အာဏာရှင်များ၏ လူမဆန်မှုကြောင့် ကြွေလွင့်ခဲ့ရသည့် ထားဝယ်နယ်မှ ကရင်မိန်းမပျိုလေးတဦး

ပို့စ်တင်ချိန် - 9/11/2013 12:21:00 PM


နော်သင်းစု
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောင်ပြောက်ကျေးရွာဇာတိ ဖြစ်သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့တွင် အဖမ်းခံရသည်၊
၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၂၇) နှစ် ရှိပြီဖြစ်သည်။

နိုင်ငံရေးနောက်ခံ၊ ၊ ကရင်တိုင်းရင်းသူတဦးဖြစ်သော နော်သင်းစုသည် တနင်္သာရီတိုင်း။ သရက်ချောင်းမြို့နယ်၊ တောင်ပြောက်ကျေးရွာ ဇာတိဖြစ်သည်၊ မိဘများမှာ စောသီးဆွေ၊ နော်တင်စီတို့ ဖြစ်သည်။

တနင်္သာရီတိုင်းတွင် အခြေစိုက်လှုပ်ရှားသော မြိတ်-ထားဝယ် ညီညွတ်ရေးတပ်ဦး. အဖွဲ့ဝင်တဦးဖြစ်သည်၊ ၁၉၉၇ ခုနှစ်။ စက်တင်ဘာလ (၁၆) ရက်နေ့။ နံနက် (၆းဝဝ) နာရီခန့်တွင် နော်သင်းစု၊ လုပ်ဖော်ကိုင်ဖက် အမျိုးသမီး (၃) ဦး။ တလသားအရွယ်ကလေးငယ် (၁) ဦး တို့သည် သရက်ချောင်းမြို့နယ်၊ ရေပူရွာအနီးတွင် စစ်အစိုးရတပ်မှ စစ်ကြောင်းတခုနှင့် ရင်ဆိုင်တိုးခဲ့ရသည်၊ ထိုစစ်ကြောင်းသည် အမှတ် (၂၆၇) ခြေလျင်တပ်ရင်း။ တပ်ခွဲ (၂) မှ တပ်ခွဲမှူး ဗိုလ်ကြီးကျော်သူ ဦးစီးသော စစ်ကြောင်းဖြစ်ပြီး နော်သင်းစုတို့ကို ဖမ်းဆီးခဲ့သည်။

ညနေ (၄းဝဝ) နာရီခန့်တွင် စစ်ကြောင်းသည် ဖမ်းဆီးထားသူများကို ခေါ်ဆောင်ပြီး ဆက်လက် ထွက်ခွာခဲ့ရာ ကျွဲခြံရွာသို့ ည (၆းဝဝ) နာရီခန့်တွင် ရောက်ရှိပြီး ချွှေစခန်းချကြသည်၊ ဗိုလ်ကြီးကျော်သူက ကျွဲခြံရွာကျေးရွာ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ရဝတ) ဥက္ကဌ ဦးမောင်လွင်အိမ်တွင် လည်းကောင်း။ အခြားစစ်သားများက ရွာအတွင်းရှိ အိမ် (၇) လုံးတွင် လည်းကောင်း အသီးသီး စခန်းချနေထိုင်ကြသည်၊ ဖမ်းဆီးခံရသူများကို ဦးအုန်းညွန့် ဆိုသူ အိမ်တွင် ချုပ်နှောင်ထားသည်။

ည (၉းဝဝ) နာရီခန့်တွင် ဒုဗိုလ်ခင်မောင်ဇော်က နော်သင်းစုကို စစ်ဆေးမည်ဟုဆိုကာ ခေါ်ယူသွားသည်၊ ထို့နောက် နှစ်ကြိမ်တိတိ မုဒိမ်းကျင့်ပြီး နံနက် (၃းဝဝ) နာရီခန့်တွင် ချုပ်နှောင်ထားသည့် အိမ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်၊ စစ်ဆေးမေးမြန်း။ မုဒိမ်းကျင့်သည့်နေရာမှာ ရဝတအဖွဲ့ဝင် ဦးသိန်းရွှေ နေအိမ်တွင်ဖြစ်သည်။

နောက်တနေ့ ည (၁ဝးဝဝ) နာရီခန့်တွင် ထပ်မံခေါ်ယူပြီး တစ်ကြိမ်မုဒိမ်းကျင့်ကာ ည (၁၁းဝဝ) နာရီခန့်တွင် ပြန်လည်ပို့ဆောင်ခဲ့သည်။ (ဖမ်းဆီးခံရသူတဦးဖြစ်သော မအေးမူသည်လည်း မုဒိမ်းကျင့်ခံခဲ့ရပြီး နောက်ဆုံးတွင် အကျဉ်းထောင်အတွင်း သေဆုံးခဲ့သည်၊)
နောက်ဆုံးတွင် နော်သင်းစုတို့သည် ထားဝယ်အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ခံခဲ့ရသည်၊
ထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခြင်း ခံခဲ့ရသည်၊

(သေဆုံးပုံ - ဖမ်းဆီးစစ်ဆေးခံရသည့်အချိန်တွင်သာမက ထားဝယ်အကျဉ်းထောင်တွင်လည်း နည်းအမျိုးမျိုးဖြင့် နှိပ်စက်ညဉ်းပန်း ခံခဲ့ရသည်၊ ထို့ကြောင့် ၁၉၉၈ ခုနှစ်။ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့တွင် သေဆုံးသွားခဲ့သည်။ အာဏာပိုင်များက နော်သင်းစုသည် ကျန်းမာရေးမကောင်းသဖြင့် သေဆုံးခဲ့သည်ဟု သတင်းလွှင့်ခဲ့သည်)

မှတ်ချက်၊ ၊
၁) အကျဉ်းထောင်အာဏာပိုင်များက နော်သင်းစုကွယ်လွန်သည့်အကြောင်းကို မိသားစုသို့ အသိပေး အကြောင်းကြားခြင်း မရှိခဲ့ပါ၊
၂) တပ်ခွဲမှူး ဗိုလ်ကြီးကျော်သူသည် ယခုအခါ ဒုဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မ (၄၄) တွင် တာဝန်ကျနေသည်၊
၃) ဒုဗိုလ်ခင်မောင်ဇော်သည် ယခုအခါ အမှတ် (၁ဝ၄) ခြေလျင်တပ်ရင်းတွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုတပ်ရင်းမှူးအဖြစ် တာဝန်ကျနေသည်။

(ရှစ်စက္ကန့်ငြိမ် - ၂၀၀၅ ခုနှစ်ထုတ်စာအုပ်)
ထားဝယ်လူငယ်အစည်းအရုံး - TYO