ပထမဆုံး ချိန်းတွေ့ချိန်မှာပဲ နှလုံးရောဂါဖြစ်လို့ မေ့လဲသွားခဲ့သည့် ဆယ်ကျော်သက်ချစ်သူကို အနမ်းဖြင့် အသက်ကယ်တင်နိုင်ခဲ့သူလေး

ပို့စ်တင်ချိန် - 7/12/2014 08:43:00 AM


Zach Selby လို့ အမည်ရတဲ့ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်လူငယ်လေးဟာ သူနဲ့ ချစ်သူဖြစ်ခဲ့တဲ့ Chloe Tones အသက် ၁၆ နှစ်တို့ဟာ ပထမဆုံး ချိန်းတွေ့တဲ့ အချိန်မှာ ရိုမန့်တစ်ဆန်ဆန်လေးဖြစ်ဖို့ အတွက် စိစဉ်ထားခဲ့ပါတယ်။

အလွန်းချောမောလွန်းတဲ့ ကျောင်းသူလေးဟာ သူ့ရဲ့ ချစ်သူအသစ်ဖြစ်တဲ့ Zach Selby ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်။ ပထမဆုံး ချိန်းတွေ့တဲ့အချိန်မှာပဲ ကောင်လေးဟာ Heart Attack လို့ခေါ်တဲ့ နှလုံးရောဂါ ဖြစ်လို့ ကောင်လေးကို ရှေ့ဦးသူနာပြုနည်းအတိုင်း ပါစပ်ချင်းကပ်ကာ လေကို မှုတ်သွင်းကာ အသက်ရှုလမ်းကြောင်းကို လေပြန်လည် လည်ပတ်စေပြီး ကယ်လိုက်ရပါတယ်။ ဒါကို သူမက KISS OF LIFE လို့ နာမည်ပေးခဲံပါတယ်။

အင်္ဂလန်နိုင်ငံရဲ့ Lincolnshire ပြည်နယ်မှာ ရှိတဲ့ South Kesteven မှာရှိတဲ့ Woolsthorpe မှာ ရိုမန့်တစ်ဆန်ဆန်တွေ့ဆုံဖို့အတွက် အသက် ၁၉ နှစ်အရွယ် Zach Selby ဟာ ၁၆ နှစ်အရွယ် သူရဲ့ ချစ်သူလေးဖြစ်တဲ့ Chloe Tones နဲ့ ချိန်းဆိုခဲ့ကြပါတယ်။

ဆယ်ကျော်သက်မိန်းကလေးဟာ ရှေ့ဦးသူနာပြုစုနည်းကို တက်မြောက်ထားခြင်း မရှိပေမယ့် မြေပြင်ပေါ်မှာ သတိလက်လွတ်မေ့မျောနေတဲ့ သူရဲ့ကောင်လေးကို CPR နည်းနဲ့ အသက်ကို ကယ်လိုက်ခြင်း ဖြစ်ပါတယ်။

လူနာတင်ယဉ်က ၀န်ထမ်းက ဖုန်းထဲကနေပြီး Chloe ကို ပါစပ်ချင်းကပ်ကာ mouth to mouth နည်းဖြင့် အသက်ကယ်ဖို့အတွက် မိနစ် ၄၀ နီးပါးအထိ သူတို့ဆီကို ဆေးဘက်အကူတွေ မရောက်ခင် ပြုစုခဲ့ရပါတယ်။

Zach ဟာ သိပ်ပြီး မကျွမ်းကျင်သေးတဲ့ ဆံပင်ညှပ်သူတစ်ဦးဖြစ်ပြီး Granthan ဆေးရုံကို တင်လိုက်ရပါတယ်။ ဆရာဝန်က အကြောင်းစုံကို မေးတော့ သူက သူ့ရဲ့ ချစ်သူအသစ်လေးက သူ့ရဲ့ အသက်ကို ကယ်လိုက်တာပါလို့ ပြောခဲ့ပါတယ်။

Ref : Mirror

Yangon Media Group