ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ကျောက်ကပ် ကျောက်တည်မှုအန္တရာယ်ပိုများလာမည်

ပို့စ်တင်ချိန် - 7/12/2014 08:41:00 AM


ဖီလာဒဲလ်ဖီးယား− ရာသီဥတုပိုမိုပူနွေးလာခြင်းကြောင့် အသည်းထဲ အလွန်နာကျင်သော ကယ်လ်ဆီယမ်များစုဝေးဖြစ်ပေါ်နိုင်ခြေပိုများလာကြောင်း သိပ္ပံပညာရှင်များက ပြောသည်။
အပူချိန်ပိုမြင့်လာပါက ကိုယ်ခန္ဓာရေဓာတ်ခန်းခြောက်မှုပိုများလာပြီး ရေဓာတ်ခန်းခြောက်ပါက အသည်းကပိုမိုစေးပျစ်လာသောဆီများကို သန့်စင်ရန်လုပ်ဆောင်ရသဖြင့် ကယ်လ်ဆီယမ်နှင့် အခြားအနည်ထိုင်လာသော သတ္တုဓာတ်များ ပိုမိုများပြားလာဖွယ်ရှိသည်။ ယင်းသို့ဖြစ်လာပါက ကျောက်ကပ်ကျောက်တည်မှုပိုဖြစ်လာနိုင်သည်။

ယင်းအဆိုကို ထောက်ခံသောအချက်အလက်များကို ယခုအခါသိပ္ပံပညာရှင်များကထပ်မံသက်သေပြလိုက်ပြီဖြစ်သည်။ အမေရိကန်မြို့များစွာတွင် ကျောက်ကပ်ကျောက်တည်သော လူနာများကိုလေ့လာရာ၌ နေ့စဉ်အပူချိန်မြင့်မားလာခြင်းက ကျောက်ကပ်ကျောက်တည်မှုကို တိုးပွားလာစေကြောင်း သုတေသီများက စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းလေ့လာတွေ့ရှိချက်များကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေးရှုထောင့်ဂျာနယ်တွင် ဖော်ပြထားသည်။ ဖီလာဒဲလ်ဖီးယား ကလေးဆေးရုံမှ သုတေသီများက အတ္တလန်တာ၊ ချီကာဂို၊ ဒါးလက်စ်၊ လော့စ်အန်ဂျလိစ်နှင့် ဖီလာဒဲလ်ဖီးယားရှိ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်ကြား ကျောက်ကပ်ကျောက်တည်နေကြောင်း စစ်ဆေးတွေ့ရှိထားသူ လူကြီးနှင့်ကလေး စုစုပေါင်း ၆၀,၀၀၀ ၏ ဆေးမှတ်တမ်းများကို လေ့လာစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

နေ့စဉ်အပူချိန်မြင့်တက်လာစဉ် ကျောက်ကပ်ကျောက်တည်နေ သော လူနာများမှာအပူချိန်နှင့် ရက် ၂၀ ကြာ ထိတွေ့မှုအတွင်း အန္တရာယ် ပိုများလာကြောင်း တွေ့ရှိခဲ့ရသည်ဟု သုတေသနအဖွဲ့ ခေါင်းဆောင် ဒေါက်တာဂရက်တာစီယန်က ပြောသည်။

အပူချိန်ပြင်းထန်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင်မြင့်တက်လာမည်ဟု ကျွမ်းကျင်သူအချို့က ကြိုတင်ခန့်မှန်းထားသဖြင့် ရာသီဥတု ပြောင်းလဲမှု၏ အဓိကဆိုးကျိုးကို ကလေးငယ်များခံစားကြရမည်ဖြစ်ကြောင်း သုတေသီများက ပြောသည်။

—Ref: UPI

7day daily