ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး အရှင်လတ်လတ် မီးရှို့ခံရပြီးနောက် ပဋိပက္ခများဖြစ်ပွား

ပို့စ်တင်ချိန် - 7/07/2014 09:41:00 AM



ရဲတပ်ဖွဲ့၏ထိန်းသိမ်းခံရစဉ် ရိုက်နှက်နှိပ်စက်ခြင်းခံခဲ့ရသည်ဟု စွပ်စွဲထားသော ပါလက်စတိုင်း−အမေရိကန်ဆယ်ကျော်သက်လူငယ် တာရစ်အဘူခဒါကို မိခင်ဖြစ်သူက ပွေ့ဖက်ထားစဉ် (AHMAD GHARABLI/AFP)
ပါလက်စတိုင်း သား ဆယ်ကျော်သက်တစ်ဦး ဖမ်း ဆီးခေါ်ဆောင်ခံရကာ အရှင် လတ်လတ် မီးရှို့သတ်ဖြတ်ခံရ ကြောင်း အလောင်းခွဲစိတ်စစ် ဆေးမှုရလဒ်များက ဖော်ပြထား စဉ် ၎င်းသတ်ဖြတ်ခံရခြင်းကြောင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ ဂျေရုဆလင်မြို့ အရှေ့ပိုင်းမှ အစ္စရေးနိုင်ငံ မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ဖြစ်ပွားခဲ့သည်။

သိမ်းပိုက်ထားသော ဂျေရု ဆလင်မြို့အရှေ့ပိုင်း ရှူအာဖတ် ဒေသတွင် ဇူလိုင် ၂ ရက် စော စောပိုင်းက မိုဟာမက်အဘူခါဒါ (၁၆) နှစ် ဖမ်းဆီးခံထားရပြီး မကြာမီ ဂျေရုဆလင်မြို့အနောက် ဘက်တောအုပ်အတွင်း မီးလောင် ကျွမ်းထားသော ၎င်း၏ အ လောင်းကို တွေ့ရှိခဲ့သည်။

၎င်းသေဆုံးမှုကြောင့် ဖြစ် ပွားသော ပဋိပက္ခများမှာ အစ္စရေး နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း မြို့များသို့ ဇူလိုင် ၅ ရက်က ပျံ့နှံ့ ဖြစ်ပွားခဲ့ပြီး ယင်းမြို့များတွင် လမ်းများပိတ်ထားကာ ဆန္ဒပြသူ ဒါဇင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရ သည်။

၎င်း၏ ရုပ်အလောင်းကို ခွဲ စိတ်စစ်ဆေးရာတွင် အဆုပ်ထဲ၌ မီးခိုးများ တွေ့ရှိခဲ့သဖြင့် မီးရှို့ ခံရစဉ် အသက်ရှင်လျက်ရှိသေး ကြောင်း ပညာရှင်များက ဆုံးဖြတ် ခဲ့ကြသည်ဟု ပါလက်စတိုင်းသ တင်းဌာန Maan က ဖော်ပြသည်။

ယင်းကဲ့သို့ ပါလက်စ တိုင်းနှင့် ဆက်ဆံရေး တင်းမာနေ စဉ် အစ္စရေးရဲတပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသည့် အမေရိကန် နိုင်ငံသားဆယ်ကျော်သက်တစ် ဦးကို ရိုက်နှက်ခဲ့သည်ဆိုခြင်းအ ပေါ် အမေရိကန်နိုင်ငံက ရှုတ်ချ လိုက်သည်။

အရှင်လတ်လတ် မီးရှို့ သတ်ခံရသူ၏ ညီဝမ်းကွဲ တာရဇ် အဘူခါဒါ (၁၅) နှစ်သည် ရှုအာ ဖတ်ဒေသတွင် ဇူလိုင် ၄ ရက်က ရဲတပ်ဖွဲ့၏ ရိုက်နှက်ဖမ်းဆီးခြင်း ခံရသည်ဟု မိဘများက အေအက်ဖ် ပီသတင်းဌာနအား ပြောသည်။

—Ref: AFP

7day daily