူညံနေတဲ့ကန့်ကွက်သံတွေထဲက တချို့ကို ဖောက်သည်ချရမယ် ဆိုရင် ....

~ ဘာအရသာမှ မရှိဘူး။ ပြည့်တန်ဆာလို ဖြစ်သွားပြီ။

~ ရုပ်သံ မကြည့်ခင်အထိတော့ ဒီသီချင်းကို ကြိုက်ပါတယ်။

~ အနည်းဆုံးတော့ အဆိုတော်ရီဟားနားဟာ စွဲမက်ဖို့ကောင်းတယ်၊ လှပတယ်လို့   ထင်ကြလိမ့်မယ်။
ဒီကလေးမကတော့ အလွန်အကျွံ လုပ်ပြနေတာပါပဲ။

~ အင်မတန် ငယ်ရွယ်တဲ့ ပရိသတ်တွေအားပေးလို့ ကျော်ကြားလာတဲ့၊ ခရစ်ယာန်အမျိုးသမီးကောင်းတယောက်ဖြစ်တဲ့သူက ဒီလိုပုံလုပ်ပြတာ ရှက်စရာကောင်းလိုက်တာ။

~ ဒီသီချင်းနဲ့ ကိုယ်တုံးလုံးနေတာနဲ့ ဘာဆိုင်လို့လဲ။

~ အရင်က အထင်ကရတွေအတိုင်း လိုက်လုပ်ပြနေတာပါ။ လေဒီဂါဂါကို ကော်ပီကူးထားတာပါ။
လေဒီဂါဂါကလည်း မက်ဒေါနားကို ကူးထားတာ။
မက်ဒေါနားကလည်း မာရီလင်မွန်ရိုးကို ကူးချထားတာပေါ့။

~ အရွယ်ရောက်လာပြီဆိုတာ နားလည်ပါတယ်။
နားမလည်နိုင်တာက အရွယ်ရောက်ပြီဆိုတာနဲ့ ချွတ်ရတော့မှာလား ဆိုတာပဲ။
သန်းပေါင်းများစွာသောသူတွေလည်း အရွယ်ရောက်နေကြပေမယ့် ချွတ်မပြကြပါဘူးကွာ။

~ သီချင်းက သိပ် ................. ကောင်းတယ်။ သီချင်းရုပ်သံကို ဖျက်ဆီးလိုက်တာက ဘာကြောင့်များပါလိမ့်။
စိတ်ကုန်စရာပဲ။ ကျော်ကြားဖို့အတွက် အဝတ်မပါဘဲ နေပြမှရမယ် ဆိုရင်တော့ ဝမ်းနည်းစရာပါ။

 ~ အပေါစားစတန့်တွေပါကွာ။
ဒီလိုလုပ်ပြတာတွေကို ကျေးဇူးပြုပြီး အားပေးတာမျိုး မလုပ်ကြပါနဲ့။

ဒိန်ချဉ်ဘာကြောင့် သောက်သင့်သလဲ


Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန် ပါတယ်။
Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း

ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရော အဆင့် အနည်းငယ် မြင့်မားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် သိသိသာသာ လျှော့ချနိုင်ပြီး သွေးကြောတွေ ကျန်းမာရေး ကောင်းစေတယ်လို့ သိရပါတယ်။

ဝမ်းဗိုက်အဆီကျခြင်း

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ သူတို့ရဲ့ကိုယ်ဝန်အစောပိုင်းကာလ(ပထမသုံးလပတ်)အတွင်း Probiotics တွေစသောက်ထားပါက ကလေးမွေးပြီး တစ်နှစ်အကြာမှာ ဝမ်းဗိုက်မှာ အဆီတွေစုနိုင်ခြေ နည်းတယ်လို့ Finland မှ လေ့လာမှုအရ သိရပါတယ်။ Probiotics အားဖြည့်ဆေးတွေဟာ အစာမှရရှိတဲ့ကယ်လိုရီကို စုပ်ယူမှုနည်းတာကြောင့် အဆီအနေနဲ့ စုမဝေးနိုင်ဘူး လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒီအကျိုးကျေးဇူးကိုရရှိဖို့ ကိုယ်ဝန်ဆောင်ဖို့ မလိုအပ်ပါဘူး။ သာမာန်လူတွေလည်း ရရှိနိုင်ပါတယ်။

အစာခြေစနစ်ပိုကောင်းခြင်း

Probiotic အားဖြည့်ဆေးတွေဟာ ဗိုက်ပွတာ၊ လေထိုးတာတွေကို သက်သာနိုင်တယ်လို့ ပြင်သစ်မှ လေ့လာမှု အသစ်တွေအရ သိရပါတယ်။ အချဉ်ဖောက်ထားတဲ့ နို့ကိုနေ့စဉ် သောက်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ နှစ်ပတ် အကြာမှာ ပိုပြီးအစာခြေနိုင်ကာ လေပွတာနဲ့ ဗိုက်ပွတာ သက်သာနိုင်ကြောင်း လေ့လာမှုအသိရပါတယ်။

ဓာတ်မတည့်မှုလျော့နည်းနိုင်ခြင်း

နေ့စဉ် Probiotic သောက်ထားတဲ့ ရာသီဥတုကိုလိုက်ပြီး ဓာတ်မတည့်မှုရှိသူတွေမှာ hay fever လက္ခဏာ ရစေတဲ့ Antibodies Immunoglobulin E (Ig E) အဆင့်နည်းသွားကာ၊ ဓာတ်မတည့်မှုတုံ့ပြန်တာကို ကာကွယ်ပေးတဲ့ Immunoglobulin G(Ig G) အဆင့်တွေ မြင့်တက်လာတာကို British မှသုတေသနပြုသူတွေ တွေ့ရှိခဲ့ပါတယ်။

အာယု
Credit > Original Source

ချေးငွေဖြင့် ဆင်းရဲမွဲတေမှုဖြေရှင်းနိုင်မလား


ရေးသားသူ- သတင်းအဖွဲ့

ယခုဆိုလျှင် သမ၀ါယမအသင်းအနေဖြင့် တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းချေးမည့်အစီအစဉ် စတင်နေပါပြီ။ ထို့အပြင် မှန်မှန်ကန်ကန်လုပ်ကိုင်ပြီး မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်သည့် အသင်းသားများအား ကျပ်ငါးသိန်းထိ ထုတ်ချေးပေးမည်ဟုလည်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါသည်။

အကြွေးရပါက ဆင်ကိုပင် အကောင်လိုက်ဝယ်သည်ဟု မြန်မာလူထုကြား ပြောဆိုလေ့ရှိကြသည်။ မိမိအတွက် အသုံးလိုသည်၊ မလိုသည်ကို မစဉ်းစားဘဲအကြွေးရပါက ရယူချင်သောဆန္ဒအား ဥပမာပေးပြောဆိုခြင်းဖြစ်သည်။

ယခုဆိုလျှင် သမ၀ါယမအသင်းအနေဖြင့် တစ်အိမ်ထောင်လျှင် ကျပ်တစ်သိန်းချေးမည့်အစီအစဉ် စတင်နေပါပြီ။ ထို့အပြင် မှန်မှန်ကန်ကန်လုပ်ကိုင်ပြီး မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်သည့် အသင်းသားများကို ကျပ်ငါးသိန်းထိ ထုတ်ချေးပေးမည်ဟုလည်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါသည်။

လူလေးဦးလျှင်တစ်ဦး ဆင်းရဲနေသော မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရန်ရည်ရွယ်၍ ငွေချေးခြင်းဖြစ်သည်။ ငွေချေးယူမည့်သူအနေဖြင့် မိမိယုံကြည်ရသူ အနည်းဆုံးငါးဦးပါရှိသည့်အဖွဲ့ ဖွဲ့စည်းရမည်ဖြစ်ပြီး ၀ိုင်းကြီးချုပ်စနစ်ဖြင့် ချေးပေးမည်ဖြစ်ကာ ထိုချေးငွေအတွက် အတိုးနှုန်း ၂ ကျပ် ပြား ၅၀ နှုန်း သတ်မှတ်ထားသည်။

ထိုကဲ့သို့ချေးရန်အတွက် တရုတ်နိုင်ငံမှ ပို့ကုန်သွင်းကုန်ဘဏ်မှ အမေရိကန်ဒေါ်လာသန်းတစ်ရာ ချေးယူခဲ့သည်။ ထိုချေးငွေအတွက် တရုတ်နိုင်ငံဘဏ်သို့ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

