Samsung Galaxy Note 3 မှာ ဒါတွေပါမယ်

ပို့စ်တင်ချိန် - 8/13/2013 03:45:00 PM


Alleged Galaxy Note 3 specs ဆိုပြီး SamMobile ဝဘ်ဆိုဒ်မှ ထုတ်ပြန် ချက်ပါ။ Official Samsung က တရားဝင်ပြောကြားချက် မဟုတ်ပါဘူး။ သို့ပေမယ့် SamMobile ဟာ Samsung Galaxy Note 2 မထွက်ခင် လပိုင်း လောက်ကလည်း ယခုလို Spec မှာ ထုတ်ပြန် ကြေညာ ရာမှာ အားလုံး နီးပါး တူညီနေတာကို တွေ့ရပါတယ်။

၎င်းတို့ ထုတ်ပြန်ချက်အရ Samsung Galaxy Note 3 ဟာ အရွယ် ပိုကြီး သွားပြီး ၅.၆၈ လက်မ ရှိမယ်လို့ ဆိုပါတယ်။ Full HD Super AMOLED (1920 x 1080) display ပါ။ 3G နဲ့ 4G LTE ဆိုပြီးတော့ ၂ မျိုး ထုတ်လုပ်မှာ ဖြစ်ပြီး ဈေးနှုန်းလည်း ကွာသွားမှာ ဖြစ်ပါတယ်။ ကင်မရာ က 13 Megapixel ရှိပြီး Storage ကို 16GB, 32GB, 64GB လေးမျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ RAM က 3GB ပါ။ ဒါကြောင့် ကွန်ပြူတာ တစ်လုံး လိုပဲ လုပ်ဆောင်ချက် မြန်ဆန်နိုင်ပါတယ်။ Processor ကတော့ Octa-core ပါ။ Quad Core မဟုတ်တော့ပါဘူး။ မြန်နှုန်း 1.8 GHz ရှိတဲ့အတွက် Application ကြီးကြီးမားမားတွေ အမြောက်အများ အသုံးပြုလို့ရမယ့် အနေ အထား တစ်ခု ဖြစ်ပါတယ်။ micro SD ကဒ် slot မှ 64GB ထပ်ဆိုက် နိုင်ပါမယ်။

ဘက်ထရီကလည်း 3200 mAH စွမ်းအင် ထုတ်ပေး နိုင်ပြီး အရွယ် အစားကြီး၊ စွမ်းအင်အသုံးပြုမှုများလာခြင်းနဲ့အတူ တာရှည်ခံမှုလည်း ပို မြင့်မား လာမှာ ဖြစ်ပါတယ်။ ဖုန်းတိုင်းကတော့ အကောင်းချည်း မဟုတ် ပါဘူး။ သူ့မှာလည်း အားနည်းချက်များ ရှိကောင်းရှိပါလိမ့်မယ်။

3G ကို ကုဒ်နံပါတ် SM-N900, 4G ကို SM-N9005 လို့အမည်ပေး ထား ကြောင်း ဆိုပါတယ်။ Samsung ကတော့ စက်တင်ဘာလ ၄ ရက်နေ့မှ တရားဝင် ထုတ်ပြန်ကြေညာ မိတ်ဆက်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)