ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်အမှတ်(၈)ကို ကျောက်သယ်ယာဉ် ဝင်တိုက်




မန္တ လေး အောင်မြေသာစံမြို့နယ် ၁၂ လမ်းရှိ ရှေးဟောင်းသမိုင်းဝင် သုဓမ္မာဇရပ်အမှတ်(၈)ကို စက် တင်ဘာ ၁၁ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်က တီအီး-၂၁ ဟီး နိုး သဲကျောက်သယ်ယာဉ်သည် ရှေ့ယာဘက်ဘီးကွဲထွက်ကာ အ ရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက် ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိ ရသည်။
ဖြစ်စဉ်မှာ ၁၂ လမ်းအတိုင်း ယာဉ်မောင်း ချမ်းငြိမ်းဇော် (ဘ) ဦးခိုင်ဝင်း အုန်းချောကျေးရွာ ပုသိမ်ကြီးမြို့နယ်နေသူ မောင်း နှင်လာသည့် တီအီး-၂၁ ဟီးနိုး သဲကျောက်သယ်ယာဉ် အမှတ် စ/...သည် ရှေ့ယာဘက် ဘီးကွဲထွက်ကာ အရှိန်မထိန်းနိုင် ဘဲ ပလက်ဖောင်းအား ကျော် တက်၍ သုဓမ္မာဇရပ်ကို တိုက် မိခဲ့သည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ပလက်ဖောင်းပျက်စီးခြင်း၊ သုဓမ္မာ ဇရပ်မုခ်ဦးပန်းဆွဲပျက်စီးခြင်းနှင့် ကုသိုလ်ရှင် ကမ္ပည်းမော်ကွန်း ကျောက်စာပျက်စီးခြင်းတို့ဖြစ် ပေါ်ခဲ့၍ ယာဉ်မောင်းအား မန္တ လေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲ တပ်ဖွဲ့မှအမှုဖွင့်အရေးယူဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Yangon Media Group

တာချီလိတ်သို့အလုပ်လုပ်ရန်ထွက်ခွာလာသော လိုက်ထရပ်ချောက်ထဲကျ ၉ ဦးသေဆုံး



မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တာချီလိတ် မြို့နယ်သို့ အလုပ်လုပ်ရန်ထွက်ခွာလာသော
မလှိုင်မြို့နယ်၊ ဆည်တိုရွာနေ ဦး--စက်တင်ဘာ၁၄ ရက်နေ့ နံနက်၁၀း၃၀ အချိန် မောင်းနှင်လာသည့်
၇က/xxxx လိုက်ထရပ်ယာဉ်သည် ကျိုင်းတုံ-တာချီလိတ်ပြည်ထောင်စုကားလမ်း၊
မိုင်တိုင်အမှတ်(၅၉/၆၀)ကြား၊ မိုင်းဖြတ်မြို့နယ်၊ ဆွတ်ပလောင်းကျေးရွာအရောက်တွင် လမ်း၏ယာဘက်၊
ပေ(၅၀)ခန့်နက်သည့် နမ့်လုံချောင်းအတွင်းသို့ထိုးကျသွားခဲ့ရာခရီးသည် ၉ ဦးသေဆုံးခဲ့ကြောင်းရဲဇာနည်မှသိရသည်။
ထိုသို့ထိုးကျသွားသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်(၂၃)ဦးအနက် ကျား ၂ ဦး၊ မ ၅ ဦး၊ ကလေး ၁ ဦး၊ စုစုပေါင်း(၈)ဦးမှာ
အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများအား မိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးသွားခဲ့သည်။
ထို့ပြင် ကျန်ရှိသည့်ခရီးသည်(၁၄)ဦးအနက် မိတ်္ထီလာမြို့၊ ရွှေတောရွာနေ ဗလ(ခ)ထွန်းထွန်းနိုင် (၂၉)နှစ်နှင့်အမျိုးသမီး ၁ ဦးတို့တွင် ဦးခေါင်းထိမိပြီး သတိမရဘဲ
ယာဉ်မောင်းကျန်ါ (၁၂)ဦးတွင် ပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဦး---အား မိုင်းဖြတ်မြို့မရဲစခန်း
ယာဉ်(ပ)၁၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိသည်။
Popular Myanmar News Journal

ဓာတုလက်နက်များကို ဆီးရီးယားနိုင်ငံတစ်ဝန်းတွင် ဖြန့်ကြက်ထား


အမေရိကန်မှ ဖြိုခွင်းလို သော ဆီးရီးယားဓာတုလက်နက် များကို ဆီးရီးယားရှိနေရာပေါင်း ၅ဝတွင် ဖြန့်ကြက်ထားခဲ့ကြောင်း Wall Street Journal တွင် ဖော် ပြခဲ့သည်။
ဆီးရီးယားဓာတုလက်နက် များကို ပြောင်းရွှေ့ရန် ဆီးရီးယား စစ်တပ်ကို တာဝန်ပေးခဲ့ကြောင်း နှင့် ထိုလက်နက်များ လုံခြုံစိတ် ချစေရန် ရုရှားမှစီစဉ်နေသည်နှင့် ပတ်သက်ပြီး မေးခွန်းများပေါ် ထွက်လာစေကြောင်း အမေရိကန်၊ အရှေ့အလယ်ပိုင်းသတင်းများ အရ ကိုးကားပြီး ဖော်ပြခဲ့သည်။
ဩဂုတ်၂၁ရက်က တိုက် ခိုက်မှုတွင် အဆိပ်ဓာတ်ငွေ့ပါဝင် မှုကြောင့် ကလေးငယ်ပေါင်း ၄၀၀ အပါအဝင် လူ၁၄၀ဝခန့် သေဆုံး ခဲ့ရသည်ဟု အမေရိကန်မှ စွပ်စွဲခဲ့ သည်။ မီဒီယာသတင်းများအရ ဆီးရီးယားစစ်တပ် Unit 450 သည် လပေါင်းများစွာက ပစ္စည်း များပြောင်းရွှေ့နေခဲ့ကြောင်း သိ ရသည်။ လွန်ခဲ့သောတစ်နှစ်ခန့် ကစပြီး သေစေနိုင်လောက်သော လက်နက်များကို ဆီးရီးယားအ နောက်ဘက်ရှိ နေရာပေါင်းများ စွာတွင် ပြောင်းရွှေ့ထားခဲ့သည်။
ဆီးရီးယားအနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့ရှိ နေရာပေါင်း ၅၀ တွင် လက်နက်များဖြန့်ကြက်ထား ခဲ့ကြောင်း၊ အမေရိကန်မှ သဘော ပေါက်ခဲ့သည်။ ထို့ကြောင့် ဓာတု လက်နက်များ ထပ်မံဖြန့်ဝေသော် လည်း အမေရိကန်နှင့် အစ္စရေး ထောက်လှမ်းရေးများက အဆိုပါ လက်နက်တည်နေရာကို သိကြောင်း ယုံကြည်နေရဆဲဖြစ်သည်။
အမေရိကန်မှ ဂြိုဟ်တုဖြင့် ဆီးရီးယားယာဉ်များကို ခြေရာခံ ခဲ့သော်လည်း ယာဉ်ထဲတွင် မည် သည့်ပစ္စည်းပါသည်ကို မသိရပေ။ သမ္မတဘာရှားအယ်လ်အာဆတ် သည် အမေရိကန်၏တိုက်တွန်းမှု ဖြင့် ဓာတုလက်နက်အသုံးပြုမှုကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း ဓာတု လက်နက်ကို လုံခြုံစိတ်ချရအောင် မည်သို့စီစဉ်နေသည်ကို သံသယ ဖြစ်ခဲ့ရသည်။
Yangon Media Group

ထပ်မံရှာဖွေ တွေ့ရှိခဲ့သော ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ ရောင်းချမည် ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ ရောင်းချမည်


ထပ်မံရှာဖွေ တွေ့ရှိခဲ့သော ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ ရောင်းချမည် ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ ရောင်းချမည်

မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုဖြစ်သော ဇောတိကစီမံကိန်း (M 9 လုပ်ကွက်) မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ (ကုဗပေ သန်း ၂၄၀) ခန့် တင်ပို့ရောင်းချမည်ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ (ကုဗပေ သန်း ၆၀)ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထိုင်းအမျိုးသား သတင်းဗျူရို၏ ဖော်ပြချက်အရ သိရသည်။

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ များကို ထိုင်းနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် စတင်ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသည်။ အဆိုပါ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ် ငွေ့ကုဗပေသန်း ၃၀၀ ထွက်ရှိမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာနိုင်ငံအတွက် ခွဲဝေရောင်းချခြင်း ဖြစ်သည်။

ဇောတိက စီမံကိန်းကို ထိုင်းအခြေစိုက် PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ရတနာ စီမံကိန်းတွင်လည်း PTT မှ အစုရှယ်ယာအချို့ ပါဝင်ထားသည်။

PTT သည် မြန်မာကမ်းလွန်လုပ်ကွက် တစ်ကွက်ဖြစ်သော M 11 လုပ်ကွက်တွင် Total E&P၊ JX NOEX တို့နှင့်အတူ ရင်းနှီးမြှုပ်နှံထားသည်။ M 11 လုပ်ကွက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ ကို မြန်မာပြည်အတွင်း သုံးစွဲနိုင်ရန် ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကမ်းနီး၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၀ တွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၆၁ ခု ပါဝင်သော ပဏာမ ရွေးချယ်ခံရသူ စာရင်းကို ဇူလိုင် ၄ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ထိပ်သီး ကုမ္ပဏီများ ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ကမ်းနီးကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ခေါ်ယူမှုတွင် ရခိုင်မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် ၁၂ ကွက်၊ မုတ္တမကွေ့မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် သုံးကွက်နှင့် တနင်္သာရီမှ ကမ်းနီးလုပ်ကွက် ငါးကွက်၊ ကမ်းဝေးလုပ်ကွက် လေးကွက် ပါဝင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံမှ ရတနာနှင့် ရဲတံခွန် စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ လျက်ရှိပြီး ဇောတိကစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ ဆက်လက်ရောင်းချမည် ဖြစ်သည်။ ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း တရုတ်နိုင်ငံသို့ ယခုနှစ် ဇူလိုင်လအတွင်း စတင်ရောင်းချခဲ့သည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရငွေသည် ခုနစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကျော် ရရှိခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင်လည်း အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ဖိုး တင်ပို့ရောင်းချထားပြီး ဖြစ်သည်။

ဇောတိက စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့် ရရှိမည့် ရာခိုင်နှုန်း

ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
PTTEPI ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း

(တနင်္သာရီတိုင်း ဒေသကြီးရှိ ဇောတိက စီမံကိန်း၏ ကုန်းတွင်းပိုက်လိုင်း စခန်းကို တွေ့ရစဉ်)
Eleven Media Group

ဒုတိယအဖြစ်နဲ့သာ ကျေနပ် နှစ်သိမ့်ခဲ့ရသည့် မြန်မာ ယူ -၂၃ ဘောလုံးအသင်း


ဖိုင်နယ်ပွဲဖြစ်တာနဲ့အညီ မြန်မာ ယူ၂၃ နှင့် မလေး ယူ ၂၃နှစ်သင်းစလုံး ဖလားကိုင်မြောက်နိုင်ခွင့်အတွက် အစွမ်းကုန်ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။
 မြန်မာအသင်းကတော့ အဓိက ကစားများစုံလင်စွာနဲ့ ပွဲထုတ်လာခဲ့ပြီး၊ ချန်ပီယံမှတ်တမ်း တင်နိုင်ရေးအတွက် ယှဉ်ပြိုင်ကစားခဲ့သလို၊
 မြန်မာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇော်ဇော်ကလည်း ကိုယ်တိုင်တက်ရောက် ကြည့်ရှု့ အားပေးခဲ့တယ်လို့ သိရှိရပါသည်။

ပထမ ပိုင်းအစလောက်မှာ မြန်မာအသင်းက မလေးအသင်းဘက်ကို ဆက်တိုက် ထိုးဖောက်တိုက်စစ်ဆင်နိုင်ခဲ့ပေမဲ့၊ ပွဲချိန် ၁၀ မိနစ်အကျော်မှာတော့
 မလေးအသင်း၏ တန်ပြန်ထိုးဖောက်မှုတွေကို ခံနေခဲ့ရပါတယ်။ မြန်မာနောက်တန်းတွေရဲ့  ဖြတ်ထုတ်မှု အနေအထားကလည်း ပရိတ်သတ်တွေအတွက်
 ရင်ခုန်စရာဖြစ်စေခဲ့ပါတယ်။ မိနစ် ၃၀ လောက်မှာ မလေးရှားတိုက်စစ်မှုးမှ ဧရိယာထိပ်မှ ကန်သွင်းတဲ့ ဘောလုံးကို မြန်မာဂိုးသမား. ပြည့်ဖြိုးအောင်
 ပုတ်ထုတ်ကာကွယ်ခဲ့ပေမဲ့ ထွက်လာတဲ့ ဘောလုံးကို မလေးရှားတိုက်စစ်မှုးက အသာအယာပိတ်သွင်းယူလိုက်တဲ့အတွက် မလေးအသင်းက ပွေဆော်ဦး ဂိုးကို ရယူလိုက်နိုင်ခဲ့ပါသည်.။
 ဂိုးပေးရပြီးနောက် မြန်မာအသင်း တောင်ပံတွေကနေ ချေပဂိုးရရှိရေးအတွက် ထိုးဖောက်တိုက်စစ်ဆင်လာတာကို မြင်တွေ့ရပြီး၊ အဆုံးသတ် လိုအပ်မှု နဲ့ အခင်းအကျင်းလိုအပ်မှုတွေကြောင့်
 ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။ ဒီနောက်မှာလည်း မလေးအသင်း ဆက်တိုက်ဖိကစားလာပြီး ဂိုးသွင်းပြီးနောက် ထောင့်ကန်ဘော ၄ ကြိမ်လောက်တိတိ ဆက်တိုက်ကန်ရသည်အထိ
 မြန်မာအသင်း ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ပါသည်။ ဒီနေ့မလေးရှားအသင်းကတော့ အမြင့်တင်ဘော များနှင့် အသုံးပြုကစားတာလို့ တွေ့နိုင်ပါတယ်။ ပထမပိုင်းအပြီးမှာတော့
 မလေးအသင်းက မြန်မာအသင်းကို ၁ ဂိုးအသာနဲ့ အနိုင်ရလဒ် ရရှိခဲ့ပါတယ်။

 ဒုတိယပိုင်းမှာလည်း မြန်မာအသင်းအနေဖြင့် ချေပဂိုးရရှိဖို့ ပိုမိုကြိုးစားယှဉ်ပြိုင်လာခဲ့ပြီး၊ ဒုတိယပိုင်း မိနစ် ၆၀ လောက်မှာ ကျော်ကိုကို တကိုယ်တည်း တောင်ပံကနေ ဆွဲပြေးကန်သွင်းယူခွင့်ရသည့် အခွင့်အရေးသာ
 ဂိုးအဖြစ်ပြောင်းလဲ နိုင်ခဲ့မည်ဆိုရင် မြန်မာအသင်း ချေပဂိုးစောစောရနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။ ၆၅ မိနစ်လောက်မှာ ရန်အောင်ဝင်းနေရာမှာ သက်အောင်ကို ထည့်သွင်းပြီး တိုက်စစ် ကို ပိုမြင့်ခဲ့ပါတယ်။
 ဒီနေ့ပွဲမှာ ဂိုးသမား ပြည့်ဖြိုးအောင် အသည်းအသန်ကာကွယ်နေရတာကို မြင်တွေ့ရသလို၊ နောက်တန်းကစားတွေကလည်း အကောင်းဆုံး ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မိနစ် ၇၀ ကျော်မှာ မြန်မာအသင်း
 အနေဖြင့် ချေပဂိုးရရှိဖို့အတွက် ကြိုးပမ်းယှဉ်ပြိုင်ခဲ့ပါတယ်။

