ပေကျင်းရှိ တိန်ယန်အန်မင်ရင်ပြင်အလှဆင်စရိတ်များ၍ ကန့်ကွက်

ပို့စ်တင်ချိန် - 9/30/2013 01:23:00 PM



အမျိုးသားအားလပ်ရက် မတိုင်မီ ပေကျင်းမြို့ တိန်ယန်အန် မင်ရင်ပြင်၌ အလွန်ကြီးမားသော ပန်းအိုးကြီးတစ်လုံးကိုနေရာချ ထားမှုအား သတင်းစာ၌ ၎င်း၏ ကုန်ကျစရိတ်များကိုပါ ဖော်ပြခဲ့ ရာ တရုတ်အင်တာနက်အသုံး ပြုသူများက စက်တင်ဘာ ၂၉ ရက်တွင် အပြင်းအထန်ဝေဖန်ခဲ့ ကြသည်။စိတ်ကိုလှည့်စားသော အ လွန်ကြီးမားသော ရဲရဲတောက်အ နီရောင်အိုးကြီး၏အပေါ်တွင် ကြီး မားသော ပန်းအတုများ၊ မက်မွန် သီးအတုများအား ရင်ပြင်ထဲ၌ ယခုအပတ်အတွင်း တပ်ဆင်ထား ခဲ့သည်။ ထိုရင်ပြင်မှာ တရုတ် နိုင်ငံ၏ သင်္ကေတနေရာတစ်ခုပင် ဖြစ်သည်။ ဤပန်းအိုး၏ကုန်ကျစရိတ် မှာ ယွမ် ၅၇၀၀၀၀(ဒေါ်လာ ၉၃၀၀၀)ဖြစ်ပြီး ယခင်နှစ်နှစ်က ယွမ် ၈၀၀ဝသာကုန်ကျခဲ့သည်ဟု အဆိုပါ ပေကျင်းလူငယ်သတင်း စာတွင် ဖော်ပြခဲ့သည်။

ဤကုန်ကျစရိတ်နှင့် ပတ် သက်၍တရုတ်အင်တာနက်အ သုံးပြုသူများအကြား၌ ဝေဖန်မှု များပေါ်ပေါက်ခဲ့သည်။ သို့ရာ တွင် ပေကျင်းမြို့တစ်ခွင်၌ အမျိုး သားနေ့အသုံးပြုထားသော ပန်း အရေအတွက်မှာ ယခင်ကထက် ထက်ဝက်သာရှိသည်ဟုဆိုသည်။''အခွန်ထမ်းများ၏ငွေကြေး ကိုဘယ်သူက သုံးစွဲခွင့်ပြုခဲ့သ နည်း''ဟု ဆီနာဝေဘိုတွစ်တာတစ် ဦးက ဖော်ပြခဲ့သည်။အခြားတွစ်တာအသုံးပြု သူတစ်ဦးက ဤ ၅၇၀၀၀ဝသော ငွေကို ဤထက်ကောင်းသောနေ ရာ၌အသုံးပြုသင့်သည်ဟု ဖော်ပြ ခဲ့သည်။

အစီရင်ခံစာ၌ဖော်ပြသည် မှာ ပန်းအိုးအသေး ၈၀၀၀၀ဝကို အသုံးပြုခဲ့ပါက ယခင်နှစ် ယွမ် ၁၀၀၀၀၀၀ ကုန်ကျခဲ့သည်ဟုနှိုင်း ယှဉ်ဖော်ပြခဲ့သည်။
တရုတ်သမ္မတသစ်ရှီကျင့် ပင်က အစိုးရ၏ အလဟဿကုန် ကျစရိတ်ကိုလျှော့ချသွားရန် လှုံ့ ဆော်ခဲ့ပေရာ အစိုးရအဆောက် အအုံသစ်များဆောက်လုပ်မှုနှင့် အလှဆင်မှုကိစ္စများမပြုလုပ်ရန် ညွှန်ကြားခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ အစိုးရအရာရှိများ က အလွဲသုံးစားပြုမှုများ၌ အသုံး မဝင်သည့် အဆောက်အအုံစီမံ ကိန်းများလည်း ပါဝင်သည်။

တရုတ်အရှေ့ပိုင်းနယ်မြေ တစ်ခု၌ ရေပန်းထုတ်နေသည့်ကြေး ရုပ်ငါးတစ်ခုကို သွန်းလုပ်ခဲ့ရာ ယွမ် ငွေသန်း ၇ဝကုန်ကျခဲ့ကြောင်းလည်း ယခုအပတ်တွင်ဖော်ပြခဲ့ရာ အစိုး ရ၏ငွေကြေးဖြုန်းတီးမှုအပေါ် လူထုက ဒေါသထွက်ခဲ့ကြသည်။
Yangon Media Group