မှော်ဘီမြို့မရဲစခန်းတွင်လာရောက်အပ်နှံထားသော မိန်းကလေးငယ်အား မိဘများထံ ပြန်လည်အပ်နှံ


ရန်ကုန်၊ နိုဝင်ဘာ ၅

၎.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် ရန်ကုန်ဘက်မှပြည်ဘက်သို
့မောင်းနှင်လာသော န/၄၈၈၆ ဟိုင်းလတ်အဖြူရောင်လက်ပံတန်း - ရန်ကုန်ခရီးသည်တင်ယာဉ်ပေါ်တွင် အသက်(၇)နှစ်ခန့်အရွယ်၊ စကားမပြောတတ်မိန်းကလေးငယ်တစ်ဦးမှာ အုပ်ထိန်းသူမပါဘဲ ငိုးကြွေးနေကြောင်း မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ စမ်းချောင်းပေါက် မှတ်တိုင်အရောက်တွင် သိရှိရသဖြင့် ယာဉ်မောင်း ဦးအောင်ကျော်လင်းမှအဆိုပါမိန်းကလေးငယ်အားမှော်ဘီမြို့မရဲစခန်းသို့ လာရောက် ပို့အပ်သဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များရှိ ရဲစခန်းအသီးသီးသို့ ဆက်သွယ်စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။

မှော်ဘီမြို့မရဲစခန်းတွင် လာရောက်အပ်နှံထားသည့် မိန်းကလေးငယ်၏ မိဘများဖြစ်သော ဦးအောင်ဌေး၊ဒေါ်မိနွယ်၊ငဖြူလေးကျေးရွာ၊သာယာဝတီ
မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူတို့သည် ၅.၁၁.၂၀၁၃ရက်နေ့ ၁၁၃၀အချိန် မှော်ဘီမြို့မရဲစခန်းသို့ ရောက်ရှိလာသဖြင့် အဆိုပါ
မိန်းကလေးငယ် မငုဝါ(ခ)ရွှေသဇင် (၈)နှစ်အား မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ငဖြူလေးကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းတို့၏ ရှေ့မှောက်တွင် မိဘများထံ
ကောင်းမွန်စွာ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့ကြောင်း
သတင်းရရှိပါသည်။
Yangon Police

ပေါက်တော အကြမ်းဖက်မှု ထပ်မဖြစ်ရန် လုံခြုံရေးတိုးမြှင့်


ရန်ကုန်၊ နိုဝင်ဘာ ၎

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာ အုပ်စုတွင် နိုဝင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူသုံးဦးထက်မနည်း သေဆုံးခဲ့သဖြင့် အကြမ်းဖက်မှုများ ထပ်မံ မဖြစ်ပွားစေရန် လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အားများ တိုးချဲ့ထားပြီး ပြစ်မှု ကျူးလွန်သူများကို ဖမ်းဆီးရန် စုံစမ်းနေကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။

ဆင်တက်မော် ကျေးရွာအုပ်စုတွင် အကြမ်းဖက်မှုများ မဖြစ်ပွားမီက လုံခြုံရေးအင်အား ၂၀ ခန့်သာ ရှိသော်လည်း ယခုအင်အား ၇၀ ခန့် လုံခြုံရေး ချထားသည်ကို တွေ့ရကြောင်း ဆင်တက်မော် ကျေးရွာတွင် နေထိုင်သူ ဘင်္ဂါလီ အမျိုးသား ဦးအောင်နိုင်က ပြောကြားသည်။
“တစ်ယောက်မှ အဖမ်းမခံရသေးဘူး။ မြို့နယ်မှူးကတော့ နှစ်ဖက်စလုံးကို ဖမ်းမယ်လို့ ပြောသွားတယ်” ဟု ၎င်းကဆိုသည်။

ရခိုင် တိုင်းရင်းသူ အမျိုးသမီး အသတ်ခံရမှုကို အစိုးရအနေနှင့် ထိထိရောက်ရောက် ကိုင်တွယ်ရန် လိုအပ်ကြောင်း ပေါက်တောမြို့နယ် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်ထီးက ပြောကြားသည်။
“ဒီကိစ္စမျိုးမှာ တရားခံကို အလွယ် ဖမ်းမိဖို့ကတော့ မလွယ်ဘူး၊ ကျူးလွန်တဲ့သူကို ဝှက်ထား တတ်ကြတယ်” ဟု ၎င်းကဆိုသည်။

အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ရခိုင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂါလီ အမျိုးသားနှစ်ဦး သေဆုံးပြီး ရခိုင် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သို့သော်လည်း ဒဏ်ရာရရှိသည့် ဘင်္ဂါလီဦးရေ မည်မျှ ရှိသည်ကို အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ ဘင်္ဂါလီ နှစ်ဦးအနက် တစ်ဦးမှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး တစ်ဦးမှာ စစ်တွေ ဆေးရုံတွင် သေဆုံးခဲ့သည်ဟု အဆိုပါ ရဲအရာရှိက ပြောဆိုသော်လည်း ဘင်္ဂါလီနှစ်ဦး သေဆုံးခဲ့သည့် အကြောင်းအရင်းကိုမူ ဖြေဆိုခြင်း မရှိပေ။

ဆင်တက်မော် ကျေးရွာမှ ဘင်္ဂါလီ ၂၀ ဦးခန့်က ထင်းခုတ်နေစဉ် ရခိုင် တိုင်းရင်းသားများက ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် ထွက်ပြေးခဲ့ရကြောင်း၊ ငါးဦးမှာ ထွက်ပြေး မလွတ်မြောက်ဘဲ ကျန်နေခဲ့၍ ဘင်္ဂါလီ အမျိုးသား ၁၀၀ ခန့်ဖြင့် ပြန်လည် ရှာဖွေရာတွင် သေဆုံးနေသည့် ဘင်္ဂါလီ အမျိုးသားနှစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ဆင်တက်မော် ကျေးရွာမှ ဘင်္ဂါလီ အမျိုးသား ဦးအောင်နိုင်က ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ဆက်စပ်ကာ ချောင်းစပ်၌ ငါးရှာ၊ ခုံးကောက်နေသည့် ဆင်တက်မော် ကျေးရွာအုပ်စု ဆင်အိုင်ကျေးရွာမှ အမျိုးသမီး ငါးဦးခန့်ကို နိုဝင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဘင်္ဂါလီသုံးဦးက ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားတစ်ဦးတွင် လက်မောင်း ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း ပေါက်တော ဒေသခံများထံမှ သိရှိရသည်။

စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများ ပုဂ္ဂလိကသို့ ငှားမည်


ရန်ကုန်၊ နိုဝင်ဘာ ၎

စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အထည်အလိပ်စက်ရုံများ၊ ဝါကြိတ်စက်ရုံများ အပါအဝင် ကျန်ရှိနေသေးသော စက်ရုံများကို ပုဂ္ဂလိကသို့ ဆက်လက်ငှားရမ်း လုပ်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန စက်မှုညွှန်ကြားရေး ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အစိုးရက ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ တိုးပွားလာစေရန်အတွက် ယင်းကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“စက်ရုံဆိုတော့ ဝင်းသူဇာဆိုင်တွေလို တစ်ခုတည်း မဟုတ်ဘူး။ လူအင်အား၊ နည်းပညာနဲ့ စက်ပစ္စည်းတွေကိုလည်း ငှားရမ်းရမှာဆိုတော့ ပိုပြီး စိစစ်ရတယ်။ ဈေးနှုန်း အများဆုံး တင်သွင်းတဲ့သူကိုပဲ ရွေးချယ် လုပ်ကိုင် စေတာချင်းတော့ တူပါတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

ရမည်းသင်းမြို့နယ်မှ အမှတ် (၈) အထည်စက်ရုံခွဲ ဝါကြိတ် စက်ရုံနှင့် မြောက်ဥက္ကလာပမြို့နယ်မှ ယခင်အထည် စက်ရုံအမှတ် (၁၀)၊ ရုံခွဲ (၄) တို့ကိုလည်း ဆက်လက်ငှားရမ်းနိုင်ရန် တင်ဒါခေါ်ယူ ထားကြောင်း စက်မှု ညွှန်ကြားရေး ဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ သိရသည်။
ပုဂ္ဂလိက လုပ်ငန်းရှင်များ မည်သူမဆို လျှောက်ထားနိုင်ပြီး တင်ဒါနောက်ဆုံး ပိတ်ရက်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ ဖြစ်ကြောင်း ယင်းကြေညာချက်အရ သိရသည်။

အရှုံးပေါ်နေသော နိုင်ငံပိုင် စက်ရုံများကို ဆက်မလုပ်ဘဲ ပုဂ္ဂလိကသို့ ငှားရမ်းခြင်းဖြင့် ဆုံးရှုံးနေသည့် နိုင်ငံ့ဘဏ္ဍာများ ရရှိလာမည် ဖြစ်သည့်အတွက် ကောင်းမွန်ကြောင်း စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။
သို့ရာတွင် ဈေးကွက်မရှိသည့် စက်ရုံများကိုမူ ငှားမည့်သူများက လက်တွန့် နိုင်သည့်အတွက် အလဟဿ ဖြစ်သွားနိုင်ကြောင်း ၎င်းကထောက်ပြသည်။

ပုဂ္ဂလိကသို့ ငှားရမ်း လုပ်ဆောင်ခွင့် ချပေးပြီးသည့် စက်ရုံ ၁၃ ရုံ ရှိကြောင်း၊ ယင်းတို့မှာ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်)၊ အမှတ် (၄) စက်ရုံ (ပွင့်ဖြူ)၊ အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ)၊ အမှတ် (၆) အထည်စက်ရုံ (ဆားလင်းကြီး) တို့နှင့် စက်ရုံခွဲများဖြင့်သော အမှတ် (၆) အထည်စက်ရုံခွဲ (မုံရွာ)၊ အမှတ် (၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း) နှင့် အမှတ် (၈) အထည်စက်ရုံ (ရမည်းသင်း) တို့အပြင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ စက်ရုံများ ပါဝင်ကြောင်း စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ဖုန်းမယူလာကြရန် လွှတ်တော် ကိုယ်စားလှယ်များကို သူရဦးရွှေမန်း သတိပေး


နေပြည်တော်၊ နိုဝင်ဘာ ၎

လွှတ်တော်တွင်း ဖုန်း Ring Tone သံများ ကြားနေရသောကြောင့် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်သို့ ဖုန်းနှင့် ဖုန်းကဲ့သို့သော ပစ္စည်းများ ယူမလာကြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက သတိပေး ပြောကြားသည်။

လွှတ်တော်အတွင်း မည်သည့် ပစ္စည်းမျှ ယူမလာကြရန် စည်းကမ်း သတ်မှတ်ထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များက ဖုန်းများ ယူဆောင်လာပြီး လွှတ်တော် အတွင်းဖုန်း Ring Tone သံများ မြည်နေခြင်းကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယင်းသို့ သတိပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။
“လွှတ်တော်အတွင်း အသံတွေ မြည်နေတာ အဝေးမှာ ရှိနေတဲ့ လွှတ်တော် ဥက္ကဋ္ဌအထိ ကြားနေရတယ်” ဟု သူရဦးရွှေမန်းက ဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖလမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်လိန်းသည် ချင်းပြည်နယ် အတွင်းရှိ ကျောင်းများ၊ ဆေးရုံများအတွက် ခွင့်ပြုချမှတ်ထားသည့် ရန်ပုံငွေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေးမြန်းနေစဉ် ဖုန်းသံမြည်ခဲ့သည်။
“မေးခွန်း အဆိုတင်နေတဲ့ အချိန်မှာ ဖုန်းသံ ထမြည်တာတော့ လွှတ်တော်ကို ရုပ်ဆိုးစေတယ်။ လွှတ်တော် ကိုယ်စားလှယ်က စည်းကမ်း မလိုက်နာဘူးဆိုတာ သက်သေပြသလို ဖြစ်သွားတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပေးသည်။

ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်သမားများထံ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု မှတ်ပုံတင် လက်မှတ်များ ရောက်ရှိရေးအတွက် ပစ္စည်းများ ဝယ်ယူ ဖြည့်တင်းခြင်းနှင့် ဝန်ထမ်းလိုပါက ခန့်အပ်ခြင်း ရှိ မရှိ၊ မိုဘိုင်းလ်ဖုန်းများ အဆင်ပြေစွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်ခွဲများတွင် တာဝါတိုင်များ စိုက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး ကိစ္စများ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ မေးမြန်သည့် အစီအစဉ် အပါအဝင် အစီအစဉ် ရှစ်ခုဖြင့် ကျင်းပခဲ့သည်။
The Voice Weekly

ကမ္ဘာ့အဆိပ်ပြင်း ပင့်ကူများကို ကုန်တိုက်ပေါ်မှ ငှက်ပျောသီးများတွင် တွေ့ရှိရ


[ Ref-Daily Mirror ၊ ဗြိတိန် ၊ နိုဝင်ဘာ ၄ ]

ကမ္ဘာ့အဆိပ်အပြင်းဆုံး သော ပင့်ကူများကို ယူကေရှိ စူပါမားကက်တစ်ခုမှ ဝယ်ယူလာ သော ငှက်ပျောသီးများပေါ်တွင် သွားလာနေသည်ကို တွေ့ရ ကြောင်း သတင်းများအရသိရ သည်။ နေရာအတည်တကျမနေ ဘဲ လှည့်လည်သွားလာနေတတ် သော ဘရာဇီးမျိုးစိတ်ပင့်ကူများ ကို အမေရိကန်အလယ်ပိုင်းနှင့် တောင်ပိုင်းနှင့် ပုန်းခိုနေနိုင်ရန် ငှက်ပျောပင်များတွင်လည်း နေ ထိုင်ကြောင်းသိရပြီး တခြားသော နေရာများတွင်လည်း တွေ့ရတတ် သည်။

လန်ဒန်ရှိအိမ်တစ်အိမ် တွင် ငှက်ပျောသီး၏ အသားပေါ် တွင် သေဆုံးနေသော ဘရာဇီး မျိုးစိတ် နယ်လှည့်ပင့်ကူ ဒါဇင် ပေါင်းများစွာကို တွေ့ရှိခဲ့ရ ကြောင်းသိရသည်။ ''အစကတော့ ပုံဖော်ထားတာလို့ထင်ပေမယ့် အနီးကပ်ကြည့်တော့မှ ကြောက် စရာပင့်ကူတွေပဲဆိုတာတွေ့ရ တယ်။ သူတို့တွေက စားပွဲပေါ် မှာ အကောင်ပေါက်နေပြီး ကျွန် မအိမ်ရဲ့ကော်ဇောမှာ ပြေးလွှား နေကြတယ်'' ဟု ကွန်ဆီတေလာ က ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိသော တေလာသည် Sainsbury စူပါမားကက်ဆိုင်ခွဲ မှ သစ်သီးများဝယ်ယူခဲ့ပြီး သူမ ကို အဆိုပါ အဖြစ်အပျက်ကြောင့် နစ်နာကြေးပေါင် ၁၀ တန် ပြေ စာကို ပေးခဲ့သည်။ ပင့်ကူများ သည် သူမနှင့်မိသားစုတို့ကို အ န္တရာယ်ပေးနိုင်ကြောင်းကို တိရ စ္ဆာန်ထိန်းသိမ်းရေးကုမ္ပဏီသို့ ဓာတ်ပုံပို့ချိန်မှသာ သိခဲ့ခြင်းဖြစ် သည်ဟု သူမက ပြောခဲ့သည်။

Yangon Media Group

သင့်ရဲ့ဖုန်း Original စစ်မစစ် စမ်းသပ်နည်း


သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ်မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်

ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။

ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5

အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။

(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။

(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။

(၄) 00, 03, 04 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။

အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။

Guide Magazine —

အမျိုးသားများကို ခြိမ်းခြောက်နေသော ဆီးကျိတ်ကြီးရောဂါ (BPH)


