ပြဿနာတွေကို အတိတ်မှာထားပြီး ပရိသတ်အတွက် ရှေ့ဆက်မယ်ဆိုတဲ့ မေမြတ်နိုး


ဘန်ကောက်တွင် ကြော် ငြာရိုက်ကူးပြီး ပြန်လာသော မေ မြတ်နိုးသည် သရဖူသိမ်းခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်ခဲ့သော ကိစ္စ များကို အတိတ်မှာထားခဲ့ပြီး ရှေ့ ဆက်မည့် အနုပညာအတွက် ပရိ သတ်များအားပေးစေလိုကြောင်း မေမြတ်နိုးကပြောသည်။

‘‘ဖြစ်ခဲ့တာတွေအားလုံးကို နောက်မှာထားခဲ့ပြီးတော့ ရှေ့ ဆက်ပြီး ဒီထက်မကကြိုးစားသွား မယ့်အတွက် ပရိသတ်တွေက မြတ်နိုးကို ဆက်လက်ပြီး အား ပေးကြပါလို့ ပြောချင်ပါတယ်’’ ဟု မေမြတ်နိုးကပြောသည်။

ဘန်ကောက်သို့ ဇူလိုင် ၆ ရက်က သွားရောက်၍ Skeyndor Skin Care ဓာတ်ပုံကြော်ငြာကို ထိုင်းနာမည်ကြီးမင်းသားနှင့် ရိုက် ကူးခဲ့ပြီး ဇူလိုင် ၁၀ ရက်က ပြန် လာခဲ့သည်။

ဘန်ကောက်တွင် ကြော်ငြာ ရိုက်ပြီး ပြန်လာလျှင် သရဖူသိမ်း ခြင်း၊ မသိမ်းခြင်းကိစ္စနှင့် ပတ် သက်၍ သတင်းစာရှင်းလင်းပွဲ ပြု လုပ်မည်ဟု ပြောဆိုထားသော် လည်း မအားလပ်သေးသဖြင့် လုပ်ဖြစ်ဦးမည်မဟုတ်ကြောင်း မေမြတ်နိုးကပြောသည်။

‘‘အခုရက်ပိုင်းတကယ်မ အားတော့ စီစဉ်ဖို့ အဆင်မပြေ သေးလို့ပါ။ အမေနဲ့ အရင်တိုင်ပင် နေတုန်းပဲရှိတော့လေ။ မအားတာ  နဲ့ မစီစဉ်ရသေးဘူး’’ဟု မေမြတ် နိုးကပြောသည်။

လက်ရှိတွင် အိပ်မက်ဆုံရာ သူငယ်ချင်းများနှင့် အခွေထုတ် ရန် သီချင်းရှာနေပြီး ဒီဇင်ဘာ တွင် ထွက်ရှိမည့် အတွဲခွေတစ်ခု အတွက် ခရစ္စမတ်သီချင်းတစ် ပုဒ်သီဆိုပေးထားကြောင်း သိရ သည်။

သြဂုတ်လ(သို့) စက်တင် ဘာပထမပတ်တွင် တောင်ကိုရီး ယားသို့ သွားရောက်ကာ ကိုရီး ယားဘာသာစကား  သင်ယူပြီး လေးပတ်ကြာကြိုတင်လေ့လာမှု များပြုလုပ်ကာ ဂီတအလုပ်များကို လုပ်ဆောင်တော့မည်ဖြစ် ကြောင်းသိရသည်။

မေမြတ်နိုးအပါအ၀င် မိန်း ကလေးလေးဦးဖြင့် ဖွဲ့စည်းလိုက် သော ‘‘MAPW’’အဖွဲ့ အမည်ဖြင့် ကိုရီးယားသီချင်းများ သီဆိုသွားမည်ဖြစ်ကြောင်း  မေမြတ်နိုးက ပြောသည်။

‘‘မြတ်နိုးအပါအ၀င် ကိုရီး ယားအဆိုတော် နှစ်ယောက်ရယ်၊ ယူရိုပီယံက  ကောင်မလေး တစ်ယောက်ရယ်၊ နာမည်တော့ မပြောသေးဘူးရှင့်။ လေးယောက် ပါ။ အခွေနာမည်က ခရေဇီိလို့ခေါ်ပါတယ်။ အမ်တီဗီတွေပါ ရိုက် မယ်ရှင့်။ ဒီအခွေမှာ ဘယ်နှပုဒ်ပါမလဲ မသိသေးဘူးရှင့်’’ဟုမေမြတ်နိုးကပြောသည်။

7day daily

ဒွေးကို မမေ့သေးတဲ့ စိုးမြတ်နန္ဒာ


ပရိသတ်ရင်ထဲမှာ ယနေ့တိုင် မမေ့နိုင်သေးတဲ့ မင်းသားတစ် လက်ဖြစ်တဲ့ ဒွေးသေဆုံးခဲ့သည်မှာ ဇူလိုင် ၁၁ရက်တွင်(၇)နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

ဒွေးမကွယ်လွန်မီက ရုပ်ရှင်၊ ဗီဒီယိုများ အတွဲညီညီ တွဲဖက်ရိုက်ကူး ခဲ့သည့် စိုးမြတ်နန္ဒာက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၇ နှစ်ကြာမြင့် သော်လည်း အားလုံးက အမှတ်ရနေကြောင်းကို ‘‘ချစ်သော အစ်ကို ၇ နှစ်ဆိုပေမယ့် အစ်ကို့ကို အမှတ်ရနေကြပါသေးတယ်’’ဟူသော စာသားကို ဒွေး၏ ပုံနှင့်တကွတင်ထားခဲ့ရာ ဒွေးကိုချစ်သော ပရိသတ်များက ယနေ့ တိုင်မမေ့သေးကြောင်း ဒွေးကိုမီသော အနုပညာရှင် မပေါ်သေးကြောင်း မှတ်ချက်စကားများပြောကြားကာ လွမ်းဆွတ်ကြောင်း ရေးသားခဲ့ကြ သည်။  ကိုသားကြီးဟု ချစ်စနိုးခေါ်ကြသည့် ရုပ်ရှင်သရုပ်ဆောင် ဒွေး သည် ၂၀၀၇ ခုနှစ် ဇူလိုင် ၁၁ရက်က ကွယ်လွန်သွားခဲ့သည်။

7day daily

ရိုဟင်ဂျာဒုက္ခသည်များနှင့် လက်ထပ်ခြင်းကို မှတ်ပုံတင်ပေးသူနှင့် ပါဝင်ပတ်သက်သူများအား အရေးယူမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးပြောဆို



ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု (ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ)
ရိုဟင်ဂျာဒုက္ခသည်များ (မူရင်းသတင်းအသုံးအနှုန်း) နှင့် လက်ထပ်ခြင်းကို မှတ်ပုံတင်ပေး သူများ၊ ပါဝင်ပတ်သက်သူများကို အရေးယူသွားမည်ဟု ဘင်္ဂလား ဒေ့ရှ်တရားရေးဝန်ကြီး Anisul Huq က  ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာနအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။


ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရား ရေးဝန်ကြီးက ဇူလိုင် ၁၀ ရက်က ပြုလုပ်သော နယ်မြေအုပ်ချုပ်ရေး အရာရှိများနှင့် တွေ့ဆုံပွဲအပြီး တွင် မီဒီယာများအား ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

‘‘ရိုဟင်ဂျာတွေနဲ့ လက်ထက်ခြင်း မှတ်ပုံတင်တာ ဒီမှာတရားမ၀င်ပါဘူး။ မှတ်ပုံတင်ရာမှာ ပါဝင်ပတ်သက်တဲ့ မှတ်ပုံတင်အရာရှိတွေကို အရေးယူဖို့ နယ်မြေအုပ်ချုပ်ရေးအရာရှိတွေကို ညွှန်ကြားထားပါတယ်’’ ဟု တရားရေးဝန်ကြီးက ပြောသည်။

ယင်းကဲ့သို့ ဆောင်ရွက်ခြင်း များဖြင့် ဒေသခံများနှင့် ရိုဟင် ဂျာဒုက္ခသည်များ  လက်ထပ်ခြင်း များကို လျှော့ချနိုင်မည်ဟု မျှော် လင့်ကြောင်း ၎င်းက ဆက်လက် ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာ (Cox's Bazar) ဒေသတွင် ရိုဟင်ဂျာဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ အရေအတွက် နှစ်သောင်းခွဲခန့် ရှိသည်။ တရားဝင်အထောက်အထားများအရ ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ်တွင် မှတ်ပုံမတင်ထားသော ရိုဟင်ဂျာဒုက္ခသည် ဦးရေ အရေအတွက် နှစ်သိန်းကျော်ရှိကြောင်း New Age သတင်းဌာနက ရေးသားဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် အစိုးရက ရို ဟင်ဂျာလူမျိုးများသည် မြန်မာ နိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာ သူများဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရဘက်ကမူ ရိုဟင်ဂျာ လူမျိုးဆိုသည်မှာ မြန်မာနိုင်ငံတွင် မရှိကြောင်း  တရားဝင်ငြင်းဆို ထားသည်။

7day daily

ယူနတီသတင်းထောက်များ ထောင်ချခြင်း မီဒီယာလွတ်လပ်ခွင့်ထိခိုက်သည်ဟု မမြင်ကြောင်း ဦးရဲထွဋ်ပြော အမှတ်(၂၄) ကာကွယ်ရေးစက်ရုံမှာ ဓာတုလက်နက်စက်ရုံမဟုတ်ဟု ဦးရဲထွဋ်ဆို



ယူနတီဂျာနယ်အဖွဲ့ကို ထောင်ဒဏ် ဆယ်နှစ်အမိန့်ချခြင်းမှာ လက်နက်စက်ရုံအတွင်းသို့ အယောင်ဆောင်ခိုးဝင်ခြင်းနှင့်  ဓာတ်ပုံရိုက်မှုတို့ကြောင့် အဓိက ဖြစ်ပြီး ယခုဖြစ်ရပ်များကြောင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်သည့်အဖြစ်ဟု မမြင် ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာန ဒုဝန်ကြီးဦးရဲထွဋ်က ပြော ကြားသည်။

‘‘ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ၊ အင်အားကြီးမားတဲ့ နိုင်ငံကြီးတွေကြားမှာနေရတဲ့ အခြေအနေတွေရှိတဲ့ နိုင်ငံတစ်ခု မှာ အမျိုးသားလုံခြုံရေးက ဘယ် လောက်အရေးကြီးတယ်ဆိုတာ သတင်းထောက်တွေ သိဖို့၊စာနာဖို့ လိုပါတယ်။ ယူနတီအနေနဲ့ တစ် ဆင့်ကြားသတင်းကို အခြေခံပြီး ရေးရုံသက်သက်ဆို ဒီလောက်  မဖြစ်ဘူး။ စက်ရုံထဲအယောင် ဆောင်ဝင်လို့ ဖြစ်တာ။ အမေရိ ကန်လက်နက်စက်ရုံထဲခိုးဝင် ကြည့်ပါလား။ ဘာဖြစ်သွားမလဲ လို့။ လုပ်တဲ့လုပ်ရပ်က ထိရောက် ဟန့်တားတဲ့ ပြစ်ဒဏ်မချရင် ဘယ်လိုလုပ်မလဲဗျာ’’ဟု ဦးရဲထွဋ်က အီးမေးလ်မှတစ်ဆင့်ဖြေကြား သည်။

ယူနတီတွင် ဖော်ပြသကဲ့သို့  အမှတ်(၂၄)ကာကွယ်ရေးပစ္စည်း စက်ရုံမှာ ဓာတုလက်နက်စက်ရုံ လုံးဝမဟုတ်ဘဲ ရိုးရိုးလက်နက် ပစ္စည်းထုတ်သည့်စက်ရုံသာဖြစ် ကြောင်း ဦးရဲထွဋ်ကဆက်လက် ပြောကြားသည်။

‘‘အယောင်ဆောင်ပြီးဝင် တာမဟုတ်ပါဘူး။ အဲဒီနေရာက ရွာသူရွာသားတွေ မှတ်ပုံတင်ပြ ပြီး ၀င်လို့ရတဲ့နေရာ။ ကိုလူမော် တို့က အုတ်သယ်တဲ့ကားနဲ့ လိုက် သွားတာပါ။ သူတို့က လှည့်ပတ် ပြောနေတာ’’ဟု သတင်းထောက် ကိုလူမော်နိုင်၏ ဇနီးမလွင်လွင် မြင့်ကပြောသည်။

‘‘Bi မွန်းတည့်နေက ကြား ဖြတ်အစိုးရသတင်းကို ရေးတာ ဆန္ဒပြပွဲပြီးမှ ရေးတဲ့သတင်း မဟုတ်ဘူး။ အခမ်းအနားပြီးမှ ရေးတာက ပွဲလုပ်တဲ့သူမှာပဲ တာ ၀န်ရှိတယ်။ ဆန္ဒပြမယ့်နေ့မတိုင် ခင်ထွက်တဲ့ဂျာနယ်မှာ သတင်းကို ကြိုရေးတာဆိုတော့ ဒါက လှုံ့ ဆော်တဲ့သတင်းပဲဖြစ်မယ်။ ဒါ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နဲ့ ဆိုင်သွားပြီ’’ဟု  ဦးရဲထွဋ်က ပြောသည်။

လက်ရှိတွင် Bi မွန်းတည့်နေ ဂျာနယ်အယ်ဒီတာအဖွဲ့နှင့် သတင်းရေးသားသူအပြင် ရုံးပိုင်းဆိုင်ရာတာဝန်ခံ ဦးစံတင်တို့ကိုပါ ဇူလိုင် ၁၀ရက်က ထပ်မံဖမ်းဆီး သွားခဲ့သည်။

ဦးရဲထွဋ်က အစိုးရဘက်မှ အမှားမရှိ၊ သတင်းလွတ်လပ်ခွင့် ကို ကန့်သတ်ခြင်းမရှိဘဲဥပဒေ ဘောင်ကို ကျော်လွန်လာ၍ အ ရေးယူခြင်းဟု   ဆိုသော်လည်း ယင်းသတင်းများကြောင့် အစိုးရ နှင့် တပ်မတော်တွင် တစ်စုံတစ်ရာထိခိုက်နစ်နာမှုအကျိုးဆက်ကို မတွေ့ရကြောင်း မြန်မာဂျာနယ် လစ်ကွန်ရက်မှ အထွေထွေအ တွင်းရေးမှူး ဦးမြင့်ကျော်ကပြော သည်။

7day daily

Apple ၏ iphone 6 အား လုံးဝထိခိုက်ကွဲရှခြင်းမရှိသည့် နီလာဖန်သားဖြင့် ထုတ်လုပ်မည်



Apple ကုမ္ပဏီမှ ထုတ်လုပ် မည့် iPhone 6 အား ၁၀၀ ရာခိုင် နှုန်းနီးပါး အကြမ်းခံနိုင်သည့်နီလာ ဖြင့် ပြုလုပ်မည်ဟု သိရသည်။

You Tube ပေါ်မှ ဗီဒီယိုတစ် ခုအရ iPhone 6 သည် ဓားဖြင့် ခုတ်လျှင်ပင် ကွဲကြေသွားမည်မဟုတ် ဘဲယင်းကို လိမ်ချိုး၍လည်း မရဟု သိရသည်။ ထို့အပြင် iPhone 6 သည်တစ်စုံတစ်ရာနှင့် ထိခိုက်မိလျှင် တောင်မှ အစင်းရာခြစ်ရာများလုံးဝ ပေါ်လာမည် မဟုတ်ဟု သိရသည်။

ထိုဗီဒီယိုဖိုင်အား You Tube ပေါ်တွင် နာမည်ကြီးဗီဒီယိုများ ဖန် တီးသူ မားကွတ်ဘရောင်းလီက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး Apple ကုမ္ပ ဏီ၏ အတွင်းလူတစ်ဦးထံမှရရှိလာ သော iPhone 6 တွင် အသုံးပြုမည့် မှန်အား နည်းလမ်းမျိုးစုံဖြင့် စမ်းသပ် ပြခဲ့သည်။

ဘရောင်းလီ၏ အဆိုအရ ဖန် သားပြင်သည် စာရွက်တစ်ရွက်လောက် သာတူသည်ဟုလည်း သိရသည်။

iPhone 6 ၏ ထောင်လိုက် အလျားသည် ၄ ဒသမ ရ လက်မရှိ သည်ဟုလည်း လီက ဆိုသည်။ အချို့သော သတင်းများအ ရ Apple ကုမ္ပဏီက နီလာဖန်သားပြင်နှင့် ဖုန်းအား လွန်ခဲ့သော နှစ်ကတည်းက စတင်တီထွင်နေသည်ဟု သိရသည်။

Apple ကုမ္ပဏီကလည်း အရီ ဇိုးနားတွင် နာမည်ကျော်သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီတစ်ခုနှင့် ပူး ပေါင်းကာ သတ္တုတွင်းတူးဖော်ရေး လုပ်ငန်းကို လုပ်ကိုင်ရန် စီစဉ်နေ သည်ဟု ကြေညာထားသည်။

