အမြန်လမ်းတွင် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်း မရှိတော့ဟု ယာဉ်မောင်းများပြော

ပို့စ်တင်ချိန် - 7/07/2014 09:42:00 AM



အမြန်လမ်းတစ်နေရာ (ဓာတ်ပုံ – မျိုးမင်းဦး)
အမြန်လမ်းတစ်လျှောက်ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိစစ်ဆေးမှုများကို ယခုနှောင်းပိုင်းတွင် စစ်ဆေးခြင်းမရှိတော့ကြောင်း ခရီးသည်တင်ယာဉ်လိုင်းများမှ သတင်းရရှိသည်။

မေလ ၂၄ ရက်မှစတင်၍ အမြန်လမ်းပေါ်တွင်  မောင်းနှင် နေသော ယာဉ်များ ယာဉ်ကြံ့ခိုင် မှုနှင့် ကိုက်ညီမှုရှိ၊မရှိစစ်ဆေး အရေးယူများကို ဆောင်ရွက်ခဲ့သော်လည်း ဇွန်လအတွင်း  စစ်ဆေးမှုမရှိတော့ကြောင်း ခရီးသည်များနှင့် ယာဉ်မောင်းများကပြောသည်။
‘‘အခုနောက်ပိုင်းစစ်ဆေး တာတွေမရှိတော့ဘူး။   ယာဉ် မောင်းကလည်း  ဆင်ခြင်လာတဲ့ အတွက် မစစ်တော့တာဖြစ်နိုင် တယ်’’ဟု JJ (ဂျေဂျေ)မော်တော်ယာဉ်လိုင်းမှ အထွေထွေမန်နေဂျာဦးမြင့်ဦးကပြောသည်။

နေပြည်တော်မှ ရန်ကုန်ပြေး ဆွဲနေသော ယာဉ်လိုင်းများမှာ ယခင်က ယာဉ်ကြံ့ခိုင်မှုများကို  စစ်ဆေးခြင်းကြောင့်  ရန်ကုန်အ ထွက် အမြန်လမ်းထိပ်နှင့် နေပြည်တော် အမြန်လမ်းဂိတ်တို့တွင် ယာဉ်များ တန်းစီစစ်ဆေးခံရ ခြင်းဖြစ်သည်။ အဆိုပါ ယာဉ်ကြံ့ခိုင်မှုရှိ၊မရှိစစ်ဆေးရာတွင် အမြန် လမ်းရဲတပ်ဖွဲ့၊  မော်တော်ယာဉ် ထိန်းသိမ်းရေးအဖွဲ့၊  ယာဉ်စည်း ကမ်းကြီးကြပ်ရေးကော်မတီများ က စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင် စစ် ဆေးခြင်းမရှိတော့ပေ။

‘‘စစစ်ဆေးတဲ့ရက်ပိုင်းက ဆိုရင် သူတို့စစ်ဆေးနေတဲ့နေရာ မှာ ကားတွေ တန်းစီပြီးစောင့်ရ တယ်။  တချို့လည်းငွေပေးပြီး မောင်းသွားကြတယ်။  အခုစစ် ဆေးနေကြတဲ့ ရုံးတွေမရှိတော့ တာ  တစ်ပတ်ကျော်ကြာရှိသွား ပြီ။ စစ်ဆေးတဲ့ဂိတ်တွေမရှိတော့ ဘူးဆိုပေမယ့် ငွေပေးရတယ်၊ မပေးရဘူးဆိုတာကိုတော့  မပြောလိုတော့ပါဘူး။ အရင်စစ်တယ်ဆို တာကလည်း စစ်တဲ့နေရာတွေက ကျဉ်းနေတဲ့အတွက် ကားသမား တွေ အခက်အခဲဖြစ်တယ်’’ဟု ရန်ကုန် – နေပြည်တော်အမြန် လမ်းတွင် မောင်းနှင်နေသော အမည်မဖော်လိုသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

ယခုရက်ပိုင်းတွင် ခရီးသည်များကားပေါ်တွင် အန္တရာယ်ကြုံလာပါက သိထားသင့်သော အ ကြောင်းအရာများကို ယာဉ်ပေါ် ရှိ တာဝန်ရှိသူများက ပြောပြပေး ခြင်းမရှိတော့ကြောင်း ခရီးသည် များက ပြောသည်။

ယာဉ်မောင်းများနှင့်ယာဉ်ပိုင်ရှင်များအားပေးထားသည့် သတိပေးစာတွင် ကားမထွက်မီတွင် တာဝန်ရှိတဲ့သူတစ်ဦးက အန္တရာယ်ကြုံလာလျှင်မှန်ကိုမည်သို့ခွဲရမည်နှင့် ခါးပတ်များကို ပတ်ထားရန် သတိပေးပြောကြားပေးရမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။

ယာဉ်အန္တရာယ်ဖြစ်ပွားမှုများမရှိတော့သည့်နောက်ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ခြင်းမရှိတော့ကြောင်း၊ မိုးတွင်းကာလရောက်ရှိနေပြီ ဖြစ်၍ စစ်ဆေးရန် နေရာများအခက်အခဲကြောင့် ဆောင်ရွက်မှုမရှိခြင်းသာဖြစ်ကြောင်း ယာဉ်ပိုင်ရှင် အချို့ကသုံးသပ်ကြသည်။

‘‘နေပြည်တော်မှာ နေ့တိုင်းစစ်ဆေးနေပါတယ်။ ယာဉ်ကြံ့ခိုင်မှုရှိ၊ မရှိဆိုတာကို ရန်ကုန်မှာကတော့ မသိပါဘူး။ ကားမထွက် ခင်ကားမှာ လူဘယ်နှယောက်ဆံ့လဲဆိုတာကိုပါ စစ်တာပါ’’ ဟု နေပြည်တော်(မထသ)  ဥက္ကဋ္ဌ ဦးဝင်းဆွေကဆိုသည်။

7day daily