သမ၀ါယမ၀န်ကြီးဌာနက ၂၀၁၃ သြဂုတ် ၂၀ ရက်အထိ ကျေးရွာပေါင်းတစ်သောင်းကျော်သို့ ချေးငွေ ၈၁ ဘီလီယံကျပ် ထုတ်ချေးထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကပြောသည်။ ထပ်မံချေးပေးရန် သမအသင်းများတွင် ငွေကြေးနှင့် ပိုင်ဆိုင်ပစ္စည်းမရှိတော့ဟု ၀န်ကြီးကဆိုသည်။

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသရှိ ပြည်သူများ လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ၀ိုင်းကြီးချုပ်စနစ်ဖြင့် ငွေများထုတ်ချေးခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများ မကောင်းမှုများကြောင့် ချေးငွေပြန်မရသည်ကများကြောင်း ငွေချေးလုပ်ငန်းလုပ်ကိုင်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများကပြောသည်။

အထူးသဖြင့် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် သီးနှံများပျက်စီးခြင်း၊ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမတည်ငြိမ်ခြင်းတို့ကြောင့် ချေးငွေများ ပြန်လည်မပေးဆပ်နိုင်သူများရှိသည်။

“များသောအားဖြင့် ၈၀ ရာခိုင်နှုန်းလောက်က သီးနှံတွေပျက်စီးသွားလို့ ပြန်မဆပ်နိုင်တာ။ ၂၀ ရာခိုင်နှုန်းကတော့ တလွဲသုံးပစ်တာတွေရှိတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းချုပ် ဥက္ကဋ္ဌပိုင်သော ကဉ္စနကျွန်းသာကုမ္ပဏီအနေဖြင့် တောင်သူလယ်သမားများအား ကျပ်ငွေသုံးဘီလီယံကျော် ချေးခဲ့ရာမှ ၁ ဒသမ ၂ ဘီလီယံ အကြွေးကျန်နေသေးကြောင်း ဦးချစ်ခိုင်ကပြောသည်။

“ဈေးတွေရောင်းမကောင်းတော့ လူတွေက ချေးငွေထုတ်ကြတယ်။ ဈေးကထပ်ရောင်းမကောင်းတော့ အတိုးနဲ့အရင်းပါ ထပ်ပြီးမဆပ်နိုင်ကြဘဲဖြစ်နေတာ”ဟု ပက်မြန်မာမှ ချေးငွေထုတ်ယူပြီး ညောင်ဦးမြို့မဈေးအတွင်း ယွန်းထည်ရောင်းချနေသူတစ်ဦးကပြောသည်။

မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုကို ယခုဆယ်စုနှစ်အတွင်း ပိုမိုကြုံတွေ့လာရပြီး ပြီးခဲ့သည့် နိုင်ငံတကာရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန်မှု အဆိုးရွားဆုံးခံရသည့် နိုင်ငံများထဲတွင် ဒုတိယဖြစ်နေသည်။

ထို့ကြောင့် လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးသည့်ဒေသများတွင် နှစ်စဉ်ရေကြီးမှု၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုနှင့် မိုးခေါင်မှုများကြောင့် စိုက်ပျိုးသီးနှံများ နှစ်စဉ်ပျက်စီးမှုနှင့် ကြုံတွေ့နေရသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသများတွင် တရားဥပဒေစိုးမိုးမှု အားနည်းသဖြင့် ချဲဒိုင်များ၊ အရက်ပုန်းဆိုင်များနှင့် ဘောလုံးလောင်းကစားဒိုင်များမှာ နေရာအနှံ့ ပုံစံမျိုးစုံဖြင့် တည်ရှိနေကြသည်။

ထိုကဲ့သို့သော အခြေအနေမျိုးရှိနေမှုများကြောင့် သမ၀ါယမ၀န်ကြီးဌာနမှ တရုတ်နိုင်ငံမှ တစ်နှစ်လျှင် ၄ ဒသမ ၅ ရာခိုင်နှုန်းအတိုးဖြင့် ငွေချေးပြီး ကျေးလက်နေပြည်သူများအား ငွေပြန်ထုတ်ချေးမည့်အပေါ် စိုးရိမ်မှုများရှိနေကြသည်။

မြန်မာနိုင်ငံတွင် ၀ိုင်းကြီးချုပ်စနစ်ဖြင့် ချေးငွေထုတ်ချေးသည့်လုပ်ငန်းမှာ လက်တွေ့ပိုင်းတွင် အောင်မြင်မှုနည်းပါးနေသည့် အခြေအနေတွင်ရှိနေသဖြင့် တရုတ်နိုင်ငံမှချေးငွေယူပြီး ထပ်ဆင့်ချေးငှားခြင်းသည် နိုင်ငံအတွက် အတိုးပိစေသည့်အတွက် မလုပ်ဆောင်သင့်ကြောင်း အဖွဲ့အစည်းအချို့ကအကြံပြုကြသည်။

“အတိုးနှုန်းများတယ်။ မကိုက်တဲ့ငွေကြေးအရင်းအနှီးဖြစ်နေတော့ တိုင်းပြည်အတွက် အတိုးပိနိုင်တဲ့စနစ်ကို အစိုးရအနေနဲ့ မကျင့်သုံးသင့်ဘူး။ နဂိုကတည်းကတောင် အစိုးရမှာ အကြွေးတွေရှိနေတာ မလုပ်သင့်ဘူး”ဟု လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ပေါင်းကူးလူမှုအဖွဲ့အစည်းမှ ဒါရိုက်တာဦးကျော်သူကပြောသည်။

သို့သော် တရုတ်နိုင်ငံမှ ချေးယူမည့်ငွေ၏ အတိုးနှုန်းမှာ နိုင်ငံတကာနှင့်နှိုင်းယှဉ်ပါက နည်းပါးကြောင်း ကျေးလက်ဒေသများတွင် အသေးစားချေးငွေလုပ်ငန်း လုပ်ကိုင်နေသော Pact Myanmar မှ အထွေထွေမန်နေဂျာ ဦးမောင်မောင်ကပြောသည်။

ချေးငွေများကြောင့် နိုင်ငံတကာတွင် စီးပွားရေးပိုမိုကျပ်တည်းသွားသော နိုင်ငံများရှိခဲ့ပြီး ဥပမာပြရမည်ဆိုပါက ဂရိနိုင်ငံဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံမှာမူ စနစ်တကျစီမံခန့်ခွဲခဲ့သဖြင့် ချေးငွေများကြောင့် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးခဲ့သည်။

“သမအဖွဲ့အစည်းဆိုတာက လူတန်းစားအကုန်မပါတဲ့အတွက် ဒါကိုပြန်စဉ်းစားရမယ်။ အဓိကအရေးကြီးတာက စီမံခန့်ခွဲမှုပေါ်မူတည်တယ်”ဟု တရုတ်နိုင်ငံမှ အတိုးနှုန်းဖြင့် ငွေချေး၍ သမ၀ါယမမှ ငွေပြန်ချေးမည့်အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းကပြောသည်။

တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးရန်အတွက် ဘီလီယံတစ်ထောင်ခန့်ချေးရပြီး ထိုပမာဏမှာ လုံလောက်မှုမရှိဘဲ လုံလောက်အောင်ချေးပါက နောက်ထပ်ဘီလီယံတစ်ထောင်ခန့် ထပ်မံလိုအပ်ပြီး ကျန်ရှိနေသော အခြေခံလူတန်းစားများအတွက် ယခုချေးငွေသည် ဆင့်ပါးစပ်နှမ်းပက်သည့် ပမာဏသာရှိသည်ဟု ထောက်ပြပြောဆိုသူများလည်းရှိသည်။

သမ၀ါယမ၀န်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအား ချေးရာတွင် ဆုံးရှုံးမှုမရှိစေရန်နှင့် တောင်သူများ စုငွေရရှိရန်အတွက် ချေးငွေပေါ်မှ ၁၀ ရာခိုင်နှုန်းအား စုငွေအဖြစ်ထားရှိမည်ဖြစ်ပြီး ထိုစုငွေအပေါ်တွင် အတိုးနှုန်းသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သမ၀ါယမ၀န်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောသည်။

ဝန်ကြီးဌာနအနေဖြင့် တစ်ကြိမ်လျှင် ကျပ်ငွေတစ်သိန်း ချေးပေးမည်ဖြစ်ပြီး တစ်နှစ်လျှင်နှစ်ကြိမ်ချေးသွားရန် စီစဉ်ထားကာ ယခုနှစ်တွင် စတင်ချေးမည်ဖြစ်သည်။

ငွေချေးရာတွင်လည်း သမ၀ါယမအသင်းဝင်များကိုသာ ချေးမည်ဖြစ်ပြီး အသင်းဝင်လိုသူများအနေဖြင့် ကျေးရွာရပ်ကွက်များတွင်ရှိသော သမ၀ါယမအသင်းများတွင် တစ်စုလျှင် ကျပ်ငါးထောင်သွင်း၍ အသင်းဝင်နိုင်မည်ဖြစ်သည်။