ယင်းကြောင့် Apple ၏သတ္တု တူးဖော်ရေးကုမ္ပဏီတွင် အလုပ်သ မား ၇၀၀ ခန့် ခန့်အပ်သွားနိုင်ပြီး ၎င်း တို့ကလာမည့် အနာဂတ်မျိုးဆက်၊ iphone များတွင် အသုံးပြုရန်နီလာ ဖန်သားပြင်များကို ထုတ်လုပ်ပေး မည်ဟုဆိုသည်။

Apple ကုမ္ပဏီ ရှယ်ယာရှင် တစ်ဦးကလည်း ရှယ်ယာရှင်အစည်း အဝေးတွင် Apple ကုမ္ပဏီသည် စက်ရုပ်အ လုပ်သမား များနှင့် ခေတ် ရှေ့ပြေးနည်းပညာများ အသုံးပြု သည့် ပထမဆုံးကုမ္ပဏီဖြစ်လာနိုင် သည်ဟုဆိုသည်။ သူ၏ ပြောစကား အရ
Apple ကုမ္ပဏီသည် iPhone 6 အပါအဝင် ၎င်းတို့အနာဂတ် ဖုန်းအသစ်များကို လူအစားစက်ရုပ် အလုပ်သမားများဖြင့် ထုတ်လုပ်နိုင် ဖွယ်ရှိနေသည်။

သို့သော် ဘရောင်းလီက သူ၏ ဗီဒီယိုတွင် Apple သည် i Phone 6 တွင် စက်ရုပ်နှင့် လူသားအလုပ်သ မားများ၏ ပေါင်းစပ်စွမ်းအား ကို အသုံးပြုကာ ထုတ်လုပ်သွားမည်ဟု အခိုင်အမာဆိုသည်။

လက်ရှိအချိန်တွင် i Phone 6 ဟုဆိုကာ အင်တာနက်ပေါ်သို့ တင်ထားသည့် ဓာတ်ပုံအများအ ပြား ပေါ်ပေါက်လျက်ရှိသည်။
၎င်းတို့အားလုံးသည် ပါးလွှာ ပြီး အနက်ပေါ်တွင် အဖြူရောင်အစင်း ကြောင်းများ ပုံဖော်ထားသည့် မျဉ်း ကွေးပုံစံများပင်ဖြစ်သည်။ သို့သော် ဂျပန်သတင်းဌာန တစ်ခုက i Phone 6 သည် အင်တာနက်ပေါ်မှ ဓာတ်ပုံများ ကဲ့သို့ မဟုတ်ဟု ဆိုပြန်သည်။

Apple ကုမ္ပဏီသည် မကြာ သေးမီက ထုတ်လုပ်လိုက်သော၎င်း တို့၏ i Phone 5 S တွင် Home ခလုတ်နှင့် ကင်မရာမှန်ဘီလူးတို့ တွင် နီလာဖန်သားဖြင့် ဖန်တီးထား သည်ဟုလည်း သိရသည်။

Ref:#DailyMail
#Democracytoday

Yangon Media Group

ဂိတ်တံခါးဖွင့်ချိန်ကြာသည်ဆိုကာ ယာဉ်ပေါ်ပါသုံးဦးက ဂိတ်အတွင်း ဝင်ရောက်ရိုက်နှက်ဖျက်ဆီး။



မင်းဘူး၊ မကွေးတိုင်းဒေသကြီး ငဖဲ မြို့နယ် ဦးခင်မောင်ဖြူ အမှတ်(၁) လမ်းအသုံးပြုရေး မောင်းတံဂိတ် တွင် ခြောက်ဘီးယာဉ်ကောင်တာ ကားနှစ်စီးမှ လူသုံးဦးက မောင်းတံ ဖွင့်ကြာသည်ဟုဆိုကာ ဂိတ်အတွင်း ဝင်ရောက်ရိုက်နှက် ဖျက်ဆီးခဲ့သ ဖြင့် ဦးခင်မောင်ဖြူက ငဖဲမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်း ထားကြောင်း သိရသည်။

မင်းဘူးခရိုင် ငဖဲမြို့နယ်နေ ဦးခင်မောင်ဖြူ အမှတ်(၁)လမ်းအ သုံးပြုခ ကောက်ခံရေးတာဝန်ခံ သည် ဇူလိုင် ၃ရက် ည ၁ဝနာရီ ၁၅ မိနစ်က မောင်းတံဂိတ်တွင်ရှိနေစဉ် ၂ြ။ထထထထ ကောင်တာအဖြူရောင် ခြောက်ဘီးယာဉ်နှင့် ၁ခ/ xxxxကောင်တာ အပြာနုရောင်ယာဉ်နှစ် စီးရောက်လာပြီး ဂိတ်ကြေးဖြတ်နေ စဉ် ယာဉ်မောင်းသိန်းဌေး၊ မြင်းခြံမြို့ ညီဖြစ်သူ လှမျိုးထွန်း ယာဉ်နောက် လိုက်နှင့် အောင်ကိုဦး ယာဉ်နောက် လိုက် မြင်းခြံမြို့နေသူတို့ သုံးဦးတို့ က မောင်းတံဖွင့်နေသည်မှာ ကြာနေသည်ဟု ပြောဆိုကာ ပြဿနာ ရှာပြီး ဂိတ်ဝန်ထမ်းများနှင့်စကား များရန်ဖြစ်ကြကြောင်း သိရသည်။
သိန်းဌေးပါသုံးဦးတို့က အဆို ပါဂိတ်အတွင်း ဝင်ရောက်ပြီး ဝန် ထမ်းလေးဦးတို့အား သံတုတ်၊ ဝါး တုတ်တို့ဖြင့်ရိုက်နှက်ခြင်း၊ အဆိုပါ ဂိတ်ဝန်ထမ်းဆိုင်ကယ်သုံးစီး၊ စားပွဲ၊ ရေအိုးတို့ကို ရိုက်နှက်ဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့သဖြင့် ဂိတ်ဝန်ထမ်း များဖြစ်သည့် သက်ပိုင်စိုး ငဖဲမြို့နယ် နေသူတွင် ဝဲလက်ဖျံပေါက်ပြဲဒဏ် ရာ၊ နောက်ကျောအောင့်ဒဏ်ရာ၊ မင်းကိုကို ငဖဲမြို့နယ်နေသူတွင် ဝဲ ပခုံးညိုမည်းဒဏ်ရာ၊ နောက်ကျော အောင့်ဒဏ်ရာ၊ စိုးမင်းထိုက် ငဖဲမြို့ နယ်နေသူတို့တွင် ယာလက်ကောက် ဝတ်ဖူးရောင်ညိုမည်းဒဏ်ရာ၊ ဝဲချို စောင်းဖူးရောင်ဒဏ်ရာ၊ ခေါင်းမူး ဒဏ်ရာနှင့် မျိုးမင်းဦး ငဖဲမြို့နယ် နေသူတွင် ဝဲ/ယာလက်ပြင်ညိုမည်း ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

သိန်းဌေးပါသုံးဦးအား အရေး ယူပေးပါရန် ဦးခင်မောင်ဖြူမှ တ ရားလိုပြုတိုင်တန်းခဲ့ရာ ငဖဲမြို့နယ် မြို့မရဲစခန်း (ပ)၄ဝ/၂ဝ၁၄ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၅/၂၉၄/ ၄၂၇ ဖြင့်အမှုဖွင့်ထားကြောင်း သက် ဆိုင်ရာရဲစခန်းမှ သိရသည်။

Yangon Media Group

ပစ္စည်းဥစ္စာ ၉၀ ရာခိုင်နှုန်းကို လှူဒါန်းလိုက်သော ကမ္ဘာ့အဆင်းရဲဆုံး သမ္မတ


ဥရုဂွေးနိုင်ငံမှ သမ္မတဟာ သူပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများထဲမှ ၉၀ ရာခိုင်နှုန်းကို လှူဒါန်းလိုက်ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး သမ္မတဖြစ်လာ ခဲ့ပါတယ်။ သူ၏ အမည်ကတော့ Jose Mujica
ဖြစ်ပါတယ်။

တစ်ချို့ကတော့ သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ မခေါ်ပါဘူးတဲ့။ သူ့ကို ကမ္ဘာ့ပေါ်မှ စိတ်နှလုံးသား အဖြူစင်ဆုံး သမ္မတလို့ သတ်မှတ်ခေါ်ဆိုကြကြောင်း သိရပါတယ်။ သူဟာ သမ္မတ ဆိုပေမယ့်လည်း သာမန် လူပုဂ္ဂိုလ်များလိုပဲ လှုပ်ရှားသွားကြောင်း သိရပါတယ်။

ယခုပုံကတော့ သူ၏ ကျန်းမာရေးအတွက် အများပြည်သူများ တက်ရောက်တဲ့ ဆေးရုံမှာ လာရောက်ပြသခြင်းပင် ဖြစ်ပါတယ်။ သူ့အလှည့်သို့ မရောက် သေးသည့် အတွက် ထိုင်ခုံမှာ ထိုင်ပြီး စောင့်နေခြင်း ဖြစ်ပါတယ်။

Ref - General knowledge
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)


ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက် – သီတဂူဆရာတော်



မိမိတို့ ကိုးကွယ်ရာ ဘာသာတရား တစ်ခုခုဖြင့် အခြားလူတို့ ကိုးကွယ်ရာ ဘာသာတရားတစ်ခုကို ထိခိုက်ပုတ်ခတ် ရှုတ်ချခြင်းသည် မိမိကိုယ်တိုင် မိမိကိုးကွယ်ရာ ဘာသာတရားကို ပြန်လည်ပုတ်ခတ်ပြီး၊ ရှုတ်ချပြီးဖြစ်နေလိမ့်မယ် . . .

တရားချစ်ခင် သူတော်စင်အပေါင်းတို့-

ဤမျှကြီးကျယ်ခမ်းနားသော ဂုဏ်သရေရှိ လူကြီးမင်းများ၏အစည်းအဝေးကြီး မှာပါဝင်ခွင့်၊ စကားပြောခွင့်ရတဲ့ အတွက် အလွန်ဂုဏ်ယူ ၀မ်းမြောက်ပါတယ်။ အထူးအားဖြင့် သမိုင်းအမွေအနှစ်နှင့် ယဉ်ကျေး မှုအမွေအနှစ် တို့၏ စုဝေးရာ ရုရှားနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် စိန့်ပီတာစဘတ်မြို့က သမ္မတ ဗောရစ်ယယ့်လ်ဆင် အထိမ်း အမှတ် စာကြည့်တိုက်ကြီးမှာ နိုင်ငံပေါင်း (၃၅)နိုင်ငံမှ ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ ဘာသာရေး(၅)ခုမှ ဘာသာရေး ခေါင်းဆောင်များရဲ့ အစည်းအဝေးကြီးမှာ ဘာသာရေးနှင့် ယဉ်ကျေးမှု မတူကွဲပြားကြစေကာမူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်း စကားပြောခွင့်ရ လို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော် ကြီးပေါင်း (၅)သိန်း ကျော်တို့ ကိုယ်စား အထူးပင်ဂုဏ်ယူ ၀မ်းမြောက်ရပါကြောင်းနှင့် ဤမျှကြီးကျယ်ခမ်းနားသော အစည်း အဝေးကြီးအတွက် စိတ်အားထက်သန်စွာ ဆောင်ရွက်ကြသော ရုရှားအစိုးရယဉ်ကျေးမှု ၀န်ကြီးဌာန၀န်ကြီးနှင့် ၀န်ထမ်းများ အားလုံးကို အထူးပင်ကျေးဇူးတင် ဂုဏ်ပြုချီးကျူး ရပါကြောင်း လှိုက်လှဲစွာပြောကြားပါရစေ။

ဒီကနေ့ ကျွန်ုပ်တို့တစ်တွေဟာ နိုင်ငံ ရေးစနစ်၊ စီးပွားရေးစနစ်နှင့် ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာစ သည်ဖြင့် မတူကွဲ ပြားခြားနားသော ကမ္ဘာကြီး မှာ နေထိုင် နေကြရ တာဖြစ်ပါတယ်။ ဒါ့ကြောင့် မတူ ညီနိုင်သော အချက်အလက်တွေကို ငြင်းခုံ၍ မနေကြဘဲ တူညီသောအချက် အပေါ်မှာ ငြိမ်းချမ်းစွာ လက်တွဲသွား ကြဖို့ဖြစ်ပါတယ်။ အာဖရိကသားတစ်ယောက်နှင့် တရုတ် ပြည်သူတစ်ယောက် ပေါင်းသင်းနေထိုင် ကြရာမှာ သူတို့နှစ် ယောက်အသား အရောင် ပေါ်မှာ ငြင်းခုံခြင်းမပြုကြလို့ ““ချစ်တာသာ ပဓာန”” စိတ်ထား နိုင်ကြလို့ Love ဆိုတဲ့ Common Platform ပေါ်မှာ လက်တွဲပြီး ဘ၀ခရီးလျှောက်နိုင်ကြ တာပေါ့။…

ဤယနေ့ ကမ္ဘာပေါ်က အမျိုးမျိုးကွဲ ပြားနေကြသော လူသားတွေမှာ အမျိုးမျိုး ကွဲပြားခြား နားသော ပြဿ နာများနှင့် အမျိုးမျိုး ကွဲပြားခြားနားသော သဘောထား၊ အတွေးအခေါ်၊ အယူအဆ၊ခံယူ ချက်တွေ ရှိနေ ကြမှာပေါ့။ ဒါပေမဲ့ “ပြဿနာတွေရှိတယ်”” ဆိုတဲ့နေရာမှာ အားလုံးတူ တယ်။ အဖြေရှာနေကြတယ်ဆိုတဲ့ အချက်မှာ လည်း အားလုံးတူတယ်။ဒါပေမဲ့ ဒီလူ့ဘ၀ ပြဿနာတွေရဲ့ အပြီးသတ်အဖြေ ဆိုတာ တကယ်ရှိ လိမ့်မယ် မဟုတ်ဘူး။ ဒါကြောင့် “ကွဲပြားခြင်းထဲမှာ ညီညွှတ်ခြင်း” ရှိတယ် (Unity in Diversity) ဆိုတဲ့ အချက်ကို ကျွန်ုပ်တို့ လက်ခံရလိမ့်မယ်။ ဥပမာကုန်း မြေပေါ်မှာ မြစ်တွေဟာအမည် အမျိုးမျိုး ကွဲနေပါတယ်။ သိမ်းမြစ်၊ ရိုင်းမြစ်၊ နိုင်းမြစ်၊ ဗော်လဂါမြစ်၊ ဂင်္ဂါမြစ်၊ ဧရာဝတီမြစ်စသည် ပေါ့။ အဲဒီလိုကွဲပြားနေတဲ့ အမည်တွေ ထဲမှာ ရေကိုမြင်အောင် ကြည့်လိုက်လျှင် ကွဲပြား ခြင်းထဲက တူညီခြင်းကိုရပါတယ်။ အဲဒီလို တူညီမှုတို့ကို စုစည်းနိုင်မှသာ အားလုံး လက်ခံနိုင်မယ့် လမ်းကြောင်းတစ်ခုကို တည်ဆောက် နိုင်မှာဖြစ်ပါတယ်။ Common Platform တည်ဆောက်နိုင်မှလည်း ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပြီး ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဤမျှလောက်များပြားသော ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမျိုးရေးတွေ ကွဲပြားနေကြစေကာမူ- အားလုံး သော ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးခေါင်း ဆောင်တွေဟာ ဘာသာရေးတစ်ခုနှင့် တစ်ခုအကြား၊ ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခု အကြား ပေါင်းကူးတံတားများ တည်ဆောက်နိုင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့ လူသား အချင်းချင်း ပို၍ကောင်းမွန်သော နားလည်မှု၊ ယုံကြည်စိတ်ချမှုတွေ ရရှိကြပါလိမ့်မယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။ ထို့ပြင် ပဋိပက္ခတွေကို ရှောင်ရှားပြီး စိတ်ဓာတ်တင်းမာမှုတွေလည်း လျော့ပါးသွား လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ကျွန်ုပ်စွဲမြဲစွာ ယုံကြည်တယ်။ တံတား တစ်ခုဆောက်ထားလျှင် လမ်းကြောင်း နှစ်ဖက်ကလာသူတွေဟာ ဒီတံတားပေါ်မှာ ဖြတ်လျှောက်ကြရမှာဖြစ်လို့ တံတားပေါ်မှာ ဆုံတွေ့ကြမှာပါ။ ရှောင်လို့ မရတော့ပါဘူး။ အတူတကွ ဆုံတွေ့ကြရာမှာ အတူတကွ အလုပ်ဖြစ်သွားကြမှာပါ။ ရေစီးကြမ်းတဲ့ မြစ်ချောင်းကို ကျော်ဖြတ်ခြင်း ဆိုတဲ့ကိစ္စဟာ လမ်းကြောင်း တစ်ဖက်စီသို့ သွားကြ ကုန်သော လူသားတို့၏ ဘုံဆိုင်ပန်းတိုင် (Common Goal) ပါပဲ။ ကွဲပြားခြင်းကို ညှိနှိုင်း အဖြေရှာခြင်းဟာ ကျွန်ုပ်တို့အတွက် မင်္ဂလာတစ်ပါးလို့ ကျွန်ုပ် ယုံကြည်ပါတယ်။ (Common Bridge) ဘုံဆိုင် တံတားတစ်ခုတည်း ဆောက်ပေးနိုင်လျှင် ကွဲပြားသော အယူအဆကို တူညီ သော အယူအဆအဖြစ် လမ်းကြောင်း ပြောင်းပေးနိုင်ရုံမျှမက ငြိမ်းငြိမ်းချမ်းချမ်း လုံလုံခြုံခြုံ လက်တွဲနေထိုင်ရေး ကိုပါ တည်ဆောက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက် ရင်းမလွဲမသွေ ဆုံတွေ့ ရမည့် ဘုံဆိုင်တံတား (Common Bridge) တစ်ခုသာတည် ဆောက်နိုင်လျှင် စစ်နှင့် ပဋိပက္ခတွေကို ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအသွင်ပြောင်း နိုင်လိမ့်မည်ဆိုတာ သာမန် အတွေးအမြင်ရှိ သူတို့ပင်လျှင် နားလည်နိုင် ပါတယ်။