Benign Prostatic Hyperpl asia, BPH လို့ခေါ်တဲ့ ဆီးကျိတ်ကြီးတဲ့ရောဂါဟာ ကင်ဆာမဟုတ်ဘဲ ဆီးကျိတ်ဂလင်း ကြီးမားလာခြင်းကြောင့်ဖြစ်ရတဲ့ ရောဂါဖြစ်ရပါတယ်။ Benign ဆိုတဲ့ စကားလုံးကတော့ ကင်ဆာသို့မဟုတ် ပိုးဝင်ခြင်းကြောင့် ဖြစ်ရခြင်းမဟုတ်ဘူးလို့ ဆိုလိုပါ တယ်။Hyperplasiaဆိုတာကတော့ ကြီးထွားလာခြင်းလို့ အဓိပ္ပာယ်ရပါတယ်။

ဆီးကျိတ်ဂလင်း (prostate gland) ဟာ သစ်ကြားစေ့လောက် အရွယ်အစားရှိပြီး အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါစနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ဆီးကျိတ်ဟာ ဆီးအိမ်ရဲ့အောက်မှာတည်ရှိပြီး ပတ်ပတ်လည်မှာဆီးပို့ပြွန်ရဲ့ အထက်ပိုင်းကို ၀န်းရံထားပါတယ်။ သူ့ရဲ့ အဓိက တာဝန်ကတော့ သုက်ရည်အတွက် လိုအပ်တဲ့အရည်ကို ထုတ်လုပ်ပေးဖို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ အဲဒီဆီးကျိတ်ဟာ ပုံမှန်မဟုတ်ဘဲ ကြီးလာမယ်ဆိုရင် ဆီးပို့ပြွန်ကိုဖိပြီး ဆီးစီးဆင်းမှုကို နည်းစေခြင်းသို့မဟုတ် ဆီးလုံးဝရပ် သွားခြင်းကိုတောင်ဖြစ်စေနိုင်ပါတယ်။ ဆီးအိမ်ဟာလည်း နောက်ဆက်တွဲ ပိုပြီးကြီးလာပြီး ဆီးတွေများလာတဲ့အတွက် ဆီးအိမ်ကြွက်သားရဲ့ ညှစ်အားကိုလည်း မချိမဆန့် ခံစားရမှာဖြစ်ပါတယ်။ တကယ်လို့ဆီးအိမ်ထဲမှာ ဆီးနည်းနည်းပဲရှိရင်တောင် ခဏခဏဆီးသွားနေရမှာ ဖြစ်ပါတယ်။ ကြာလာရင် ဆီးအိမ်ဟာလည်း အားနည်းလာပြီး အာရုံကြောတွေက ဆီးအိမ်ကို မထိန်းချုပ်နိုင်တော့ပါဘူး။

ဆီးကျိတ်ကြီးတဲ့ ပမာဏအတိုင်းအတာက ရောဂါလက္ခဏာကို ဆုံးဖြတ်တာတော့ မဟုတ်ပါဘူး။ တချို့အမျိုးသားတွေဟာ ဆီးကျိတ်က အဆမတန်ကြီးနေပေမယ့် ဆီးသွား နိုင်နေတာမျိုးကိုလည်း တွေ့ရတတ်ပါတယ်။

ကုသမှုကတော့ ရောဂါလက္ခဏာပေါ်မူတည်ပြီး ဆုံးဖြတ်ရပါတယ်။ ဆီးကျိတ်ကြွက်သားကို ပြေလျော့စေတဲ့ ဆေးပေးတာ၊ ဆီးကျိတ် ရဲ့ ကြီးထွားမှုနှုန်းကိုတက်စေတဲ့ ဟော်မုန်းကို ပိတ်ဆို့တာ၊ ဆီးအိမ်ကို တင်းအားလျော့စေတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဆေးဝါးကုသမှုနဲ့ မပျောက်ကင်းတဲ့ လူနာတွေကိုတော့ ခွဲစိတ်ကုသခြင်းက ကုသအောင်မြင်စေနိုင်ပါတယ်။

သက်ကို

ref: medindia

Health Updates Journal No. 90

မန္တလေးတွင် အိမ်၊ ခြံ၊ မြေအရောင်းအဝယ် ယာယီစာချုပ်များ ဆောင်ရွက်ပေးမှုရပ်ဆိုင်း


မန္တလေး၊ နိုဝင်ဘာ ၎

မန္တလေးတိုင်းဒေသကြီး မြေစာရင်း ဦးစီးဌာနတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ယာယီစာချုပ်များ ပြုလုပ်ခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့မှ စတင်ရပ်ဆိုင်းလိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အိမ်၊ ခြံ၊ မြေများကို အရောင်းအဝယ် ပြုလုပ်ကြရာ၌ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးမှူးရုံး များတွင် အခွန်ဆောင်ရန် ကနဦး စတင်ဆောင်ရွက်ရမည် ဖြစ်ပြီး မြေစာရင်း ဦးစီးဌာနတွင် ယာယီစာချုပ်များ ပြုလုပ်မပေးတော့ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က နိုဝင်ဘာ ၁ ရက် နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ထားခြင်း ဖြစ်ကြောင်း ၄င်းကပြောကြားသည်။

ယခင်အစိုးရ လက်ထက်မှ လက်ရှိ အောက်တိုဘာ ၃၁ ရက်နေ့အထိ မန္တလေး၌ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရာတွင် ကနဦးအဖြစ် မြေစာရင်းဦးစီး ဌာနသို့ လာရောက်ပြီး ယာယီစာချုပ်ချုပ် ဆိုကာ အိမ်၊ ခြံ၊ မြေ တန်ဖိုးစိစစ်သတ်မှတ်ရေး ကော်မတီသို့ တင်ပြပြီး အဆိုပါအဖွဲ့က အရောင်းအဝယ်ဈေးနှုန်း သတ်မှတ်ကာ အခွန်ဆောင်ပြီးနောက် မြေစာရင်း ဦးစီးဌာန တွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ပြုလုပ်ရကြောင်း ၄င်းကဆိုသည်။

မန္တလေးအိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးနှုန်းကို အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ မြေစာရင်း၊ စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့၊ စီမံကိန်း ဦးစီးဌာန၊ အခွန်ဌာနတို့ စုပေါင်းကာ ဖွဲ့ထားသည့် တန်ဖိုးစိစစ်သတ်မှတ်ရေး ကော်မတီက သတ်မှတ်ခြင်းဖြစ်ပြီး အဆိုပါ ကော်မတီက သတ်မှတ်ပေးသည့် ဈေးနှုန်းအရ မြေစာရင်း ဦးစီးဌာနက မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးကြောင်း မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီနည်းလမ်းက တစ်ခုကောင်းတယ်။ တစ်ခုမကောင်းဘူး၊ အရင်က အရောင်းအဝယ်စာချုပ် ချုပ်ပြီး ခြောက်လအတွင်း ကြိုက်တဲ့အချိန် အခွန်ဆောင်ဖို့ တင်လို့ရတော့ အရောင်းအဝယ်အရင် လုပ်ထားပြီး နောက်မှ အခွန်ဆောင်လို့ ရတယ်။ ခုကျတော့ လက်ထဲ အခွန်ဆောင်ဖို့ ပိုက်ဆံရှိမှ အရောင်းအဝယ် လုပ်ရမယ့် အနေအထား ဖြစ်နေတယ်။ ကောင်းတာကတော့ အခွန်ဆောင်ပြီး အရောင်းအဝယ် မှတ်ပုံတင်စာချုပ် မြန်မြန်ထွက်လာတာပေါ့” ဟု မန္တလေးမြို့တော် အခြေစိုက် လုပ်သက်ရင့် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးတင်မောင်က ဆိုသည်။

ယင်းကဲ့သို့ အရောင်းအဝယ် ပြုလုပ်ရာတွင် အခွန်ဆောင်ရန် ငွေကို ထည့်သွင်း စဉ်းစားရမည် ဖြစ်သဖြင့် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်ဈေးကွက် လက်ရှိထက် ပိုအေးလာနိုင်ပြီး တစ်နေရာနှင့် တစ်နေရာ ရာဖြတ်တန်ဖိုး သတ်မှတ်မှု မတူညီသည့် အတွက် အခွန်ဆောင်ရ နည်းသည့် ရပ်ကွက်များတွင် အရောင်းအဝယ် ရွေးဖြစ်သည့် အနေအထား ဖြစ်လာနိုင်ကြောင်း ၄င်းက ဈေးကွက်အနေအထားကို သုံးသပ် ပြောကြားသည်။

လက်ရှိမန္တလေးအိမ်၊ ခြံ၊ မြေအရောင်း အဝယ်ဈေးကွက်သည် မြို့တွင်းပိုင်း အငှားချထားနိုင်သည့် အကွက်များ အရောင်းအဝယ် ဖြစ်နေပြီး လူနေနည်းပါးသေးသည့် မြေကွက်များ အရောင်းအဝယ် မဖြစ်ကြောင်း မန္တလေးမြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

Skynet Myanmar Live ကို Online က တိုက်ရိုက်ကြည့်မယ်






တိုင်းနှင့် ပြည်နယ်အလိုက် ဆေးလိပ်၊ ဆေးရွက်ကြီး ထိန်းချုပ်ရေးအဖွဲ့ ဖွဲ့မည်


ရန်ကုန်၊ နိုဝင်ဘာ ၎

ဥပဒေ ပြဋ္ဌာန်းပြီးသော်လည်း ခုနစ်နှစ်တိုင် အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့သော ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံး သူများနှင့် ရောင်းချသူများကို ပိုမို ထိရောက်စွာ အရေးယူသွားရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြီးကြပ်ရေး အဖွဲ့များကို ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်က The Voice သို့ ပြောကြားသည်။

ယင်းသို့ ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်သွင်းထားပြီး ယခုနှစ် မကုန်ခင် အပြီးသတ် ဆောင်ရွက်သွားနိုင်ဖွယ် ရှိကြောင်း၊ ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ရာတွင်လည်း လက်တွေ့ ဆောင်ရွက် လိုသူများကို ခေါ်ယူနိုင်ရန် သက်ဆိုင်ရာ ကျန်းမာရေး ဦးစီးဌာနများကို ညွှန်ကြားထားကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“အခုအချိန်မှာတော့ ကြီးကြပ် အဖွဲ့ဝင်တွေ ဒီဆေးလိပ် ဆေးရွက်ကြီး ထိန်းချုပ်ရေး အလုပ်တွေကို ဖိဖိစီးစီးလုပ်ဖို့ ခက်ခဲဦးမယ်။ အကျိုးသက်ရောက်မှု ပိုရှိအောင် နည်းလမ်းတွေ ထပ်ရှာသွားမှာပါ” ဟု လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်က ပြောဆိုသည်။

ယင်းအပြင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရာတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေး ဦးစီးဌာနတို့ ထည့်သွင်းထားပြီး အချိန်မရွေး စစ်ဆေးနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice က ပြောကြားသည်။
“တကယ်တမ်း ကြီးကြပ်ရေးအဖွဲ့က သေချာ လုပ်ရင် ဆေးလိပ် သောက်သုံးမှုကို ထိန်းချုပ်နိုင်တယ်။ အခုက ဘာမှမလုပ်ကြလို့ မထိန်းချုပ်နိုင်တာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ကြီးကြပ်ရေး အဖွဲ့များတွင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ အစိုးရဌာန တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ ပါဝင်မည် ဖြစ်ပြီး ယင်းကြီးကြပ်ရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့ကြီး လက်အောက်တွင် ထားရှိမည် ဖြစ်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။
The Voice Weekly

ထိုင်းတွင် မြန်မာ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ရန် ကြိုးပမ်း၍ ရုန်းရင်းဆန်ခတ်ဖြစ်


ရန်ကုန်၊ နိုဝင်ဘာ ၎

ထိုင်းနိုင်ငံ စမူပါကန်ခရိုင် ဘန်ဖီမြို့နယ်ရှိ ထိုင်း စမ်နစ် ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီး လုပ်သားတစ်ဦးကို ထိုင်းနိုင်ငံသား တစ်ဦးက မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့သဖြင့် အဆိုပါ ထိုင်းနိုင်ငံသားကို အရေးယူပေးရန် မြန်မာလုပ်သား ထောင်နှင့်ချီ စုဝေးတောင်းဆို ခဲ့ကြကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) မှ ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

ဘန်ကောက်မြို့တော် အနီးတွင် တည်ရှိသည့် ဘန်ဖီမြို့တွင် နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အဆိုပါ မြန်မာအမျိုးသမီး၏ အခန်းကို စက်ရုံ တစ်ခုတည်း လုပ်ကိုင်သူ ထိုင်းနိုင်ငံသားတစ်ဦးက ဝင်ရောက်ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ယင်းအမျိုးသမီးက အော်ဟစ် အကူအညီ တောင်းခံမှုကြောင့် အနီးအနားရှိ မြန်မာလုပ်သားများ ရောက်ရှိ လာသဖြင့် အဆိုပါ ထိုင်းနိုင်ငံသားမှာ ထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် စက်ရုံထဲတွင် ဝင်ရောက် ပုန်းအောင်းနေစဉ် မြန်မာလုပ်သားများ ဖမ်းဆီးကာ ထိုင်းရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း၊ ယင်းမုဒိမ်းကျင့်ရန် ကြိုးပမ်းမှုကြောင့် မြန်မာလုပ်သား ထောင်ချီ၍ စက်ရုံရှေ့တွင် စုဝေးလာပြီး အရေးယူပေးရန် တောင်းဆို ခဲ့ကြကြောင်း MWRN ထံမှ သိရှိရသည်။

မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု ဖြစ်စဉ်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိနှင့် လုပ်သားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးများ ဝင်ရောက် ညှိနှိုင်းပေးခဲ့သဖြင့် လူစုကွဲသွားခဲ့ကြောင်း ယင်းအဖွဲ့အစည်းထံမှ သိရှိရသည်။

မုဒိမ်းကျင့်ရန် ကြိုးပမ်းခံရသည့် အဆိုပါ မြန်မာ အမျိုးသမီးကို ဆေးစစ်ဆေးချက်များယူကာ ဘန်ဖီမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားကြောင်း ဦးအောင်ကျော်က ဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သား နှစ်သန်းထက် မနည်းရှိပြီး မုဒိမ်းကျင့်မှု၊ သတ်ဖြတ်ခံရမှု၊ လုပ်သား အခွင့်အရေး ချိုးဖောက်ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
The Voice Weekly

မန္တလေးတွင် သက်တမ်းလွန်ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်း သိန်းခုနစ်ရာကျော်ဖိုး မီးရှို့ဖျက်ဆီးမည်


မန္တလေး၊ နိုဝင်ဘာ ၎

မန္တလေးမြို့တော်တွင် တန်ဖိုးကျပ်သိန်း ခုနစ်ရာကျော်ရှိသော သက်တမ်း လွန်နေသည့် ဆေးဝါးများ၊ စားသောက်ကုန် များနှင့် အလှကုန်ပစ္စည်းများကို နိုဝင်ဘာလ ၉ရက်နေ့တွင် အေးရိပ်ငြိမ် သုသာန်၌ မီးရှို့ဖျက်ဆီးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
“ဆေးကုမ္ပဏီ တစ်ခုတည်းကကို သိန်းခြောက်ရာကျော်ဖိုး လောက်ရှိတယ်။ တခြား လူသုံးကုန်ပစ္စည်း တွေရယ်၊ စားသုံးကုန်တွေရယ် ပေါင်းလိုက်ရင် ကျပ်သိန်း ခုနစ်ရာကျော်တယ်” ဟု ၄င်းက ဆိုသည်။

အဆိုပါ သက်တမ်းလွန်ပစ္စည်းများကို မီးရှို့ရန် ကုမ္ပဏီများက ဌာနသို့ လာရောက် ပေးအပ်ထားခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီများနှင့် အရောင်းဆိုင်များ အနေဖြင့် သက်တမ်းလွန် ဆေးဝါးများ၊ စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်း များကို ဖျက်ဆီးလိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနသို့ အသိပေး အကြောင်းကြားရမည် ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

“ဈေးဝယ်ရင်တော့ ဆေးတွေသက် တမ်းလွန်မလွန် ကြည့်ပြီးဝယ်ရတာပဲ။ တချို့ ဆေးဆိုင်တွေမှာ သက်တမ်းပြည့်ခါနီးတဲ့ ပစ္စည်းတွေ ဖြစ်တတ်တယ်” ဟု အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
The Voice Weekly

အင်တာဗျူး ဟာသ


အစိုးရဌာန တစ်ခု၏ အင်တာဗျုးတွင်ဖြစ်သည်။
မေး။ ဒီဌာနရောက်တာ ဘယ်လောက်ကြာပြီလဲ ...
ဖြေ။ အလုပ်စဝင်ကတည်းကပါပဲ။
မေး။ နိုင်ငံခြား ဘယ်တုန်းက စသွားဖူးတာလဲ …
ဖြေ။ အလုပ်စဝင်ကတည်းကပါပဲ။

မေး။ ဘာကြောင့်သွားတာလဲ ...