“ချေးငွေပေးတယ်ဆိုတာ ကျေးလက်နေပြည်သူအတွက် ကောင်းပါတယ်။ အတိတ်ကာလမှာဆိုရင် အမတော်ကြေးဆိုပြီးအမည်နဲ့ပေးခဲ့တာ ဒီဘက်ခေတ်မှာ မအောင်မြင်တာ။ ချေးငွေရယူသူတွေရဲ့ Mindset (စိတ်ထား) မပြောင်းနိုင်တာနဲ့ လုပ်တာကိုင်တာတွေလည်း အပေါ်ကခိုင်းတဲ့အတိုင်း လုပ်ကြလို့”ဟု စီးပွားရေးပညာရှင်ဦးလှမောင်က ပြောသည်။

လက်ရှိတွင် ကျေးလက်နေပြည်သူများအနေဖြင့်လည်း ငွေကြေးအရင်းအနှီး လိုအပ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ စိုက်ပျိုးရေးဆိုင်ရာ ငွေကြေးကဏ္ဍတွင် အခွင့်အလမ်းအနည်းဆုံးဖြစ်ပြီး ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၃၆ ရာခိုင်နှုန်းနှင့် နိုင်ငံလုပ်သားအင်အား၏ သုံးပုံတစ်ပုံခန့်ကို စိုက်ပျိုးရေးကဏ္ဍက ပံ့ပိုးပေးထားသော်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် ချေးငွေများကဏ္ဍအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်သာရှိသည်ဟု မီချီဂန်တက္ကသိုလ် စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကပြုစုသည့် စာတမ်းတွင် ဖော်ပြထားသည်။

ထိုနည်းတူ အခြေခံအဆောက်အအုံများဖြစ်သော လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး၊ သတင်းအချက်အလက်များ ရောက်ရှိရေးတို့အတွက် လိုအပ်ချက်များစွာရှိနေသည်။

ထို့အပြင် လယ်ယာထွက်ကုန်သီးနှံများ၏ ဈေးနှုန်းများမှာလည်း စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ ဈေးကစားကွက်ပေါ်တွင်သာ များစွာမူတည်နေပြီး တရားဥပဒေစိုးမိုးရေးမှာလည်း ကျေးလက်ဒေသတွင် မရှိသလောက်ရှိနေသည့် အနေအထားဖြစ်သည်။ ထိုအခြေအနေမျိုးတွင် မြန်မာနိုင်ငံသမိုင်းကြောင်းတွင် နာမည်ပျက်ရှိခဲ့သော သမ၀ါယမအနေဖြင့် တရုတ်နိုင်ငံမှ အတိုးနှုန်းဖြင့်ငွေချေး၍ ကျေးလက်နေပြည်သူများအား တစ်ဆင့်ပြန်လည်ချေးပေးမည့် လုပ်ငန်းစဉ်သည် စဉ်းစားချင့်ချိန်စရာလုပ်ရပ်ဖြစ်သည်ဟု ပညာရှင်များက ထောက်ပြပြောဆိုကြသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
7Day News Journal

အာဏာရှင်များ၏ လူမဆန်မှုကြောင့် ကြွေလွင့်ခဲ့ရသည့် ထားဝယ်နယ်မှ ကရင်မိန်းမပျိုလေးတဦး


နော်သင်းစု
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပြောက်ကျေးရွာဇာတိ ဖြစ်သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် အဖမ်းခံရသည်၊
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၂၇) နှစ် ရှိပြီဖြစ်သည်။

နိုင်ငံရေးနောက်ခံ၊ ၊ ကရင်တိုင်းရင်းသူတဦးဖြစ်သော နော်သင်းစုသည် တနင်္သာရီတိုင်း။ သရက်ချောင်းမြို့နယ်၊ တောင်ပြောက်ကျေးရွာ ဇာတိဖြစ်သည်၊ မိဘများမှာ စောသီးဆွေ၊ နော်တင်စီတို့ ဖြစ်သည်။

တနင်္သာရီတိုင်းတွင် အခြေစိုက်လှုပ်ရှားသော မြိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦး. အဖွဲ့ဝင်တဦးဖြစ်သည်၊ ၁၉၉၇ ခုနှစ်။ စက်တင်ဘာလ (၁၆) ရက်နေ့။ နံနက် (၆းဝဝ) နာရီခန့်တွင် နော်သင်းစု၊ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး (၃) ဦး။ တလသားအရွယ်ကလေးငယ် (၁) ဦး တို့သည် သရက်ချောင်းမြို့နယ်၊ ရေပူရွာအနီးတွင် စစ်အစိုးရတပ်မှ စစ်ကြောင်းတခုနှင့် ရင်ဆိုင်တိုးခဲ့ရသည်၊ ထိုစစ်ကြောင်းသည် အမှတ် (၂၆၇) ခြေလျင်တပ်ရင်း။ တပ်ခွဲ (၂) မှ တပ်ခွဲမှူး ဗိုလ်ကြီးကျော်သူ ဦးစီးသော စစ်ကြောင်းဖြစ်ပြီး နော်သင်းစုတို့ကို ဖမ်းဆီးခဲ့သည်။

ညနေ (၄းဝဝ) နာရီခန့်တွင် စစ်ကြောင်းသည် ဖမ်းဆီးထားသူများကို ခေါ်ဆောင်ပြီး ဆက်လက် ထွက်ခွာခဲ့ရာ ကျွဲခြံရွာသို့ ည (၆းဝဝ) နာရီခန့်တွင် ရောက်ရှိပြီး ချွှေစခန်းချကြသည်၊ ဗိုလ်ကြီးကျော်သူက ကျွဲခြံရွာကျေးရွာ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ရဝတ) ဥက္ကဌ ဦးမောင်လွင်အိမ်တွင် လည်းကောင်း။ အခြားစစ်သားများက ရွာအတွင်းရှိ အိမ် (၇) လုံးတွင် လည်းကောင်း အသီးသီး စခန်းချနေထိုင်ကြသည်၊ ဖမ်းဆီးခံရသူများကို ဦးအုန်းညွန့် ဆိုသူ အိမ်တွင် ချုပ်နှောင်ထားသည်။

ည (၉းဝဝ) နာရီခန့်တွင် ဒုဗိုလ်ခင်မောင်ဇော်က နော်သင်းစုကို စစ်ဆေးမည်ဟုဆိုကာ ခေါ်ယူသွားသည်၊ ထို့နောက် နှစ်ကြိမ်တိတိ မုဒိမ်းကျင့်ပြီး နံနက် (၃းဝဝ) နာရီခန့်တွင် ချုပ်နှောင်ထားသည့် အိမ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်၊ စစ်ဆေးမေးမြန်း။ မုဒိမ်းကျင့်သည့်နေရာမှာ ရဝတအဖွဲ့ဝင် ဦးသိန်းရွှေ နေအိမ်တွင်ဖြစ်သည်။

နောက်တနေ့ ည (၁ဝးဝဝ) နာရီခန့်တွင် ထပ်မံခေါ်ယူပြီး တစ်ကြိမ်မုဒိမ်းကျင့်ကာ ည (၁၁းဝဝ) နာရီခန့်တွင် ပြန်လည်ပို့ဆောင်ခဲ့သည်။ (ဖမ်းဆီးခံရသူတဦးဖြစ်သော မအေးမူသည်လည်း မုဒိမ်းကျင့်ခံခဲ့ရပြီး နောက်ဆုံးတွင် အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည်၊)
နောက်ဆုံးတွင် နော်သင်းစုတို့သည် ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ခံခဲ့ရသည်၊
ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခြင်း ခံခဲ့ရသည်၊

(သေဆုံးပုံ - ဖမ်းဆီးစစ်ဆေးခံရသည့်အချိန်တွင်သာမက ထားဝယ်အကျဉ်းထောင်တွင်လည်း နည်းအမျိုးမျိုးဖြင့် နှိပ်စက်ညဉ်းပန်း ခံခဲ့ရသည်၊ ထို့ကြောင့် ၁၉၉၈ ခုနှစ်။ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့တွင် သေဆုံးသွားခဲ့သည်။ အာဏာပိုင်များက နော်သင်းစုသည် ကျန်းမာရေးမကောင်းသဖြင့် သေဆုံးခဲ့သည်ဟု သတင်းလွှင့်ခဲ့သည်)