နောက်တစ်ခု ပြောချင်တာက လူတစ်မျိုးက အခြားလူတစ်မျိုးကို အနိုင်တိုက်ခိုက် နေကြမည့်အစား မိမိတို့ ကိုယ်ကိုယ် မိမိတို့တိုက်ဖို့၊ အောင်မြင်ဖို့ ရှေးဦးစွာ အားထုတ်သင့်ပါတယ်။ စစ်ပွဲတစ်ရာမှာ လူပေါင်းတစ် ထောင်ကို အနိုင်ရခြင်းထက် မိမိကိုယ်ကိုယ် မိမိအနိုင်တိုက်ခြင်းက တကယ်တိုက် သူ၊ နိုင်သူ၊ အောင်မြင် သူဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ထဲမှာ ပြည့်နှက်နေတဲ့ မနာလိုခြင်း၊ ရန်လိုခြင်း၊ မုန်းတီးခြင်း၊ မိုက်မဲခြင်း၊ အလိုကြီးခြင်း၊ တစ်ယူသန်ခြင်း၊ တစ်ဖက်သတ်အနိုင်ကျင့်ခြင်း၊ သူတစ်ပါးကို အပုပ်ချခြင်း၊ အစွန်းရောက် ခြင်းတို့ရဲ့ နေရာတွေမှာ မေတ္တာ၊ ကရုဏာ၊ ခန်္တီ၊ ပညာ၊ သစ္စာ၊ မဇ္ဈိမ ပဋိပဒါတရား တွေနဲ့ အစားထိုးရမှာ ဖြစ်ပါတယ်။ သို့မှသာအောင် မြင်သူအစစ် တကယ်ဖြစ်မှာပါ။ ထိုမှတစ် ဆင့်တစ်ကမ္ဘာလုံးမှာ ပြန့်ပွားနေတဲ့ တစ် ဖက်သတ်၊ တစ်ယူသန်၊ အစွန်းရောက်ဝါဒတွေကို ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။

သို့သော် ကျွန်ုပ်တို့ တစ်တွေဟာ ကျွန်ုပ်တို့ရဲ့ ပါပကမ္မ၊ ပါပ၀ါစာ၊ ပါပသင်္ကပ္ပတွေကို မလျှော့နိုင်၊ မပယ်နိုင် သေးသမျှ ကာလပတ်လုံး ကျွန်ုပ်တို့ တစ်တွေဟာ အမှောင်ကျနေတဲ့ ကမ္ဘာကြီးထဲက မထွက် မြောက်နိုင် သေးဘူးဆိုတဲ့ အချက်ကို သတိရ၊ သတိပြုသင့်ပါတယ်။ ယနေ့ကျွန်ုပ်တို့ တစ်တွေဟာ ဒုစရိုက် အမှောင် ကျနေတဲ့ ကမ္ဘာကြီးထဲမှာ စမ်းတ၀ါးဝါး လမ်းသွားနေ ကြရသလိုပါပဲ။ သောကနှင့် ဒုက္ခပင်လယ်မှာ လက်ပစ် ကူးနေကြရသလိုပါပဲ။

တရားချင်ခင် သူတော်စင်အပေါင်းတို့-

အမှောင်ရှိလျှင် အလင်းဆိုတာ ရှိပါတယ်။ အမှောင်ထဲက လူတွေအတွက် အလင်းရောင်ဟာ တကယ်ပဲလို အပ်ပါတယ်။ အမှောင်နှင့် အလင်းဟာ ဆန့်ကျင်ဘက်ပါ။ အလင်းရောင်လာလျှင် အမှောင် က ပျောက်ကွယ် သွားတာပါပဲ။ အမှောင်နဲ့ အလင်းဟာ လက်တွဲမနေနိုင်ပါဘူး။ ဒါ ကြောင့် စိတ်ထားယုတ်မာခြင်းတည်းဟူ သော အမှောင်ထဲမှာကျနေတဲ့ ကမ္ဘာထဲသို့ သူတော်ကောင်း တရားအလင်းရောင်တွေ ကိုပို့လွှတ်လိုက်ကြ ပါစို့။ မီးလောင်လျှင် ရေဆိုတာတကယ်လိုအပ်တဲ့ အရာဝတ္ထုပါပဲ။ ကိလေသာ မီးလောင်နေတဲ့ ကမ္ဘာမှာ ဓမ္မ ရေစင် ရေအေး သွန်းလောင်းကြပါစို့။

တရားချင်ခင် သူတော်စင်အပေါင်းတို့-

ယနေ့ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးမှာ ဆူပူခြင်း၊ သောင်းကျန်းခြင်း၊ အကြမ်း ဖက်ခြင်း၊ အနိုင်ယူခြင်း၊ အစွဲ အလမ်းကြီးခြင်း၊ တစ်ယူသန်တစ်ဖက် သတ်ကျခြင်း၊ စိုးရိမ်ပူဆွေးခြင်း၊ လုံခြုံမှုမရှိခြင်းစတဲ့ အမှောင်ထုကြီး ကျရောက်နေပါတယ်။ ဒီအမှောင်ထုကြီးကို ဓမ္မအလင်းရောင်ဖြင့် အစားထိုးဖို့လိုပါတယ်။ မြတ်ဗုဒ္ဓ၏မိန့်ကြား ချက်များရှိပါတယ်။ “တစ်ကမ္ဘာလုံး ကန်းနေတယ်။ ဓမ္မမျက်လုံးပေးရမယ်။ တစ်ကမ္ဘာလုံး တုန်လှုပ်နေတယ်။ ဓမ္မနဲ့ ထိန်းရမယ်။ တစ်ကမ္ဘာလုံးအတွင်း အပြင်လောင်နေတယ် ဓမ္မနဲ့ ငြှိမ်းသတ်ရမယ်။ အာဏာမက် မောမှုနှင့် သစ္စာတရား မျက်နှာလွဲမှုတို့ကြောင့် ကမ္ဘာကြီးဟာ သွေးစက်တွေ စွန်းထင်းနပြီ။ အရိယသစ္စာသည် ဘာသာ တရားအားလုံး၏ အနှစ်သာရဖြစ်သည်။ အရိယသစ္စာသည် ကမ္ဘာ့လက်ဟောင်းတရား။ ကမ္ဘာကြီးကိုသင်ကြားဖို့ သစ္စာတရားမှ တစ်ပါးအခြားမရှိပြီ။ သစ္စာဟူသည် လူသားတိုင်း၏ ကိုယ်တွင်းမှာရှိသည်။ ကမ္ဘာကြီး၏ ငြိမ်းချမ်း ရေးသနိ္တကို သစ္စာနှင့် တည်ဆောက်ရမည်။ သစ္စာကို ဖုံးကွယ်ထားသမျှ ဘ၀ပြဿနာအားလုံး ပြေလည်မှုမရ နိုင်” စသည်ဖြင့် ဟောတော်မူထားပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ဟာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီလိုအပ်ချက်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင် အားလုံးကို အလွန်စိန် ခေါ်နေသော အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်အားလုံး ဤစိန်ခေါ်ချက်ကို လက်ခံရင်ဆိုင် ဖြေရှင်းရန် တာဝန်ရှိ ပါတယ်။

တရားချင်ခင် သူတော်စင်အပေါင်းတို့-

လူတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်းအနှစ် သာရ ဟူ၍ နှစ်မျိုးရှိပါတယ်။ ယုံကြည်ခြင်း (ဉာဏ်ပညာ မပါဘဲ)၊ ကိုးကွယ်ခြင်း၊ ပူဇော်ပသခြင်း၊ ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်း အနားပွဲလမ်း ကျင်းပခြင်း စသည်တို့ဟာ ဘာသာတရားတိုင်းရဲ့ အပေါ်ကဖုံးနေတဲ့ အကာတွေ ဖြစ်ပါတယ်။ အဲဒီအကာ (Outer Shell of Religions) တွေဟာ ဘာသာတရားတစ်ခုနဲ့ တစ်ခုကို မတူကွဲပြား ခြားနား စေကြ ပါတယ်။ သို့သော် ဘာသာတရားအားလုံး တညီတညွှတ်တည်း လက်ခံနိုင်တဲ့ အနှစ်သာရရှိပါတယ်။ အဲဒီ Common Core ဆိုတာဟာ ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ ခန်္တီ၊ မေတ္တာ၊ ကရုဏာ၊ သန့်ရှင်းသော စိတ်ထားနှင့် သစ္စာတရားတို့ ဖြစ်ကြပါတယ်။ လူသားအများစုဟာ သူတို့ကိုးကွယ်နေတဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရ ကို သူတို့ကိုယ်တိုင် ထိထိမိမိ မသိကြပါဘူး။ ဘာသာဝင် လူသားတွေဟာ ဘာသာတရားတိုင်း၏ အနှစ်သာ ရနှင့် တကယ်ဆိုလိုတဲ့ အနက်အဓိပ္ပာယ်ကို သိဖို့လိုပါတယ်။ ဘာသာရေး ပဋိပက္ခဖြစ်ခြင်းရဲ့ အကြောင်း ရင်းဟာ တစ်ဖက်သတ် တစ်ယူသန် အစွန်းရောက်ခြင်းအပြင် Religion ၏ အနှစ်သာရကို တကယ် မသိခြင်း သည် အဓိကကျသော အချက်တစ်ချက်ဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် ယနေ့ ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များ အားလုံး ဤအချက်ကို ကောင်းစွာ သတိပြု၍ မိမိတို့ ကိုးကွယ်ရာ ဘာသာတရား အသီးသီး၏ ဘာသာဝင်လူသားများကို Common Core of Religion ကို အလေးအနက်သင်ကြား ပို့ချပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဘာသာရေး အနှစ်သာရကို အတွင်း ကျကျ မသင်နိုင်တောင်မှ အပေါ်ယံလောက် သင်ပေးနိုင်လျှင် ဘာသာရေးအနှစ်သာရ နားလည်သော လူသား တွေဟာ နေ့စဉ်ကြုံ တွေ့နေရတဲ့ ဘာသာရေးပဋိပက္ခနှင့် ဘာသာရေး အကြမ်းဖက်မှုတွေကို လျော့ ကျသွား အောင်၊ လျော့ပါးသွားအောင်၊ ကြီးသွားမည်ကို သေးငယ်သွားအောင် စွမ်းဆောင်နိုင်ကြလိမ့်မည်လို့ မျှော်လင့်ပါ တယ်။

ဘာသာတရားရှိတဲ့ လူသားတွေဟာ ဘာသာရေး၏ အနှစ်သာရရောက်အောင် မသင်ကြား မလေ့ကျင့်ဘဲ အပေါ်ယံ အကာမျှဖြင့် ရောင့်ရဲတင်းတိမ် မနေကြဖို့၊ ဘာသာရေး၏ အနှစ်သာရသည် လူသားတို့၏ နှလုံးစိတ် ၀မ်းငြိမ်းချမ်းရေးအတွက်၊ လူသားတို့၏ ကမ္ဘာကြီး တည်ငြိမ်ရေးအတွက် တကယ်ဖြစ်တယ်ဆိုတာကို သိအောင် သင်ဖို့နှင့် ကျင့်ဖို့ ဒီကနေ့ ဒီနေရာ ကတိုက်တွန်းပါတယ်။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားဖြင့် အခြား ဘာသာ တရားကို တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း မပြုသင့်ပါ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားတစ်ခု ခုဖြင့် အခြားလူတို့ ကိုးကွယ်ရာ ဘာသာတရားတစ်ခုကို ထိခိုက်ပုတ်ခတ် ရှုတ်ချ ခြင်းသည် မိမိကိုယ်တိုင်မိမိကိုးကွယ်ရာ ဘာသာ တရားကို ပြန်လည်ပုတ်ခတ်ပြီး၊ ရှုတ်ချပြီးဖြစ်နေလိမ့်မယ်။ မြတ်ဗုဒ္ဓ၏ လက်ထက်တော်ကာလက ကိုးကွယ်ရာ အမျိုး မျိုး ရှိကြသောလူတို့သည် ဗုဒ္ဓရှင်တော်ကို ချဉ်းကပ်လာသော အခါ “ဟေ့-မတူကွဲပြား တဲ့ အပေါ်မှာ မဆွေးနွေးကြစို့နဲ့၊ တူညီတဲ့ အပေါ်မှာဆွေးနွေးပါစို့။ တို့ သဘောတူတဲ့ အပေါ်မှာ ဆွေးနွေးပြီး အနှစ်သာရ ထုတ်ယူ ကြပါစို့” ဟူ၍ ဗုဒ္ဓရှင် တော်မိန့်ဖူးပါသည်။ ဒါ့ကြောင့် သဘောမတူနိုင်တဲ့ အချက်တွေ ကို ပြောဆိုနေ ကြပြီး ငြင်းခုံနေကြခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း။

တရားချစ်ခင် သူတော်စင်အပေါင်းတို့-

ရန်ငြိုးဖွဲ့ခြင်းကို မေတ္တာဖြင့်ဖြေ ရှင်းရ၏။

အကြမ်းဖက်ခြင်းကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် ဖြေရှင်းရာ၏။

ဒေါသကို ဒေါသနှင့်တုံ့ပြန်ခြင်း ဖြင့် မငြိမ်းချမ်းနိုင်။

အကြမ်းဖက်ခြင်းကို အကြမ်းမဖက် ခြင်းဖြင့်သာ ငြိမ်းစေနိုင်၏။

အကြမ်းဖက်ခြင်းကို အကြမ်း နည်းနှင့်ဖြေရှင်းခြင်းသည် ပို၍ကြမ်းတမ်း လာစေ၏။

မုန်းတီးခြင်းကိုမေတ်္တာဖြင့် ချုပ်ငြိမ်း စေရာ၏။

ဤသည်တို့ကား ဘာသာရေး မပေါ်မီကပင်ရှိခဲ့သော ကမ္ဘာဦးတရား၊ ဘာသာ တရားအားလုံးတို့၏ Common Core ဖြစ်သည်။

ဤသည်ကား ဓမ္မ…… ဓမ္မဟူသည် သစ္စာတရား။

ဗုဒ္ဓ၊ ဟိန္ဒူ၊ ဂျိန်း၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဆစ် မည်သည့် ဘာသာမှာမဆို ဤသို့ မွန်မြတ်စွာသော သစ္စာတရား တို့ရှိပါသည်။

To understand the Truth is our common solution to our common problems.