ဖြေ။ လွှတ်လို့သွားတာပါ။

မေး။ မသွားခင် ဘယ်လိုပြင်ဆင်သလဲ။

ဖြေ။ လိုက် ဂါရဝပြုပါတယ်။

မေး။ ပြန်လာတော့ ဘာတွေလုပ်သလဲ။

ဖြေ။ လိုက် ဂါရဝပြုပါတယ်။

မေး။ အမြဲတမ်း ဂါရဝပြုနေတာပဲလား …

ဖြေ။ တစ်နှစ်မှာ နှစ်ရက်ပဲ ဂါရဝပြုပါတယ်။

မေး။ ဘယ်နေ့တွေလဲ …

ဖြေ။ ရုံးဖွင့်ရက်နဲ့ ရုံးပိတ်ရက်ပါ။

မေး။ ဘာ ကိုးကွယ်လို့လဲ …

ဖြေ။ ဆိုင်ရာ ပိုင်ရာတွေကို ကိုးကွယ်ပါတယ်။

မေး။ ဘယ်တွေရောက်ဖူးသလဲ …

ဖြေ။ လွှတ်သမျှနိုင်ငံ အကုန်ရောက်ဖူးပါတယ်။

မေး။ လုပ်သက်တစ်လျှောက်မှာ ခွင့်ယူဖူးသလား၊ဘယ်လိုခွင့်လဲ …

ဖြေ။ ဟုတ် … ယူဖူးပါတယ် .. လုပ်ပိုင်ခွင့်၊ အခွင့်ကောင်း၊အခွင့်အရေး … အားလုံးယူဖူးပါတယ်။

မေး။ အလုပ်နဲ့ပတ်သက်လို့ ငြင်းဖူး၊ ရှောင်ဖူးတာရှိသလား …

ဖြေ။ နိုင်ငံခြားလွှတ်တဲ့ကိစ္စတွေမှာ တစ်ခါမှ မငြင်းဘူး၊မရှောင်ဘူးပါဘူး။

မေး။ နယ်သွားဖူးသလား …

ဖြေ။ ???

မေး။ လုပ်သက်တစ်လျှောက်မှာ နယ်သွားဖူးသလား …

ဖြေ။ ဟုတ် … ခွင့်ယူပြီး ဘုရားဖူးသွား၊အပျော်ခရီးသွားသဘောမျိုးတော့ ရောက်ဖူးပါတယ်။

မေး။ ဘာတွေတက်ထားပြီးပြီလဲ …

ဖြေ။ လူကြီးအိမ်တွေ၊ သင်တန်းတွေ၊ ပြဿနာတွေ … အကုန်တက်ထားပြီးပါပြီ။

မေး။ အလုပ်မှာ အဆင်ပြေလား …

ဖြေ။ လူကြီးတွေနဲ့တော့ အဆင်ပြေပါတယ်။

မေး။ အလုပ်နဲ့ပတ်သက်လို့ အတက်၊ အကျ ဘာတွေကြုံခဲ့ဘူးသလဲ …

ဖြေ။ အဓိက တက်တာကတော့ ရာထူး ပါပဲ။

မေး။ ကျတဲ့အပိုင်းကရော …

ဖြေ။ … အမြဲတမ်း ကျတတ်တာတစ်ခုတော့ရှိပါတယ်။ ဒါပေမဲ့အဲဒီအတွက် ကိုယ့်ကိုယ် အမြဲတမ်းသတိထားပါတယ်။

မေး။ စိတ်ဓါတ်ကျတတ်တာလား …

ဖြေ။ မဟုတ်ပါဘူး၊ လူလည်ကျတတ်တာပါ။

မေး။ အလုပ်နဲ့ပတ်သက်လို့ အကျွမ်းကျင်ဆုံးဘာလုပ်တတ်သလဲ …

ဖြေ။ ပြဿနာ လုပ်တတ်ပါတယ်။

မေး။ အင်္ဂလိပ်စာ နဲ့ အထွေထွေဗဟုသုတနည်းနည်း မေးမယ်နော် ...

ဖြေ။ ဟုတ်။

မေး။ "Gifted Child" ဆိုတာ သိလား ...

ဖြေ။ ။ဟုတ်၊လက်ဆောင်ပေးခြင်းခံရတဲ့ ကလေးပါ။

မေး။ IT ဆိုတာသိတယ်နော် ...

ဖြေ။ ဟုတ်၊ "ထိုအရာ၊ ၎င်း၊ ယင်း" ပါ။

မေး။ မဟုတ်ဘူးလေ၊ Information Technology ကိုပြောတာ.......

ဖြေ။ အော် ... ဟုတ်။

မေး။ အခုခေတ်က Information Technology ခေတ်လေ၊အဲဒီInformation Technology ဆိုတာကိုဘယ်လိုနားလည်ထားသလဲ။

အဲဒါကို ကိုယ့်ရဲ့တက်လမ်းအတွက် ဘယ်လိုအသုံးချမလဲ …

ဖြေ။ ဟုတ်။ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းသတင်းအချက်အလက်တွေကို သူများတွေ၊ အထူးသဖြင့်

လူကြီးတွေသိအောင် နည်းပေါင်းစုံနဲ့လုပ်တဲ့ ပညာပါ။ ဒါကိုပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ရင်ကိုယ့်ရဲ့ တက်လမ်း ကောင်းမွန်တတ်ပါတယ်။

မေး။ လုပ်ငန်းခွင် နဲ့ပတ်သက်ပြီး ဘယ်လောက်သိထားသလဲ ...

ဖြေ။ လုပ်ငန်းနဲ့ ပတ်သက်တဲ့ "ခွင်" တွေ အားလုံးကိုသိထားပါတယ်။

မေး။ 360˚ Assessment ဆိုတာ သိလား …

ဖြေ။ သင်္ချာမှာ အားနည်းလို့ မသိပါဘူး။

မေး။ အလုပ်နဲ့ပတ်သက်ပြီး သိထားတာ ၂ခုလောက် ပြောပြပါလား …

ဖြေ။ လူကြီးတွေနဲ့ သိပါတယ်၊ အလိုက် သိပါတယ်။

မေး။ နောက်ဆုံး အနေနဲ့အရေးအကြီးဆုံး မေးခွန်းတစ်ခုမေးမယ် ...

ဖြေ။ ဟုတ် ...

မေး။ အခုရာထူး မရရင် ဘာလုပ်မယ်လို့ ဆုံးဖြတ်ထားသလဲ …

ဖြေ။ ပြဿနာလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။

ဦးမောင်ကြီး
cr >> original writer

ဆဒမ်ဟူစိန်သေတော့ ငရဲကျရော...


ဆဒမ်ဟူစိန်သေတော့ ငရဲကျရော...
ငရဲပြည်မှာက နိုင်ငံအလိုက်ငရဲခန်းတွေရှိတယ်
ကိုယ်ကြိုက်တဲ့ ငရဲခန်းကို ရွေးချယ်ခွင့် ရှိတယ်။

ငရဲမင်းကြီးက ဆဒမ်ဟူစိန်ကို ငရဲပြည်အနှံ့လိုက်ပြပြီး ကြိုက်တဲ့ငရဲခန်းကို ရွေးချယ်ခိုင်းတယ်

ပထမဆုံးတွေ့တာက အမေရိကန်ငရဲ
ဒီငရဲမှာနှိပ်စက်နည်းက...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး အမေရိကန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်တခုက ဂျာမဏီငရဲ
ဒီငရဲမှာနှိပ်စက်နည်းကလည်း...
လျှပ်စစ်ကုလားထိုင်ပေါ်မှာ တစ်နာရီကြာအောင် ရှော့တိုက်ခံရမယ်
သံချွန်တွေပေါ် တစ်နာရီကြာအောင် အိပ်ရမယ်
ပြီးရင် ကျန်တဲ့တနေ့လုံး ဂျာမန်ငရဲသားတွေက ကြာပွတ်တွေနဲ့ လာရိုက်တယ်

နောက်ငရဲတွေလိုက်ပြတော့လည်း နှိပ်စက်ပုံတွေက အတူတူချည်းဆိုတော့ ဘာရွေးရမှန်းမသိဘူး ဖြစ်နေတယ်

အဲ
တနေရာရောက်တော့ လူတွေအများကြီး တန်းစီနေတဲ့ ငရဲတခုကို တွေ့ပါလေရော
နှိပ်စက်နည်းတွေများ သက်သာလို့လားဆိုတော့ မသက်သာဘူး
ရှေ့ကငရဲတွေနဲ့ ပုံစံတူနှိပ်စက်နည်းတွေပဲ

ဒါနဲ့ ငရဲမင်းကြီးကို မေးကြည့်တာပေါ့... ...

"နှိပ်စက်တဲ့နည်းခြင်း အတူတူကို ဘာလို့ဒီငရဲကျမှ လူကြိုက်များရတာလဲ"

ဒီတော့ ငရဲမင်းကြီးက ရှင်းပြတယ်... ...

"ဒါမြန်မာပြည်ငရဲကွ၊ ဘာလို့လူကြိုက်များလဲဆိုရင် လျှပ်စစ်ကုလားထိုင်က မီးမလာတော့ ရှော့တိုက်လို့ မရဘူးကွာ၊ သံချွန်တွေကလည်း ဈေးကောင်းရလို့ ပိသာချိန်နဲ့ ရောင်းစားလိုက်ကြပြီကွာ"
"ဒါဆို ကြာပွတ်နဲ့ပဲ အရိုက်ခံရတာပေါ့နော်"
"မခံရဘူး"
"ဘာလို့လဲဗျ"
"ကြာပွတ်နဲ့ ရိုက်တဲ့ ငရဲသားတွေကလည်း ဝန်ထမ်းတွေဆိုတော့ ရုံးတက်လက်မှတ်ထိုးပြီးတာနဲ့ တနေကုန် လဘက်ရည်ဆိုင် သွားထိုင်နေကြရော"
"ကောင်းဗျာ"

ဦးမောင်ကြီး
cr>> သန်၎ကို

ဟာသ ဟင်းလေးအိုး


ဗေဒင်

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ
ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို ထင်နေတယ်ပေါ့လေ။

~ပေါ့ပေါ့ပါးပါး ဟာသများ~
----------------------------------------

ခင်ဗျားအထက်လူကြီးကိုကုလားထိုင်တွေနဲ့ဝိုင်း
ရိုက်နေကြတာကိုဒီအတိုင်းကြည့်နေခဲတယ်ဆို...

ဟုတ်ပါတယ်ကုလားထိုင်နောက်ထပ်မရှိတော့လို့ ပါ

ဟာသလောက
----------------------------------------
မှတ်ပလား

တယ်လီဖုန်းသံ ၀င်လာသည်။အိမ်တွင် ခွေးမှလွဲပြီး ဘယ်သူမှမရှိ
ခွေးကဖုန်းကိုကောက်ကိုင်လိုက်သည်။
‘၀ုတ်’
တစ်ဖက်လူမှ > ‘အခုစကားပြောနေတာဘယ်သူလ’ဲ
‘၀ုတ်ဝုတ်’
သေချာပြောပါဗျ အသံဝါးနေတယ်
အေး သေချာနားထောင် ၀ တ ချောင်း ငင်တ သတ် ၀ုတ် ၀ုတ်

cr >> မောင်ကောင်းထိုက်
----------------------------------------


ထူးကုမ္ပဏီပိုင် စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွား


(မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းရှိ Espace Cafe & Bar စားသောက်ဆိုင် မီးလောင်ကျွမ်းမှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်)

နိုဝင်ဘာ ၄ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ် အချိန်ခန့်က ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်မှတစ်ဆင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အလယ်ထပ် (ပထမထပ်) လက်ယာဘက် ပြည်တွင်းထွက်ခွာ မှန်တံခါးပေါက် အနီးတွင်ရှိသော Espace Cafe & Bar မှ စားသောက်ဆိုင်၏ ရေခဲသေတ္တာတွင် တပ်ဆင်ထားသော Safe Guard မှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရကြောင်း သိရပြီး မီးအပူရှိန်ကြောင့် လေဆိပ်ခေါင်မိုးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကို လေဆိပ်အတွင်းရှိ လုံခြုံရေး ရဲအရာရှိနှစ်ဦးမှ မနက် ၁၂ နာရီ ၀န်းကျင်ခန့်တွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၁၂ နာရီ ၁၅ မိနစ်တွင် လေဆိပ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက် ငြိမ်းသတ်ခဲ့ကာ ၁၂ နာရီ ၄၅ မိနစ်တွင် မီးကို ထိန်းနိုင်ခဲ့ကာ နံနက် ၂ နာရီတွင် မီးငြှိမ်းသတ်မှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

''ဒီမီးလောင်ကျွမ်းမှုကြောင့် လေဆိပ်ကို ပိတ်ထားမှာ မဟုတ်ဘဲ ဆက်လက်ပျံသန်း ပြေးဆွဲမှာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းတဲ့ ဆိုင်နဲ့ အနီးတစ်ဝိုက်ကိုတော့ ခရီးသွားဧည့်သည်တွေ အနှောင့်အယှက် မဖြစ်နိုင်အောင် ကာရံပေးထားပါမယ်။ လေဆိပ်က ပျက်စီးသွားတာ တွေကိုတော့ ခုံရုံးဖွဲ့ပြီး တန်ဖိုးကို စစ်ဆေးဆုံးဖြတ် သွားရပါမယ်'' ဟု မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးစိုးလွင်က ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သော ထူးကုမ္ပဏီပိုင် Espace Cafe & Bar စားသောက်ဆိုင်၏ Safe Cuard များကို တပ်ဆင်ထားသည်မှာ တစ်နှစ်ကျော်ခန့်သာ ကြာမြင့်သေးကြောင်းနှင့် နိုဝင်ဘာ ၃ ရက် ညနေငါးနာရီ အချိန်ခန့်က ဆိုင်ကိုပိတ်ခဲ့ကြောင်း ဆိုင်တာဝန်ရှိသူ တစ်ဦးနှင့် အထက်မြန်မာပြည် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့၏ ပြောကြားချက်များအရ သိရသည်။

လက်ရှိအချိန်တွင် လေဆိပ်တာဝန်ခံဒု ရဲအုပ်မိုးမြင့်စိုးက ဆိုင်တာဝန်ခံ ထွန်းအောင်ကျော် (၂၉နှစ်)အား(ပ)၃၆/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။


Eleven Media Group

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အဆိုတင်သွင်းရာတွင် လွှတ်တော်၌ ဆွေးနွေးခြင်း မပြုရန်နှင့် မှတ်တမ်းတင်ခြင်း မပြုရန် ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးရွှေမောင် ကန့်ကွက်၊ လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး


(ပြည်ခိုင်ဖြိုးပါတီ၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးရွှေမောင်)