မှတ်ချက်၊ ၊
၁) အကျဉ်းထောင်အာဏာပိုင်များက နော်သင်းစုကွယ်လွန်သည့်အကြောင်းကို မိသားစုသို့ အသိပေး အကြောင်းကြားခြင်း မရှိခဲ့ပါ၊
၂) တပ်ခွဲမှူး ဗိုလ်ကြီးကျော်သူသည် ယခုအခါ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မ (၄၄) တွင် တာဝန်ကျနေသည်၊
၃) ဒုဗိုလ်ခင်မောင်ဇော်သည် ယခုအခါ အမှတ် (၁ဝ၄) ခြေလျင်တပ်ရင်းတွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုတပ်ရင်းမှူးအဖြစ် တာဝန်ကျနေသည်။

(ရှစ်စက္ကန့်ငြိမ် - ၂၀၀၅ ခုနှစ်ထုတ်စာအုပ်)
ထားဝယ်လူငယ်အစည်းအရုံး - TYO

အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် လာအိုအား မြန်မာအသင်းဂိုးပြတ်သွင်းယူ


ညီမိုဃ်း ၊ ရန်ကုန်၊ စက်တင်ဘာ(၁၀)
မြန် မာအသင်းဟာ သူတို့ရဲ့ပွဲဦးထွက် ပွဲဖြစ်ပေမယ့် အဓိကကစားသ မားအချို့ကို အနားပေးထားခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် စန်း စန်းမော်က ဦးဆောင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ပွဲစက တည်းက လာအိုအသင်းဘက်ကို တစ်ဖက်သတ်ဖိအားပေးကစား ခဲ့ပေမယ့် တိုက်စစ်မှူးတွေနား လည်မှုလွဲနေခဲ့တာကြောင့် ပွဲချိန် အစောပိုင်းမှာ ဂိုးမရခဲ့ပါဘူး။ မြန် မာအသင်းတိုက်စစ်မှူး ရီရီဦးဟာ ပထမပိုင်းမှာ အခွင့်အရေးတွေရ ရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာ ကြောင့် မြန်မာတို့အဖွင့်ဂိုးနဲ့ဝေး ခဲ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၃၁ မိနစ်မှာတော့ မြန်မာအသင်း ပင် နယ်တီရရှိခဲ့ပြီး အသင်းခေါင်း ဆောင်စန်းစန်းမော်က အမှားအ ယွင်းမရှိကန်သွင်းပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း လာ အိုအသင်းအနေနဲ့ မြန်မာတိုက်စစ် ကိုသာခုခံနေခဲ့ရပြီး လူစားဝင် ကစား သမား ခင်မာလာထွန်းက ၅၃မိနစ်မှာ ဒုတိယဂိုးသွင်းယူ ပေးခဲ့ပါတယ်။ မြန်မာအသင်းအ တွက် တတိယဂိုးကို ရီရီဦးက မာ ဂရက်မေရီရဲ့ပေးပို့မှုကနေ သွင်း ယူခဲ့တာဖြစ်ပြီး လက်ကျန်နှစ်ဂိုး ကိုတော့ ခင်မိုးဝေက ၇၉မိနစ်နဲ့ ၈၂မိနစ်တွေမှာ ခေါင်းတိုက်သွင်း ယူခဲ့လို့ မြန်မာအသင်း(၅-၀)ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ပွဲအပြီးပြောစကား

''ကျွန်တော်တို့အသင်းဟာ မြန်မာအသင်းနဲ့ယှဉ်ရင် အတွေ့ အကြုံပိုင်းအားနည်းပါတယ်။ ကစားသမားတွေက အကောင်း ဆုံးကစားခဲ့ပါတယ်။ မြန်မာအသင်းက နည်းပြကောင်းတစ် ယောက်အပြင် ကစားသမားကောင်းတွေပါပိုင်ဆိုင်ထားတဲ့အ သင်းပါ'' ကိုင်ဟိုမား(လာအိုနည်းပြ)

''ပထမပိုင်းမှာ မျှော်လင့်ထားတဲ့အတိုင်း မကစားနိုင်ခဲ့တာ ကိုတော့ ကျေနပ်မှုမရှိပါဘူး။ ဒုတိယပိုင်းမှာတော့ ကစားပုံကောင်း ခဲ့ပေမယ့် ပြိုင်ဘက်အသင်းပင်ပန်းနေတဲ့အချိန်မှာ ကောင်းလာ တာဖြစ်လို့ နောက်ပွဲတွေမှာ သေချာပြင်ဆင်သွားမှာပါ။ ဖိုင်နယ် အထိရောက်ရှိမယ်လို့ မျှော်လင့်ထားပါတယ်'' ကုမာဒါ(မြန်မာအသင်းနည်းပြ)
Yangon Media Group

မြန်မာပိုက်ဆံ ၅ ပြားစေ့နဲ့ ကံကောင်းနေတဲ့ ကပ္ပတိန် ဂျက်စပဲရိုး


နာမည်ကြီး ပင်လယ်ဓားပြ သဘာဝ နယ်လွန် ရုပ်ရှင်ဇာတ်ကား ဖြစ်တဲ့ Pirate of the Carribean ဆိုတာ ကို ပြော လိုက်ရင် ဇာတ်လိုက် ကျော်ကြီး ကပ္ပတိန် ဂျက်စပဲရိုး( မင်းသား ဂျော်နီဒက်ဖ်) ကို ချက်ချင်း မျက်စေ့တဲ့ တန်းမြင်ကြ မှာပါ။

ဓာတ်ပုံများ- pirates.wikia.com/wiki/

သူဟာ ကမ္ဘာပေါ်မှာ ဆန့်ကျင်ဘက်လိင်တွေကို ဆွဲဆောင်မှု အရှိဆုံး အမျိုးသားရယ်လို့လည်း သိထားကြတာပါ။

သူ့ရဲ့ ပင်လယ်ဓားပြ သရုပ်ဆောင်ချက်တွေနဲ့ အတူ သူ့အသုံးအဆောင်၊ သူ့စတိုင်တွေက ကမ္ဘာအနှံ ပျံ့နှံ့ လွှမ်းမိုးခဲ့တာ လည်း ငြင်းမရပါဘူး။

တကယ်တော့ ကပ္ပတိန်ဂျက်စပဲရိုး အခုလို ကမ္ဘာကျော် စန်းထ ကံကောင်းရတာက မြန်မာ့ကျေးဇူးကြောင့်ပါ။

သူ့ရဲ့ ဇာတ်လမ်းထဲမှာ ကံကောင်းခြင်း အဆောင် အဖြစ် သူ့ ဦးခေါင်းထက်မှာ အမြတ်တနိုး ထားတာပါ။ အဲဒီ အမြတ်တနိုး သူ့ရဲ့ အဲဒီပစ္စည်းလေးကို ပစ္စည်း ၈ မျိုးပါလို့ Jack Sparrow's piece of eight လို့ အမည်ပေးထားပါတယ်။

ကပ္ပတိန် ဂျက်စပဲရိုးက အဲဒီ အဆောင်လေးကို သူ ပထမဆုံး ပြင်သစ် ဓားပြတိုက်လို့ ရထားတဲ့ ပစ္စည်း ၂ မျိုး ရှိပါ တယ်။ တမျိုးက Moroccan ခေါ် အာရပ်နွယ် လူမျိုးတွေရှိတဲ့ မော်ရိုကိုက ကျောက်ပုတီးစေ့လေး
တွေ နဲ့ နောက်တ မျိုးက Siamese Coin ဆိုတဲ့ ထိုင်းနိုင်ငံက ရှေးဟောင်း ဒင်္ဂါးပြားဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီကံကောင်းခြင်း အဆောင်ပစ္စည်းလေးဟာ The Curse of the Black Pearl ဆိုပြီး ပုလဲနက် တစ္ဆေသင်္ဘောရဲ့ ကျိန်စာမိ ပစ္စည်းလို့ ပထမဆုံး သိလာခဲ့ရတာပါ။

အဲဒီ အရောင်စုံ ကျောက် ပုတီးစေ့တွေနဲ့ သီထားတဲ့ ပုတီးလေးမှာ ရှေးဟောင်း ဒင်္ဂါးပြား တခု ချိတ်ဆွဲ ထားပြီး ကံ ကောင်းခြင်း အဆောင်အဖြစ် သူက ဆောင်ထားတာပါ။