သစ္စာတရားကို နားလည်ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ ဘ၀ပြဿနာအားလုံး၏ အဖြေဖြစ်ပါတယ်။

သစ္စာဟူသည် ကျွန်ုပ်တို့ကိုယ်မှာ ရှိပါသည်။ ထို့ကြောင့် သစ္စာကိုသိလျှင် သန်္တိဟူသော ငြိမ်းချမ်းရေးကိုလည်း ကိုယ်တွင်းမှာ တွေ့ရမည်။ ကိုယ်တွင်းမှာ တွေ့ရသော သစ္စာတရားနှင့် သနိ္တတရားတို့ကို အပြင်ကမ္ဘာသို့ ဖြန့်ချိ ကြပါစို့။ သစ္စာတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ကျွန်ုပ်တို့ နေရာဤကမ္ဘာ ငြိမ်းချမ်း သာယာရှိကြပါစေ။

သီတဂူဆရာတော်

အဆင့်မြင့်ဘာသာရေးနှင့် ယဉ်ကျေးမှု အပြန်အလှန် ဆွေးနွေးပွဲ

ဗောရစ်ယယ့်လ်ဆင် ခန်းမဆောင်

စိန့်ပီတာစဘတ်မြို့၊ ရုရှားနိုင်ငံ။

၂၀၁၄၊ ဇူလိုင်လ၊ ၃ ရက်။



မြန်မာသံတော်ဆင့်

တစ်ကိုယ်တည်း တကာယသမားဖြစ်ရခြင်းရဲ့ အားသားချက် (၈) ချက်




ကိုယ့်မှာချစ်သူရှိနေတယ်၊ ပျော်ရွှင်ရတယ်ဆိုရင် ကောင်းပါတယ်။ မကောင်းတာက ချစ်သူရှိနေရက်နဲ့ ချစ်သူနဲ့အဆင်မပြေပဲ တစ်ချိန်လုံး စိတ်ဒုက္ခရောက်နေမယ်ဆိုရင်ပေါ့။ အဲ့ဒီလို ဘ၀မျိုးထက်စာရင် ရည်းစားမရှိတဲ့ တစ်ကိုယ်ရည်သမားတွေကမှ ကောင်းသေး။ တစ်ကိုယ်ရည် တကာယသမားတွေရဲ့ အားသားချက်တွေကို ကြည့်လိုက်ရင် ရည်းစားတောင် ထားချင်တော့မှာ မဟုတ်ဘူး။

၁။တစ်ခုခုဆိုရင် သူစိတ်ဆိုးမလား ထည့်တွေးနေစရာ မလိုဘူး။

တစ်နေရာသွားမယ်၊ တစ်ခုခုဝယ်မယ်၊ ဒါမှမဟုတ် တစ်ခုခုလုပ်တော့မယ်ဆိုရင် ဒါကို ငါ့ရည်းစားက ကြိုက်ပါ့မလားလို့ ထည့်တွေးနေစရာ မလိုတော့ဘူး။ ကိုယ်ကြိုက်ရင် လုပ်လိုက်ရုံပဲ။ လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်သွားပြီ။

၂။ဘယ်လို အ၀တ်အစားမျိုးဆိုရင် သူသဘောမကျဘူးလဲ ဆိုတာမျိုး စဉ်းစားစရာမလိုဘူး။

အတိုအပြတ် ၀တ်လို့မရတာထက် အင်္ကျံကပါးလွန်းလို့ မ၀တ်ရဘူး။ ဘောင်းဘီအတိုတွေ အကုန်သိမ်းထားဆိုတာမျိုးတွေ မရှိတော့ဘူး။ ကိုယ့်စိတ်ကြိုက်ဖက်ရှင် ကိုယ့်ဘာသာဆင်မြန်းရုံပဲ။

၃။သူငယ်ချင်းတွေနဲ့ ဘယ်လိုကဲကဲ ဘာမှုစရာရှိသေးလဲ။

ညဘက် သူငယ်ချင်းတွေ စုပြီး အိပ်မယ်ဆိုရင် သူ့ကိုဖုန်းဆက်ပြီး ခွင့်တောင်းဖို့ မလိုတော့ဘူး။

၎။သူငယ်ချင်းတွေကို အချိန်ပိုပေးနိုင်သွားမယ်။

အရင်က သူနဲ့ချည်းရှိနေဖြစ်ပေမယ့် ခုဆို သူငယ်ချင်းတွေနဲ့ အပတ်တိုင်းတွေ့မယ်။ စကားတွေပြောမယ်။ ရန်ဖြစ်ရလွန်းလို့ စိတ်ညစ်ရတာမျိုးတွေ မရှိတော့ဘူး။

၅။ဘယ်နေရာ ရောက်နေလဲဆိုတာ sms ပို့နေစရာမလိုတော့ဘူး။

ချစ်သူ စိတ်ကောက်၊ စိတ်ဆိုးမှာ စိုးလို့ ခုဘယ်နေရာမှာ၊ ဘယ်လုပ်နေတယ်ဆိုတာမျိုး ဆက်တိုက် sms ပို့နေစရာ မလိုတော့ဘူး။

၆။သူငယ်ချင်းအသစ်ထဲ ယောင်္ကျားလေး ပါပါ မပါပါ အရေးမကြီးတော့ဘူး။

သူငယ်ချင်းသစ်တစ်ယောက်ရတယ် ဆိုပါစို့။ အရင်က သူမကြိုက်လို့ မပေါင်းရဲပေမယ့် ခုတော့ ကိုယ်ခင်တယ်ဆိုရင် ပေါင်းလို့ရတယ်။ ခင်လို့ရတယ်။

၇။လက်ဆောင်ပစ္စည်းတွေ ၀ယ်ပေးစရာ မလိုတော့ဘူး။

ကိုယ့်ဝင်ငွေကို ကိုယ်တိုင်သုံးစွဲနိုင်ပြီ။ ကိုယ်လိုချင်တာ ၀ယ်ဝတ်၊ ၀ယ်သုံးရုံပဲ။ လက်ဆောင်တွေ ဝေးပေးစရာ၊ နှစ်ယောက်အတူသွားတဲ့အခါ ကျသင့်ငွေ ခွဲပေးစရာတွေ ဘာမှ မလိုတာ့ဘူး။ ပိုက်ဆံတောင် ပိုစုမိဦးမယ်။

၈။ကိုယ့်ရှေ့ရေး ကိုယ်တွေးရုံပဲ။

သူက အလုပ်မရှိသေးလို့၊ သူ့ကျန်းမာရေးက ဘယ်လိုဖြစ်နေုလို့၊ သူ့အိမ်က မိသားစုဝင်တွေက ဘာမို့လို့ ဆိုတာမျိုးတွေ ခေါင်းထဲက ထုတ်ပစ်ပြီး ကိုယ့်အတွက်ကိုယ် စဉ်းစားရုံပဲ။

Ref:womenshealthmag.com, seventeen.com
Trend Myanmar

လှချင်ပချင် ပျိုမေတွေ မဖြစ်မနေ ဖျောက်ပစ်သင့်တဲ့ အကျင့်ဆိုးများ

 
အလှအပရေးရာကို စိတ်ဝင်စားတယ်။ လှချင်တာလည်း လွန်ရောပဲ။ ဒါပေမယ့် ကိုယ့်ရဲ့အကျင့်စရိုက်တစ်ချို့ကို မပြင်နိုင်သရွေ့တော့ လှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်သလို လူအများငေးရတဲ့ ပြစ်မျိုးမှည့်မထင်ဆိုတာမျိုးလည်း ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကဲ အဲ့ဒီပြုပြင်သင့်တဲ့ အကျင့်လေးတွေကို ကြည့်ကြရအောင်။

၁။မိတ်ကပ်မဖျက်ဘဲ အိပ်ခြင်း။

ကိုယ်ဈေးကြီးပေး ၀ယ်ယူထားတဲ့ မိတ်ကပ်ဟာ ၂၄နာရီကြာအောင် ခံတယ်ဆိုပေမယ့် လိမ်းအိပ်လို့ရတယ်လို့တော့ ပြောမထားဘူးလေ။ မိတ်ကပ်ဟာ ချွေးပေါက်တွေကို ပိတ်စေပြီး ၀က်ခြံထွက်စေတာမို့ မိတ်ကပ်လိမ်းထားပြီး မဖျက်ဘဲ အိပ်တဲ့သူတစ်ယောက်ရဲ့ အသားအရေဟာ တစ်ရက်ဆို ဆိုသလောက် သိသိသာသာ ပျက်စီးနိုင်ပါတယ်။ ခေါင်းအုံးမှာပါ မျက်နှာက မိတ်ကပ်သားတွေ၊ အဆီတွေ ပေကျံသွားနိုင်သလို ဒီခေါင်းအုံးနဲ့ပဲ နောက်တစ်ရက် ဆက်အိပ်မိလို့ကတော့ မျက်နှာအသားအရေအတွက် ဘယ်လောက်ထိခိုက်မယ်ဆိုတာ စဉ်းစားသာကြည့်ပါတော့။ ဒါ့ကြောင့် မိတ်ကပ်မဖျက်ဘဲ အိပ်တဲ့အကျင့်ကို ရအောင်ပြင်ပါ။

၂။ဝက်ခြံကို လက်နဲ့ကုတ်ခြင်း၊ ဖဲ့ခြင်း။

မျက်နှာအသားအရေဟာ နူးညံ့တဲ့အပြင် အမာရွတ်ထင်ကျန်တဲ့အခါ ပြန်လည်ပျောက်ကင်းဖို့ အချိန်လိုပါတယ်။ ဒါ့ကြောင့် မျက်နှာပေါ်က အဖုကို ပျင်းလို့ပဲဖြစ်ဖြစ်၊ အကျင့်ဖြစ်နေလို့ပဲဖြစ်ဖြစ် ဖဲ့တာမျိုး၊ ကုတ်တာမျိုးတွေ မလုပ်မိဖို့အရေးကြီး ပါတယ်။ ကုတ်မယ့် ကိုယ့်ရဲ့လက်သည်းမှာ ချေးတွေ ပါနေမယ်၊ ပိုးမွှားတွေ ကပ်ငြိနေမယ်ဆိုရင် ၀က်ခြံဟာ ပျောက်ကင်းဖို့ထက် ယောင်ရမ်းလာပြီး ပိုးဝင်တာမျိုးတွေ ဖြစ်တတ်တာကြောင့် ဒီအကျင့်ကိုလည်း ဖျောက်ပစ်ရမှာ ဖြစ်ပါတယ်။

၃။မျက်နှာကို လက်နဲ့ကိုင်နေခြင်း။

အားနေရင် မျက်နှာကို ပွတ်နေတာမျိုး၊ မေးစေ့လေးကိုင်လိုက်၊ နှာခေါင်းလေး ကိုင်လိုက် လုပ်တာမျိုးတွေကလည်း ကိုယ့်လက်က မသန့်စင်တဲ့အရာမျိုးတွေကို တွေ့ထိထားတယ်၊ ပိုးမွှားတွေ ကပ်ငြိနေမယ်ဆိုရင် မျက်နှာမှာပါ အဲ့ဒီပိုးမွှားတွေကို ကူးစက်အောင် လုပ်ပေးလိုက်သလို ဖြစ်မှာမို့ ဒီအကျင့်ကလည်း ဖျောက်ကိုဖျောက်ပစ်ရမယ့်အကျင့်ပါပဲ။

၎။လက်သည်းကိုက်ခြင်း။

တစ်ချို့က စိတ်လှုပ်ရှားတဲ့အခါ လက်သည်းကိုက်တတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း ဟိုတွေးဒီတွေးလုပ်တဲ့အခါမျိုးမှာ ကိုက်တတ်ကြပြီး တစ်ချို့ကတော့ အကျင့်ဖြစ်နေလို့ ကိုက်တတ်ကြတာမျိုးပေါ့။ ဒီအကျင့်ဟာ ကောင်းတဲ့အကျင့်တော့ မဟုတ်ပါဘူး။ လက်သည်းအတွက်လည်း မကောင်းသလို လက်သည်းထဲမှာ ဂျီးတွေရှိနေမယ်ဆိုရင် ကိုယ့်အတွက်လည်း ရောဂါရစေမှာပါ။ ဒါ့ကြောင့် လက်သည်းမကိုက်ဖြစ်အောင် hand cream လိမ်းထားတာပဲ ဖြစ်ဖြစ်၊ လက်သည်းလိမ်းတဲ့ cream တစ်ခုခုကို လိမ်းထားလိုက်မယ်ဆိုရင် ကိုက်မိတဲ့အခါ ရလာတဲ့အရသာကြောင့် ပြန်သတိထားမိသွားပြီး အကျင့်ကို ဖျောက်နိုင်သွားပါလိမ့်မယ်။

Ref:womenshealthmag.com
Trend Myanmar

အသားအရေလှပစေတဲ့ အစားအစာ ၅မျိုး


သင့်တော်တဲ့အစားအသောက်တွေက ကျန်းမာရေးကောင်းမွန်စေရုံတင်မကပါဘူး။  အရွယ်နုပျိုစေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ပျင်းနေလို့မရပါဘူး။ ကိုယ့်အသားအရေ နဲ့ ကျန်းမာရေးအတွက် ကိုက်ညီတဲ့ အစားအသောက်တွေကို အချိန်ပေးပြီး စဉ်းစားရမှာပဲဖြစ်ပါတယ်။ သင့်အတွက် အချိန်ကုန်သက်သာစေပြီး အသားအရေလှပစေနိုင်တဲ့ အစားအစာ (၅)မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

၁။ မုန်လာဥနီ

အမြင်အာရုံအတွက် ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ အစားအစာတစ်ခုပါ။ ပြီးတော့ ဗိုင်တာမင်-အေ ပါဝင်တဲ့ အတွက်ကြောင့် ကျန်းမာရေးအတွက် အင်မတန်သင့်တော်တဲ့ အစားအစာဖြစ်သလို ဆံပင်တွေကိုလည်း တောက်ပြောင်စေပါတယ်။ အဲဒါကြောင့် လိမ္မော်ရောင် တောက်တောက်နဲ့ မုန်လာဥနီကို ပုံမှန်စားသောက်ဖို့ သင်ရွေးချယ်နိုင်ပါတယ်။

၂။ ချောကလက်

နှလုံးရောဂါကို ကာကွယ်ပေးတဲ့ အစားအစာဖြစ်ပါတယ်။ ကိုကာထဲမှာပါဝင်တဲ့ Flavonoidက ပျက်ဆီးသွားတဲ့ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သတိထားရမှာကတော့ ချောကလက်တွေဟာ ထုတ်လုပ်ပုံချင်း မတူကြပါဘူး။ သင့်အသားအရေနဲ့ ကျန်းမာရေးအတွက် ညီညွတ်မယ့်အမျိုးအစားကတော့ ပါဝင်ပစ္စည်းနည်းတဲ့ dark chocolate ကိုရွေးချယ်ဖို့ အကြံပေးလိုက်ပါတယ်။

၃။ ကြက်ဥ

သံဓါတ်နဲ့ B-complex များများပါဝင်တဲ့ အစားအစာမို့လို့ တွန့်နေတဲ့အရေပြားကို တင်းတင်းလေး ဖြစ်စေနိုင်ပါတယ်။ ဆေးပညာအရ ဗိုင်တမင်-ဘီဟာ အရေပြားနဲ့ ဆံပင်အတွက် အဓိကအရေးကြီးတဲ့ ဗိုင်တီမင်ဖြစ်ပါတယ်။

၎။ အာလူး

အနီရောင် Lycopene တွေပါဝင်တဲ့အတွက် ဖြာကျလာတဲ့ နေရောက်ခြည်တွေ ခန္ဓာကိုယ်အတွင်း မထိုးဖောက်နိုင်ဖို့ ကာကွယ်ပေးတဲ့ အစားအစာဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ UV ကာကွယ်နိုင်ဖို့ စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

၅။ မာလကာသီး

ဗိုင်တမင်-စီ အပြည့်ပါတဲ့အတွက် အရေပြားချောမွေ့စေတဲ့ အသီးပဲဖြစ်ပါတယ်။ ပြီးတော့ ပန်းရောင် မာလကာသီးတွေမှာ Lycopene ပါဝင်တာကြောင့် သင့်အသားအရေ ချော့မွေ့စေပြီး နေလောင်ခြင်းမှ ကာကွယ်ပေးမှာလည်း ဖြစ်ပါတယ်။ သင်ဈေးဝယ်ဖို့ထွက်ပြီဆိုရင် မေ့မထားသင့်တဲ့ အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

Ref:herworldplus.com
Trend Myanmar

စိတ်ရှိခဲ့မယ်ဆိုရင်လေ...


ကျွန်မအိပ်ရာဝင်တော့ ည(၁၁)နာရီထိုးနေပြီ။ ပြတင်းပေါက်အပြင်ဘက်မှာ မိုးတဖွဲဖွဲကျနေတယ်။ စောင်အောက်ထဲ ကျွန်မတိုးဝင်ရင်း နှိုးစက်ကိုယူလိုက်တယ်။ နှိုးစက်ကရပ်နေတယ်---- ဓာတ်ခဲဝယ်ဖို့ ကျွန်မမေ့သွားပြန်ပြီ။ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အိပ်ရာထက်ကနေကျွန်မ မထချင်တော့ဘူး။ ကြိုးဖုန်းကို ကောက်လှည့်ပြီး အဝေးကအမေကို ကျွန်မလှမ်းဖုန်းဆက်လိုက်တယ်။

"မေမေ.. သမီးနှိုးစက် ဓာတ်ခဲကုန်သွားလို့... မနက်ဖြန်အစောကြီး ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်။ မနက်(၆)နာရီမှာ သမီးကိုဖုန်းဆက်ပြီး နှိုးပါနော်"

"ကောင်းပါပြီ... သမီး" ဖုန်းတစ်ဘက်က အိပ်ချင်မူးတူးနဲ့ အမေအသံကို ကြားရတယ်။

မနက်ဖုန်းမြည်တဲ့အချိန် ကျွန်မ အိပ်မက်လှလှမက်နေတုန်းပဲ။ အပြင်မှာလည်း မှောင်မည်းနေသေးတယ်။

"သမီးငယ်... ထတော့.. အစည်းအဝေးရှိတယ် မဟုတ်လား"

လက်မြှောက်ပြီး နာရီကို ကျွန်မကြည့်လိုက်တယ်။ မနက် ၅နာရီ မိနစ်၎ဝ....