 အထူးသဖြင့်မြန်မာအသင်းဟာ မလေးရှားအသင်းရဲ့ တိုက်စစ်မှုး ၀မ်ဇက် နံပါတ် (၁၀) ရဲ့ထိုးဖောက်မှုတွေကို အသန်းအထန်ဖျက်ထုတ်နေရပြီး၊ မလေးအသင်းဟာလည်း
 ကျော်ကိုကိုနဲ့ ကျော်ဇေယျာဝင်းတို့၏ ထိုးဖောက်မှုကို အသန်းအထန်ဖျက်ထုတ်နေရပါတယ်။ ပွဲပြီးချိန် ကပ်လာနဲ့အညီ ဂိုးရရှိရေး အပြိုင်အဆိုင် ကြိုးစားနေကြတာမို့ ပွဲဟာကြည့်ကောင်းနေခဲ့ပါတယ်။ မိနစ် (၈၀) လောက်မှာ မလေးရှားအသင်းက နောက်တန်းခံစစ်သမားများကို အစားထိုး လဲလှယ်ကာ ဂိုးမပေးရရေး ခံစစ်တင်ခဲ့သသလို၊ မြန်မာအသင်းအနေဖြင့်လည်း အနိုင်ဂိုးသွင်းထားဖူးတဲ့ စိုးကျော်ကျော် ကို ၇န်လင်းအောင်နေရာမှာ အစားထိုးပြီး တိုက်စစ်မြင့်ခဲ့ပါတယ်။

ပွဲပြီးချိန် ၁ မိနစ်ခန့်အလိုမှာ မြန်မာ နောက်တန်းရှင်းထုတ်တဲ့ ဘောလုံးဟာ မလေးအလယ်တန်းကို ထိပြီး သူတို့တိုက်စစ်မှုးဆီကို ချပေးသလိုဖြစ်တာကြောင့်
 အဆုံးသတ်သေချာတဲ့ မလေးရှားတိုက်စစ်မှုး ဖာဇိုင်း နံပါတ် (၁၅) က အသာအယာ သွင်းယူလိုက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ မြန်မာအသင်း ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ၅ ကြိမ်မြောက် မာဒေးကားဖလားကို ကိုင်မြှောက်ခွင့်လည်း ဆုံးရှုံး ခဲ့ရပါတယ်။ မြန်မာအသင်းကတော့ ယနေ့ပွဲမှာ အကောင်းဆုံးအနေအထားနဲ့ ယှဉ်ပြိုင်ကစားခဲ့သော်လည်း ဒုတိယဆုနဲ့သာ ကျေနပ်နှစ်သိမ့်ခဲ့ရကြောင်းပါ...။ ရွှေတံဆိပ်အတွက် လိုအပ်သေးကြောင်း သင်ခန်းစာတွေလည်းရခဲ့ပါပြီ။ ဆက်လက်ပြီး ကြိုးစားအားထုတ်ဖို့လိုသေးသလို နောက်လာတော့မည့်အိမ်ကွင်းမှာတော့အကောင်းဆုံးယှဉ်ပြိုင်နိုင်ကာ...ဝေးကွာနေတဲ့ အမိ မြေအတွက် ရွှေမျှော်လင့်ချက်လေးကို အသက်သွင်းပေးနိုင်ကြစေချင်ကြောင်းကို အသိပေး သုံးသပ်မိရင်း နောက်ဆုံးဗိုလ်လုပွဲ မှတ်တမ်းတစ်ခုကို ရေးသားတင်ပြမိပါတော့သည်။


 မိုးတိမ်
Football Café


ထပ်မံရှာဖွေ တွေ့ရှိခဲ့သော ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ ရောင်းချမည် ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ ရောင်းချမည်


ထပ်မံရှာဖွေ တွေ့ရှိခဲ့သော ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ ရောင်းချမည် ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ ရောင်းချမည်

မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုဖြစ်သော ဇောတိကစီမံကိန်း (M 9 လုပ်ကွက်) မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ (ကုဗပေ သန်း ၂၄၀) ခန့် တင်ပို့ရောင်းချမည်ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ (ကုဗပေ သန်း ၆၀)ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထိုင်းအမျိုးသား သတင်းဗျူရို၏ ဖော်ပြချက်အရ သိရသည်။

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ များကို ထိုင်းနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် စတင်ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသည်။ အဆိုပါ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ် ငွေ့ကုဗပေသန်း ၃၀၀ ထွက်ရှိမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာနိုင်ငံအတွက် ခွဲဝေရောင်းချခြင်း ဖြစ်သည်။

ဇောတိက စီမံကိန်းကို ထိုင်းအခြေစိုက် PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ရတနာ စီမံကိန်းတွင်လည်း PTT မှ အစုရှယ်ယာအချို့ ပါဝင်ထားသည်။

PTT သည် မြန်မာကမ်းလွန်လုပ်ကွက် တစ်ကွက်ဖြစ်သော M 11 လုပ်ကွက်တွင် Total E&P၊ JX NOEX တို့နှင့်အတူ ရင်းနှီးမြှုပ်နှံထားသည်။ M 11 လုပ်ကွက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ ကို မြန်မာပြည်အတွင်း သုံးစွဲနိုင်ရန် ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကမ်းနီး၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၀ တွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၆၁ ခု ပါဝင်သော ပဏာမ ရွေးချယ်ခံရသူ စာရင်းကို ဇူလိုင် ၄ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ထိပ်သီး ကုမ္ပဏီများ ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ကမ်းနီးကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ခေါ်ယူမှုတွင် ရခိုင်မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် ၁၂ ကွက်၊ မုတ္တမကွေ့မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် သုံးကွက်နှင့် တနင်္သာရီမှ ကမ်းနီးလုပ်ကွက် ငါးကွက်၊ ကမ်းဝေးလုပ်ကွက် လေးကွက် ပါဝင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံမှ ရတနာနှင့် ရဲတံခွန် စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ လျက်ရှိပြီး ဇောတိကစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ ဆက်လက်ရောင်းချမည် ဖြစ်သည်။ ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း တရုတ်နိုင်ငံသို့ ယခုနှစ် ဇူလိုင်လအတွင်း စတင်ရောင်းချခဲ့သည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရငွေသည် ခုနစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကျော် ရရှိခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင်လည်း အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ဖိုး တင်ပို့ရောင်းချထားပြီး ဖြစ်သည်။

ဇောတိက စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့် ရရှိမည့် ရာခိုင်နှုန်း

ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
PTTEPI ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း

(တနင်္သာရီတိုင်း ဒေသကြီးရှိ ဇောတိက စီမံကိန်း၏ ကုန်းတွင်းပိုက်လိုင်း စခန်းကို တွေ့ရစဉ်)
Eleven Media Group

ခေါင်းကိုက်ခြင်းကို သက်သာစေမည့် နည်းလမ်း (၁၀) ချက်


ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းအရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင့်ရဲ့လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ချေ များပါတယ်။

 ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲသင့်ပါတယ်။ အောက်ပါ အကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။

 ၁။ ကိုယ်ဟန်အနေအထား မမှန်ရင် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးက ကြွက်သားတွေဟာ ကိုယ်ဟန်အနေအထား မမှန်ရင် တင်းတောင့်နေတဲ့ အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်နေအထား မှန်ကန်ဖို့ သတိထား သင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ အတွက်တော့ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးတာ အကောင်းဆုံး ဖြေရှင်း နည်းပါပဲ။

 ၂။ စိုစွတ်တဲ့ အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တစ်ဘက်တစ်ထည်ကို စိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်တဲ့နေရာပေါ် အုပ်ထားပါ။

 ၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှု ခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။

 ၄။ ခေါင်းကိုက်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက် အကြာကြီးမလုပ်ဘဲ ခဏတစ်ဖြုတ် နားပေးဖို့လိုအပ်ပါတယ်။

 ၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ် ပါတယ်။ ဒီလို ခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာစေ ပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင် သာသာ နှိပ်နယ်ပေးပါ။

 ၆။ အစာမစားဘဲ နေတာဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။

 ၇။ ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ နေ့စဉ် အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။

 ၈။ လဲလျောင်ေးနပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကို ဖြေလျှော့အနားရစေပြီး ခေါင်းကိုက် သက်သာစေပါတယ်။

 ၉။ အကိုက်အခဲ ပျောက်ဆေးတွေက ခေါင်းကိုက် သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလို သောက်နေတာဟာ မကောင်းပါဘူး။ သင့်မှာ အစာအိမ်အနာရောဂါ အပါအဝင် တခြားကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေး သောက်ပါ။

 ၁၀။ ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေကတော့ သူတို့စားတဲ့ အစာတွေကို မှတ်တမ်းထားဖို့ လိုပါတယ်။ တစ်ချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာ တွေကြောင့် သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

Ref: Shade The Mandalay Hill
 Royal Hero Media


မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးမှ စိန်သုံးပွင့်ပါ စိန်ဖူးတော် ပျောက်ဆုံး

 (မြောင်းမြမြို့ အောင်မြေဗောဓိ ဘုရားကြီးအား တွေ့ရစဉ်)

မြောင်းမြမြို့ အမှတ် (၄)ရပ်ကွက် အောင်ဆန်းလမ်းမကြီးတွင် တည်ထားကိုးကွယ်သော အောင်မြေဗောဓိဘုရားကြီး (ညောင်ပင်မြိုဘုရား)မှ သိမ်းဆည်းထားသော ဘုရားစိန်ဖူးတော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 အောင်မြေဗောဗိ ဘုရားကြီးတွင် ခါတော်မီ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓနှင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယနှင့် တပည့်သားမြေးများ စုပေါင်း၍ လှူဒါန်းခဲ့သော၊ စိန်ပွင့်သုံးပွင့် တြိဂံပုံစံ စီထားကာ ဖောင်းကြွခြောက်ထောင့်ကြယ်နှစ်ဖက်လှတွင် ကျောက်မျိုးစုံ စီခြယ်ထားသော အခြေတွင် ဦးသူရိယနှင့် အများကောင်းမှု ဟု ရွှေပြားပေါ်တွင် ကဗျည်းခပ်နှိပ်ထားကာ အလျားရှစ်လက်မခန့်ရှိသည့် စိန်ဖူးတော်ကို ၁၉၅၆ ခုနှစ်တွင် တင်လှူပူဇော်ခဲ့ကြောင်း၊ စိန်ဖူးတော်တင်လှူ ပူဇော်ပြီးနောက်ပိုင်းတွင် သူခိုးများပူသောကြောင့် စိန်ဖူးတော်ကို ပြန်လည်ချကာ ယာယီစိန်ဖူးတော်တင်လှူ ပူဇော်ထားခဲ့သည်။ အဆိုပါ ခါတော်မီကျောင်းတိုက် ဆရာတော် အဆင့်ဆင့် လက်ဆင့်ကမ်းလာသည့် စိန်ဖူးတော်ကြီးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

 စိန်ဖူးတော်ကြီးကို ကျောင်းထိုင်ဆရာတော် ဦးသုမနမှ ကျောင်း၏ကမ်းနားဘက် အခြမ်းကျောင်းဆောင်အခန်းရှိ မှန်ဘီဒိုတွင် သိမ်းဆည်းထားခဲ့ကြောင်း၊ စက်တင်ဘာ ၉ ရက် ညနေ ၆ နာရီခန့်တွင် ဆရာတော်မှ ယင်းအခန်းထဲရှိ သွားတိုက်ဆေးဘူး အသစ်ကို ၀င်ယူရာတွင် အခန်းတွင်းရှိ ဘီဒိုမှ သော့ခတ်ထားသော မျောက်လက် ပျက်နေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးကြည့်ရာ စိန်ဖူးတော် ပျောက်ဆုံးနေသည်ကို တွေ့ရှိရသဖြင့် စိန်ဖူးတော် ပျောက်ဆုံးခဲ့သည့် အကြောင်းနှင့် ပတ်သက်၍ မြောင်းမြမြို့နယ် ရဲစခန်း၌ စက်တင်ဘာ ၁၂ ရက်တွင် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း၊ စိန်ဖူးတော်၏ တန်ဖိုးကိုမူ ကျပ် ၁၅ သိန်းခန့် ခန့်မှန်းကြောင်း ခါတော်မီကျောင်းထိုင် ဆရာတော် ဦးသုမနက မိန့်သည်။

"စိန်ဖူးတော် ပျောက်တယ်ဆိုတာ ၁၂ ရက်ကမှ သိရတာ။ အဲ့ဒီ့ကျောင်းမှာ ပွဲကျင်းပလို့သွားမှ သိရတာ။ ပျောက်နေတာကို အကြောင်းမကြားဘူး။ ဦးတို့လုံးဝ မသိခဲ့ရဘူး။ သိသိချင်း စခန်းမှာ အမှုဖွင့်ဖို့ ပြောပါတယ်။ မြို့နယ်သာသနာရေးမှူးလည်း ပါတယ်။ အမှုမဖွင့်လို့ မရဘူး။ ဖွင့်ကိုဖွင့်ရမယ်လို့ ကျောင်းမှာရှိတဲ့ သူတွေကို ပြောလိုက်မှ အမှုဖွင့်ဖြစ်သွားတာ" ဟု အမှတ် (၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

 ဘုရားကြီး စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ "ကျွန်တော်တို့ ပထမတစ်ရက် သွားစစ်တုန်းကတော့ သဲလွန်စ သိပ်မရခဲ့ဘူး။ နောက်ရက်တစ်ခေါက် ထပ်သွားတော့ ရွှံပေနေတဲ့ ခြေရာတစ်ခု တွေ့တယ်။ ဗီရိုထဲမှာ စိန်ဖူးတော်အပြင် ဆရာတော် ထည့်ထားတဲ့ ပိုက်ဆံနှစ်သောင်းကျော် ရှိတယ်။ ပိုက်ဆံတော့ ယူမသွားဘူး။ စိန်ဖူးတော်ကိုပဲ ယူသွားတယ်" ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

 စိန်ဖူးတော် ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မြောင်းမြရဲစခန်းသို့ စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် သွားရောက်မေးမြန်းခဲ့ရာ တာဝန်ယူ ဖြေကြားနိုင်သူ စခန်းမှူး မရှိသောကြောင့် ဟုဆိုကာ မေးမြန်းခွင့်မရဘဲ စိန်ဖူးတော် ပျောက်ဆုံးခဲ့မှုကို အမှုဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Eleven Media Group


ထပ်မံရှာဖွေ တွေ့ရှိခဲ့သော ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ ရောင်းချမည် ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ ရောင်းချမည်


ထပ်မံရှာဖွေ တွေ့ရှိခဲ့သော ဇောတိကစီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ ရောင်းချမည် ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ ရောင်းချမည်

မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ စီမံကိန်းတစ်ခုဖြစ်သော ဇောတိကစီမံကိန်း (M 9 လုပ်ကွက်) မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တစ်နေ့လျှင် ရာခိုင်နှုန်း ၈၀ (ကုဗပေ သန်း ၂၄၀) ခန့် တင်ပို့ရောင်းချမည်ဖြစ်ပြီး မြန်မာပြည်တွင်း သုံးစွဲရန် ရာခိုင်နှုန်း ၂၀ (ကုဗပေ သန်း ၆၀)ရောင်းချပေးသွားမည်ဖြစ်ကြောင်း ထိုင်းအမျိုးသား သတင်းဗျူရို၏ ဖော်ပြချက်အရ သိရသည်။

ဇောတိက စီမံကိန်းမှ သဘာဝဓာတ်ငွေ့ များကို ထိုင်းနိုင်ငံသို့ ၂၀၁၄ ခုနှစ်တွင် စတင်ရောင်းချနိုင်မည်ဟု မျှော်မှန်းထားသည်။ အဆိုပါ စီမံကိန်းမှ တစ်နေ့လျှင် သဘာဝဓာတ် ငွေ့ကုဗပေသန်း ၃၀၀ ထွက်ရှိမည်ဖြစ်ပြီး ထိုင်းနှင့်မြန်မာနိုင်ငံအတွက် ခွဲဝေရောင်းချခြင်း ဖြစ်သည်။

ဇောတိက စီမံကိန်းကို ထိုင်းအခြေစိုက် PTTEP နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပြီး ရတနာ စီမံကိန်းတွင်လည်း PTT မှ အစုရှယ်ယာအချို့ ပါဝင်ထားသည်။

PTT သည် မြန်မာကမ်းလွန်လုပ်ကွက် တစ်ကွက်ဖြစ်သော M 11 လုပ်ကွက်တွင် Total E&P၊ JX NOEX တို့နှင့်အတူ ရင်းနှီးမြှုပ်နှံထားသည်။ M 11 လုပ်ကွက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များ ကို မြန်မာပြည်အတွင်း သုံးစွဲနိုင်ရန် ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကမ်းနီး၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ၃၀ တွင် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ကုမ္ပဏီ ၆၁ ခု ပါဝင်သော ပဏာမ ရွေးချယ်ခံရသူ စာရင်းကို ဇူလိုင် ၄ ရက်တွင် စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပြီး ကမ္ဘာ့ထိပ်သီး ကုမ္ပဏီများ ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။