 သူ့ရဲ့ အဆောင် မြန်မာ ၅ ပြား စေ့နဲ့ ကျောက်ပုတီဆိုတာဟာ သူ့အတွက် ဘုန်းကံမြင့်ပြီး ရှင်သန်ခြင်း၊ ကံကောင်းခြင်း တွေ ရှိတာကြောင့် ရန်သူတော်တွေကလည်း အဲဒီအဆောင်ကို တစ္ဆေသင်္ဘောက ကပ္ပတိန် ကလည်း လောင်းကြေး ကို အဲဒီ အဆောင်ကိုလိုချင်လို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါပေမယ့် နောက်ဆုံးတော့ ကပ္ပတိန် ဂျက်စပဲရိုးလည်း Hector Barbossa ရဲ့ လက်ချက်နဲ့ သူ့အဆောင်
လေး လက်လွှတ်ဆုံးရုံးသွား ချိန်မှာတော့ သူ့ဘ၀ လည်း စုတ်ပြတ်သတ်သွားတော့တာပါ။

သူယုံကြည်တဲ့ ကံကောင်းခြင်း အဆောင်လေးဆိုတဲ့ ပစ္စည်းက ဒင်္ဂါး ဆိုတာကို သေချာ ကြည့်ပါ။ ဇာတ်လမ်း အရ တော့ Siamese Coin ( ထိုင်းနိုင်ငံက ရှေးဟောင်း အကြွေစေ့) လို့ ဆိုထားပေမယ့် တကယ်က မြန်မာနိုင်ငံက ထုတ်ထား တဲ့ ၅ ပြားစေ့ ခြင်္သေ့တံဆိပ် အကြွေစေ့လေးပါ။
၁၉၆၂ ခုနှစ်လောက် က ထုတ်လုပ်ထားတဲ့ ခြင်္သေ့တံဆိပ်နဲ့ ငါးပြား တန် အလေးစေ့ လေးဖြစ်ပါတယ်။





နောက်ဆုံးတော့လည်း ကပ္ပတိန် ဂျက်စပဲရိုးဟာ မြန်မာ့ ငါးပြားစေ့နဲ့ ကံကောင်းနေတာဆိုတော့ မြန်မာ့ အကြွေစေ့က ကမ္ဘာကျော် ပင်လယ်ဓားပြ ဇာတ်ကားကြီးရဲ့ တကယ့် ဇာတ်ဝင်ခန်း ပစ္စည်း ဖြစ်နေပါတော့တယ်။

အိမ့်သံစဉ် ~ 

iPhone 5S


မနေ့ညက ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Apple က iPhone 5S ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။ iPhone 5S မှာ camera feature တွေ ပိုမိုပါဝင်လာပြီး processor ကိုလည်း အဆင့်မြှင့်ပေးထားပါတယ်။ ဒါ့အပြင် ရွှေရောင်နဲ့ပါ ရရှိနိုင်မှာဖြစ်တဲ့အတွက် Apple ပရိသတ်တွေကို ကျေနပ်မှု ရှိစေမှာပါ။

iPhone 5 ကို 16GB, 32GB နဲ့ 64GB ဆိုပြီး model သုံးမျိုးနဲ့ ရောင်းချမှာဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ မီးခိုးရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင် သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။

iPhone 5S မှာပါဝင်လာတဲ့ feature သစ်ကတော့ Touch ID လို့ခေါ်တဲ့ လုံခြုံရေးစနစ်ဖြစ်ပါတယ်။ ၎င်းဟာ home button မှာ ထည့်သွင်းထားတဲ့ capacity sensor တစ်ခုဖြစ်ပြီး အသုံးပြုသူရဲ့ လက်ဗွေကို laser-cut sapphire crystal နဲ stainless steel detection ring တို့ကို အသုံးပြုကာ စစ်ဆေးပေးပါတယ်။

5S မှာ 8-megapixel camera ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် f/2.2 aperture, burst mode shooting နဲ့ image stabilization တို့လို အသုံးတည့်စေမယ့် feature တွေ ပါဝင်လာပါတယ်။ ဒါအပြင် အလင်းပေါ်မူတည်ပြီး camera flash ကို ချိန်ညှိပေးမယ့် True Tone လည်း ပါဝင်လာပါတယ်။

Processor အနေနဲ့ iPhone 5 ထက် ၂ ဆပိုမြန်တဲ့ 64-bit A7 processor ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် M7 motion co-processor ကိုပါ အသုံးပြုထားပါတယ်။

Front-facing camera ကတော့ 1.2-megapixel camera ဖြစ်ပြီး 1,280x950 pixel resolution ဓာတ်ပုံတွေနဲ့ 720p HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

ဒီဇိုင်းအနေနဲ့ကတော့ iPhone 5 နဲ့ 5S ဟာ အလွန်ကွဲပြားခြင်း မရှိပါဘူး။ Lighting connector, 3.5mm နားကြပ်ပေါက်နဲ့ စပီကာ နှစ်ခု တို့ကို ဖုန်းရဲ့ အောက်ခြေမှာ ယခင်အတိုင်း တွေ့မြင်နိုင်ပါတယ်။

အရွယ်အစားကတော့ အမြင့် ၄.၈၇ လက်မ၊ အကျယ် ၂.၃၁ လက်မနဲ့ အထူက ၀.၃၀ လက်မဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃.၉၅ အောင်စ ပါ။

iPhone 5S မှာ ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးထားပါတယ်။ Standby အနေနဲ့သုံးရင် ၁၀ ရက်အကြာ သုံးနိုင်ပြီး 3G သုံးရင် ၁၀ နာရီအကြာ သုံးနိုင်ပါတယ်။ 4G LTE, Wi-Fi နဲ့ အင်တာနက်သုံးတဲ့အခါ ၁၀ နာရီသုံးနိုင်ပါတယ်။ ဗီဒီယိုကိုလည်း ၁၀ နာရီအကြာ မနားတမ်းကြည့်နိုင်ပါတယ်။

iPhone 5S ကို စက်တင်ဘာလ ၂၀ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ နှစ်နှစ်စာချုပ် တန်ဖိုးကတော့ 16GB အတွက် $199, 32GB အတွက် $299 နဲ့ 64GB အတွက် $399 ဖြစ်ပါတယ်။

Ref: CNET
Reference and Credit to -အင်တာနက်ဂျာနယ်


၉၆၉ကို ငြင်းပယ်တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့ချုပ် သေနတ်ထောက်ပြီး ဖွဲ့ထားတဲ့အဖွဲ့ဟု ဦးဝီရသူ တုံ့ပြန်




သဘောထားတင်းမာသည့် မွတ်ဆလင်များ ကန့်ကွက်သော်လည်း အင်ဒိုနီးရှား မယ်ကမ္ဘာပြိုင်ပွဲ စတင်


ဘာလီ၊ အင်ဒိုနီးရှား၊ စက်တင်ဘာ ၉

အစ္စလာမ်ဘာသာဝင် အများစု နေထိုင်လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံတွင် သဘောထား တင်းမာသည့် မူဆလင်များက အပြင်းအထန် ကန့်ကွက်လျက် ရှိသော်လည်း မယ်ကမ္ဘာပြိုင်ပွဲကို အောင်အောင်မြင်မြင် စတင်ဖွင့်လှစ်နိုင်ခဲ့သည်ဟု AFP သတင်းဌာနတွင် ဖော်ပြထားသည်။

(၆၃) ကြိမ်မြောက် မယ်ကမ္ဘာပြိုင်ပွဲကို စက်တင်ဘာလ ၈ ရက်နေ့က ဟိန္ဒူဘာသာဝင် အများစု နေထိုင်သော ဘာလီကျွန်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် သဘောထားတင်းမာသည့် အစ္စလာမ်ဘာသာဝင် များက ပြိုင်ပွဲစတင် မကျင်းပမီ ရက်ပိုင်းအလိုအထိ အပြင်းအထန် ကန့်ကွက်ဆန္ဒပြနေ၍ အင်ဒိုနီးရှား အာဏာပိုင်များက မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပနေသည့် ဘာလီကျွန်းကို လုံခြုံရေး အထူးတင်းကျပ်စွာ ချထားခဲ့ရသည်။

မယ်ကမ္ဘာပြိုင်ပွဲကို ရုပ်မြင်သံကြားမှ တာဝန်ယူထုတ်လွှင့်ပေးသော အင်ဒိုနီးရှား မီဒီယာကုမ္ပဏီ တစ်ခုဖြစ်သည့် MNC မီဒီယာမှ တာဝန်ရှိသူတစ်ဦးက မယ်ကမ္ဘာ ပြိုင်ပွဲက အင်ဒိုနီးရှားနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ပွဲစီစဉ်သူများက မျှော်လင့်ထားကြကြောင်း ပြောကြားခဲ့ သော်လည်း ဆန္ဒပြပွဲများ အရှိန်အဟုန်နှင့် ဖြစ်ပွားခဲ့ခြင်းက အိမ်ရှင်နိုင်ငံအတွက် မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။