"မေမေကလဲ ၆နာရီမှနှိုးတာ မဟုတ်ဘူး။ သမီး ပိုအိပ်ချင်သေးလို့ပါ... ခုတော့ မေမေကြောင့် သမီးစောစောနှိုးသွားပြီ"

မေမေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မအော်မိတယ်။ မေမေဘက်က ဘာအသံမှထွက်မလာခဲ့လို့ ကျွန်မဖုန်းချလိုက်တယ်။

ဖြီးလိမ်းပြင်ဆင်ပြီး အိမ်ကနေ ကျွန်မထွက်ခဲ့တယ်။ ရာသီဥတုက အေးစိမ့်စိမ့်နဲ့ မိုးကဖွဲဖွဲကျနေသေးတယ်။ ဘတ်စ်ကားရပ်စောင့်ရင်း ခြေထောက်တွေကို ကျွန်မလှုပ်ရှားနေမိတယ်။ ဝေလီဝေလင်း ပတ်ဝန်းကျင်အောက်မှာ ကျွန်မဘေးရပ်နေတဲ့ ဆံဖြူလူအိုနှစ်ယောက်ကို ကျွန်မ သတိထားလိုက်မိတယ်။ သူတို့ပြောတဲ့စကားကို ကျွန်မနားထောင်နေမိတယ်။

"အဘွားကြီး... တစ်ညလုံး နင်ကောင်းကောင်းမအိပ်ခဲ့ဘူး။ တစ်နာရီစောပြီး ငါ့ကိုလောနေလိုက်တာ.. အခုကြည့်စမ်း အကြာကြီးရပ်စောင့်နေရပြီ"

ဟုတ်ပါတယ်... ဂိတ်ကနေ ဦးဆုံးထွက်မယ့် ဘတ်စ်ကားကို ၅မိနစ်စောင့်ရဦးမယ်။

ဘတ်စ်ကားရောက်လာတာနဲ့ ကားပေါ် ကျွန်မတက်လိုက်တယ်။ ကားမောင်းတဲ့လူက လူငယ်လူရွယ်တစ်ယောက်ပါ။ ကားပေါ်ကျွန်မရောက်တာနဲ့ ကားတံခါးကိုပိတ်ပြီး သူမောင်းထွက်သွားတယ်။

"ဟိုး..ဟိုး.. ကားဆရာ အောက်မှာလူအိုနှစ်ယောက် ကားပေါ်မတက်ရသေးဘူး။ ရာသီဥတု ဒီလောက်အေးတာ.. သူတို့ကားစောင့်နေတာကြာပြီ။ ရှင်ဘာဖြစ်လို့ မစောင့်ဘဲ မောင်းထွက်သွားရတာလဲ"

"အော်.. ကိစ္စမရှိပါဘူး။ အဲတာ ကျွန်တော့်အဖေနဲ့အမေပါ။ ဒီနေ့ ကျွန်တော်ဘတ်စ်ကား စမောင်းတဲ့နေ့မို့ ကျွန်တော့်ကို လာစောင့်ကြည့်ကြတာပါ" လူရွယ်က ခပ်သွက်သွက်ပြန်ဖြေတယ်။

ရုတ်တရက် ကျွန်မမျက်ရည်ကျမိတယ်။ "သမီးရဲ့မေမေက တစ်ညလုံးကောင်းကောင်းမအိပ်ဘဲ နှိုးနေခဲ့တယ်။ သမီးနောက်ကျမှာစိုးလို့တဲ့" ဖုန်းဆက်ပြောလာတဲ့ အဖေရဲ့စကားကို ကျွန်မကြားယောင်ရင်း ဂျုးလူမျိုးတို့ရဲ့ စကားပုံတစ်ခုကို ကျွန်မ သွားသတိရမိတယ်။

အဖေကသားကို ပစ္စည်းပေးတဲ့အချိန် သားရယ်တယ်။
သားကအဖေကို ပစ္စည်းပေးတဲ့အချိန် အဖေငိုတယ်။

သင်ရော မျက်ရည်ကျခဲ့ပြီလား၊ အခုထက်ထိ ကျွန်မမျက်လုံးမှာ မျက်ရည်တွေ စွတ်စိုနေဆဲပါ။ ဆံဖြူဖြူမိဘတွေပေးဆပ်တဲ့ တည်တည်ငြိမ်ငြိမ်မေတ္တာကို ကျွန်မတို့ ဂရုမစိုက်မိတာ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ! အဲဒီမေတ္တာကို ဝန်တစ်ခုလို့ ကျွန်မတို့ထင်ခဲ့ကြတယ်။ သူတို့ရဲ့ အသေးစိတ်ဂရုစိုက်တဲ့ စကား၊ အမေးတွေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မတို့ငြင်းဆန်အာခံခဲ့တယ်။ သူတို့ရင်ထဲက အချစ်နဲ့ပြည့်နေတဲ့ နှလုံးသားကိုတော့ ကျွန်မတို့ သတိမထားမိခဲ့ကြဘူး။

တကယ်လို့ မိဘတွေရဲ့အချစ်ကို ကျွန်မတို့သည်းခံနားလည်ခဲ့ရင် သူတို့ပိုပြီးပျော်ရွှင် ကျေနပ်လိမ့်မယ်ထင်ပါတယ်။ စိတ်ရှည်ရှည်လေးထားပြီး သူတို့ပြောတာ၊ မေးတာကို ပြန်ပြော၊ ပြန်ဖြေမယ်။ နေကောင်း ကျန်းမာလားဆိုတဲ့ ဖုန်းလေးတစ်ချက်ဆက်မယ်။ သူတို့အနား တစ်ရက် နှစ်ရက်လောက် ချွဲချွဲကပ်ကပ်နေမယ်..... ဒါတွေက ဘာခက်ခဲတဲ့အလုပ်မှ မဟုတ်ပါဘူး... ကျွန်မတို့သာ စိတ်ရှိခဲ့မယ်ဆိုရင်လေ..........

မူရင်း .. http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20100427/142408.html (ဆီလျော်အောင် ဘာသာပြန်ပါတယ်)

နိုင်းနိုင်းစနေ (Friday, July 15, 2011)

ဖြူဖြူကျော်သိန်းနှင့် တွေ့ဆုံခြင်း


‘‘မြန်မာပြည်မှာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုပျက်ပြားလာတာ နှစ် ၅၀ မှ မကတော့တာ’’

မြန်မာပြည်က လေဒီဂါဂါလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အဆိုတော်ဖြူဖြူကျော်သိန်းက နိုင်ငံတကာဂီတလောကကို ခြေလှမ်းနိုင်ဖို့ စတင်ကြိုးစားနေပါပြီ။ ဧပြီလက ဟောင်ကောင်မှာ ပြည်ပ ပရိသတ်များကို သွားရောက်ဖျော်ဖြေခဲ့ချိန်က နိုင်ငံတကာဂီတအဆက်အသွယ်များလည်း ရခဲ့တယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်ဂီတသက်တမ်းတစ်လျှောက်မှာ ပထမဆုံးဖျော်ဖြေရေးခရီးအဖြစ် အမေရိကန်မှာ နှစ်လကြာ သွားရောက်ဖျော်ဖြေပြီး ပြန်ရောက်လာသော အဆိုတော် ဖြူဖြူကျော်သိန်းကို အမေရိက ခရီးစဉ်အတွေ့အကြုံများ၊ မကြာမီထွက်ရှိနိုင်ရန် စီစဉ်နေသော ငါးခွေမြောက် တစ်ကိုယ်တော်ခွေအကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး- အစ်မ အဆိုတော်သက်တမ်းတစ်လျှောက်မှာ ပထမဆုံးသွားခဲ့တဲ့ အမေရိကန်ဖျော်ဖြေရေးခရီးစဉ် အကြောင်းလေး စပြောပေးပါလား။

ဖြေ- ဖြူဖြူတို့ ခရီးစဉ်က တစ်ဖွဲ့လုံးအတွက်ဆို နှစ်လတာခရီးစဉ်ပေါ့။ သို့သော်လည်း ဖြူဖြူ့မှာ အချိန်အခက်အခဲတွေရှိတဲ့အတွက်ကြောင့် ရန်ကုန်၊ မန္တလေး မြန်မာပြည်မှာ လက်ခံထားတဲ့ အလုပ်ကလေးတွေ၊ အခွေထွက်ဖို့ရှိတဲ့အတွက်ကြောင့် ဒီခရီးစဉ်မှာ ခြောက်ပတ်ပဲ လက်ခံဖြစ်ပါတယ်။ မြို့ခြောက်မြို့မှာ ခြောက်ပွဲပေါ့။ ဒီအခါမှာ ဖြူဖြူက သုံးပွဲပြီးတော့ ကြားမှာတစ်ခေါက် မြန်မာပြည်ကို ပြန်လာခဲ့တယ်။ ဒုတိယအကြိမ် ပြန်သွားပြီး သုံးမြို့ဆိုပြီးတော့ ဇူလိုင် ၁ ရက်မှာ အပြီးပြန်ရောက်တယ်။ နယူးယောက်၊ လော့စ်အန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ အင်ဒီယာနာပိုလစ်စ်နဲ့ နက်ရှ်ဗီ ခြောက်မြို့က မြန်မာပရိသတ်တွေ အများစုရှိတဲ့နေရာတွေ သွားပြီးဖျော်ဖြေတယ်။

မေး- ဘယ်လိုအရေးကြီးကိစ္စရှိလို့ ဖျော်ဖြေရေးရှိတဲ့ကြားက ပြန်လာဖြစ်တာလဲ။ ခဏပြန်လာတဲ့အချိန်မှာလည်း ပုဒ်မ ၄၃၆ အတွက် မမညိုနဲ့အတူ လက်မှတ်သွားထိုးခဲ့တာ တွေ့ရတယ်နော်။

ဖြေ- ရန်ကုန်၊ မန္တလေးမှာ လက်ခံထားတဲ့ပွဲတွေ ရှိပါတယ်။ ဒီအမေရိကန်ခရီးစဉ် လက်မခံခင်ကတည်းက မန္တလေးမှာ လက်ခံထားတာရှိတယ်။ ရန်ကုန်မှာလည်း လက်ခံထားတာရှိတယ်။ ကိုယ့်ရဲ့အခွေကိစ္စလေးတွေလည်း ရှိတယ်။ လက်မှတ်ထိုးတာကတော့ ဘာပယောဂမှမပါဘဲနဲ့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ ထွေထွေထူးထူးတော့ ပြောစရာမရှိပါဘူး။

မေး- ဖေ့စ်ဘွတ်ခ်ကို အရင်တုန်းက မသုံးဘူးလို့ ပြောခဲ့ပေမယ့် အခု စာမျက်နှာတစ်ခုဖွင့်ပြီး နောက်ဆုံးသတင်းတွေ အမြဲတင်ပေးနေတာ တွေ့ရတယ်။ ဘာကြောင့် သုံးဖြစ်လာတာလဲ။

ဖြေ- တစ်ကမ္ဘာလုံးမှာရှိတဲ့ ကိုယ့်ပရိသတ်တွေနဲ့ ဆက်သွယ်ဖို့ကျတော့ ဒါက အနီးစပ်ဆုံး အခွင့်အရေးတစ်ခုပဲ။ အရင်တုန်းကဆို ဖြူဖြူကိုယ်တိုင်လည်း မသုံးဖြစ်ဘူး။ Page လည်း မရှိဘူးပေါ့။ သို့ပေမဲ့ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေက သူတို့ဘာသာသူတို့ ထောင်ထားပေးတာတွေရှိကြတယ်။ ဖြူဖြူအစစ်တော့ မဟုတ်ပေမယ့် ဖြူဖြူ့ကိုချစ်တဲ့စိတ်ကလေးနဲ့ပဲ ဖြူဖြူကျော်သိန်းဆိုတဲ့နာမည်နဲ့ လုပ်ထားတာတွေရှိတယ်။ ဖြူဖြူစဉ်းစားကြည့်လိုက်တော့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ့်စီစဉ်သူကနေ တရားဝင်အသိပေးပြီး သတင်းထုတ်ပြန်နိုင်တဲ့ တစ်ခုလုပ်ထားမယ်ဆိုရင် ပရိသတ်အတွက်လည်း ကိုယ်နဲ့ပတ်သက်တဲ့ တရားဝင်တိကျတဲ့၊ မှန်ကန်တဲ့ သတင်းအစစ်အမှန်တွေကို up to date သိရမယ်။ နောက်တစ်ခု သူတို့နဲ့ ပြန်လှန်ဖြေကြားတဲ့အခါ ကိုယ်ကိုယ်တိုင် (သို့မဟုတ်) ကိုယ်လွှဲထားတဲ့ စီမံသူဖြစ်တဲ့အခါကျလို့ရှိရင် ဘယ်သူမှမထိခိုက်အောင် ဖြေကြားနိုင်တယ်။ အရင်ပရိသတ်တွေ လုပ်ပေးထားတဲ့ Page ကကျတော့ ကိုယ်ကိုယ်တိုင်မဟုတ်တဲ့အတွက်ကြောင့် ပရိသတ်နဲ့ ဆက်ဆံတဲ့အခါကျရင် အလွဲအမှားလေးတွေ ဖြစ်နိုင်တယ်။ ကိုယ်မဟုတ်တဲ့ အတွက်ကြောင့် ကိုယ်မဟုတ်တဲ့ အကြောင်းအရာတွေ၊ ကိုယ့် Image နဲ့ မဆိုင်တာမျိုးတွေ ပါသွားနိုင်တယ်။ ကိုယ်ကိုယ်တိုင် အစစ်ရှိနေပြီဆိုတော့ ဖြူဖြူ့စီမံသူနဲ့တိုင်ပင်ပြီးတော့ ဒီ Page လေးကို ဖေဖော်ဝါရီ ၂၅ ရက်က ဖွင့်ဖြစ်တယ်။ ဖြူဖြူ့မှာ ကိုယ်ပိုင်အကောင့်တော့ မထားပါဘူး။ ဒီ Fan Page တစ်ခုပဲ ထားပါတယ်။ ဖြူဖြူမအားတဲ့အခါတွေဆို ဖြူဖြူ့ကိုယ်စား စီမံပေးတဲ့ လေးယောက်လောက် ရှိပါတယ်။

မေး- အခုလို ဖေ့စ်ဘွတ်ခ်ကနေ ပရိသတ်နဲ့ တိုက်ရိုက်ဆက်သွယ်ပြောဆိုရတဲ့အခါ မဖြူအတွက် ဘယ်လောက်အကျိုးဖြစ်လဲ။

ဖြေ- နွေးထွေးနီးစပ်မှုတွေ ပိုရတာပေါ့။ အသေးစိတ်ကအစ ဂရုစိုက်ပြောတတ်တဲ့ ပရိသတ်တွေလည်း တွေ့ရတယ်။ လူမျိုးစုံလေးတွေတော့ တွေ့ရတာပေါ့နော်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်နဲ့လည်း နီးစပ်ခွင့်ရသလို တချို့ပရိသတ်တွေပေးတဲ့ ကွန်မန့်တွေက အရမ်းဉာဏ်မြင့်တယ်။ ချစ်လို့ပေးတဲ့ ကွန်မန့်တွေရှိကြသလို တချို့ဆို သေသေချာချာစဉ်းစားပြီးတော့ ကိုယ့်ရဲ့အသေးစိတ်ကအစ အိုင်ကျူမြင့်မြင့်မားမားနဲ့ တွေးခေါ်ပြီး ရေးတတ်တဲ့သူတွေလည်း တွေ့ရတယ်။ ဒါလေးတွေ တွေ့ရရင် အရမ်းဝမ်းသာတာပဲ။ တချို့ပရိသတ်တွေကျတော့ ဖြူဖြူ့ Page အစစ်မှန်း မသိကြသေးဘူး။

မေး- မဖြူရဲ့ ရှေ့ကခွေတွေဆို နာမည်ကြီးရေး၊ တီးတွေ သုံးထားခဲ့ပြီး အခုငါးခွေမြောက်ခွေကို အန်ဒါဂရောင်းအဖွဲ့တစ်ဖွဲ့ကို အစအဆုံးစီစဉ်ခိုင်းတာဆိုတော့ အခွေအောင်မြင်မှုအတွက် စွန့်စားရာမရောက်ဘူးလား။

