ဒွေးကို မမေ့သေးတဲ့ စိုးမြတ်နန္ဒာ

ပို့စ်တင်ချိန် - 7/12/2014 02:07:00 PM


ပရိသတ်ရင်ထဲမှာ ယနေ့တိုင် မမေ့နိုင်သေးတဲ့ မင်းသားတစ် လက်ဖြစ်တဲ့ ဒွေးသေဆုံးခဲ့သည်မှာ ဇူလိုင် ၁၁ရက်တွင်(၇)နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။

ဒွေးမကွယ်လွန်မီက ရုပ်ရှင်၊ ဗီဒီယိုများ အတွဲညီညီ တွဲဖက်ရိုက်ကူး ခဲ့သည့် စိုးမြတ်နန္ဒာက သူ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၇ နှစ်ကြာမြင့် သော်လည်း အားလုံးက အမှတ်ရနေကြောင်းကို ‘‘ချစ်သော အစ်ကို ၇ နှစ်ဆိုပေမယ့် အစ်ကို့ကို အမှတ်ရနေကြပါသေးတယ်’’ဟူသော စာသားကို ဒွေး၏ ပုံနှင့်တကွတင်ထားခဲ့ရာ ဒွေးကိုချစ်သော ပရိသတ်များက ယနေ့ တိုင်မမေ့သေးကြောင်း ဒွေးကိုမီသော အနုပညာရှင် မပေါ်သေးကြောင်း မှတ်ချက်စကားများပြောကြားကာ လွမ်းဆွတ်ကြောင်း ရေးသားခဲ့ကြ သည်။  ကိုသားကြီးဟု ချစ်စနိုးခေါ်ကြသည့် ရုပ်ရှင်သရုပ်ဆောင် ဒွေး သည် ၂၀၀၇ ခုနှစ် ဇူလိုင် ၁၁ရက်က ကွယ်လွန်သွားခဲ့သည်။

7day daily