ပြီးခဲ့သော ရက်သတ္တတစ်ပတ် အတွင်းက နိုင်ငံအနှံ့အပြားမှ သဘောထားတင်းမာသည့် အစ္စလာမ်ဘာသာဝင် အများအပြားသည် မယ်ကမ္ဘာပြိုင်ပွဲကို ညစ်ညမ်းသည့် ပြိုင်ပွဲအဖြစ် စွပ်စွဲရှုတ်ချ ဆန္ဒပြခဲ့ကြပြီး ပွဲစီစဉ်သူများ၏ ရုပ်ပုံများကိုလည်း မီးရှို့ ခဲ့ကြသည်။

မယ်ကမ္ဘာပြိုင်ပွဲကို ရှုတ်ချကန့်ကွက် သူများထဲတွင် အင်ဒိုနီးရှားနိုင်ငံ၏ သြဇာ အရှိဆုံး မွတ်ဆလင်ဘာသာရေးခေါင်းဆောင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးပင် ပါဝင်ခဲ့သည်။
သဘောထား တင်းမာသည့် အစ္စလာမ်ဘာသာဝင်များနှင့် ထိပ်တိုက် မတွေ့စေရန် အတွက် မယ်ကမ္ဘာပြိုင်ပွဲ စီစဉ်သူများက ယခုနှစ်ပြိုင်ပွဲတွင် ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်ရသည့် ပွဲစဉ်ပါဝင်မည် မဟုတ်ကြောင်း လွန်ခဲ့သော တစ်လ ကတည်းက ကတိပြု ပြောကြားထားသော်လည်း ကန့်ကွက်ဆန္ဒပြမှုများကို ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် အင်ဒိုနီးရှားအစိုးရသည် နောက်ဆုံးအဆင့် ပွဲစဉ်များကို မြို့တော် ဂျကာတာတွင် ကျင်းပလိုသော ပွဲစီစဉ်သူများ၏ ဆန္ဒကို ဆန့်ကျင်ပြီး ပွဲစဉ်အားလုံးကို ဘာလီကျွန်းတွင်သာ ကျင်းပရန် ဆုံးဖြတ်ခဲ့ရသည်။

ယခင်က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း ဘာလီကမန်းသည် ဘာသာရေး အစွန်းရောက်များ၏ လွှမ်းမိုးမှုမှ လွတ်ကင်းပြီး ဒေသခံများမှာလည်း ရေကူးဝတ်စုံနှင့် နိုင်ငံခြားသားများကို မြင်ဖူး၊ တွေ့ဖူးနေကြဖြစ်သဖြင့် အင်ဒိုနီးရှား အစိုးရက ထိုနေရာကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယမန်နှစ်ကလည်း ကမ္ဘာကျော် ပေါ့ပ်အဆိုတော် လေဒီဂါဂါတေးဂီတ ဖျော်ဖြေပွဲမှာ အင်ဒိုနီးရှားနိုင်ငံ သဘော ထားတင်းမာသည့် အစ္စလာမ်ဘာသာဝင် များ၏ကန့်ကွက်မှုများကြောင့် ဖျက်သိမ်း ခဲ့ရသည်။

သဘောထားတင်းမာသည့် အစ္စလာမ်ဘာသာဝင်များက အတွင်းခံသာ ဝတ်ပြီး ဖျော်ဖြေလေ့ရှိသည့် လေဒီဂါဂါကို မိစ္ဆာမဟု စွပ်စွဲရှုတ်ချခဲ့ကြပြီး ဖျော်ဖြေပွဲ ကျင်းပလျှင် ကျင်းပသည့်နေရာကို မီးရှို့ပစ် မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။
The Voice Weekly

အမည်းစက်နဲ့ အမာရွတ်တွေ ပျောက်ကင်းပြီး ချောမွေ့လှပတဲ့မျက်နှာလေး ဖြစ်စေတဲ့ နည်းလမ်းကောင်း


မျက်နှာပြင်ပေါ်မှ အမာရွတ်များ ပျောက်စေရန်
(၁) သံပရာရည်ဖြင့် အမာရွတ်ပေါ် ကို (၁၅)မိနစ်ခန့် တစ်နေ့လျှင် (၂) ကြိမ် လိမ်းပေးပါ။
(၂) ရေခဲတုံးနှင့်အမာရွတ်ကို နေ့စဉ် (၁၅)မိနစ်ပွတ်ပေးပါ။
(၃)ရှားစောင်းလက်ပတ်မှ အစေးကို လိမ်းပေးခြင်းဖြင့်
ရေရှည်မပျောက် နိုင်သောအမာရွတ်ကို တဖြည်း ဖြည်းမှေးမှိန်လာစေသည်။
(၄) Tree Tea Oil ကို အရေပြား ပေါ်တွင် နေ့စဉ်လိမ်းပေးပါ။ တစ် ခါလိမ်းပြီးတိုင်း မိနစ်(၃၀)ထားပါ။ အမာရွတ်ကို သိသာစွာလျော့ပါး သွားစေသည်။
(၅)အမာရွတ်မှ အမည်းကွက်သဏ္ဍာန်ကျန်ခဲ့လျှင် ပျားရည်ကို ည မအိပ် မီ လိမ်းပါ။ အပေါ်မှ ပလပ်စတာ ကပ်ပါ။
(၆)နံ့သာဖြူကို ရေအေးဖြင့် လိမ်းပေးလျှင် အေးမြပြီး အမာရွတ် ကို ပျောက်စေသည်။
(၇)ဗံဒါသီး(၂)လုံး(၃)လုံးကို ရေတွင် စိမ်ပါ။ နံနက်တွင် အခွံခွာ၍ ခြေပါ ။ Rose Water နှင့်ရော၍ မျက်နှာ ပေါ်တွင် လိမ်းပေးခြင်းသည်လည်း အမာရွတ်ကို လျော့ပါးစေသည်။
(၈)အာလူးတွင် မင်နရယ် ဓာတ်များဖြစ်သည့်ပိုတက်စီယမ်၊ ဆာလ်ဖာတို့ပါဝင်သဖြင့် အာလူးစိမ့် ရည်ကို မျက်နှာတွင် လိမ်းပေးခြင်း ဖြင့် အမာရွတ်ကို သက်သာသွားစေ သည်။

Credit to - Myawady News

အိန္ဒိယ ဘာသာရေးအဓိကရုဏ်းကြောင့် လူ ၂၃ ဦးသေဆုံး၊ စစ်တပ်က ထိန်းချုပ်ထား


နယူးဒေလီ၊ စက်တင်ဘာ ၉

အိန္ဒိယနိုင်ငံတွင် လူဦးရေအများဆုံး ပြည်နယ် အူထရာပရာဒက်ရှ်တွင် ဘာသာရေးကို အခြေခံသောအုပ်စုဖွဲ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့လေရာ လူ ၂၃ ဦး သေဆုံးခဲ့ရပြီး နယ်မြေတည်ငြိမ်ရေး အတွက် အိန္ဒိယ စစ်တပ်က အဆိုပါဒေသကို ဝင်ရောက် တပ်စွဲကာ ထိန်းချုပ်ထားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဓိကရုဏ်း အပြင်းထန်ဆုံး ဖြစ်သည့် မူဇက်ဖ်မာနာဂါခရိုင်တွင် ပြည်သူများက ရဲစခန်းအတွင်းတွင် ဝင်ရောက်နေထိုင်ရလျက် ရှိနေသည်။

"နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ၂၃ ဦး သေဆုံးထားပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အမည်မဖော်ပြဘဲ AFP ကို အတည်ပြု ပြောကြားထားသည်။
"အခု တပ်မတော်လည်း ရောက်ရှိလာပြီမို့ အားလုံး ငြိမ်သက်သွားပါပြီ" ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

စစ်သည်အင်အား ရှစ်ရာခန့်ဖြင့် နယ်မြေတည်ငြိမ်ရေးကို စောင့်ကြပ်နေလျက်ရှိကြောင်း NDTV အိန္ဒိယပြည်တွင်း ရုပ်သံလိုင်းက ထုတ်လွှင့်ဖော်ပြသွားသည်။

အမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ ထိပါးခံရခြင်းကို ထုတ်ဖော်ပြောကြား ဖွင့်ချသော ဟိန္ဒူအမျိုးသားသုံးဦး အသတ်ခံရသည့်ဖြစ်စဉ် ပြီးနောက် ထိုကိစ္စကိုတရား မျှတစွာ ဖြေရှင်းပေးပါရန် ဟိန္ဒူလယ်သမား ထောင်ကျော်ခန့် ရွာတစ်ရွာတွင် စုဝေးခဲ့ကြရာမှ ယင်းသို့ လူမျိုးဘာသာရေး အဓိကရုဏ်းများ ဖြစ်ခဲ့ပြီး လူသေမှုများ ဖြစ်ခဲ့ရသည်။