ဖြေ- ဖြူဖြူ့ဘ၀ကိုက စွန့်စားမှုတစ်ခုပဲလေ။ ဒီထက်ပိုပြီး စွန့်စားစရာလည်း မရှိပါဘူး။ စွန့်စားရတာကို ပျော်တယ်။ သူတို့အတွက် စွန့်စားတယ်လို့ပြောရမှာထက် ဘယ်စကားသုံးချင်လဲဆိုရင် သူတို့အနုပညာကို ယုံကြည်တယ်။ အနုပညာဖန်တီးမှုစွမ်းအားကို ယုံကြည်တယ်။ ဖြူဖြူ့အတွက် လူသစ်သည်၊ ဟောင်းသည်၊ နာမည်ကြီးသည်၊ မကြီးသည်က အရေးမကြီးဘူး။ အရေးကြီးတာက ကိုယ်လက်တွဲအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အနုပညာအင်အား အဲ့ဒါက အရေးအကြီးဆုံးပဲ။ ကိုယ်ဖန်တီးပြီးတော့ ပရိသတ်ကို ကြားစေချင်တဲ့ သီချင်းသည် အနုပညာမြောက်သော၊ တစ်ဖက်ကနေ တန်ဖိုးရှိသော သီချင်းကောင်းတွေဖြစ်ဖို့ပဲ အရေးကြီးတယ်။ သူတို့ သီချင်းလာပြတဲ့အခါ ဖြူဖြူ ဘာခံစားလို့ရလဲဆိုတော့ ဗမာသဒ္ဒါစကားလုံး အရမ်းကြွယ်ဝတယ်။ ပြီးတော့ မြန်မာစကားနားလည်ပြီး မြန်မာစကားပြောတတ်တဲ့၊ နားထောင်တတ်တဲ့ မြန်မာနိုင်ငံသားတိုင်း ဘယ်နားမှာနေနေ ဒီသီချင်းမှာပါတဲ့ စာသားတွေကို တစ်ခေါက်လောက်တော့ နားထောင်သင့်တယ်လို့ ယုံကြည်လို့ သူတို့နဲ့ လက်တွဲပြီးတော့ အလုပ်လုပ်ဖြစ်တာပါ။ အချစ်သီချင်းပဲမဟုတ်ဘူး။ ဘ၀အကြောင်းတွေလည်းပါတယ်။ မြန်မာနိုင်ငံသားဖြစ်သူတိုင်း ကြုံဖူးတဲ့အဖြစ်အပျက်တွေပါတယ်ဆိုတော့ ပရိသတ်အတွက်လည်း အလဟဿဖြစ်မှာမဟုတ်ဘူးလို့လည်း ယုံကြည်တယ်။

မေး- ဘ၀မှာ ဘယ်လိုပုံစံမျိုး နာမည်ကျန်ချင်လဲဆိုတဲ့ အကြောင်းရေးထားတဲ့ ‘နာမည်ကျန်နေရစ်မယ်’ ဆိုတဲ့ သီချင်းကို အခုလုပ်နေတဲ့ အခွေနာမည်ပေးထားတယ်လို့ သိရပါတယ်။ မဖြူဘ၀မှာရော ဘယ်လိုနာမည်မျိုး ကျန်ရစ်ခဲ့ချင်ပါသလဲ။

ဖြေ- ကိုယ့်နာမည်ဘယ်လို ကျန်နေချင်လဲဆိုတဲ့အတိုင်းပဲ နေ့စဉ်အသက်ရှင်တယ်။ ရွေးချယ်မှုတစ်ခုခုကို လုပ်ရင်ကအစ ကိုယ်ဟာဘယ်လို လူမျိုးအဖြစ် နာမည်ကျန်ချင်လဲဆိုတဲ့အပေါ် အမြဲတမ်းတွေးခေါ်တယ်။ သေးသေးတွေကအစ အကြီးကြီးတွေအဆုံး တစ်ခါတလေကျရင် တချို့ရွေးချယ်မှုတွေက ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ လောကကြီးက သိတယ်။ လူတွေက သိတယ်။ သဘာဝတရားက သိတယ်။ ဘုရားကသိတယ်။ ကိုယ်ကိုယ်တိုင်လည်း သိတယ်။ ဘယ်လိုကျန်ရစ်ခဲ့ချင်တာလဲဆိုတာ၊ တစ်ခါတလေကျရင် ဒါလေးလုပ်လိုက်လို့ ဘာမှမဖြစ်ပါဘူးကွာလို့ ထင်ရတဲ့ဟာတွေရှိတယ်။ တစ်ခါတလေကျရင် ချော်လဲရောထိုင်လုပ်လိုက်ရင် ဘာမှမဖြစ်ပါဘူးလို့ ထင်ရတဲ့ အရာတွေရှိတယ်။ ဘာလို့ဆိုတော့ အမှန်တရားဘက်မှာ ရပ်တည်ရတယ်ဆိုတာ ခက်ခဲတာကို ဖြူဖြူတို့လို ကျပ်တည်းတဲ့ ဘ၀တွေမှာ နေရတဲ့သူတွေအတွက် ပိုဆိုးတာပေါ့။ အမှန်တရားဘက်မှာ ရပ်တည်ပြီးတော့ဆိုတာက ရွေးချယ်ရတာ ခက်ခဲတယ်လေ။ လူတွေမမြင်တဲ့အရာတွေကို ရွေးချယ်ရင်းကအစ ဂရုစိုက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ အရိုးသားဆုံးခံစားရတဲ့အတိုင်းပဲ ရွေးချယ်တယ်။ တစ်ခါတလေကျရင် ခက်ခဲတယ်ဆိုတာသိတယ်။ ဒါပေမဲ့ ခက်ရင်ခက်ပါစေမှန်တာကိုပဲ ကိုယ်ရိုးသားစွာ ယုံကြည်တဲ့ဟာကိုပဲ ရွေးချယ်ပြီးတော့ ရပ်တည်ချင်တယ်။ ဘာမှမဖြစ်ရင် နေပါစေ။ ဆုံးဖြတ်ချက်သေးသေးလေးတစ်ခုချင်းစီ၊ ရွေးချယ်မှုသေးသေးလေးတစ်ခုချင်းစီက လူတစ်ယောက်ကို တဖြည်းဖြည်းချင်း တည်ဆောက်သွားတာ။ အဲဒီလူတစ်ယောက်ရဲ့ပုံရိပ်ကို တည်ဆောက်သွားတာလို့ထင်တယ်။ ဘယ်လိုနာမည်ကျန်နေရစ်ချင်လဲဆိုရင် ဖြူဖြူနာမည်ကျန်နေရစ်ချင်တဲ့ ပုံစံအတိုင်း နေ့စဉ်အသက်ရှင်ဖို့ ကြိုးစားတယ်။ ဘယ်လိုကျန်နေရစ်လဲဆိုတာကတော့ ကိုယ်သေသွားပြီးတဲ့ အချိန်ကျရင် သမိုင်းကပြောမှာပေါ့။ ကိုယ့်သမိုင်းကိုယ်ရေးကြတာလေ။

မေး- မဖြူက ဧပြီလတုန်းက မက်ဒေါနား၊ လေဒီဂါဂါတို့ရဲ့ ဂီတခြေလှမ်းစခဲ့တဲ့ ဟောင်ကောင်က The Fringe Club မှာ ဖျော်ဖြေခွင့်ရခဲ့တယ်။ အဲဒီနေရာမှာ ဆိုခဲ့တဲ့သူတွေက နိုင်ငံတကာဂီတအဆက်အသွယ်တွေ ရလာနိုင်တယ်လို့ သိရပါတယ်။ မဖြူရော နိုင်ငံတကာ အဆက်အသွယ်တွေ ရခဲ့သေးလား။

ဖြေ- သူတို့အနေနဲ့ လာကြည့်ကြပြီးတော့ သဘောကျတယ်။ ကိုယ့်ကို မှတ်မိသွားတဲ့သူတွေတော့ ရှိကြတယ်။ ဆက်သွယ်မယ့်သူတွေနဲ့လည်း တွေ့ခဲ့ကြတယ်။ ဒါပေမဲ့ ဖြူဖြူ့အနေနဲ့ကျတော့ တစ်ခုခုဆို သေချာပြီ၊ ရုပ်လုံးပေါ် အကောင်အထည်ဖော်ပြီးတော့ နီးပြီဆိုတဲ့အခါကျမှပဲ အသိပေးချင်တယ်။

မေး- အမေရိကမှာ အစ်မရဲ့အကြိုက်ဆုံးအဆိုတော် စီလင်းဒီယွန်ရဲ့ ရှိုးကြည့်ခဲ့တယ်ဆိုတော့ ကိုယ်အကြိုက်ဆုံးအဆိုတော်ကို ကြည့်ရတဲ့အခါ ဘယ်လိုခံစားရလဲ။

ဖြေ- ဘွန်ဂျိုဗီကိုတော့ အရင်ဆုံးစကြိုက်တာ။ စီလင်းကို ခုနစ်တန်းလောက်က စသိတယ်။ ကိုယ်ကြိုက်တဲ့အဆိုတော်ကို ကြည့်ရတော့ မျက်ရည်ပေါက်ပေါက်ကျအောင် ငိုတာပေါ့။ အရမ်းကြိုက်တာ။ အခုမှ ကိုယ့်ပရိသတ်တွေ ဘယ်လိုခံစားရတယ်ဆိုတာ သိရတာ။ ဖြူဖြူ့ရဲ့ အရမ်းခရေဇီဖြစ်တဲ့ ပရိသတ်တွေက ပြောကြတယ်။ ဘယ်သီချင်းနားထောင်ရင် ဘယ်လိုငိုရတယ်ဆိုတာ။ ပွဲလာကြည့်ရင် ဘယ်လိုတောင်ခံစားပြီး မျက်ရည်ဝဲရတယ်၊  ကြိုက်ရပါတယ်ပြောရင် ကိုယ်က စဉ်းစားကြည့်တယ်။ ငါလည်း သူတို့လိုဖြစ်ချင်လိုက်တာပေါ့။ တစ်ခါတလေကျရင် ငါလည်း သူတို့နေရာမှာ ရောက်ချင်လိုက်တာလို့ အမြဲတမ်းခံစားမိတယ်။ အခု ကိုယ်အရမ်းကြိုက်တဲ့ အဆိုတော်ကို ကိုယ်တိုင် အရှင်လတ်လတ် ကြည့်လည်းကြည့်ရရော ကိုယ့်ပရိသတ်တွေ ကိုယ့်အပေါ် ဘယ်လိုခံစားရလဲဆိုတာ သိသွားပြီ။

မေး- ရုပ်သံ၊ FM တွေမှာ သီချင်းလွှင့်တာတွေနဲ့ပတ်သက်ပြီး ဂီတအစည်းအရုံးက တာဝန်ယူပေးတဲ့အပေါ်မှာ သဘောကျတဲ့သူရှိသလို၊ မကျတဲ့သူလည်း ရှိနေတယ်ဆိုတော့ ဂီတအစည်းအရုံးမှာ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ဂီတလောကသားတွေကို ဘာပြောချင်လဲ။

ဖြေ- တကယ်တမ်းကျတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ အဓိကဆိုင်တာပဲ။ နိုင်ငံရေးကောင်းမှ စနစ်တစ်ခုဆိုတာ ကောင်းကောင်းမွန်မွန် ဖြစ်မြောက်တာ။ အဲဒီတော့မှ လူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စိတ်နေစိတ်ထား၊ ဖန်တီးမှုအနုပညာစွမ်းအား၊ တီထွင်မှု ဒါတွေအကုန်လုံးက ဒီနိုင်ငံရေးပေါ်မှာ မူတည်တာ။ ဖြူဖြူ အခုမှ ခရီးကရောက်စဆိုတော့ အစည်းအရုံးကိုတော့ မရောက်ဖြစ်သေးဘူး။ လက်ရှိရှိနေတဲ့ အခြေအနေကို တိတိကျကျတော့ မသိပေမယ့် အမြဲတမ်းဖြစ်နေတဲ့ အကြောင်းရာတစ်ရပ်က သီချင်းလွှင့်တာပဲ။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်ရတာ အရမ်းခက်ခဲတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုပျက်ပြားလာတာ နှစ် ၅၀ မှ မကတော့တာ။ သေးသေးမွှားမွှားတွေကအစ ချစ်သူချင်းပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေ၊ မိသားစုအချင်းချင်းပဲဖြစ်ဖြစ် ယုံကြည်ရတာ ခက်ခဲတယ်လေ။ အချိန်မရွေးမှာ ကိုယ့်ရဲ့ဘ၀သာယာဖြောင့်ဖြူးမှုအတွက်ကို လူတွေကို သစ္စာဖောက်ပြီးတော့ပဲဖြစ်ဖြစ်၊ ကတိမတည်ဘဲနဲ့ပဲဖြစ်ဖြစ်၊ အဆင်ပြေတာကို အမြဲတမ်းရွေးချယ်သွားရတယ်။ ဒါက မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတိုင်းရဲ့ စိတ်ထဲမှာ အကျင့်ပါပြီးသားဖြစ်နေပြီ။ ယုံကြည်မှုဆိုတာ တည်ဆောက်ရကောင်းမှန်းတောင်မသိတဲ့ အခြေအနေမျိုးကို ရောက်နှင့်နေပြီးပြီ။ ယုံကြည်မှုဆိုတာ အခုမှ စလုပ်ရမှာဆိုတော့ ခက်ခဲတယ်။ ဂီတအစည်းအရုံးက အာဏာပိုင်အဖွဲ့အစည်းလည်း မဟုတ်တော့။ ဒါဒီလိုလုပ်ဆိုတာမျိုး မလုပ်လိုဘူး။ သူများနိုင်ငံမှာက ဂီတအစည်းအရုံးဆိုတာ ဂီတရပိုင်ခွင့်နဲ့ပတ်သက်ပြီး တာဝန်ယူတဲ့သူတွေက စီးပွားနဲ့ အလုပ်လုပ်တဲ့သူတွေ။ ပရော်ဖက်ရှင်နယ်ကျကျ စီမံနိုင်တဲ့သူတွေ အခုဒီမှာလိုမျိုး အနုပညာရှင်အချင်းချင်းပဲ နာမည်လေးခံပြီး ၀ိုင်းပြီးကြိုးစားကူညီနေကြတာ အဖွဲ့အစည်းမဟုတ်ဘူး။

မေး- ပရိသတ်ကို ဘာများပြောချင်ပါသေးလဲ။

ဖြေ- အခု အမေရိကန်ခရီးစဉ်က ၁ ရက်နေ့က ပြန်ရောက်တဲ့နောက်မှာတော့ ဖြူဖြူ့ရဲ့ ငါးခွေမြောက် တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ်ဖြစ်တဲ့ နာမည်ကျန်နေရစ်မယ်ကို ဇောက်ချပြီးတော့ လုပ်ဖို့ရှိတယ်။ အဆိုပိုင်းတွေ၊ ကျန်တဲ့အတီးပိုင်းလေးတွေ ၀င်ဖို့ရှိတယ်။ အခွေထွက်ဖို့ကို သြဂုတ်၊ စက်တင်ဘာလောက် မျှော်လင့်ထားတယ်။ ဖျော်ဖြေရေးခရီးစဉ်ကကြာတော့ အခွေထွက်မယ့်ရက်လည်း နောက်ဆုတ်သွားလို့ တခြားအတွဲခွေလေးတွေ ဆိုပေးဖို့ရှိတယ်။ ဘန်ကောက်မှာ ကြော်ငြာတစ်ခု သွားရိုက်ဖို့ရှိတယ်။

ကျေးဇူးတင်ပါတယ်။

7day daily

ပထမဆုံး ချိန်းတွေ့ချိန်မှာပဲ နှလုံးရောဂါဖြစ်လို့ မေ့လဲသွားခဲ့သည့် ဆယ်ကျော်သက်ချစ်သူကို အနမ်းဖြင့် အသက်ကယ်တင်နိုင်ခဲ့သူလေး


Zach Selby လို့ အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်လေးဟာ သူနဲ့ ချစ်သူဖြစ်ခဲ့တဲ့ Chloe Tones အသက် ၁၆ နှစ်တို့ဟာ ပထမဆုံး ချိန်းတွေ့တဲ့ အချိန်မှာ ရိုမန့်တစ်ဆန်ဆန်လေးဖြစ်ဖို့ အတွက် စိစဉ်ထားခဲ့ပါတယ်။

အလွန်းချောမောလွန်းတဲ့ ကျောင်းသူလေးဟာ သူ့ရဲ့ ချစ်သူအသစ်ဖြစ်တဲ့ Zach Selby ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်။ ပထမဆုံး ချိန်းတွေ့တဲ့အချိန်မှာပဲ ကောင်လေးဟာ Heart Attack လို့ခေါ်တဲ့ နှလုံးရောဂါ ဖြစ်လို့ ကောင်လေးကို ရှေ့ဦးသူနာပြုနည်းအတိုင်း ပါစပ်ချင်းကပ်ကာ လေကို မှုတ်သွင်းကာ အသက်ရှုလမ်းကြောင်းကို လေပြန်လည် လည်ပတ်စေပြီး ကယ်လိုက်ရပါတယ်။ ဒါကို သူမက KISS OF LIFE လို့ နာမည်ပေးခဲံပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ Lincolnshire ပြည်နယ်မှာ ရှိတဲ့ South Kesteven မှာရှိတဲ့ Woolsthorpe မှာ ရိုမန့်တစ်ဆန်ဆန်တွေ့ဆုံဖို့အတွက် အသက် ၁၉ နှစ်အရွယ် Zach Selby ဟာ ၁၆ နှစ်အရွယ် သူရဲ့ ချစ်သူလေးဖြစ်တဲ့ Chloe Tones နဲ့ ချိန်းဆိုခဲ့ကြပါတယ်။