ကမ်းနီးကမ်းဝေး ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ ခေါ်ယူမှုတွင် ရခိုင်မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် ၁၂ ကွက်၊ မုတ္တမကွေ့မှ ကမ်းနီးလုပ်ကွက် သုံးကွက်၊ ကမ်းဝေးလုပ်ကွက် သုံးကွက်နှင့် တနင်္သာရီမှ ကမ်းနီးလုပ်ကွက် ငါးကွက်၊ ကမ်းဝေးလုပ်ကွက် လေးကွက် ပါဝင်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံမှ ရတနာနှင့် ရဲတံခွန် စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ လျက်ရှိပြီး ဇောတိကစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ ဆက်လက်ရောင်းချမည် ဖြစ်သည်။ ရွှေစီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း တရုတ်နိုင်ငံသို့ ယခုနှစ် ဇူလိုင်လအတွင်း စတင်ရောင်းချခဲ့သည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ရငွေသည် ခုနစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကျော် ရရှိခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ်တွင်လည်း အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် ဖိုး တင်ပို့ရောင်းချထားပြီး ဖြစ်သည်။

ဇောတိက စီမံကိန်းတွင် ကုမ္ပဏီအလိုက် ရောင်းချခွင့် ရရှိမည့် ရာခိုင်နှုန်း

ကုမ္ပဏီ ရောင်းချခွင့်ရာခိုင်နှုန်း
PTTEPI ၈၅ ရာခိုင်နှုန်း
MOGE ၁၅ ရာခိုင်နှုန်း

(တနင်္သာရီတိုင်း ဒေသကြီးရှိ ဇောတိက စီမံကိန်း၏ ကုန်းတွင်းပိုက်လိုင်း စခန်းကို တွေ့ရစဉ်)
Eleven Media Group

ဗြောက်အိုးနှင့်မီးပန်းသည် ကလေးများ နားနှင့်မျက်စိကို ထိခိုက်ရုံ သာမက နှလုံးရောဂါရှိသူများအတွက် အသက်အန္တရာယ်ရှိနိုင်



ဗြောက် အိုးများနှင့် မီးပန်းများသည် က လေးငယ်များ၏ နားနှင့်မျက်လုံးကို ထိခိုက်စေနိုင်ရုံသာမက နှလုံး ရောဂါရှိသူများအနေဖြင့် အသက် အန္တရာယ်ပင်ရှိနိုင်သည့်အတွက် မိဘများအနေဖြင့် ဂရုပြုရန် လို အပ်ကြောင်း အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာအောင် ဆန်းဝင်းက သတိပေးပြောကြား လိုက်သည်။
ဗြောက်အိုးများနှင့် မီးရှူး မီးပန်းများကို ကလေးငယ်များက ပူဆာခြင်းကြောင့် အန္တရာယ် မဖြစ်နိုင်ဟုယူဆရသော ကလေး ငယ်များ ဆော့ကစားနိုင်သည့် ဗြောက်အိုးများ၊ မီးရှူးမီးပန်းများ ကို ဝယ်ယူပေးလေ့ရှိရာ ကလေး ငယ်များမှာ နှစ်စဉ်ဆေးခန်းများ သို့ရောက်ရှိလာခြင်းများရှိသည့် အတွက် ယင်းသို့ သတိပေးပြော ကြားရခြင်းဖြစ်ကြောင်း သိရ သည်။
''မီးနဲ့ဆော့ရတယ်ဆိုက တည်းက အန္တရာယ်မရှိနိုင်ဘူးဆို တာမရှိဘူး။ ကလေးတွေရဲ့အလို ကို မိဘတွေကလိုက်တော့ မလို လားအပ်တာတွေ ဖြစ်နေရတယ်။ ဗြောက်အိုးဖောက်ရင် မျက်စိထိ ခိုက်တာမျိုးနဲ့ နားစည်ထိခိုက် တာမျိုးတွေ ဖြစ်နိုင်တယ်။ ပြီးရင် ခြေထောက်တို့ လက်တို့အပေါ် ကျမိပြီး အရေပြားစုတ်ပြဲတာတွေ ဖြစ်နိုင်တယ်။ နှစ်စဉ်မတော်တဆ ဖြစ်ပြီး ကလေးတွေ အနာတရနဲ့ ဆေးခန်းရောက်တာမျိုးတွေရှိ တယ်။ ရာသီချိန်ဖြစ်လို့ ဂရုစိုက် သင့်ပါတယ်''ဟုပြောကြားသည်။
ဗြောက်အိုးဖောက်ခြင်း သည် မျက်စိနှင့်နားကို ထိခိုက် နိုင်ရုံသာမက နှလုံးရောဂါရှိသူ များလည်း အသက်အန္တရာယ်ရှိ နိုင်သည့်အတွက် တားမြစ်ချက် များအတိုင်း စီးပွားရေးသမား များကလည်း လိုက်နာသင့်ကာ မိဘများကလည်း ဝယ်ယူမပေး သင့်ကြောင်း သိရသည်။
ယင်းအပြင် တချို့သောမီး ပန်းများမှာ ယမ်းနှင့်ပြုလုပ်ထား ခြင်းဖြစ်ပြီး တိုက်ရိုက်ထိတွေ့ကိုင် တွယ်ပါက အရေပြား ဓာတ်မ တည့်မှုများလည်းရှိနိုင်ကြောင်း အထွေထွေရောဂါကုဆရာဝန် တစ်ဦးကလည်း ပြောကြားခဲ့သည်။
''ယမ်းနဲ့ဓာတ်မတည့်တဲ့ ကလေးတွေရှိတယ်။ ယမ်းမှုန့်ကို တိုက်ရိုက်ထိတွေ့နိုင်တာက မီး ပန်းလေးတွေ။ အန္တရာယ်မရှိနိုင် ဘူးဆိုပေမယ့် ဓာတ်မတည့်တဲ့ ကလေးဆိုရင် ဒီယမ်းတွေနဲ့ထိ တွေ့မိပြီး ခန္ဓာကိုယ်နဲ့ လက်တွေ မှာ အနီစက်တွေပေါ်တာမျိုး၊ ယား နာရောင်ရမ်းတာမျိုးတွေနဲ့ ဖျား နာတာမျိုးတွေ ဖြစ်နိုင်တယ်။ မ တော်တဆ မီးပန်းထိမိလို့ မျက်စိ ထိခိုက်နိုင်တာတွေလဲ ရှိတတ်ပါ တယ်''ဟု ပြောသည်။
ဗြောက်အိုးများနှင့် မီးပန်း များဖောက်ခြင်းကို ရပ်ကွက်များ အတွင်း ပစ်ဖောက်ဆော့ကစား ခြင်းကို တားမြစ်ထားသော်လည်း ယခုအချိန်မှစတင်ကာ ရောင်းချ နေကြပြီး သီတင်းကျွတ်နှင့် တန် ဆောင်တိုင်ကာလများတွင်မူ က လေးငယ်များမှာ ယင်းဗြောက်အိုး မီးပန်းများမှ မတော်တဆဖြစ်မှု ကြောင့် ဆေးခန်းများသို့ရောက် ရှိမှု များပြားကြလေ့ရှိကြောင်း လည်း သိရသည်။
Yangon Media Group

White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့် ပြု၊ မပြုမှာ လ၀က သတ်မှတ်ချက်အပေါ်တွင်သာ မူတည်ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ပြောကြား




၂၀၁၅ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့် ပြု၊ မပြုသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ သတ်မှတ်ချက် အပေါ်တွင်သာ မူတည်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

စက်တင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ Inya Lake ဟိုတယ်တွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် သတင်းထောက်များ တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲတွင် White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့် ရှိ၊ မရှိဟူသော မေးခွန်းအား "ဒါကတော့ ဖြေဖို့နည်းနည်း စောသေးတယ်။ ဒါတွေက ပြန်ဆွေးနွေးရမယ့် အခြေအနေမှာ ရှိနေတယ်" ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မိမိတို့အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးရ သူများသာဖြစ်ပြီး မဲပေးခွင့်ရှိသူ သတ်မှတ်ရန်အတွက် ဥပဒေပြုသော လွှတ်တော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့၏ ဥပဒေများ၊ စိစစ်မှုများအရသာ ဆောင်ရွက်ရသူများဖြစ်ကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် ရှိသူများနှင့် ပတ်သက်၍ "မဲပေးပိုင်ခွင့်ရှိလား၊ မရှိလား၊ ရွေးချယ်ပိုင်ခွင့်ရှိလား၊ မရှိလားဆိုတာ ရွေးကောက်ပွဲ ကော်မရှင်ထက်၊ ကော်မရှင်ဟာ အတည်ပြုရတဲ့ ၀န်ကြီးဌာနရဲ့ အဆုံးအဖြတ်နဲ့သာ ဆောင်ရွက်ရတဲ့ အတွက်ကြောင့် ၀န်ကြီးဌာနက မဲပေးခွင့်ရှိတယ်ဆိုရင် ပေးရမယ်။ မဲတွေကို ခွင့်ပြုတယ်ဆိုရင် ပေးရမယ်။ ကော်မရှင်က လုပ်ခွင့်မရှိဘူး။ ကော်မရှင်က ကျင်းပပေးရတာပဲ ရှိတယ်။ ဒါကို လွှတ်တော်က ဥပဒေပြုတာ။ လွှတ်တော်က White Card ကို ပေးခွင့်ရှိတယ်ဆိုရင် ပေးခွင့်ရတာပေါ့။ အဲဒါကို ကော်မရှင်က မပေးနဲ့လို့ ပြောလို့မရဘူး။ မပေးပါနဲ့ ဆိုရင်လည်း ကော်မရှင်အနေနဲ့ ပေးပါလို့ ပြောခွင့်မရှိဘူး။ အဲဒီတော့ ဥပဒေပြုတဲ့ လွှတ်တော်နဲ့ ဌာနဆိုင်ရာရဲ့ ဥပဒေကိုပဲ ကော်မရှင်က လိုက်နာရတယ်။ အဲဒီတော့ ပေးနိုင်လား၊ မပေးနိုင်လား ဆိုတာကတော့ ဘယ်လိုဥပဒေ ပြဋ္ဌာန်းထားလဲ။ အဲဒီဥပဒေတွေနဲ့အညီ ကျွန်တော်တို့က ဆောင်ရွက်တယ်။ ဒါမှလည်း လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါမယ်" ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

ထိုသို့ White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့်နှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်သည်ဟု ဆိုပါက ဥပဒေပြန်ဖတ်ရန် လိုအပ်သည်ဟု ဦးတင်အေးက သတင်းထောက်၏ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိပြဋ္ဌာန်းထားသော ဥပဒေများတွင် White Card ကိုင်ဆောင်ထားသူများ မဲပေးခွင့်ရှိပါက ကော်မရှင်အနေဖြင့် မဲပေးခွင့်ကို လက်ခံရမည်ဖြစ်ကြောင်း၊ ဥပဒေတွင် မဲပေးခွင့် မရှိပါက လက်ခံမည် မဟုတ်ကြောင်း၊ မိမိတို့ကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့်သာ သက်ဆိုင်သည်ဟု ဦးတင်အေးက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက သတ်မှတ်ထားသည့် ကတ်ပြားကိုင်ဆောင်ထားသူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ၊ မရှိဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်ပေါ်တွင်သာ မူတည်မည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က နေပြည်တော်တွင် ပြည်ထောင်စုဝန်ကြီးများနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် ပြောကြားထားသည်။

(ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် လူဝင်မှုကြီးကြပ်ရေးမှ ဘင်္ဂါလီလူမျိုးစာရင်း ကောက်ခံနေခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-သန်းလှိုင်))Eleven Media Group

ဧရာဝတီ မြစ်ရေချိန်သည် မန္တလေးနှင့် စစ်ကိုင်းမြို့တို့၏ စိုးရိမ်ရေမှတ် ကျော်လွန်ရောက်ရှိနေပြီး တောင်သမန်အင်း အပါအ၀င် ကျေးရွာအများအပြား ရေနစ်မြုပ်




ဧရာဝတီ မြစ်ရေချိန်သည် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာအများအပြားတွင် လူနေအိမ်ခြေများ ရေ၀င်နစ်မြုပ်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ တိုးသည့်အတွက် တောင်သမန်အင်း တွင်လည်း ရေမျက်နှာပြင် မြင့်တက်ကာ တောင်သမန် ကန်ပတ်လမ်း ရေကျော်ခြင်းနှင့် တောင်သမန် ကျေးရွာစဉ် တစ်လျှောက်လုံး၌ အနည်းဆုံး သုံးပေခန့် ရေ၀င်နစ်မြုပ်လျက် ရှိသည်။ "၂၀၀၄ ခုနှစ်က အင်းရေတက်လို့ ရွာတွေအကုန်လုံးလည်း ရေမြုပ်တယ်။ အဲဒီတုန်းက အင်းရေက ဦးပိန်တံတားပေါ်ထိ ကျော်လွန်သွားခဲ့တာ။ ခုရေ၀င်တာက နှစ်ရက်လောက်ပဲ ရှိသေးပြီး ရွာတွေထဲမှာ ၃ ပေ ၄ ပေလောက် ရှိနေပြီ" ဟု တောင်သမန် ရွာခံတစ်ဦးက ဆိုသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် စက်တင်ဘာ ၁၃ ရက်က ယင်းမြို့၏ စိုးရိမ်ရေမှတ် ၂၃၀ စင်တီမီတာအထက် ကျော်လွန်ကာ ၂၃၁ ဒသမ ၀၄ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၄ ရက်တွင် ၂၃၁ ဒသမ ၂၇ စင်တီမီတာသို့ ဆက်လက်မြင့်တက်ခဲ့ကြောင်း၊ ထို့အတူ စစ်ကိုင်းမြို့၌ စက်တင်ဘာ ၁၃ ရက်တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက် ၂ စင်တီမီတာသို့ ရောက်ရှိခဲ့ပြီး မြို့အနောက်ခြမ်းကျသော ဒေါင်းမ၊ ကြွယ်လူး၊ သလွန်ဖြူ၊ ဆင်မြေ၊ တဲကြီး၊ သဖြူး၊ မအူပင် စသည့်ကျေးရွာ များတွင် မြစ်ရေ၀င်ရောက်မှုကြောင့် မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများ ပိတ်ထားခဲ့ကြောင်း သိရသည်။

"ခုချိန်က ကောက်ကြီးစပါး စိုက်ထားကြတာ။ ခုလို ရေမ၀င်တာ ကြာပါပြီ။ ရေနစ်မြုပ်တာ ကြာရင်တော့ စိုက်ထားတာတွေ ပျက်စီးဖို့ များတယ်။ ခုတောင် ရေ၀င်ရက်က ၅ ရက်လောက် ရှိနေပြီ" ဟု မအူပင်ကျေးရွာသား တစ်ဦးက ဆိုသည်။

စစ်ကိုင်းမြို့ ဧမြ၀တီရပ်ကွက်တွင်လည်း အိမ်ခြေ ၁၀၀ ကျော် ရေနစ်မြုပ်မှုကြောင့် လူဦးရေ ၆၀၀ ခန့်အား ညောင်ပင်သာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြောင်းရွှေ့နေရာ ချထားပေးလျက် ရှိသည်။ ထို့အတူ ဧရာဝတီမြစ်နှင့် ဒုဌ၀တီမြစ်ဆုံရာ နေရာတွင်ရှိသော တံတားဦး၊ အင်းဝဒေသ တစ်လျှောက်လုံး တွင် မြစ်နှစ်စင်း လုံး မြစ်ရေမြင့်တက် နေမှုကြောင့် စိုက်ပျိုးမြေများ အပါအ၀င် လူနေအိမ်ခြေများ၌လည်း ရေ၀င်နစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု များနိုင်ကြောင်း စုံစမ်းသိရပါသည်။

မန္တလေးမြို့ ကမ်းနားလမ်းတစ်လျှောက်တွင် မြစ်ရေတိုးမှုဒဏ်ကို ကာကွယ်ရန် အောင်မြေသာစံမြို့နယ်၊ ကျွဲစွန်း ဆိပ်ကမ်း မြောက်ဘက်တာပေါင် တစ်လျှောက်တွင် သဲအိတ်ချထားခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