ယင်းလယ်သမားများ နေရပ်သို့ ပြန်စဉ် တိုက်ခိုက်ခံခဲ့ကြရပြီးနောက် တန်ပြန်တိုက်ခိုက်မှုများ ပြင်းထန်စွာဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဟိန္ဒူနှင့်မွတ်ဆလင် တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများ နီးစပ်ရာ ကျေးရွာများတွင် ဖြစ်ပွားခဲ့ပြီးနောက် အခြေအနေကို ထိန်းရန် စစ်တပ်က ဝင်ရောက်လာခြင်း ဖြစ်သည်။

အူထရာပရာဒက်ရှ် ပြည်နယ်သည် လူဦးရေ သန်း၂၀၀ ရှိပြီး ၁၉၉၂ ခုနှစ် ကလည်းတစ်ကြိမ် ဟိန္ဒူလူအုပ်ကြီးက ဗလီဝတ်ကျောင်းကို မီးရှို့ခဲ့ပြီးနောက် အဓိကရုဏ်း ဖြစ်ပွားခဲ့ဖူးသည်။
The Voice Weekly

ကြိုးပေးကွပ် မျက်ခြင်းကို ခံနိုင်ကြောင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေပြော

-ရွှေဝါရောင်တော်လှန်ရေးကာလတွင် ရန်ကုန်တိုင်း၊ တိုင်းမှုးဖြစ်ခဲ့၍ တာဝန်အရဆောင်ရွက်သောကြောင့် ထိုစဉ်က ဆောင်ရွက်ချက်များသည် မှားယွင်းခဲ့သည်ဆိုပါက ကြိုးပေးကွပ် မျက်ခြင်းကို ခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ၀န်ကြီးချုပ်ဦးမြင့်ဆွေက စက်တင်ဘာ ၈ ရက်နေ့မှာ မြန်မာနိုင်ငံ ငါးအဖွဲ့ချုပ် သီရိအဏ္ဏ၀ါခန်းမတွင် ပြောခဲ့သည်။
"ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ တင်ပြ ရင် ကျွန်တော်ကတော့ READY ပဲ။ ယုတ်ဆွအဆုံး ကုန်ကုန်ပြောရင် ကြိုးပေးလည်း ကျွန်တော်ခံပါ့မယ်။" ဟူ၍ ထိုစဉ်ကတိုင်းမှုး ယခုဝန်ကြီးချုပ်ဦးမြင့်ဆွေကပြောသည်။
ရွှေဝါရောင်တော်လှန်ရေး ကာလတွင် ရန်ကုန်မြို့အတွင်း ဆန္ဒပြနေသည့် သံဃာတော်များအား သေနတ်ဖြင့် ပစ်ကာ စွမ်းအားရှင်များက ၀ါးရင်တုတ်ဖြင့် ရိုက်ခဲ့သောကြောင့် ဂျပန်နိုင်ငံသား သတင်း ထောက် တစ်ဦးသေဆုံးပြီး သံဃာတော်အများအပြား သွေးမြေကျကာ ဖမ်းဆီးခံခဲ့ရသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ နောက်ဆုံးအပတ်တွင် ရွှေဝါရောင်တော်လှန်ရေး ၆ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။



____________________________________
Reference and Credit to -အင်တာနက်သတင်းစဉ်

ဘာသာရေး အဆောက်အဦများမှာ လုံခြုံရေး အမြဲရှိသင့်တယ်လို့ ဦးဝီရသူမိန့်


ဘာသာရေးဆန်ဆန် ပဋိပက္ခတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဘာသာရေး အဆောက်အဦးတွေမှာ လုံခြုံရေးတာဝန်ရှိသူတွေ အမြဲရှိနေသင့်တယ်လို့ ဆရာတော် ဦးဝီရသူက ဒီနေ့ မိန့်ကြားလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း ၁၃ ရပ်ကွက် ကေသာရာမကျောင်းတိုက်မှာ ကျင်းပခဲ့တဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်ဆရာတော်ဦးဝီရသူနဲ့ အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်တို့ရဲ့ ဘာသာရေးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ဆရာတော်က RFA ကိုအခုလို မိန့်ပါတယ်။

ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြို့အတော်များများမှာ အစိုးရရဲ့လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေရှိခဲ့တာကြောင့် မလိုလားအပ်ပဲ ပျက်စီးဆုံးရှုံးတာတွေဖြစ်ခဲ့ရတာလို့ ဆရာတော် ဦးဝီရသူက မိန့်ပါတယ်။

ဒါ့အပြင် ဘာသာရေးဆန်တဲ့ အဓိကရုဏ်းတွေမှာ နှစ်ဘက်ဘာသာဝင်တွေက ဥပဒေမဲ့လုပ်ရပ်မျိုးတွေ မလုပ်မိကြဖို့ လိုအပ်တယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။
RFA Burmese

Apple Store မှာ တရားဝင်ကြေငြာထားတဲ့ ဈေးနှုန်းပါ

(iPhone 5C သည် 5Cheap မဟုတ်ဘဲ 5Color သာဖြစ်မည် ထင်ပါသည်)

Apple Store မှာ တရားဝင်ကြေငြာထားတဲ့ ဈေးနှုန်းပါ (contract Free, sim Free, Unlocked)

iPhone 5C ဈေးနှုန်း
16GB Unlocked $549
32GB Unlocked $649 ဖြစ်ပါသတဲ့ဗျား

iPhone 5S ဈေးနှုန်းကတော့

Unlocked ဈေးနှုန်းဆိုရင်
16GB $649
32GB $749
64GB $849 ဖြစ်ပါတယ်တဲ့ဗျား

Apple Store မှာ တရားဝင်ကြေငြာထားတဲ့ ဈေးနှုန်းပါ

TSJ

ဘာသာခြားနှစ်ခုအကြား ချစ်ကြည်ရေး ဦးဝီရသူနှင့် အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်တို့ တတိယအကြိမ်မြောက် တွေ့ဆုံ


ဘာသာခြားနှစ်ခုအကြား ချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူနှင့် အစ္စလာမ်ဘာသာဝင် ဒိုင်းမွန်းရွှေကြည်တို့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နံနက် ၁၀ နာရီတွင် ဒဂုံအရှေ့ ပိုင်း၊ ၁၃ ရပ်ကွက် ကေသာရာ ရာမကျောင်းတိုက်တွင် ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ-ဘိုဘို မဇ္ဈိမ) အဆိုပါ တွေ့ဆုံပွဲတွင် နှစ်ဦးနှစ်ဘက် လက်မှတ်များရေးထိုးပြီး တတိယအကြိမ် တွေ့ဆုံဆွေးနွေးခြင်း၏ သဘောထားထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။
Mizzima - News in Burmese

ဒေါ်အောင်ဆန်းစုကြည် ဥရောပ၃နိုင်ငံခရီးစဉ် စတင်








အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှေ့ ဥရောပ ၃ နိုင်ငံ ခရီးစဉ်ကို စတင်ဖို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန် လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဘန်ကောက်ကနေ တဆင့် ပိုလန်နိုင်ငံ ၀ါဆောမြို့ ကို သွားရောက်မှာ ဖြစ်ပြီး ပိုလန်သမ္မတ၊ ၀န်ကြီးချုပ် ၊ အထက်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာပါ ။ အဲဒီနောက် ၀ါဆောတက္ကသိုလ်မှာ စီးပွားရေး နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဟောပြောဖို့ရှိပါတယ် ။ ပိုလန်ခရီးစဉ်အပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်ကို သွားရောက်မှာ ဖြစ်ပြီး ဟန်ဂေရီ သမ္မတ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို ဟန်ဂေရီ ကော်ဗင်းနပ်စ် တက္ကသိုလ်မှာ တော်လှန်ရေးမှ ပြန်လည်တည်ဆောက်ရေးသို့ ခေါင်းစဉ်နဲ့ ဟောပြောမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ မှာတော့ ချက်သမ္မတနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ဖိုရမ် ၂၀၀၀ ဖွင့်ပွဲမှာ ကွယ်လွန်သူ ချက်ခေါင်းဆောင်ဟောင်း ဗားကလပ် ဟာဗဲလ်ကို သတိရခြင်း အထိမ်းအမှတ် မန်မာ အပြန်အလှန် နှိုးဆော်မှု ခေါင်းစဉ်နဲ့ ဟောပြောဖို့ရှိပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာတော့ ဥရောပခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာကို ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

iPhone 5C ကို စတင် ကြေငြာပါပြီ။


iPhone 5Child? ကလေးတွေပဲ ကိုင်ဖို့ ထုတ်တာလား မသိ....