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဒေါ်ခင်စောဝေက နိုဝင်ဘာ ၄ ရက်တွင် ပြည်သူ့လွှတ်တော်၌ အဆိုတင်သွင်းသည်။ ၎င်းအဆိုနှင့် ပတ်သက်၍ ဆွေးနွေးခြင်း မပြုရန်နှင့် မှတ်တမ်းတင်ခြင်း မပြုရန် ဘူးသီးတောင် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ကန့်ကွက်ဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ''ရခိုင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွားကို ရှေးရှုပြီး ဘူးသီးတောင်၊ မောင်တောဒေသတွင် ဘက်စုံ၊ ထောင့်စုံမှ ထိရောက်သော ပေါင်းစပ်ညှိနှိုင်းထားသည့် လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် သာလွန်ကောင်းမွန်သည့် အစီအမံများဖြင့် အမြန်ဆုံးချမှတ် စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း'' အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုတွင် ''ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးစုများအား ဘင်္ဂါလီများက တိုက်ခိုက်မှုများ ရှိခဲ့သဖြင့် သေဆုံးခဲ့ရသည့် အကြောင်းအရင်းများ၊ ရခိုင်ပြည်နယ်နေ တိုင်းရင်းသား ပြည်သူများ၏ လုံခြုံရေး အရေးကြီးနေသည့် အခြေအနေများ၊ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်စပ်တစ်လျှောက် နယ်စပ်ခြံစည်းရိုးများကို ပြုလုပ်ပေးရန် တိုက်တွန်းချက်များကိုသာ အဓိက တင်ပြခဲ့ခြင်း ဖြစ်သည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ဘူးသီးတောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ကန့်ကွက်ရာတွင် ''ဒေါ်ခင်စောဝေ အဆိုပါ တင်ပြချက်များသည် ပြည်နယ်အတွင်းရှိ လူမျိုးစုတစ်ခုကိုနှိမ်ပြီး ခွဲခြားဆက်ဆံပြီး ဖိနှိပ်အုပ်ချုပ်လိုသည့် သဘောဆောင်သော အဆိုတစ်ခု ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံတော်သည် ငြိမ်းချမ်းစွာ တူယှဉ်တွဲ နေထိုင်ရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ဘာသာပေါင်းစုံ တူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်စေနိုင်ကြောင်း'' ဆွေးနွေးခဲ့ပြီး လွှတ်တော်တွင် ဆွေးနွေးခြင်း မပြုရန်နှင့် မှတ်တမ်းတင် မပြုရန် ကန့်ကွက်ခဲ့သည်။

အဆိုပါ ကန့်ကွက်မှုနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပါဝင်ဆွေးနွေးရာတွင် ''အဆိုနှင့် စပ်လျဉ်းသည့် ကန့်သတ်ချက်များကို နည်းဥပဒေ ၁၅၇ တွင် ပြဋ္ဌာန်းထားကြောင်း၊ အဆိုကို ဒေါ်ခင်စောဝေ တင်သွင်းပြီး ဦးအေးမောက်က ထောက်ခံကြောင်း၊ ဒုဝန်ကြီးက ပြန်ရှင်းပြီး မှတ်တမ်းတင်ရန် ပြောပြီးဖြစ်ကြောင်း၊ ၎င်းအချိန်တွင်မှ ကန့်ကွက်ကာ မှတ်တမ်းမတင်ရန် ပြောခြင်းသည် နည်းဥပဒေတွင် ခွင့်ပြုမထားကြောင်း၊ အဆိုတင်သွင်းခွင့် မပြုခြင်းနှင့် ပတ်သက်၍ နည်းဥပဒေ ပုဒ်မ ၁၅၉ အရ ဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့် ဖြစ်ကြောင်း၊ ပုဒ်မ ၁၅၉ အား ဆန့်ကျင်ကာ အဆိုကို ကန့်ကွက်ခြင်း၊ မှတ်တမ်းတင်ခြင်း မပြုရန် တင်ပြခြင်းတို့သည် လွှတ်တော်၏ နည်းဥပဒေများကို ဆန့်ကျင်ရုံသာမက ဥက္ကဋ္ဌ၏ လွှတ်တော်၏ ထိန်းကျောင်းမှုကိုပါ ထိခိုက်နိုင်သဖြင့် ဦးရွှေမောင်၏ ကန့်ကွက်မှုကို ပယ်ဖျက်ပေးရန်'' ဟု တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြန်လည် ဆွေးနွေးရာတွင် ဦးသိန်းညွန့် တင်ပြချက်သည် ကောင်းမွန်ကြောင်း၊ မိမိအနေဖြင့်လည်း ဦးသိန်းညွန့် ပြောကြားသကဲ့သို့ပင် ပြောကြားရန်ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနေဖြင့် သာမန် အရပ်သားများထက် ဥပဒေ၊ နည်းဥပဒေများအား လေးစားလိုက်နာရန် လိုကြောင်း၊ အဆိုတင်သွင်းပြီး၊ အဆိုထောက်ခံပြီး၊ အဆိုပြန်လည် ရှင်းလင်းပြီးမှ ယခုလို ကန့်ကွက်လာသည့် ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်အား လွှတ်တော်မှ မှတ်တမ်းတင် သတိပေးကြောင်း ပြောကြားသည်။

ဦးရွှေမောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

Eleven Media Group

စီးကရက်ဖြန့်သမား စိတ်ဖောက်ပြန်၍ လူ ၂ ဦးသတ်၊ ၂ ဦးဒဏ်ရာရ


လူ ၂ ဦးအားသတ်ဖြတ်ကာ အခြား ၂ ဦးဒဏ်ရာရရန် စိတ်လိုလက်ရ တိုက်ခိုက်သူ စီးကရက်ဖြန့်သမား အမျိုးသားကြောင့် တမန်မီလာ တီ(Taman Melati) လမ်း၏နံနက်ခင်းတိတ်ဆိတ်မှုလွင့်ပျောက်သွားခဲ့သည်။

အသက် ၂၆ နှစ်အ ရွယ်အမျိုးသားသည် ဂွမ်ဘတ်ပူတာရထားမှတ် တိုင်(Gombak Putra LRT terminal) သို့စီးကရက် ထုပ်များကိုဖြန့်ရန် သူ၏ကားဖြင့် ထွက်လာခဲ့ပြီး နံနက် ၁၁ နာရီ၊ မိနစ် ၂၀ ခန့်တွင် မိနစ် ၄၀ ကြာမြင့် သည့် အကြမ်းဖက်ရိုက်မှုဖြစ်ပွားခဲ့သည်။သတိပေးခြင်းမရှိဘဲ ၄င်းသည် ရမ်ဘိုဓါးဆွဲထုတ်ကာ ဆိုင်ခန်းပိုင် အသက် ၄၉ နှစ်အရွယ်လောင်ဆွေးလင်း(Lau Siew Ling)နှင့်အသက် ၃၁ နှစ်အရွယ် သူမ၏ လက်ထောက် ဆူလျံတီဂျိုဟာရီ(Sulianti Johari)တို့ကို ခုတ်ထစ်ခဲ့သည်။

ထို့နောက် သူ၏ကားဖြင့် ဂျလန်း ပယ်တာဟာနန်(Jalan Pertahanan)ဘက် သို့မောင်းထွက်သွားခဲ့ပြီး၊ မင်လာတီရထား (Melati LRT)မှတ်တိုင်အနီး ၂ ကီလိုမီတာအကွာတွင် အခြားယာဉ်တစ်စီးနှင့်တိုက်မိသည်။

အခြားကားပိုင်ရှင်အသက် ၄၈ နှစ်အရွယ် လီကာ့ ဂီ(Lee Kah Ghee)သည် ကားကိုစစ်ဆေးရန် ကားထဲမှ ထွက်လာသည်နှင့် စီးကရက်ဖြန့်သမားက ရှုတ်ထွေးနေသောလမ်းမပေါ်တွင် သေလုမျောပါးဖြစ်အောင် ဓါးဖြင့် အကြိမ်ပေါင်းများစွာထိုးခဲ့သည်။

စီးကရက်ဖြန့်သမားသည် ကားအတွင်းသို့အမြန်ဆုံးပြေးဝင်ကာ မောင်း ထွက်ခဲ့ပြီး၊ မီတာအနည်းငယ် အရောက်တွင် ကောလိပ်ကျောင်းသား တစ်ဦးမောင်းသည့်ကားနှင့် ၀င် တိုက်ခဲ့သည်။

စီးကရက်ဖြန့်သမားသည် ကားအတွင်းမှပြေးဆင်းကာ အသက် ၂၅ နှစ်အရွယ် ကျောင်းသား ကွန်ချွန်တိုင်း (Kwan Chun Tai)ကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ ကျောင်းသားသည် စိတ်ရူးထနေသော လူသတ်သမား လက်မှလွတ်ရန် ကြိုးစားခဲ့သည်။ စီးကရက်ဖြန့်သမားသည် ကျောင်းသားကို မှီအောင်လိုက်ပြေးကာ ဂျလန်း တွမ်ဘူဟန် (Jalan Tumbuhan)အရောက်တွင် ဓါးဖြင့်ထပ်ထိုးသည်။

ဝိုင်းကြည့်နေသည့်လူအုပ်က စီးကရက်ဖြန့်သမားကို ၀ိုင်းပိတ်ထားကြ သည်ဟု မြို့တော်လက်ထောက် စီအိုင်ဒီချုပ်က ရှင်းပြသည်။ ‘စီးကရက်ဖြန့်သမားက လက်နက်မရှိတော့ဘူး။ သူ့ကိုဝိုင်းရိုက်ပြီးဖမ်းချုပ်တယ်။ ရဲတွေ ရောက်လာတော့ ဖမ်းလိုက်တယ်။ စိတ်ကျန်းမာရေးစစ်ဆေးဖို့နဲ့စိတ်ပိုင်းဆိုင်ရာအကဲဖြတ်ဖို့ သူ့ကို ကွာ လာလမ်ပူဆေးရုံ ပို့ထားတယ်’ဟု အရာရှိက ဆက်ပြောသည်။

စီးကရက်ဖြန့်သမားသည် ရုတ်တရက်လှုပ်ရှားခဲ့ခြင်းဖြစ်ကာ ၄င်းကိုထိန်း ချုပ်မှုအောက်တွင် စောင့်ကြည့်ထား ကြသည်။

‘သူက အဖွဲ့တစ်ခုခုကလို့ ကျွန်တော်တို့ယုံကြည်တယ်။ ဒါပေမဲ့ ဟုတ်မဟုတ်ဖော်ထုတ်ရဦးမယ်’ဟု အရာရှိက ဆက်ပြောသည်။ စီးကရက်ဖြန့် သမားသတ်ခဲ့သောအလောင်း ၂ လောင်းကိုစစ်ဆေးရန် ကွာလာလမ်ပူ ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ထားသည်။

လူသတ်မှုဆိုင်ရာပုဒ်မ ၃၀၂ နှင့် အန္တာရာယ်ရှိသောလက်နက်ဖြင့်နာ ကျင်စေ မှုဆိုင်ရာပုဒ်မ ၃၂၆ အရ စီးကရက်ဖြန့်သမားကို အမှုဖွင့်စစ်ဆေးမည်ဟု အရာရှိက ထည့်သွင်းပြောသည်။

အခင်းနှင့်ပတ်သက်သည့် သတင်းပေးပို့လိုလျှင် ရဲလိုင်း 03-2115 9999 သို့မဟုတ် နီးစပ်ရာ ရဲစခန်းသို့ ဆက်သွယ်နိုင်သည်။

The Star News (Malaysia)

အိန္ဒိယတွင် ခရီးသည်များကို ရထားဝင်တိုက် ရှစ်ဦးသေ


[Ref-AFP ၊ နယူး ဒေလီ ၊ နိုဝင်ဘာ ၃ ]

အိန္ဒိယနိုင်ငံတောင်ပိုင်း၌ အမြန်ရထားတစ်စီးက ခရီးသည် များအကြားသို့ ဝင်ရောက်တိုက်မိ ခဲ့သည်။ ခရီးသည်များမှ ရထား မီးလောင်သည်ဆို၍ ရထားတွဲ ထဲမှ ထွက်ပြေးကြစဉ် ယခုကဲ့သို့ တိုက်မိခဲ့ခြင်းဖြစ်သည်။

ရထား တိုက်၍ အနည်းဆုံး ရှစ်ဦးသေ ဆုံးကြောင်း သက်ဆိုင်ရာမှပြော ကြားခဲ့သည်။အန္ဒရာပရာဒတ်ရှ်ပြည်နယ် ဂို့လမ်ဘူတာ၌ တိုက်မိခဲ့ခြင်းဖြစ် ပြီး လူများစွာလည်း ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ရထားတွဲမီးလောင်မှုဖြစ်ပွား သည်ဟု ကောလာဟလသတင်း များပေါ်ထွက်ပြီးနောက် ရထား ပေါ်မှ ခရီးသည်များ ရထားလမ်း ပေါ်သို့ ပြေးလွှားဆင်းလာကြစဉ် အမြန်ရထားက တိုက်မိခဲ့ခြင်းဖြစ် သည်။

အလက်ပီ- ဒမ်ဘက်အမြန် ရထားက အရေးပေါ်ရထားတွဲမှ ခရီးသည်များအား ဆင်းပြေးလာ ကြစဉ် ရိုင်ဂါ- ဗီဂျေဝါဒရထားက အခြားလမ်းမှလာစဉ် ဖြတ်၍တိုက် ခဲ့ခြင်းဖြစ်ကြောင်း မီးရထားဌာန မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျေ ပီမီရှရာက အိန္ဒိယရုပ်သံဌာနသို့ ပြောပြခဲ့သည်။
Yangon Media Group

ကျောက်တောင်အရေးခင်း သက်ငယ်လိင်အကြမ်းဖက်တရားခံ ဖမ်းဆီးရမိ


5.11.2013

၂၉၊ ၁၀၊ ၂၀၁၃ ရက်နေ့ ညနေ လေးနာရီခွဲခန့် အချိန်တွင် ကရင်ပြည်နယ်၊လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူကျေးရွာအုပ်စု၊ ရွှေအင်ဒုံရွာအနီးရှိ အင်တောကုန်းတွင် နေထိုင်သော အဘ ဦးဖားဘလက်ထူး ၏ သမီးဖြစ်သူ ကရင်လူမျိုး၊ ဗုဒ္ဓဘာသာ၊ အသက် ၈ နှစ်အရွယ် ရှိ နော်အဲ့ဒို့ထူးသည်မုန့်ဝယ်ရန် ကျောက်တောင်ရွာ ကရင်စုသို သွားခဲ့ပါသည်။

လမ်းခုလတ်တွင် ကော့တာဟိုး ရွာသို့ စက်ဘီးဖြင့် ဗူးသီး သွားရောက်ရောင်းချပြီး ကျောက်တောင်သို့ ပြန်လာသူ ဖိုးထောင် (ခ) ဆွာဟစ်၊ (အသက် ၂၄ နှစ်၊ (ဘ) ဦးအဘိန်၊ အစ္စလာမ်ဘာသာဝင်၊ ကျောက်တောင်ရွာတွင်နေထိုင်သူ) သည် နော်အဲ့ဒိုထူးအား လည်ပင်းညစ်၊ ဗိုက်နှင့် ပါးကို ရိုက်နှက်ပြီး ပွေ့ချီကာ လေးပေခန့် နက်သော ရေတွင်းဟောင်းထဲသို့
ပစ်ချပြီး သူပါ ခုန်ဆင်းကာ နော်အဲဒို့ထူး၏ စကတ်ကို လှန်၊ ဘောင်းဘီကို ချွတ်ကာ မုဒိမ်းကျင့်ရန် ကြိုးပမ်းနေစဉ် နော်အဲဒို့ထူးမှ '' ဝေးမို့မို့'' (မေမေရေ) ဟု အော်ဟစ်သော အသံကို အခင်းဖြစ်ပွားနေရာ ရေတွင်းပျက်နှင့် တစ်ဖာလုံခန့်ဝေးသော ကျောက်တောင်ရွာ၊ ကရင်စုတွင်နေထိုင်သူ BGF (နယ်ခြားစောင့်တပ်)အဖွဲ့ဝင် ရွှေကရင်၏ မိန်းမဖြစ်သူမှ ရေချိုးနေရင်း ကြားရ၍ ၄င်း၏ ယောက်ျားဖြစ်သူ ရွှေကရင်အား ယောက်ျားရေ ဟိုမှာ လူတစ်ယောက်ကလေးကို ပွေ့ခေါ်သွားတယ်၊ ကလေးကလဲ အော်နေတယ်မြန်မြန်သွားကြည့်ပါ ဟု ပြောဆို၍ ရွှေကရင်မှ အခင်းဖြစ်ပွားရာသို့ အပြေးသွားရောက်ခဲ့စဉ် ဖိုးထောင် (ခ) ဆွာရက်မှာ ထွက်ပြေးသွားခဲ့ပါသည်။