(တောင်သမန်အင်း အတွင်းရှိ ရေနစ်မြုပ်နေသော ဆိုင်ခန်းအချို့နှင့် ဦးပိန်တံတားအား တွေ့ရစဉ်)
Eleven Media Group

ရှေ့ဆက် တိုးတက် ဖွံ့ဖြိုးနေသော CDMA 2000



CDMA 2000သည် 3G မိုဘိုင်းလ် နည်းပညာစံနှုန်း အုပ်စုထဲမှဖြစ်ပြီး တယ်လီဖုန်း ဝန်ဆောင်မှုနှင့် မိုဘိုင်းလ် အင်တာနက် ဝန်ဆောင်မှုများ ကောင်းမွန်စွာ ပေးနိုင်ရန်အတွက် တစ်ကမ္ဘာလုံးမှ နာမည်ကျော် အော်ပရေတာများက တွင်တွင်ကျယ်ကျယ် လက်ခံ သုံးစွဲလျက် ရှိသည်။

Verizon/KDDI/China Telecom ကဲ့သို့ ကမ္ဘာ့ဆက်သွယ်ရေးကို ဦးဆောင်နေသော အော်ပရေတာ များသည် ၎င်းတို့၏ ဖုန်းသုံးစွဲသူများအတွက် အကောင်းတကာ့ အကောင်းဆုံး ဝန်ဆောင်မှုများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် CDMA/EVDO ကွန်ရက်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ကြက် တည်ဆောက် အသုံးပြုကြသည်။

CDG (CDMA Development Group) ၏ နောက်ဆုံး ကိန်းဂဏန်းများအရ လက်ရှိတွင် နိုင်ငံပေါင်း ၁၁၈ နိုင်ငံတွင် CDMA အော်ပရေတာပေါင်း ၃၁၅ ဦး တို့က ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ကမ္ဘာနှင့်အဝှမ်း CDMA ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ ဈေးကွက် အချက်အလက် အကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

- အော်ပရေတာစုစုပေါင်း ၃၁၅ ဦး

- နိုင်ငံစုစုပေါင်း ၁၁၈ နိုင်ငံ

- CDMA 2000 1X ကွန်ရက် စုစုပေါင်း ၃ဝ၁ ခု

- 1xEV-DO Rel. O ကွန်ရက် စုစုပေါင်း ၁၁၂ ခု

- 1xEV-DO Rev. A ကွန်ရက် စုစုပေါင်း ၁၇၄ ခု

- 12 commercial EV-DO Rev. B ကွန်ရက် စုစုပေါင်း ၁၂ ခု

- ပစ္စည်း အမျိုးအစားပေါင်း ၃၃၄ဝ ကို ဈေးကွက်သို့ မိတ်ဆက်ပေးခဲ့ပြီး (သြဂုတ် ၆ ရက်၊ ၂ဝ၁၃ အထိ) CDMA2000 နည်းပညာသည် ကမ္ဘာနှင့်အဝှမ်း 3G နည်းပညာ ဦးဆောင်သူ တစ်ဦးအဖြစ် ၎င်း၏ဈေးကွက် နေရာရရှိထားမှုကို ပိုမိုခိုင်မာစေရန်အတွက် ရှေ့ဆက် သွားလျက် ရှိသည်။ အော်ပရေတာများကို သူ၏ ဖုန်းသုံးစွဲသူများ ဖုန်းဝန်ဆောင်မှုနှင့် မိုဘိုင်းလ် အင်တာနက်သုံးစွဲရာတွင် ကျေနပ်မှု ရှိစေရန်အတွက် CDMA2000 နည်းပညာသည် လုပ်ဆောင်ပေးနိုင်သည်။

မြန်မာနိုင်ငံတွင် CDMA နည်းပညာသည် အလွန်လျင်မြန်စွာဖြင့် ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက်ခဲ့ရာ အထူးသဖြင့် MecTel CDMA ကွန်ရက်ကို စတင်ဝန်ဆောင်မှု ပေးပြီး နောက်ပိုင်းတွင် CDMA ဖုန်းသုံးစွဲသူ အရေအတွက်သည် နှစ်လအတွင်း တစ်သန်းအထိ တိုးတက် လာခဲ့သည်။ ဆင်းကတ်ဈေးနှုန်းသည် ယခင်ဈေး၏ ၁ ရာခိုင်နှုန်းမျှသာ ရှိပြီး လူအများ လက်လှမ်းမီ သည့် ဈေးနှုန်း ဖြစ် လာသည်။ အနည်းဆုံးဈေးနှုန်း၊ ပိုမိုကောင်းမွန်သော အရည်အသွေး၊ ကျန်းမာရေးအတွက် ကောင်းမွန်သော စိမ်းလန်း နည်းပညာအစရှိသော CDMA ၏အကျိုး ကျေးဇူးများ သည် CDMA နည်းပညာကို လူအများပိုမို ရွေးချယ် သုံးစွဲ လာအောင် ဆွဲဆောင်လျက် ရှိသည်။

CDMA ဆင်းကတ်များသည် ယခုနှစ်တွင် လူကြိုက်အများဆုံးသော ကုန်ပစ္စည်း တစ်ခု ဖြစ်လာရာ MecTel သည် ၎င်း၏ ကွန်ရက်ဝန်ဆောင်မှု စွမ်းရည် ပြည့်လုနီး ပါး ဖြစ်နေ ပြီ ဖြစ်သောကြောင့် ရောင်းချခြင်း အစီအစဉ်ကို လျှော့ချရန် လိုအပ်သည်။ သို့သော် စိတ်ပူရန် မလိုတော့ပါ။ အဘယ်ကြောင့်ဆိုသော် ဝန်ဆောင်မှုများ ပိုပေးနိုင်ရန်အတွက် ပိုမိုကြီးမားသော တိုးချဲ့မှုများကို လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခုနှစ်ကုန်တွင် မြန်မာပြည်သူများသည် CDMA မိုဘိုင်းလ်ဖုန်းများကို ပိုမိုသုံးစွဲ လာကြတော့မည် ဖြစ်သည့်အပြင် ဆင်းကတ်များကိုလည်း အလွယ်တကူ လျှောက်ထား ဝယ်ယူနိုင်ကြတော့မည် ဖြစ်သည်။

China Telecom အပါအဝင် ကမ္ဘာ့ဆက်သွယ်ရေး ဦးဆောင် အော်ပရေတာများသည် ဝန်ဆောင်မှု ပေးရာတွင် CDMA ကွန်ရက်ကို အသုံးပြုကြသောကြောင့် CDMA နည်းပညာ သည် ဆက်လက်ဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး CDMA နည်းပညာ နယ်ပယ်တစ်ခုလုံး၏ ဖွံ့ဖြိုး တိုးတက်မှုကို ထိန်းထားပေးလျက် ရှိသည်။ CDMA ဖုန်းသုံးစွဲသူများလည်း ဆက်လက် တိုးပွားလာနေပြီး CDMA ဟန်းဆက်များလည်း အရည်အသွေး ပိုမိုကောင်းမွန်လာရာ CDMA နည်းပညာကို သုံးစွဲခြင်းဖြင့် ၎င်းနည်းပညာသည် ရင့်ကျက် တည်ငြိမ်မှုရှိခြင်း၊ တည်ဆောက် ဝန်ဆောင်မှုပေးရန် လွယ်ကူခြင်း၊ အဆင့်မြင့်သော အသံဝန်ဆောင်မှုနှင့် အချက်အလက် ဝန်ဆောင်မှုများကို အလျင်အမြန် ပေးနိုင်ခြင်းဖြင့် အော်ပရေတာများကို ကူညီပေးခြင်း၊ ဖုန်း သုံးစွဲသူများကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခြင်းနှင့် ဈေးကွက်ဝေစုများ ပိုမိုရရှိလာနိုင် ခြင်းစသော အကျိုးကျေးဇူးပေါင်း မြောက်မြားစွာကို ရရှိစေနိုင်သည်။
မြ၀တီ

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အားဘယ်လိုပြန်ယူမလဲ



အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။

ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ “ဆေး” စွဲနေသူများက ပိုခံရပါလိမ့်မယ်။

Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။

နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံအား ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ - ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password အား ထည့်သွင်းပါ။
အဆင့် ၅ - မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ - Password အသစ်အား ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် - ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။


နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ - www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ - “My Account is Compromised” အား နှိပ်ပါ။
အဆင့် ၃ - စာမျက်နှာ ဘယ်ဖက်အောက်ထောင့်ရှိ “I can’t identify my account” အား နှိပ်ပါ။
အဆင့် ၄ - Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများအား ဖြေပါ။
အဆင့် ၅ - Submit လုပ်ပါ။

မကြာမီတွင် Facebook မှ သင့်အား ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account အား ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။

ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များအား မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဆပဲ သတိထားပြီး နေထိုင်သင့်ပါသည်။

မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -

- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email အား အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

အေးချမ်းမွန်..................မှ

မြန်မာနိုင်ငံသားများ ကိုယ်ပိုင်လေယာဉ်ဝယ်ယူ စီးနင်းနိုင်ရန် MAI လေကြောင်းလိုင်းမှ စီစဉ်ပေးမည်




မြန်မာနိုင်ငံသားများ ကိုယ်ပိုင်လေယာဉ် ၀ယ်ယူစီးနင်းနိုင်ရန် MAI လေကြောင်းလိုင်းမှ စီစဉ်ပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ မြန်မာနိုင်ငံသားများ အနေဖြင့် ကိုယ်ပိုင်လေယာဉ်များအား ၀ယ်ယူခြင်း၊ ငှားရမ်းစီးနင်းခြင်းများ ပြုလုပ်နိုင်ရန် ကမ္ဘာပေါ်တွင် အရောင်းရဆုံး လေယာဉ်အမျိုးအစားဖြစ်သည့် Business Jet Gulfstream G450 လေယာဉ်အမျိုးအစားအား MAI လေကြောင်းလိုင်းမှ မိတ်ဆက်ပြသ ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ Business Jet Gulfstream G450 လေယာဉ်အမျိုးအစားအား ၀ယ်ယူခြင်း၊ ငှားရမ်းစီးနင်းခြင်းများအတွက် လိုအပ်သည့် လေယာဉ်မှူးများ၊ အင်ဂျင်နီယာများနှင့် အခြားဝန်ဆောင်မှုများအား MIA မှပင် စီစဉ်ပေးမည်ဟု သိရသည်။

"အခု Business Jet Gulfstream G450 လေယာဉ်က မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေ အနေနဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်တွေ ၀ယ်ယူခြင်း၊ ငှားရမ်းခြင်းတွေအတွက် အဓိက မိတ်ဆက်ပြသတာပါ။ Business Jet Gulfstream G450 လေယာဉ်ဝယ်ယူ ငှားရမ်းတဲ့သူတွေကို လေယာဉ်နဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှု၊ ထိန်းသိမ်းမှုတွေ အားလုံးအတွက် MAI က ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager မအေးမရသာက ဆိုသည်။ လက်ရှိမြန်မာနိုင်ငံတွင် လေကြောင်းလိုင်း တည်ထောင်လုပ်ကိုင်နေသည့် လေကြောင်းလိုင်းပိုင်ရှင် အချို့သာ ကိုယ်ပိုင်လေယာဉ် စီးနင်းခြင်းရှိပြီး၊ ပုဂ္ဂလိက တစ်ဦးချင်းပိုင် ကိုယ်ပိုင်လေယာဉ် ၀ယ်ယူစီးနင်းခြင်း မရှိသလောက် ရှားပါးကြောင်း လေကြောင်းလိုင်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

(ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ရပ်နားထားသည့် MAI လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းအား တွေ့ရစဉ်)
Eleven Media Group

ကမ္ဘာ့ခရီးသွား ကုမ္ပဏီကြီးက ကျိုက်ထီးရိုးဘုရား အပါအဝင် ခရီးသွားလာရန် အကောင်းဆုံး နေရာများကို ဗြိတိန် လူမျိုးများအား ထပ်မံ အသိအမှတ်ပြု ဖော်ပြ




မြန်မာနိုင်ငံ၏ ရှေးကျသော အံ့ဖွယ် ကိုးကွယ်ရာတစ်ခုဖြစ်သည့် မွန်ပြည်နယ် အတွင်းရှိ ကျိုက်ထီးရိုး ဘုရားကို မြန်မာနိုင်ငံတွင်း ခရီးသွားရောက်ရန် အကောင်းဆုံး နေရာ အဖြစ် ဗြိတိန် နိုင်ငံအခြေစိုက် နှစ်ပေါင်းနှစ်ရာ့ငါး ဆယ်သက်တမ်းရှိ ခရီးသွားကုမ္ပဏီကြီး တစ်ခုဖြစ်သော ကမ္ဘာကျော် Cox @ Kingလုပ်ငန်းပိုင် ဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ ကမ္ဘာလှည့် ခရီးသွား များအနေဖြင့် မြန်မာနိုင်ငံတွင် ခရီးသွားရောက်ရန် အကောင်းဆုံးနေရာ အပြင် နောက်ထပ်နေရာ ခြောက်ခုကို လည်း ထပ်မံဖော်ပြထားကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများ အနေဖြင့် ခရီးသွား လုပ်ငန်း၏ အဓိက သွားရောက်ရာ ရန်ကုန်၊ ပုဂံ၊ အင်းလေးဒေသများနှင့် တောင်ကြီးအပြင် ယခုအချိန်တွင် နောက်ထပ်တိုးလာသော ခရီးသွား နေရာများကို ထည့်သွင်းလာခြင်းဖြစ် ကြောင်း ပြည်တွင်း ခရီးသွားကုမ္ပဏီများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေ အနှစ်များကို အဓိကထားပြီး ခရီးသွားလုပ်ငန်းကို မြှင့်တင်နေသည် ဖြစ်ရာ ပထမဦးစားပေး သွားရောက်ရမည့် နေရာမှာ ပုဂံဒေသ၊ ဒုတိယ သွားရောက် ရမည့်နေရာမှာ ဗြိတိန်နိုင်ငံ ကဲ့သို့ရှိနေသော မော်လမြိုင်ဒေသနှင့် တတိယ သွားရောက်ရမည့် နေရာမှာ ကလောမြို့ ဖြစ်ကြောင်း ဗြိတိန်ခရီးသွားများအား လမ်းညွှန် ဖော်ပြထားသည်။

ထိုခရီးသွား လုပ်ငန်းများတွင် မြန်မာနိုင်ငံ၏ ကျေးလက်လူနေမှု ဘဝများကို ကြည့်နိုင်သော ဧရာဝတီမြစ်ကြောင်း ခရီးသွားလုပ်ငန်းကိုလည်း ထည့်သွင်း ဖော်ပြထားပြီး ငပလီ ကမ်းခြေနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းခရီးသွား အများအပြား သွားရောက်လေ့လာရာ ကျိုက်ထီးရိုး စေတီတော်ကိုလည်း ထည့်သွင်းထားကြောင်း၊မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ကမ္ဘာ့ နိုင်ငံများက အားပေး ထောက်ခံလာသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ချင်းပြည်နယ်ရှိ နေရာ သုံးခုနှင့် အခြားသော တိုင်းရင်းသား ဒေသများသို့ပါ ခရီးသွား လုပ်ငန်း တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုအမွေ အနှစ်များကို ခရီးသွားလုပ်ငန်း အတွက် အဓိက ဆောင်ရွက် နေကာ ပျူမြို့ပြသုံး မြို့ကို ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင် ရန် ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာက စိတ်ဝင်စားသော ရှေးဟောင်း လူ့ယဉ်ကျေးမှုများ အပြင် သဘာဝမပျက် ရှိနေသော အရာများက အိမ်နီးချင်းနိုင်ငံများ၏ ခရီးသွား လုပ်ငန်းများမှ ဝင်ငွေရရှိမှုများကို ယှဉ်နိုင်သော အချက်ဖြစ်သည့်အပြင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ အတွက် ဈေးကွက်ကြီးမားသောနေရာ တစ်ခုဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေး အတွေ့အကြုံရှိ ပညာရှင်များက သုံးသပ်ပြောကြားထားသည်။
မြ၀တီ

ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတွင် စက်တင်ဘာ ၁၅ မှစ၍ လျှပ်စစ်မီး စတင်ပေးတော့မည်




