ဒေါ်အောင်ဆန်းစုကြည် ဥရောပ၃နိုင်ငံခရီးစဉ် စတင်

ပို့စ်တင်ချိန် - 9/11/2013 08:42:00 AM








အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှေ့ ဥရောပ ၃ နိုင်ငံ ခရီးစဉ်ကို စတင်ဖို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ရန်ကုန် လေဆိပ်ကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ဘန်ကောက်ကနေ တဆင့် ပိုလန်နိုင်ငံ ၀ါဆောမြို့ ကို သွားရောက်မှာ ဖြစ်ပြီး ပိုလန်သမ္မတ၊ ၀န်ကြီးချုပ် ၊ အထက်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာပါ ။ အဲဒီနောက် ၀ါဆောတက္ကသိုလ်မှာ စီးပွားရေး နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဟောပြောဖို့ရှိပါတယ် ။ ပိုလန်ခရီးစဉ်အပြီး ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်ကို သွားရောက်မှာ ဖြစ်ပြီး ဟန်ဂေရီ သမ္မတ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို ဟန်ဂေရီ ကော်ဗင်းနပ်စ် တက္ကသိုလ်မှာ တော်လှန်ရေးမှ ပြန်လည်တည်ဆောက်ရေးသို့ ခေါင်းစဉ်နဲ့ ဟောပြောမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ မှာတော့ ချက်သမ္မတနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ဖိုရမ် ၂၀၀၀ ဖွင့်ပွဲမှာ ကွယ်လွန်သူ ချက်ခေါင်းဆောင်ဟောင်း ဗားကလပ် ဟာဗဲလ်ကို သတိရခြင်း အထိမ်းအမှတ် မန်မာ အပြန်အလှန် နှိုးဆော်မှု ခေါင်းစဉ်နဲ့ ဟောပြောဖို့ရှိပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာတော့ ဥရောပခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာကို ပြန်လည်ထွက်ခွာမှာ ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။