တရားခံသည် ထိုညတွင်း ကျောက်တောင်ရွာတွင် ပုန်းအောင်နေပြီး
နောက်နေ့ မနက်သုံးနာရီခန့်တွင် မြ၀တီသို့ ထွက်ပြေးတိမ်းရှောင်သွားပြီး မြ၀တီမှ တဆင့် ယိုးဒယားဘက်သို့ ကူးသွားခဲ့ပါသည်။ တရားခံကို ဖမ်းဆီးနိုင်ရန် နယ်ခြားစောင့်တပ်၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့၊ ထိုင်းရဲတပ်ဖွဲ့နှင့် မွတ်စလင်အဖွဲ့အစည်းများ ပူးပေါင်း၍ ဖမ်းဆီးခဲ့ရာ ၁၊ ၁၁၊ ၂၀၁၃ ရက်နေ့တွင် တရားခံအား ဖမ်းဆီးရမိပြီး။ ၃၊ ၁၁၊ ၂၀၁၃ မြ၀တီမှ ဘားအံမြို့သို့ ဖမ်းဆီခေါ်ဆောင်လာပြီဟု သိရှိရပါသည်။

ကျောက်တောင်ရွာ၊ ရေပူရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာများမှ ရွာသူ ရွာသားများက တရားခံမမိပါက လက်တုန့်ပြန်မည်ဟု ဖိအားပေးခဲ့ခြင်း၊ ပြည်နယ်အစိုးရမှ တိုက်ရိုက်ကိုင်တွယ်စီမံခြင်းကြောင့် သာ တရားခံကို ဖမ်းဆီးရမိခြင်းဖြစ်သည်။

မကြာသေးမီလအတွင်းက အောက်ရေပူရွာတွင် ဖြစ်ပွားခဲ့သော
ပြည်တွင်းနေတို့ လွန်ကျူးခဲ့သော အမှုခင်းနှစ်ခုတွင် တရားခံကို သက်ဆိုင်ရာသို့ အပ်နှံခဲ့သော်လည်း ထိရောက်သော အရေးယူမှုမပြုလုပ်ခဲ့သောကြောင့် ကျေးရွာနေပြည်သူများက ဒေသခံ အာဏာပိုင်အဖွဲ့အစည်းအပေါ် အယုံအကြည်ကင်းမဲ့နေခဲ့ပါသည်။

လက်တုန့်ပြန်မည် တကဲကဲဖြစ်နေသော ပြည်သူများကို
ဘားအံမြို့ပေါ်ရှိ သံဃာတော်များက ပြည်နယ်အစိုးရက တရားဥပဒေအတိုင်း အရေးယူနိုင်ရန် ဆောက်ရွက်နေသည့်အတွက် တစ်စုံတစ်ရာ လက်တုန့်ပြန်မှု မပြုကြရန် ဖြောင့်ဖြပြောဆိုကာ ထိန်းသိမ်းပေးခဲ့ကြပါသည်။

တရားခံဖြစ်သူ ဖိုးထောင် (ခ) ဆွာဟစ်၊ အသက် ၂၄ နှစ်၊ (ဘ) ဦးအဘိန်၊ အစ္စလာမ်ဘာသာဝင်၊လှိုင်းဘွဲ့မြို့နယ် ၊ ကျောက်တောင်ကျေးရွာတွင် နေထိုင်သူအား (ပ) ၁၂/ ၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၂၃၊ ၃၅၄၊ ၃၇၆၊ ၅၁၁ ဖြင့် အမှုဖွင့် အရေးယူးထားကြောင့် သိရှိရပါသည်။

ကရင်ပြည်နယ် ဘားအံမြို့ တော်

Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁) (+18)


အမျိုးသမီးများမှာ အဖြစ်များတာတွေက ရင်သားကင်ဆာ၊ အဆုပ်ကင်ဆာ၊ အူမကြီးကင်ဆာလို့ သတ်မှတ် ရာကနေ အခု သားအိမ်အဝကင်ဆာဟာ ဒုတိယနေရာ ရောက်လာပြီ။ သေစေတတ်တဲ့ ကင်ဆာမှာတော့ နံပါတ် ၅ လိုက်တယ်။ အမျိုးသမီး ၁ သိန်းမှာ ၁၆ ယောက်နှုန်ဖြစ်ပြီး၊ ၉ ယောက်နှုန်း သေဆုံးရတယ်။ တကမ္ဘာလုံး တနှစ် သန်းတဝက် ဖြစ်နေပြီး၊ ၂ သိန်းခွဲကျော် သေနရပါတယ်။ သားအိမ်အဝ ကင်ဆာက အသက်ကြီးမှ ဖြစ်တာ များတယ်။ အသက် ၂ဝ အောက်မှာ အနည်းဆုံး ဖြစ်ပြီး။ ၄၅ ကနေ ၅၅ အထိအရွယ်မှာ အများဆုံးဖြစ်တယ်။

ကင်ဆာမှန်သမျှ ဘာလို့ဖြစ်ရတယ်ဆိုတာ တိတိကျကျ မသိကြရသေးပါ။ တချို့ အမျိုးအစားတွေမှာတော့ (ဗိုင်းရပ်စ်) လို့ သိနေရပါပြီ။ ၁၉၈ဝ ကျမှ သားအိမ်အဝကင်ဆာရဲ့ တရားခံဟာ Human Papilloma Virus (HPV) လို့ သိလာခဲ့တယ်။ (HPV) ဗိုင်းရပ်စ်ဆိုတာ သားအိမ်အဝ ကင်ဆာ နှစ်မျိုးထဲက တမျိုးကို ဖြစ်စေပါတယ်။ သူ့ကြောင့် ဆိုရင်တော့ လိင်ဆက်ဆံတာကနေ ကူးစက်နိုင်တယ်။ မွေးလမ်းမှာ ကြွက်နို့ဖြစ်တာနဲ့လဲ ဆိုင်တယ်။

အများအားဖြင့် စောစောပိုင်းမှာ ဘာလက္ခဏာမှ မပေါ်လို့ ကင်ဆာ ရှိနေမှန်း မသိနိုင်ဘူး။ အချိန်အခါမဟုတ် မွေးလမ်းကနေ သွေးဆင်းတာ၊ သွေးဆုံးပြီးမှ သွေးဆင်းတာ၊ အတူနေပြီး သွေးဆင်းလာတာ၊ အတူနေတုံး ထူးပြီး နာကျင်တာ၊ သွေးမဟုတ်ဘဲ အရည်ဆင်းတာ၊ အနံ့ဆိုးထွက်တာမျိုးလဲ ရှိနိုင်တယ်။ အဖြူ၊ ပန်းရောင်၊ အနီရောင်၊ အညိုရောင်တွေလဲ ဆင်းတတ်တယ်။

သိပ်မဆိုးတာက သားအိမ်အဝကင်ဆာဟာ စောစောစီစီး မပြန့်တတ်ဘူး။ နောက်ဆက်ဖြစ်ရင် သားအိမ်ကနေ ဘေးကူးပြီ။ အနီးအနားများတယ်။ အဝေးသွားရင် သွေးပြန်ရည်လမ်းကနေကူးတယ်။ နောက်ပိုင်း ရောက်လာရင်တော့ အစားပျက်၊ အားယုတ်၊ ပိန်လာမယ်၊ တင်ပါးဆုံတွင်းက နာမယ်၊ ခြေထောက်နာ-ယောင်၊ ဆီးလမ်း၊ ဝမ်းသွားလမ်း ထိခိုက်၊ အရိုးနာတာတွေ ဖြစ်လာနိုင်တယ်။

လူ-တိရစ္ဆာန်-သစ်ပင် သက်ရှိတွေရဲ့ အသေးဆုံးအစိတ်အပိုင်း တခုကို Cell (ဆဲလ်) လို့ခေါ်တယ်။ အရေပြား၊ ကြွက်သား၊ အရိုး စသဖြင့် (ဆဲလ်) အမျိုးမျိုးရှိတယ်။ (ဆဲလ်) မှန်သမျှ အသစ် ဖြစ်လာကြ၊ ကြီးရင့်လာကြ၊ နောက်ဆုံး သေကြတယ်။ “အနိစ္စ အမြဲမရှိ၊ ဖေါက်ပြန် ပျက်စီးသည့် သဘောရှိ၏” ဆိုတာ ဆေးသိပ္ပံ အလိုအရပါ မှန်တယ်။ (ဆဲလ်) တွေ အသစ်ပေါက်ဘို့ မလိုဘဲ ပေါက်လာရင်၊ ဒါမှမဟုတ် သေရမဲ့(ဆဲလ်)က မသေတာမျိုး ဖြစ်လာရင် Lump (Tumor) အကျိတ် (အလုံး) နှစ်မျိုးထဲက တခုခုဖြစ်လာမယ်။ တခုကတော့ ကင်ဆာ။ တမျိုးက ကင်ဆာ မဟုတ်တဲ့ အကျိတ်။

အဲလို မူမမှန်တဲ့ (ဆဲလ်) တွေ ဖြစ်နေ-မနေ သိအောင် Pap smear (Pap test ) လုပ်ရတယ်။ ပက်ပ်နည်း ဆိုတာက ၁၉၂၈ ကတည်းက စပေါ်တယ်။ စမ်းလို့ မကောင်းတာ တွေ့ရပေမဲ့ ရောဂါဟုတ် မဟုတ် စမ်းလို့ သေခြာမှ ကင်ဆာ ခေါ်တယ်။ ကင်ဆာ မဖြစ်သေးတဲ့ အဆင့်ကို Dysplasia လို့ ခေါ်တယ်။ ယောက်ျားတွေကို HPV ပိုး ရှိမရှိ စစ်ဆေးလို့ မရသေးပါ။ Pap smear နည်းနဲ့စမ်းလို့ ကောင်းနေယုံနဲ့တော့ မရှိဘူးလို့ ရာနှုန်းပြည့် မပြောနိုင်ပါ။ သေခြာအောင် မွေးလမ်းကြောင်း စစ်ဆေးရတယ်။ ကြည့်တာနဲ့ကို အနေအထား ပြောင်းနေတာ မြင်ရတယ်။ ပိုသေခြာအောင် အသားစ ဖြတ်ယူပြီး၊ ဓါတ်ခွဲခမ်းမှာ မှန်ဘီလူးနဲ့ စစ်ဆေးရတယ်။ Biopsy ခေါ်တယ်။

ရောဂါကို နှိမ်နင်းဘို့ဆိုတာ (၁) လူတွေကို အသိရှိနေအောင် လုပ်တာဟာ အရေးပါတယ်။ (၂) အစုလိုက် Pap smear လုပ်ပေးရင် ရောဂါဖြစ်တာကို အစောကြီးသိရတယ်။ ကောင်းကောင်း ကုပေးနိုင်လို့ အသေအပျောက် နည်းလာတယ်။ မြန်မာပြည်မှာ အမျိုးသမီး ၁ဝဝဝ ကို Pap Smear လုပ်ပြီး၊ စစ်တမ်း ကောက်ယူ စစ်ဆေးခဲ့ဘူးတယ်။ အဲဒီမှာ သားအိမ်အဝ ကင်ဆာ ဖြစ်စပြုနေသူ ၅ ယောက်ကို တွေ့ရှိခဲ့ရတယ်လို့ ၈-၄-၁၉၇ဝ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆေးသုတေသန ဆွေးနွေးပွဲမှာ တင်ပြခဲ့ဖူးတယ်။ ဒိနောက်ကျတဲ့ ကိန်းဂဏန်းတွေလဲရှိမှာပါ။

(၃) ကင်ဆာတွေထဲမှာ ကာကွယ်ဆေးရယ်လို့ရှိတာ ဒီရောဂါပါ။ ၂ဝဝ၆ ခုနှစ်မှာ အမေရိကန် FDA ကနေ အသိအမှတ် ပြုခဲ့တဲ့ ကာကွယ်ဆေးကို Gardasil လို့ခေါ်တယ်။ နောက်တမျိုးကတော့ Cervarix ပါ။ သားအိမ်အဝကင်ဆာ ၇ဝ% ကိုဖြစ်စေတဲ့ HPV နှစ်မျိုးအပြင် တခြား လိင်ကတဆင့် ကူးစက် ရောဂါတွေကိုပါ ကာကွယ်နိုင်တယ်။ ၉၂-၉၈% ထိရောက်တယ်။ သူများ တိုင်းပြည်တွေမှာတော့ လိင်ဆက်ဆံတာမျိုးနဲ့ မကြုံနိုင်သေးတဲ့ အသက် ၉ နှစ်သမီးကနေစပြီး၊ ၂၆ နှစ်အရွယ် မိန်းကလေးတွေကို ပြစ်မှတ်ထားပြီး ထိုးပေးတယ်။ (၄) (ကွန်ဒွမ်) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အဝကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေးအမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။ ချမ်းချမ်းသာသာ နေနိုင်အောင် ဒုတိယ-တတိယနိုင်ငံများ သွားချင်သွားပါ၊ အဖေါ်များများနဲ့ လိင်ဆက်ဆံသူတွေမှာ အဖြစ်များလို့ အတူနေအဖေါ် နည်းနိုင်သမျှ နည်းသင့်တယ်။ တလင်-တမယားစနစ်ကို အလေးအနက် ပြန်ထားသင့်နေပြီ။

ပြည်တွင်းက ဆရာဝန်တဦးကနေ (ကွန်မင့်)မှာ ရေးလာတာတခု ရှိတယ်။ “မြန်မာနိုင်ငံမှာ HPV ကာကွယ်ဆေးထိုးဘို့ အခက်အခဲတွေ ရှိနေပါတယ်။ လူအများစုက အဲဒီ ဗဟုသုတ နည်းနေကြပြီး၊ ဆေးတလုံး ကျပ် ၅ သောင်းလောက် ပေးနေရတယ်။ အစိုးရက ဖြစ်ဖြစ် အစိုးရမဟုတ်တဲ့ အဖွဲ့များကဖြစ်ဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရင် သားအိမ်အဝ ကင်ဆာ ဖြစ်ရတာကို အတော်ကြီး ကယ်တင်နိုင်မယ်”။ နောက်ဆရာတယောက် ရေးတာကတော့ “ဆေးတလုံးကို ၈၆ဝဝဝ ကုန်ကျပြီး၊ စုစုပေါင်း ၃ လုံးထိုးရင် ကျပ်ငွေ ၂ သိန်း၊ ၄ ထောင် ကျပါတယ်”။

ရောဂါဖြစ်ရင် ၁-၂-၃-၄ ဆိုပြီး၊ အဆင့်တွေ သတ်မှတ်ထားတယ်။ ကုသတဲ့အခါလဲ အဆင့်လိုက် ကုရတယ်။ စောစောသိ၊ ချက်ချင်းကုရင် ပျောက်ပါတယ်။ အဆင့် ၁ ကို သားအိမ်ထုတ်ပေးရတယ်၊ သားအိမ်ဘေးက အကျိတ်တွေကိုပါ ထုတ်ရတာလဲရှိတယ်။ ကလေး ရချင်သေးသူများဆိုရင် (LEEP) နည်း လုပ်ပေးရတယ်။ အဆင့်၁ နောက်ပိုင်း ရောက်နေရင် အားလုံးကုန်ထုတ်နည်း နဲ့ ဓါတ်ကင်တာ လုပ်ပေးတယ်။ အဆင့် ၂ ရောက်နေရင် ဓါတ်ကင်တာနဲ့ ဆေးဝါးနဲ့ ကုပေးတာ ရောတယ်။ တချို့လဲ ခွဲစိတ်တာပါ လုပ်ရတယ်။ ၂ဝဝ၆ ကတည်းကသုံးနေတဲ့ဆေး ၂ မျိုးကတော့ Hycamtin နဲ့ Cisplation တို့ဖြစ်တယ်။