ရွှေဂက်(စ်)ဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ လျှပ်စစ်မီး ပေးတော့မည်ဖြစ်ကြောင်းနှင့် လျှပ်စစ်မီး သုံးစွဲခနှုန်းထားကို နှစ်မျိုးသတ်မှတ် ကောက်ခံသွားမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ သတင်းရရှိသည်။ ယင်းသို့ လျှပ်စစ်မီး သုံးစွဲခနှုန်းထားကို သတ်မှတ်ရာတွင် အထွေထွေ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်း ကောက်ခံမည်ဖြစ်ပြီး အထွေထွေ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်းဖြင့် သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရွှေဂက်(စ်)ဖြင့် ကျောက်ဖြူတစ်မြို့လုံး သာမက စီမံကိန်းပါ အနီးအနား ကျေးရွာ ၂၁ ရွာသို့လည်း မီးပေးရန် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီးစီး နေပြီဖြစ်သော်လည်း မနက်ဖြန်တွင် ကျေးရွာ ၁၃ ရွာကို စတင်မီးပေးမည် ဖြစ်ကြောင်းလည်း သိရသည်။ လျှပ်စစ်မီး ပေးရန်အတွက် ကျေးရွားများသို့ လျှပ်စစ်မီတာအိုးများ ထုတ်ပေးနေကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြို့မီးလင်းရေး ကော်မတီတို့ ပူးပေါင်းပြီး လျှပ်စစ်ဓာတ်အားပေးမှုကို စက်တင်ဘာ ၁၄ ရက်တွင် ရပ်ဆိုင်းသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်မှ စတင်ကာ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းတစ်ခုတည်းမှ တာဝန်ယူသွားမည်ဖြစ်ကြောင်း ကျောက်ဖြူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးတင်အောင်မိုးက ပြောကြားသည်။

ကျောက်ဖြူမြို့တွင် လျှပ်စစ်မီး သုံးစွဲခအဖြစ် မီတာခ တစ်ယူနစ်မှ ၁၀ ယူနစ်ထိ ကျပ် ၃၅၀ နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး၊ ၁၀ ယူနစ်အထက် လျှပ်စစ်မီတာခများကို မြို့မီးလင်းရေး ကော်မတီမှ ကျပ် ၅၀၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့ပြီး တစ်နေ့လျှင် နာရီ ၂၀ ဖြန့်ဖြူးပေးခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခင်က ကျောက်ဖြူမြို့တွင် မီတာအလုံးပေါင်း ၃၈၀၀ ခန့် ရှိသော်လည်း မီတာခ ၃၅ ကျပ်နှုန်းဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးပေးမည်ဟု သတင်းထွက်ပေါ်ပြီးနောက် လာရောက်မီတာ လျှောက်ထားသူ များပြားနေပြီး မီတာအလုံးပေါင်း ၂၅၀၀ ခန့် လျှောက်ထားမှု ရှိနေကြောင်းနှင့် ဆက်လက်မီတာ လျှောက်ထားသူ များပြားဖွယ်ရှိကြောင်းလည်း သိရသည်။

(ဂက်(စ်)ဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနိုင်ရေး ဂက်(စ်)တာပိုင်များကို အမှတ် (၁) ဆိပ်ကမ်းမှ တင်ဆောင်နေသည်ကို တွေ့ရမြင်ရစဉ်)
Eleven Media Group

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး သူတို့ပေးတဲ့ မှတ်ချက်များ


ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့ ........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။ဗုဒ္ဓဘာသာ ဦးရေ အနည်းငယ်သာ ပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကို ရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ် ၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ် ။ ".......တဲ့ ။ အိုင်စီအေ အာရ်ယူအက်စ် အဖွဲ့ ရဲ့ သုတေသန ညွှန်ကြားရေးမှုး " ဂျွန်နာဟာတ် ( Joona Hult )" က ပြောတာကတော့ ....."..ဗုဒ္ဓဘာသာက ကမ္ဘာမှာ အကောင်းဆုံးဆုရတာဟာ ဆန်းတော့ မဆန်းပါဘူး ၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ရယ်လို့  ဘယ်လို သာဓက တစ်ခုမှ ရှာမရနိုင်ခြင်းကြောင့်ပါ ၊ စစ်ထဲ လိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီး တစ်ပါးပါးကို တွေ့ ရဖို့ ဆိုတာ ရှာမှရှားပါပဲ ။ဗုဒ္ဓဘာသာဝင်တွေဟာယှဉ်လို့ မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ် ."..........တဲ့ ။ ဒီဆုရွေးချယ်ရတာနဲ့  ပတ်သက်လို့  ဘဲလ်ဖတ်စ်မြို့ က ကက်သလစ် ဘုန်းတော်ကြီး " တက်အိုရှောင်နတ်ဆီ " ပြောတာကတော့ ......".ကျွန်တော်က ကက်သလစ် ဂုဏ်းတော်ကို ချစ်ကြည်ညိုပါတယ် ။ ဒါပေမယ့် ကျမ်းစာထဲမှာ မေတ္တာ ထားကြဖို့ ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ ကျတော့ အလိုတော်အတိုင်း ပြုရတယ် ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန် စိတ်ရှုပ်စေပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ ။"......တဲ့ ။ ပါကစ္စတန်က ဘာသာရေးဆရာ " တာလ်ဘင်ဝါဆတ် " ကလည်း ......".ဒေါသ အမျက်တွေနဲ့  သွေးထွက် သံယို ဖြစ်မှုတွေအတွက် ဗုဒ္ဓဘာသာက အဖြေ ရှာပြီးသားဖြစ်တယ် " .........လို့ မှတ်ချက်ပေးပါတယ် ....။ ဂျေရုဆလင်က ဂျူး ဓမ္မဆရာ " ရှမြူယယ်ဝပ်ဆာစတိန်း" ကလည်း ......."ပွင့်ပွင့်လင်းလင်း ၀န်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော် ကိုးကွယ်တဲ့ ဘာသာအရ ၀တ်ပြုဆုတောင်း မပြုမီမှာ နေ့ တိုင်း ၀ိပဿနာကမ္မဌာန်းထိုင်လာတာ ၁၉၉၃ ကတည်းကပါ ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော် နားလည်ပါတယ် ။".........တဲ့ ။.....ဒါတွေကို အထောက်အကူ သာဓက ပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီး ပျက်သုဉ်းရေးကို ဦးတည်နေတဲ့ ဘာသာရေး မဟုတ်ဘူး ၊ စစ်ပွဲတွေ ၊ သွေးထွက်သံယိုမှုတွေ ကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက် ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာ ဖြစ်တယ်ဆိုတာ အခြားဘာသာဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ ပါ ။ ( မူရင်းကို အပြည့်အစုံ ကြည့် လိုတယ် ဆိုရင်တော့ ( WWW.sikhpilosophy.net/ ) မှာ အမြဲ လွှင့်တင်ထားပါတယ် ) ....။( ဓမ္မဘေရီ အရှင်ဝီရိယ -တောင်စွန်း )

မူရင်း SweSwe Winn
Classic Burma News

ညောင်ဦး ဆယ်လံကျွန်းတွင် ဧရာဝတီမြစ်ရေ၀င်ကာ ကမ်းပါးပြိုလာသည့်အတွက် ကယ်ဆယ်ရေး ဆောင်ရွက်



ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ အရှေ့ဆယ်လံကျွန်းရွာတွင် ဧရာဝတီမြစ်ရေ ၀င်ရောက်ကာ ကမ်းပါးပြိုနေသည့် အတွက် ပြောင်းရွှေ့ကယ်ဆယ်ရေးကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ လူမှုရေး အသင်းအဖွဲ့များက စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီတွင် သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း သတင်းရရှိသည်။

"ရွာအရှေ့ပိုင်း ကမ်းပါးက ပြိုလိုက်လာတယ်။ အိမ် ၁၂ လုံးကုန်းဘက်ကို မနေ့က ရွှေ့ပြောင်းလိုက်ရတယ်။ အရင်နှစ်က အိမ်သုံးဆယ်လောက် ကမ်းပါးပြိုလို့ ပြောင်းရွှေ့ခဲ့ရသေးတယ်" ဟု ဆယ်လံရွာမှ ဦးမြင့်စိုးက ပြောကြားသည်။

"ရေ၀င်တာက အတော်မြန်တယ်။ တချို့က ပေကပ်ပြီး မလိုက်ချင်ကြဘူး။ အန္တရာယ်များလို့ မနည်းလိုက်ဖို့ ပြောနေရတယ်" ဟု ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဆယ်လံကျွန်းရွာသည် အိမ်ခြေ ၂၂၈၊ အိမ်ထောင်စုပေါင်း ၂၄၇ စု၊ လူဦးရေ ၁၁၀၀၊ နွားကောင်ရေ ၃၀၀၊ မြင်းငါးကောင်၊ ၀က်ကောင်ရေ ၂၀ နှင့် ကြက်၊ ဘဲများရှိကြောင်း၊ စက်လှေများ၊ ဇက်များဖြင့် သွားရောက် ကယ်ဆယ်ရေး ဆောင်ရွက်ကာ ညောင်ဦးဘက်ကမ်းရှိ နတ်ထောင့်ကျောင်းနှင့် အနီးတစ်ဝိုက် ဘုန်းတော်ကြီးကျောင်းများတွင် ယာယီနေထိုင်နိုင်ရေး စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီ မြစ်ရေသည် ညောင်ဦးမြို့တွင် စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီ တိုင်းထွာချက်များအရ ၂၁၄၅ စင်တီမီတာသို့ ရောက်ရှိကာ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့၏ စိုးရိမ်ရေမှတ်မှာ ၂၁၂၀ စင်တီမီတာဖြစ်ကြောင်း သိရသည်။

(ညောင်ဦးမြို့နယ် အရှေ့ဆယ်လံကျွန်းရွာမှ သက်ကြီးရွယ်အို များအား ရွေ့ပြောင်းနေစဉ်)
Eleven Media Group

ဖွဲ့စည်းပုံမပြင်ရင် ငြိမ်းချမ်းရေး ခက်ခဲနိုင်ကြောင်း ဆွေးနွေးသဘောတူ


၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ခက်ခဲတယ်ဆိုတဲ့အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတချို့ သဘောတူညီကြကြောင်း ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ဆွေးနွေးပွဲမှာ တိုင်းရင်းသားပါတီတွေက ပြောပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေဟာ အပတ်စဉ် တွေ့ဆုံဆွေးနွေးနေကြတာဖြစ်ပြီး ဒီနေ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ဒီနေ့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က RFAကို အခုလို ပြောပါတယ်။

“ဖွဲ့စည်းပုံက ပြင်ရင်လည်းပြင်၊ မပြင်ရင်လည်း အသစ်ရေးပေါ့ဗျာ၊ အဲဒါကတော့ ဆုံးဖြတ်ချက်မကျဘူး၊ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ဆိုတာကတော့ လုံးဝဆက်စပ်တယ်ပေါ့၊ အဲဒါကိုပဲ အဓိကထားပြီး ဆွေးနွေးတာပါ”

လာမယ့် သတင်းပတ်မှာတော့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အသစ်ပြန်လည်ရေးဆွဲမလား ဆိုတဲ့အချက်ကို အဓိကထားဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေအပြင် ချင်းတိုးတက်ရေးပါတီ၊ တအောင်း ပလောင်အမျိုးသားပါတီ၊ ကမန် အမျိုးသား တိုးတက်ရေးပါတီ၊ ဝ အမျိုးသား စည်းလုံးညီညွှတ်ရေးပါတီ၊ ရှမ်းနီ အမျိုးသား တိုးတက်ရေးပါတီအစရှိတဲ့ တိုင်းရင်းသားပါတီတွေက တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
RFA Burmese

မအောင်မြင်သော စွန့်ဦးစီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်


အောင်မြင်သော စွန့်ဦး စီးပွားတီထွင်သူတို့ရဲ့  အမူအကျင့် ၅ ရပ်လိုပဲ မအောင်မြင်တဲ့ စွန့်ဦးစီးပွား တီထွင်သူတို့မှာလည်း သူတို့ရဲ့  အမူအကျင့် ၅ ရပ်ရှိနေပါတယ်။ ဒါကို စီးပွားရေးဆိုင်ရာ စာရေးဆရာ Stephen key က သူ့အတွေ့အကြုံအတိုင်း ရေးသားခဲ့ပါတယ်။ မှတ်သား၊ သိမြင်စရာလေးတွေ ပါတာမို့ ဆီလျော် သလို ဘာသာပြန်မျှဝေ ပေးလိုက် ရပါတယ်။


အလုပ်တစ်ခုစပြီ။ အခုအလုပ်မပြီးသေး

မအောင်မြင်သော Entrepreneur အများစုရဲ့  အမူအကျင့် တစ်ခု ဖြစ် ပါတယ်။ Product တစ်ခု ထွက်ဖို့ အရေး၊ Task တစ်ခု ပြီးဖို့အရေး အချိန်အရမ်းယူတယ်။ သတ်သတ်မှတ်မှတ်လေးတော့ ရှိရမှာပေါ့။ ကိုယ့် Plan အတိုင်းဆိုရင် နောက် တစ်ခု လုပ်ရမှာ ဖြစ်ပေမယ့် လက်ရှိ လုပ်ငန်းစဉ်မှာပဲ အချိန်ကြာမြင့်နေသူဟာ ကျရှုံးဖို့ ပိုများပါတယ်။ အလုပ်ပြီးမြောက်ခြင်းက အကောင်းဆုံးဖြစ်ခြင်းထပ် အများကြီးသာ တယ်လို့လည်း အောင်မြင်သော Entrepreneur တို့က အကြံပေး ပြော ဆိုထားပါတယ်။ မိမိ Product ရဲ့  ၈၀ ရာခိုင်နှုန်းကိုပဲ ပြီးအောင် လုပ်နိုင်ရင်တောင် ဈေးကွက်ထဲ ချပြနိုင်ပါတယ်တဲ့။ တစ်ခါပြီးတော့ နောက် ထပ် အခွင့်အရေး မရှိတော့ဘူးလို့ မသိစိတ်ထဲက စွဲလမ်းနေတဲ့ အယူအမှား က ပထမဆုံး တစ်ခေါက်မှာလည်း Perfect မဖြစ်နိုင်သလို နောက်ထပ် လည်း ပြင်ဆင်ဖို့ သူအချိန်ပေးမှာ မဟုတ်ပါဘူး။


အသေးစိတ် လိုက်လုပ်နေမယ်

ငါပါမှရမယ်။ ငါလုပ်မှ ပြီးမယ်လို့ ထင်နေတဲ့ သူတွေလည်း မအောင်မြင်ပါဘူး။ Micro Managing လုပ်တယ်ဆိုတာ သူ့နေရာနဲ့ သူပဲ ကောင်းပါတယ်။ အချို့ ကိစ္စတွေကြောင့် ကိုယ့်အဖွဲ့သားတွေ၊ ကိုယ့် လက်အောက်ငယ်သားတွေ လုပ်လို့ ပြီးတယ်ဆိုတာကို လက်ခံနိုင်ဖို့ လိုပါတယ်။ အဓိကကတော့ ယုံကြည်မှုပါ။ ကိုယ့် အဖွဲ့သားတွေကို ယုံကြည်မှု ပေးရပါမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဘယ်သူ့ကိုမှ မယုံကြည်ပဲ ကိုယ့်ကိုယ်ကိုသာ ယုံကြည်လို့ အသေးစိတ် လိုက်ပြီး Manage လုပ်နေမယ်ဆိုရင် အလုပ်လည်းမပြီးသလို အကောင်းဆုံး လည်း ဖြစ်မလာ ပါဘူး။


ငါသာ အမြဲမှန်တယ်

ဘယ်အရာ ကိစ္စပဲမဆိုပေါ့။ အကြောင်းအမျိုးမျိုးကြောင့် မှားသွားရင်တောင် ငါမှန်တယ်လို့ ပါးစပ်က မထွက်ရင်ပဲနေမယ်။ မှားတာကို ဝန်မခံပဲ လစ်လျူရှုတတ်တာမျိုးတွေ ရှိပါတယ်။ ယင်းကဲ့သို့ ပြုလုပ်လိုက်ခြင်းက ကိုယ့်အတွက် သင်ယူလေ့လာရန် အခွင့်အရေးတစ်ခုကို အဆုံးရှုံးခံလိုက်တာနဲ့ အတူတူပါပဲ။ ငါသာမှန်၊ အမြဲမှန်ဆွဲနေရင် Entrepreneur ရယ်လို့မဟုတ်ပါဘူး။ ဘယ်သူမဆို ကျရှုံးရမှာပါ။