အရောင်တွေကတော့
Green, grey, light blue, peach-ish, and yellow ဖြစ်ပါသတဲ့

A6 Chip
4inch Display
iOS 7

16GB $99 32GB $199 with 2Years Contract
September 18 မှာ ထွက်ပါမည်။
TechSpace Journal

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကာချုပ်တချို့ ပုံကို စစ်ရုံးတွေမှာ ချိတ်ဆွဲမယ်


မြန်မာ့ ​တပ်မတော်ရဲ့ ​တပ်ရင်းတပ်ဖွဲ့ရုံးတွေမှာ ​ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ​အစဉ်အဆက်ခေါင်းဆောင်တွေရဲ့ ​ဓာတ်ပုံတွေကို ​စက်တင်ဘာလက ​စပြီး ​ချိတ်ဆွဲရမယ်ဆိုပြီး ​ညွန်ကြားထားတယ်လို့ ​တပ်မတော်နဲ့ ​နီးစပ်တဲ့ ​အသိုင်းအ၀ိုင်းကပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ​ဗိုလ်ချုပ်နေ၀င်း၊ ​ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ​ဗိုလ်ချုပ်မှူးကြီး ​မင်းအောင်လှိုင်စတဲ့ ​ကာကွယ်ရေးဦးစီးချုပ်အဖြစ် ​တာဝန်ထမ်းဆောင်ခဲ့တဲ့ ​လူတွေရဲ့ ​ပုံကို ​ချိတ်ဆွဲဖို့ ​ညွှန်ကြားလာတာလို့ ​တပ်နဲ့ ​နီးစပ်သူတွေက ​အတည်ပြုပြောကြားပါတယ်။

 ဒါပေမဲ့ ​တပ်မတော်ရဲ့ ​သမိုင်းမှာ ​ကာကွယ်ရေး ​ဦးစီးချုပ်အဖြစ် ​အမြင့်ဆုံးတာဝန်ယူဖူးခဲ့တဲ့ ​ဗိုလ်ချုပ်ကြီး ​စောမောင်နဲ့ ​ဗိုလ်ချုပ်ကြီး ​တင်ဦးတို့ရဲ့ပုံကို ​ချန်လတ်ခဲ့တာတော့ ​မကောင်းဘူးလို့ ​တပ်မတော်မှာ ​ဗိုလ်မှူးကြီးအဆင့်ထိ ​တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ​အမျိုးသားလွှတ်တော် ​ကိုယ်စားလှယ် ​ဦးလှဆွေက ​ပြောပါတယ်။

တပ်မတော် ​ကာကွယ်ရေးဦးစီးချုပ်တွေ ​တန်းစီမယ်ဆိုရင်တော့ ​အကုန်လုံးတန်းစီ ​သင့်တာပေါ့ဗျာ။ ​ဗိုလ်ချုပ်အောင်ဆန်းကစပြီး ​အကုန်လုံး ​တန်းစီသင့်တယ်။ ​တစ်ယောက်မှာ ​မချိန်ထားသင့်ဘူး။ ​သမိုင်းကို ​မြုတ်မထားသင့်ဘူး။ ​ထောင်ကျသွားတဲ့ ​လူပဲ ​ဖြစ်ဖြစ်၊ ​အတိုက်အခံ ​ဖြစ်သွားတဲ့သူပဲ ​ဖြစ်ဖြစ်ပေါ့။ ​ဗိုလ်ချုပ်ကြီး ​စောမောင်တို့ကိုလည်း ​ချန်မထားသင့်ဘူးလေ။ ​သူတို့လည်း ​တပ်မတော်သမိုင်းမှာ ​ပါခဲ့တဲ့သူတွေပဲ။

 အရင်စစ်အစိုးရတွေ ​လက်ထက်က ​ဗိုလ်ချုပ်အောင်ဆန်း ​ပုံကိုတောင် ​ဖျောက်ဖျက်ထားခဲ့ရာကနေ ​အခုလို ​စစ်ရုံးတွေမှာ ​ဗိုလ်ချုပ်ပုံကို ​ပြန်လည် ​ချိတ်ဆွဲမယ်ဆိုရင် ​ကောင်းမွန်ပေမယ့် ​တချို့လူကို ​ချန်ထားတာတော့ ​မလုပ်သင့်ဘူးလို့ ​ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို ​မှီခဲ့တဲ့ ​၀ါရင့် ​နိုင်ငံရေးသမားကြီး ​တစ်ဦး ​ဖြစ်တဲ့ ​ဦးသုဝေ ​ကပြောပါတယ်။

ဟိုတုန်းကဆိုရင် ​ဦးနုလို ​ပုဂ္ဂိုလ်တောင် ​သူတို့ ​ချန်ထားခဲ့တာပဲလေ။ ​အစပိုင်းမှာဆိုရင် ​ဗိုလ်ချုပ်အောင်ဆန်းပုံကိုတောင် ​ဖျောက်ထားတာတွေရှိခဲ့တာပဲ။ ​သူတို့က ​မလိုလားဘူးဆိုရင် ​ဒီလိုပဲ ​ချန်ထားခဲ့တာတွေ ​ရှိတယ်။ ​ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ​သူတို့က ​စိတ်ဓာတ်ရေးရာမှာ ​ပျက်ပြားလို့ဆိုပြီး ​အရေးယူတယ်လို့ ​ဟိုတုန်းက ​ပြောထားတာပေါ့ဗျာ။ ​ဒါတွေကြောင့်ပဲ ​ဗိုလ်ချုပ်မှုးကြီးကို ​အသိအမှတ်မပြုတာလား ​ဘာလားဆိုတာ ​မပြောတတ်သေးဘူးပေါ့နော်။ ​အခု ​ချိတ်မယ့်ထဲ ​မပါဘူးဆိုတော့။ ​သမိုင်းဆိုတာကတော့ ​ဖြစ်စဉ်အတိုင်း ​အမှတ်အတိုင်းကို ​ရေးရမှာပဲကို။ ​ဖြစ်စဉ်အတိုင်း ​မှတ်တမ်းတင်ရမှာပဲလေ။ ​ဥပမာအားဖြင့်  ​ဦးစီးချုပ်တွေ ​အကုန် ​လုံးရဲ့ ​ပုံ ​ကို ​ချိတ်မယ် ​ဆိုရင် ​ဦးစီးချုပ်တွေ ​အကုန်လုံးပါသင့်တာပေါ့။ 

အရင်တုန်းကတော့ ​ ဗိုလ်ချုပ်မှူးကြီး ​သန်းရွှေရဲ့ပုံတစ်ပုံထဲကိုသာ ​စစ်ဖက်နဲ့ ​အရပ်ဖက် ​ရုံးတွေမှာ ​ချိတ်ဆွဲခဲ့ရာက ​ခုလို ​အပြောင်းအလဲလုပ်မယ်ဆိုတဲ့ ​သတင်းထွက်ပေါ်နေတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော် ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia

ဒေါ်အောင်ဆန်းစုကြည် ဥရောပ၃နိုင်ငံခရီးစဉ် စတင်








အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှေ့ ဥရောပ ၃ နိုင်ငံ ခရီးစဉ်ကို စတင်ဖို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန် လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဘန်ကောက်ကနေ တဆင့် ပိုလန်နိုင်ငံ ၀ါဆောမြို့ ကို သွားရောက်မှာ ဖြစ်ပြီး ပိုလန်သမ္မတ၊ ၀န်ကြီးချုပ် ၊ အထက်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာပါ ။ အဲဒီနောက် ၀ါဆောတက္ကသိုလ်မှာ စီးပွားရေး နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဟောပြောဖို့ရှိပါတယ် ။ ပိုလန်ခရီးစဉ်အပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်ကို သွားရောက်မှာ ဖြစ်ပြီး ဟန်ဂေရီ သမ္မတ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို ဟန်ဂေရီ ကော်ဗင်းနပ်စ် တက္ကသိုလ်မှာ တော်လှန်ရေးမှ ပြန်လည်တည်ဆောက်ရေးသို့ ခေါင်းစဉ်နဲ့ ဟောပြောမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ မှာတော့ ချက်သမ္မတနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ဖိုရမ် ၂၀၀၀ ဖွင့်ပွဲမှာ ကွယ်လွန်သူ ချက်ခေါင်းဆောင်ဟောင်း ဗားကလပ် ဟာဗဲလ်ကို သတိရခြင်း အထိမ်းအမှတ် မန်မာ အပြန်အလှန် နှိုးဆော်မှု ခေါင်းစဉ်နဲ့ ဟောပြောဖို့ရှိပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာတော့ ဥရောပခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာကို ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။