ဆယ်တန်းပြန်ဖြေမဲ့ ရွှေမှုန်ရတီက အောင်မအောင်ကတော့ ကံတရားပါပဲတဲ့

ပို့စ်တင်ချိန် - 7/07/2014 07:27:00 PM



အနုပညာအလုပ်တွေကို စွမ်းစွမ်းတမံ ကြိုးစားအားထုတ်မှုအပြင် သူမဆီလာသမျှ ကာရိုက်တာတွေကို အလွဲအချော် တစ်စက်ကလေးမျှမရှိစေပဲ အရွယ်နဲ့မလိုက်တဲ့ အနုပညာဖန်တီးမှုတွေနဲ့ ပေးဆပ်နေခဲ့တဲ့အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ချွတ်ချော်ကျရှုံးခဲ့တဲ့  ရွှေမှုန်ရတီက သူမရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး “ရွှေမှုန် ဆယ်တန်းကို ပြန်ဖြေမှာပါ။ နောင်နှစ်မှာ အောင်မအောင်ကတော့ ကံတရားပေါ့နော်။ ရွှေမှုန်ဘက်ကတော့ အတတ်နိုင်ဆုံး ကြိုးစားမှာပါ”လို့ ဆိုပါတယ်။

ရွှေမှုန်ရတီအနေနဲ့ ခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းကိုလည်း သူမက “ခုကိုမြင့်မြတ် ၊ ဦးညွှန့်မြန်မာညီညီအောင်တို့နဲ့ ဖန်စီကားလေး ရိုက်နေတယ်ပေါ့နော်။ ကာရိုက်တာကတော့ မထူးခြားဘူး။ ဖန်စီလူငယ် ရိုမန့်စ်လေးပဲ။ ဒီတိုင်းရိုးရိုးလေးပါပဲ။  ရုံတင်ကားတွေ အနေနဲ့ကတော့ ရှေ့မှာ အန်ကယ်လေးတို့နဲ့နို့ဘီလူးဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ထားတယ်။ ဒရာမာလေးပါပဲ။ အဲ့ကားထဲမှာ ရွှေမှုန်က ကိုဇေရဲထက်ရဲ့ရည်းစားနေရာကပါ။ ဒီ၂၀၁၄ ထဲမှာ ရုပ်ရှင်ကားကြီးအနေနဲ့လည်း ရွှေမှုန် ၆ကား လက်ခံထားပါတယ်။ ကာရိုက်တာတွေကတော့ မျိုးစုံပါပဲ”တဲ့။

Trend Myanmar