မေးခွန်းမေးပေမယ့် အဖြေဂရုမစိုက်

မေးခွန်းမေးတာတောင် ရည်ရွယ်ချက် အမျိုးမျိုး ရှိပါတယ်။ အချို့ သော Entrepreneur များဟာ သူများဆီက မေးခွန်းကိုတော့ မေးလိုက်ပါတယ်။ အမှန်တော့ ဖြေရှင်းချက် တစ်ခုပေးချင်လို့ စကားစလိုက်တဲ့ သဘောပါပဲ။ သို့မဟုတ်လည်း သူ့အမေးထပ်ကို ပြောချင်တာကို ပြောဖို့အတွက် လမ်းကြောင်းဖွင့်လိုက်သလိုပါပဲ။ ဒီလိုဆိုရင်လည်း မအောင်မြင် ပါဘူး။ မေးခွန်းမေးပြီး အဖြေကို နားထောင်တယ်ဆိုတာ ယင်းအဖြေကနေ ကိုယ့်ကိုယ်ကို သို့မဟုတ် ကိုယ့်ကုန်ပစ္စည်းကို ပြန်သုံးသပ်မယ်။ သူတို့ဆီက လေ့လာသင်ယူမယ် ဆိုတဲ့ အချက် ၂ ချက်အတွက် ပိုအဓိက ထားရမှာဖြစ်ပါတယ်။ အဲ့လိုမဟုတ်ပဲ အကြောင်းပြချက်တွေ၊ ငြင်းဆန် ချက်တွေပဲ ဆက်တိုက် ပေးဖို့ မေးတဲ့သူဟာ သူ့ပတ်ဝန်းကျင်မှာ ထောက်ခံ သူများသာ ရှိပါမယ်။ ထောက်ခံသူတွေရှိပြီး အမှားရှာပေးသူ မရှိတဲ့ ပတ်ဝန်း ကျင်ဟာလည်း ကိုယ့်ပဲ မအောင်မြင် စေပါဘူး။


ရှေ့ မတက်နိုင်သော အကြောင်းပြချက် ရှိနေ

ငွေအရင်းအနှီးဆက်မထုတ်နိုင်ဘူး။ နိုင်ငံရေးအခြေအနေ မကောင်းဘူး။ စီးပွားကျနေတယ်။ အစရှိသဖြင့် အကြောင်းပြချက်များ တစ်ခုပြီး တစ်ခုပေး လို့ ရှေ့ မတိုးနိုင်သေးတဲ့ သူဟာလည်း ကျရှုံးနေတဲ့ Entrepreneur တစ်ဦး ပါ။ ပေးတဲ့ အကြောင်းပြချက်များက မှန်ကန်နေသည့်တိုင် Entrepreneur ကောင်းတစ်ယောက်ဟာ နောက်ထပ် ခြေလှမ်းအသစ်အသစ်များအတွက် တွေးထင်ကြံဆ ကြိုးစားနေကြ ပါတယ်။ ဒီတော့ နောက်ထပ် စိန်ခေါ်မှု အသစ်တွေကို ဆက်ရင်မဆိုင်နိုင်သေးသရွေ့ ကတော့ မအောင်မြင်သေးတဲ့ Entrepreneur တစ်ယောက်သာ ဖြစ်နေအုံးမှာ ဖြစ် ပါတယ်။


.အောင်ခမ်း ( TSJ Team )
Ref:Entrepreneur.com

နေအိမ်ပေါ်သို့ ရေတင်စဉ် မော်တာရှော့ဖြစ်


၁၄.၉.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် ပန်းဘဲတန်းမြို့နယ်၊ (၁)ရပ်ကွက်၊
ရွှေတိဂုံဘုရားလမ်း(အောက်)နေ ဦးနိုင်လင်းအောင်(ဘ)ဦးစောမြင့်သည် တိုက်လှေခါးရင်းတွင်ထားသည့် မော်တာဖြင့် တတိယထပ်ရှိ
နေအိမ်ခန်းသို့ရေတင်စဉ် မော်တာမှာ အပူရှိန်လွန်ကဲပြီး
ဝါယာရှော့ဖြစ်ကာ မီးခိုးများထွက်လာခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ
ရောက်ရှိ ရှင်းလင်းခဲ့၍ ၂၀၁၅ အချိန် ရှင်းလင်းဆောင်ရွက်ပြီးစီးခဲ့
ပါသည်။

အဆိုပါ မော်တာဝါယာရှော့ဖြစ်မှုကြောင့် တန်ဘိုးငွေကျပ်(၁၀၀၀၀)ခန့်
ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးပေါ့ဆစွာသုံးစွဲသူ ဦးနိုင်လင်းအောင်အား ပန်းဘဲတန်းမြို့မရဲစခန်း (ပ) ၂၉၉/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

Windows Phone တွင်လည်း အကူအမျိုးသမီး ပါဝင်လာမည်




Siri လို့အမည်ရတဲ့ Apple ရဲ့ Voice Command App ( Intelligent Personal Assitan) ဟာ အောင်မြင် ပါတယ်။ ယင်းကဲ့သို့ အလားတူ App မျိုးကို Windows Phone တွေမှာလည်း မြင်တွေ့ ရတော့မှာပါ။

Microsoft ဟာ သူ့ရဲ့  Windows Phone 8.1 မှစလို့ ဖုန်းအသုံးပြုသူကို အထောက်အကူ ပြုပေးမယ့် Personal Assitant ဆော့ဖ်ဝဲ တစ်မျိုးကို ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သူ့ကို Cortana လို့ အမည်ပေး ထားပါတယ်။ Samsung မှာလည်း Voice Command ပါဝင် ပါတယ်။ Apple မှာလည်း Siri ပါဝင် သလို Nokia တို့လို Windows Platform သုံးတဲ့ ဖုန်းများမှာလည်း အကူအမျိုးသမီး တစ်ဦးပမာ ပါဝင် လာစေဖို့ စတင် အကောင်အထည်ဖော်ခြင် ဖြစ်ပါတယ်။ Cortana ဆိုတာ Halo ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် အမျိုးသမီး တစ်ဦးပါ။ ပုံမှာ မြင်တွေ့ ရသလိုပဲ အပြာရောင် အသွင်အပြင်နဲ့ အမျိုးသမီး ဆိုတော့ မှောင်နေချိန် မှာဆိုရင်တော့ လှန့်စရာပါပဲ။ Siri ကတော့ ရုပ်မပေါ်ပါဘူး။ Cortana လည်း ရုပ်ပေါ်မှာတော့ မဟုတ်ပါဘူး။ ZD net အနေနဲ့ Imagine လုပ်ပြီး ထည့်သွင်းပြသ ထားခြင်းပါ။ Windows Phone OS မှာတင်မကပဲ Windows PC, X box တို့မှာပါ ထည့်သွင်း အသုံးပြုစေမယ့် Feature ဖြစ်ကြောင်း ဆိုပါတယ်။

Voice Command အများစုက အင်တာနက်ဖွင့်ထားမှာ ကောင်းကောင်း အသုံးပြုတာပါ။ ဘာသာစကား ပါဝင်မှု Feature ကလည်း ထုတ်လုပ်တဲ့ ကုမ္မဏီအလိုက်ကွဲပြားနေပါသေးတယ်။ သေချာတာကတော့ မြန်မာလို အသံနဲ့စေခိုင်းလို့ရမယ့် App ကတော့ ဖြစ်လာအုံးမှာ မဟုတ်ပါဘူး။ Voice ကို Processing လုပ်လို့ Respond လုပ်ပေးနိုင်မယ့် Software တစ်ခုဖြစ် လာဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ Nokia ကို ဝယ်ယူ လိုက်ပြီး ဖြစ်တဲ့ Microsoft ဟာ Nokia Lumia မှာပဲ Cortana ကို စတင် ထည့်သွင်း စမ်းသပ်သွားဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal


ကော့သောင်းအကျဉ်းထောင် ရုန်းရင်းဆန်ခတ် နှိမ်နင်းမှု ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ


ကော့သောင်းမြို့က အကျဉ်းထောင်မှာ အကျဉ်းသားတွေ ထောင်ဖောက်ထွက်ပြေးခဲ့တာကြောင့် လုံခြုံရေးက ပစ်ခတ်ထိန်းသိမ်းရာမှာ အကျဉ်းသား ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

မနေ့က ညနေ ၆ နာရီလောက်မှာ ကော့သောင်းအကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ထောင်ဖေါက်ထွက်ပြေးကြတဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

“သေနတ်ဒဏ်ရာနဲ့ ဆေးရုံရောက်လာတယ်ပေါ့၊ ၈ ယောက်မှာ ၁ ယောက်သေသွားတယ်၊ ၇ ယောက်ဒဏ်ရာရတယ်၊ ကော့သောင်းဆေးရုံကြီးမှာ တင်ထားတယ်၊ ၁ ယောက်ကတော့ အောက်ဆီဂျင် ပေးထားရတယ်လို့ ပြောတယ်ခင်ဗျ”

ဒဏ်ရာရသူတွေကို ကော့သောင်းမြို့ ဆေးရုံမှာတင်ထားရကြောင်းလည်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့သောင်းမြို့ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ပါတယ်။

အစိုးရစစ်တပ်အရာရှိ သတ်ဖြတ်ခံရကြောင်း စွပ်စွဲချက် ကေအိုင်အို ငြင်းဆို



ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရခဲ့တဲ့ အစိုးရတပ်အရာရှိတစ်ဦးကို ကေအိုင်အေတပ်က ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်လိုက်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ကလည်း အပြန်အလှန်ငြင်းဆိုပါတယ်။

မချမ်းဘောမြို့နယ် အင်ခန်ဂါးရွာနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က အစိုးရတပ်နဲ့ ကေအိုင်အေတပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် လူစုကွဲသွားပြီး ဒဏ်ရာရထားတဲ့ အစိုးရတပ်ကအရာရှိဟာ အင်ခန်ဂါးရွာမှာ ရှိနေခဲ့ကြောင်း သြဂုတ်လ ၃ဝ ရက်နေ့မှာ ကေအိုင်အေတပ်က အင်ခန်ဂါးရွာမှာ အဲဒီအရာရှိကို လာရောက်ဖမ်းဆီးသွားပြီး သတ်ဖြတ်လိုက်တာလို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ကေအိုင်အေတပ်မှူးနဲ့ တပ်သားတွေကို အရေးယူပေးဖို့ အစိုးရက မချမ်းဘောမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားကြောင်းလည်း ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲ့ထံကို ဖြေရှင်းချက်တောင်းထားတယ်လို့ သိရပါတယ်။

KIO အဖွဲ့ကပြောရာမှာတော့ ဒီဖြစ်ရပ်ဟာ လက်တွေ့ဖြစ်ရပ်နဲ့ လွဲချော်နေတာကြောင့် ဖြေရှင်းချက်ပေးစရာမလိုဘူးလို့ ပြောပါတယ်။ KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းပြောတာက

“သူတို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်စာပို့ထားတယ်၊ ကျနော်တို့ဘက်က အဲဒီအပေါ်မှာ ဘာမှပြန်ကြားစရာမရှိဘူးခင်ဗျ၊ ဒီဖြစ်တာကလည်း အမှန်တကယ် ဖြစ်ခဲ့တဲ့ဖြစ်စဉ်မဟုတ်ဘူး၊ တိုက်ပွဲဖြစ်တာကတော့ သြဂုတ် ၂၈ ရက် တိုက်ပွဲဖြစ်တယ်၊ အရာရှိငယ်တစ်ယောက်ကျသွားတယ်၊ အဲဒီအရာရှိငယ်ကို ကျနော်တို့ဘက်က မြေမြှုပ်သင်္ဂြိုလ်လိုက်တယ်၊ အဲဒီအရာရှိရဲ့အလောင်းကို ဘယ်မှာမြှုပ်ထားသလဲဆိုတာ ကျနော်တို့ဘက်ကို PCG ကနေတဆင့် စုံစမ်းလာတာရှိတယ်၊ ဒါကြောင့်မို့လို့ ကျနော်တို့ဘက်ကလည်း မြှုပ်ထားတဲ့နေရာကို ပြောတဲ့အတွက်ကြောင့်မို့ သူတို့က စက်တင်ဘာလ ၅ ရက်နေ့ကျတော့ အဲဒီအလောင်းကိုပြန်ဖော်ယူတယ်၊ ကျနော်တို့ဘက်ကအလောင်းကို ဘာမှခေါင်းဖြတ်တာတို့၊ ဗိုက်ခွဲတာတို့ မလုပ်ဘူး၊ အဲလိုမျိုးလုပ်ရိုးလုပ်စဉ်လည်းမရှိခဲ့ဘူး”လို့ပြောပါတယ်။

ဦးလာနန်းအဆိုအရ သြဂုတ် ၂၈ ရက်နေ့တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းနယ်မြေအတွင်း စစ်ကူဝင်ရောက်လာတဲ့ အစိုးရတပ်တွေက ဒေသခံတွေကို နှိပ်စက်တာတွေလုပ်တဲ့ သတင်းတွေ ထွက်လာတာကြောင့် အခုလိုKIO ကို အပြန်အလှန်စွပ်စွဲမူတွေ လုပ်တာဖြစ်တယ်လို့ပြောပါတယ်။

အစိုးရရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မတီက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ကာလမှာပဲ အစိုးရတပ်နဲ့ KIA တပ်ကြားမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့တဲ့အတွက် ဆွေးနွေးပွဲတွေဆက်ဖြစ်မလားဆိုပြီး သံသယတွေဖြစ်နေပါတယ်။

RFA

တက်တူးထိုးထားသောအမျိုးသမီးအား အများသုံးရေချိုးခန်း ရေချိုးခွင့်ပိတ်


Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာ တွင် ဆေးမင်ကြောင်ရုပ်ထိုးထား သောကြောင့် အများပြည်သူရေ ချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေ ချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့်မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေ ရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင် သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။
အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။

Yangon Media Group

အထူးဇိမ်ခံရထား ဂျပန်တွင် ပြေးဆွဲမည်


ငွေပေါပေါသုံးပြီးခရီးသွား လိုသူများအားမျှော်ကိုး၍ ဂျပန် နိုင်ငံ ကျူရှူးမီးရထား Nanat suboshi (ကြယ်ခုနစ်ပွင့်)ကုမ္ပဏီမှ စူပါဇိမ်ခံမီးရထားအသစ်တစ်မျိုး ကို ထုတ်ဖော်ပြသခဲ့သည်။
သစ်သားဖြင့် မွမ်းမံထား သော အိပ်ခန်းအကောင်းစား၊ ခုတင်များနှင့် စာရေးစားပွဲအပြင် ရေပန်း၊ ရေချိုးခန်းနှင့်တွဲလျက် သန့်စင်ခန်း အပူပေးထိုင်ခုံများ ပါဝင်ကြောင်းသိရသည်။
ကျူရှူကျွန်းတောင်ပိုင်း ကျေးလက်ဒေသတစ်ဝိုက်တွင် သုံးညအိပ်လေးရက်စုံတွဲတစ်တွဲ လျှင် ယန်း ၁ဒသမ၁၃သန်းဖြင့် ပြေးဆွဲမည်ဟုသိရသည်။ ခံ့ညား ပြီး သိက္ခာရှိ၍ ဂျပန်နှင့်အနောက် တိုင်းပေါင်းစပ်ထားသော ဒီဇိုင်း အသစ်ဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ကြွားဝါဖော်ပြ ထားသည်။ လာမည့်လတွင်စတင် ပြေးဆွဲမည်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် ဇွန်လအထိ လက်မှတ်များ ရောင်းပြီးကြောင်း သိရသည်။
Yangon Media Group

