မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အရေး ဆွေးနွေးပွဲ ဇွန် ၁၀ ရက်တွင် ပြုလုပ်မည်

ပို့စ်တင်ချိန် - 6/08/2014 11:16:00 AM


ညွှန်ကြားရေးမှူးချုပ် အ ဆင့်တာဝန်ရှိသူများ တက်ရောက် မည်ဖြစ်သော မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် အရေး ဆွေးနွေးပွဲ ကိုဇွန်လ ၁၀ ရက်တွင် နေပြည်တော်၌ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနယ်ခြားစောင့် ရဲတပ် ဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ဖွဲ့တို့ကြား ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ နယ်စပ်ဆွေးနွေးပွဲကို နေပြည်တော်၌ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း D-hake Tribune သတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ဇွန်လ ၇ ရက်က ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ် ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေး မှူးချုပ် Major General Aziz Ahmed ဦးဆောင်ပြီး ကိုယ်စား လှယ်ရှစ်ဦး တက်ရောက်မည် ဖြစ် သည်။

‘‘ကျွန်တော်တို့ ရည်မှန်းချက် က မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့နဲ့ နယ်စပ်မှာ တည် ငြိမ်အေးချမ်းဖို့အတွက်ပါ။ ဘယ် လိုပြဿနာမျိုးမဆို ဆွေးနွေးပွဲ တွေက တစ်ဆင့် ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့ လိုချင်ပါတယ်’’ ဟု ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ် ဖွဲ့ညွှန်ကြားရေးမှူးချုပ်ကပြော ကြောင်း Dhake Tribune က ရေး သားဖော်ပြထားသည်။

မောင်တောအခြေစိုက် နယ် ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေး မှူးရဲမှူးချုပ် တင်ကိုကိုသည် လည်း ဆွေးနွေးပွဲတက်ရောက်ရန် နေပြည်တော်သို့ ထွက်ခွာသွားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှ အရာရှိတစ်ဦးက ပြောသည်။

 ‘‘ဒီနေ့ပဲ သွားတယ်။ ဒီက ကိစ္စတွေကို ပြန်ဆွေးနွေးဖို့ပါ’’ ဟုဆိုသည်။

 ပြီးခဲ့သည့် ရက်ပိုင်းက မောင်တောဒေသ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်  တစ်ဖက်မှ ၀င်ရောက်လာသော လက်နက်ကိုင် အဖွဲ့၏ ပစ်ခတ်မှုကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှ လေးဦးကျဆုံးခဲ့သည်။

 ယင်းနောက် မကြာမီ နယ် စပ်စည်းရိုးသို့ ခိုးဝင်လာသူ လက် နက်ကိုင်တစ်ဦး မြန်မာဘက်မှ ပစ် ခတ်မှုကြောင့် သေဆုံးခဲ့ပြီး လက် နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ သည်။ ထို့နောက် နှစ်ဖက်အင် အား တိုးမြှင့်ခဲ့ပြီး နယ်စပ်အခြေ အနေတင်းမာနေခဲ့သည်။

 ဇွန်လ ၅ ရက်က နယ်ခြား စောင့်တပ်ဖွဲ့ တပ်မှူးအဆင့်ရှိ အလံတင်ဆွေးနွေးပွဲကို မောင်တောမြို့၌ ပြုလုပ်ခဲ့သည်။

7Day News Daily