ကင်ဆာလူနာမှန်သမျှ ၅ နှစ်အထိ အသက်ရှင်သူ ရာနှုန်းဘယ့်လောက်ရှိလဲ ဆိုတာနဲ့ အဆိုးအကောင်း ခွဲခြား သတ်မှတ်တယ်။ အဆင့်စောလေ ကောင်းလေ။ အဆင့် ၁ ဆိုရင် ၈ဝ-၉ဝ%။ ၂ တွေက ၆၅-၇ဝ%။ ၃ က ၂၅-၃ဝ% နဲ့ နောက်ကျတဲ့ ၄ က ၁၅% ဖြစ်တယ်။

ပြည်တွင်းထုတ် မဂ္ဂဇင်းတခုမှာ ရေးတာရှိတယ်။ “ကိုယ့်လူက ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ဘူး” လို့ ပြောပြီး၊ ရောဂါလက္ခဏာ ပေါ်လာသူ အမျိုးသမီးတွေ ဒုနဲ့ဒေး။ ပါတနာ (သို့) ခင်ပွန်းက ပျော်ပါးလို့ ဘဝနစ်မွန်းခဲ့ရတဲ့ အမျိုးသမီးတွေလဲ ရှိသလို ပါတနာ (သို့) ခင်ပွန်းကို အကြွင်းမဲ့ ယုံကြည်မိလို့ နောက်ဆုံး ဓားစာခံဖြစ်သွားတဲ့ အမျိုးသမီးတွေလဲ တပုံကြီးပါ။ တိုးတက်လွန်းပြီး၊ စိတ်မချရတဲ့ ခေတ်ကြီးထဲမှာ ဘယ်သူ့ ဘယ်သူကိုမှ ယုံဖို့ မခက်ပေဘူးလား” တဲ့။

ဆက်စပ်ဖတ်ရန် ဆေးပညာစာများ
1. Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁)
2. Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂)
3. Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃)
4. Chemotherapy (ခီမို) အတွက် (၁၅) ချက်
5. HPV vaccine (ဂေး) တွေအတွက် ကာကွယ်ဆေး
6. HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး
7. Pregnancy and HPV Vaccination သားအိမ်-ကင်ဆာ ကာကွယ်ဆေး နဲ့ ကိုယ်ဝန်ဆောင်

Dr. Tint Swe
၁ဝ-၉-၂ဝ၁၃

အသက် (၇)အရွယ်ခန့်ရှိ စကားမပြောတတ်သည့် မိန်းကလေးတစ်ဦးအား လက်ပံတန်း - ရန်ကုန် ခရီးသည်တင်ယာဉ်ပေါ်၌တွေ့ရှိ


ရန်ကုန်၊ နိုဝင်ဘာ ၅
၎.၁၁.၂၀၁၃ရက်နေ့ ၂၀၀၀အချိန် ရန်ကုန်ဘက်မှပြည်ဘက်သို့
မောင်းနှင်လာသော လက်ပံတန်း - ရန်ကုန်ခရီးသည်တင်ယာဉ် န/၄၈၈၆ဟိုင်လတ်အဖြူရောင်ယာဉ်ပေါ်တွင် အသက်(၇)နှစ်အရွယ်၊ စကားမပြောတတ်မိန်းကလေးငယ်တစ်ဦးမှာ အုပ်ထိန်းသူမပါဘဲ ငိုးကြွေးနေကြောင်း မှော်ဘီမြို့နယ်၊ ဆက်သွားတော့ကျေးရွာ၊ စမ်းချောင်းပေါက်မှတ်တိုင်အရောက်တွင် သိရှိရသဖြင့် ယာဉ်မောင်းဦး အောင်ကျော်လင်းမှ မှော်ဘီရဲစခန်းသို့ လာရောက်ပို့အပ်သဖြင့် မှော်ဘီရဲစခန်းမှ လက်ခံထားရှိပြီး အခြားတိုင်း/ပြည်နယ်ရှိ ရဲစခန်းအသီးသီးသို့ ဆက်သွယ်စုံစမ်း
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

ကားချင်းဆက်သွယ်သည့် နည်းပညာ အမေရိကန်တွင် အသုံးပြုမည်


တီထွင်ရင်း တီထွင်ရင်းနဲ့ ကားတွေဟာ ကြာလာတော့ သင်္ဘောတစ်စီး လိုပဲ ဖြစ်လာတော့မယ် ထင်ပါတယ်။ ကား အချင်းချင်း ဆက်သွယ် လို့ရအောင် တီထွင်လိုက်တဲ့ နည်းပညာ သစ်ကတော့ DSRS လို့ ခေါ်တဲ့ Dedicated Short Range Communication စနစ် ပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု Michigan ပြည်နယ်က Ann Brbor မြို့ မှာ စတင် စမ်းသပ် အသုံးပြုနေပါပြီ။ သင်္ဘောတစ်စီးလိုပါပဲ တစ်စီးနဲ့တစ်စီး ရေဒါ စက်ဝိုင်းအတွင်းသို့ ရောက်လာရင် အချက်ပေးစနစ် အမျိုးမျိုးနဲ့ သတင်း ပို့ပြီး ယာဉ်တိုက်မှု အန္တရာယ်က ကင်းဝေးအောင် စွမ်းဆောင်ပေးမှာ ဖြစ်ပါ တယ်။ ကား တစ်စီးနဲ့ တစ်စီး လည်း ဆက်သွယ် စကားပြောလို့ရမှာ ဖြစ်ပါ တယ်။ ပထမဦးဆုံး အနေနဲ့ ယာဉ်စည်းကမ်း လုံခြုံရေး တပ်ဖွဲ့ ကားနဲ့ လုံခြုံရေး ကား များမှာ စတင် အသုံးပြုစေမှာ ဖြစ်ပါတယ်။ နောက်တော့မှ တစ်ဆင့်ချင်းစီ သာမန် ကားငယ် များအထိ အသုံးပြုစေမှာ ဖြစ်ပါတယ်။

ယင်း နည်းပညာ အရ ကားအားလုံးမှာ ရေဒါစနစ် ထည့်သွင်းနိုင်မယ့် OBD စနစ်လည်း လိုအပ်ပါသေးတယ်။ မြန်မာခေါ် ကားကွန်ပြူတာ Box ဖြစ်ပါ တယ်။ ဒါ့အပြင် Alarm system အမျိုးမျိုးလည်း ပါရှိရအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ကားတစ်စီးရဲ့  နည်းပညာက တစ်နှစ်ထပ် တစ်နှစ် ပိုမို မြင့်တက်လာဖို့ပဲ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာ ၂ နှစ်၊ ၃ နှစ်အတွင်း အသုံးပြုသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရ ပါတယ်။

Ref: autoblog
ColayAutomobile

ပြည်သူကို ရှင်းမပြဘဲ လျှပ်စစ်မီတာခ တက်ခြင်းသည် အာဏာရှင်စနစ်၏ အမွေဆိုး မကုန်သေးခြင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


နေပြည်တော်၊ နိုဝင်ဘာ ၎

လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ် မီတာခများ တက်ရန် ပြည်သူလူထုကို ကနဦး ရှင်းမပြဘဲ မီတာခ တိုးမြှင့်လိုက်ခြင်းသည် အာဏာရှင်စနစ်၏ အမွေဆိုး အရိပ်အငွေ့ မကုန်သေးကြောင်း အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ အကြောင်းအရာကို နိုဝင်ဘာ ၄ ရက်နေ့ လွှတ်တော် အဆောက်အအုံ (၁၂) တွင် သတင်းမီဒီယာများနှင့် မိနစ် ၂၀ ခန့် တွေ့ဆုံစဉ် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်သူတွေက အတိုက်အခံ လုပ်နေတဲ့သူတွေပဲ မဟုတ်ပါဘူး။ အခြေအနေ ဖြစ်ပျက်နေတဲ့ဟာကို ရှင်းပြရင် နားလည်တဲ့ သူတွေပါ” ဟု ၎င်းကဆိုသည်။

လျှပ်စစ်မီးသည် အများပြည်သူ သုံးစွဲနေသည့်အရာ ဖြစ်သောကြောင့် တက်သင့်သည် အကြောင်းအရာ အချက်အလက်များကို ခိုင်ခိုင်လုံလုံ ရှင်းပြရမည် ဖြစ်ပြီး တိုင်းပြည် အနာဂတ်အတွက် ပြည်သူတွေ ကူညီ အနစ်နာ ခံပေးရမည် စသဖြင့် ရှင်းပြသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
“ပြည်သူတွေကို တလေးတစားလုပ်ရင် ပြည်သူက အသိအမှတ် ပြုလိမ့်မယ်။ လုပ်ချင်တာ လုပ်ပြီးမှ လက်ခံလိုက် ဆိုတာမျိုးက မဖြစ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ယူနစ် ၁၀၀ အောက်အထိ သုံးစွဲပါက တစ်ယူနစ် ၂၅ ကျပ်၊ ယူနစ် ၁၀၀ အထက် သုံးစွဲပါက တစ်ယူနစ် ၃၅ ကျပ် ကောက်ခံနေရာမှ ယူနစ် ၁၀၀ အောက် ၃၅ ကျပ်၊ ယူနစ် ၁၀၀ အထက် ကျော်လွန်သည့် ပမာဏကို တစ်ယူနစ်လျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ် မှ ၁၀၀ ကျပ်ထိ တိုးမြှင့် ကောက်ခံမည် ဖြစ်ကြောင်း လျှစ်စစ်စွမ်းအား ဝန်ကြီးဌာနက အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် စက်မှုလုပ်ငန်းသုံး မီတာများသည် ယူနစ် ငါးထောင်ထိ အသုံးပြုပါက ၁၀၀ ကျပ်သာ ကောက်ခံမည် ဖြစ်သော်လည်း ယင်းပမာဏ ကျော်လွန်သည့် ယူနစ်များကို တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ လျှပ်စစ်မီတာခများ တိုးမြှင့်လိုက်သည့်အပေါ် ဝေဖန်မှု များစွာ ဖြစ်ပေါ်ခဲ့ပြီး မီတာခ တိုးမြှင့်မှုအပေါ် ကန့်ကွက် ဆန္ဒထုတ်ဖော်ရန်လည်း အဖွဲ့အစည်း အချို့က လုပ်ဆောင်နေသည်။
The Voice Weekly

ထိုင်းမင်းသမီးရဲ့မြင်းနဲ့ ဒေါ်စုရဲ့မြင်း ဘယ်သူအသာစီးရရှိမလဲ


ထိုင်းဘုရင့်မြေးတော်မလေး အခု ဆီးဂိမ်းမှာ မြင်းစီးဝင်ပြိုင်မယ်
သူကတော့ (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ မြင်းစီး အားကစား နည်းမှာ ၀င်ပြိုင်မယ့် ထိုင်းဘုရင် Bhumibol Adulyadej ရဲ့ မြေးမတော် Princess Sirivannavari ဖြစ်ပါတယ်။

စွဲဆောင်မှု ရှိပြီး Fashion ကျကျ ၀တ်ဆင် တက်တဲ့ သူဟာ Forber မဂ္ဂဇင်းကပြုလုပ်တဲ့ ၂၀၀၈ ခုနှစ် "20 Hottest Young Royals" မှာ နံပါတ် ၁၆ ရခဲ့ဖူး ပါတယ်။

ထို့အပြင် အားကစားနည်း များကို စိတ်ဝင်စားပြီး ၂၀၀၅ ခုနှစ် ဖိလစ်ပိုင်မှာ ကျင်းပတဲ့ (၂၃) ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲရဲ့ ကြက်တောင် အားကစား နည်းမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ခဲ့ပါတယ်။

ထိုင်းမင်းသမီးလေးရဲ့ ဆွဲဆောင်မှုနဲ့ ဒေါ်စုပိုင်တဲ့မြင်း(အလှူရထား)ပြိုင်ပွဲဝင်မှု တို့ကြောင့် ဆီးဂိမ်းမှာ မြင်းပြိုင်ပွဲကို အားပေးသူ အတော်ကလေး များလာနိုင်တယ် လို့ Red Star က ခန့်မှန်းထားပါတယ်။

ထိုင်းမင်းသမီးရဲ့မြင်းနဲ့ ဒေါ်စုရဲ့မြင်း ဘယ်သူအသာစီးရရှိမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာတစ်ခု ဖြစ်နေပါပြီ။

အားပေးမယ့်သူ များမလား မများဘူးလား ဆိုတာ ဒီမင်းသမီးဓါတ်ပုံလေးကို ကြည့်လိုက်တာနဲ့ သိနိုင်ပါပြီ။

(ref: mmplayboys)

အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


5.11.2013

မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်း အပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်သို့အပြန် ယာဉ်မောင်း ခင်မောင်ကျော် (၄၄ နှစ်) ကျောင်း တော်ရာ ပွင့်ဖြူမြို့နယ် မောင်းနှင် လာသော ကိုယ်ပိုင်ပရာဒိုကား အမှတ် ၃ဃ/--- သည် နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီက အမြန် လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင် တိုင်အမှတ် (၁၂၁/၂နှင့် ၁၂၁/၃) အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ရှိကွန် ကရစ်ကျွန်းတိုင်များကို တိုက်မိပြီး ယာဉ်တိမ်းမှောက်သွားသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်း ခင်မောင်ကျော်၊ ဦးဇော်လွင် ၊ ဒေါ်ထွေးယုံ၊ ဒေါ်သိန်းသိန်းနှင့် မဖူးပွင့်သက်တို့သည် ပြင်းထန်စွာ ဒဏ်ရာများရရှိကာ ဖြူးပြည်သူ့ ဆေးရုံကြီး အရောက်တွင် ယာဉ်မောင်း ခင်မောင်ကျော်နှင့် ဦးဇော်လွင်တို့နှစ်ဦးသည် ဒဏ်ရာ များဖြင့်သေဆုံး သွားကြပြီး ကျန် လူနာများကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုသတင်းရလျှင်ရချင်း အမြန်လမ်းမကြီး ၁၁၅ မိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းမှ လူနာတင်ယာဉ်တစ်စီးနှင့် တာဝန်ခံ ဒေါ်သန်းသန်းမြင့်နှင့် အဖွဲ့၊ ၁၂၂ မိုင်ရှိ အာရောဂျံခြံမှ ဦးကိုကိုကြီး နှင့် ကုသိုလ်ဖြစ် လူနာတင်ယာဉ် တစ်စီးနှင့် ဗောဓိကုန်းရဲစခန်းမှ လူနာတင်ယာဉ်တစ်စီးတို့ ရောက်ရှိ ကြပြီး လူနာများကို ဖြူးဆေးရုံကြီးသို့ တင်ပို့ခဲ့ကြသည်။ အမှုကို အမြန် လမ်းမကြီး ဗောဓိကုန်းရဲစခန်းက အရေးယူထားကြောင်း သိရ သည်။

မြန်မာ့အလင်း

ကင်ဆာရောဂါ နှင့် ကျန်းမားရေးဆောင်းပါးများ ဆေးလိပ်ဖြတ်ခြင်း ရဲ. အကျိုးကျေးဇူးများ


အောက်မှာ ဖော်ပြထားတာကတော့ ဆေးလိပ်ဖြတ်ခြင်း အကျိုးကျေးဇူးတွေပါ။
၁။ ဘဝသက်တမ်းပိုရှည်ကြာခြင်း။
ဆေးလိပ်သောက်တဲ့သူ ၂ ယောက်မှာ ၁ ယောက်က ဆေးလိပ်နဲ့ ပတ်သက်တဲ့ရောဂါတွေကြောင့် ဘဝသက်တမ်းတိုပါတယ်။ မလေးရှားမှာ ဆေးလိပ်ကြောင့် နှစ်စဉ် လူ ၅ ထောင်ခန့် သေဆုံးပါတယ်။