အိမ်တစ်အိမ် ခွေးတစ်ကောင်သာမွေးရန် အမိန့်ထုတ်


ဘူခါရက်ခရိုင်၌နေထိုင်ကြ သည့် ခွေးချစ်သူ ရိုမေးနီးယား များအနေဖြင့် အဆောက်အအုံ တစ်ခုလျှင် ခွေးလေခွေးလွင့်တစ် ကောင်သာ မွေးမြူကြရန် ကြာ သပတေးနေ့တွင် အာဏာပိုင် များက ပြောကြားလိုက်သည်။
ယခုအခါ အငြင်းပွားဖွယ် ရာခွေးလေခွေးလွင့်များကို နှိမ် နင်းလျက်ရှိနေသည်။
အဆောက်အအုံ၏နောက် ဘက်တွင် မွေးစားသည့်ခွေးအ တွက် လှောင်အိမ်တစ်ခုထားနိုင် သည်ဟု အဆောက်အအုံနေ ၅၁ရာခိုင်နှုန်းသော ပြည်သူများ က သဘောတူထားကြကြောင်း ခရိုင်မြို့တော်ခန်းမ၏ ထုတ်ပြန် ကြေညာချက်၌ဖော်ပြပါရှိသည်။
များစွာသောရိုမေးနီးယား တို့သည် ခွေးလေခွေးလွင့်များအား ကျွေးမွေးထားပြီး အတူနေခွေး များဟူ၍ပင် ခေါ်ဝေါ်လာသည်။
ဤသို့လှုပ်ရှားဆောင်ရွက် မှုဖြစ်လာရခြင်းမှာ ကြာသပတေး နေ့က ဥပဒေတစ်ခုပြဋ္ဌာန်းခဲ့၍ဖြစ် သည်။ အဆိုပါဥပဒေတွင် ခွေး လေခွေးလွင့် ပိုင်ဆိုင်ကြောင်း နှစ်ပတ်ကြိုတင်၍ အကြောင်း မကြားပါက ရှင်းလင်းသုတ်သင် သွားမည်ဟု ပါရှိသည်။
ဤကိစ္စကြောင့် ပြင်သစ် တိရစ္ဆာန်အခွင့်အရေးကာကွယ် လှုပ်ရှားသူ ဘရစ်ဂျစ်တီဘာဒို့တ် က ရိုမေးနီးယားသမ္မတ ထရီယန် ဘာဆေကူအား ဥပဒေနောက် ကွယ်မှ ရက်စက်သူဟု ကင်ပွန်း တပ်လိုက်သည်။
ဤဥပဒေမှာ လွန်ခဲ့သော တစ်ပတ်ကျော်က ဘူခါရက်ပန်းခြံ တစ်ခုအနီး၌ ကလေးတစ်ဦး ခွေး များကိုက်၍သေဆုံးခဲ့ပြီးနောက် ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
Yangon Media Group

မလေးရှားရောက် မြန်မာ အလုပ်သမားများ လုံခြုံမှု မရှိသေးဟုဆို


ဇွန်လအတွင်းဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီး မလေးရှားမှ ပြန်လာကြသော မြန်မာအလုပ်သမားများ ရန်ကုန်လေဆိပ်သို့ရောက်ရှိလာစဉ် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
မလေးရှား နိုင်ငံတွင် တရားမဝင်နေထိုင်သူများ ဖမ်းဆီးရေး ၃ လ စီမံချက် ကာလအတွင်း မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများအတွက် လုံခြုံမှု လုံးဝ မရှိကြောင်း ယမန်နေ့က ပြန်လည်ရောက်ရှိလာသူ မြန်မာ အလုပ်သမား များက ပြောကြသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည့် မြန်မာအလုပ်သမား ၁၇၃ ဦးသည် MAI လေကြောင်း၊ သီတဂူ ဆရာတော် ကြီးနှင့် ကမ္ဘောဇဘဏ် တို့၏ အခမဲ့ စီစဉ်ပေးမှုဖြင့် စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၄ နာရီ ၁၀ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ပြီး ယခုတခေါက်သည် စတုတ္ထအကြိမ် ဖြစ်ကြောင်း သိရသည်။

“မလေးမှာ မြန်မာအလုပ်သမားတွေ အတွက်က လုံးဝ လုံခြုံမှုမရှိသေးဘူး၊ အချိန်မရွေး အသက်သေသွားနိုင်တဲ့ အခြေအနေ မှာ ရှိနေတယ်လေ။ ဒါကြောင့် ပြန်လာလိုက်တာ။ စပြီး သွားတုန်းကတော့ တရားဝင်ဖြစ်ပေမယ့် နောက်ပိုင်း တရားမဝင် နေဖြစ်နေခဲ့တာ” ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကင်မရာ ထုတ်လုပ်သည့် စက်ရုံတွင် ၁ နှစ်ကျော် အလုပ် လုပ်ခဲ့သည့် ကိုအောင်မြတ်က ပြောသည်။

တရားမဝင် အလုပ်သမားများ ဖမ်းဆီးသည့် စီမံချက်ဟု ဆိုသော်လည်း တရားဝင် အလုပ်သမားများပါ ဖမ်းဆီးခံရမှုများ ရှိနေကြောင်းနှင့် ကွာလာလမ်ပူမြို့ရှိ နေအိမ်များ၊ စက်ရုံ အလုပ်ရုံများနှင့် ဆီအုန်းခြံ၊ ရာဘာခြံများတွင် အများဆုံး ဖမ်းဆီး နေခြင်းဖြစ်ပြီး တခြားဒေသများတွင် ဖမ်းဆီးမှု နည်းပါးသည်ဟု သိရသည်။

“ကျမက တရားမဝင် နေတဲ့သူဖြစ်နေတော့ ဖမ်းဆီးရေး စီမံချက် စမယ်လို့ ကြေညာကတည်းက မလေးမှာရှိတဲ့ ကပုန်း နာရေး ကူညီမှု အသင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တာပါ။ အလုပ်လုပ်ရတာက အဆင်ပြေပေမယ့် ဖမ်းဆီးရေး စီမံချက် လုပ်မယ်ဆိုတော့ ပြန်လာလိုက်တာ။ ထပ်ပြီးတော့ မသွားချင်တော့ဘူး။ ဖမ်းဆီးတာတော့ မကြုံခဲ့ရပေမယ့် မြင်ရ ကြားရ တာတွေအတွက်တော့ စိတ်မချမ်းသာပါဘူး” ဟု MAI လေကြောင်းလိုင်းဖြင့် ယမန်နေ့က့ ပြန်လည်ရောက်ရှိလာသူ မသဇင်အေးက ဧရာဝတီသို့ ပြောသည်။

မလေးရှားနိုင်ငံ ဂျိုဟိုးလ်မြို့ရှိ လက်အိတ်စက်ရုံနှင့် တခြားစက်ရုံတချို့တွင် ခြောက်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သည့် မသဇင်အေးက မလေးရှားအစိုးရ၏ ယခုတကြိမ် ဖမ်းဆီးရေး စီမံချက်မှာ အကြီးဆုံး ဖြစ်နိုင်သည်ဟု ဆိုသည်။

တရားမဝင် မြန်မာအလုပ်သမား အများစုမှာ ဖမ်းဆီးရေး စီမံချက် စတင်ကြေညာစဉ်က ထိုင်း နယ်စပ်မှ တဆင့် မြန်မာ နိုင်ငံတွင်းသို့ ပြန်ဝင်ရန် စီစဉ်ထားကြသော်လည်း နယ်စပ်ဂိတ်များတွင်ပါ ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်နေသည့် အတွက် ပြန်ရန် အဆင်မပြေကြကြောင်း သိရသည်။

“ဒီတခေါက် စီမံချက်က တော်တော်ကြမ်းတယ်လို့ ပြောလို့ရတယ်၊ အရင်တုန်းက အခုလိုမျိုး ဖမ်းဆီးမှုတွေ မလုပ်ဘူးဗျ၊ ဒါကြောင့် ဒီသတင်း ကြား ကြတယ်ဆိုပေမယ့် သိပ်ဂရုမစိုက်ဖြစ်ကြဘူး။ အခုလို ဖြစ်ကုန်မှသာ ပြေးတဲ့သူတွေကပြေး၊ ပြန်တဲ့သူလည်း ပြန် ဖြစ်ကုန် ကြတာ။ တရားမဝင် နေရတာဆိုတော့လည်း ဘယ်အချိန် အဖမ်းခံရမလဲ ကြောက်ပြီး အလုပ် တောင်မသွားဘဲ အိမ်မှာပဲ ပုန်းနေခဲ့ရတယ်” ဟု ကွာလာလမ်ပူမြို့ရှိ အဆောက်အဦး လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူ ကိုအောင်ကျော်မြင့်က ဆိုသည်။

စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် VIP ဝင်ပေါက်အနီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ အတွက် အလုပ်အကိုင်နှင့် တရားဝင် နေထိုင်ခွင့် ရရှိစေရန် လာမည့် ၂ လအတွင်း အကောင်အထည် ဖော်မည်ဟု ပြောခဲ့သည်။


သို့သော် မလေးရှားမှ ပြန်လည် ရောက်လာသည့် မြန်မာအလုပ်သမား အများစုကမူ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားများအတွက် အကူအညီပေးမှု နည်းပါးသဖြင့် လူမှုကူညီရေး အဖွဲ့များကိုသာ အကူအညီတောင်းကြရကြောင်း ပြောဆိုနေကြသည်။

ဧရာဝတီ

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ




နေ့တစ်နေ့ရဲ့အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့် ကြောင်း မကြာခဏကြားဖူးကြမှာပါ။ ဒါပေမဲ့ အပြိုင်အဆိုင်များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့အတွက် အများစုက အလုပ်လောဘကြီး နေတတ် ကြပါတယ်။

မနက်မနက် အလုပ်ချိန်မှီအောင်၊ ကျောင်းချိန်မှီအောင်လုံးပန်းနေရတာနဲ့ မနက်စာစားဖို့ အချိန်မပေးနိုင်ဘူးဖြစ်နေပါတယ်။

ထမင်းစားပွဲမှာထိုင်ခုံနဲ့ အကျအနထိုင်ပြီး အေးဆေး စားဖို့နေနေသာသာ ကော်ဖီတစ်ခွက်ကိုတောင် အပြင်ထွက်ခါနီးမှ အမြန်မျိုချနေရတဲ့ အလုပ်များသူတွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေးအတွက် အရေးကြီးဆုံးအစာပါ။

ဒီစကား အပ်ကြောင်းထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fast ရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast) ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာပုံမှန် စားနေသူတွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာအရ တွေ့ရှိရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေပြည့်ဝ နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယတွေမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ် အလေးချိန် ထိန်းသူတွေအနေနဲ့လည်း မနက်စာစားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ်စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Food တွေ ကိုလည်း ပိုစားမိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်းအချိန်ပေးပြီး စားပေးသင့်ပါတယ်။

Credit - Original up-loader


မန်း ရတနာပုံကျောင်း နှင့် တောင်သမန်ဝန်းကျင် ၊ကျေးရွာများ ရေလွှမ်း


ယနေ့ နံနက်ပိုင်းမှ စတင်ကာ ရတနာပုံတက္ကသိုလ်ကျောင်းဝန်းအတွင်းနှင့် တောင်သမန် အနောက်ဘက် ကန်ပတ်လမ်းဘေး တွင် ရေလျှံလျှက်ရှိကြောင်းသိရသည်။

ရတနာပုံတက္ကသိုလ်မှ ဆရာမတစ်ဦးက

"ဒီနေ့(၁၄.၉.၂၀၁၃) နံနက်ပိုင်းကနေစပြီး ကျောင်းဝန်းထဲမှာ ရေတွေ လျှံလာတာ အခု ညနေ ၆နာရီကျော်အထိ ကျောင်းဆောင်တွေရဲ့ ပထမအထပ်ထဲကို ရေတွေ စ၀င်နေပါပြီ။ လာမဲ့ရက်ပိုင်းမှာ စာမေးပွဲတွေ ဆက်တိုက်ဖြေဖို့ ရှိတော့ ဘယ်လိုစီစဉ်ကြမလဲ မသိသေးဘူး။ ဆရာမတို့ကတော့ ဌာနက ပစ္စည်းတွေ ရေစိုမှာဆိုးလို့ အပြင်ကို ထုတ်နေရတယ်။" ဟု News of Myanmar သို့ ပြောသည်။

အမရပူရမြို့နယ်ရေ ဘေးသင့်ရွာ(၃၅)ရွာ၊အိမ်
ထောင် စုပေါင်း၁၄၁၉၊အိမ်ခြေ
၁၁၅၆၊လူဦးရေ၄၀၀၀ကျော်
ခန့်ရေဘေးဒုက္ခခံစားနေရကြောင်း လည်း စုံစမ်းသိရှိရပါသည်။
News of Myanmar

အွန်လိုင်းက ဥပဒေ ဒီပလိုမာတွေ ယူလို့ရနေပြီ

ပညာလိုလားသူတွေအတွက် သတင်းကောင်းတပုဒ်ပါ။ ခေတ်မီ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ ရင်ဘောင်တန်း ကာ အွန်လိုင်းက ဒီပလိုမာတွေပေးနေပြီဖြစ်သလို ဒီဂရီတွေလည်း ပေးဖို့ ပြင် ဆင်နေ ပါပြီတဲ့။


မြန်မာနိုင်ငံမှာ အခုအခါ ပညာရေးကို ဦးစားပေး မြှင့်တင်နေ ချိန် ဖြစ်လို့ ရန်ကုန် အဝေးသင်တက္ကသိုလ် ဥပဒေရေးရာ ဌာနက အွန်လိုင်းကနေ ဥပဒေ ဒီပလိုမာ ယူလို့ရပါပြီလို့ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ၀က် ဆိုက် မှာ မနေ့က သတင်းတပုဒ် က ဆိုပါတယ်။

ရန်ကုန်တက္ကသိုလ် ဥပဒေ ဌာနက ယမန်နှစ် ၂၀၁၂ ခုနှစ်ကတည်းက အွန်လိုင်း ဒီပလိုမာ သင်တန်း အစီအစဉ်ကို စတင်ခဲ့ တာဖြစ်တယ်လို့ ရန်ကုန် အဝေးသင် တက္ကသိုလ် ဥပဒေ ရေးရာ ဌာန ပါမောက္ခ
ဒေါက်တာ ဒေါ်မမလေး ကို ကိုးကားပြီး ပြန်ကြားရေး သတင်းက ဆိုတာပါ။

“အဲ့ဒီ ဒီပလိုမာ သင်တန်းကို နှစ်ဝက် စာသင်ကာလ နှစ်ခု ခွဲထားပြီး တစ်ခုကို ငါးလ သတ်မှတ်ကာ ပထမ နှစ်ဝက်မှာ ဘာသာရပ် ငါး ခု သင်ကြားပြီး ဘာသာရပ် တစ်ခုလျှင် ဥပဒေပညာရပ်နှစ်ခု သင်ကြား ရန် ပြဋ္ဌာန်းထားပါတယ်။ ဒုတိယ နှစ်ဝက်မှာလည်း ဥပဒေပညာရပ်လေးခု ပြဋ္ဌာန်းသင်ကြားပေးပြီး အဲဒီ အနက် ဥပဒေဘာသာရပ်တစ်ခုကို စာတမ်းပြုစု တင် ပြ ရပါတယ်” လို့ သူက ပြောထားတာပါ။

စာမေးပွဲဖြေဆိုရာမှာ ရုံးချိန်ပြင်ပ ဖြေဆိုလိုသူတွေအတွက် နံနက် ၆ နာရီက ညနေ ၆ နာရီအထိ သတ်မှတ် ထားပါတယ်တဲ့။

ဒီနှစ် ဒုတိယ အသုတ် ဒီပလိုမာသင်တန်းမှာ ပထမ နှစ်ဝက်ဖြေဆိုသူ ၁၀၀ ကျော်ရှိပြီး ဒုတိယ နှစ်ဝက်ဖြေ ဆို သူ ၅၄ ဦး ရှိ တယ် လို့ ဆိုပါတယ်။

စာမေးပွဲ အောင်စာရင်း ရလဒ်တွေကတော့ ဖြေဆိုပြီး ရက်ပိုင်း အတွင်း အွန်လိုင်းမှာ ထုတ်ပြန်ပေးမှာ
ဖြစ်ပြီး လျှောက်ထား လိုသူတွေ အနေနဲ့ ဒီလိပ်စာ( www.yudeonline.com.mm ) ကနေ သွားရောက်
လျှောက်ထားနိုင်တယ်လို့ သူက ဆက် ပြော ထားပါတယ်။

ရန်ကုန် အဝေးသင်တက္ကသိုလ်မှာရှိတဲ့ ကျန်တဲ့ ဘာသာရပ်တွေကိုလည်း အခု ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက စပြီး အွန်လိုင်း က နေ ဒီဂရီ ပေးနိုင်ဖို့ ပြင်ဆင်မှုတွေလည်း ရှိတယ်လို့ ပြန်ကြားရေး ၀က်ဆိုက် သတင်းက ဆိုပါတယ်။


