iPhone 5S

ပို့စ်တင်ချိန် - 9/11/2013 12:07:00 PM


မနေ့ညက ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ Apple က iPhone 5S ကို ပွဲထုတ်မိတ်ဆက်ပေးခဲ့ပါတယ်။ iPhone 5S မှာ camera feature တွေ ပိုမိုပါဝင်လာပြီး processor ကိုလည်း အဆင့်မြှင့်ပေးထားပါတယ်။ ဒါ့အပြင် ရွှေရောင်နဲ့ပါ ရရှိနိုင်မှာဖြစ်တဲ့အတွက် Apple ပရိသတ်တွေကို ကျေနပ်မှု ရှိစေမှာပါ။

iPhone 5 ကို 16GB, 32GB နဲ့ 64GB ဆိုပြီး model သုံးမျိုးနဲ့ ရောင်းချမှာဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ မီးခိုးရောင်၊ ငွေရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင် သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။

iPhone 5S မှာပါဝင်လာတဲ့ feature သစ်ကတော့ Touch ID လို့ခေါ်တဲ့ လုံခြုံရေးစနစ်ဖြစ်ပါတယ်။ ၎င်းဟာ home button မှာ ထည့်သွင်းထားတဲ့ capacity sensor တစ်ခုဖြစ်ပြီး အသုံးပြုသူရဲ့ လက်ဗွေကို laser-cut sapphire crystal နဲ stainless steel detection ring တို့ကို အသုံးပြုကာ စစ်ဆေးပေးပါတယ်။

5S မှာ 8-megapixel camera ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် f/2.2 aperture, burst mode shooting နဲ့ image stabilization တို့လို အသုံးတည့်စေမယ့် feature တွေ ပါဝင်လာပါတယ်။ ဒါအပြင် အလင်းပေါ်မူတည်ပြီး camera flash ကို ချိန်ညှိပေးမယ့် True Tone လည်း ပါဝင်လာပါတယ်။

Processor အနေနဲ့ iPhone 5 ထက် ၂ ဆပိုမြန်တဲ့ 64-bit A7 processor ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် M7 motion co-processor ကိုပါ အသုံးပြုထားပါတယ်။

Front-facing camera ကတော့ 1.2-megapixel camera ဖြစ်ပြီး 1,280x950 pixel resolution ဓာတ်ပုံတွေနဲ့ 720p HD ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

ဒီဇိုင်းအနေနဲ့ကတော့ iPhone 5 နဲ့ 5S ဟာ အလွန်ကွဲပြားခြင်း မရှိပါဘူး။ Lighting connector, 3.5mm နားကြပ်ပေါက်နဲ့ စပီကာ နှစ်ခု တို့ကို ဖုန်းရဲ့ အောက်ခြေမှာ ယခင်အတိုင်း တွေ့မြင်နိုင်ပါတယ်။

အရွယ်အစားကတော့ အမြင့် ၄.၈၇ လက်မ၊ အကျယ် ၂.၃၁ လက်မနဲ့ အထူက ၀.၃၀ လက်မဖြစ်ပါတယ်။ အလေးချိန်ကတော့ ၃.၉၅ အောင်စ ပါ။

iPhone 5S မှာ ဘက်ထရီသက်တမ်းကို မြှင့်တင်ပေးထားပါတယ်။ Standby အနေနဲ့သုံးရင် ၁၀ ရက်အကြာ သုံးနိုင်ပြီး 3G သုံးရင် ၁၀ နာရီအကြာ သုံးနိုင်ပါတယ်။ 4G LTE, Wi-Fi နဲ့ အင်တာနက်သုံးတဲ့အခါ ၁၀ နာရီသုံးနိုင်ပါတယ်။ ဗီဒီယိုကိုလည်း ၁၀ နာရီအကြာ မနားတမ်းကြည့်နိုင်ပါတယ်။

iPhone 5S ကို စက်တင်ဘာလ ၂၀ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ နှစ်နှစ်စာချုပ် တန်ဖိုးကတော့ 16GB အတွက် $199, 32GB အတွက် $299 နဲ့ 64GB အတွက် $399 ဖြစ်ပါတယ်။

Ref: CNET
Reference and Credit to -အင်တာနက်ဂျာနယ်