၂။ အဆိပ်အတောက်များမှ ကင်းဝေခြင်း။
ဆေးလိပ်ငွေ့မှာ ဓါတ်ပစ္စည်းပေါင်း ၄ သောင်းကျော်ပါပါတယ်။ အဲဒီအထဲက ၆၃ မျိုးက ကင်ဆာရောဂါ ဖြစ်စေနိုင်ပါတယ်။

၃။ ရောဂါများမှ ကာကွယ်ခြင်း။
ဆေးလိပ်ကြောင့် ဖြစ်တဲ့ ရောဂါအမျိုးအစားပေါင်း ၄၀ ကျော်ဖြစ်နိုင်ပါတယ်။ အဆုတ်ကင်ဆာ၊ နှလုံး ရောဂါ၊ နာတာရှည်လေပြွန်ရောင်ခြင်း၊ အဆုပ်ပွရေဝင်ရောဂါ၊ လေဖြတ်၊ အစာအိမ်နာ အစရှိသဖြင့် ရောဂါတွေပါ။

၎။ ကျန်းမာတဲ့ဘဝ။
ဆေးလိပ်မသောက်သူတွေကတော့ ဆေးလိပ်သောက်သူထက်စာရင် ချောင်းဆိုး၊ အအေးပတ်၊ အဆုတ်ရောဂါပိုးဝင်ခြင်းနဲ့ အခြားအသက်ရှုလမ်းကြောင်းရောဂါတွေ အဖြစ်နဲတာကို တွေ့ရပါတယ်။ ဒါအပြင် ဆေးလိပ်ဖြတ်ခြင်းကြောင့် အမျိုးသားတွေမှာ တခြားအကျိုးကျေးဇူးတွေရှိပါသေးတယ်။

၅။ အခြားသူများအား ကာကွယ်ခြင်း။
ဆေးလိပ်သောက်သူကိုသာမက အနီးပတ်ဝန်းကျင်ကလူတွေ၊ သင့်ရဲ.အိမ်သားတွေ၊ ကလေးတွေကိုပါ ရောဂါပေးပါတယ်။ သူတို့တွေဟာ ကိုယ်တိုင်မသောက်ပေမဲ့ (passive smoker) သောက်တဲ့ သူ ဖြစ်တဲ့ ရောဂါတွေအတိုင်း ခံစားရတက်ပါတယ်။

၆။ စံပြပုဂ္ဂိုလ်။
သင်ဟာ သင့် ကလေးတွေ၊ ညီ/ညီမတွေရဲ. စံပြပုဂ္ဂိုလ်ပါ။ လူကြီးမိဘ ဆေးလိပ်သောက်တက်ရင် ကလေးတွေလဲ ဆေးလိပ်သောက်နိုင်ခြေပိုများပါတယ်။

၇။ ကျန်းမာတဲ့ ကလေးတွေဖြစ်နိုင်ခြင်း။
ဆေးလိပ်သောက်တဲ့ မိဘကြောင့် ကလေးတွေဟာ အဆုပ်ပွရောဂါအပြင် နားနှာခေါင်းလည်ချောင်း ရောဂါပိုးဝင်ရောက်တက်ပါတယ်။ သင်ဆေးလိပ်ဖြတ်ခြင်းကြောင့် သင့်ကလေးတွေကို ရောဂါဖြစ်ခြင်းမှ ကာကွယ်ပြီးသား ဖြစ်ပါတယ်။

၈။ လန်းဆန်းတက်ကြွခြင်း။
ဆေးလိပ်သောက်သူတွေဟာ အလွယ်တကူ မောပန်းလွယ်တက်ပါတယ်။

၉။ အရသာနဲ့ အနံ့ခံအာရုံ ပိုမိုကောင်းမွန်လာခြင်း။
ဆေးလိပ်ဖြတ်လိုက်တာနဲ့ အရသာနဲ့ အနံ့ခံအာရုံတွေ ပုံမှန်အတိုင်း ကောင်းမွန်လာပါတယ်။

၁၀။ ကျန်းမာတဲ့ အရေပြားပိုင်ရှင်ဖြစ်ခြင်း။
ဆေးလိပ်သောက်တဲ့သူတွေဟာ လုံလောက်တဲ့ oxygen အောက်ဆီဂျင် မရတဲ့အတွက် အသားအရောင်မွဲခြောက်ပြီး ဆံပင်ဖြူမြန်ကာ အသက်ကြီးရင့်လွယ်ပါတယ်။

၁၁။ သန့်ရှင်းလတ်ဆတ်တဲ့ လေရခြင်း။
ဆေးလိပ်ဖြတ်လိုက်တော့ ရှုတဲ့လေက ပိုမို သန့်ရှင်းလန်းဆန်းလာပါတယ်။ ဆေးလိပ်ကြောင့် ဆီးသွားတဲ့အခါနဲ့ ချွေးထွက်တဲ့အခါ ရရှိတဲ့ အနံ့ဆိုးတွေပါ ကင်းဝေးသွားပါတယ်။

၁၂။ သွားများဖြူလာခြင်း။
ဆေးလိပ်သောက်သူရဲ.သွားတွေ ဝါညစ်ညစ်နဲ့ အရောင်ပြောင်းလာတဲ့အတွက် အပြုံးတွေလဲ မလှပပါဘူး။ ဆေးလိပ်ဖြတ်လိုက်တာနဲ့ စွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်လာနိုင်မှာပါ။

၁၃။ အဝတ်အစားနဲ့ ဆံပင်များမှာ အနံ့စွဲခြင်းမှ ကင်းဝေးခြင်း။
ဆေးလိပ်သောက်သူရဲ. ဆံပင်နဲ့ အင်္ကျီတွေမှာ ဆေးလိပ်အနံ့ဆိုတွေ စွဲကပ်နေတက်ပါတယ်။ ဆေးလိပ်ဖြတ်လိုက်ရင် ဒီအနံ့ဆိုးတွေ ကင်းသွားတာကို သိသိသာသာ သတိထားမိနိုင်ပါတယ်။

၁၄။ ငွေကြေးစုဆောင်းမိခြင်း။
ဆေးလိပ်တစ်ဗူးနေ့စဉ်သောက်ရင် တစ်နှစ်မှာ မလေးငွေ ၃ ထောင် (မြန်မာငွေ ၇ သိန်းခွဲလောက်) ကုန်ကျနိုင်ပါတယ်။ မိမိနေထိုင်တဲ့ နိုင်ငံငွေကြေးနဲ့ တွက်ကြည့်ပါ။ ဆေးလိပ်မသောက်ရင် ဒီငွေတွေ စုမိမှာပါ။ ဆေးလိပ်ဖြတ်လိုက်ပါက ဒီငွေတွေကို တခြားကျေးဇူးရှိမယ့်နေရာတွေမှာ အသုံးပြုနိုင်တာပေါ့။

၁၅။ သန့်ရှင်းတဲ့ ဝန်းကျင်။
ဆေးလိပ်သောက်ခြင်းဟာ လေထုညစ်ညမ်းခြင်းကို ဖြစ်စေတဲ့အတွက် ဆေးလိပ်ဖြတ်လိုက်ရင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အားပေးရာ ရောက်ပါတယ်။

Reference

Guidelines to quit smoking, Health Education Division, Ministry of Health, Malaysia.

မိန်းကလေးငယ်အား အဓမ္မကျင့်ရန် ကြံစည်ခဲ့သူကို ရဲများက ဖမ်းဆီးရမိ


နိုဝင်ဘာ ၂ရက်၊ ၂၀၁၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း အသက် ၁၁အရွယ်မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူတစ်ဦးကို ယမန် နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းဆီးရမိသွားပြီဖြစ်ကြောင်း ပြည်နယ်ရဲမှူးကြီး ဦးစိန်လွင်က ကေအိုင်စီသို့ အတည်ပြု ပြောဆို သည်။

“တရားခံကိုတော့ မနေ့ နေ့လည်က ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိထားလိုက်ပါပြီ။ သူ့ကိုတော့ တရားဥပဒေအရ အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားရမယ်။”ဟု ရဲမှူးကြီးဦးစိန်လွင်က ကေအိုင်စီသို့ ပြောသည်။

ဖြစ်စဉ်မှာ အသက် ၂၅နှစ်အရွယ်ရှိ ကျောက်တောင်ရွာသား ဖိုးထောင်ဆိုသူက ကော့တာဟိုးရွာသူ အဆိုပါ မိန်းကလေးငယ်ကို လှိုင်းဘွဲမြို့နယ်၊ အောက်ရေပူကျေးရွာအုပ်စုဝင် ကျောက်တောင်နှင့် ကော့တာဟိုးရွာအကြားတွင် အောက်တိုဘာလ ၂၉ရက်၊ (ဗုဒ္ဓဟူးနေ့) ည ၇နာရီအချိန်က အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့ကြောင်း အမည်မဖော်လိုသူ ကျောက်တောင်ရွာသားက ပြောသည်။

၎င်းက ဆက်လက်၍ ယင်းသို့ အဓမ္မကျင့်ရန် ကြိုးစားနှိပ်စက်နေချိန်တွင် နယ်ခြားစောင့်တပ်(ဘီဂျီအက်ဖ်)မှ စောရွှေကရင်နှင့် ဇနီးဖြစ်သူတို့က တွေ့မြင်သွားသည့်အတွက် ကျူးလွန်သူမှာ ထိုနေ့က ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။

ကျောက်တောင်ရွာသား ဖိုးထောင်မှာ ယခင်က ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် ၃နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး ယခုလို ရာဇ ၀တ်မှု ကျူးလွန်ပြီးနောက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့သို့ တိမ်းရှောင်ခဲ့ရာ နှစ်ဖက်နိုင်ငံမှ နယ်စပ်တာဝန်ရှိသူများ၏ ၀ိုင်း ၀န်းကြိုးပမ်းမှုဖြင့် ၎င်းအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မြ၀တီမြို့ ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရ သည်။

အခင်းဖြစ်ပွားမှုကြောင့် အဆိုပါကျေးနယ်ဝန်းကျင်အတွင်း ပဋိပက္ခဖြစ်ပွားလာမည်ကို စိုးရိမ်၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဘာသာရေးခေါင်းဆောင်များက အချိန်မှီ လာရောက်ကာ ကိုင်တွယ်ထိန်းသိမ်းနိုင်ခဲ့သော်လည်း လက်ရှိအချိန်ထိမူ ကျောက် တောင်ရွာအနီးရှိ ထီလုံကျေးရွာမှ ရဲဝန်ထမ်းများနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ရွာအနီးဝန်းကျင်တွင် လုံခြုံရေးယူကာ စောင့် ကြပ်နေရသေးကြောင်း ပြည်နယ်ရဲမှူးကြီးက ဆက်လက်ပြောဆိုသည်။

ပြစ်မှုကျူးလွန်ခံရသူ မိန်းကလေးငယ်မှာ နှိပ်စက်ခံထားရသည့် ဒဏ်ရာကြောင့် ဘားအံဆေးရုံတွင် သွားရောက်ဓာတ်မှန်ရိုက်ခံခဲ့ ပြီး ယခု သူမ၏ရွာသို့ ပြန်လည်ရောက်ရှိနေပြီးဖြစ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။

ကျောက်တောင်ရွာသည် လှိုင်းဘွဲမြို့၏ အရှေ့တောင်ဘက်ခြမ်း၌ တည်ရှိပြီး ၁၈မိုင်ခန့် ကွာဝေးပြီး ယခင်က အလားတူ အဖြစ်မျိုး ဖြစ်ပွားခြင်းမရှိခဲ့ကြောင်း သိရသည်။

KIC (Karen Information Center)

နှစ်ပေါင်း ၁၅၀ ကျော်တွင် ပထမဆုံး ဖြစ်ပေါ်ခဲ့သည့် မျိုးစပ်နေကြတ်မှုဖြစ်စဉ်


NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါးသည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ်ခြင်းဟု အမည်ပေးထား

မျိုးစပ်နေကြတ်ခြင်းခေါ် ထူးခြားကွဲပြားသည့် နေကြတ်မှု ပုံစံတစ်မျိုးကို ကမ္ဘာအနှံ့မှ လူသန်းပေါင်းများစွာက စောင့်ကြည့်ခဲ့ကြသည်။ အထူးသဖြင့် အာဖရိက၊ ဥရောပနှင့် အမေရိက ဒေသများတွင် အဆိုပါ ဖြစ်ရပ်ကို ပိုမိုထင်ရှားစွာ တွေ့မြင်ခဲ့ရကြောင်း သိရှိရသည်။ NASAက လ၏ သက်ရောက်ပိတ်ပင်နိုင်စွမ်း နည်းပါးသည့် ယင်းဖြစ်စဉ်ကို ရှားပါးသော မျိုးစပ်နေကြတ်ခြင်းဟု အမည်ပေးထားသည်။ ယခုအခြေအနေသည် နှစ်ပေါင်း (၁၅၀)ကျော်အတွင်း ပထမဆုံးအကြိမ် ပေါ်ပေါက်ခဲ့သည့် မျိုးစပ် နေကြတ်မှုဖြစ်သည်။ ကမ္ဘာ့နေရာအချို့တွင် လုံးဝ မှောင်အတိကျသွားပြီး အချို့သော နေရာများတွင်မူ တစ်ပိုင်းတစ်စ နေကြတ်နေသည့် ဖြစ်စဉ်ကို တွေ့မြင်ခဲ့ကြရသည်။

နေသည် လ၏ ပိတ်ဆို့ခြင်းကြောင့် ကမ္ဘာမြေသို့ အလင်းရောင် ကျရောက်မှု အားနည်းသွားခဲ့သည်။ ကမ္ဘာ့တည်နေရာအလိုက် နေကြတ်ပုံကို တွေ့မြင်ရသည့် အခြေအနေ မတူညီခဲ့ချေ။ အမေရိကန်တွင် တနင်္ဂနွေနေ့ နံနက်ပိုင်းက ပထမဆုံးအကြိမ် မျိုးစပ်နေကြတ်မှုကို စတင်တွေ့ရှိရပြီး ထို့နောက်ပိုင်းတွင်မှ အတ္တလန္တိတ် သမုဒ္ဒရာနှင့် အာဖရိက ဒေသများတွင် တွေ့မြင်လာရသည်။ အရှေ့အလယ်ပိုင်းတွင်လည်း တစ်ဝက်တစ်ပျက် နေကြတ်နေသည့် ပုံရိပ်များကို တွေ့ရှိခဲ့ရသည်။ NASA၏ မှတ်တမ်းများအရ မျိုးစပ်နေကြတ်မှု ဖြစ်စဉ်သည် (၁၈၅၄)ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့က နောက်ဆုံး ပေါ်ပေါက်ခဲ့ဖူးကြောင်း သိရသည်။ နောက်တစ်ကြိမ် အလားတူ ဖြစ်စဉ် ပေါ်ပေါက်ရန်မူ (၂၁၇၂)ခုနှစ်၊ အောက်တိုဘာ (၁၇)ရက်နေ့ထိ စောင့်ရဦးမည်ဖြစ်သည်။