ဆယ်ကျော်သက်မိန်းကလေးဟာ ရှေ့ဦးသူနာပြုစုနည်းကို တက်မြောက်ထားခြင်း မရှိပေမယ့် မြေပြင်ပေါ်မှာ သတိလက်လွတ်မေ့မျောနေတဲ့ သူရဲ့ကောင်လေးကို CPR နည်းနဲ့ အသက်ကို ကယ်လိုက်ခြင်း ဖြစ်ပါတယ်။

လူနာတင်ယဉ်က ၀န်ထမ်းက ဖုန်းထဲကနေပြီး Chloe ကို ပါစပ်ချင်းကပ်ကာ mouth to mouth နည်းဖြင့် အသက်ကယ်ဖို့အတွက် မိနစ် ၄၀ နီးပါးအထိ သူတို့ဆီကို ဆေးဘက်အကူတွေ မရောက်ခင် ပြုစုခဲ့ရပါတယ်။

Zach ဟာ သိပ်ပြီး မကျွမ်းကျင်သေးတဲ့ ဆံပင်ညှပ်သူတစ်ဦးဖြစ်ပြီး Granthan ဆေးရုံကို တင်လိုက်ရပါတယ်။ ဆရာဝန်က အကြောင်းစုံကို မေးတော့ သူက သူ့ရဲ့ ချစ်သူအသစ်လေးက သူ့ရဲ့ အသက်ကို ကယ်လိုက်တာပါလို့ ပြောခဲ့ပါတယ်။

Ref : Mirror

Yangon Media Group


မိကျောင်းခေါင်းရှည်နဲ့ လက်ထပ်တဲ့ မြို့တော်ဝန်



မက္ကဆီကိုနိုင်ငံရဲ့ တံငါမြို့လေးတစ်မြို့ဖြစ်တဲ့ San Pedro Huamelula မြို့လေးရဲ့ မြို့တော်ဝန် Joel Vasquez ဟာ ရေငံ မိကျောင်းခေါင်းရှည်မ တစ်ကောင်နဲ့ မနေ့က လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။

လက်ထပ်ပွဲမကျင်းပမီ အဖြူရောင်သတို့သမီး ၀တ်စုံဆင်မြန်းထားတဲ့ မိကျောင်းမကို သယ်ဆောင်လာတဲ့ လူအုပ်ကြီးဟာ မြို့တွင်းမှာ လှည့်လှည်ခဲ့ ပါတယ်။

” ဒီလို ငယ်ရွယ်တဲ့ မင်းသမီးနဲ့ လက်ထပ်ရတာဟာ ကျွန်တော်ရဲ့ ဆန္ဒမှန်ပါ ” လို့ သတို့သားဖြစ်တဲ့ မြို့တော်ဝန်က မင်္ဂလာအခမ်းအနားမှာ ပြောကြားခဲ့ပြီး သတို့သမီးကို သူလက်မောင်းပေါ်တင်ပြီး ပြခဲ့ပါတယ်။

မင်္ဂလာအခမ်းအနား ကုန်ကျစရီတ်ကို ဒေသကောင်စီက ကျခံခဲပြီး ဒီအခမ်းအနားဟာ ငါးဖမ်းလုပ်ငန်း နဲ့ အဓိက အသက်မွေးဝမ်းကျောင်းနေတဲ့ ဒီဒေသရဲ့ ရိုးရာအစဉ်အလာတစ်ရပ် အဖြစ် ကျင်းပတာဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ ဒီလိုမျိုး ရိုးရာမင်္ဂလာအခမ်းအနားပြုလုပ်ခြင်းဖြင့် အဲဒီဒေသမှာ ငါးပုဇွန်တွေ ပိုမိုဖမ်းဆီးရမိနိုင်တယ်လို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။

Ref : Sky News

Yangon Media Group

အဖေ့အတွက် မအားလပ်ခဲ့သူ



‘ကျနော် ကလေးဘတုန်းက ကစားကွင်းသွားဖို့ ပူစာတော့ အဖေ့ခမျာ အလုပ်ပျက် ခံပြီး လိုက်ပို့ခဲ့ရတာ အကြိမ်ကြိမ်ပဲ။ ကျနော် ကျောင်းတက်၊ ကျူရှင် တက်ဖို့ ပိုက်ဆံမလောက်တော့ အဖေ့ခမျာ သူ့အပေါင်းကြား မျက်နှာ အပျက်ခံပြီး ချေးပေး ခဲ့ဖူးတယ်။ ကျနော် အလုပ်မရတော့လည်း သူ့အသိ မိတ်ဆွေ အကူအညီနဲ့ ရအောင် သူကြိုးစားခဲ့ပေး သေးတယ်။ ကျနော်တို့က အဖေ တစ်ခု သားတစ်ခုလေ။

ကျနော် အိမ်ထောင်ကျတော့ အဖေက သူ့ညီမ (ကျနော့ အဒေါ်) နဲ့ နေပြီး ကျနော်ကတော့ အိမ်ခွဲနေတယ်။ အဖေက သူ့မြေးလေးနဲ့ ဆော့ချင်လို့ အိမ်လာတိုင်း ကျနော်ကတော့ မအားဘူးပေါ့။ ‘သွားစရာ ရှိလို့ အဖေရေ’ လို့သာ ပြောပြောပြီး ကျနော် နှုတ်ဆက်လို့ အပြင်သွားလေ့ ရှိတယ်။ အဖေ့ဆီက ဖုန်းလာတော့လည်း ‘အလုပ်ကိစ္စ ပြောနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် အဖေ’ လို့ ကတိတွေ ပေးပြီး ကျနော် ပြန်မခေါ်ဖြစ်တဲ့ အကြိမ်တွေက ပိုများတယ်။ အကြောင်းတိုက်ဆိုင်လို့ အဖေနဲ့ တွေ့ရင်တောင် သွားစရာ ရှိလို့ လုပ်စရာ ရှိလို့ ဆိုတဲ့ အကြောင်းနဲ့ပဲ ခဏပဲ တွေ့ပြီး ကျနော် နှုတ်ဆက် ထွက်သွား လေ့ ရှိတယ်။

တစ်နေ့တော့ အဒေါ့်ဆီက ဖုန်းလာပါလေရော။ အဖေ့ကို ဆေးရုံ တင်ထားရလိုပတဲ့။ အဖေ့ကို ဆေးရုံတင်ရလောက်အောင် ရောဂါ ပြင်းနေတာ ကျနော့ကို မပြောရလား ဆိုပြီး ပြဿနာ ရှာလိုက်တယ်။ အဒေါ်က ပြန်ပြောတယ်။

‘နင့်အဖေ ပြောချင်ပေမယ့် နင်မှ မအားတာကိုး’ တဲ့။

စကားပြောခွင့် မရပဲ ၃ ရက် အတွင်း မနှိုးနိုင်သော အိပ်စက်ခြင်းနဲ့ အဖေ အိပ်ပျော် သွားတယ်။

ကျနော် ပူဆာလို့ အလုပ်ပျက်ခံပြီး ကစားကွင်း ပို့ပေးခဲ့တာတွေ၊ ကျောင်း ကျူရှင် တက်ဖို့အတွက် အဖေ့ ခမျာ မျက်နှာ အငယ်ခံ ပိုက်ဆံချေးခဲ့တာတွေ၊ ကျနော် နဲ့ စကားပြောချင်လို့ ခဏခဏ တောင်းဆိုနေတဲ့ မျက်လုံးတွေ။ ကျနော် တွေးလိုက်တဲ့ ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်ဗျာ။ ကျနော် အဖေ့ အတွက် အချိန် မအားလပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် မိုက်မဲ ခဲ့တာပါ။ ခုတော့ ကျနော် အချိန်ပေးချင်လည်း အဖေ ဆီမှာ အချိန် မရှိတော့ ပါဘူး။’

.
Ref:inspiraquote

အောင်ခမ်း (ရိုးရာလေး)

ကိုယ့်နိုင်ငံဆင်းရဲခြင်းလွတ်ကင်းအောင်






ကျွန်တော်ငယ်ငယ်က အလွန် အစားကြီးသည်။ စားလျှင်လည်း ပန်းကန်ကိုပြောင်နေအောင်စားတတ်သည်။ အမေက ခဏခဏ ပြောသည်။ ‘‘ဘယ်အငတ်တိုင်းပြည်ကသေပြီးဝင်စားသလဲမသိဘူး’’တဲ့။ တစ်ခါတော့ အမေ့ မောင်ဝမ်းကွဲတော်သည့် ကျောင်း ဆရာတစ်ဦးက အိမ်ကိုအလည် ရောက်နေသည့်အချိန်။ ကျွန် တော်ထမင်းစားတာကိုကြည့်ပြီး အမေက သူ့မောင်ဝမ်းကွဲကိုပြော ၏။ ‘‘နင့်တူ ထမင်းစားတာကြည့်။ ပန်းကန်ကို ပြောင်နေအောင် လျက်မစားရဘူးလို့ဘယ်လောက် ပြောပြောမရဘူး။ ပြောင်နေ အောင်စားတာပဲ’’ဟုဆိုတော့ အမေ့မောင် ကျွန်တော့်ဦးလေး ဝမ်းကွဲက ရယ်ရယ်မောမောဖြင့် ‘‘အစ်မသားက အီသီယိုးပီးယား သားသေလို့ ဝင်စားတာဖြစ်မှာ ပေါ့’’ဟု ဆိုလေသည်။
ကျွန်တော်စိတ်ဝင်စားသွား သည်။ ကျွန်တော်မကြားဖူးသည့် ‘‘အီသီယိုးပီးယားသား’’ဟူသည့် စကားလုံး။ ကျွန်တော်အစားကြီး တာကို အီသီယိုးပီးယားသားသေ လို့ဝင်စားတာဟု ဘာကြောင့်ပြော ရသနည်း။ ထမင်းစားပြီးပြီးချင်း ဦးလေးကို ကျွန်တော်မေးတော့ သည်။ ဦးလေးက နှုတ်နှင့်မဖြေ။ သူဖတ်နေသော မဂ္ဂဇင်းတစ် စောင်ကိုလှန်လျက် ‘‘ရော့၊ ဟော ဒီမှာကြည့်။ အဲဒါအီသီယိုးပီးယား နိုင်ငံက ကလေးတွေပဲ’’ဟုပြလေ ၏။ ဗိုက်ပူနံကား၊ နံရိုးအပြိုင်း ပြိုင်း၊ မျက်တွင်းကဟောက်ပက်၊ မျက်လုံးများက အရောင်မွဲခြောက် ခြောက်။ သူတို့ကိုကြည့်ရသည် မှာ ဘယ်တုန်းကတည်းက အစာ ရေစာဝဝလင်လင်မစားခဲ့ရသည် မသိ။ ဩော်.. ကျွန်တော်အငမ်း မရစားနေတာဟာ အရင်ဘဝက အီသီယိုးပီးယား တိုင်းပြည်မှာ ငတ်ခဲ့လို့။ ယခုအစားအသောက် ပေါသည့် မြန်မာပြည်မှာ လူလာ ဖြစ်ချိန် ဣနြေ္ဒပျက်လောက် အောင် ပန်းကန်ပြောင်သည်အထိ လျက်ပက်ပြီး စားနေခြင်းဟု အမေတို့ကမှတ်ယူကာ ကျွန်တော့်ကို အီသီယိုးပီးယားသား ဝင်စားတာဟု ပြောခြင်းဖြစ်လေသည်။

ယခု ဆယ်စုနှစ်သုံးစုကျော် အကြာတွင် မြန်မာနိုင်ငံသည် မည်သည့်အခြေသို့ ဆိုက်ရောက် နေပြီနည်း။ ကမ္ဘာ့ဘဏ်က နောက် ဆုံးထုတ်ပြန်လိုက်သည့်စာရင်း  အရ ကမ္ဘာ့အဆင်းရဲဆုံးစာရင်း တွင် မြန်မာနိုင်ငံသည် အောက် ဆုံးကပြန်ရေလျှင် အဆင့် ၁၂ ၌ ရပ်တည်နေကြောင်း သတင်းများ တွင် ဖတ်ရသည်။ ဟိုအရင်ကိုယ့် နိုင်ငံပြည်သူများထက် ဆင်းရဲ သည်ဟု သတ်မှတ်ထားသော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ အီသီယိုးပီးယား နိုင်ငံများပင် ကိုယ့်နိုင်ငံထက်ပို၍ ချမ်းသာနေ ကြပြီ။ ဒေသတွင်း အာဆီယံနိုင်ငံ များတွင် အောက်ဆုံးအဆင့် ရောက်နေပြီး အာရှဒေသတွင်း၌ ဒုတိယအဆင်းရဲဆုံးဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်ပင် ကိုယ့်နိုင်ငံနှင့် အဆင့်ငါးဆယ် ကွာခြားနေသည်ဟုဆို၏။ ခုနေများ အီသီယိုးပီးယားကလေးတစ်ယောက်က အငမ်းမရစားနေတာကို သူတို့လူကြီးတစ်ယောက်ကများ တွေ့သွားလျှင် မြန်မာသေပြီး ဝင်စားတာဟု ပြောများပြောလေမလားမသိ။

ဘယ်မှမထွက်ဘဲ ကိုယ့်အိမ် ထဲမှာပဲကိုယ်နေပြီး အစိုးရသတင်း စာလေးဖတ်၊ MRTV တို့၊ မြဝတီ တို့လောက်ပဲ ဖွင့်ကြည့်နေလျှင် တော့ ကိုယ့်နိုင်ငံကို ကမ္ဘာ့အချမ်း သာဆုံးလောက်ထင်ချင်ထင်မိပေ လိမ့်မည်။ ကိုယ့်အိမ်ကခွာလို့ တခြားမြို့ရွာများကို လိုက်မကြည့် နိုင်လျှင်နေပါ။ ကိုယ့်ပတ်ဝန်း ကျင်လောက်ကိုပဲ ဂရုစိုက်သတိ ထားကြည့်ရုံနှင့်ပင် နိုင်ငံ၏ပကတိ အခြေအနေကို မြင်နိုင်ပေသည်။ ကုန်ခဲ့သည့် ဇူလိုင်လဆန်း ၁ ရက် ၂ ရက်လောက်က ညနေ ၆ နာရီ ခွဲသာသာလောက် ကျွန်တော် အလုပ်မှပြန်အလာ အိမ်နားက ဆိုက်ကားဆရာမိသားစုကို လမ်း ထိပ်က ဝက်သားတုတ်ထိုးဆိုင်မှာ ကျကျနနထိုင်စားနေတာတွေ့ရ ၏။ ဆိုက်ကားဆရာလင်မယား နှင့် ကလေးနှစ်ဦး။ သူတို့က ကျွန် တော့်ကိုတောင်လှမ်းပြီး ဆရာ စားသွားပါဦးဟု ဧည့်ဝတ်ပြုလိုက် သေး၏။ ကျွန်တော်က ‘‘ဒီမိသား စုတွေ ဒီနေ့ထောနေပုံရတယ်’’ဟု ဆိုတော့ ‘‘အထင်မကြီးနဲ့ဆရာ ရေ’’တဲ့။ ‘‘အုံနာခရှင်းလိုက်တာ ဆန်ဖိုးတောင်မကျန်လို့ ဆန်ပြုတ် ပြုတ်သောက်ပြီး ကျန်တဲ့ပိုက်ဆံ လေးနဲ့ ဒီမှာ အာသာလာဖြေတာ’’ တဲ့။ ဆိုက်ကားဆရာက ရယ်ရယ် မောမော ပြောလိုက်သော်လည်း ကျွန်တော့်ရင်ထဲမှာတော့ ဆို့ဆို့ နင့်နင့်ခံစားလိုက်ရသည်။ ဒါ ကျွန်တော့်ပတ်ဝန်းကျင်မှာပင် တွေ့လိုက်ရသည့် ဆင်းရဲမွဲတေမှု ပြယုဂ်တစ်ခုဖြစ်၏။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သည်လိုပုံရိပ် ဆိုးတွေ ဘယ်လောက်များနေ မလဲ။ စဉ်းစားကြည့်ရုံနှင့်သိနိုင် လေသည်။

နိုင်ငံတော်သမ္မတ၏ လစဉ် မိန့်ခွန်းများတွင်တော့ နိုင်ငံ၏ GDP မည်မျှတိုးတက်လာကြောင်း တွေ ခဏခဏပြောသံကြားရ သည်။ ဒုတိယသမ္မတဦးဉာဏ် ထွန်းကလည်း လာမည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံ၏ ဆင်းရဲမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ ရက်က နေပြည်တော်ရှိ သမဝါယမဝန်ကြီးဌာနတွင် ကျင်း ပသော အကြိမ် (၂၀)မြောက်  အပြည်ပြည်ဆိုင်ရာ သမဝါယမ နေ့အခမ်းအနားတွင် ထည့်သွင်း ပြောကြားသွားကြောင်း သတင်း များတွင် ဖတ်ရသည်။ လေထဲ ဆောက်သည့် အိမ်ကလေးများ မဖြစ်ပါနှင့်ဟုသာ ကျွန်တော်တို့ ပြည်သူများက ဆုတောင်းရပါ သည်။

