ဂိတ်တံခါးဖွင့်ချိန်ကြာသည်ဆိုကာ ယာဉ်ပေါ်ပါသုံးဦးက ဂိတ်အတွင်း ဝင်ရောက်ရိုက်နှက်ဖျက်ဆီး။

ပို့စ်တင်ချိန် - 7/12/2014 02:05:00 PM



မင်းဘူး၊ မကွေးတိုင်းဒေသကြီး ငဖဲ မြို့နယ် ဦးခင်မောင်ဖြူ အမှတ်(၁) လမ်းအသုံးပြုရေး မောင်းတံဂိတ် တွင် ခြောက်ဘီးယာဉ်ကောင်တာ ကားနှစ်စီးမှ လူသုံးဦးက မောင်းတံ ဖွင့်ကြာသည်ဟုဆိုကာ ဂိတ်အတွင်း ဝင်ရောက်ရိုက်နှက် ဖျက်ဆီးခဲ့သ ဖြင့် ဦးခင်မောင်ဖြူက ငဖဲမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်း ထားကြောင်း သိရသည်။

မင်းဘူးခရိုင် ငဖဲမြို့နယ်နေ ဦးခင်မောင်ဖြူ အမှတ်(၁)လမ်းအ သုံးပြုခ ကောက်ခံရေးတာဝန်ခံ သည် ဇူလိုင် ၃ရက် ည ၁ဝနာရီ ၁၅ မိနစ်က မောင်းတံဂိတ်တွင်ရှိနေစဉ် ၂ြ။ထထထထ ကောင်တာအဖြူရောင် ခြောက်ဘီးယာဉ်နှင့် ၁ခ/ xxxxကောင်တာ အပြာနုရောင်ယာဉ်နှစ် စီးရောက်လာပြီး ဂိတ်ကြေးဖြတ်နေ စဉ် ယာဉ်မောင်းသိန်းဌေး၊ မြင်းခြံမြို့ ညီဖြစ်သူ လှမျိုးထွန်း ယာဉ်နောက် လိုက်နှင့် အောင်ကိုဦး ယာဉ်နောက် လိုက် မြင်းခြံမြို့နေသူတို့ သုံးဦးတို့ က မောင်းတံဖွင့်နေသည်မှာ ကြာနေသည်ဟု ပြောဆိုကာ ပြဿနာ ရှာပြီး ဂိတ်ဝန်ထမ်းများနှင့်စကား များရန်ဖြစ်ကြကြောင်း သိရသည်။
သိန်းဌေးပါသုံးဦးတို့က အဆို ပါဂိတ်အတွင်း ဝင်ရောက်ပြီး ဝန် ထမ်းလေးဦးတို့အား သံတုတ်၊ ဝါး တုတ်တို့ဖြင့်ရိုက်နှက်ခြင်း၊ အဆိုပါ ဂိတ်ဝန်ထမ်းဆိုင်ကယ်သုံးစီး၊ စားပွဲ၊ ရေအိုးတို့ကို ရိုက်နှက်ဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့သဖြင့် ဂိတ်ဝန်ထမ်း များဖြစ်သည့် သက်ပိုင်စိုး ငဖဲမြို့နယ် နေသူတွင် ဝဲလက်ဖျံပေါက်ပြဲဒဏ် ရာ၊ နောက်ကျောအောင့်ဒဏ်ရာ၊ မင်းကိုကို ငဖဲမြို့နယ်နေသူတွင် ဝဲ ပခုံးညိုမည်းဒဏ်ရာ၊ နောက်ကျော အောင့်ဒဏ်ရာ၊ စိုးမင်းထိုက် ငဖဲမြို့ နယ်နေသူတို့တွင် ယာလက်ကောက် ဝတ်ဖူးရောင်ညိုမည်းဒဏ်ရာ၊ ဝဲချို စောင်းဖူးရောင်ဒဏ်ရာ၊ ခေါင်းမူး ဒဏ်ရာနှင့် မျိုးမင်းဦး ငဖဲမြို့နယ် နေသူတွင် ဝဲ/ယာလက်ပြင်ညိုမည်း ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။

သိန်းဌေးပါသုံးဦးအား အရေး ယူပေးပါရန် ဦးခင်မောင်ဖြူမှ တ ရားလိုပြုတိုင်တန်းခဲ့ရာ ငဖဲမြို့နယ် မြို့မရဲစခန်း (ပ)၄ဝ/၂ဝ၁၄ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၂၅/၂၉၄/ ၄၂၇ ဖြင့်အမှုဖွင့်ထားကြောင်း သက် ဆိုင်ရာရဲစခန်းမှ သိရသည်။

Yangon Media Group