အိမ့်သံစဉ် ~

ဖိလစ်ပိုင်တောင်ပိုင်းမြို့ကို အစ္စလာမ္မစ်စစ်သွေးကြွများ ဝန်းရံတိုက်ခိုက်၊ အစိုးရတပ်ဖွဲ့ စစ်မျက်နှာနှစ်ဖက်ဖွင့်


ဖိလစ်ပိုင်တောင်ပိုင်းရှိ ဇန်ဘိုဂါမြို့ကို ငြိမ်းချမ်းရေးဆွေးနွေးမှုကို မလိုလားသော အစ္စလာမ္မစ် စစ်သွေးကြွများက ဝန်းရံတိုက်ခိုက်နေပြီး အစိုးရတပ်ဖွဲ့ဝင်များက စစ်မျက်နှာ နှစ်ဖက်ဖွင့် ချေမှုန်းနေကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဇန်ဘိုဂါ ဆိပ်ကမ်းမြို့တွင်း မောရို အမျိုးသားလွတ်မြောက်ရေးတပ်ဦး
(MNLF) တပ်ဖွဲ့ဝင် ၁၈၀ ဦးနှင့် အစိုးရ တပ်ဖွဲ့ဝင်များကြား အပြန်အလှန် တိုက်ခိုက်မှုများ တနင်္လာနေ့မှ စတင်ဖြစ်ပွားနေခြင်းကြောင့် မြို့ခံ ၁၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ထို့အပြင် ဇန်ဘိုဂါမြို့နှင့် ရေလက်ကြား ကျဉ်းကျဉ်းလေးသာ ခြားသည့် ဘာစီလန်ကျွန်းပေါ်ရှိ အစိုးရစစ်စခန်း များကိုလည်း အစ္စလာမ္မစ်လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ခြင်းကြောင့် အစိုးရတပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

"အဲဒီလို တိုက်ခိုက်မှုက သူပုန်တွေရဲ့ အာရုံလွှဲပြောင်းရေး နည်းဗျူဟာ တစ်စိတ် တစ်ဒေသပဲ" ဟု ဒေသဆိုင်ရာစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဂရီဂိုရီက ပြောကြားသည်။

တောတောင်ထူထပ်ပြီး သူပုန်များ၏ အမာခံနယ်မြေတစ်ခု ဖြစ်သော ဘတ်စီလန် ကျွန်းပေါ်ရှိ အစိုးရစစ်စခန်းများကို တိုက်ခိုက်ရာတွင် MNLF အဖွဲ့အပြင် အခြားသော မဟာမိတ်လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့လည်း ပါဝင်ကြောင်း ၄င်းက ပြောကြားသည်။

ဇန်ဘိုဂါမြို့ကို အစ္စလာမ္မစ် လက်နက်ကိုင်များ ဝန်းရံတိုက်ခိုက်နေ သည်မှာ လေးရက် ကြာမြင့်နေပြီဖြစ်ပြီး ထိုးစစ်တင်လာသော အစိုးရတပ်ဖွဲ့ဝင်များ ကို သူပုန်များက မော်တာများ၊ လက်ဖြောင့် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

သူပုန်များမှာ MNLF အဖွဲ့ကို စတင် တည်ထောင်ခဲ့သည့် နာမီဆာရီ၏ နောက်လိုက်များ ဖြစ်ပြီး ၄င်းတို့သည် ၁၉၇၁ ခုနစ်မှစ၍ ခွဲထွက်ရေး တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။

မောရိုအမျိုးသား လွတ်မြောက်ရေး တပ်ဦး (MNLF) ၏ ပြိုင်ဘက် အဖွဲ့အစည်း ဖြစ်သော မော်ရိုအစ္စလာမ္မစ် လွတ်မြောက်ရေး တပ်ဦး (MILF) နှင့် ဖိလစ်ပိုင်အစိုးရတို့ ကြား သီးခြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် စီစဉ်ခြင်းမှာ ၁၉၉၆ ငြိမ်းချမ်းရေးသဘော တူညီချက်ကို အစိုးရအဖွဲ့က ချိုးဖောက်ခြင်း ဖြစ်သည်ဟုဆိုကာ နာမီဆာရီက ပြီးခဲ့သည့်လအတွင်း လွတ်လပ်ရေး ကြေညာခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်း ကြီးမားကျယ်ပြန့်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ကို MILF အဖွဲ့က လွှဲပြောင်းရယူမည်ဖြစ်ပြီး ယင်းကဲ့သို့ အစိုးရအဖွဲ့က လုပ်ဆောင်ခြင်းသည် ကတိဖောက်ဖျက်ခြင်း ဖြစ်ပြီး မိမိ၏ MNLF အဖွဲ့ကို လျစ်လျူရှုခြင်းဖြစ်ကြောင်း နာမီဆာရီက စွပ်စွဲလိုက်သည်။
သို့သော်လည်း MILF အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီလိုက်ခြင်းမှာ MNLF အဖွဲ့နှင့် စာချုပ်ကို ဂုဏ်ပြုလိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတောင်ပိုင်းဒေသရှိ လက်နက်ကိုင်တော်လှန်မှုများကို ရပ်ဆိုင်းနိုင်ရန် ကြိုးပမ်းနေသော ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်သည်။

အစ္စလာမ္မစ် သူပုန်များက ဇန်ဘိုဂါမြို့ကို လေးရက်ကြာ ဝန်းရံတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၄ ဦးထိ သေဆုံးသွားပြီး အရပ်သား သုံးဦး၊ ရဲအရာရှိတစ်ဦး၊ စစ်သားနှစ်ဦး နှင့် သူပုန်ရှစ်ဦးတို့ ပါဝင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင် အာဏာပိုင်များနှင့် မြို့ကို ဝန်းရံထားသည့် သူပုန်များကြား ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု တည်ထောင်နိုင်ခဲ့ပြီး ဝန်းရံတိုက်ခိုက်မှု ရပ်ဆိုင်းပေးရန် သူပုန် ခေါင်းဆောင်များကို အစိုးရအရာရှိများက တိုက်တွန်းပြောကြားနေသည်။

ပဋိပက္ခဖြစ်ပွားနေသည့် ဇန်ဘိုဂါမြို့ တွင်း ပုန်းအောင်းနေထိုင်နေသည့် မြို့ခံများကို နေအိမ်များမှ ထွက်ခွာပြီး လုံခြုံရာ ဒေသသို့ လာရောက်ခိုလှုံကြရန် အစိုးရ အရာရှိများက တိုက်တွန်းထားသည်။

The Voice Weekly

သမ္မတ ဦးသိန်းစိန်နဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ပထမဆုံး တွေ့ဆုံ





၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ မနက်က နေပြည်တော်မှာ ပထမဆုံး အကြိမ်တွေ့ဆုံကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးဌေးကြွယ် တို့ ပါဝင်တဲ့ ၈၈ မျိုးဆက် ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ သမ္မတရုံး ၀န်ကြီး
တွေဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ ဦးခင်ရီတို့နဲ့ ၂ ဖက် အမြင်ချင်း ပွင့်ပွင့် လင်းလင်း
 အချိန်အတော်ကြာ ဆွေးနွေးဖြစ်ကြတယ်လို့ သိရပါတယ်။

အဓိက အမြင်ချင်းဖလှယ်ဆွေးနွေးကြတာမှာ ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးအတွက် အခြေခံအားဖြင့် သဘောထား တူညီတာတွေလည်း အများကြီး ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေ က ပြောကြပါ တယ်။

ဒါပေမယ့် ဆွေးနွေးချက် အသေးစိပ် ကိုတော့ မပြောကြသေးပါဘူး။

မကြာသေးမီက သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းမှာတော့ ၈၈ ငွေရတုပွဲတုန်းက ရင်တမမ ဖြစ်ခဲ့ရတာ ထုတ်ပြောသွားခဲ့သလို ၈၈ ကျောင်းသားတွေနဲ့ ယုံကြည်မှု တည်ဆောက်နိုင်တာကိုလည်း နမူနာ
ပေး ပြောခဲ့ပါတယ်။
ဧရာဝတီ

အမျိုးသားဦးနှောက်နဲ့ အမျိုးသ္မီးဦးနှောက်ကိုယှဉ်ကြည့်ရအောင်....!



လုပ်ဆောင်နိုင်စွမ်း
◘◘◘◘◘◘◘◘◘◘◘◘

လုပ်ငန်းတာဝန်တွေရှုပ်ထွေးနေတဲ့အချိန်မှာ အလုပ်တွေအပေါ်အာရုံစူးစိုက်
နိုင်စွမ်းမှာတော့အမျိုးသ္မီးတွေဟာသာပါတယ်။
ဥပမာ- ထမင်း/ဟင်းချက်ရင်းTVကြည့်နေတုံး ဖုန်းလာရင်အမျိုးသ္မီးတွေဟာ
ချက်ခြင်းကောက်ကိုင်ပြီးလုပ်လက်စအလုပ်နှစ်ခုကိုဆက်လုပ်နေပါတယ်။
အမျိုးသားတွေကတော့ TVကြည့်နေရင်းဖုန်းလာရင်အဝေးထိန်းခလုတ်ကိုင်
ပြီး TVကိုခဏရပ်ထားတာ(သို့ )TVမှအကြည့်လွှဲပြီးဖုန်းကိုဘဲအာရုံစိုက်ပြော
မှာပါ။

ဘာသာစကား
♦♦♦♦♦♦♦♦♦♦

ဒီမှာလည်းအမျိုးသ္မီးတွေကသာတယ်လို့ ပြောနိုင်ပါတယ်။
အသက် ၃နှစ်သ္မီးကလေးအရွယ်မိန်းခလေးတွေဟာရွယ်တူ
ယောကျာ်းလေးတွေထက်စကားလုံးဝေါဟာရမှာ ၃ဆပိုမို
တက်မြောက်နေပေမယ့် ပြဿနာတစ်ခုအတွက်အဖြေရှာတဲ့နေရာမှာတော့
အမျိုးသ္မီးတွေနောက်ကျကျန်ခဲ့ရပါတယ်။

မျှော်လင့်ချက်(သို့ )လိုအပ်ချက်
••••••••••••••••••••••••••

အမျိုးသားတွေမှာတော့ ဂုဏ်၊အောင်မြင်မှု၊ပိုင်ဆိုင်မှု(ငွေနှင့်ဥစ္စာပစ္စည်း)၊
မိမိလုပ်ငန်းတာဝန် စတာတွေကိုလိုလားပြီး
အမျိုးသ္မီးတွေမှာတော့ မိသားစု၊သူငယ်ချင်း၊မိမိနှစ်သက်သူ
အစရှိတာတွေကို လိုအပ်နေပါတယ်။

လိမ်ညာမှု
♣♣♣♣♣♣

ဒီအချက်မှာ မှာချင်တာကတော့အမျိုးသားတွေအမျိုးသ္မီးတွေကို
လိမ်တဲ့အခါမှာမိမိဘက်ကပိရိနိုင်ဖို့ (သို့ )မလိမ်တာအကောင်းဆုံးပါပဲ။
အကြောင်းပြချက်ကတော့ အမျိုးသ္မီးတွေဟာအမျိုးသားတွေစကားပြောရင်
သူတို့ ရဲ့ပုံမှန်ဟုတ်မဟုတ်အနေအထားတွေကို အပြင်ပန်းအနေအထားအရ
၇၀% ၊ စကားပြောဆိုပုံအရ ၂၀% နှင့် ပါးစပ်ပေါက်ကိုကြည့်ပြီး ၁၀%
ဖတ်နိုင်ပါတယ်။ဒါမျိုးအားသာချက်တွေ အမျိုးသားတွေမှာမရှိတာကြောင့်
လိမ်မယ်ဆိုရင်တောင်မျက်နှာခြင်းဆိုင် လိမ်ဖို့ မကြိုးစားရင်ကောင်းပါတယ်။

မပျော်ရွှင်နိုင်ခြင်း
♠♠♠♠♠♠♠♠♠♠♠♠

အမျိုးသ္မီးတွေဟာ သူတို့ ခင်ပွန်း(သို့ )ရည်းစားကောင်လေးတို့ နှင့်
အဆင်မပြေဖြစ်လာရင် အလုပ်ခွင်မှာအာရုံစူးစိုက်မှုအားနည်းသွားပါတယ်။
အမျိုးသားတွေကတော့ အလုပ်ခွင်မှာအဆင်မပြေဖြစ်လာရင်
အိမ်ထောင်ရေးနှင့်မိမိချစ်သူအမျိုးသ္မီးအပေါ်အာရုံမရှိဖြစ်လာပါတယ်။

ဒီအချက်(၅ချက်)ကတော့ စုစုပေါင်းအချက် (၁၀ချက်)ထဲကမှ
ယနေ့ အတွက် (၅ချက်)ဖြစ်ပါတယ်။

ZK(ကနောင်)
Myawady News


ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်

မြန်မာ့တပ်မတော်နှင့်ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်မတော်အရာရှိတစ်ဦး ဖမ်းဆီးအသတ်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ-

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရ အရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း


၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စု ၁ စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်း နယ်မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် သြဂုတ်လ ၂၈ရက်နေ့တွင် မလွတ်ဒမ်းကျေးရွာမှထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်အား ၂၀ ဦးခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦးနှင့် စစ်သည် ၁ ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် စစ်သည်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ်ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်ဦးစီးအင်အား ၂၀ ဦးခန့်သည် သြဂုတ်လ ၂၇ ရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်နေ့တွင် တပ်အား အသင့်စောင့်ကြို ၂ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ ရက်နေ့တွင် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့ အင်ခန်ဂါးကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၃၀ ရက်နေ့တွင် ပျောက်ဆုံးအရာရှိသည် ဘက်ဘက်လက်မောင်းတွင် လက်နက်ငယ်ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာ သို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ်ရှိသူတစ်ဦးမှ သွားရောက်သတင်းပို့ခဲ့သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေး ဆောင်ရွက်နေစဉ် စက်တင်ဘာ ၅ ရက်နေ့တွင် အင်ခန်ဂါးကျေးရွာအနီး နေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ်သူမောင်ဖုန်းဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏ မြောက်ဘက် မီတာ(၁၀၀၀) ခန့်အကွာ တောင်ယာသွားလမ်း၏ ညာဘက် ကိုက်(၁၀၀၀) ခန့်ရှိတောင်စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ် သတ်ဖြတ်ပြီး မြုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။ တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင်လျှက်ရှိပြီး တွေ့ကြုံရသည့်အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသော ပြဿနာများအား သဘောထားကြီးမားစွာဖြင့်
ထိန်းသိမ်းဖြေရှင်းမှုများ လုပ်ဆောင်လျှက်ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်လျှက်ရှိသော်လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိသည့် အရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျုးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ တပ်ရင်း(၇)မှ တပ်စုမှူး တန်ခမ်နှင့်အပေါင်းအပါ ၂၀ဦးခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး
မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရပါသည်။
Popular Myanmar News Journal

ငါးပိကို ဓာတ်မြေသြဇာ ပက်ထားမထား စမ်းသပ် ၀ယ်ယူနည်း။

ငါးပိကို ဓာတ်ဆားပက်ထားမထား ကိုသိချင်ရင်
အဲဒီ ငါးပိကို သေချာကြည့်ရှုလေ့လာပါ။
အရည်တွေ အရမ်းထွက်နေမယ်ဆိုရင် မသင်္ကာစရာကောင်းနေပြီ။

ငါးပိအထဲက ငါးရဲ့ကျောရိုးဟာ ရိုးရိုးပုံမှန်ဆိုရင်
လက်နဲ့ ဖျစ်တာနဲ့ ကြေမသွားဘူး ကွဲမသွားဘူး မာတယ် ... တဲ့။
ဒါပေမဲ့ ဓာတ်ဆားပက်ထားရင် အဲ့ဒီအာနိသင်ကြောင့်
အရိုးတွေပါ ဆွေးကုန်လို့
လက်နဲ့ ဖျစ်ကြည့်ရင် ကြေကုန်တယ်ဆိုပဲ။

[ဧရာဝတီသား ကိုဟန်မိုး၏ Comment အား အခြေခံရေးသားပါသည်။]

Thorn Nay Soe