ပြန်တွေးကြည့်လျှင် နိုင်ငံ၏ အခြေအနေ ဤမျှဆိုးရွားသွားကာ ကမ္ဘာ့အဆင်းရဲဆုံးအဆင့် ၁၂ အထိ ရောက်သွားသည်ကတော့ ရင်နာစရာကောင်းလှ၏။ လွတ် လပ်ရေးရပြီးစ ၁၉၅၀ ပြည့်နှစ် ဝန်းကျင်တွင် အာရှမှာဖွံ့ဖြိုးတိုး တက်ဖို့ အလားအလာအကောင်း ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့စီးပွားရေး ပဏ္ဍိတ်ကြီးများက ဟောကိန်း ထုတ်ခဲ့သော မြန်မာနိုင်ငံသည် နှစ်ပေါင်း ၅၀ အတွင်း စီမံခန့်ခွဲမှု လွဲမှားခြင်း၊ တိုင်းပြည်ကို ဦး ဆောင်ခဲ့သူများ၏ အရာရာကို တည်ငြိမ်အေးချမ်းရေးအမြင်နှင့် သာ ကြည့်ခဲ့ခြင်း၊ နယ်ပယ်အသီး သီးတွင် ကျွမ်းကျင်ပညာရှင်များ ချောင်ထိုးခံရခြင်း၊ တိုင်းပြည်၏ ကဏ္ဍစုံတွင် လက်ညှိုးထောင် ခေါင်းညိတ်များနှင့် မိုးကျရွှေ ကိုယ်များသာ နေရာရလာခြင်း စသော အကြောင်းပေါင်းစုံဖြင့် တိုင်းပြည်၏ အခြေအနေသည် အဘက်ဘက်မှ ယိုယွင်းကာ ၁၉၈၇ ခုနှစ်တွင် LDC နိုင်ငံအဖြစ် ရောက်ခဲ့ရလေသည်။

ထိုကာလများအတွင်း ကျွန် တော်တို့ပြည်သူများ၏ အခြေ အနေကို ပြန်ကြည့်လျှင်လည်း လူချင်းတူတူ သူချင်းမျှမျှမနေခဲ့ ကြရပေ။ လူမည်ကာမတ္တဘဝမျိုး ဖြင့်နေခဲ့ကြရ၏။ နိုင်ငံခြားသွား ခွင့်ရခြင်းကိုပင် ထူးခြားသော အခွင့်အရေးအဖြစ်မှတ်ယူကာ ဆိုဗီယက်ပြန်ဒို့စိန်ကုလား၊ ဆိုဗီ ယက်ပြန်နွဲ့နွဲ့စန်း၊ ယိုးဒယားပြန် အမာစိန် စသဖြင့် ကိုယ်ရောက် ဖူးသည့်နိုင်ငံကို ဂုဏ်ထူး၊ ဘွဲ့ထူး တစ်ခုလိုသဘောထားပြီး အမည် ရှေ့ကတပ်ခဲ့ကြ၏။ ရွှေဝါဆပ် ပြာ၊ သွားတိုက်ဆေး စသည့် ပစ္စည်းများကို ပါတီ၊ ကောင်စီလူ ကြီးတစ်ဦးဦး၏ လက်မှတ်ပါ သော ပါမစ်စာရွက်ဖြင့် သမဆိုင် မှာ သွားဝယ်ရသည်။ ဒါတောင် အရောင်းစာရေးမက ‘‘ကုန်နေ တယ်’’ဟု ငြင်းထုတ်လိုက်လျှင် ကိုယ့်ပါမစ်ကလေး အလဟဿ ဖြစ်သွားမှာစိုး၍ သံပရာသီးဆယ် လုံးလောက်စားထားသလို မျက် နှာကို အစွမ်းကုန်ဖြီးထားပြီးမှ ဝယ်ရသည်။ ယခုအသက် (၅၀) အထက်ရှိသူများအားလုံး ကြုံဖူး ကြပါသည်။

သူများနိုင်ငံမှာ ကျွန်တော် တို့မမွေးခင်ကပေါ်နေသော တီဗီ ကို ဒုတိယနှစ်တက္ကသိုလ်ကျောင်း သားဘဝကျမှ စမြင်ဖူးသည်။ ကျွန်တော်နှင့် သက်တူရွယ်တူ အိုဘားမားက (၉)နှစ်အရွယ်မှာ အင်ဒိုနီးရှားနိုင်ငံက သူ့အဘိုးအိမ် ဧည့်ခန်းထဲမှာ တီဗီထိုင်ကြည့်နေ ချိန်တွင် ကျွန်တော်ကတော့ နေ ရှင်နယ်ရေဒီယိုအဟောင်းကလေး ဖွင့်ပြီး နားထောင်နေရတုန်းရှိသေး ၏။ ရှစ်တန်းကျောင်းသားဘဝ ကျွန်တော်တို့ဆီမှာ တန်တစ်ရာ ဆန်စက်ကြီးလာတည်တော့ ဂျပန်အင်ဂျင်နီယာတွေသောက်သည့် ရေသန့်ကိုအထူးအဆန်း သဖွယ်ငေးကြည့်ခဲ့ရသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ပါတီကြီး၏ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့နိုင်ငံသားတွေ နိုင်ငံတကာနှင့် အဆက်ဖြတ်ခံခဲ့ရသည်။ စီးပွားရေးကဏ္ဍမှစ၍ ပညာရေးကဏ္ဍအဆုံးအားလုံးကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် သွားခဲ့ရာ နိုင်ငံတကာနှင့်ယှဉ်လိုက်လျှင် အစစအရာရာ နောက်ကျခဲ့ရလေသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း နဝတ၊ နအဖ အစိုးရအဆက်ဆက် တွင်လည်း တိုင်းပြည်၏ စီမံခန့်ခွဲ ခွင့်ရှိသည့်နေရာမှန်သမျှ တပ်မတော်အရာရှိများကသာ နေရာ ယူခဲ့ကြပြီး ကြက်ဆူပင်စီမံကိန်း လို လွဲမှားသောစီမံကိန်းများဖြင့် တိုင်းပြည်သည် ဖွတ်သထက်ညစ် ခဲ့ရလေသည်။ အဆိုးရွားဆုံးမှာ တကယ် တတ်ကျွမ်းနားလည် သည့် ပညာရှင်များ၏ အကြံ ဉာဏ်များကိုကျတော့ သူတို့ သဘောထားနှင့်ဆန့်ကျင်လျှင် လက်မခံ။ ကိုယ်ကျိုးရှာ ခရိုနီများနှင့် ကပ်ပါးရပ်ပါးပညာရှင်ဆိုသူ များက မြှောက်ပေးသမျှ အကုန် လိုက်လုပ်သဖြင့် တိုင်းပြည်၏ သယံဇာတမှန်သမျှ တက်တက်ပြောင်သည့်ဘဝရောက်ရတော့သည်။

ယခုအစိုးရသစ်ပြောင်း၍ လုပ်နည်းလုပ်ဟန်တွေပြောင်းပြီ လားဆိုတော့ ဘာမှမပြောင်းလဲ သေးပါ။ စီမံခန့်ခွဲခွင့်ရှိသည့်နေရာ မှန်သမျှ တပ်မတော်အရာရှိ ဟောင်းများသာ နေရာယူထားဆဲ ဖြစ်ပါသည်။ တကယ်တတ်ကျွမ်း နားလည်သည့် ပညာရှင်တွေ ဘေးရောက်နေဆဲဖြစ်သည်။ တချို့ပညာရှင်ဆိုသူများကျတော့ လည်း မိမိတို့ရထားသည့်မဖြစ် စလောက်လုပ်ပိုင်ခွင့်လေး၌ သာ ယာပြီး မင်းလိုလိုက် မင်းကြိုက် ဆောင်နေကြသည်။ စီးပွားရေး စီမံကိန်းတွေအမျိုးမျိုး ရေးဆွဲလုပ် ဆောင်နေသော်လည်း အများစု က ပွင့်လင်းမြင်သာမှုမရှိ။ နီးစပ် ရာလုပ်ငန်းရှင်ကြီးများသာ ရနေ ကြဆဲဖြစ်သည်။

သည်လိုပုံနှင့် ကျွန်တော်တို့ နိုင်ငံဆင်းရဲတွင်းက လွတ်စရာ လမ်းမမြင်ပါ။ တိုင်းပြည်၏ နယ် ပယ်ကဏ္ဍအသီးသီးမှာ တကယ် တတ်ကျွမ်းနားလည်သူတွေ ဦးဆောင်ခွင့်မရသေးသမျှ တစ်နည်းဆိုရလျှင် လူမှန်နေရာမှန် မဖြစ်သေးသမျှ နောင်နှစ်နောင်နှစ်တွေမှာ ကမ္ဘာ့အဆင်းရဲဆုံး အဆင့် ၁၂ မှ အောက်သို့သာ ထပ်ကျစရာရှိပါကြောင်း စေတနာ ကောင်းနှင့်သတိပေးလိုက်ပါသည်။



မင်းသန်းထိုက် (ဒေးဒရဲ)

7day daily

ကမ္ဘာ့ဖလားကို သပိတ်မှောက် ဆန့်ကျင်တဲ့ တရုတ်အမျိုးသမီးများ



တရုတ်နိုင်ငံသား ဘောလုံးအသည်းစွဲတွေရဲ့ ဇနီးတွေနဲ့ ရည်းစားတွေရဲ့ သွေးဆူတဲ့ အချိန် ပြန်ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ အကြောင်းကတော့ သူတို့ဟာ “Anti- World Cup” လို့ခေါ်တဲ့ ကမ္ဘာ့ဖလား ဆန့်ကျင်ရေးသူများ အဖွဲ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အဆိုပါ ဆန္ဒပြပွဲမတိုင်မီ ကမ္ဘာ့ဖလားပွဲ စတင်ခဲ့တဲ့ အချိန်ကလည်း အခြား အမျိုးသမီး အဖွဲ့ဟာ သူမတို့ရဲ့ အတွင်းခံ ဘယာကို လေထဲ လွှင်ပစ်ပြီး ဆန့်ကျင် ဆန္ဒပြခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ်မှာတော့ အမျိုးသမီး ၁၂ ယောက်ဟာ ရှန်ဟိုင်း လမ်းမကြီးပေါ်မှာ ကမ္ဘာ့ဖလား ဆန့်ကျင် ဆန္ဒပြတဲ့ စာတမ်းတွေ၊ လက်ကိုင် စာရွက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ တစ်ခုသော စာတမ်းမှာတော့

ဘောလုံးပွဲအကြောင်း အလုပ်မှာ ပြောတဲ့ ယောက်ျားတွေဟာ ယောကျာ်းမပီသသူ /ယောကျာ်း စံချိန် မမီတဲ့သူ (Sissy) လို့ ရေးသားထားပါတယ်။ နောက်ထပ်စာတမ်းတစ်ခုမှာတော့

ရှင့်ဘောလုံးပွဲလောင်းကြေးရှုံးလို့ ရှင်နဲ့ အတူ သေကြောင်းကြံရတဲ့သူ မဖြစ်ရပါစေနဲ့ လို့လည်း ရေးထားပါသေးတယ်။ သူတို့ရဲ့ ယခုလို ဆန္ဒပြခြင်းဟာ အကြောင်းမညီညွတ်ဘူး၊ နောက်ပြီး ပြဿနာရှာသူတွေလို့ ပြောဆိုခံရရုံသာမ လူတကာရဲ့ အာရုံစိုက်ခံရဖို့ လုပ်နေသူတွေလို့ ပြောဆိုတဲ့ netizen တွေနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။

ဒါပေမယ့်လည်း အခုလို ပြုလုပ်ခြင်းဟာ အကျိုးအကြောင်း ညီညွတ်မှု ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ယခု ဆန္ဒပြကြတဲ့ အမျိုးသမီးများထဲက ကိုယ်ဝန်သည် တစ်ယောက်ဆိုလျှင်  သူမရဲ့ ခင်ပွန်းဟာ ဘောလုံးပွဲကိုပဲ စိတ်ရောက်နေတဲ့အတွက် သူမရဲ့ ကိုယ်ဝန် စမ်းသပ်စစ်ဆေးဖို့အတွက် ဆေးရုံကို တစ်ယောက်တည်း သွားခဲ့ရပါတယ်။ ဒါ့ကြောင့် အလွန့်ကို စိတ်တိုခဲ့ရတယ်လို့ ပြောပါတယ်။

ဒါတင်မကပါဘူး။ အချို့အမျိုးသားတွေဟာ မိသားစု ဘ၀ပျက်လောက်တဲ့အထိ ဘောလုံးပွဲလောင်းကြသူတွေလည်း ရှိပါတယ်။ အချို့အမျိုးသားတွေဆိုရင် မအိပ်၊ မစားဘဲ ဘောလုံးပွဲ စွဲနေတာကြောင့် အသက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်သာဓကတွေလည်း မနည်းပါဘူး။ အချို့ဆိုရင် ဘောလုံးပွဲလောင်းပြီး ရှုံးနိမ့်ခဲ့တာကြောင့် သတ်သေခဲ့ကြသူတွေလည်း မနည်းပါဘူး။

World Myanmar News (world-myanmar.com)

ref: sgstomp

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ကျောက်ကပ် ကျောက်တည်မှုအန္တရာယ်ပိုများလာမည်


ဖီလာဒဲလ်ဖီးယား− ရာသီဥတုပိုမိုပူနွေးလာခြင်းကြောင့် အသည်းထဲ အလွန်နာကျင်သော ကယ်လ်ဆီယမ်များစုဝေးဖြစ်ပေါ်နိုင်ခြေပိုများလာကြောင်း သိပ္ပံပညာရှင်များက ပြောသည်။
အပူချိန်ပိုမြင့်လာပါက ကိုယ်ခန္ဓာရေဓာတ်ခန်းခြောက်မှုပိုများလာပြီး ရေဓာတ်ခန်းခြောက်ပါက အသည်းကပိုမိုစေးပျစ်လာသောဆီများကို သန့်စင်ရန်လုပ်ဆောင်ရသဖြင့် ကယ်လ်ဆီယမ်နှင့် အခြားအနည်ထိုင်လာသော သတ္တုဓာတ်များ ပိုမိုများပြားလာဖွယ်ရှိသည်။ ယင်းသို့ဖြစ်လာပါက ကျောက်ကပ်ကျောက်တည်မှုပိုဖြစ်လာနိုင်သည်။

ယင်းအဆိုကို ထောက်ခံသောအချက်အလက်များကို ယခုအခါသိပ္ပံပညာရှင်များကထပ်မံသက်သေပြလိုက်ပြီဖြစ်သည်။ အမေရိကန်မြို့များစွာတွင် ကျောက်ကပ်ကျောက်တည်သော လူနာများကိုလေ့လာရာ၌ နေ့စဉ်အပူချိန်မြင့်မားလာခြင်းက ကျောက်ကပ်ကျောက်တည်မှုကို တိုးပွားလာစေကြောင်း သုတေသီများက စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းလေ့လာတွေ့ရှိချက်များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးရှုထောင့်ဂျာနယ်တွင် ဖော်ပြထားသည်။ ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံမှ သုတေသီများက အတ္တလန်တာ၊ ချီကာဂို၊ ဒါးလက်စ်၊ လော့စ်အန်ဂျလိစ်နှင့် ဖီလာဒဲလ်ဖီးယားရှိ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြား ကျောက်ကပ်ကျောက်တည်နေကြောင်း စစ်ဆေးတွေ့ရှိထားသူ လူကြီးနှင့်ကလေး စုစုပေါင်း ၆၀,၀၀၀ ၏ ဆေးမှတ်တမ်းများကို လေ့လာစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

နေ့စဉ်အပူချိန်မြင့်တက်လာစဉ် ကျောက်ကပ်ကျောက်တည်နေ သော လူနာများမှာအပူချိန်နှင့် ရက် ၂၀ ကြာ ထိတွေ့မှုအတွင်း အန္တရာယ် ပိုများလာကြောင်း တွေ့ရှိခဲ့ရသည်ဟု သုတေသနအဖွဲ့ ခေါင်းဆောင် ဒေါက်တာဂရက်တာစီယန်က ပြောသည်။

အပူချိန်ပြင်းထန်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင်မြင့်တက်လာမည်ဟု ကျွမ်းကျင်သူအချို့က ကြိုတင်ခန့်မှန်းထားသဖြင့် ရာသီဥတု ပြောင်းလဲမှု၏ အဓိကဆိုးကျိုးကို ကလေးငယ်များခံစားကြရမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

—Ref: UPI

7day daily