မော်လမြိုင်တွင် မီးလောင်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 4/20/2014 10:17:00 AM


မော်လမြိုင် ဧပြီ ၁၉

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် အမှတ် (၃) မြရတနာလမ်း (ဈေးကြိုပွဲ ရုံတန်း)ရှိ မီးလျှံနာ ရေသန့်စက်ရုံတွင် ဧပြီ ၁၇ ရက် ညနေ ၄ နာရီ မိနစ်၅၀ က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ မီးလျှံနာ ရေသန့်စက်ရုံ (၄၀_၆၀) ပေ RC နှစ်ထပ်၏ အပေါ်ထပ် အိပ်ခန်းရှိ အဲကွန်းအပူလွန်ကဲရာမှ မျက်နှာကြက်သို့ အဆင့် ဆင့်ကူးစက်ကာ အပေါ်ထပ်အဆောက်အအုံလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင် (၆၅)နှစ်အား မုပွန် ရဲတပ်ဖွဲ့ စခန်းက အမှုဖွင့် ထားကြောင်း သိရ သည်။

MOI Webportal Myanmar