စက်နှိုးမရသောယာဉ်ကိုဆွဲရန်အတွက်ယာဉ်(၂)စီးကြား၌သံကြိုးချိတ်နေစဉ် ဆွဲမည့်ယာဉ်မှ တိုက်မိသဖြင့် သေဆုံး

ပို့စ်တင်ချိန် - 4/20/2014 03:00:00 PM


ရန်ကုန်၊ ဧပြီ ၂၀

၁၉.၄.၂၀၁၄ ရက်နေ့ ၀၇၅၀ အချိန်တွင် တိုက်ကြီးမြို့နယ်၊ ယင်းတိုက်ကွင်း
ကျေးရွာတွင် ယာဉ်မောင်း ချစ်ကို၊ (၂၅)နှစ်၊ (ဘ)ဦးလှကြည်၊ တိုက်ကြီး
မြို့နယ်နေသူမောင်းနှင်သည့် ၉ဌ/---- FAW အမျိုးအစား ကုန်တင်ယာဉ်မှာ စက်နှိုးမရသဖြင့် ယာဉ်မောင်း သားထွေး၊ (၃၀)နှစ်၊ (ဘ)ဦးတိုး၊ တိုက်ကြီး
မြို့နယ် နေသူမောင်းနှင်သည့် ၉ဌ/---- ထော်လာဂျီအပြာရောင်ယာဉ်ဖြင့် ဆွဲ၍နှိုးရန်အတွက် ချစ်ကိုမှ FAW ယာဉ်၏ နောက်ပိုင်းနှင့် ထော်လာဂျီ
ယာဉ်၏ခေါင်းပိုင်းတို့ကို သံကြိုးချိတ်နေစဉ် သားထွေးမှ ထော်လာဂျီယာဉ်
အား ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရာမှ အရှိန်လွန်ကာ ချစ်ကိုအားဝင်ရောက် တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ချစ်ကိုမှာ ယာဉ်(၂)စီးကြားညပ်မိသဖြင့် ဦးခေါင်း
ကြေမွ၊ ၀ဲမျက်လုံးထွက်၊ သွားများကျိုးကာ အခင်းဖြစ်နေရာတွင်သေဆုံး
သွားခဲ့ပြီး ယာဉ်မောင်း သားထွေးမှာယာဉ်ကိုထားကာထွက်ပြေးတိမ်းရှောင်
သွားခဲ့ပါသည်။

ယင်းကဲ့သို့ ယာဉ်အားပေါ့လျော့စွာမောင်းနှင်သူ သားထွေးအား တိုက်ကြီးမြို့မရဲစခန်းယာဉ်(ပ) ၃၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၄-က/၂၀၂ ဖြင့်
အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပါသည်။

Yangon Police