အာဖရိကတိုက်ရှိ ဂါဘွန်နိုင်ငံသည် ယခုဖြစ်စဉ်ကို မြင်ကွင်းအရှင်းဆုံး အထင်ရှားဆုံး တွေ့မြင်ခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်သည်။ ကင်ညာနိုင်ငံ မြောက်ပိုင်းရှိ မြို့များတွင်လည်း လုံးဝ မှောင်အတိကျခဲ့ပြီး ယင်းဖြစ်ရပ်ကို ကမ္ဘာလှည့် ခရီးသည် အများအပြား အချိန်ယူ စောင့်ကြည့်ခဲ့ကြသည်။ ယူဂန္ဓာတွင် သမ္မတ ယိုဝါရီ မူဆီဗီနီကိုယ်တိုင် မူလတန်းကျောင်းလေး တစ်ခုတွင် ကလေးများနှင့်အတူ မျိုးစပ်နေကြတ်မှု ဖြစ်စဉ်ကို နေကာမျက်မှန်တပ်၍ စောင့်ကြည့်ခဲ့သည်။ အဘူဒါဘီတွင်မူ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ ကျင်းပနေစဉ် ပရိသတ်များက နေကြတ်မှုကို စောင့်ကြည့်ခဲ့ကြသည်။

သိပ္ပံ ပညာရှင်များက ယခုဖြစ်စဉ်ကို အရှည်ကြာဆုံးအဖြစ် (၁)မိနစ်ကျော်သာ တွေ့မြင်ရပြီး လိုက်ဘေးရီးယား အနောက်တောင်ဘက် (၂၀၅)မိုင်အကွာ သမုဒ္ဒရာထဲတွင် အချိန်အကြာဆုံး သက်ရောက်ကြောင်း အတည်ပြုခဲ့သည်။ ယင်းဖြစ်ရပ်ကို စောင့်ကြည့်သူများ အနေဖြင့် အကာအကွယ် မပါသည့် ဗလာမျက်စိဖြင့် မကြည့်ရန်မူ နက္ခတ်ဗေဒ ပညာရှင်များက ကြိုတင် သတိပေးထားပြီးဖြစ်သည်။ သာမန်အားဖြင့် အပြည့်အဝ နေကြတ်ခြင်းတွင် လသည် နေ၏ ပုံရိပ်ကို လုံးဝ ကာကွယ်လိုက်လေ့ရှိသည်။ သို့သော်လည်း မျိုးစပ်နေကြတ်မှုတွင် လသည် ကမ္ဘာနှင့် အဝေးဆုံးနေရာတွင် ရှိနေရာ နေ၏ ပုံရိပ်ကို အပြည့်အဝ မကာကွယ်နိုင်ချေ။ အဆိုပါ ရှားပါးဖြစ်စဉ်မျိုးတွင် လ၏ တားဆီးမှုကြောင့် နေလုံးကွယ်သွားသည့်တိုင် ရောင်စဉ်စက်ကွင်းတစ်ခု တောက်ပစွာ ဖြစ်တည်နေတတ်သည်။ ၎င်းကို "မီးလျံကွင်း"ဟုလည်း ခေါ်ဝေါ်လေ့ရှိပြီး လကိုပတ်လျှက် တောက်ပစွာ ထွန်းလင်းနေလေ့ရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

လူမဲ့ တိုက်ပွဲဝင် ရဟန်ယာဉ် တီထွင် အောင်မြင်


အမေရိကန် လေတပ်သို့ ရောင်းချဖို့အတွက် Northrop Grumman ကုမ္မဏီက လူမောင်းစရာမလိုတဲ့ လူမဲ့ တိုက်ပွဲဝင် ရဟတ်ယာဉ်တွေကို ကန်ထရိုက်နဲ့ ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်လယ် မှာ အစီး ၃၀ ရောင်းချဖို့အတွက် တီထွင်အောင်မြင်ပြီးသွားပါပြီ။

Bell 407 helicopter ကိုအခြေခံလို့ ဖန်တီးထားခြင်း ဖြစ်ပြီး MQ-8C လို့ အမည်ပေး ထားပါတယ်။ ပေ ၅၀၀ ထပ်အမြင့်တော့ ပြန်သန်းနိုင်ခြင်း ရှိမရှိကိုတော့ ကုမ္မဏီက မပြသခဲ့ ပါဘူး။ တိုက်ပွဲဝင်ဖို့အတွက် ရည်ရွယ် ထားတဲ့ ပုံမှန် အရွယ်ဆိုဒ် helicopter ဖြစ်ပြီး လူလည်းမလိုတာမို့ ပတ်ပတ် လည် တံခါးပေါက် မရှိပါဘူး။ ကျည်ကာ ကိုယ်ထည်ကို အသုံးပြုမှာ ဖြစ် တဲ့အတွက်ကြောင့် ရန်သူစခန်းတွေကို ဝင်တိုက်တဲ့အခါ မကြောက်မရွံ့  မောင်းနှင်၊ ဝင်ရောက် တိုက်ခိုက်နိုင်မယ့် ရဟတ်ယာဉ် ဖြစ်ပါတယ်။

မိုင်ပေါင်း ထောင်ကျော်ခရီးကို အဝေးကနေ ထိန်းပြီး မောင်းနိုင်မယ့် ယာဉ်ဖြစ်ကြောင်း ဆိုပါတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်နဲ့ MQ 8C ရဟတ်ယာဉ် အသေးစိတ်နှစ်ကို ၂၀၁၄ ခုနှစ်မှ အသေးစိတ် ထုတ်ဖော် ပြသ မှာ ဖြစ်ကြောင်း သိရပါတယ်။

.
Ref: pocketlint
အောင်ခမ်း ( MM Social Sky )

YouTube၏ တစ်နှစ်တာ အထူးချွန်ဆုံး ဂီတအနုပညာရှင်ဆုကို Eminem ရရှိ


ကမ္ဘာကျော် ဗီဒီယို Sharing ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။

YouTube Music Awards ဆုပေးပွဲတွင် နာမည်ကျော် Rapဂီတ အဆိုတော် Eminemက တစ်နှစ်တာ အထူးချွန်ဆုံး အနုပညာရှင်ဆုကို ရရှိခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာကျော် ဗီဒီယို Sharing ဝက်ဘ်ဆိုက်ကြီးသည် ကိုယ်ပိုင်ဂီတဆုများကို ပထမဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ သို့သော်လည်း YouTube၏ ဆုပေးပွဲ အစီအစဉ်သည် ပရိသတ်များကြား ရေပန်းမစားသေးသလို အဖွင့်ဆုပေးပွဲကို အင်တာနက်မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုသူ (၂၁၅၀၀၀)မျှသာ ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် အစောပိုင်းက MTV၏ ဗီဒီယိုဂီတဆု (VMA) အခမ်းအနားကို အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုသူ အရေအတွက်မှာမူ (၁၀)သန်းကျော်မျှထိ ရှိခဲ့သည်။

ယခုနှစ်၏ အထူးချွန်ဆုံး ဂီတအနုပညာရှင်အဖြစ် Eminemက ရွေးချယ်ခံရသလို တစ်နှစ်တာ အကောင်းဆုံး သီချင်းဗီဒီယိုဆုအတွက်မူ တောင်ကိုရီးယား Popဂီတအဖွဲ့ Girls Generationက ရရှိခဲ့သည်။ SNSDဟု လူသိများသည့် ယင်းအဖွဲ့သည် မိုင်လီဆိုင်းရပ်စ်၊ ဂျက်စတင်ဘီဘာ၊ လေဒီဂါဂါ၊ One Directionနှင့် PSYကဲ့သို့ နာမည်ကြီးများကို ကျော်ဖြတ်ခဲ့သည်။ YouTube၏ ပထမဆုံး ဆုပေးပွဲ အစီအစဉ်တွင် လူသစ်တန်းဆုအတွက် မက္ကလီမောရ်နှင့် ရိုင်ယန်လီဝစ်တို့က ရရှိခဲ့သလို တေလာဆွစ်ဖ်၏ I Knew You Were Trouble အယ်လ်ဘမ်ကလည်း ပရိသတ် အများဆုံးရရှိသည့် သီချင်းအယ်လ်ဘမ်ဆုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ DeStorm၏ See Me Standingကမူ ဖန်တီးထိုးထွင်းမှု အကောင်းဆုံးဆုကို ရရှိခဲ့ပြီး ယခုအစီအစဉ်တွင် လေဒီဂါဂါ၊ Eminem၊ Arcade Fire၊ အေဗီဆီး၊ M.I.Aအစရှိသည့် နာမည်ကြီးများ၏ ဖျော်ဖြေမှုများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။ YouTube၏ ပထမဆုံး ဂီတဆုပေးပွဲကို နယူးယော့ခ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Planet Myanmar Network

မြေထဲပင်လယ် အစားအစာများက အမျိုးသမီးများရဲ့ ကလေးရနိုင်ချေကို မြှင့်တင်ပေးနိုင်



မြေထဲပင်လယ်စတိုင် ချက်ပြုတ်ထားတဲ့ အစားအစာများကို စားသုံးပေးတဲ့ အမျိုးသမီးများဟာ ရင်သွေး ငယ်ရနိုင်ချေ မြင့်မားတယ်ဆိုတာကို လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံ၊ Loyola University Health System မှ အာဟာရဗေဒပညာရှင်များက ဟင်းသီးဟင်းရွက်များ၊ ငါးနဲ့ပဲအမျိုးမျိုး တို့နဲ့ ထုံမွှန်းထားတဲ့ မြေထဲပင်လယ်အစားအစာတွေကို စားသုံးပေးတဲ့ အမျိုးသမီးတွေဟာ ပဋိသန္ဓေရနိုင်ချေ မြင့်မားတယ်လို့ ထုတ်ဖော်ပြော ဆိုထားပါတယ်။ လေ့လာမှုခေါင်းဆောင် Brooke Schantz က “ကျန်းမာရေးရှုထောင့်အရ အာဟာရ တန်ဖိုး မြင့်မားပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ မြေထဲပင်လယ် အစားအစာတွေဟာ ရင်သွေးရနိုင်တဲ့အခွင့်အလမ်းကိုသာ များစေတာမဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်နေစဉ်မှာလည်း စားသုံးပေးမယ်ဆိုရင် သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို စောင့်ရှောက်ပေးနိုင်ပြီး နောက်ဆက်တွဲ ပြဿနာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်”လို့ ပြောကြားထားပါတယ်။

မြေထဲပင်လယ် အစားအစာတွေမှာ မပါမဖြစ်ပါဝင်တဲ့ သံလွင်ဆီဟာ အမျိုးသမီးတွေ ကိုယ်ဝန်ရနိုင်ချေကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ရယူလိုတဲ့ အမျိုးသမီးဟာ ပြည့်ဝဆီပါဝင်တဲ့ အစားအစာတွေကို ရှောင်ကျဉ်ရမှာ ဖြစ်ပြီး အသားကရတဲ့ ပရိုတင်းထက်စာရင် ဟင်းသီးဟင်းရွက်ကရတဲ့ ပရိုတင်းကို စားသုံးပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာပါဝင်တဲ့ အာဟာရဗေဒပညာရှင်များကတော့ ကိုယ်ဝန်ရယူလိုတဲ့ အမျိုးသမီးများကို တို့ဖူး၊ ပဲပြား၊ ပဲတောင့်ရှည်နဲ့ အစေ့အဆန်တွေကို ပိုမိုစားသုံးပေးဖို့ တိုက်တွန်းထားပါတယ်။

Brooke Schantzuက “ကိုယ်ဝန်အောင်မြင်စွာရယူနိုင်ဖို့ အိမ်ထောင်ဖက်အမျိုးသားများရဲ့ ကိုယ်အလေးချိန်ကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အတိုင်းအတာအတွင်းမှာ ရှိဖို့လိုအပ်ပြီး အ၀လွန်နေခြင်းမရှိရပါဘူး။ အ၀လွန်ခြင်းဟာ သုက်ကောင်များရဲ့ အရည်အသွေးကို ထိန်းချုပ်တဲ့ ကျားဟော်မုန်းတွေ ကိုထိခိုက်မှုရှိစေလို့ပဲဖြစ်ပါတယ်”လို့ ရှင်းပြထားပါတယ်။

သက်နှင်း

စပိုင်မလုပ်ရေး သဘောတူစာချုပ် ဂျာမနီနှင့် အမေရိကန် လက်မှတ် ရေးထိုးဖွယ်ရှိ


ဘာလင်၊ နိုဝင်ဘာ ၃


အက်ဒ်ဝပ်စနိုးဒန်၏ ဖွင့်ချမှုကြောင့် အမေရိကန်က ဂျာမနီ တယ်လီဖုန်း ပြောဆိုမှုများကို စောင့်ကြည့် ခြေရာခံနေခြင်း ပေါ်ပေါက်သည့်အတွက် နှစ်နိုင်ငံ သံခင်းတမန်ခင်းအရ အဆင်မပြေမှုများရှိနေစဉ် ဂျာမနီနှင့် အမေရိကန်တို့ အပြန်အလှန် စပိုင်မလုပ်ရေး သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးတော့မည် ဖြစ်ကြောင်း ဂျာမန်သတင်းစာ တစ်စောင်၏ ရေးသားချက်အရ AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဂျာမနီ ထောက်လှမ်းရေးအရာရှိများ အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် အထက်ပါ ပဏာမသဘောတူညီမှုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းသတင်းစာ FAS က ရေးသားထားသည်။
အဆိုပါ သဘောတူစာချုပ်ကို လာမည့်နှစ် အစောပိုင်းတွင် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း ဂျာမနီအစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ် တစ်ဦးက ပြောကြားသည်။

ဂျာမနီ ပြည်တွင်း သြဇာကြီးဂျာနယ် Der Spiegel ကလည်း ယင်းသဘောတူညီချက် ထွက်ရှိလာရေးအတွက် နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းနေကြကြောင်း ရေးသားထားသေးသည်။

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ NSA ၏ ဒါရိုက်တာ ကိတ်အလက်ဇန္ဒား ကိုယ်တိုင်က ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ တယ်လီဖုန်းကို စောင့်ကြည့်ခဲ့ကြောင်း ဝန်ခံပြောဆိုခဲ့သည်ဟုလည်း ယင်းသတင်းက ဆိုသည်။

အမေရိကန်ထောက်လှမ်းရေးက တိုင်းတစ်ပါး ခေါင်းဆောင်များနှင့် ပြည်သူများ၏ တယ်လီဖုန်း ပြောကြားမှုများကို စောင့်ကြည့် ခြေရာခံနေသည်ဟု သတင်းများ ထွက်လာခြင်းကြောင့် ဝါရှင်တန်နှင့် ဥရောပ မဟာမိတ်များ ဆက်ဆံရေးကို ထိခိုက်ခဲ့ရသည်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာမာကယ်၏ မိုဘိုင်းလ်ဖုန်းကို ၂၀၀၂ ခုနှစ် ကတည်းက စောင့်ကြည့် ထောက်လှမ်း နေခဲ့ကြောင်းလည်း ထောက်လှမ်းရေး သတင်းပေါက်ကြားမှုအရ သိရှိရသဖြင့် ဂျာမနီက ဒေါသတကြီး ဝေဖန်တုံ့ပြန်ခဲ့သည်။
ဂျာမနီသာမက အမေရိက၏ အိမ်နီးချင်း မက္ကဆီကို၊ ဥရောပ မဟာမိတ်များဖြစ်သည့် ပြင်သစ်၊ စပိန်တို့ကိုလည်း စောင့်ကြည့် ထောက်လှမ်းခဲ့သည်ဟုလည်း သတင်းများက ဆိုသည်။

NSA ဝန်ထမ်းဟောင်း အက်ဒ်ဝပ် စနိုးဒန်သည် ယခုအခါ ရုရှားနိုင်ငံတွင် တစ်နှစ်ကြာ ခိုလှုံခွင့် ရရှိခဲ့ပြီး အချို့မီဒီယာများနှင့် ဆက်သွယ်ကာ ၎င်းရရှိ သယ်ဆောင်လာခဲ့သော ထောက်လှမ်းရေး အချက်အလက်များကို ဖွင့်ချလျက် ရှိသည်။
အမေရိကသည် မိတ်ဆွေများ၏ တယ်လီဖုန်းကို ခိုးနားထောင်ခြင်း မပြုလုပ်သင့်ကြောင်း အန်ဂျလာမာကယ်က ဝေဖန် ပြောကြားခဲ့ဖူးသည်။